Monday, March 26, 2018

Myo Zaw Mon ကွန်​ပျူတာနဲ့ အင်​တာနက်​ ဖရီး အသုံးပြုနည်း။
ထိုင်းနိုင်​ငံသီးသန့်​ပါ။
ဖုန်းနဲ့အသုံးပြုနည်းကို​တော့အားလုံးသိပီးတတ်​ပီးသားဖြစ်​ကျမှာပါ။ကွန်​ပျူတာနဲ့ကအကိုကို့​မေးထားကျတဲ့ညီ​လေး​တွေလဲရှိလို့ခုတင်​​ပေးလိုက်​တာပါ။
အသုံးပြုနည်းကို video ဖိုင်​လုပ်​ပီးတင်​ထား​ပေးပါတယ်​။video ဖိုင်​ကို နှစ်​ပိုင်းခွဲထားပါတယ်​။videoဖိုင်​က အရှည်​ကြီးမဟုတ်​​ပေမဲ့ HD နဲ့ ရိုက်​ထားတာဖြစ်​လို့ MB အရမ်းများပါတယ်​။အ့​ကြောင့်​ pcloud က​နေတင်​ထား​ပေးပါတယ်​။
ကွန်​ပျူတာမှာသုံးဖို့ HTTP PROXY INJECTION SOFTWARE မရှိ​သေးရင်​​အောက်​မှာ​ဒေါင်းယူလိုက်​ပါ။
ဆော့ဝဲ​ဒေါင်းရန်
https://www.mediafire.com/download/b56ymjhctdcb3hr
ဆော့ဝဲကို install လုပ်​ရင်​ pass ​တောင်းပါမယ်​။pass ကို ​ဆော့ဝဲ နာမည်​မှာ ​ရေးထား​ပေးပါတယ်​။ ကူးပီးထဲ့​ပေးလိုက်​ပါ။
ဖရီးအ​ကောင့်​​တွေကို​တော့ မိမိနှစ်​သက်​ရာ ဆိုဒ်​တစ်​ခုခုမှာ ၀င်​ဖွင့်​လိုက်​ပါ။ဖွင့်​လို့ရလာတဲ့ဖရီးအ​ကောင့်​ကို .txt ဖိုင်​တစ်​ခုလုပ်​ပီး ကွန်​ပျူတာထဲကူးထဲ့ပါ။
ပီးရင်​ အကိုတင်​ထား​ပေးတဲ့ video ဖိုင်​အတိုင်း လုပ်​ကြည့်​လို့ရပါပီး။
Video အပိုင်းတစ်​။
ဒီvideoမှာ http ​ဆော့ဝဲထဲ အ​ကောင့်​ထဲ့နည်းကို အသံနဲ့ပါရှင်းပြထား​ပေးပါတယ်​။
Video​ဒေါင်းရန်​ 544MB
https://my.pcloud.com/publink/show…
Video အပိုင်းနှစ်​။
ဒီvideoမှာက ဖုန်းနဲ့ကွန်​ပျူတာချိတ်​ပုံ၊http​ဆော့ဝဲထဲက ဖရီးဖိုင်​ပြန်​ထုတ်​ပုံကို အသံနှင့်​တကွရှင်းပြ​ပေးထားပါတယ်​။
Video အပိုင်းနှစ်​​ဒေါင်းရန်​ 914MB
https://my.pcloud.com/publink/show…
ကဲဒီ​လောက်​ဆိုရင်​အဆင်​​ပြေမယ်​ထင်​ပါတယ်​။မရှင်းတဲ့​နေရာကိုကွန့်​မန့်​မှာဖြစ်​ဖြစ်​​မေးမြန်းနိုင်​ပါတယ်​။
ပညာဒါနပါ။မည်​သူမဆိုရှယ်​နိုင်​ပါတယ်​။ကွန်​ပျူတာမရှိလို့အသုံးမပြုတဲ့ညီ​လေး​တွေကလဲဒီပို့​လေးကို copy ဖြစ်​ဖြစ်​ ရှယ်​ထားတာဖြစ်​ဖြစ်​ ပညာဒါနပြုလို့ရပါတယ်​။

Saturday, March 24, 2018


Image may contain: flower and plant

Image may contain: foodအမျိုးသမီး​တွေအတွက်​ ကင်​ဆာထိ​တောင်​ ​ပျောက်​ကင်းပြီး ဆီးချို ၊ ​သွေးတိုး၊ မီးယပ်​​ရောဂါနဲ့ လေးဖက်​နာ​တွေအတွက်​ အစွမ်းထက်​ လက်ပံပွင့်

