Monday, March 26, 2018

Myo Zaw Mon ကွန်​ပျူတာနဲ့ အင်​တာနက်​ ဖရီး အသုံးပြုနည်း။
ထိုင်းနိုင်​ငံသီးသန့်​ပါ။
ဖုန်းနဲ့အသုံးပြုနည်းကို​တော့အားလုံးသိပီးတတ်​ပီးသားဖြစ်​ကျမှာပါ။ကွန်​ပျူတာနဲ့ကအကိုကို့​မေးထားကျတဲ့ညီ​လေး​တွေလဲရှိလို့ခုတင်​​ပေးလိုက်​တာပါ။
အသုံးပြုနည်းကို video ဖိုင်​လုပ်​ပီးတင်​ထား​ပေးပါတယ်​။video ဖိုင်​ကို နှစ်​ပိုင်းခွဲထားပါတယ်​။videoဖိုင်​က အရှည်​ကြီးမဟုတ်​​ပေမဲ့ HD နဲ့ ရိုက်​ထားတာဖြစ်​လို့ MB အရမ်းများပါတယ်​။အ့​ကြောင့်​ pcloud က​နေတင်​ထား​ပေးပါတယ်​။
ကွန်​ပျူတာမှာသုံးဖို့ HTTP PROXY INJECTION SOFTWARE မရှိ​သေးရင်​​အောက်​မှာ​ဒေါင်းယူလိုက်​ပါ။
ဆော့ဝဲ​ဒေါင်းရန်
https://www.mediafire.com/download/b56ymjhctdcb3hr
ဆော့ဝဲကို install လုပ်​ရင်​ pass ​တောင်းပါမယ်​။pass ကို ​ဆော့ဝဲ နာမည်​မှာ ​ရေးထား​ပေးပါတယ်​။ ကူးပီးထဲ့​ပေးလိုက်​ပါ။
ဖရီးအ​ကောင့်​​တွေကို​တော့ မိမိနှစ်​သက်​ရာ ဆိုဒ်​တစ်​ခုခုမှာ ၀င်​ဖွင့်​လိုက်​ပါ။ဖွင့်​လို့ရလာတဲ့ဖရီးအ​ကောင့်​ကို .txt ဖိုင်​တစ်​ခုလုပ်​ပီး ကွန်​ပျူတာထဲကူးထဲ့ပါ။
ပီးရင်​ အကိုတင်​ထား​ပေးတဲ့ video ဖိုင်​အတိုင်း လုပ်​ကြည့်​လို့ရပါပီး။
Video အပိုင်းတစ်​။
ဒီvideoမှာ http ​ဆော့ဝဲထဲ အ​ကောင့်​ထဲ့နည်းကို အသံနဲ့ပါရှင်းပြထား​ပေးပါတယ်​။
Video​ဒေါင်းရန်​ 544MB
https://my.pcloud.com/publink/show…
Video အပိုင်းနှစ်​။
ဒီvideoမှာက ဖုန်းနဲ့ကွန်​ပျူတာချိတ်​ပုံ၊http​ဆော့ဝဲထဲက ဖရီးဖိုင်​ပြန်​ထုတ်​ပုံကို အသံနှင့်​တကွရှင်းပြ​ပေးထားပါတယ်​။
Video အပိုင်းနှစ်​​ဒေါင်းရန်​ 914MB
https://my.pcloud.com/publink/show…
ကဲဒီ​လောက်​ဆိုရင်​အဆင်​​ပြေမယ်​ထင်​ပါတယ်​။မရှင်းတဲ့​နေရာကိုကွန့်​မန့်​မှာဖြစ်​ဖြစ်​​မေးမြန်းနိုင်​ပါတယ်​။
ပညာဒါနပါ။မည်​သူမဆိုရှယ်​နိုင်​ပါတယ်​။ကွန်​ပျူတာမရှိလို့အသုံးမပြုတဲ့ညီ​လေး​တွေကလဲဒီပို့​လေးကို copy ဖြစ်​ဖြစ်​ ရှယ်​ထားတာဖြစ်​ဖြစ်​ ပညာဒါနပြုလို့ရပါတယ်​။

Saturday, March 24, 2018


Image may contain: flower and plant

Image may contain: foodအမျိုးသမီး​တွေအတွက်​ ကင်​ဆာထိ​တောင်​ ​ပျောက်​ကင်းပြီး ဆီးချို ၊ ​သွေးတိုး၊ မီးယပ်​​ရောဂါနဲ့ လေးဖက်​နာ​တွေအတွက်​ အစွမ်းထက်​ လက်ပံပွင့်

----------------------------
( က ) ဆီချိုးရောဂါသမားအတွက် လက်ပံပွင့်ကိုပြုတ်စားပါ။
လက်ပံပွင့်ကိုဟင်းချိုချက်စားပါ။ ဆီချိုရောဂါသမားအတွက်ဆေးကောင်းတစ်လက်
( ခ ) သွေးတိုးရောဂါသမားအတွက် ဇီးသီးနဲ့လက်ပံပွင့်ရောပြီးဟင်းချိုချက်စားပါ။
သွေးတိုးရောဂါပျောက်ကင်းစေသောဆေးတစ်လက်
( ဂ ) မီးယပ်​ရောဂါသမားအတွက် လက်ပံအခေါက်ပြုတ်ပြီးသောက်ပါ။
သွေးဆုံမီယမ်အမျိုးသမီးဆေးကောင်းတစ်လက်
( ဃ ) လေးဖက်နာသမားအတွက် လက်ပံပင်အမြစ်ကိုသွေးပြီးသောက်ပါ။ပြီးလျှင်ခြေဆစ် လက်ဆစ်ကိုလိမ်းပေပါ။
လေးဖက်နာရောဂါ'( ၃ ) မျိုးရှိကြပါတယ်။
နံ ပါတ်( ၁ ) ပိုးလေဖက်နာ
နံပါတ်( ၂ ) သွေးလေဖက်နာ
နံပါတ်( ၃ )အရေပြာလေးဖက်နာ
လေးဖက်နားအမျိုးအစားသုံးမျိုရှိကြပါတယ်။
လေးဖက်နားရောဂါရှိပြီဆိုရင် လက်ပံပွင်အမြစ်ကိုကျေက်ပျဉ်နဲသွေးပြီးဆားအနည်းငယ်ထည်ပြီးသောက်ပါ။
လေးဖက်နာပိုးတွေအားလုံးသေစေမည်
ဆေးဖက်ဝင်သောဆေးနည်းတစ်လက်
နံပါတ်( ၄ ) ရင်သားကင်ဆာဆေးနည်း
လက်ပံအခေါက်ကိုသွေးပြီးရင်သာကင်ဆာသမားအတွက်သောက်ပေးပါ။ ရင်သားအနားတစ်ဝိုက်လိမ်းပေးပါ။
ရင်သာကင်ဆား( ၃ ) မျိုး
အဆင့်( ၁ ) ရင်သားကင်ဆာမထမအဆင့်ကတော့လက်ပံပွင့်အရွက်ကိုခြွေလိုက်ပါ။ လက်ပံပွင့်အလွာပွင့်လေးကိုဇွနဲ့ခြစ်ယူပြီး
သကြားနဲဖျော်ပြီးသောက်ပါ။
အရသားချွဲပျဉ်ပျဉ်ကလေးနဲ့ချဉ်ပြုံးလေးနဲ့ပါ။
ဆေးနည်းကောင်းမို့ 
အဆင့်( ၂ ) လက်ပံပွင်အခေါက်ကိုကျေက်ပျဉ်နဲသွေးပါ။
ရင်သားတစ်ဝိုက်ထူထူလိမ်းပေးပါ။ရင်သားနာခြင်း အလုံးတည်ခြင်းလျော့နည်းစေပြီးပကတိအတိုင်းသက်သာပျောက်ကင်းပါတယ်။
အဆင်( ၃ ) လက်ပံပွင်အခေါက်ကိုသွေလိမ်းပါ။
သွေပြီးသောက်ပါ။ ရင်သာတစ်ဝိုက်လိမ်းပေးပါ။ရင်သားကင်ဆာကုလိုမရတဲ့အထိဖြစ်သွားတယ်​ဆိုရင်မနက်တစ်ကြိမ်နေ့လည်တစ်ကြိမ်
ညနေတစ်ကြိမ် ( ၃ ) လတိတိ​လိမ်း​ပေးပါ ပျောက်ကင်းပါသည်။
ရှေးခေတ်လူကြီးပေးသောဆေးနည်းတစ်လက်
ဆေးဒါနဖြန်ဝေပေးဝေနေပါသည်။
မူရင်း:​ယမင်းဖြူ credit ​ပေပါသည်

