Saturday, November 25, 2017
Pleural effusion အဆုတ်အိတ်ထဲ အရည်အောင်းခြင်း
မ။ အသက် ၄၄။ အိမ်ထောင်ရှိ။ ကလေး ၂ယောက်ရှိ။ သည်အမျိုးသမီး မနေ့ကဆုံးပါတယ်ဆရာ။ သွေး TB လို့ပြောတယ်။ သွေး TB ဆိုတာဘာဘဲဆရာ။ နားမလည်လို့ပြောပြပေးပါဆရာ။
ဆောရီး။ အသည်းအဆီများနေ + ညာဘက်အဆုတ်ထဲအရည်ရှိ။ တီဘီကြောင့်ဖြစ်နိုင်။
အဆုတ်ကိုဖုံးထားတဲ့အလွှာ ၂ ခုရှိတယ်။ ဆက်နေလို့ အိတ်လိုဖြစ်နေတယ်။ အိတ်ထဲမှာ အရည်ပါးပါးလေးရှိနေတယ်။ အဲဒီအရည် ပုံမှန်ထက်များလာကို အလွယ်နဲ့ အဆုတ်ထဲရေဝင်တယ်လို့ပြောကြတာ။ အမှန်က အဆုတ်အပြင်မှာ အရည်များတာသာဖြစ်တယ်။ အခြေခံရောဂါလက္ခဏာတွေပါ ရှိနေမယ်။ အခြေခံရောဂါတွေဆိုတာ အဆုတ်နဲ့ နှလုံး။ ဖြစ်စေတဲ့ အခြေခံရောဂါကိုကုသဘို့က ပဌမဦးစားပေးဖြစ်တယ်။
ဖြစ်စေတဲ့အကြောင်းရင်းများ
၁။ Lung infection အဆုတ်ရောဂါများ။ Pneumonia နူမိုးနီးယား၊ Tuberculosis တီဘီနဲ့ Cancers ကင်ဆာတွေဖြစ်တယ်။
၂။ Heart failure နှလုံးအလုပ်မနိုင်တော့ခြင်း။ လူနာဟာ မျက်နှာခြေလက်တွေရောင်သလို အလုပ်လည်းရောင်မယ်။
၃။ Rheumatoid arthritis ရုမတွိုက်အဆစ်နာနဲ့ SLE ရောဂါတွေမှာလည်း ဆက်ဖြစ်တာရှိတတ်တယ်။
၎။ အသည်းခြောက်သူ ပရိုတင်းဓါတ်နည်းရာကနေ ဆက်ဖြစ်နိုင်တယ်။
၅။ ကျောက်ကပ်မကောင်းသူ တချို့မှာလည်း ဆက်ဖြစ်နိုင်တယ်။
တချို့မှာ အဲလိုဖြစ်နေပမဲ့ ဘာမှ မခံစားရဘူး။ အဲတာရှိရင် အသက်ရှူမဝဖြစ်မယ်။ အောင့်နာမယ်။ အရည်များလာရင်တော့ ခံစားရတော့မယ်။ တချို့ကိုယ်နည်းနည်းပူမယ်။ ရင်ပတ်ဓါတ်မှန်ရိုက်ရင် မြင်ရမယ်။ ဓါတ်မှန်မှာ လေရှိတဲ့နေရာက မည်းနေတယ်။ လေမဟုတ်တာက ဖြူနေတယ်။ အရည်ကိုလည်း အဖြူပြင်မြင်ရမယ်။
တီဘီဆိုရင် တီဘီဆေး စနစ်တကျ အနည်းဆုံး (၆) လ ရက်မပျက်ပေးရမယ်။ နူမိုးနီးယားဆိုရင် သင့်တဲ့ပိုးသေဆေး ဆေးပတ်လည်ပေးရမယ်။ ကင်ဆာဆိုရင် ကင်ဆာကုသနည်း (ကင်ဆာဆေး + ဓါတ်ကင်) လုပ်ရပါမယ်။ ဖြစ်စေတဲ့အကြောင်းကိုနိုင်လာတာနဲ့ အဆုတ်အိတ်ထဲအရည်အောင်းတာ သက်သာကောင်းမွန်လာပါမယ်။
အရည်အောင်းတာကများလို့ အနေရခက်မယ်၊ နာမယ်၊ အသက်ရှူခက်မယ်ဆိုရင် အရည်ကို စုပ်ထုတ်ပေးပါမယ်။ pleural fluid aspiration နဲ့ pleural tap လို့ခေါ်တယ်။ အရည်ကိုပါ ဓါတ်ခွဲစစ်ဆေးနိုင်တယ်။ Pleurodesis နည်းဆိုတာ အဆုတ်ဖုံးအိတ်ထဲကို ဆေးထိုးထည့်ပေးနည်းဖြစ်တယ်။ အဖုံးလွှာတွေ ကပ်သွားစေမယ်။ tetracycline, sterile talc နဲ့ bleomycin ဆေးတွေကို သုံးတယ်။ Shunt ထည့်ပေးနည်းလည်းလုပ်တယ်။ Pleuroperitoneal shunt လို့ခေါ်တယ်။ Pleurectomy ခွဲစိတ်နည်းလည်း လိုအပ်သူကို လုပ်ပေးရတယ်။