----------------------------
( က ) ဆီချိုးရောဂါသမားအတွက် လက်ပံပွင့်ကိုပြုတ်စားပါ။
လက်ပံပွင့်ကိုဟင်းချိုချက်စားပါ။ ဆီချိုရောဂါသမားအတွက်ဆေးကောင်းတစ်လက်
( ခ ) သွေးတိုးရောဂါသမားအတွက် ဇီးသီးနဲ့လက်ပံပွင့်ရောပြီးဟင်းချိုချက်စားပါ။
သွေးတိုးရောဂါပျောက်ကင်းစေသောဆေးတစ်လက်
( ဂ ) မီးယပ်​ရောဂါသမားအတွက် လက်ပံအခေါက်ပြုတ်ပြီးသောက်ပါ။
သွေးဆုံမီယမ်အမျိုးသမီးဆေးကောင်းတစ်လက်
( ဃ ) လေးဖက်နာသမားအတွက် လက်ပံပင်အမြစ်ကိုသွေးပြီးသောက်ပါ။ပြီးလျှင်ခြေဆစ် လက်ဆစ်ကိုလိမ်းပေပါ။
လေးဖက်နာရောဂါ'( ၃ ) မျိုးရှိကြပါတယ်။
နံ ပါတ်( ၁ ) ပိုးလေဖက်နာ
နံပါတ်( ၂ ) သွေးလေဖက်နာ
နံပါတ်( ၃ )အရေပြာလေးဖက်နာ
လေးဖက်နားအမျိုးအစားသုံးမျိုရှိကြပါတယ်။
လေးဖက်နားရောဂါရှိပြီဆိုရင် လက်ပံပွင်အမြစ်ကိုကျေက်ပျဉ်နဲသွေးပြီးဆားအနည်းငယ်ထည်ပြီးသောက်ပါ။
လေးဖက်နာပိုးတွေအားလုံးသေစေမည်
ဆေးဖက်ဝင်သောဆေးနည်းတစ်လက်
နံပါတ်( ၄ ) ရင်သားကင်ဆာဆေးနည်း
လက်ပံအခေါက်ကိုသွေးပြီးရင်သာကင်ဆာသမားအတွက်သောက်ပေးပါ။ ရင်သားအနားတစ်ဝိုက်လိမ်းပေးပါ။
ရင်သာကင်ဆား( ၃ ) မျိုး
အဆင့်( ၁ ) ရင်သားကင်ဆာမထမအဆင့်ကတော့လက်ပံပွင့်အရွက်ကိုခြွေလိုက်ပါ။ လက်ပံပွင့်အလွာပွင့်လေးကိုဇွနဲ့ခြစ်ယူပြီး
သကြားနဲဖျော်ပြီးသောက်ပါ။
အရသားချွဲပျဉ်ပျဉ်ကလေးနဲ့ချဉ်ပြုံးလေးနဲ့ပါ။
ဆေးနည်းကောင်းမို့ 
အဆင့်( ၂ ) လက်ပံပွင်အခေါက်ကိုကျေက်ပျဉ်နဲသွေးပါ။
ရင်သားတစ်ဝိုက်ထူထူလိမ်းပေးပါ။ရင်သားနာခြင်း အလုံးတည်ခြင်းလျော့နည်းစေပြီးပကတိအတိုင်းသက်သာပျောက်ကင်းပါတယ်။
အဆင်( ၃ ) လက်ပံပွင်အခေါက်ကိုသွေလိမ်းပါ။
သွေပြီးသောက်ပါ။ ရင်သာတစ်ဝိုက်လိမ်းပေးပါ။ရင်သားကင်ဆာကုလိုမရတဲ့အထိဖြစ်သွားတယ်​ဆိုရင်မနက်တစ်ကြိမ်နေ့လည်တစ်ကြိမ်
ညနေတစ်ကြိမ် ( ၃ ) လတိတိ​လိမ်း​ပေးပါ ပျောက်ကင်းပါသည်။
ရှေးခေတ်လူကြီးပေးသောဆေးနည်းတစ်လက်
ဆေးဒါနဖြန်ဝေပေးဝေနေပါသည်။
မူရင်း:​ယမင်းဖြူ credit ​ပေပါသည်

Wednesday, March 21, 2018

Image may contain: plant, flower, outdoor and nature·

Image may contain: plant, flower, outdoor and natureလျှာကင်ဆာ ၊ပါးစပ်အတွင်း အပူနာ ၊လည်းပင်းကင်ဆာ ၊သွားပိုးစား ၊သွားကိုက် သွားနာ ၊မဲ့ခရု ၊ပါးစပ်အတွင်း ရေယုံ စိတ်မပူနဲ့ ချက်ချင်းသောက် ချက်ချင်းပျောက်