Wednesday, March 21, 2018

Image may contain: plant, flower, outdoor and nature·

Image may contain: plant, flower, outdoor and natureလျှာကင်ဆာ ၊ပါးစပ်အတွင်း အပူနာ ၊လည်းပင်းကင်ဆာ ၊သွားပိုးစား ၊သွားကိုက် သွားနာ ၊မဲ့ခရု ၊ပါးစပ်အတွင်း ရေယုံ စိတ်မပူနဲ့ ချက်ချင်းသောက် ချက်ချင်းပျောက်

လျှာကင်ဆာ ၊ပါးစပ်အတွင်းအပူနာ ၊လည်းပင်းကင်ဆာ ၊သွားပိုးစား ၊သွားကိုက် သွားနာ ၊မဲ့ခရု ၊ပါးစပ်အတွင်း ရေယုံ စိတ်မပူနဲ့ ချက်ချင်းသောက် ချက်ချင်းပျောက်

မင်္ဂလာပါခင်ဗျာ။ ယနေ့ကျရောက်သော ကျွန်တော်၏ ၃၉ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဆေးကုသိုလ်လေး ပြုလုပ်ပေးလိုက်ပါသည် ခင်ဗျာ။

ဆေးအိုးပင်အစွမ်း
နွယ်မြက် သစ်ပင် ဆေးဖတ်ဝင်ဆိုသော ရှေးလူကြီးများ၏ ဆိုရိုးအတိုင်း ယ္ခုပုံပါ ဆေးအိုးပင်သည် အင်မတန်မှ အစွမ်းထက်လှသော ဆေးပင်တစ်မျိုးဖြစ်ပေသည်။ ပျောက်ကင်းသော ရောဂါဝေဒနာများမှာ အထက်က တင်ပြထားသော ရောဂါဝေဒနာများအား ဆေးဖိုးအကုန်အကျခံ ခွဲစိတ်စရာမလိုပဲ ၃-၄ ကြိမ်ခန့် အသုံးပြုယုံဖြင့် ယူပစ်သလို ပြောက်ကင်းနိုင်သော အံ့မခန်း ဆေးပင် တစ်မျိုးဖြစ်ပါသည်။

