သင်္ဘောသီးကို ဆေးဖက်ဝင်အောင် စားနည်း
(၁) နံနက် ၈ နာရီမှာ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။
(၂) နံနက် ၉ နာရီမှာ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ပြန်လည်ကောင်းမွန်စေပါတယ်။

(၃) နံနက် ၁၀ နာရီမှာ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
(၄) နံနက် ၁၁ နာရီမှာ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ပြန်လည်ကောင်းမွန်စေပါတယ်။
(၅) မွန်းလွဲ ၁ နာရီမှာ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေပါတယ်။
(၆) မွန်းလွဲ ၂ နာရီမှာ စားသုံးလျှင် - ပါးစပ်နံခြင်းကို ပျောက်ကင်းစေပါတယ်။
(၇) မွန်းလွဲ ၃ နာရီမှာ စားသုံးလျှင် - အူမကြီးပူခြင်းကို သက်သာစေပါတယ်။
(၈) ညနေ ၄ နာရီမှာ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေပါတယ်။ (ကလေးများ မစားရပါ)
(၉) ညနေ ၅ နာရီမှာ စားသုံးလျှင် - ဆီးချိုဖြစ်ခြင်းကို သက်သာစေပါမယ်။
(၁၀) ညနေ ၇ နာရီမှာ စားသုံးလျှင် - တစ်နေကုန် ပင်ပန်းခြင်းကို သက်သာစေပြီး စိတ်ရွှင်လန်းစေပါမယ်။
(၁၁) ညနေ ၈ နာရီမှာ စားသုံးလျှင် - သွေးသားကို သန့်စင်ပေးပါမယ်။
(၁၂) ညနေ ၉ နာရီမှာ စားသုံးလျှင် - သကြားနှင့်တို့စားပါက အသည်းပူခြင်းကို သက်သာစေပါမယ်။
သင်္ဘောသီးသည် အစာကြေခြင်း၊ ၀မ်းကောင်းခြင်း၊ ခွန်အား ဖြည့်စွမ်းပေးခြင်း စသည့်အာနိသင်များရှိကြောင်း တရုတ်တိုင်းရင်းဆေးကျမ်းတွင် ဖော်ပြထားကြသည်။
Ref: သဘာဝဆေးစွမ်းကောင်း
သင်္ဘော အပင်ပု စိုက်ပျိုးနည်း
ဦးစွာ အပင်ကိုဓားဖြင့် အဟဖြစ်အောင်လုပ်ပါ။
ထို့နောက် သစ်ခွဲသားစ အုန်ဆံခွံကို ပလပ်စတစ်အိပ်ထဲ ပိသိပ်ထည့်ပြီး စည်းထားပါ။
အလယ်မှဓားနှင့်ခွဲပြီး ပထမဟထားသော သင်္ဘော ပင်ကိုင်းကို သေခြာစွာကျပ်စည်းပါ။
၄၅ရက်ခန်အကြာတွင်အမြစပွှားများထွက်ပြီး ဖြစ်သောကြောင့်ဖြတ်ပြီးအပုံလိုက်ပုံ၍ စတင်စိုက်ပျိုးနိုင်ပြီဖြစ်ပါသည်။
စိုက်ပျိုးရေးဖြင် ဆင်ရဲနွမ်းပါးမှူကိုကျော်လွှားနိုင်ကြပါစေ။
၁၀၀% organic

No comments:
Post a Comment