လျှာကင်ဆာ ၊ပါးစပ်အတွင်းအပူနာ ၊လည်းပင်းကင်ဆာ ၊သွားပိုးစား ၊သွားကိုက် သွားနာ ၊မဲ့ခရု ၊ပါးစပ်အတွင်း ရေယုံ စိတ်မပူနဲ့ ချက်ချင်းသောက် ချက်ချင်းပျောက်

မင်္ဂလာပါခင်ဗျာ။ ယနေ့ကျရောက်သော ကျွန်တော်၏ ၃၉ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဆေးကုသိုလ်လေး ပြုလုပ်ပေးလိုက်ပါသည် ခင်ဗျာ။

ဆေးအိုးပင်အစွမ်း
နွယ်မြက် သစ်ပင် ဆေးဖတ်ဝင်ဆိုသော ရှေးလူကြီးများ၏ ဆိုရိုးအတိုင်း ယ္ခုပုံပါ ဆေးအိုးပင်သည် အင်မတန်မှ အစွမ်းထက်လှသော ဆေးပင်တစ်မျိုးဖြစ်ပေသည်။ ပျောက်ကင်းသော ရောဂါဝေဒနာများမှာ အထက်က တင်ပြထားသော ရောဂါဝေဒနာများအား ဆေးဖိုးအကုန်အကျခံ ခွဲစိတ်စရာမလိုပဲ ၃-၄ ကြိမ်ခန့် အသုံးပြုယုံဖြင့် ယူပစ်သလို ပြောက်ကင်းနိုင်သော အံ့မခန်း ဆေးပင် တစ်မျိုးဖြစ်ပါသည်။