အသုံးပြုပုံ

၁။ ဆေးအိုးပင်၏ အရွက်လက်တစ်ဆုတ်ခန့်အား ရေဆေးပြီးလျှင် ဝါး၍ ပါးစပ်အတွင်း ၅ မိနစ်ခန့် ငုံထားခြင်းကို တစ်နေ့ ၃ ကြိမ်ခန့် ပြုလုပ်ပေးပါ။
၂။ ဆေးအိုးရွက်အား အနည်းငယ်ခူးပြီး ၃ ခွက် ၁ ခွက် ကျိုပြီးလျှင် ထိုအရည်အား ငုံခြင်း ပါးလုပ်ကျင်းခြင်းကို အချိန်ရသလို ပြုလုပ်ပေးပါ။ ၃ ရက်အတွင်း ထူးခြားစွာ သက်သာ ပျောက်ကင်းသွားမည်ကို အံ့သြစွာ တွေ့ရှိရမည် ဖြစ်ပါသည်။
အပင်ပုံသဏ္ဍာန်
အရွက် ရှည်ရှည် ငရုပ်ကောင်း အရွက်ပုံသဏ္ဍာန်နှင့် ခပ်ဆင်ဆင်တူ၏ အပွင့်မှာ ခရမ်းရောင်အပွင့်ဖြစ်ပြီး သစ်ခွပန်း အပွင့်နှင့်ဆင်၏ အသီးမှာ သောက်ရေအိုး ပုံသဏ္ဍာန် အိုးပုတ်ငယ် ပုံသဏ္ဍာန် အဆင်းရှိ၏ ရရှိနိုင်မည့်နေရာ လောလောဆယ်တော့ လည်းကူးမြို့နယ် ကျွန်းကုန်းတွင်ထူထပ်စွာ ပေါက်ရောက်နေပါသည်။
Credit : Zaw Myo Win
စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ
Liver cancer အသည်းကင်ဆာ
၁။ မင်္ဂလာပါ ဆရာခင်ဗျာ။ အသည်းကင်ဆာရှိမရှိကို ဘယ်လိုစမ်းသပ်သိရှိနိုင်ပါသလဲဆရာခင်ဗျာ။ အသည်းကင်ဆာရဲ့ လက္ခဏာတွေကိုလည်း သိချင်ပါတယ်ခင်ဗျာ။ အသည်းကင်ဆာ မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်လို့ရပါသလည်း ဆရာခင်ဗျာ။ အသည်းအားကောင်းအောင် ဘာဆေးများသောက်သုံးဖို့လိုပါသလည်းခင်ဗျာ။
၂။ ဆရာရှင် သမီးမေမေကို CT scan စစ်လိုက်တာ အသဲမှာကင်ဆာဖြစ်နေတယ်တဲ့ မေမေမှာ B ပိုး C ပိုးမရှိပါဘူးဆရာ။ ခု OSC ဆေးရုံမှာ အသဲအထူးကု ဒေါ့့် နဲ့ကုသနေပါတယ်။ မေမေကမျက်လုံး နဲ့ဆီးနဲ့တော့ နည်းနည်းဝါသေးပါတယ်။ ဆေးရုံတက်တာတော့ ၄ ရက်ရှိပါပြီ။ ဆရာမက ကင်ဆာအထူးကုနဲ့ပြပြီး ကင်ဆာဆေးထိုးရမယ်ပြောပါတယ်ဆရာ။ မေမေက အသက် ၆၉ နှစ်ရှိပါပြီဆရာ။ သမီးတို့ဘာလုပ်သင့်လဲဆိုတာ လမ်းညွှန်ပေးပါဆရာ။ သမီးတို့မေမေအတွက် အရမ်းစိုးရိမ်းနေလို့ပါဆရာ။
၃။ မင်္ဂလာပါဆရာရှင့် ပူးတွဲပါ ဖိုင်ကတော့ လူနာရဲ့ CT (Abdomen) Scan Result ဖြစ်ပါတယ်ဆရာ။ Result ပြပြီးတဲ့အချိန်မှာ သက်ဆိုင်ရာဆရာဝန်ရဲ့ မှတ်ချက်က Lymphomatic လို့ခေါ်တဲ့ သွေးကြောင့်ဖြစ်တဲ့ အကျိတ်ဆိုရင် ကုသခဲ့ပါက ပျောက်ကင်းနိုင်သည်။ သို့သော်လည်း HCC လဲ ဖြစ်နိုင်သည် ဟု ပြောကြားခဲ့ပါသည်။ ဖြစ်နိုင်ခြေ နှစ်မျိုး ဖြစ်နေသည်လို့ ပြောနေပြီး ဆက်ကုသသင့် မကုသသင့်ကို လူနာရှင်အနေနဲ့ ဝေခွဲမရနိုင်ဘဲ ဖြစ်နေလို့ ဆရာ့အား မေးမြန်းရခြင်းဖြစ်ပါသည်။ CT Scan ရိုက်ထားသော ဖိုင်ကိုလည်း CD နဲ့ ထည့်ပေးထားသည့်အတွက် ဆရာ့ထံ နက်ဖြန်မှ ပို့ပေးလိုက်မည်။ ဆရာ့ ကျန်းမာကြောင်း မေတ္တာပို့သလျက် ရိုသေလေးစားစွာဖြင့်။
တတိယမေးခွန်းမှာ အသက်-ကျား-မ မသိ။ ဖြစ်နေတာ မသိ။ စမ်းသပ် ကုသပေးနေတဲ့ဆရာဝန်ကသာ သိပါမယ်။
၎။ ဆရာရှင့် CT Result ထောင့်လေးမှာ လူနာ၏ ဒေါ်ဘယ်သူ ဟု နာမည်နှင့်တကွ အသက်ကိုပါ ထည့်သွင်း ဖော်ပြထားပါသောကြောင့်လည်းကောင်း၊ မိမိမှာ လူနာရှင်ကိုယ်တိုင် မဟုတ်သည့်အတွက် ဆရာဝန် ပြောလိုက်သည်များကို ဆရာ့အားအဆင်ပြေပြေရှင်းပြမိရေး အလေးထားနေပါသောကြောင့် လည်းကောင်း အသက် ကျားမကို email cover တွင် ထည့်မရေးပေးမိခြင်းအား သည်းခံပေးပါရန် တောင်းဆိုအပ်ပါသည်။ ဆရာ့စာများအား အစဉ်တစိုက်ဖတ်ရှုနေသော သူတဦးအနေဖြင့် ထပ်မံတောင်းပန်အပ်ပါသည်။ အသက် ၅၃ နှစ်၊ အမျိုးသမီး။
၅။ ဒေါက်တာ သမီးအမေ အသက် ၆၅ နှစ်။့ နိုင်ငံ၊့ မှာနေကြပါတယ်။ အခု အမေက အသည်းကင်ဆာ အဆင့် ၄ တဲ့။ ရောဂါကုလို့ရလား။ အသည်းအစားထိုးလို့ရပါလား။ ဘာအစားအစာများ ကျွေးရပါ့မလဲ။ အခု အမေက အစားမစား၊ အိမ်သာမသွား အဖျားလည်းရှိ၊ ကိုယ်လည်းပူပါတယ်။ ဝေဒနာရောဂါခံစားရသက်သာအောင် ဘာလုပ်ပေးသင့်ပါသလဲ။ ဘယ်လို ပြုစုစောင့်ရှောက် သင့်ပါသလဲ။
၆။ ကျွန်တော့် အကိုကြီးသည် အသည်းတွင် အလုံးတွေ့သဖြင့် 2.4.2011 နေ့က ခွဲလိုက်ပါသည်။ အသည်းကင်ဆာ အဆင့် ၂ ဟု ပြောပါသည်။ သည်းခြေအိတ်တွင်လဲ ကျောက်တည်သဖြင့် သည်းခြေအိတ် ထုတ်လိုက်ပါသည်။ ယခု ၂ လကျော် လာသောအခါ အာထွာစောင်း ထပ်ရိုက်ရာ အသည်းတွင် အလုံးတလုံး ထပ်တွေ့ပါသည်။ ဆရာဝန်က ထပ်ခွဲဖို့ မသင့်တော်ဟု ပြောပါတယ်။ ဆေးဖြင့် ပိတ်လို့ရရင်ရ ဓါတ်ကင်လို့ရရင်ရ နောက်ဆုံးအဆင့် အသည်းလဲဖို့ ပြောပါတယ်။ အသည်းကင်ဆာ ဒီလောက်မြန်မြန် အလုံးပြန်ထွက်တက်ပါသလား။ ယခုအချိန်ထိ ခွဲတုန်းက ဗိုက်တွင် ပလတ်စတ ဗူးလေးဖြင့် ပိုက်တပ်ထားရာ အထဲက အရည်သည် သွေးရောင် အနှောက်ပြစ်ပြစ်တွေ ထွက်နေသဖြင့် မဖြုတ်ရသေးပါ။ အသည်းကင်ဆာ အစားအသောက် နေထိုင်ပုံများရှိရင် တဆင့်ပို့ပေးရန် အကူအညီတောင်းပါတယ်။ ဆရာရေးသော ပို့စ်များကို လေ့လာဖတ်ပါတယ်။ အသည်းအကြောင်း ရေးထားသော ပို့စ်များကို တစုထဲ တင်ထားသော နေရာ ရှိပါသလား။ အကိုကြီးသည် စီပိုး ဘီပိုးလဲ ရှိပါသည်။ နောက်ဆုံးသိလိုသည်မှာ ဆက်ကုလို့ အဆင်ပြေမပြေ သိချင်ပါသည်။ ယခု သူက တချက်တချက် အောင့်နေပါတယ်။
မေးခွန်းမှာ အသက်-ကျား-မ ကိုအရင်ဆုံးသိချင်တယ်။ အဲတာမှ ဖတ်နေရင်း ဝါကျတကြောင်းဖတ်တိုင်း ဘာဖြစ်မလဲ မှန်းလို့ရတယ်။ ဆေးစစ်ချက်ဘာသာပြန်တာသာ မေးသူတွေကို မဖြေပါ။ အဲတာကြောင့် အခုမေးတာကိုလည်း ဆေးစစ်ချက်ကို အခုမှသာ ဖတ်တယ်။ အသည်းကင်ဆာဖြစ်နိုင်လို့တွေ့ရတယ်။ ဆောရီး။ ဆရာကတော့ အဲတာဖြစ်နေလို့ ပြောတာ မဟုတ်ပါ။
အသည်းကင်ဆာမှာ (၂) မျိုးကွဲရှိတယ်။ ကိုယ်ခန္ဓာထဲမှာ တနေရာရာမှာကင်ဆာဖြစ်လို့ အသည်းကို ပြန့်လာတာမျိုးနဲ့ နောက်တမျိုးက Hepatocellular carcinoma အသည်းမှာစဖြစ်တာ။
အသည်းကင်ဆာ ဘာလို့ဖြစ်သလဲ တိတိကျကျမသိကြပါ။ တချို့တော့သိပါတယ်။ Hemochromatosis နဲ့ Wilson's disease တို့လို မွေးကတည်းပါလာသူ၊ အရက်သောက်သူ၊ အသည်းရောင် ဘီ (သို့) စီကြောင့် နာတာရှည် အသည်းရောင်နေသူ၊ မျိုးရိုးအရဖြစ်တဲ့ Hemochromatosis ရောဂါရှိနေသူနဲ့ အသည်းခြောက်နေသူ၊ အသည်းအဆီများနေသူ၊ ဆေးလိပ်နဲ့ အရက်တွဲရင်လည်းဖြစ်သူများတယ်။ vinyl chloride နဲ့ arsenic လို ဓါတုပစ္စည်းတွေနဲ့လည်း ဆက်စပ်မှု ရှိတယ်။ အပင်မှို Aflatoxins ကနေ ဂျုံ၊ မြေပဲ၊ ဆန်၊ ပျောင်းစေ့တွေကို စွဲထာတာ စားမိရင် ဖြစ်စေနိုင်တယ်။ လူဝရင်၊ ဆီးချိုရှိသူ၊ L-carnitine ဓါတ် နည်းနေသူ၊ HIV/AIDS ရှိနေသူ၊ Anabolic steroid ခေါ် ကြွက်သား-ခွန်အားတိုး ဟော်မုန်းဆေး တာရှည်သုံးသူတွေ ပိုဖြစ်တယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တယ်။ ယောက်ျားတွေက မိန်းမတွေထက်ပိုဖြစ်တယ်။
အသည်းကင်ဆာလက္ခဏာများ
ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်လာခြင်း၊ အစာအနံ့ရတာနဲ့ ရင်ပြည့်လာခြင်း၊ ပျို့အန်ခြင်း၊ အားယုတ်လာခြင်း၊ အကြောင်းမသိဖျားခြင်း၊ ဗိုက်ညာဖက်အပေါ်ပိုင်းအောင့်ခြင်း၊ နာတာကလက်ပြင်ဆီတက်နာခြင်း၊ အသည်းကြီးလာခြင်း၊ ဘေလုံးကြီးလာခြင်း၊ ရေဖျင်းဖြစ်လာခြင်း၊ အသား-ဆီးဝါခြင်း၊ ဝမ်းအရောင်ဖျော့လာခြင်း။
Hepatoma အသည်းအကျိတ်
• Cirrhosis liver အသည်းခြောက်ရောဂါရှိနေသူတွေမှာ Hepatoma အသည်း-အကျိတ် ဖြစ်လာနိုင်တယ်။
• အတော်များများ ဘာမှမခံစားရဘူး။
• ၆ လတခါ Serum alpha fetoprotein သွေးစစ်တာ နဲ့ Ultrasound အသည်းကို (အာလ်ထွာဆောင်း) ရိုက်တာ လုပ်နေရမယ်။
• ရောဂါအဆင့်ကြည့်ကုသရမယ်။
အသည်းကင်ဆာကုသနည်းများ
ရောဂါဟုတ်-မဟုတ်စစ်မယ်၊ အဆင့်သတ်မှတ်မယ်။ ဘယ်လိုကုသနည်းရွေးမလည်းဆုံးဖြတ်မယ်။ လူနာ၊ ဆေးရုံအပေါ်မှာမူတည်ပြီးရွေးချယ်ရတယ်။ ခွဲစိတ်ဆရာဝန်၊ ဓါတ်ရောင်ခြည်ဆရာဝန်၊ ကင်ဆာဆရာဝန်၊ အစာလမ်းအထူးကုဆရာဝန်၊ စတဲ့ နယ်ပယ်အလိုက် အထူးကုဆရာဝန်တွေကနေ စုပေါင်းဆုံးဖြတ်ကြတယ်။ တခါတလေ နည်းတခုကမကိုတွဲလုပ်ရတယ်။ လူနာအနေနဲ့လိုမယ်ထင်ရင် ဒုတိယအကြံရယူတာလုပ်နိုင်တယ်။
၁။ Surgery ခွဲစိတ်ကုသနည်းမှာ partial hepatectomy အသည်းတစိတ်တပိုင်းထုတ်ပေးတာနဲ့ liver transplant အသည်းအစားထိုးတာပါတယ်။
၂။ Tumor ablation အကျိတ်ကိုတခြားနည်းနဲ့ကျေစေနည်း၊
၃။ Tumor embolization အကျိတ်ကိုသွေးမလျှောက်စေနည်းလုပ်ပေးခြင်း၊
၎။ Radiation therapy ဓါတ်ကင်နည်း၊
၅။ Targeted therapy ပစ်မှတ်ထားကုသနည်း၊
၆။ Chemotherapy ကင်ဆာဆေးပေးနည်း၊ Sorafenib ဆေးကို နောက်ပိုင်းအဆင့် ဖြစ်သူတွေကို ပေးတယ်။
၇။ Freezing cancer cells (Cryoablation) အေးခဲနည်း၊
၈။ Heating cancer cells အပူပေးနည်း၊
၉။ Injecting alcohol into the tumor အယ်လ်ကိုဟောဆေး အကျိတ်ထဲထိုးနည်း၊
၁ဝ။ Injecting chemotherapy drugs into the liver ကင်ဆာဆေးအကျိတ်ထဲထိုးပေးနည်း၊
၁၁။ Targeted drug therapy ပစ်မှတ်ထားကုသနည်း။
အလားအလာ
အသည်းကင်ဆာဟာ အလားအလာမကောင်းတဲ့အမျိုးအစားရောဂါဖြစ်တယ်။ ဆောရီး။ လူနာ ၁ဝ% ကသာ ကင်ဆာကို စောစောသိကြတယ်။ အင်္ဂလန်မှာ ၃ဝ% ဟာ ရောဂါသိပြီးနောက် ၁ နှစ်အသက်ရှည်တယ်။ ၁ဝ% က ၅ နှစ်ရှင်တယ်။ တချို့နည်းနည်းပိုရှည်တယ်။ အသည်းကင်ဆာနဲ့ အသည်းခြောက်တာတွဲနေရင် ၃ လသာခံတယ်။ ဆောရီး။ USA မှာ ၁၉၉၉ သုတေသနအရ လူနာ ၁၂၃၈၂ ထဲက ၇% ဟာ ၅ နှစ်အထိ ရှင်တယ်။ ၁၉၉၂-၁၉၉၉ အရဆိုရင် ၅% ဟာ ၅ နှစ်အထိ ရှင်တယ်။ ၁၉၈၃-၁၉၉ဝ အရဆိုရင် ၆%။ သူတို့သုတေသနမှာလဲ အမျိုးသမီးတွေက ပိုကြာကြာနေရတယ်။ ဥပမာ လူဖြူအမျိုးသမီးတွေက ၁ဝ့၆% ၅ နှစ်ရှည်တယ်။
မြန်မာပြည်သားတွေ အသည်းကင်ဆာဘေးက ဝေးကြပါစေ။
ဒေါက်တာတင့်ဆွေ