ဒီရောဂါစာ ရေးပြီးသာမရှိလို့ အသစ်ရေးရတယ်။ အင်တာနက်ကနေ ရီဆာ့ခ်ျလုပ်တာမှာ ဒီရောဂါမျိုးအတွက်က သတိထားရတယ်။ အမေရိကမှာ တီဘီကရှားတော့ နှလုံးရောဂါကနေဆက်ဖြစ်တာကိုသာ ဦးစားပေး ရေးထားတာက များတယ်။ ကျွန်တော်တို့မြန်မာပြည်ကလူနာတွေနဲ့ မကိုက်ပါ။
မြန်မာပြည်မှာ တီဘီကနေဆက်ဖြစ်တာများတယ်။ ကျွန်တော် နယူးဒေလီမှာ ယမုန်နာဆေးခန်းလေးဖွင့်စဉ်က မကြာသေးခင်ကရောက်လာတဲ့ ချင်းပြည်နယ်က အမျိုးသမီးကြီးတယောက်လာပြတော့ နားကြပ်နဲ့စမ်း၊ လက်နဲ့ ခေါက်စမ်းတာနဲ့ အဲဒီရောဂါလို့သိတယ်။ အဆုတ်ထဲမှာလေရှိတယ်။ အပေါ်နံရိုးကြားနေရာလေးတွေကနေ ကိုယ့်လက်ချောင်းတခုပေါ်မှာ နောက်လက်တဖက်ကလက်ချောင်းနဲ့ အထက်ကနေ အောက်ဆီ နံကြားတခုချင်း ခေါက်စမ်းရတယ်။ အောက်မှာလေဆိုရင် လှိုင်သံကြားရမယ်။ အရည်နဲ့ အစိုင်အခဲဆို ထုံသံကြားရမယ်။ ဓါတ်ဆီပေပါကို လက်နဲ့ခေါက်သလိုပါပဲ။
ကျွန်တော့်လူနာက ဆင်းရဲလို့ ပိုက်ဆံပေးပြီး ဓါတ်မှန်သွားရိုက်ခိုင်းရတယ်။ ထင်တဲ့အတိုင်းပဲ။ အဲတာနဲ့ ထုံဆေးလေးထိုးပြီး အရည်တွေကို စုပ်ထုတ်ပေးတယ်။ တီဘီဆေးလည်း စပေးလိုက်တယ်။ နောက်နေ့ သူကဆက်မလာတော့ဘူး။ တပါတ် နှစ်ပါတ်လောက်နေမှ ပြန်လာတယ်။ ဘာလို့ ဆက်မလာတာလဲဆိုတော့ သက်သာလို့ အလုပ်သွားလုပ်တာတဲ့။
TB writing links တီဘီရောဂါစာများ
1. BCG vaccine တီဘီ ကာကွယ်ဆေး http://dts-medicaleducation.blogspot.in/…/…/bcg-vaccine.html
2. Bone tuberculosis အရိုး တီဘီ http://doctortintswe.blogspot.com/…/…/bone-tuberculosis.html
3. Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) 111http://doctortintswe.blogspot.com/2014/11/infertility-and-tb-1.html
4. Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://doctortintswe.blogspot.com/…/infertility-and-tb-2.ht…
5. Intestinal Tuberculosis အူ (တီဘီ) http://dts-medicaleducation.blogspot.in/…/intestinal-tuberc…
6. MDR TB Q and A ဆေးယဉ်တဲ့တီဘီ အမေး-အဖြေ http://doctortintswe.blogspot.com/2015/05/mdr-tb-q-and.html