အသုံးပြုပုံ

၁။ ဆေးအိုးပင်၏ အရွက်လက်တစ်ဆုတ်ခန့်အား ရေဆေးပြီးလျှင် ဝါး၍ ပါးစပ်အတွင်း ၅ မိနစ်ခန့် ငုံထားခြင်းကို တစ်နေ့ ၃ ကြိမ်ခန့် ပြုလုပ်ပေးပါ။
၂။ ဆေးအိုးရွက်အား အနည်းငယ်ခူးပြီး ၃ ခွက် ၁ ခွက် ကျိုပြီးလျှင် ထိုအရည်အား ငုံခြင်း ပါးလုပ်ကျင်းခြင်းကို အချိန်ရသလို ပြုလုပ်ပေးပါ။ ၃ ရက်အတွင်း ထူးခြားစွာ သက်သာ ပျောက်ကင်းသွားမည်ကို အံ့သြစွာ တွေ့ရှိရမည် ဖြစ်ပါသည်။
အပင်ပုံသဏ္ဍာန်
အရွက် ရှည်ရှည် ငရုပ်ကောင်း အရွက်ပုံသဏ္ဍာန်နှင့် ခပ်ဆင်ဆင်တူ၏ အပွင့်မှာ ခရမ်းရောင်အပွင့်ဖြစ်ပြီး သစ်ခွပန်း အပွင့်နှင့်ဆင်၏ အသီးမှာ သောက်ရေအိုး ပုံသဏ္ဍာန် အိုးပုတ်ငယ် ပုံသဏ္ဍာန် အဆင်းရှိ၏ ရရှိနိုင်မည့်နေရာ လောလောဆယ်တော့ လည်းကူးမြို့နယ် ကျွန်းကုန်းတွင်ထူထပ်စွာ ပေါက်ရောက်နေပါသည်။
Credit : Zaw Myo Win
စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ
Liver cancer အသည်းကင်ဆာ
၁။ မင်္ဂလာပါ ဆရာခင်ဗျာ။ အသည်းကင်ဆာရှိမရှိကို ဘယ်လိုစမ်းသပ်သိရှိနိုင်ပါသလဲဆရာခင်ဗျာ။ အသည်းကင်ဆာရဲ့ လက္ခဏာတွေကိုလည်း သိချင်ပါတယ်ခင်ဗျာ။ အသည်းကင်ဆာ မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်လို့ရပါသလည်း ဆရာခင်ဗျာ။ အသည်းအားကောင်းအောင် ဘာဆေးများသောက်သုံးဖို့လိုပါသလည်းခင်ဗျာ။
၂။ ဆရာရှင် သမီးမေမေကို CT scan စစ်လိုက်တာ အသဲမှာကင်ဆာဖြစ်နေတယ်တဲ့ မေမေမှာ B ပိုး C ပိုးမရှိပါဘူးဆရာ။ ခု OSC ဆေးရုံမှာ အသဲအထူးကု ဒေါ့့် နဲ့ကုသနေပါတယ်။ မေမေကမျက်လုံး နဲ့ဆီးနဲ့တော့ နည်းနည်းဝါသေးပါတယ်။ ဆေးရုံတက်တာတော့ ၄ ရက်ရှိပါပြီ။ ဆရာမက ကင်ဆာအထူးကုနဲ့ပြပြီး ကင်ဆာဆေးထိုးရမယ်ပြောပါတယ်ဆရာ။ မေမေက အသက် ၆၉ နှစ်ရှိပါပြီဆရာ။ သမီးတို့ဘာလုပ်သင့်လဲဆိုတာ လမ်းညွှန်ပေးပါဆရာ။ သမီးတို့မေမေအတွက် အရမ်းစိုးရိမ်းနေလို့ပါဆရာ။
၃။ မင်္ဂလာပါဆရာရှင့် ပူးတွဲပါ ဖိုင်ကတော့ လူနာရဲ့ CT (Abdomen) Scan Result ဖြစ်ပါတယ်ဆရာ။ Result ပြပြီးတဲ့အချိန်မှာ သက်ဆိုင်ရာဆရာဝန်ရဲ့ မှတ်ချက်က Lymphomatic လို့ခေါ်တဲ့ သွေးကြောင့်ဖြစ်တဲ့ အကျိတ်ဆိုရင် ကုသခဲ့ပါက ပျောက်ကင်းနိုင်သည်။ သို့သော်လည်း HCC လဲ ဖြစ်နိုင်သည် ဟု ပြောကြားခဲ့ပါသည်။ ဖြစ်နိုင်ခြေ နှစ်မျိုး ဖြစ်နေသည်လို့ ပြောနေပြီး ဆက်ကုသသင့် မကုသသင့်ကို လူနာရှင်အနေနဲ့ ဝေခွဲမရနိုင်ဘဲ ဖြစ်နေလို့ ဆရာ့အား မေးမြန်းရခြင်းဖြစ်ပါသည်။ CT Scan ရိုက်ထားသော ဖိုင်ကိုလည်း CD နဲ့ ထည့်ပေးထားသည့်အတွက် ဆရာ့ထံ နက်ဖြန်မှ ပို့ပေးလိုက်မည်။ ဆရာ့ ကျန်းမာကြောင်း မေတ္တာပို့သလျက် ရိုသေလေးစားစွာဖြင့်။
တတိယမေးခွန်းမှာ အသက်-ကျား-မ မသိ။ ဖြစ်နေတာ မသိ။ စမ်းသပ် ကုသပေးနေတဲ့ဆရာဝန်ကသာ သိပါမယ်။
၎။ ဆရာရှင့် CT Result ထောင့်လေးမှာ လူနာ၏ ဒေါ်ဘယ်သူ ဟု နာမည်နှင့်တကွ အသက်ကိုပါ ထည့်သွင်း ဖော်ပြထားပါသောကြောင့်လည်းကောင်း၊ မိမိမှာ လူနာရှင်ကိုယ်တိုင် မဟုတ်သည့်အတွက် ဆရာဝန် ပြောလိုက်သည်များကို ဆရာ့အားအဆင်ပြေပြေရှင်းပြမိရေး အလေးထားနေပါသောကြောင့် လည်းကောင်း အသက် ကျားမကို email cover တွင် ထည့်မရေးပေးမိခြင်းအား သည်းခံပေးပါရန် တောင်းဆိုအပ်ပါသည်။ ဆရာ့စာများအား အစဉ်တစိုက်ဖတ်ရှုနေသော သူတဦးအနေဖြင့် ထပ်မံတောင်းပန်အပ်ပါသည်။ အသက် ၅၃ နှစ်၊ အမျိုးသမီး။