Monday, March 19, 2018

Ko Gyi Lay to ပြည်တွင်း ပြည်ပ နေ့စဉ် သတင်းများ... နေရဲဇင် ဒလ
MCRA /S.H
လိုအပ်​မယ်​လို့ထင်​ပါတယ်​Shareလိုက်​ပါဦးဒါကတော့ ဘရာဇီးနိုင်ငံက ဆေးဆရာဝန်တွေရဲ့ကုထုံးပါ...
မီးလောင်တဲ့ဒဏ်ရာကို တီလားပီးယားငါးတွေရဲ့အရေခွံ(Tilapia skin)နဲ့ ဖုံးအုပ်၍ အမြန်ပျောက်ကင်းအောင် ကုသလို့ရပါတယ်။
အစားထိုးကုသတာမဟုတ်ပါဘူး...မီးလောင်ပြီး အရည်ပြားပျက်စီးတဲ့နေရာကို ဒီငါးအရေခွံကို ကပ်ထားရင်ဖြင့် အမြန်သက်သာ ပျောက်ကင်းစေပါတယ်။ရက်အနည်းငယ်ကြာလာရင် ငါးအရေခွံဟာ ကွာကျလာပါလိမ့်မည်။
ဘဝခါးခါး
#နေရဲဇင် ဒလ
Cholesterol ကိုလက်စထော
ဆရာ သမီးညက ပက်လက်အိပ်နေရင်း ညာဘက်ရင်ဘတ်ပေါ် စိတ်ထဲ ညီမလေးအတင်းတိုးပြီး ရင်ပတ်ပေါ် သူ့ခေါင်းရောက်ပြီး တက်ဖိအိပ်တယ်ထင်တာ။ တအားနာအောင့်ပြီး ဖိထာလို့ အသက်ရှူမရတော့ဘူးဆရာ။ အရင်ငယ်ငယ်က အဲလိုခဏခဏဖြစ်တယ်ဆရာ။
ဆောရီး။ ကိုလက်စထော စစ်ဖူးတယ်ထင်တယ်။ များသလား။
ဟုတ်ဆရာ။ စစ်ထားတုန်းက ကောင်းတယ်ပြောတာဘဲ။ သမီးထပ်စစ်လိုက်ပါမယ်ဆရာ။ ဘာတွေစစ်ရမလဲဆရာ။
ကိုလက်စထောနဲ့ ECG ဆိုရမယ်ထင်တယ်။
ဟုတ်ကဲ့ဆရာ သွားပြီးစစ်လိုက်ပါမယ်။
ဆရာ သွေးစစ်ထားတဲ့အဖြေရပါပြီ။
သေချာဖတ်မရ။ ဂဏန်းတွေနောက် Ref ဂဏန်းတွေထက် နည်း-များ ကြည့်ရ။
ဆရာ Glucose fasting & HDl Cholesterol အဲဒီ၂ခုဘဲပေးထားတာထက်နဲတာကျန်တာအားလုံးများနေတာ ဆေးသောက်ရမှာလားဆရာ။
နည်းသင့်တာတွေများနေပြီး များသင့်တာက နည်းနေ။ အနေအထိုင်အစားအသောက်နဲ့ ဆေး မနက်-နေ့-ည လိုအပ်။
1. Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော) http://doctortintswe.blogspot.com/2014/11/chicken-eggs.html
2. Cholesterol and food ကိုလက်စထောနဲ့ အစားအစာ http://doctortintswe.blogspot.com/…/cholesterol-and-food.ht…
3. Cholesterol ကိုလက်စထော https://doctortintswe.blogspot.com/2014/11/cholesterol.html
4. High Cholesterol diet (ကိုလက်စထော) များလို့ မစားသင့်တဲ့အစားအစာတွေ http://doctortintswe.blogspot.com/…/high-cholesterol-diet.h…
5. Saturated Fatty Acids and Health risks ဆီ၊ အဆီနဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/…/saturated-fatty-acids-a…
ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၈
Comment

Sunday, March 18, 2018

Early Symptoms of Stroke လေဖြတ်တော့မယ်ဆိုတာ ဘယ်လိုသိနိင်သလဲ
လေဖြတ်တော့မယ်ဆိုတာ ကြိုမသိကြဘူး။ ရုတ်တရက်ကြီးဖြစ်တယ်။ တချို့မှာ ပဌမ ၁-၂ ရက်မှာ လက္ခဏာတွေ ပေါ်လိုက်-ပျောက်လိုရှိတတ်တယ်။ ကြိုတင်ပြတာ မရှိတာကများတယ်။ ဖြေးဖြေးဆိုးတိုးလာသူတွေရှိသလို၊ ချက်ချင်း ဆိုးသူတွေလဲ ရှိတယ်။
ဦးနှောက်ထဲမှာ သွေးယိုရာကနေဖြစ်တာဆိုရင် ခေါင်းကိုက်မယ်။ ခေါင်းကိုက်တာက ရုတ်တရက်၊ ပက်လက် အိပ်နေတုံး ဖြစ်တယ်။ အိပ်ရာအထမှာဖြစ်တယ်။ ကိုယ်အနေအထားပြောင်းလိုက်ရင်၊ ကုန်းလိုက်ရင်၊ မတ်လိုက်ရင်၊ ချောင်းဆိုးလိုက်ရင် ပိုဆိုးမယ်။
တခြားလက္ခဏာတွေဆိုတာ ဘယ်လောက်ဆိုးသလဲအပေါ်မှာ မူတည်တယ်။
• သတိတရား လျှော့နည်းခြင်း၊ အိပ်ချင်လာခြင်း၊ သတိလစ်ခြင်း၊
• နားအကြား အားနည်းသွားခြင်း၊
• အရသာ ပျက်လာခြင်း၊
• ထိတာ-ဖိတာ-နာတာ-ပူတာ-အေးတာတွေကို အရင်လို မခံစားနိုင်ခြင်း၊
• ချွေးစီးပြန်ခြင်း၊
• စိတ်မကြည်မလင် ရှုတ်ထွေးလာခြင်း၊
• မှတ်ဥာဏ်နည်းလာခြင်း၊
• အမျိုရခက်လာခြင်း၊
• အရင်လို စာမရေး-မဖတ်နိုင်ဖြစ်လာခြင်း၊
• ခေါင်းမူးခြင်း၊
• ဆီး-ဝမ်း မထိန်နိုင်ခြင်း၊
• ကိုယ်ကို မထိန်းနိုင်ခြင်း၊
• ပူးတွဲလုပ်ဆောင်စရာတွေအားနည်းလာခြင်း၊
• ကြွက်သားတွေအားနည်းလာခြင်း၊
• ထုံကျင်လာခြင်း၊
• စိတ်မူပြောင်းခြင်း၊ ခံစားချက်ပြောင်းခြင်း၊
• လမ်းကောင်းကောင်းမလျှောက်နိုခြင်း။
F.A.S.T. ဆိုတဲ့ အင်္ဂလိပ်စာလုံး ၄ လုံးနဲ့မှတ်သားနည်းတခုရှိပါတယ်။
FACE မျက်နှာ = ပြုံးရီလို့ ခါတိုင်းလိုမရ၊ မျက်စိချက်ချင်း ကြည့်မကောင်း၊ ချက်ချင်းခေါင်းကိုက်၊
ARMS လက် = လက်တွေအမြှေက်ခိုင်းရင် ဖြစ်တဲ့ဘက်ကမရဘူး၊ အားနည်းနေမယ်၊ ထုံကျင်နေမယ်၊
SPEECH စကေားပြောခြင်း = ရိုးရိုးစာကြောင်းလေး တခုကို ထပ်ဆိုခိုင်းရင် မှန်အောင်-မြန်အောင်မဆိုနိုင်၊ လေးနေ၊ နှေးနေမယ်၊
TIME အချိန် = အဲလိုဖြစ်တာတွေတွေ့ရင် အချိန်မဆိုင်းဘဲ ချက်ချင်းဆေးကုပေးဘို့ အနီးဆုံး-အကောင်းဆုံးနေရာကို ဆက်သွယ်ပါ၊ သယ်ယူသွားပါ။
ပဌမမေးခွန်းကိုဖြေရရင် အချိန်မဆိုင်းဘဲ လူနာကို ချက်ချင်းဆေးကုပေးဘို့ အနီးဆုံး-အကောင်းဆုံးနေရာကို ဆက်သွယ်ပါ၊ သယ်ယူသွားပါ။ ဘာအပ်မှ မဆောင်ပါနဲ့။
ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၇
၁၉-၃-၂ဝ၁၈
Comment