7. MDR-TB ဆေးယဉ်တဲ့ တီဘီ http://dts-medicaleducation.blogspot.in/2013/11/mdr-tb.html
8. More money needed to beat TB တီဘီရောဂါနှိမ်နင်းရန် ဒေါ်လာ ၅၆ ဘီလီယန်လိုအပ်
9. Pleural effusion အဆုတ်အိတ်ထဲ အရည်အောင်းခြင်း http://doctortintswe.blogspot.com/…/12/pleural-effusion.html
10. Primary Complex ကလေးတီဘီ http://doctortintswe.blogspot.com/20…/…/primary-complex.html
11. TB (Tuberculosis) တီဘီ http://dts-medicaleducation.blogspot.in/…/tuberculosis-tb.h…
12. TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducation.blogspot.in/…/side-effects-of-t…
13. TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ http://dts-medicaleducation.blogspot.com/…/tb-no-more-in-me…
14. TB Q and A (တီဘီ) အမေး-အဖြေ (၁) http://dts-medicaleducation.blogspot.in/2012/…/tb-q-and.html
15. TB Q and A (တီဘီ) အမေးအဖြေ (၂) http://dts-medicaleducation.blogspot.in/…/01/tb-questions.h…
16. TB Signs & Symptoms တီဘီရောဂါလက္ခဏာများ http://doctortintswe.blogspot.com/…/…/tb-signs-symptoms.html
17. TB Signs & Symptoms တီဘီရောဂါလက္ခဏာများ http://doctortintswe.blogspot.com/…/…/tb-signs-symptoms.html
18. TB Treat the root cause အခြေအမြစ်ကို မသတ်နိုင်သရွေ့ မပျောက်ပါ
19. TB အသစ်လား အဟောင်းလား http://dts-medicaleducation.blogspot.in/2012/05/tb.html
20. Tuberculin test (တီဘီ) အတွက် (ကြူဘာကူလင် တက်စ်)http://dts-medicaleducation.blogspot.in/…/tuberculin-test.h…
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ အဆုတ်ရောဂါဝေးကြပါစေ။
ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၇
ถูกใจแสดงความรู้สึกเพิ่มเติม
แสดงความคิดเห็น
Friday, November 24, 2017
ဒေါက်​စီဆိုက်​ကလင်း​ဆေးအ​ကြောင်း
=========================
ဆရာ​မောင်​​မောင်​ဦး​ကျေးဇူးရယ်​ ကမြင်းနီကိုက်​ခံရတာ​တွေ များလာတာ​ကြောင့်​ နယ်​အမှာ​တွေ များလို့ရယ်​ မန်း​လေးမယ်​ Doxy ​ဆေးက ပြတ်​​တောင်​သွားပါတယ်​ ...