၅။ ဒေါက်တာ သမီးအမေ အသက် ၆၅ နှစ်။့ နိုင်ငံ၊့ မှာနေကြပါတယ်။ အခု အမေက အသည်းကင်ဆာ အဆင့် ၄ တဲ့။ ရောဂါကုလို့ရလား။ အသည်းအစားထိုးလို့ရပါလား။ ဘာအစားအစာများ ကျွေးရပါ့မလဲ။ အခု အမေက အစားမစား၊ အိမ်သာမသွား အဖျားလည်းရှိ၊ ကိုယ်လည်းပူပါတယ်။ ဝေဒနာရောဂါခံစားရသက်သာအောင် ဘာလုပ်ပေးသင့်ပါသလဲ။ ဘယ်လို ပြုစုစောင့်ရှောက် သင့်ပါသလဲ။
၆။ ကျွန်တော့် အကိုကြီးသည် အသည်းတွင် အလုံးတွေ့သဖြင့် 2.4.2011 နေ့က ခွဲလိုက်ပါသည်။ အသည်းကင်ဆာ အဆင့် ၂ ဟု ပြောပါသည်။ သည်းခြေအိတ်တွင်လဲ ကျောက်တည်သဖြင့် သည်းခြေအိတ် ထုတ်လိုက်ပါသည်။ ယခု ၂ လကျော် လာသောအခါ အာထွာစောင်း ထပ်ရိုက်ရာ အသည်းတွင် အလုံးတလုံး ထပ်တွေ့ပါသည်။ ဆရာဝန်က ထပ်ခွဲဖို့ မသင့်တော်ဟု ပြောပါတယ်။ ဆေးဖြင့် ပိတ်လို့ရရင်ရ ဓါတ်ကင်လို့ရရင်ရ နောက်ဆုံးအဆင့် အသည်းလဲဖို့ ပြောပါတယ်။ အသည်းကင်ဆာ ဒီလောက်မြန်မြန် အလုံးပြန်ထွက်တက်ပါသလား။ ယခုအချိန်ထိ ခွဲတုန်းက ဗိုက်တွင် ပလတ်စတ ဗူးလေးဖြင့် ပိုက်တပ်ထားရာ အထဲက အရည်သည် သွေးရောင် အနှောက်ပြစ်ပြစ်တွေ ထွက်နေသဖြင့် မဖြုတ်ရသေးပါ။ အသည်းကင်ဆာ အစားအသောက် နေထိုင်ပုံများရှိရင် တဆင့်ပို့ပေးရန် အကူအညီတောင်းပါတယ်။ ဆရာရေးသော ပို့စ်များကို လေ့လာဖတ်ပါတယ်။ အသည်းအကြောင်း ရေးထားသော ပို့စ်များကို တစုထဲ တင်ထားသော နေရာ ရှိပါသလား။ အကိုကြီးသည် စီပိုး ဘီပိုးလဲ ရှိပါသည်။ နောက်ဆုံးသိလိုသည်မှာ ဆက်ကုလို့ အဆင်ပြေမပြေ သိချင်ပါသည်။ ယခု သူက တချက်တချက် အောင့်နေပါတယ်။
မေးခွန်းမှာ အသက်-ကျား-မ ကိုအရင်ဆုံးသိချင်တယ်။ အဲတာမှ ဖတ်နေရင်း ဝါကျတကြောင်းဖတ်တိုင်း ဘာဖြစ်မလဲ မှန်းလို့ရတယ်။ ဆေးစစ်ချက်ဘာသာပြန်တာသာ မေးသူတွေကို မဖြေပါ။ အဲတာကြောင့် အခုမေးတာကိုလည်း ဆေးစစ်ချက်ကို အခုမှသာ ဖတ်တယ်။ အသည်းကင်ဆာဖြစ်နိုင်လို့တွေ့ရတယ်။ ဆောရီး။ ဆရာကတော့ အဲတာဖြစ်နေလို့ ပြောတာ မဟုတ်ပါ။
အသည်းကင်ဆာမှာ (၂) မျိုးကွဲရှိတယ်။ ကိုယ်ခန္ဓာထဲမှာ တနေရာရာမှာကင်ဆာဖြစ်လို့ အသည်းကို ပြန့်လာတာမျိုးနဲ့ နောက်တမျိုးက Hepatocellular carcinoma အသည်းမှာစဖြစ်တာ။
အသည်းကင်ဆာ ဘာလို့ဖြစ်သလဲ တိတိကျကျမသိကြပါ။ တချို့တော့သိပါတယ်။ Hemochromatosis နဲ့ Wilson's disease တို့လို မွေးကတည်းပါလာသူ၊ အရက်သောက်သူ၊ အသည်းရောင် ဘီ (သို့) စီကြောင့် နာတာရှည် အသည်းရောင်နေသူ၊ မျိုးရိုးအရဖြစ်တဲ့ Hemochromatosis ရောဂါရှိနေသူနဲ့ အသည်းခြောက်နေသူ၊ အသည်းအဆီများနေသူ၊ ဆေးလိပ်နဲ့ အရက်တွဲရင်လည်းဖြစ်သူများတယ်။ vinyl chloride နဲ့ arsenic လို ဓါတုပစ္စည်းတွေနဲ့လည်း ဆက်စပ်မှု ရှိတယ်။ အပင်မှို Aflatoxins ကနေ ဂျုံ၊ မြေပဲ၊ ဆန်၊ ပျောင်းစေ့တွေကို စွဲထာတာ စားမိရင် ဖြစ်စေနိုင်တယ်။ လူဝရင်၊ ဆီးချိုရှိသူ၊ L-carnitine ဓါတ် နည်းနေသူ၊ HIV/AIDS ရှိနေသူ၊ Anabolic steroid ခေါ် ကြွက်သား-ခွန်အားတိုး ဟော်မုန်းဆေး တာရှည်သုံးသူတွေ ပိုဖြစ်တယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တယ်။ ယောက်ျားတွေက မိန်းမတွေထက်ပိုဖြစ်တယ်။