Friday, March 16, 2018

Image may contain: plant, tree, outdoor and nature
စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ
5 hrs ·
''အရိုးကျိုးအတွက် ၃ရက်ပဲကြာပါတယ်''
============================
(ရင်းနောင်းပင်)
'' ကျွန်တော့်အား တိုင်းရင်းဆေးဆရာကြီးတစ်ချို့ အမြင်ကပ်ကြတယ်ဗျ။ ဟဲဟဲ ကပ်တာက သူတို့အလုပ် ဆေးကုရမှာက ကျွန်တော့်အလုပ် ဘာဖြစ်ဖြစ်က်ုယ့် အလုပ်ကိုလုပ်နေကြတာပါပဲ''
အရိုးကျိုးတဲ့လူ ၃ ရက်နဲ့လုံးဝ ပြန်ဆက်စေရမယ်။ မယုံရင်လာခဲ့ပါ ရိုက်ချိုးပြီးပြန်ဆက်ပြမယ်။ လမ်းဘေးဆေးပင်နဲ့ပဲဆက်ပေးမယ်။ အဲ့ဒါ မြန်မာ့တိုင်းရင်းဆေးးးပဲ။
လျှို့ဝှက်ထားတဲ့နည်းကို ကူတို့ဆိပ်မှာ မှိုအိတ်ဖွင့်သလို လုပ်လိုက်တော့ တန်ဘိုးမဲ့တာပေါ့။ တန်ဘိုးထားသူတွေအတွက်ပါ။
ဝေဒနာရှင်တွေအတွက်ပါ အသပြာဆရာတွေအတွက်မဟုတ်ပါ။
ပုံထဲကဆေးပင်ကို ထောင်းပြီး စည်းထားလိုက်ပါ မကိုက်ဘူး မနာဘူး တစ်ညတည်းဆက်တယ်(လက်တွေ့) ၃ရက်ဆိုတာက ပိုကောင်းအောင်ဆက်စည်းခိုင်းတာပါ။
ကျန်းမာကြပါစေ။ ၃ရက်ကြာလျှင် ပြန်ဖျက်ပါမည်။
(မှတ်​ချက်​)
လက်​ဆင့်​ကမ်း ကူးယူ​ဖော်​ပြပါက
မူရင်းဖြစ်​တဲ့ စိုက်​ပျိုး​ရေး နှင့်​ အ​ထွေ​ထွေဗဟုသုတအား
Credit ​ပေး၍ ​ဖော်​ပြခွင့်​ရှိပါသည်
စိုက်​ပျိုး​ရေးနှင့်​ အ​ထွေ​ထွေဗဟုသုတ

Sunday, March 11, 2018

19 hrs ·
"ဟင်းနုနွယ်ဆူးပေါက်နှင့်ဆင်နှာမောင်း"
==========================
အစာအိမ်သွေးကြောပေါက်ပါလျှင်
မြန်မာတိုင်းရင်းဆေးသည်ဆေးကောင်းက တစ်ခွက်ဖြင့်ပင် ရောဂါပျောက်ကင်းနိုင်၏။ ပါးစပ်မှသွေးများ တစ်စတစ်စပိုထွက်လာသည်ကို ကြည့်ရင်း ̏ဦးလေးဒီလိုဖြစ်တာဘာဆန်းလဲ… အရက်ပဲသောက်နေတာကိုး၊ ˝ စိတ်တိုတိုနှင့်ပြောမိသည်။
ဦးလေးထူး အစာအိမ်ရောဂါမှ အစာအိမ်သွေးကြောပေါက်လေခြင်းဖြစ်သည်။
အောက်ဖေါ်ပြပါဆေးနည်းဖြင့်ပျောက်ကင်းခဲ့သည်။

ဆေးနည်း
ဟင်းနုနွယ်ဆူးပေါက်ပင်
ဆင်နှာမောင်းပင် (၂)မျိုးစပ်သုံးရ၏။
အရွက်နှစ်မျိုးကိုဆတူခူးပြီး ပုဇွန်ခြောက်နှင့်ကြော်၍(၄)ရက် နံနက်ညစာပေးခြင်းဖြစ်သည်။ပေါက်နေသော အစာအိမ်၏ အမျှင်ဓာတ်ကို အမြန်ပိတ်အောင် ဖါထေးပေးသော စွမ်းအားရှိသည်။
(၄)ရက် သောက်ပြီးက နားထားလိုက်ရမည်ဖြစ်သည်။
ထိုဆေးဖက်ဝင်အစွမ်းထက်ဆေးရွက် နှစ်မျိုးအစွမ်း ကြောင့် ဦးလေးထူး အစာအိမ်သွေးကြောပေါက်ခြင်း ပျောက်ကင်းခဲ့သည်။ ဆေးလည်းဖြစ် အဟာရလည်းဖြစ်သွားသော ဟင်းနုနွယ်ဆူးပေါက်နှင့် ဆင်နှာမောင်းပင်သည် အရေးပေါ်အစာအိမ်သွေးကြောပေါက်၍ အခက်အခဲတွေ့သူများအတွက် အားကိုးဖွယ်သာ ဖြစ်မည်ထင်မိ၍ တင်ပြလိုက်ပါသည်။
ဟင်းနုနွယ်ဆူးပေါက်
===========
ရုက္ခဗေဒအမည်မှာ (Amaranthaceae)ဖြစ်သည်။ ဆူးရှိသောအပင်ငယ်မျိုးဖြစ်သည်။ရွက်မှာပျော့ပြောင်း နူးညံ့ပြီး ရွက်ညှာရှည်သည်။ပန်းခိုင်ပေါ်တွင် အစိမ်းရောင်သန်းသောအဖြူပွင့်များပွင့်သည်။ ကဆုန်နယုန်လများတွင်ပွင့်လေသည်။
ဆေးအသုံး- ပဉ္စ(၅)ပါး၊အရွက်၊အမြစ်
ပဉ္စ(၅)ပါးကို ကြိတ်ချေညှစ်သောက်ပါက မြွေဆိပ်ကိုပြေစေနိုင်သည်ဟု ကျမ်းကဆိုသည်။
ပဉ္စ(၅)ပါးကို ပြုတ်သောက်သော ကိုယ်ဝန်ပျက်ခြင်းမှကင်းဝေးသည်။
အရွက်ကို နှာခေါင်းသွေးလျံပါက အရွက်ကိုကြိတ်ချေပြီး မျက်နှာအထက်ပိုင်းကို လိမ်းပေးပါက နှာခေါင်းသွေးလျံသွေးကျပျောက်သည်။
အရွက်ကို ဟင်းချက်စားပါက ဆီအောင့်ကျောက် တည်ရောဂါပျောက်သည်။
အရွက်ညစ်ရည်ကို ပျားရည်နှင့်ရော၍ လျက်ပေးပါက သွေးအန်သွေးကျရော၊ မီးယပ်သွေးသွန်ခြင်း ၊မီးယပ်ဖြူဆင်းခြင်း၊ ညောင်းကျခြင်းနှင့် အဖုအပိမ့်များပေါက်ခြင်းတို့ကို ပျောက်သည်။
အမြစ်- ကင်းကိုက်သောနေရာအား အမြစ်ကိုရေနှင့်သွေးကာလိမ်းပါက ကင်းဆိပ်ပြေသည်။သွေးစုနာပေါ်လိမ်းပေးလည်း ပျောက်ကင်းစေသည်။
အကြောတက်သူတို့ အမြစ်ကိုသွေး၍လိမ်း ပေးက အကြောတက်ခြင်းပျောက်သည်။
အမြစ်ကို ရေနှင့်သွေးပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် သောက်ပေးပါက မီးယပ်လွန်ခြင်း ပျောက်သည်။
ဆင်နှာမောင်းပင်(အရှင်နာဂသိန်ကျမ်းအဆို)
နှစ်မျိုးရှိသည်။
ဆင်းနှာမောင်းလေးနှင့်ဆင်နှာမောင်ကြီးဖြစ်သည်။
ဆင်နှာမောင်းကြီးသည် ခါးသောအရသာဖြစ်သည်။ပြင်းထန်သောအဖျားကို ပျောက်ကင်းစေသည်။နာကျင်ကိုက်ခဲမှုကို ပျောက်ကင်းစေသည်။အနာကိုသုတ်သင်နိုင်ပြီး အသားနုကိုတက်စေသည်။
အနာများရောင်တင်းသောအခါ ယင်းအရွက်ကိုပတ်တီးစည်းပေးပါက လျှင်မြန်စွာအရောင်လျော့သည်။
မျက်ရည်ယိုခြင်းနှင့်မျက်ခွံရောင်ခြင်း ယင်းသတ္တုရည် ကို သုတ်လိမ်းပေးပါက လျှင်မြန်စွာပျောက်ကင်းသည်။
စာကိုး
အရှင်နာဂသိန်ဆေးကျမ်း/ မြန့်မာဆေးဝါးပင်များ/ရောင်ပြန်မဂ္ဂဇင်း
ရဲမျိုးသူ(ဗောဓိမြိုင်)