BPI အ​နေနဲ့ ဒီ​လောက်​အဖြစ်​များတဲ့​ရောဂါကိုကုတဲ့ ခု​ဆေးကို ထုတ်​သင့်​တယ်​ မြန်​မာပြည်​နဲ့အကိုက်​ဆုံး​ဆေးဖြစ်​​နေလို့ အကြံ​ပေးတာပါ
ကျ​နော်​တို့ လွန်​ခဲ့တဲ့ ၁၁နှစ်​​ကျော်​ GP စကုကတည်းက ​ဆေးခန်းကို 3 visit လာလို့မှ အဖျားမ​ပျောက်​ရင်​ doxy တင်​ကုခဲ့တာ​တွေက အကုန်​​ပျောက်​ကင်းခဲ့တယ်​​လေ ဆရာဆရာ​တွေ ​ကျေးဇူး​ကြောင့်​ပါပဲ
Doxy ​ဆေးက ခုထိ ပန်းပန်​လျှက်​ပဲ
ကောင်းတာကလည်း အများသားပါ
ဂနို ဆီးပူဆီး​အောင့်
ကမြင်းနီ
ငှက်​ဖျား
ဝမ်းပျက်​ဝမ်း​လျှော
Acne
Pneumonia
Protozoa
PID
Chlamydia
Lyme
Prostitis ကဲ ဒီ​လောက်​​ရောဂါ​တွေကို နိုင်​တာ
ဘာ​ဆေးနဲ့မှမတူတဲ့ အာနိသင်​ ဒီလို​ဆေးကို ဆရာဝန်​​တော်​​တော်​များများ အထင်​​သေးခဲ့ကြတာ​လေ ခု​တော့ ဘုရင်​တစ်​ပါး​ဆေးဖြစ်​လာပြီ
ကျ​နော်​က​တော့ ခု​ဆေးကို ​ကျေးဇူးရှင်​​ဆေး အဖြစ်​ အ​လေးအနက်​ထားပြီး တန်​ဖိုးထားသုံးခဲ့တာ ၁၀ စုနှစ်​​ကျော်​ပါပြီ
တစ်​ချက်​​လေး သတိ​ပေးပါရ​စေ doxy ​သောက်​ရင်​ ထိုင်​မ​သောက်​ရဘူး မတ်​တပ်​ရပ်​​သောက်​ရတယ်​ အာ့ ဆရာကြီးဦး​အောင်​ကြီး ​ပြောခဲ့တာ​လေး သတိရလို့ပါ
ကျန်းမာကြပါ​စေ
Dr.Zar Ni Zin (General Practitioner )
092018767
ถูกใจแสดงความรู้สึกเพิ่มเติม
แสดงความคิดเห็น
Tuesday, November 21, 2017
Image may contain: plant and outdoorနှလုံးသွေးကြောကျဉ်းသူများအတွက်အသက်ကယ်
ဆေးတစ်လက်
တောင်ထီးရိုးမြက်လို့ခေါ်တှဲုဒီအပင်ကလေးဟာ
နှလုံးသွေးကြောကျဉ်းသူတွေအတွက်ပဉ္စ်ငါးပါးကို
ပြုတ်သောက်ရပါတယ် တောင်ထီးရိုးမြက်ဟာ
မြစ်ကမ်းဘေးမှာပေါက်တဲ့ထီးရိုးမြက်နဲ့မတူပါဘူး
တောင်ထီးရိုးမြက်ဟာအပင်မကြီးပါဘူး
အမွေးလည်းမရှိပါဘူးအမြင့်ဆုံးတပေထက်မကျော်
ပါဘူးဒီဆေးပင်ဟာတောင်ကုန်းဒေသတိုင်းမှာ
ပေါက်ပါတယ်
ဆေးရုံတက်လို့မပျောက်တဲ့ရောဂါကို ဒီဆေးလေး
နဲ့သောက်ကြည့်စေချင်ပါတယ်လက်တွေ့ပျောက်
တဲ့သူတွေအများအပြားတွေ့ရလို့ကျွန်တော်စေတနာ
ဖြင့်မျှဝေပေးလိုက်ပါတယ် အများသိအောင်-------
Credit.