အသည်းကင်ဆာလက္ခဏာများ
ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်လာခြင်း၊ အစာအနံ့ရတာနဲ့ ရင်ပြည့်လာခြင်း၊ ပျို့အန်ခြင်း၊ အားယုတ်လာခြင်း၊ အကြောင်းမသိဖျားခြင်း၊ ဗိုက်ညာဖက်အပေါ်ပိုင်းအောင့်ခြင်း၊ နာတာကလက်ပြင်ဆီတက်နာခြင်း၊ အသည်းကြီးလာခြင်း၊ ဘေလုံးကြီးလာခြင်း၊ ရေဖျင်းဖြစ်လာခြင်း၊ အသား-ဆီးဝါခြင်း၊ ဝမ်းအရောင်ဖျော့လာခြင်း။
Hepatoma အသည်းအကျိတ်
• Cirrhosis liver အသည်းခြောက်ရောဂါရှိနေသူတွေမှာ Hepatoma အသည်း-အကျိတ် ဖြစ်လာနိုင်တယ်။
• အတော်များများ ဘာမှမခံစားရဘူး။
• ၆ လတခါ Serum alpha fetoprotein သွေးစစ်တာ နဲ့ Ultrasound အသည်းကို (အာလ်ထွာဆောင်း) ရိုက်တာ လုပ်နေရမယ်။
• ရောဂါအဆင့်ကြည့်ကုသရမယ်။
အသည်းကင်ဆာကုသနည်းများ
ရောဂါဟုတ်-မဟုတ်စစ်မယ်၊ အဆင့်သတ်မှတ်မယ်။ ဘယ်လိုကုသနည်းရွေးမလည်းဆုံးဖြတ်မယ်။ လူနာ၊ ဆေးရုံအပေါ်မှာမူတည်ပြီးရွေးချယ်ရတယ်။ ခွဲစိတ်ဆရာဝန်၊ ဓါတ်ရောင်ခြည်ဆရာဝန်၊ ကင်ဆာဆရာဝန်၊ အစာလမ်းအထူးကုဆရာဝန်၊ စတဲ့ နယ်ပယ်အလိုက် အထူးကုဆရာဝန်တွေကနေ စုပေါင်းဆုံးဖြတ်ကြတယ်။ တခါတလေ နည်းတခုကမကိုတွဲလုပ်ရတယ်။ လူနာအနေနဲ့လိုမယ်ထင်ရင် ဒုတိယအကြံရယူတာလုပ်နိုင်တယ်။
၁။ Surgery ခွဲစိတ်ကုသနည်းမှာ partial hepatectomy အသည်းတစိတ်တပိုင်းထုတ်ပေးတာနဲ့ liver transplant အသည်းအစားထိုးတာပါတယ်။
၂။ Tumor ablation အကျိတ်ကိုတခြားနည်းနဲ့ကျေစေနည်း၊
၃။ Tumor embolization အကျိတ်ကိုသွေးမလျှောက်စေနည်းလုပ်ပေးခြင်း၊
၎။ Radiation therapy ဓါတ်ကင်နည်း၊
၅။ Targeted therapy ပစ်မှတ်ထားကုသနည်း၊
၆။ Chemotherapy ကင်ဆာဆေးပေးနည်း၊ Sorafenib ဆေးကို နောက်ပိုင်းအဆင့် ဖြစ်သူတွေကို ပေးတယ်။
၇။ Freezing cancer cells (Cryoablation) အေးခဲနည်း၊
၈။ Heating cancer cells အပူပေးနည်း၊
၉။ Injecting alcohol into the tumor အယ်လ်ကိုဟောဆေး အကျိတ်ထဲထိုးနည်း၊
၁ဝ။ Injecting chemotherapy drugs into the liver ကင်ဆာဆေးအကျိတ်ထဲထိုးပေးနည်း၊
၁၁။ Targeted drug therapy ပစ်မှတ်ထားကုသနည်း။
အလားအလာ
အသည်းကင်ဆာဟာ အလားအလာမကောင်းတဲ့အမျိုးအစားရောဂါဖြစ်တယ်။ ဆောရီး။ လူနာ ၁ဝ% ကသာ ကင်ဆာကို စောစောသိကြတယ်။ အင်္ဂလန်မှာ ၃ဝ% ဟာ ရောဂါသိပြီးနောက် ၁ နှစ်အသက်ရှည်တယ်။ ၁ဝ% က ၅ နှစ်ရှင်တယ်။ တချို့နည်းနည်းပိုရှည်တယ်။ အသည်းကင်ဆာနဲ့ အသည်းခြောက်တာတွဲနေရင် ၃ လသာခံတယ်။ ဆောရီး။ USA မှာ ၁၉၉၉ သုတေသနအရ လူနာ ၁၂၃၈၂ ထဲက ၇% ဟာ ၅ နှစ်အထိ ရှင်တယ်။ ၁၉၉၂-၁၉၉၉ အရဆိုရင် ၅% ဟာ ၅ နှစ်အထိ ရှင်တယ်။ ၁၉၈၃-၁၉၉ဝ အရဆိုရင် ၆%။ သူတို့သုတေသနမှာလဲ အမျိုးသမီးတွေက ပိုကြာကြာနေရတယ်။ ဥပမာ လူဖြူအမျိုးသမီးတွေက ၁ဝ့၆% ၅ နှစ်ရှည်တယ်။
မြန်မာပြည်သားတွေ အသည်းကင်ဆာဘေးက ဝေးကြပါစေ။
ဒေါက်တာတင့်ဆွေ

