Sunflower and Fish oils နေကြာဆီနှင့် ငါးကြီးဆီ
ဆရာရှင့် ဒီစာကိုဖတ်လိုက်ရလို့ ကြောက်မိပါတယ်ရှင့်။ တကယ်အဲ့လိုစမ်းသပ်လို့
အန္တရာယ်ရှိရင် ဘာဆီကသင့်တော်သလဲ သိချင်လို့ပါရှင့်
ပဲဆီတွေလဲမစစ်ဘူးဆိုလို့ နေကြာဆီပြောင်းစားနေလို့ပါရှင့်။
ဒီမေးခွန်းအရင် တယောက်ကလည်းမေးသေးတယ်။
ပုံထဲပါသတင်းဟာ ၃၁-၁-၂ဝ၁၈ နေ့ကထွက်တဲ့သတင်းကို ကိုးကားထားပုံရပါတယ်။
Long-term consumption of sunflower and fish oils may damage the
liverhttps://www.sciencedaily.com/releases/2018/01/180131093413.htm
Date: January 31, 2018
Source: University of Granada
နေကြာဆီနဲ့ ငါးကြီးဆီ တာရှည်စားသုံးရင် အသည်းပျက်စီးမှု
ဖြစ်ကောင်းဖြစ်နိုင်လို့ဆိုတယ်။ အခုစာရေးနေတဲ့အချိန်အထိ သတင်းထွက်တဲ့
စပိန်နိုင်ငံမှာသာမက ယူကေနိုင်ငံနဲ့ ယူအက်စ်အေနိုင်ငံတွေမှာ နေကြာဆီကို
ပိတ်ပင်တာရော သတိပေးချက်ထုတ်တာပါ မရှိပါ။
ကျန်းမာရေး အသိပညာပေးစာတွေမှာ ဖြဲခြောက်တာတွေရှိတယ်။ မဟုတ်ပဲနဲ့ ပျောက်တယ်ဆိုတာတွေရှိတယ်။ ဘယ်သူ့မှာ အကျိုးများစေသလဲ။
ဒေါက်တာတင့်ဆွေ
၈-၂-၂ဝ၁၈
No comments:
Post a Comment