Myawady Health
သင့် အသည်းကို သန့်ရှင်းတဲ့ သဘာဝ ဆေးတဖုံ
===================
===================
နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ အဲဒီ အဆိပ်အတောက်တွေကို သင့်ရဲ့ အသည်းက ဖယ်ရှားပေးတယ်၊ ဖြေပေးတယ်။ ဒါကြောင့် သင့်အသည်း အားကောင်းဖို့ အရေးကြီးပါတယ်။ သင့် အသည်း သန့်ရှင်းနုပျိုစေဖို့ သဘာဝ ဆေးတဖုံအကြောင်း ဖော်ပြချင်ပါတယ်။
အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး စသဖြင့် ပိုးတွေဟာ အသည်း ထိခိုက်အားနည်းနေမှ တွယ်လို့ရတာပါ။ အသည်းဟာ သန့်ရှင်း အားကောင်းနေရင် ဒီပိုးတွေ မတွယ်ကပ်နိုင်ပါဘူး။ အသည်းကို ပိုးမတွယ်အောင် ဆေးကြောပေးဖို့ လိုပါတယ်။ အသည်းဆေးကြောဖို့ အတွက် သင်သောက်သုံးပေးရမှာက မြန်မာပြည်မှာ လက်လှမ်းမီပြီး အလွယ်တကူ ဖန်တီးနိုင်တဲ့ မန်ကျည်းဖျော်ရည်ပဲ ဖြစ်ပါတယ်။
အသည်းကို ဆေးဖို့ အကောင်းဆုံးက သဘာဝက ပေးတဲ့ မန်ကျည်းဖျော်ရည်ပါ။ မန်ကျည်းသီးဟာ အသည်းကို နုပျိုစေပြီး အသည်းခြောက်ခြင်း၊ ကျုံ့ခြင်း၊ ကြွပ်ခြင်း၊ ဆတ်ခြင်း၊ ပုပ်ခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
မန်ကျည်းဖျော်ရည် လုပ်ဖို့က ဒီလိုပါ။ မန်ကျည်းသီးမှည့် လက်တဆုပ်နဲ့ ထန်းလျက် အနည်းငယ်ကို မတ်ခွက်တခွက်ထဲ ထည့်ပြီး ရေနွေးဆူဆူ လောင်းထည့်ပါ။ မနက်ပိုင်းက စနှပ်ထားရင် ညနေဆိုရင် သောက်လို့ ရပါပြီ။ ချဉ်ချဉ်လေးကြိုက်ရင် သံပုရာသီး ညှစ်ထည့် သောက်သုံးနိုင်သလို အေးအေးလေး သောက်ချင်ရင်တော့ ရေခဲထည့်သောက်နိုင်ပါတယ်။
ထန်းလျက်ဖျော်ရည်က အသည်းက အဆိပ်အပုပ်တွေ သာမက ဝမ်းဗိုက်ထဲက အပူအပုပ်တွေလည်း ၀မ်းအပျော့ အဖြစ် သင့်ခန္ဓာကိုယ်ကနေ ထွက်သွားပြီး ပေါ့ပါးလန်းဆန်းသွား စေပါလိမ့်မယ်။ အဆိပ် အပုပ် အပူအစပ်တွေ ကင်းရှင်းသွားပြီး၊ အသည်း အားကောင်းလာတဲ့အခါ သင့်ကျန်းမာရေးလည်း ကောင်းမွန် ပြည့်စုံမှာ သေချာပါတယ်။
============
The Irrawaddy (Burmese Version)
http://burma.irrawaddy.com/lifestyle/2016/03/23/110709.html
Friday, November 3, 2017
Antibiotics for Viral Infections ပဋိဇီဝဆေး ကောင်းကျိုး-ဆိုးကျိုး