Monday, March 19, 2018

Ko Gyi Lay to ပြည်တွင်း ပြည်ပ နေ့စဉ် သတင်းများ... နေရဲဇင် ဒလ
MCRA /S.H
လိုအပ်​မယ်​လို့ထင်​ပါတယ်​Shareလိုက်​ပါဦးဒါကတော့ ဘရာဇီးနိုင်ငံက ဆေးဆရာဝန်တွေရဲ့ကုထုံးပါ...
မီးလောင်တဲ့ဒဏ်ရာကို တီလားပီးယားငါးတွေရဲ့အရေခွံ(Tilapia skin)နဲ့ ဖုံးအုပ်၍ အမြန်ပျောက်ကင်းအောင် ကုသလို့ရပါတယ်။
အစားထိုးကုသတာမဟုတ်ပါဘူး...မီးလောင်ပြီး အရည်ပြားပျက်စီးတဲ့နေရာကို ဒီငါးအရေခွံကို ကပ်ထားရင်ဖြင့် အမြန်သက်သာ ပျောက်ကင်းစေပါတယ်။ရက်အနည်းငယ်ကြာလာရင် ငါးအရေခွံဟာ ကွာကျလာပါလိမ့်မည်။
ဘဝခါးခါး
#နေရဲဇင် ဒလ
Cholesterol ကိုလက်စထော
ဆရာ သမီးညက ပက်လက်အိပ်နေရင်း ညာဘက်ရင်ဘတ်ပေါ် စိတ်ထဲ ညီမလေးအတင်းတိုးပြီး ရင်ပတ်ပေါ် သူ့ခေါင်းရောက်ပြီး တက်ဖိအိပ်တယ်ထင်တာ။ တအားနာအောင့်ပြီး ဖိထာလို့ အသက်ရှူမရတော့ဘူးဆရာ။ အရင်ငယ်ငယ်က အဲလိုခဏခဏဖြစ်တယ်ဆရာ။
ဆောရီး။ ကိုလက်စထော စစ်ဖူးတယ်ထင်တယ်။ များသလား။
ဟုတ်ဆရာ။ စစ်ထားတုန်းက ကောင်းတယ်ပြောတာဘဲ။ သမီးထပ်စစ်လိုက်ပါမယ်ဆရာ။ ဘာတွေစစ်ရမလဲဆရာ။
ကိုလက်စထောနဲ့ ECG ဆိုရမယ်ထင်တယ်။
ဟုတ်ကဲ့ဆရာ သွားပြီးစစ်လိုက်ပါမယ်။
ဆရာ သွေးစစ်ထားတဲ့အဖြေရပါပြီ။
သေချာဖတ်မရ။ ဂဏန်းတွေနောက် Ref ဂဏန်းတွေထက် နည်း-များ ကြည့်ရ။
ဆရာ Glucose fasting & HDl Cholesterol အဲဒီ၂ခုဘဲပေးထားတာထက်နဲတာကျန်တာအားလုံးများနေတာ ဆေးသောက်ရမှာလားဆရာ။
နည်းသင့်တာတွေများနေပြီး များသင့်တာက နည်းနေ။ အနေအထိုင်အစားအသောက်နဲ့ ဆေး မနက်-နေ့-ည လိုအပ်။
1. Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော) http://doctortintswe.blogspot.com/2014/11/chicken-eggs.html
2. Cholesterol and food ကိုလက်စထောနဲ့ အစားအစာ http://doctortintswe.blogspot.com/…/cholesterol-and-food.ht…
3. Cholesterol ကိုလက်စထော https://doctortintswe.blogspot.com/2014/11/cholesterol.html
4. High Cholesterol diet (ကိုလက်စထော) များလို့ မစားသင့်တဲ့အစားအစာတွေ http://doctortintswe.blogspot.com/…/high-cholesterol-diet.h…
5. Saturated Fatty Acids and Health risks ဆီ၊ အဆီနဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/…/saturated-fatty-acids-a…
ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၈
Comment

