@၁၉။ကယ်တင်ရှင် (မှို)
အသက်အာမခံ ကုမ္ပဏီကြီးတစ်ခုတွင် သင်္ကာမကင်းဖွယ်ဖြစ်စဉ်တစ်ရပ်ကို သတိပြုမိကြသည်။
တစ်နှစ်ကျော်ကာလအတွင်း ကွယ်လွန်သူသုံးဦးအတွက်
အသက်ဖိုးငွေ ထုတ်ယူသည့်
(ဆက်ခံခွင့်ရှိသူ)ဇနီးမှာတစ်ဦးတည်းဖြစ်နေသည်။ခင်ပွန်းဆုံးပါး၍ ၆
လအကြာ၌ ဒုတိယခင်ပွန်းအတွက်အသက်ဖိုးငွေကိုထုတ်ယူသည်။နောက် ၆ လအကြာ၌
တတိယခင်ပွန်းအတွက် လာရောက်ထုတ်ယူပြန်လေသည်။
ဤCASE ကို ကုမ္ပဏီမှ စီမံခန့်ခွဲသူကိုယ်တိုင် ကိုင်တွယ်၏။ထိုအမျိုးသမီးနှင့်လက်ထပ်လိုက်သည်။
ရန်သူ့နယ်မြေတွင် အကူအဖေါ်မပါတစ်ဦးတည်းတိုက်ပွဲဝင်ရသကဲ့သို့
အရာရာကိုသတိထားရသည်။သူမကျွေးမွေးသည့်စားသောက်ဖွယ်များကိုလည်း
စားဟန်ပြု၍ သိုဝှက်သိမ်းဆည်းကာ ဓာတ်ခွဲခန်းသို့ပို့ရသည်။
တစ်လကျော်ခန့်တွင်သဲလွန်စ ရလာသည်။သူမကျွေးသည့်ပေါင်မုန့်၌
လက်မတစ်စိတ်(0•1 inch)ခန့်ရှိသောဆံပင်စ
အနည်းငယ်ကိုနေ့စဉ်တွေ့ရခြင်းဖြစ်သည်။ပမာဏ
အနည်းငယ်သာဖြစ်သော်လည်း အစ့အိမ်တွင်းသို့နေ့စဉ်ရောက်ရှိ၍ ၆
လအချိန်ဆိုပါက အန္တရာယ်ပေးနိုင်လေသည်။
သို့ဖြစ်၍
သက်ဆိုင်ရာမှုခင်းတာဝန်ခံများက ယခင် ခင်ပွန်း ၃ ဦး၏
ရုပ်အလောင်းများကို ပြန်လည်ဖေါ်ယူစစ်ဆေးသောအခါ အစာအိမ်နံရံ၌
ဆံပင်စများစိုက်၍ သေဆုံးခြင်းဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရသည်။
ဤသို့ဖြင့်အဆိုပါအမျိုးသမီးကို ကြိုတင်ကြံစည်၍ လူသတ်မှုဖြင့်အရေးယူနိုင်ခဲ့ကြလေသည်။
ဆံပင်ကား ခန္ဓာကိုယ်၌ အခိုင်မာဆုံးဖြစ်သည်။ ရုပ်အလောင်းများ၌
အသားအရိုးတို့ဆွေးမြေ့သည့်တိုင်
ဆံပင်များမှာခိုင်ခန့်နေဆဲဖြစ်သည်။ ဆံပင်(ကြိုး)အချင်း (0•5)လက်မ
ရှိလျှင်အလေးချိန်တစ်တန်ကို ကောင်းစွာတောင့်ခံနိုင်သည်ဆို၏။
သို့ဖြစ်လေရာ ဝက်သားစားသုံးမှုများသော တရုတ်လူမျိုးတို့
့သည်ယင်းဖြစ်စဉ်ကဲ့သို့ကြုံတွေ့ရဖွယ်ရှိ၏။ဝက်၏အမွေးအမျှင်များသည်
လည်း ဆံပင်ကဲ့သို့ပင်ကြမ်းတမ်းကြသည်။ဝက်ထောင်မှူးသည်ဝက်မွေးကို
ဒါးထက်ထက်ဖြင့်
ရိတ်သင်သည်သာရှိ၏။အခေါက်တွင်အမွေးများကျန်ရစ်၏။ စားသုံးသူကလည်း
ဇာဂနာဖြင့်ပြောင်စင်အောင်နှုတ်ပစ်လေ့မရှိပေ။ဝက်ခေါက်ကိုနူး
အောင်ချက်သော်လည်းအမွေးများက မနူးမကြေပါ။
ယင်းတို့သည်အစာအိမ်တွင်းသို့ရောက်သောအခါ အစာအိမ်နံရံကို
ဒုက္ခပေးသည်သာဖြစ်၏။
သို့သော် ဒုက္ခမကြုံကြရ။
သူတို့၏ဟင်းလျာများ၌ မှိုခြောက် များပါဝင်လေ့ရှိကြသည်။မှိုများရှိ 胶冻
jiao dong ခေါ်ပျစ်ချွဲဓာတ်( jelly )များက
ထိုအမွေးအမျှင်များကိုလုံးထွေးယူငင်ကာ အစာဟောင်းအဖြစ်
စွန့်ပစ်ပေးသောကြောင့်ဖြစ်၏။
ထိုကြောင့်ပင်တရုတ်နိုင်ငံ၌ အစာအိမ်ကိုဒုက္ခပေးနိုင်သော
အမွေးအမျှင် အမှုံအမြှေးများနှင့်ပါတ်သက်နေရသော သိုးမွေး
ချည်မျှင် အထည် စပါးအဝယ်ဒိုင် စသည့်လုပ်သားများအားနှစ်ပါတ်လျှင်
မှို ၂ ပေါင်ကျ ရောင်းချပေးကာ မဖြစ်မနေစားသုံးစေသည်။
မြန်မာနိုင်ငံ၌လည်း စပါးဒိုင်ဝန်ထမ်းများအနက်
ကျန်းမာရေးသုတရှိသူများက စပါးအမှုံအမြှေးများ၏ရန်မှ ကာကွယ်ကုစားရန်
ငှက်ပျောသီးမှည့်ကိုနေ့စဉ်စားသုံးလေ့ရှိကြသည်။ငှက်ပျောသီးထက်
မှိုက ပျစ်ချွဲဓာတ် ပိုမိုပါဝင်ပါသည်။
မှိုခြောက်သည်လည်း
မှိုအစိုကဲ့သို့ပင် ပျစ်ချဲဓာတ် (jelly)များအပြည့်အဝ ပါရှိသဖြင့်
ရက်သတ္တ နှစ်ပါတ်အတွင်းမှိုခြောက် ငါးကျပ်သား ( မှိုအစိုဖြစ်က
ငါးဆယ်သား )မျှ စားသုံးပေးခြင်းဖြင့်
အမွေး၊အမျှင်၊အမှုံ၊အမြှေး၊ဖုံမှုန့်များအစာအိမ်တွင်း
ဝင်ရောက်ဒုက္ခပေးခြင်းကို ကာကွယ်ပေးနိုင်သည့်အပြင် အသားအရေ
တွန့်ရှုံ့ခြင်းကိုလည်း လျှော့ချပေးနိုင်သည်။
သို့ဖြစ်လေရာ
(အသားအရေ) တွန့်စပြုသော ငါးဆယ်ကျော်သက်များအတွက်လည်း
အရွယ်တင်နုပျိုစေရန် အသုံးဝင်လှပေသည် ။ upper fungi ခေါ် စား၍ရသော
မှို၊အဆိပ်အတောက်မဖြစ်စေသောမှို
အားလုံးကိုသုးံးဆောင်နိုင်ပါသည်။အင်ဥ
သည်လည်းမှိုတစ်မျိုးပင်ဖြစ်သည်။
No comments:
Post a Comment