ဆေးတွေအကြောင်းရေးရင် ရမ်းကုတွေအားပေးရာရောက်တယ်။ ဆရာဝန်မပြပဲ သုံးကြတော့မယ်။ စသဖြင့် ပြောလာကြတယ်။ တချို့က ပိုဆိုးတယ်။ သူခိုးလမ်းပြဖြစ်မယ်တဲ့။ မတတ်နိုင်ပါ။ ကျွန်တော်က ဆေးပညာစာတွေ စုံနိုင်သမျှစုံအောင်ရေးပါတယ်။ ဆုံးမချင်သူကပေါတယ်။ ညတုန်းကရေးတဲ့ လူခြောက်ကလေးစာအောက်မှာလည်း တရားပြသူပေါ်လာတယ်။ တရားကို စာထဲမှာတွေ့ကြသူတွေများပါတယ်။ အီဂျစ်ပိရမစ်သတင်း စုံအောင်မရေးလို့တဲ့။ သုတေသနစာတမ်း ကူးချတင်လည်း အပြောမလွတ်လောက်။ ဘာစာရေးရေး ဘေးထွက်ဆိုးကျိုးကများတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရတာကို ပဋိဇီဝဆေး သောက်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေတယ်။ အမေရိကန် ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာနကနေ ၁၉-၁၁-၂ဝ၁၁ နေ့က သတိပေးထားတာဖြစ်ပါတယ်။
ကလေးတွေအများစုဟာ အရေးပေါ်ဌာနတွေကို ဆေးမတည့်လို့ လာကြတာဟာ အများဆုံးဖြစ်တယ်။ ဒီသတင်းဟာ အခုရက်သတ္တပါတ်တွေအတွင်း ကမ္ဘာတဝှမ်းမှာ ပဋိဇီဝဆေးမတိုးတော့တာကို သတိထားစေဘို့ တွန်းအားတရပ်လဲ ဖြစ်ပါတယ်။ ဗက်တီးရီးယားတွေကို နိုင်တဲ့ ဆေးမျိုးကနေ ကျန်းမာရေးပြဿနာ ပိုစေပါတယ်။
အမှန်က ဗိုင်းရပ်စပိုးကူးစက်ခံရရင် အနားယူတာ၊ ရေ-အရည် များများသောက်တာ၊ ဆိုင်တွေပေါ်မှာ အလွယ်ဝယ်လို့ရတဲ့ ရောဂါလက္ခဏာ သက်သာဆေးတွေကိုသာ သုံးစွဲတာတွေကို လုပ်ဘို့ သင့်ပါတယ်။
အအေးမိတာ၊ အသက်ရှူလမ်းကြောင်း အထက်ပိုင်းပိုးဝင်တာ၊ နားကိုက်တာ၊ စတာတေါဟာ ဗက်တီးရီးယားကြောင့် ဖြစ်ကြရတာ မဟုတ်ပါ။ ပဋိဇီဝဆေးတွေဟာ ဗိုင်းရပ်စ်တွေကို မနိုင်ပါ။ ဒါပေမဲ့ မလိုဘဲသုံးနေကြတာ များနေဆဲဖြစ်တယ်။
မလိုဘဲသုံးတော့ ဆေးဘိုလဲ အပိုကုန်မယ်၊ နောင်မှာ တကယ်လိုလို့ ဆေးသုံးရရင် ဆေးမတိုးတော့တာဖြစ်စေတယ်။ အဲလိုသာဖြစ်ရင် ဆေးအဆန်းတွေ သုံးရတော့မယ်။ ရက်လဲရှည်မယ်။ ဈေးလဲကြီးတယ်။
အသက်ကိုရန်ရှာနိုင်လောက်တဲ့ ဗက်တီးရီးယားပိုးဝင်တာအတွက် Antibiotics တွေကအတော်ကောင်းပါတယ်။ ဒါပေမဲ့ ဆေးမတိုးတာဟာ တကယ့် ကျန်းမာရေးပြဿနာကြီး ဖြစ်ပါတယ်။
နှာစေးအအေးမိတာ၊ အများစုလည်ချောင်းနာတာ၊ လေပြွန်ရက်တိုရောင်တာ၊ ဆိုင်းနပ်စ် အများစု၊ နားကိုက်တာ အများစုတွေဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြရတာတွေပါ။ ဒီလိုဖြစ်တာတွေကို ပဋိဇီဝဆေးသုံးရင် ရောဂါမပျောက်စေပါ၊ တချို့မှာ ရောဂါတိုးမယ်၊ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရစေမယ်။