Thursday, March 8, 2018

ကျောက်ဆိုတဲ့ဟာကြီးကို ကြောက်ကိုမကြောက်တော့တာ





ကျောက်ဆို ကြောက်ကိုမကြောက်တော့တာ
သူရှိနေလို့ ခါးနာခါးအောင့်ဖြစ်နေတာအခုတော့ သူထွက်ကျလာခဲ့ပါပြီ
အချိန်ကယနေ့ ည ၁၁နာရီ၁ဝမိနစ်ခန့်ကဖြစ်သည်ဘယ်ဘက်က ခါးတစ်ခြမ်းကိုက်နေတာ နှစ်လသုံးလလောက်ရှိနေပါပြီ
ဆီကျောက်တည်ရောဂါနဲ့ရင်ပါးနေပြီဖြစ်သောကြောင့်မကြောက်ရွန့်တော့ပေ
ဒီကျောက်ကြီးရှိနေမှန်းသိနေတာတော့သုံးလေးလခန့်ရှိနေပါပြီ ဒီတစ်ခါကျောက်က အသက်ရှုရင်တောင်အောင့်အောင့်လာတယ်ခါးအောင့်အောင့်နေလို့ ဘယ်ဘက်ကိုစောင်းအိပ်လို့မရဖြစ်နေပါတယ်
သူရှိနေရင်ခါးကတင်ပြီးနာနေတယ်ဘယ်ဘက်ခြမ်းဆီးခုံကို လက်နဲ့အဖိမခံနိုင်ဘူးတော်တော်နာပါတယ်
ဆေးရုံသွားဓာတ်မှန်ရိုက်ကြည့်တော့ သေချာပေါက်သူ့ကို တွေ့သည် ဆရာဝန်က ချေဖို့ သို့မဟုတ် ခွဲထုတ်ဖို့ပြောပါသည် ကြီးလွန်းလို့သူ့ဘာလို မထွက်ကျနိုင်ကြောင်ပြောပြပါသည်
နေလို့ရရင် နေနေလိုက်သည်နေလို့မရအောင်နာလာရင်တော့ လက်သုံးဆေးကိုအသုံးပြုရတော့သည်
ထိုဆေးက လွယ်လွယ်လေးပါကျောက်ဖရုံသီးကို သခွါးခြစ်နဲ့ခြစ်ပြီးရှာလကာရည်အနည်းငယ်ထည့်၍ အလယ်တည်ပန်းကန်နဲ့တစ်ဝက်လောက်ကို တစ်ရက် နှစ်ရက်နဲ့ အကုန်စားပေးလိုက်ရုံပါပဲ
အဲဒီလို သုံးခါလောက်လုပ်စားလိုက်တာနဲ့အခုမြင်တွေ့ရတဲ့ကြောက်ကြီးလည်းမနေနိုင်တော့ပဲ ဒလိမ့်ခေါက်ခွေး ထွက်ကျခဲ့ရတော့တာပါပဲ
ရံဖန်ရံခါ အုန်းရေလဲ အဝသောက်ပေးဖို့လိုပါသည်
ကျောက်တည်တတ်တဲ့ဝေဒနာရှင်များအတွက်ူသတင်းကောင်းပေးလိုက်ပါတယ်
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ကျောက်ထွက်ကျလာလို့ပုံနှင့်တကွ ရေးတင်ခဲ့ဘူးတာရှိပါတယ်
ကျောက်ဖရုံသီးနဲ့ ရှာလကာရေနဲ့ ရောစပ်ထားတာပါဟင်းစားဇွန်းနဲ့ မောက်မောက်ခပ်၍ တစ်နေ့သုံးကြိမ်လောက်စားပေးပါ စားလို့ကောင်းပါတယ်
Credit..
World Kidney Day ကျောက်ကပ်ရောဂါစာများ
ဆရာ ကျောက်ကပ်ရောဂါ မြန်မာတိုင်းရင်းဆေးအကြောင်း သိချင်လို့ပါ။
မြန်မာဆေး-တိုင်းရင်းဆေး-ဘယဆေး-တရုပ်ဆေး-ကုလားဆေး-ကြော်ငြာဆေးတွေကို မသိပါ။ ဆောရီး။
ကျွန်တော်ရေးပြီးသမျှ ကျောက်ကပ်ဆေးပညာစာတွေရှိပါတယ်။
1. Agony ဆီးလမ်းကျောက်က နာခြင်း https://doctortintswe.blogspot.com/2014/10/agony.html
2. Drugs and Kidneys ကျောက်ကပ်အပေါ် သက်ရောက်စေတဲ့ ဆေးတွေ https://doctortintswe.blogspot.com/…/02/drugs-and-kidneys.h…
3. Glomerulonephritis ကျောက်ကပ်ရောင်ခြင်းတမျိုး https://doctortintswe.blogspot.com/…/glomerulonephritis.html
4. IgA nephropathy အိုင်ဂျီအေ ကျောက်ကပ်ရောဂါ https://doctortintswe.blogspot.com/…/12/iga-nephropathy.html
5. Kidney cancer ကျောက်ကပ် ကင်ဆာ https://doctortintswe.blogspot.com/2017/…/kidney-cancer.html
6. Kidney Diseases in Children ကလေး ကျောက်ကပ်ရောဂါတွေ https://doctortintswe.blogspot.com/…/kidney-diseases-in-chi…
7. Kidney Stones Home Remedies ကျောက်တည်တာသက်သာအောင် အိမ်မှာဘယ်လိုလုပ်မလဲ
8. Kidney Stones Home Remedies ကျောက်တည်တာသက်သာအောင် အိမ်မှာဘယ်လိုလုပ်မလဲ https://doctortintswe.blogspot.com/…/kidney-stones-home-rem…
9. Kidney stones ကျောက်ကပ်-ကျောက် https://doctortintswe.blogspot.com/2014/…/kidney-stones.html Kidneys ကျောက်ကပ်ကို ကိုယ်တိုင်စောင့်ရှောက်ခြင်း
10. Polycystic Kidney Disease ကျောက်ကပ်ရောဂါ https://doctortintswe.blogspot.com/…/polycystic-kidney-dise…
11. Renal Dialysis ကျောက်ကပ်ဆေးခြင်း https://doctortintswe.blogspot.com/20…/…/renal-dialysis.html
12. Warning Signs Of Kidney Failure ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်းလက္ခဏာလေးခု https://doctortintswe.blogspot.com/…/warning-signs-of-kidne…
13. World Kidney Day ကမ္ဘာ္ဘ့ကျောက်ကပ်နေ့ https://doctortintswe.blogspot.com/…/…/world-kidney-day.html
မြန်မာပြည်သားတွေ ဘယ်မှာနေနေ ကျောက်ကပ်ကျန်းမာရေးနဲ့ ပြည့်စုံကြပါစေ။
ဒေါက်တာတင့်ဆွေ
၈-၃-၂ဝ၁၈