Sunday, March 18, 2018

Early Symptoms of Stroke လေဖြတ်တော့မယ်ဆိုတာ ဘယ်လိုသိနိင်သလဲ
လေဖြတ်တော့မယ်ဆိုတာ ကြိုမသိကြဘူး။ ရုတ်တရက်ကြီးဖြစ်တယ်။ တချို့မှာ ပဌမ ၁-၂ ရက်မှာ လက္ခဏာတွေ ပေါ်လိုက်-ပျောက်လိုရှိတတ်တယ်။ ကြိုတင်ပြတာ မရှိတာကများတယ်။ ဖြေးဖြေးဆိုးတိုးလာသူတွေရှိသလို၊ ချက်ချင်း ဆိုးသူတွေလဲ ရှိတယ်။
ဦးနှောက်ထဲမှာ သွေးယိုရာကနေဖြစ်တာဆိုရင် ခေါင်းကိုက်မယ်။ ခေါင်းကိုက်တာက ရုတ်တရက်၊ ပက်လက် အိပ်နေတုံး ဖြစ်တယ်။ အိပ်ရာအထမှာဖြစ်တယ်။ ကိုယ်အနေအထားပြောင်းလိုက်ရင်၊ ကုန်းလိုက်ရင်၊ မတ်လိုက်ရင်၊ ချောင်းဆိုးလိုက်ရင် ပိုဆိုးမယ်။
တခြားလက္ခဏာတွေဆိုတာ ဘယ်လောက်ဆိုးသလဲအပေါ်မှာ မူတည်တယ်။
• သတိတရား လျှော့နည်းခြင်း၊ အိပ်ချင်လာခြင်း၊ သတိလစ်ခြင်း၊
• နားအကြား အားနည်းသွားခြင်း၊
• အရသာ ပျက်လာခြင်း၊
• ထိတာ-ဖိတာ-နာတာ-ပူတာ-အေးတာတွေကို အရင်လို မခံစားနိုင်ခြင်း၊
• ချွေးစီးပြန်ခြင်း၊
• စိတ်မကြည်မလင် ရှုတ်ထွေးလာခြင်း၊
• မှတ်ဥာဏ်နည်းလာခြင်း၊
• အမျိုရခက်လာခြင်း၊
• အရင်လို စာမရေး-မဖတ်နိုင်ဖြစ်လာခြင်း၊
• ခေါင်းမူးခြင်း၊
• ဆီး-ဝမ်း မထိန်နိုင်ခြင်း၊
• ကိုယ်ကို မထိန်းနိုင်ခြင်း၊
• ပူးတွဲလုပ်ဆောင်စရာတွေအားနည်းလာခြင်း၊
• ကြွက်သားတွေအားနည်းလာခြင်း၊
• ထုံကျင်လာခြင်း၊
• စိတ်မူပြောင်းခြင်း၊ ခံစားချက်ပြောင်းခြင်း၊
• လမ်းကောင်းကောင်းမလျှောက်နိုခြင်း။
F.A.S.T. ဆိုတဲ့ အင်္ဂလိပ်စာလုံး ၄ လုံးနဲ့မှတ်သားနည်းတခုရှိပါတယ်။
FACE မျက်နှာ = ပြုံးရီလို့ ခါတိုင်းလိုမရ၊ မျက်စိချက်ချင်း ကြည့်မကောင်း၊ ချက်ချင်းခေါင်းကိုက်၊
ARMS လက် = လက်တွေအမြှေက်ခိုင်းရင် ဖြစ်တဲ့ဘက်ကမရဘူး၊ အားနည်းနေမယ်၊ ထုံကျင်နေမယ်၊
SPEECH စကေားပြောခြင်း = ရိုးရိုးစာကြောင်းလေး တခုကို ထပ်ဆိုခိုင်းရင် မှန်အောင်-မြန်အောင်မဆိုနိုင်၊ လေးနေ၊ နှေးနေမယ်၊
TIME အချိန် = အဲလိုဖြစ်တာတွေတွေ့ရင် အချိန်မဆိုင်းဘဲ ချက်ချင်းဆေးကုပေးဘို့ အနီးဆုံး-အကောင်းဆုံးနေရာကို ဆက်သွယ်ပါ၊ သယ်ယူသွားပါ။
ပဌမမေးခွန်းကိုဖြေရရင် အချိန်မဆိုင်းဘဲ လူနာကို ချက်ချင်းဆေးကုပေးဘို့ အနီးဆုံး-အကောင်းဆုံးနေရာကို ဆက်သွယ်ပါ၊ သယ်ယူသွားပါ။ ဘာအပ်မှ မဆောင်ပါနဲ့။
ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၇
၁၉-၃-၂ဝ၁၈
Comment