ဒေါက်တာတင့်ဆွေ
ถูกใจแสดงความรู้สึกเพิ่มเติม
แสดงความคิดเห็น
Pancreatitis သရက်ရွက်ရောင်ခြင်း
၁။ ဆရာရှင့် ကျွန်မ အမက အသက်၄၂ပါ။ ရန်ကုန်ကပါ။ မုန့်ချိုအိတ်ရောင်လို့တဲ့ဆရာ။ အောင့်တယ်ဆိုပြီး ဆေးရုံတက်မှသိရတာပါ။ အဲဒါဘာကြောင့်ဖြစ်တာလဲဆရာ သိပါရစေ။
၂။ ကျွန်မအမျိးသားက အသက် ၅၀ ပါဆရာ။ လွန်ခဲ့ ဇူလိုင်လ ၄ရက်နေ့က ဗိုက်အရမ်းနာလာလို့ဆေးရုံတက်ရပါတယ်။ မှန်ပြောင်းကြည့်ပြီး အဖြေက acute pancreatitis လို့ပြောပါတယ်ဆရာ။ တပတ်ဆေးရုံမှာတက်ပြီး သက်သာတော့ ဆင်းရပါတယ် ဆေးတွေဆက်သောက်နေရပါတယ်။ အခုတခါ သြဂုတ် ၈ ရရက်နေ့က နည်းနည်းပြန်နာလာလို့ပြန်ပြ မှန်ပြောင်းကြည့် ultrasound ပြန်ရိုက်တော့ အဖြေက Cholelithiasis, pancreatitis လို့ပြောပါတယ်ဆရာ။ ကျွန်မသိချင်တာက pancreatitis က ဘာကြောင့်ဖြစ်ရပါသလဲ။ ခဏခဏ ပြန်ဖြစ်နိုင်ပါသလား ကင်ဆာအထိ ဖြစ်နိုင်ပါသလား။ မဖြစ်အောင်ဘယ်လိုနေထိုင်စားသောက်ရမလဲ သိချင်လို့ပါဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။
သည်းခြေကျောက်ကနေအများဆုံးဆက်ဖြစ်တယ်။ အစာခြေအင်ဇိုင်းတွေ ကမောက်ကမဖြစ်ရာကနေ ဆက်ဖြစ်နိုင်တယ်။ အရက်သောက်သူတွေ၊ ဗိုက်ခွဲရသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ တချို့ဆေးတွေ၊ Cystic fibrosis ရောဂါရှိသူတွေ၊ မိသားစုရာဇဝင်ရှိသူတွေ၊ သွေးထဲမှာ ကယ်လ်စီယမ်များနေသူတွေ၊ Hyperparathyroidism ရောဂါ ရှိသူတွေ၊ ပိုးဝင်ခံရသူတွေ၊ ဗိုက်ကိုထိခိုက်ခံရသူတွေ၊ သရက်ရွက်ကင်ဆာရှိသူတွေမှာ ဆက်ဖြစ်နိုင်တယ်။ သွေးထဲမှာ Triglyceride များနေသူတွေ၊ အရက်သောက်များရာကနေလည်း ဖြစ်တယ်။
ရက်တိုဖြစ်ရာကနေ သရက်ရွက်ပျက်စီးတယ်။ နာတာရှည်ဖြစ်လာနိုင်တယ်။ သူ့အလုပ်မလုပ်နိုင်ဖြစ်မယ်။ ဆီးချို ထပ်ဖြစ်လာနိုင်တယ်။ သူက သကြားဓါတ်ကိုထိန်းတဲ့ဟော်မုန်းထုတ်ပေးနေလို့ဖြစ်ရတယ်။
သရက်ရွက်ရောင်ခြင်း Acute pancreatitis ရက်တိုချက်ချင်းဖြစ်တာရှိတယ်။ ဗိုက်နာမယ်။ နော်ကကျောဖက်အထိနာမယ်။ အစာစားရင်ပိုဆိုးမယ်။ ပျို့အန်မယ်။ ဖျားမယ်။ နှလုံးခုန်မြန်မယ်။ ဗိုက်ထိတာနဲ့ နာမယ်။ Chronic pancreatitis နာတာရှည် သရက်ရွက်ရောင်နေရင် ဗိုက်နာမယ်။ ကိုယ်အလေးချိန်ကျလာမယ်။ ဝမ်းထဲမှာ အဆီတွေပါနေမယ်။
ဆေးရုံတက်ကုသရမယ်။ ၂၄ နာရီနဲ့ ၄၈ နာရီအတွင်း ဘာအစားအသောက်မှမပေးပါ။ သွေးပြန်ကြောကနေ အရည်တွေသွင်းပေးမယ်။ အနာသက်သာဆေးတွေပေးမယ်။ ဖြစ်စေတဲ့အကြောင်းရင်းကို ကုသရမယ်။
လမ်းကြောင်းပိတ်နေတာကို ရှင်းပေးခြင်း၊ Endoscopic retrograde cholangiopancreatography (ERCP) နည်း သုံးတယ်။ Cholecystectomy ခွဲစိတ်နည်း၊ Pancreas surgery ခွဲစိတ်နည်းတွေလုပ်မယ်။ Enzymes အစာခြေ အင်ဇိုင်းဆေးတွေပေးမယ်။
Pancreatectomy သရက်ရွက်ထုတ်ရတဲ့လူနာ အလားအလားသိပ်မကောင်းပါ။ ဆောရီး။ သရက်ရွက်ကနေ ထုတ်ပေးနေတဲ့ ဟော်မုန်းတွေမရနိုင်တော့ပါ။ glucagon, insulin, somatostatin နဲ့ pancreatic polypeptide တွေ ဖြစ်တယ်။ exocrine enzymes ခေါ်တဲ့ trypsin, chymotrypsin, pancreatic lipase နဲ့ amylase တွေလဲ မရတော့ပါ။ ဆေးတွေမှီဝဲနေရမယ်။ အစားအသောက်ဆင်ခြင်နေရပါမယ်။ islet cell transplantation ခေါ်တဲ့ အစားထိုးကုသနည်း လုပ်နိုင်ရင်တော့ ကောင်းပါမယ်။
သရက်ရွက်ရောင်ရာကနေ ဒါတွေဆက်ဖြစ်နိုင်တယ်။ Pseudocyst ဆူဒိုဆစ် အရည်အိတ်၊ ပိုးဝင်ခြင်း၊ ကျောက်ကပ် မကောင်းတော့ခြင်း၊ အသက်ရှူခက်ခြင်း၊ ဆီးချို၊ အာဟာရချို့တဲ့ခြင်း။ Pancreatic cancer ကင်ဆာ။
• Cholecystectomy Q and A သည်းခြေအိတ် ထုတ်ထားသူ https://doctortintswe.blogspot.com/…/cholecystectomy-q-and.…
• Cholecystitis သည်းခြေအိတ်ရောင်ခြင်း http://doctortintswe.blogspot.com/2015/01/cholecystitis.html
• Gallbladder cancer သည်းခြေအိတ်ကင်ဆာ http://doctortintswe.blogspot.com/…/06/gallbladder-cancer.h…
• Gallstones သည်းခြေကျောက် http://doctortintswe.blogspot.com/2015/01/gallstones.html
• Pancreas သရက်ရွက် https://doctortintswe.blogspot.com/2017/01/pancreas.html
• Pancreatic cancer သရက်ရွက်ကင်ဆာ https://doctortintswe.blogspot.com/…/02/pancreatic-cancer.h…
• Pancreatitis သရက်ရွက်ရောင်ခြင်း https://doctortintswe.blogspot.com/2016/11/pancreatitis.html
• Spleen and Pancreas ဘေလုံး နဲ့ သရက်ရွက် https://doctortintswe.blogspot.com/…/spleen-and-pancreas.ht…
ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၆
၁ဝ-၈-၂ဝ၁၇
၃-၁၁-၂ဝ၁၇
ถูกใจแสดงความรู้สึกเพิ่มเติม
แสดงความคิดเห็น