Sunday, March 4, 2018

အသားပို(အသားသီး) များ ဖယ်ရှားနိုင်မည့် ဆေးဖက်ဝင်ကုသမှု သုံးရပ်

16642
0
 remedies to remove skin


Zawgyi ဖြင့်ဖတ်၇န်
အရေပြားမှာ ဖြစ်ပေါ်တဲ့ အသားပို(အသားသီး)တွေကို ဖယ်ရှားနိုင်မယ့် အလွယ်နည်းတွေ ဖြစ်ပါတယ်။
လက်ဖက်ဆီ

ကြက်ဆူဆီ
ရှာလကာရည်

Credit:Good Health
Unicodeဖြင့်ဖတ်ရန်
အရေပြားမှာ ဖြစ်ပေါ်တဲ့ အသားသီးတွေကို ဖယ်ရှားနိုင်မယ့် အလွယ်နည်းတွေ ဖြစ်ပါတယ်။
လက်ဖက်ဆီ
လက်ဖက်ဆီဟာ မှဲ့နဲ့ အသားသီးတွေကို ဖယ်ရှားနိုင်ပါတယ်။ လက်ဖက်ဆီနည်းနည်းကို ဝါဂွမ်းစတစ်စနဲ့ ဆွတ်ပြီး အသားသီးရှိတဲ့ နေရာတွေကို တိုက်ရိုက် သုတ်လိမ်းပါ။ တစ်နေ့တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပြီး လေးပတ်ကျော် ကြာတဲ့အထိ၊ အသားသီး ပျောက်တဲ့အထိ လုပ်ဆောင်ပေးပါ။

ကြက်ဆူဆီ
ကြက်ဆူဆီကို ပြင်ပလိမ်းဆေး အနေနဲ့ သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ ဆော်ဒါမှုန့် အနည်းငယ်ကို ကြက်ဆူဆီ အနည်းငယ်နဲ့ ရောမွှေပြီး စေးပျစ်တဲ့ အနှစ်သားရအောင် လုပ်ပါ။ အဲဒီနောက် သံပရာဆီ အနည်းငယ် ထည့်မွှေကာ အသားသီးရှိတဲ့ အရေပြားပေါ် သုတ်လိမ်းပြီး ဖုံးအုပ်ထားပါ။ အချိန် ၂-၄ ပတ် ကြာတဲ့အထိ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် အသားသီး ပျောက်သွားပါလိမ့်မယ်။
ရှာလကာရည်
ရှာလကာရည်ကိုလည်း အသားသီး ဖယ်ရှားဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ရှာလကာရည်ကို ဂွမ်းစနဲ့ ဆွတ်ပြီး အသားသီးပေါ်ကို တိုက်ရိုက် သုတ်လိမ်းပေးပါ။ ရှာလကာရည် လိမ်းပြီး နှစ်မိနစ်အကြာမှာ အရေပြား စပ်ဖျဉ်းဖျဉ်း ခံစားချက် ဖြစ်ပေါ်စေပါတယ်။ နေ့စဉ် ၂-၄ ပတ် ကြာတဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။

Credit:Good Health



အိမ်သုံးဆား။
လုံးဝမနာကျင်ပါဘူး။

Unicode Version
ခြေစွယ်ငုတ်ဆေးလွယ်လွယ်လေး
ခြေစွယ်ငုတ်ခြင်းက ခံရခက်ပြီး ကုသလို့ အမြစ်မပြတ်ပဲ ပြန်ဖြစ်တတ်ပါတယ်။
တစ်ချို့တွေဆို မျက်ရည်ကျသည်ထိ လှီးဖြတ်ပြစ်ကြပြီး ဆီချက်ပူ လောင်းထည့်တာမျိုးလည်း မြင်ဘူးပါတယ်။
နောက်တော့ ပြန်ဖြစ်တာပါပဲ။
ခု ကျွန်တော်ပြောပြမယ့်နည်းလေးက မနာမကျင်ပဲခြေသဲတစ်ဖြေးဖြေး ပြန့်လာပြီး နောက်ထပ် ခြေစွယ်မငုတ်တော့ပါဘူး။
ခြေသဲလေးကလည်း နူးညံ့ချောမွတ်ပြီးလှပလာပါလိမ့်မယ်။
ဆေးက အဝေးကြီး ရှာစရာမလိုတဲ့တွက် အားလုံးအလွယ်တကူ ပျောက်ကင်းသက်သာနိုင်ပါတယ်။
အိမ်သုံးဆား။
ဟင်းအိုးထဲ ခတ်တဲ့ဆားပါ။
ဆားအနည်းငယ်ကိုခြေစွယ်ငုတ်နေတဲ့နေရာမှာပုံထားပေးပါ။
ရေအနည်းငယ်ကို လက်ညိုးနဲ့ဆွတ်၍ တစ်စက်တည်း သာချပါ။
ဆားပုံထားတဲ့ပေါ်မှာ ချရမှာ ဖြစ်ပါတယ်။
ဆားအရေပျော်ပြီး ဘေးကို စီးကျသွားရင် နဲနဲထပ်ပုံပါ။
ခဲခဲပုံပုံလေး ဖြစ်နေရင် ရပါပြီ။
တစ်ခုခုနဲ့ မစည်းရပါဘူး။
ပြည်တည်နေလျှင်လည်း မဖောက်ရပါဘူး။
တစ်နေ့ကို ၅ကြိမ်လောက် ပုံပေးပါ။
၃ရက်နေလျှင် ဆားပုံထားတဲ့နေရာက အရေခွံ ကွာကျလာပါလိမ့်မယ်။
မနာကျင်တော့တာကိုလည်း အံ့ဩစွာ တွေ့ရမှာပါ။
အရေခွံ ကို လက်သည်းညှပ်နဲ့ ညှပ်ပစ်လို့ ရပါတယ်။
လုံးဝမနာကျင်ပါဘူး။
ခြေသည်းလေး ပြန့်လာချင်ရင်တော့ တစ်ပတ်တစ်ခါလောက် ခြေသည်းထောင့်ကကုပ်နေတဲ့ နေရာလေးတွေမှာဆားပုံပေးပါ။
အထူးသဖြင့် တောင်သူ ဦးကြီးတွေ ၊ ဒေါ်ကြီးတွေအသုံးတည့်မယ်ထင်ပါတယ်။
စမ်းသုံးကြည့်လိုက်ပါဦး။
ဘေးထွက်ဆိုးကျိုး မရှိလို့ ယုံကြည်စွာ စမ်းကြည့်ပါ။
Credit မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ

ဆီးမသွားရသေးခင် ဆီးအိမ်မှာအောင့်တောင့်တောင့်ခံစားရတာမျိုး ဆီးကျန်နေသလိုဖြစ်တတ်တဲ့ ဝေဒနာရှင်တွေအတွက်

ဆီးကျိတ် ယောင်လို့ ဆီးသွားရတာကျန်နေသလိုလို သွားပြီးတော့လည်းထပ်သွားချင်သလိုလို
ညညခဏခဏထထ ဆီးသွားနေရတာတို့
ဆီးမသွားရသေးခင် ဆီးအိမ်မှာအောင့်တောင့်တောင့်ခံစားရေတာတို့(အမျိုးသားများ)
ငြုပ်သီးစားများသွားလို့ ဆီးပူဆီးချုပ်ဆီးအောင့်သူများအတွက်
ခွေးတောက်ရွှက်(၇ -၁၀ )ကိုငှက်ပြောသီး(ဖီးကြမ်း)တစ်လုံးနှင့်ပြုတ်ပြီး သုံးလေးငါးရက်ဆက်စားလိုက်ရင် သက်သာပါပြီဗျာ။

ခွေးတောက်ရွှက်ပါးပါးလှီး ငှက်ပြောသီး ထိပ်ဖြတ်ဖင်ဖြတ်ပြီးမှပြုတ်နော် ပြုတ်ပြီးတော့မှ
ပြုတ်ရည်၊အရွှက်၊ငှက်ပြောသီး သုံးခုလုံးစားပေါ့ဗျာ ချိုတိုတို ခါးသက်လေးမို့စားလို့ကောင်းပါတယ်ခင်ဗျ။
တစ်လတစ်ကြိမ်သို့နှစ်ကြိမ် ကိုယ့်အခြေအနေအရစားပေါ့ဗျာ ။ကျွန်တော်တော့ဆီးအိမ်ကအောင့်တောင့်တောင့်
ဖြစ်လာရင် ညညထရတာစိပ်လာရင် စားလိုက်တာဘဲ။

ကိုယ်တွေ့မို့စေတနာနှင့်ပြောရတာပါ။ စာအရေးအသားမရှင်းလင်းရင်လည်း
တောင်းပန်ပါတယ်ခင်ဗျာ။
ဖြန့်ဝေမျှဝေပေးရင် ကျေးဇူးအထူးတင် ဝမ်းမြောက်ရပါကြောင်း ကြိုတင်ထပ်လောင်းပြောပါရေ

Wednesday, February 28, 2018

Continuum Title Studio v11.0.2 for OFX x64 full version ပါ
For Support;
Adobe: Creative Cloud, CS5.5-CC 2018 – After Effects and Premiere Pro
Avid: Media Composer 6.5+
Blackmagic: DaVinci Resolve 12.5+
Sony: Vegas Pro 13
Magix: Vegas Pro 14+
Foundry: Nuke 9+
Graphics Cards: We recommend that you run the latest graphics card driver version supported by your host application. A graphics card with a minimum of 1GB of RAM is required; 2GB of RAM is recommended.

RAR passward >>> www . p30download . com ရိုက်ပါ
ဒေါင်းရန် >>> 140 MB
http://cdn.p30download.com/…
Crack file >>>
http://cdn.p30download.com/…
Installation guide
1. Install the software and select "Complete installation without entering a License" during the installation process.
2. Copy the BCC_OFX_3DObjects.ofx file in the Crack folder to the following path.
C: \ Program Files \ Common Files \ OFX \ Plugins \ BCC_OFX_3DObjects.ofx.bundle \ Content \ Win64
3. Copy two other files in the Crack folder to the following path.
C: \ Program Files \ BorisFX \ ContinuumOFX \ 11 \ lib
4. Run the software.
Comment
Adobe After Effect CC 2018 full version လေးပါ
RAR file passward >>> www . p30download . com ရိုက်ပါ
ဆော့ဝဲလ်ဒေါင်းရန် >>>
http://cdn.p30download.com/…

http://cdn.p30download.com/…
Crack file ဒေါင်းရန် >>>
http://cdn.p30download.com/…

Sunday, February 25, 2018

မင်္ဂလာဒုံ မြို့နယ်က မိတ်ဆွေ့များအတွက် ( ရိုးရာ )
( ဒူးနာနေလား )
ဂျင်းနဲ့ မြေဖြူကိုသာ ရောထောင်းပီး လိမ်းလိုက်ပါ ။
ဆေးရုံ ၃ လတတ်တဲ့လူတောင် ၃ရက်ပဲ လိမ်းတာဒူးနာပျောက်သွားတယ် ။
၃ ပတ်လောက် ဒူးနာနေတဲ့သူ နှစ်ရက်ပဲ လိမ်းတာ ပျောက်တယ် ဗျား ။
ကုန်ကျစရိတ် ငွေကျပ် ၂၀၀ ကြီးများတောင် ကုန်တယ် ။

မနက်တစ်ခါ လိမ်း ညဘက်တစ်ခါ လိမ်းပါ
-------------------------------------------------------------------------
" နောက်တစ်နည်း ရှိသေးတယ် ကြက်ဥအကာနဲ့ ရှားဇောင်းလက်ပင်က အနှစ်နဲ့ ရောပြီး အုံလိုက်တာ သူလဲ နှစ်ရက်ပဲ သက်သာပျောက်ကင်းတယ် ဗျား
-----------------------------------------------------------------------
နောက်တစ်နည်း ရှိသေးသဗျား ဒါက ယောက်ကျာ်းသားတွေအတွက်ပါ
ခွန်းအားကို အားပြုပြီး လှုပ်ရှားနေသူ ဒူးနာ ဒူးကိုက်သူများအတွက် သုတ်အားနည်းသူများ သုတ်အားကောင်းပြီး ၂၄ ခွန်းအားပြည့်နေဖို့
ဌက်ပျောသီးကို မီးဖုတ်ပီး နှမ်းဆီစစ်လေးနဲ့ ခေါက်စားစမ်း အဲဒီဒူးကောင်းချက်က မြင်းကောင်ရေ ၅၀ လားပဲ
ဘောလုံးကန်သူများနှင့် အထူးသင့်တော်တဲ့ ဆေး ပါ ။
မေတ္တာဖြင့်မျှဝေသည် ရွှေဘို

Thursday, February 22, 2018

"သုံးရက်အတွင်း ခြေလက်တွေ ဖြူဖွေးလာတဲ့ အိမ်တွင်းဆေး"
သုံးရက်အတွင်း ခြေလက်တွေ ဖြူဖွေးလာအောင်
နှစ်သစ်မှာ ဆေးနည်းသစ်တခုပေးပါရစေ။ သုံးရက်မဟုတ်ဘဲ တစ်ရက်နဲ့ကို သင့်အသားအရေ ထူးခြားလာတယ်။
အထူးသဖြင့် နေလောင်ထားတဲ့ ခြေ၊လက် အသားအရေအတွက် ဒီနည်းက အသုံးဝင်လွန်းပါတယ်။ ပျက်ဆီးနေတဲ့ အသားအရေ ပြန်လည် ဖြူဖွေးချင်တယ် ဆိုရင် အဆင့်(၂)ဆင့် ပြုလုပ်ဖို့ လိုတယ်။
ပထမအဆင့်က ဆဲလ်သေတွေ ဖယ်ရှားတဲ့အဆင့်ဖြစ်တယ်။ scrub လို့ ခေါ်ပါတယ်။ ဒုတိယအဆင့်က ခြေလက်တွေ ပြန်လည် ဖြူဖွေးလာအောင် ထိန်းသိမ်းရတဲ့အဆင့်။
ဒီအဆင့်နှစ်ဆင့်ကို တချိန်တည်း ဆကိတိုက်လုပ်ဖို့ လိုပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သင့်အသားအရေဟာ သုံးရက်အတွင်း သိသာလာမှာဖြစ်တယ်။
ပထမအဆင့်- Scrub
ဆဲလ်သေတွေ ဖယ်ရှားတဲ့အဆင့်ဖြစ်တယ်။ ဒီအဆင့်မှာ သကြား လက်ဖက်ရည်တစ်ဇွန်းစာ နဲ့ စန္ဒာကူးမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာကို ရောစပ်ပါ။
ပြီးရင် အဆိုပါအရောထဲ ခရမ်းချဉ်သီးကို အတုံး ခပ်သေးသေးလေးတွေ ပိုင်းပြီးထည့်ပါ။ (တချို့က အထဲက အနှစ်ကိုလည်း အသုံးပြုကြတယ်)။
သကြား၊စန္ဒာကူးမှုန့်နဲ့ ခရမ်းချဉ်းသီး သုံးမျိုးအရောကို ခြေထောက် သို့မဟုတ် လက် စတဲ့နေရာတွေမှာ ၅-၁၀ မိနစ်ခန့် ကြာအောင် ပွတ်ပေးပါ။
ပြီးတာနဲ့ ရေခပ်နွေးနွေးနဲ့ ဆေးချပြီး အဝတ်ခြောက်တခုနဲ့ သေချာသုတ်ပါ။ ဒါဆိုရင် ပထမအဆင့်ပြီးပါပြီ။
ဒုတိယအဆင့် – whitening pack
ဒီအဆင့်က ခြေလက်တွေကို ပြန်လည် ဖြူဖွေးလာအောင် ထိန်းသိမ်းရတဲ့အဆင့်ဖြစ်လို့ ပိုအရေးကြီးတယ်။ အရင်ဆုံး အာလူးသီးကို အခွံခွာပြီး blender (ကြိတ်စက်)ထဲ ထည့်ကြိတ်ပါ။
(blender မရှိရင် နုတ်နုတ်စင်းပြီး ညက်အောင် ထောင်းလို့လည်းရပါတယ်)။ ပြီးရင် ထွက်လာတဲ့ အနှစ်ကို သန့်စင်တဲ့ ပိတ်ဖြူစ(အဝတ်စ)တစ်ခုထဲထည့်ပြီး အရည်ချည်းထွက်အောင် စစ်ထုတ်ယူပါ။
ဒါဆိုရင် အာလူးသီးအရည်ရလာလိမ့်မယ်။ အာလူးသီးအရည်ကို ထမင်းစားဇွန်း (၄)ဇွန်းစာလောက်ယူပြီး ရှောက်သီးရည် ထမင်းစားဇွန်း (၃)ဇွန်းစာ အရင် ရောစပ်ပါ။
ပြီးရင် ဆန်မှုန့် ထမင်းစားဇွန်း(၂)ဇွန်းထပ်ထည့်ပါ။ နောက်ဆုံးမှ ပျားရည် ထမင်းစားဇွန်း(၁)ဇွန်း ရောထည့်လိုက်ပြီး သမအောင် မွှေရင် အသားဖြူဖွေးစေတဲ့ pack တခုရရှိမှာဖြစ်ပါတယ်။
ရလာတဲ့ လေးမျိုးစပ် အရောကို ခြေ၊လက်၊ကုပ် စတဲ့နေရာတွေမှာ လိမ်းပြီး နာရီဝက်ပြည့်အောင် လိမ်းထားလိုက်ပါ။ ပြီးရင် ရေဆေးပစ်လိုက်ပါ။
နဂိုမည်းနေတဲ့အသားအရေတွေ သုံးရက်အတွင်း သိသိသာသာ ပြန်လည်ဖြူဖွေးလာတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး