Wednesday, November 30, 2016

ဆံပင်ကျွတ်တာကို သဘာဝနည်းလမ်း အတိုင်း ဘယ်လိုဖြေရှင်းကြမလဲ
ဆံနွယ်လေးတွေ မကြာခဏကျွတ်နေလို့ စိတ်ညစ်နေပါသလား။ မာလကာရွက်မှာ ဗီတာမင် B ကြွယ်ဝစွာ ပါဝင်ပြီး ဆံနွယ်လေးတွေကို သဘာဝကျကျ ပြန်လည်သန်မာလာစေဖို့ အသုံးပြုနိုင်တာကိုတော့ သင်သိချင်မှ သိပါလိမ့်မယ်။ မာလကာရွက်ကို အသုံးပြုပြီး ဆံပင်ကျွတ်တဲ့ ပြဿနာကို သဘာဝကျကျ ဖြေရှင်းနိုင်ဖို့ မျှဝေပေးသွားမှာပါ။
ဒီကနေ့ခေတ်မှာ ဆံပင်ကျွတ်တဲ့ ပြဿနာကို အမျိုးသား အမျိုးသမီး လူကြီး လူငယ်တွေရဲ့ကြားမှာ အဓိက ကြုံတွေ့နေရပါတယ်။
ဆံပင်ကျွတ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ Hair Treatment လုပ်တာ၊ ဆံပင်ကျွတ်တာကို ကာကွယ်ပေးတဲ့ ကုန်ပစ္စည်းတွေကို ငွေကုန်ကြေးကျခံဝယ်ယူ အသုံးပြုနေကြပါတယ်။ ငွေကြေးကုန်ကျခံ သုံးစွဲနေတဲ့ ကုန်ပစ္စည်းတွေ၊ Hair Treatment တွေဟာ ရေရှည်အတွက် တကယ်ရော ထိရောက်မှုရှိပါသလား။ “Natural is the best” သဘာဝဟာ အကောင်းဆုံးဆိုတဲ့အတိုင်း သဘာဝနည်းလမ်းဟာ ကျွန်မတို့ ၀ယ်ယူအသုံးပြုနေတဲ့ ကုန်ပစ္စည်းတွေထက် ပိုမို အထောက်အကူဖြစ်ပါတယ်။
မာလကာရွက်မှာ ဆံနွယ်တွေ ပိုမိုသန်မာစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗင်တာမင် B ကြွယ်ဝစွာပါဝင်တာကြောင့် မွှေးညှင်းပေါက်တွေဖြစ်တဲ့ Hair Follicle တွေ နဲ့ ဆံပင်ရဲ့ အမြစ်တွေကို ပိုမိုသန်မာစေပါတယ်။
အသုံးပြုနည်း
၁။ သန်းရှင်းတဲ့ ရေ ၁ လီတာနဲ့ မာလကာရွက် လက်တစ်ဆုပ်စာကို အိုးတလုံးထဲထည့်ပါ။
၂။ အဲဒီနောက် အိုးကို အပူချိန် နွေးနွေးလေးနဲ့ ဆူပွက်အောင် မိနစ် ၂၀ ခန့် တည်ထားပါ။
၃။ ထို့နောက် မီးဖိုပေါ်မှချပြီး အအေးခံထားပါ။
၎။ ဆက်လက်ပြီး မာလကာရွက်တွေကို ဦးရေပြားပေါ် ပွတ်လိမ်းပေးပြီး နာရီပေါင်းများစွာထားပါ။
မှတ်ချက်။ ။ အကောင်းဆုံးကတော့ အိပ်ယာမ၀င်ခင် လိမ်းပေးထားပြီး ဦးခေါင်းကို ရေချိုးခန်းသုံးခေါင်းစွပ်စွပ်ပြီး အိပ်ပါ။ မနက်ခင်းမှာ ခေါင်းလျှော်ပြီး ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
MyFood Myanmar
မာလကာရွက် ကောင်းကွက် (၁၇) ချက်
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
မာလကာသီးမှာ vitamin A, C, Potassium, Lycopene, နဲ့ fiber ဓာတ်တွေပါဝင်လို့ အာဟာရ ဓာတ်ပြည့်ဝတဲ့ အသီးအဖြစ် ညွှန်းဆိုကြပါတယ်။ ဒါပေမဲ့ မာလကာရွက်မှာလည်း ကောင်းမွန် ထူးခြားတဲ့ ဓာတ်တွေ ပါဝင်နေတယ် ဆိုတာကို သတိထားမိပါသလား။ အောက်ဖော်ပြပါ (၁၇) ချက်ကတော့ မာလကာရွက်ရဲ့ အသုံးဝင်ပုံတွေပဲ ဖြစ်ပါတယ်။
၁။ ကိုယ်အလေးချိန် လျော့စေပါတယ်။ လက်ဖက်ခြောက်လို ခတ်သောက်လို့ရတဲ့ မာလကာရွက် ရေနွေးကြမ်းက အစာ ခဏခဏ စားချင်စိတ်ကို ထိန်းပေးလို့ ကိုယ်အလေးချိန် လျှော့ချချင်တဲ့ သူတွေအတွက် အထူး သင့်လျော်ပါတယ်။
၂။ မာလကာရွက် ခတ်ထားတဲ့ ရေနွေးကြမ်းကို ပုံမှန် သောက်သုံးပေးခြင်းဖြင့် ဆီးချိုဝေဒနာကို သက်သာစေပါတယ်။
၃။ အဲဒီမာလကာရွက် ရေနွေးကြမ်းက ကိုလက်စထရော (cholesterol) ကျစေဖို့ အထောက်အကူ ပြုပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေကိုပဲ ဖယ်ထုတ်တာဖြစ်ပြီး အကျိုးပြုတဲ့ ကိုလက်စထရော ကိုတော့ ချန်ထားပါတယ်။
၎။ မာလကာရွက် ရေနွေးကြမ်းက ၀မ်းပျက် ၀မ်းလျှောနဲ့ ၀မ်းကိုက် ရောဂါတွေကိုလည်း သက်သာစေပါတယ်။ ဘာလို့လဲ ဆိုတော့ မာလကာ ရွက်က မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်လို့ ဖြစ်ပါတယ်။
၅။ ထိုနည်းတူစွာ ၄င်းရေနွေးကြမ်းက အစာအိမ်အောင့်ခြင်းနဲ့ အစာ အဆိပ်သင့်ခြင်း တို့ကိုလည်း သက်သာစေပါတယ်။
၆။ မာလကာရွက်ကို စားခြင်းဖြင့် လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေကို ပျောက်ကင်း စေနိုင်ပါတယ်။
၇။ မာလကာရွက်ကို ၀ါးစားပေးရင် ခံတွင်းနာခြင်း၊ သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်းတွေကိုလည်း သက်သာ စေပါတယ်။
၈။ မာလကာရွက် ရေနွေးကြမ်းက သာမန် အဖျားရောဂါတွေကို ကုသနိုင်ပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ မာလကာရွက် ကိုးရွက်ခန့်ကို ရေငါးခွက်စာထဲမှာ ထည့်ပြုတ်ပြီး သောက်ပါက အအေးမိ ကူးစက်ခြင်းကို သက်သာစေပါတယ်။
၉။ မာလကာရွက် ရေနွေးကြမ်းက ယောကျာ်းအားကိုလည်း တိုးစေပါတယ်။
၁၀။ ထိခိုက်ရှနာပွန်းပဲ့ ဒဏ်ရာတွေ အပေါ်မှာလည်း မာလကာရွက်ကို ချေပြီးအုံရင် ပျောက်ကင်း စေပါတယ်။
၁၁။ ပိုးကြောင့်ဖြစ်တဲ့ နားရောဂါများကိုလည်း အအေးခံထားတဲ့ မာလကာရွက် ရေနွေးကြမ်းကို နားထဲ အစက်ချ ပေးလျှင် သက်သာစေပါတယ်။
၁၂။ ဓာတ်မတည့်လို့ ဖြစ်တဲ့ အရေပြား ယားနာတွေကိုလည်း မာလကာရွက် ချေပြီး အုံရင်များစွာ သက်သာစေပါတယ်။
၁၃။ ချေထားတဲ့ မာလကာရွက် ကလည်း ပိုးကောင် ကိုက်ထားတဲ့ အဖုအပိမ့်တွေ၊ အနာတွေကို သက်သာစေပါတယ်။
၁၄။ ဒါ့အပြင် မာလကာရွက်ကို ညက်အောင်ထောင်းပြီး ၀က်ခြံဖုတွေ အပေါ်မှာ အုံပေးရင် ၀က်ခြံကို ကုသ ပေးနိုင်ပါတယ်။
၁၅။ မျက်နှာမှာ အမည်းစက်တွေ ဖြစ်နေရင် မာလကာရွက်ကို ရေအနည်းငယ် ရောကာ ညက်အောင် ထောင်းပြီး ရလာတဲ့ အရည်နဲ့ မျက်နှာကို ချေးချွတ် နိုင်ပါတယ်။
၁၆။ အထက်ပါ အရည်ကိုလည်း မျက်နှာ ပေါင်းတင်ပေးရင် အိုမင်းရင့်ရော်မှုကို အထိုက်အလျောက် တားဆီး ပေးနိုင်ပါတယ်
၁၇။ ရေထဲ ထည့်ပြုတ်ထားတဲ့ မာလကာရွက်တွေကို အအေးခံပြီး ဦးရေပြားမှာ ပွတ်ချေနှိပ်နယ် ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။

မောင်လိုက် Stronghold Crusader ရဲ.နောက်ဆုံးခန်း 20161130 095048W

Tuesday, November 29, 2016

မြန်မာ့သတင်းထူးသတင်းဦးများ's photo.မြန်မာ့သတင်းထူးသတင်းဦးများ's photo.မြန်မာ့သတင်းထူးသတင်းဦးများ's photo.


                                                                                                                                                                                                                                                                                                        အသဲတမား B ပိုး C ပိုးရောဂါရှိနေသူများအတွက်
အမြစ်ပြတ်ပျောက်ကင်းနိုင်သော ဗမာ့ဆေးနီးလေးကို
မေတ္တာတရားရှေ့ထါးလျှက် ပြောပြပါ့မယ်ခင်ဗျ
B ပိုး C ပိုးရောဂါသည် အင်္ဂလိပ်ဆေးဖြင့် ချက်ခြင်း
အမြစ်ပြတ်ပျောက်ကင်းဖို့ အလွန်ခဲရင်းလှပါတယ်
လည်ကောင်းဆေးများသည် ဈေးအလွန်ကြီး၍ ငွေကုန်
ကြေးကျများလွန်းသော ရောဂါလည်းဖြစ်ပါတယ် ဒါ့ကြောင့်
ကျွန်တော်မကွေးမြို့ ဦးဗိုလ်ဟိဏ်းမှ ဆေးကုသိုလ်အဖြစ်
ဆေးနီးကောင်း လက်တွေ့ပြောက်ကင်းသောဆေးနီး
ငွေကုန်ကြေးကျ အကုန်သက်တာ၍ အံ့အြောလောက်အောင်
ရောဂါဝေဒနာကို နတ်သိကြားကုသတလို အမြန်ပျောက်ကင်း
ပြီး ည်ကောင်းတို့အား ယခင်ဆေးစစ်ခဲ့သော နေရာဌာနအား
ဝမ်းသာပီတိပြလို့ ရောဂါတယ်ဖစ်စေရပါ့မယ် ခင်ဗျာ ကျွန်တော်သားလက်တွေ့ ပျောက်ကင်းခဲ့ပါပြီ ကျွန်တော်
ပြော ဆယ်ဦးခန့် ပျောက်ကင်းခဲ့ပြီး
သွားရောက်ပြသ စစ်ဆေးခဲ့ရာ ဆရာဝန်ပါမောက်ခကြီးများကတောင် အျံ့အြာရအောင်
ရောဂါပျောက်သောဆေးစွမ်းကောင်းဖြစ်ပါတယ်
ယုံကြည်စွာသောက်သုးံကြပါ
ဆေးနည်းမှားးးးးး
ဆင်နှာမောင်းပင်အား ပင်စငါးပါးလုးံကို ရေစင်အောင်ဆေးပြီး
အိုးသစ်ထဲ၌ ရေမတ်ခွက် သုးံခွက်ထည့်ပြီး အညာထန်းလျက်
သုးံခဲထည့်၍ ကြိုပါ လည်းကောင်းရေသုးံခွက်သည် တစ်ခွက်ခန့်ကျန်တော် မှုတ်၍ဆေးအဖြစ် သောက်သုးံနိုင်ပါပြီ ခင်ဗျာ လက်တွေ့ပျောက်သောဆေးဖြစ်ပါသည်းးး
ဤမှန်သော သစ္စာစကားကြောင့် ကျွန်တော်၏ဆေး
သောက်သုးံသူ B ပိုး C ပိုးတမားများသည် စွဲကပ်နေသော
ရောဂါအပေါင်း ပိန်းကြာရွက်ပေါ် ရေမသင်တကဲ့သို့
ပျောက်ကင်းပါစေသားးးးးးးဆေးကုသိုလ် အဖြစ်
မျှဝေချင်းသာဖြစ်ပါသည်းးးးး
ဆက်တွယ်ရန် 095342342
မကွေးမြို့ ဦးဗိုလ်ဟိဏ်း
အသဲရောင်အသားဝါ Bပိုးရှိသူများအတွက်သတင်းကောင်း
Bပိုးရှိသူများသည်အသက်အန္ကရာယ်အတွက်ကြောက်လန့်စိုးရိမ်ကြပြီးအင်္ဂလိပ်ဆေးများကိုဈေးနှုန်းကြီးစွာဝယ်ယူသောက်သုံးကြသော်လည်းBပိုးလုံလုံးပျောက်ရန်မလွယ်ကူပါ။
ဒါပေမယ့်အချိန်ခဏတစ်ပတ်အတွင်းBပိုးကိုလုံးလုံးပျောက်စေသောမြန်မာ့ဆေးဘက်ဝင်နွယ်ငန်းမြစ်ကတော့Cပိုးအထိပါပျောက်ကင်းတာကိုမျက်မြင်တွေ့ရှိရပါသည်။
၁။နွယ်ငန်းမြစ်အစိုးကိုဓားဖြင့်ပါးပါးခုတ်စင်ကာနို့ဆီဗူးတစ်ပူးရအောင်လုပ်ပါ။
၂။၎င်းခုတ်ပြီးသောနွယ်ငန်းမြစ်နို့ဆီတစ်ဗူးကိ
ထန်ဖိုဦးထန်ညက်အစိတ်သားနှင့်ရေဖလား၃ခွက်တစ်ခွက်ကျန်အောင်ကျိုးချက်ပြီးထိအရည်ကိုအအေးခံပြီးထမင်းစားပြီးအကြမ်းပန်ကန်၁ခွက်စီကိုမနက်ညနေပုံမှန်သောက်ပါကတစ်ပတ်အတွင်းရောဂါပျောက်ကင်းပါသည်။Bပိုးရှိလို့စိတ်ညစ်မခံပါနဲ့နွယ်ငန်းကိုသာသောက်ထားပါ။
အများပြည်သူတွေတွေ့ရှိသိရှိရန်အတွက်နွယ်ငန်းမြစ်ပုံတင်ပေးထားပါသည်။
ကျန်းမာချမ်းသာကြပါစေ။


စေတနာဖြင့်
မင်းမင်ုး

Sunday, November 27, 2016


Than Htike added 4 new photos.Follow
Than Htike's photo.
ကင်ဆာသမားတွေအတွက်သတင်းကောင်းပါ
========================
ဒန်ဒလီယွန်ပင်အမြစ်က ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း သတ်ပစ်နိုင်
အော့တ၀ါ၊ သြဂုတ်-၎
ဒန်ဒလီယွန်(dandelion)လက်ဖက်မှာ ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း ပြိုကွဲပျက်စီးစေပြီး ထိုအချိန်အတွင်းတွင် ဖြစ်တည်လာသည့် ကျန်းမာသော ဆဲအသစ်များကိုလည်း ထိခိုက်ခြင်း အလျဉ်းမရှိပေ။ အလေ့ကျပေါက်သည့် အပင်ဖြစ်သော်လည်း ရောဂါကုသနိုင်သည့် အာနိသင် အမြောက်အများရှိသောကြောင့် အပင်များကို နှုတ်ယူစုဆောင်းပြီးပါက ညစ်ညမ်းမှု ကင်းနိုင်သမျှ ကင်းစင်အောင် သန့်သန့်ရှင်းရှင်းထားရသည်။
ဒန်ဒလီယွန်ပင်အမြစ်က ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း သတ်ပစ်နိုင်
အဘိုးအဖွားများက ဆေးဖက်ဝင်သောကြောင့် ဒန်ဒလီယွန်ပန်းပွင့်များကို အရည်ညှစ်ယူထားလေ့ရှိသော်လည်း သူတို့မသိခဲ့သည့်အချက်မှာ ဒန်ဒလီယွန်အမြစ်က ကင်ဆာရောဂါသည်များကို ကုသည်နိုင်ခြင်းပင်ဖြစ်သည်။ ကင်ဆာဆဲအားလုံးကို သတ်နိုင်သောကြောင့် ဒန်ဒလီယွန်ပင်၏ အမြစ်မှာ ဓာတုကုထုံးထက်ပင် ပိုမိုကောင်းမွန်ပုံရကြောင်း ကနေဒါနိုင်ငံမှ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထို့အပြင် ဆီးရွှင်သည့် အာနိသင်လည်းရှိပြီး၊ သည်းခြေရေကို လှုံ့ဆွပေးသကဲ့သို့၊ အသည်းကိုလည်း ဆေးကြောပေးကာ၊ ဓာတ်မတည့်မှုများကိုလည်း ကုစားနိုင်သည့်အပြင် အဆီကိုလည်း ကျစေနိုင်သည်။ အရေးကြီးသည့် ဗိုက်တာမင်နှင့် သတ္တုဓာတ်များလည်း ကြွယ်ဝစွာ ပါဝင်နေသည်။
ကနေဒါ ၀င်ဆာတက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ သုတေသနအရ ဒန်ဒလီယွန်အမြစ်မှာ ကျန်းမာသန်စွမ်းသည့်ဆဲလ်များကို မထိခိုက်မပျက်စီးစေဘဲ၊ ကင်ဆာဆဲလ်များကို သတ်ဖြတ်ပစ်နိုင်သည့် အာနိသင်ရှိသည်ဟု ဆိုသည်။
AM
china.comမှကူးယူဖေါ်ပြသည်
Kyaw Thu Htike

Wednesday, November 23, 2016



ကင်ဆာ ပျောက်စေသော ကြက်ဥပြုပ်
လက်တွေ့ သားအိမ်ကင်ဆာဖြင့်ရန်ကုန်ဆေရုံကြီးမှာ စစ်ဆေးပြီးနောက်ကျမှလာသည်ဟုသတ်မှတ်ပြောဆိုခြင်းခံရသူ
အသက်၅၀ကျော် အမျိုးသမီးကြီးတစ်ဦး- လက်တွေ့ပျောက်ကင်းသွားသည်ဆိုသဖြင့် တိုက်ကြီးမြို့အဝင် တာဂွရွာမှသတင်းပျံ့ ပြီးတစ်ဆင့်စကားကြားသိရသဖြင့် ကံတိုက်ဆိုင်သူများပျောက်ကင်းကြစေရန်တင်ပြပါသည်။
( ပေးပို့သူ။ ဆရာကြီးဦးသောင်းဌေး။ တာဂွရွာ အလယ်တန်းကျောင်းအုပ်ဆရာကြီး)

ကင်ဆာဝေဒနာခံစားနေရသူ။ သင်္ဘောသီး။သင်္ဘောရွက်ကိုနေ့စဉ်သုံးစွဲပါ။ဆေးမီးတိုဆိုပြီးအထင်မသေးပါနှင့်။ အစာဟောင်းအိမ် အူမကြီးမှာကင်ဆာအလုံးတွေ့၍ဖြတ်ထုတ်ရမည့်သူစ်ဦး။ငွေကြေးမတတ်နိုင်၍ဆရာကြီးတစ်ဦးနည်းပေးသဖြင့်သင်္ဘောရွက်ပြုတ်အရည်သောက်ခြင်း။ အရွက်နုကိုတို့စရာလုပ်စားခြင်းဖြင့်မခွဲရပဲ၊ ဝမ်းလည်းပြန်သွားနိုင်ကာ
၂နှစ်ကျော်ပြီ။အသက်ရှင်နေပါသည်။
သင်္ဘောသီး ကြက်ဥပြုပ်သည်ရေမထည့်ပါ။ သင်္ဘောသီးထဲမှအငွေ့အာနိသင်ဝင်ပြီးကြက်ဥကျက်သွားခြင်းဖြစ်ပါ
သည်။သင်္ဘောသီးအငွေ့ကြောင့်ကြက်ဥသည်ကင်ဆာပိုးကိုသတ်နိုင်ပါသည်။ ကြက်ဥမှမြွေဆိပ်ဖြေဆေးထုတ်နေသည်ကိုကြားဘူးကြပါလိမ့်မည်။ ကြက်ဥတစ်နေ့တစ်လုံးစားပေးသင့်သည်ဟုယခုအခါကျန်းမာရေးဆရာဝန်ကြီးများကညွှန်ကြား
လျှက်ရှိနေကြသည်။သဘာဝအိမ်ကြက်ဥများကပို၍အာနိသင်ကောင်းပါသည်။အိမ်ကြက်ဥကအလုံးသေးသဖြင့်ဈေးကွက်မဝင်ပါ။
သင်္ဘောသီးအစိမ်း ထိပ်မှဖြတ်ပါ။
အတွင်းမှအစေ့များကိုခြစ်ပါ။ အခေါင်းကျယ်စေဖို့ပါ။ အစေ့များကိုဖယ်မပစ်ပါနှင့်။
အခေါင်းတွင်းသို့ကြက်ဥထည့်ပါ။ အလုံးကြီးလျှင်ကြက်ဥ ၂လုံးအထိဆန့်ပါသည်။
အဖုံးကိုပြန်အုပ်ပြီးအစေးဖြင့်ဖိကပ်ပါ။ မသေချာလျှင်ရွှံ့ဖြင့်ဇော်မံပါ။
မီးဖို။မီးကျီးဖြင့် နာရီဝက်ခန့်ဖုတ်ပါ။
ဖွင့်ကြည့်လျှင်သင်္ဘောသီးအတွင်းမှအခိုးများထွက်လာပါလိမ့်မည်။
အတွင်းမှကြက်ဥကိုအပြင်ထုတ်ပြီးအအေးခံထားပါ။
ကြက်ဥကိုရေမဆေးပါနှင့်။
ကြက်ဥ ၂လုံးကို အခြားအစာနှင့်မရောပဲထမင်းလွတ်စားပါ။
နေ့စဉ် အနည်းဆုံး ၁၄ ရက်စားမှအကျိုးထူးပါမည်။
( ကြောင်းကျိုးတိုက်ဆိုင်သူများ ပျောက်ကင်းကြပါစေ။)
ကြည်လွင်မြင့်(မုဒြာ) ၂၉.၄.၂၀၁၅။

Sunday, November 20, 2016

သင်သိသင့်သော ကျောက်ကပ်ရောဂါ၏ အဓိကလက္ခဏာ (၁၀)
==========================================
(၁) ဆီးလမ်းကြောင်းလုပ်ငန်းဆောင်တာ ပြောင်းလဲခြင်း
ဆီးသွားတဲ့ပမာဏနှင့် ဆီးသွားတဲ့အကြိမ်ရေ ပြောင်းလဲတာက ကျောက်ကပ်ရောဂါ ရှိတာရဲ့ ပထမဆုံးလက္ခဏာပါ။ ဒါ့အပြင် ညဘက်မှာ မကြာခဏ ဆီးသွားချင်တာကြောင့်
ထရတာ၊ ဆီးသွားချင်နေပေမယ့် ဆီးသွားရခက်နေတာ၊ ဆီးဟာ ပုံမှန်ထက်ပိုပြီး အရောင်
ရင့်နေတာ၊ ဆီးအမြှပ်ထတာ၊ ဆီးထဲမှာသွေးပါတာ၊ ဆီးသွားစဉ် နာကျင်နေတာတွေလည်း
ဖြစ်တတ်ပါတယ်။

(၂) ခနွာကိုယ်ဖောရောင်ခြင်း
ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာဟာ ခနွာကိုယ်မှ ပိုလျှံနေတဲ့အရည်နဲ့ အညစ်အကြေး တွေကို စွန့်ထုတ်ဖို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းဆောင်တာတွေ မလုပ်နိုင်ရင် ကိုယ်တွင်းမှာ
အရည်စုဆောင်းမှုပိုလာပြီး ဖောရောင်လာနိုင်ပါတယ်။ လက်၊ ခြေထောက်၊ ခြေချင်းဝတ်
၊ မျက်နှာနဲ့ မျက်စိအောက်မှာ အဓိကဖောရောင်တတ်ပါတယ်။
(၃) အလွန်အမင်းမောပန်းခြင်း
ကျောက်ကပ်က သူရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စွာ မလုပ်နိုင်ရင် အချိန်တိုင်း မောပန်းနေတတ်ပါတယ်။ မောပန်းတာ၊ ပင်ပန်းတာတွေအပြင် စွမ်းအင်မရှိသလို ခံစားရတတ်ပါတယ်။ ဒါဟာ သွေးအားနည်းနေတာနဲ့ ခနွာကိုယ်အတွင်း အညစ်အကြေးတွေ စုဆောင်းနေတာကြောင့် ဖြစ်တာပါ။ ကျန်းမာတဲ့ ကျောက်ကပ်ဟာ အောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ သွေးနီဥတွေ ထုတ်လုပ်ဖို့ ကူညီနိုင်တဲ့ အီလက်ထရိုပွိုင်ရန်တင် ဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။ ကျောက်ကပ် ပျက်စီးနေတာကြောင့် ဒီဟော်မုန်း မထွက်ရှိနိုင်တော့ဘဲ သွေးနီဥအရေအတွက်တွေ ကျဆင်းကာ သွေးအားနည်းရတာ ဖြစ်ပါတယ်။ ကျောက်ကပ်
ရဲ့ လုပ်ငန်းဆောင်တာ မကောင်းတာကြောင့် ခနွာကိုယ်အတွင်း အဆိပ်အတောက်တွေ စုဆောင်းမှုဖြစ်လာကာ အစာစားချင်စိတ်လျော့နည်းလာပြီး စွမ်းအင်တွေ ကုန်ခန်းသွားတတ်ပါတယ်။
(၄) ခေါင်းမူးခြင်း
ကျောက်ကပ်ရောဂါကြောင့် သွေးအားနည်းတာ ဖြစ်ခဲ့ရင် ခေါင်းမူးတာ၊ ခေါင်းလေးနေတာ၊ ခနွာကိုယ်ဟန်ချက် မထိန်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။ သွေးအားနည်းတာကြောင့် ဦးနှောက်အတွင်း အောက်ဆီဂျင်လုံလုံလောက်လောက်မရရှိတဲ့ အတွက်ပါ။ ဒါ့အပြင် အာရုံစူးစိုက်ဖို့ ခဲယဉ်းတာနဲ့ အိပ်ပျော်ဖို့ ခက်ခဲတာတွေလည်း ဖြစ်တတ်ပါတယ်။ သင်ဟာ ရုတ်တရက် ခေါင်းမူးတဲ့ ဝေဒနာ ခံစားရပြီး အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းခဲ့ရင် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
(၅) ခါးနောက်ကျော နာကျင်ခြင်း
ခါးနောက်ကျောဘေးနေရာက နာကျင်နေတာဟာ ကျောက်ကပ်ရောဂါ ဒါမှမဟုတ် ကျောက်ကပ်ထဲ ပိုးဝင်နေတာကြောင့်ပါ။ ခါးနောက်ကျောအောက်ပိုင်းနှင့် ပေါင်းခြံမှာ နာကျင်တာက ဆီးပြွန်မှာ ဆီးကျောက်တည်နေတာကြောင့် ဖြစ်ပါသည်။
(၆) အရေပြားယားယံခြင်းနှင့် အရေပြားတွင် အနီရောင် အစင်းကြောင်းထင်ခြင်း
အရေပြားမှာ အလွန်အမင်း ယားယံတာနဲ့ သွေးခြည်ဥတာလိုမျိုးဖြစ်တာဟာ
ကျောက်ကပ်ရောဂါရဲ့ လက္ခဏာတစ်ခုပါပဲ။ ခနွာကိုယ်တွင်း အညစ်အကြေးနဲ့ အဆိပ်
အတောက်တွေ များနေတာကြောင့် အရေပြားပြဿနာ ဖြစ်တတ်ပါတယ်။ ဒါ့အပြင်
ကျောက်ကပ်လုပ်ငန်းဆောင်တာ မကောင်းတာကြောင့် သွေးအတွင်း ကယ်လ်စီယမ်နဲ့
ဖောစဖရပ်စ်ပမာဏ ညီညွတ်မျှတမှုမရှိတော့တာ ကြောင့် အလွန်အမင်း ယားယံတာဖြစ်ပါတယ်။
(၇) အသက်ရှူရာတွင် အမိုးနီးယားအနံ့ထွက်နေခြင်း
ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ ညံ့ဖျင်းသွားတာကြောင့် သွေးအတွင်း ယူရီးယားဓာတ်တွေ မြင့်တက်လာပါတယ်။ ယူရီးယားဟာ တံတွေးမှာ အမိုးနီးယားအဖြစ် ပြိုကွဲသွားပြီး အသက်ရှူရာမှာ ဆီးနံ့လိုမျိုး အမိုးနီးယားအနံ့တွေ ထွက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် အရသာအာရုံလည်း ပြောင်းလဲသွားနိုင်ပါတယ်။
(၈) ပျို့ခြင်း ဒါမှမဟုတ် အန်ခြင်း
ပျို့တာ၊ အန်တာနဲ့ ခံတွင်းပျက်တာက ကျောက်ကပ်ရောဂါရှိသူတွေမှာ အတွေ့များရတဲ့ အစာအိမ်လမ်းကြောင်းဆိုင်ရာ လက္ခဏာပဲဖြစ်ပါတယ်။ ကျောက်ကပ်အနေနဲ့သွေးအတွင်းမှ ဒုက္ခပေးနိုင်တဲ့ Toxin တွေကို မစွန့်ထုတ်နိုင်တဲ့အတွက် သွေးထဲမှာ ယူရီးယားတွေ အများအပြား စုဆောင်းလာကာ အစာအိမ်နဲ့ အူနံရံကို လှုံ့ဆော်မှုပေးတာကြောင့် ပျို့တာ၊ အန်တာတွေ ဖြစ်လာတာပါ။
(၉) တစ်ချိန်လုံး ခြေဖျားလက်ဖျားအေးနေခြင်း
ဒါဟာကျောက်ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ သွေးအားနည်းရောဂါရဲ့ လက္ခဏာတစ်ခုပါပဲ။ ပူနွေးတဲ့ ပတ်ဝန်းကျင်မှာတောင် အေးနေပြီး တုန်ချမ်းချမ်းနေတတ်ပါတယ်။ သင်ဟာ အမြဲတမ်းချမ်း နေတတ်ပြီး ခေါင်းမူးကာ အားမရှိသလို ဖြစ်နေရင် ဆရာဝန်နဲ့ ပြပါ။
(၁၀) အသက်ရှူမ၀ခြင်း
အသက်ရှူမ၀တာကလည်း ကျောက်ကပ်ရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ မကောင်းတာကြောင့် အဆုတ်အတွင်း အရည်တွေ စုဆောင်းမှုတွေ ဖြစ်နေတာကြောင့်ပါ။ ကျောက်ကပ်ပြဿနာကြောင့် သွေးအားနည်းလာပြီး အသက်ရှူမ၀တာလည်း ဖြစ်တတ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, September 2015, Pg. 13
မှတ်ချက်။ ။ Healthcare.com.mm မှ တင်သမျှ ကျန်းမာရေးနှင့် ပတ်သက်သမျှ အကြောင်းအရာများကို အချိန်နှင့် အမျှသိနိုင်ဖို့ Page ကို Like လုပ်ပြီး See First လုပ်ထားကြပါနော်…
See First ပြုလုပ်နည်း မသိရှိပါက အောက်က Link မှာ ကြည့်ပါ...
https://www.facebook.com/permalink.php?story_fbid=1203684626329150&id=1036919506338997

Saturday, November 19, 2016

Stroke ဦးနှောက်သွေးကြောရောဂါ
ဆရာခင်ဗျာ အလျှင်စလိုဖြစ်သည့်အတွက် အမှားပါရင်ခွင့်လွှတ်ပေးပါခင်ဗျာ။ ၁၈-၁၁-၂၀၁၆ မနက် ၃:၅၀ ၀န်းကျင်မှာ ကျနော့အကိုတော်စပ်သူ လေဖြတ်သလိုလှုပ်မရ ၀ူးဝူးဝါးဝါးဖြစ်လာသည့်အတွက် ဆေးရုံကြီးကိုပို့ရပါတယ်။ ဦးနှောက်ထဲ သွေးယိုတယ်လို့ scan မှာပေါ်ပါတယ်။ ထို့ကြောင့်လေဖြတ်ခြင်းဖြစ်သည်ဟုယူစကြပါတယ်။ ဦးနှောက် ဘယ်ဘက်ခြမ်းတွင်ဖြစ်ပြီး ညာဘက်တခြမ်းလုံးလှုပ်မရနိင် (ကိုယ်တခြမ်းသေသလိုဖြစ်နေပါတယ်) အသက်က ၃၀ ၀င်းကျင် အသောက်အစား နေ့စဉ်ရှိပါတယ်။ လောလောဆယ် ကိုယ်တခြမ်းသေသလိုဖြစ်နေပါတယ်။ ဆေးရူံ ဆရာဝင်များက ပိတ်ရက်ခံနေတဲ့အတွက် တနင်္လာနေ့မှ တခုခုသိရမယ်လို့ ပြောပါတယ်။ ကနဦးဆရာတဦးမှ ခွဲစိက်ဆရာ မလိုဆေးသောက်ရင်ရသည်ဟု ပြောပါသည်။ သိလိုသည်မှာ ကိုယ်တခြမ်းသေလေဖြတ်ခြင်းအတွက် တိတိကျကျ မေးမရသဖြင့် မည်ကဲ့သို့ဖြစ်နိင်မည် အလားအလာနှင့် အကြံပြုချက်များ တောင်းခံခြင်းဖြစ်ပါသည်။ ၁ နာရီအတွင်း ဆေးရုံသို့ရောက်ပါသည်။ မြန်မာစာအားနည်းချက်ရှိလျှင်သည်းခံပေးပါဆရာ။ ဆရာဒေါက်တာတင့်ဆွေ ကျန်းမာပါစေ။
ဆုတောင်းပေးလို့ ကျေးဇူးတင်ပါတယ်။ ယူဆလို့သာရေးရတယ်။ ဆရာဝန်လို့သာ ရေးရတယ်။ ဝန်းကျင်လို့သာ ရေးရတယ်။ ခွဲစိတ်စရာလို့ ရေးရတယ်။ ဖြစ်တဲ့သူအသက်ကိုနောက်မှရေးလို့ မေးခွန်းကိုထပ်ဖတ်ရတယ်။ အချိန်ပိုကန်စေတယ်။ မေးနည်းစည်းကမ်းမှာ အသက်-ကျား-မ အရင်ဆုံးရေးဘို့ ထည့်ထားတယ်။
လေဖြတ်တာလို့ခေါ်တဲ့ Stroke (စထုပ်ခ်) ကို ဦးနှောက်သွေးကြောရောဂါ Cerebrovascular accident (CVA) လို့ ခေါ်တယ်။ ရောဂါအမျိုးအစားအရ Cerebral infarction သွေးကြောပိတ်ခြင်း၊ Cerebral hemorrhage သွေးယိုခြင်းနဲ့ Ischemic stroke သွေးမဝလို့လေဖြတ်ခြင်းစသဖြင့် ခေါ်တယ်။ Brain attack လို့လဲခေါ်တယ်။
လွန်ခဲ့တဲ့ အနှစ် ၃ဝ အတွင်း ပိုအဖြစ်များလာတယ်။ ၉၅% ဟာ အသက် ၄၅ နှစ်ကျော်သူတွေ ဖြစ်တယ်။ ၃ ပုံ ၂ ပုံက ၆၅ နှစ်ကျော်သူတွေ ဖြစ်တယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တာ တွေ့ရတယ်။ ယောက်ျားတွေက မိန်းမတွေထက် ဖြစ်နှုန်းမှာ ၂၅% ပိုပါတယ်။ အမျိုးသမီးတွေက သေဆုံးတာမှာ ၆ဝ% ရှိတယ်။ ဒါဟာ အမျိုးသမီးတွေက သက်တမ်း ပိုရှည်ကြတာနဲ့ သွေးဆုံးတာတွေနဲ့ ဆက်စပ်နိုင်တယ်။ ကင်ဆာ၊ နာတာရှည် ကျောက်ကပ်ရောဂါ-အဆစ်နာရောဂါ ရှိနေသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးဖွါးပြီးသူတွေမှာ ပိုဖြစ်တယ်။
ရောဂါလက္ခဏာတွေ မပေါ်ပေမဲ့ ဦးနှောက်ကိုတော့ ထိခိုက် ပျက်စီးနေတာကိုခေါ်တယ်။ ၁၉၉၈ လေ့လာမှုတခုအရ အမေရိကားမှာ လူပေါင်း ၁၁ သန်း Stroke ဖြစ်တယ်။ ၇၇ဝဝဝဝ ယောက်ဟာ Silent strokes ဖြစ်ကြတယ်။ MRI လုပ်မှ အထဲမှာ Infarcts သွေးခဲ ဒါမှမဟုတ် Hemorrhages သွေးယိုနေတာကိုသိရတယ်။ ခံစားပြီးဖြစ်တာထက် ၅ ဆပိုတယ်။ အသက်ကြီးရင် ပိုဖြစ်တယ်။ Cryptogenic ဆိုတာ ဘာလို့လဲ မသိဘဲ ဖြစ်တာကို ခေါ်တယ်။ ၃ဝ-၄ဝ% ရှိတယ်။
စိတ်ဖိအားများခြင်းနဲ့ အရက်သောက်ခြင်းတွေဟာ ယောက်ျားတွေအတွက် (စထုပ်) ခေါ်တဲ့ ဦးနှောက်သွေးကြော ရုတ်တရက် မတော်တဆရောဂါကို ဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေ ဖြစ်ကြတယ်။ အိန္ဒိယနိုင်ငံမှာ (စထုပ်) ရတဲ့လူနာပေါင်း ၂၉ဝ (ယောက်ျား ၂၁ဝ + မိန်းမ ၈ဝ) ကို လေ့လာခဲ့ရာကနေ တွေ့ရှိရတာ ဖြစ်တယ်။ ယောက်ျားတွေမှာ စိတ်ဖိအားများခြင်း (၁၈့၆%)၊ အရက်သောက်ခြင်း (၁၄့၈%)၊ ရောဂါပိုးဝင်ခြင်း (၉%)၊ ဒေါသစိတ်ဖြစ်ခြင်း (၃့၃%)၊ ကေဖင်းသောက်များခြင်း (၈့၆%)၊ လိင်နဲ့ပတ်သက်ခြင်း (၂့၎%) ကြောင့်ဖြစ်ကြတယ်။ မိန်းမတွေမှာ စိတ်ဖိအားများခြင်း (၁၅%)၊ ဒေါသစိတ်ဖြစ်ခြင်း (၆့၃%)၊ ရောဂါပိုးဝင်ခြင်း (၆့၃%)၊ ကေဖင်း သောက်များခြင်း (၅%) နဲ့ ခွဲစိတ်ကုသရခြင်း (၃့၈%) ဖြစ်ကြတယ်။ ကေဖင်းဆိုတာ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာစတဲ့အရည်တွေဖြစ်တယ်။ အရင်က အသက်ကြီးမှ ဖြစ်တာများပေမဲ့ အခု အသက်ငယ်သူတွေမှာလဲ ဖြစ်လာနေတယ်။ စိုးရိမ်စိတ်များတာ၊ စိတ်ဖိအားများတာနဲ့ ကြောက်စိတ်တွေဖြစ်လာပြီးနောက် ဒီရောဂါဖြစ်လာကြတတ်တယ်။
ဦးနှောက်ကို ပေးပို့နေတဲ့ သွေးကြောလမ်းကြောင်းမှာ တခုခုမှားသွားရင် ဖြစ်လာစေတယ်။ ဦးနှောက်က သွေးမရတာကို စက္ကန့်ပိုင်းထက်ပိုပြီး မခံနိုင်ဘူး။ ဦးနှောက် (ဆဲလ်) တွေ သေကုန်တယ်။ ထိခိုက်မှုဟာ ရာသက်ပန် ဖြစ်တယ်။ အဓိက ၂ မျိုးရှိတယ်။ (၁) သွေးခဲလေးကနေ ကျဉ်းနေတဲ့တဲ့ သွေးလွှတ်ကြောထဲမှာ ပိတ်နေတာကြောင့် ဖြစ်တာကို Thrombotic stroke ခေါ်တယ်။ (၂) ကိုယ်ခန္ဓာရဲ့တခြားနေရာတွေမှာရှိနေတဲ့ သွေးခဲက ကွဲထွက်ပြီး ဦးနှောက်ဆီကို ရောက်လာတာကြောင့် ဖြစ်တာကို Embolic stroke လို့ခေါ်တယ်။
ရောဂါဖြစ်နိုင်ခြေရှိသူတွေကတော့ သွေးတိုးရောဂါ၊ နှလုံးခုန်မမှန်တာ၊ ဆီးချို၊ မိသားစုထဲမှာ အဲလိုဖြစ်သူရှိတာ၊ (ကိုလက်စထော) များနေတာ၊ အသက်ကြီးလာတာ၊ ၅၅ နှစ်ကျော်တာ၊ အသားမည်းဖြစ်တာ၊ နှလုံးရောဂါလဲရှိနေမယ်၊ ခြေထောက်ပိုင်းကို သွေးကြောတွေက ကျဉ်းလို့ သွေးလျှောက်တာလဲ နှေးမယ်ဆိုရင်၊ လူအဝလွန်သူတွေ၊ အရက်သေစာ အသောက်များသူတွေ၊ အငန်နဲ့ အဆီစား များသူတွေ၊ ဆေးလိပ် သောက်သူတွေ၊ (ကိုကိန်း) နဲ့ တားမြစ်တားတဲ့ ဆေးတွေကို သုံးသူတွေ၊ အသက် ၃၅ နှစ်ကျော်ပြီး ကိုယ်ဝန်တားဆေး သုံးသူအမျိုးသမီးတွေလဲ ဖြစ်နိုင်တယ်။
သွေးခဲကြောင့်ဖြစ်တာမှာ ၂ မျိုးရှိတယ်။ သွေးလွှတ်ကြောကြီးရောဂါနဲ့ Sickle cell anemia သွေးအားနည်းရောဂါကနေ ဖြစ်စေတယ်။ သွေးလွှတ်ကြောတွေကို လာပိတ်စေနိုင်တာက အဆီခဲ၊ (ကိုလက်စထော) နဲ့ ကင်ဆာ (ဆဲလ်) တွေ ဖြစ်နိုင်တယ်။ Infectious endocarditis နှလုံးရောဂါကနေ လာတာမျိုးကနေလဲ ဖြစ်တယ်။ Atrial fibrillation နှလုံးရောဂါကနေ ဖြစ်တာများတယ်။ Atrial or ventricular septal defect နှလုံးရောဂါတွေကနေလဲ လာမယ်။ Deep vein thrombosis အတွင်းထဲမှာရှိတဲ့ သွေးပြန်ကြောထဲကနေလဲ လာနိုင်တယ်။ အဆို့ရှင် အတုတပ်ထားတဲ့ နှလုံးကသွေးခဲဟာ ဦးနှောက်ကို လာပိတ်တာလဲ ဖြစ်နိုင်တယ်။ အဲလို တခြားနေရာက လာတာမျိုး အတွက် လာရင်းရောဂါကိုပါ ကုသရမယ်။
သွေးကြောကျဉ်းရာကနေဖြစ်ရင် Atherosclerotic plaque (ပလိပ်) ခေါ်တဲ့ Sticky substance ခပ်စေးစေးအရာ ဖြစ်လာတယ်။ ဦးနှောက်ထဲက သွေးလွှတ်ကြောလေးတွေ အားနည်းလာရင် ပေါက်ထွက်နိုင်တယ်။ သွေးယိုထွက်ပြီး Hemorrhagic stroke ဖြစ်မယ်။
ဦးနှောက်ရဲ့ ဘယ်နေရာမှာ ဖြစ်သလဲအပေါ် မူတည်တယ်။ တချို့မှာ ဖြစ်တာမသိဘဲ နေတတ်တယ်။ ဖြစ်တာက ရုတ်တရက်ဘဲ။ ဖြစ်စ ၁ ရက် ၂ ရက်မှာ ဖြစ်လိုက် ပေါ်လိုက်လဲ ဖြစ်နိုင်တယ်။ ပဌမဆုံး အကြိမ်က ခံစားရတာ အပြင်းထန်ဆုံးဘဲ။ ဒါပေမဲ့နောက်ဖြစ်ရင် ဆိုးဆိုးလာတော့မယ်။ ခေါင်းကိုက်မယ်။ ရုတ်တရက်ဖြစ်မယ်။ ပက်လက်လှဲချိန် ဖြစ်တယ်။ အိပ်ရာကနေ နိုးလာမယ်။ အနေအထား ပြောင်းတာနဲ့ ပိုဆိုးမယ်။ ခေါင်းမူးနေမယ်၊ အိပ်ချင်နေမယ်၊ သတိမကောင်းဖြစ်မယ်၊ သတိလစ်မယ်၊ နားကောင်းကောင်း မကြားဖြစ်မယ်၊ အရသာ မကောင်း ဖြစ်မယ်၊ စိတ်ရှုတ်ထွေးနေမယ်၊ နာတာ-ထိတာ-ဖိတာကို ခံစားမှု၊ အပူ-အအေးသိတာ အရင်လိုမဟုတ်ဖြစ်မယ်၊ အမျိုရခက်မယ်၊ စာအရေးရ အဖတ်ရခက်မယ်၊ ဆီး-ဝမ်းအသွားရ အထိန်းရခက်မယ်၊ ကိုယ်ကို ထိန်းမတ်လို့ မရဖြစ်မယ်၊ အပြန်အလှန်ထိန်းညှိ မကောင်းဖြစ်မယ်၊ မျက်နှာ-ခြေ-လက် ကြွက်သားတွေ အားနည်းမယ် (တဘက်ထဲဖြစ်တာ များတယ်)၊ ထုံ-ကျင်နေမယ် (တဘက်ထဲဖြစ်တာ များတယ်)၊ ကိုယ်ကို မထိန်းနိုင်တာ၊ လမ်းမလျှောက်နိုင်ဖြစ်မယ်။ ကိုယ်တခြမ်း လေဖြတ်တယ်လို့ ခေါ်တယ်။ စိတ်လှုတ်ရှားမှု-စိတ်ပုံစံ ပြောင်းမယ်၊ စကားပြောရခက်မယ်၊ သူများပြောတာကို နားမလည်ဖြစ်မယ်၊ မျက်ခွံအောက်ကျနေမယ်၊ မျက်စိကို လှုတ်မရဘူး၊ သူငယ်အိမ်ဟာ အလင်းရောင်ကို တုန့်ပြန်တာ နှေးမယ်၊ မျက်စိ အကြည့်ရခက်မယ်၊ နှလုံးခုန်-အသက်ရှူ မမှန်တာ၊ ခေါင်းကို တဖက်ဖက်ကို ကောင်းကောင်းလှည့်မရတာ၊ လျှာကိုကောင်းကောင်း အသုံးမချနိုင်ဘူး၊ မှတ်ဥာဏ်လျှော့မယ်။
စစ်ဆေးမှုတွေ
1. Angiogram လုပ်ရင် ဦးနှောက်ထဲမှာ သွေးကြောပိတ်နေတာ၊ သွေးယိုနေတာ မြင်ရမယ်။
2. Carotid duplex (Ultrasound) ရိုက်ရင် လည်ပင်းက Carotid arteries သွေးလွှတ်ကြော ကျဉ်းနေတာ မြင်ရမယ်။
3. CT Scan of the brain နဲ့ MRI Scan of the brain တွေလုပ်နိုင်တယ်။
4. MRA နဲ့ CT angiography လုပ်ရင် ဦးနှောက်ထဲက သွေးလွှတ်ကြောတွေ ပုံမှန်မဟုတ်တာ မြင်ရမယ်။
5. Bleeding time, Blood cholesterol and sugar, Blood clotting tests, CBC နဲ့ ECG တွေလဲ လုပ်နိုင်တယ်။
ဘယ်လိုကုသမလဲ
တကယ့်အရေးပေါ်ဖြစ်တယ်။ ဆေးရုံတက် ကုသရမယ်။ အများဆုံး လူနာတွေဟာ ၃ နာရီအတွင်း ရောက်ကြတယ်။ သွေးခဲကြောင့် ဖြစ်တာဆိုရင် Thrombolytic therapy သွေးခဲကျေဆေး ချက်ချင်း ပေးရတယ်။ လူတိုင်းကိုတော့ မပေးရပါ။ ရောဂါလက္ခဏာစပြီး ၃ နာရီအတွင်းဆို ပေးနိုင်တယ်။ သွေးခဲလို့ မဟုတ်ဘဲ သွေးယိုလို့ ဖြစ်နေချိန်ဆိုရင် ဒီဆေးကြောင့် ပိုဆိုးစေမယ်။
သွေးခဲကြောင့်ဖြစ်တာအတွက် Blood thinners သွေးကျဲဆေးဖြစ်တဲ့ Heparin or Warfarin (Coumadin) ဆေးကိုလဲ သုံးတယ်။ Aspirin နဲ့ Clopidogrel (Plavix) တွေကိုလဲ ပေးနိုင်တယ်။ သွေးခဲပိတ်လို့ဖြစ်ရင် အချိန်လဲ မီမယ်ဆိုရင် Thrombolysis သွေးခဲကို ချေဖျက်နည်းနဲ့ Thrombectomy ခွဲစိတ်နည်းတွေလုပ်နိုင်တယ်။ ဆေးပေးနည်းမှာ Aspirin, Clopidogrel, Dipyridamole ဆေးတွေကို သွေးမှုံတွေစုပြီး သွေးမခဲအောင် လုပ်ပေးနိုင်တယ်။ Thrombolysis ဆေးနဲ့ သွေးခဲကိုချေဖျက်နည်းလုပ်တယ်။ (tPA) ဆေးမျိုးသုံးတယ်။ ချက်ချင်းဖြစ်တာအတွက် သုံးသင့်-မသင့် အယူအဆ မတူကြဘူး။
သွေးယိုတာအတွက် ခွဲစိတ်နည်း သုံးလို့ရတာလဲရှိတယ်။ လည်ပင်း-သွေးလွှတ်ကြောကို ခွဲစိတ်ရတာလဲ ရှိတယ်။ Mechanical thrombectomy စက်သုံးနည်းကို ချက်ချင်းဖြစ်တာအတွက်သုံးတယ်။ ပေါင်ခြံကသွေးလွှတ်ကြောထဲကို Catheter ပိုက်ငယ်လေးတခု ဦးနှောက် သွေးပေးစနစ်ထဲအထိ ထိုးသွင်းရတယ်။ Corkscrew-like device ကိရိယာလေးကနေ သွေးခဲကို စုပ်ယူစေမယ်။ Angioplasty and stenting နည်းဆိုတာကလဲ ချက်ချင်း ဖြစ်တာကို သုံးတယ်။
ခေါင်းထဲမှာ သွေးယိုတာဖြစ်ရင် Neurosurgical evaluation လေ့လာမှုတွေ လုပ်ရမယ်။ သွေးယိုတဲ့ အကြောင်းကို ရှာပြီး ကုသရမယ်။ ခွဲစိတ်တာ သိပ်မလိုတတ်ဘူး။ သွေးတိုး ရှိနေချိန်မှာ သွေးကျဆေး ပေးရတယ်။ တချို့က အစာအာဟာရနဲ့ အရည်ဖြည့်ပေးဘို့ လိုမယ်။
ဆေးကုတာအပြင် (ဖီဇီကယ်သာရာပီ)၊ စကားပြောနည်း၊ လုပ်ငန်းဆိုင်ရာ ကုသနည်း၊ အစာမျိုနည်းတွေလဲ လိုနိုင်တယ်။ ရေရှည်အတွက် ဆက်လုပ်ပေးရတယ်။ ပြန်ပြီး နလံထရေးနဲ့ နောင်မဖြစ်အောင်အတွက် လုပ်ရတယ်။
နောက်ဆက်တွဲ ဖြစ်နိုင်တာတွေကတော့ အစားအသောက်တွေ အသက်ရှူလမ်းထဲရောက်တာ၊ ဥာဏ် သုံးရတဲ့အလုပ် ချို့ယွင်းတာ၊ လိမ့်ကျတာ၊ မလှုတ်ရှားနိုင်တာ၊ ကိုယ်တခြမ်း၊ တချို့နေရာတွေ လေဖြတ်တာ၊ ကြွက်သားတွေ တောင့်တင်းနေတာ၊ အစာအာဟာရ မပြည့်ဝတာ၊ ဖိအားဒဏ်ကြောင့် အနာဖြစ်တာ၊ စကား ကောင်းကောင်းမပြောနိုင်တာ၊ နားမလည်တာ၊ တွေးတောတာ၊ အာရုံစိုက်တာ အားနည်းတာ။
ရောဂါလက္ခဏာတွေ ဆင်တူတိုင်းတော့ Stroke မဟုတ်ပါ။ Brain tumor ဦးနှောက်ကင်ဆာ၊ Subdural hematoma ဦးနှောက်အဖုံးလွှာအောက်မှာရှိတဲ့သွေးခဲ၊ ဗက်တီးရီးယား၊ မှိုကနေဖြစ်စေတဲ့ ဦးနှောက်ထဲမှာ ပြည်တည်နာ၊ ဗိုင်းရပ်စ် ဦးနှောက်ရောင်ရောဂါ၊ တချို့ဆေးတွေ များသုံး-ပေးတာ၊ Sodium, Calcium, Glucose ဓါတ်ဆားတွေ နည်းသွားတာတွေကနေ ခပ်ဆင်ဆင် ဖြစ်တတ်တယ်။
ဒုတိယအကြိမ် ထပ်မဖြစ်အောင် -
1. Anticoagulation သွေးမခဲဆေးနည်း သုံးတယ်။ Non-valvular atrial fibrillation ဖြစ်နေသူတွေဆိုရင် ဒီနည်းကြောင့် ၆ဝ% သက်သာစေနိုင်တယ်။ Antiplatelet agents ကနေ ၂ဝ% လျှော့နည်းစေမယ်။ Embolic stroke ဖြစ်တာကို Anti-coagulation စောစောပေးလို့ ဘေးဖြစ်စေနိုင်တာကိုလဲ ထောက်ပြထားတယ်။
2. Carotid stenosis ဖြစ်နေရင် Carotid endarterectomy ခွဲစိတ်ပေးတာကလဲ အကျိုးများစေမယ်။
3. ဆေးလိပ်မသောက်ပါနဲ့၊ (ကိုလက်စထော) ထိန်းပါ၊ သွေးတိုးထိန်းပါ၊ ဆီးချိုထိန်းပါ၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် တနေ့ နာရီဝက်လုပ်ပါ၊ ကိုယ်အလေးချိန် ထိန်းပါ၊ အရက်ဖြတ်ပါ-လျှော့ပါ၊ မူးယစ်ဆေးဝါး ဖြတ်ပါ၊
4. အစာအဟာရ မျှတပြည့်စုံပါစေ။ အသီး-အရွက်၊ အသီးအနှံစားပါ၊ အဆီး-အချို-အငန် လျှော့စားပါ၊ အဆီလွတ်အသား စားပါ၊ နို့ထွက်အစာတွေ လျှော့ပါ၊ ဆိုင်ဝယ်စား အစာတွေ သတိထားပါ၊ Saturated fat, Partially-hydrogenated နဲ့ Hydrogenated fats တွေ သတိထားပါ။
5. ကိုယ်ဝန်-တားဆေးသုံးရင် ဆရာဝန်ကို တိုင်ပင်ပါ၊
အလားအလာ
အမျိုးအစား၊ ဘယ်လောက်ပျက်စီးသွားခဲ့သလဲ၊ ဘယ်နေရာတွေကို ထိခိုက်သွားသလဲ၊ ဆေးကုသမှုကို ဘယ်လောက်မြန်မြန် ရခဲ့သလဲ ဆိုတာတွေအပေါ် မူတည်ပြီး လုံးဝကောင်းတာနဲ့ တချို့အလုပ်တွေ ပြန်မကောင်းနိုင်တော့တာ ဖြစ်တယ်။ တဝက်မက လူနာတွေဟာ အိမ်မှာတင်နေနိုင်ပြီး အတော်ပြန်လုပ်နိုင်ကြတယ်။ Ischemic stroke ဖြစ်သူတွေက Hemorrhagic stroke ဖြစ်သူတွေထက် ကံကောင်းကြတယ်။ ဒုတိယအကြိမ် ထပ်ဖြစ်တာဟာ ပဌမအကြိမ်နောက် လနဲနဲအကြာမှာ ဖြစ်တတ်တယ်။ Disability မသန်မစွမ်းဖြစ်တာ ၇၅% ရှိတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ထိခိုက်စေမယ်။ Post stroke depression စိတ်ဓါတ်ကျတာ ၃ဝ-၅ဝ% မှာ ခံစားရမယ်။ Emotional lability ခံစားမှုအားနည်းသွားတာ ၂ဝ% မှာ ဖြစ်စေတယ်။ Seizures တက်တတ်တာကို ၁ဝ% မှာ ဖြစ်နိုင်တယ်။
ဒေါက်တာတင့်ဆွေ
No automatic alt text available.
ဆီးဖြူသီး၏ ကောင်းကျိုးများ
ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့
သဘာဝ အသီးအနှံဖြစ်ပါတယ်။
- အသဲနဲ့ဆိုင်သော ရောဂါဝေဒနာများကို သက်သာပျောက်ကင်းစေပါတယ်။
- သွေးအတွင်း အဆိပ်အတောက်တွေနဲ့၊ ဗိုင်းရပ်ပိုး၊ ဗက်တီးရီးယားနဲ့ အဏုဇီဝ ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
- သွေးအားကောင်းစေတဲ့ ဟေမိုဂလိုဗင်ဓာတ် ကြွယ်ဝအောင် ဖြစ်စေတာမို့ အမောခံနိုင်ပြီး အသားအရေ ကြည်လင်လှပစေနိုင်ပါတယ်။
- ဆီးဖြူသီးမှ ထုတ်ထားတဲ့ အရည်နဲ့ ပလုတ်ကျင်းရင် ခံတွင်းအနံ့ဆိုးများကို ကင်းစင်စေပြီး ခံတွင်း သန့်ရှင်းစေနိုင်သည့်အပြင် သွားဖုံးသွေးယိုခြင်းကိုလည်း ဗိုက်တာမင် C နဲ့ ကယ်စီယမ်ဓာတ်တို့ပါဝင်တာကြောင့် ပျောက်ကင်းအောင် ကူညီပေးပါတယ်။
- ကိုယ်လက်စထရောကိုလည်း လျော့နည်းစေပြီး နှလုံးကြွက်သားများကိုလည်း သန်မာစေပါတယ်။
- ဆီးဖြူသီး တစ်ညစိမ်ထားတဲ့ ရေသန့် အကြည်နဲ့ မျက်လုံးဆေးရင် မျက်စိယားယံတာကို သက်သာပြီး အမြင်အာရုံကို ကောင်းမွန်စေနိုင်ပါတယ်။
- ငှက်ပျောသီးမှည့်နဲ့ ဆီးဖြူသီး အရည်ကို တစ်ရက်အတွင်း (၃) ကြိမ်လောက် သောက်သုံးပါက ဓမ္မတာသွေးလွန်ခြင်းကို သက်သာစေနိုင်ပါတယ်။
- ဆီးဖြူသီးဟာ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးတဲ့ သတ္တရှိတဲ့အတွက် ဆီးချိုးရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
Credit to Good Health

Friday, November 18, 2016

"လိပ်ခေါင်းရောဂါများအတွက်ဆေးတွေ့ပြီ" - ကျန်းမာရေးအတွက်ဗဟုသုတ
----

ခလေးလူကြီးများအတွက် အားတက်စရာ လက်တွေ့ပျောက်တဲ့ဆေးနည်း ပါ၊ပုံမှာ ၆ နှစ်သမီးအရွယ် လိပ်ခေါင်းထွက်နေပုံပါ ဆေးနည်းကတော့အလွယ်လေးပါ ဆင်ဇွယ်ဂမုန်း အပင်တစ်ချောင်းကို ရေဖြင့်စင်ကြယ်အောင်ဆေးကြောပြီး ထုထောင်းကာ ဝက်သား ၁၅ ကျပ်သားဖြင့် ချက်စားရန်ဖြစ်ပြီး တနေ့ထဲနှင့်ကုန်အောင်စားရမှာဖြစ်ပါတယ် စားပြီး ၁လ အတွင်းမှာ ပြုတ်ကျသွားမှာဖြစ်ပါတယ် ဒီခလေးကတော့ ရက်ပေါင်း ၂၀ အတွင်းမှာ ပုံပါအတိုင်းပြုတ်ကျသွားပြီး လက်တွေ့ပျောက်ကင်းသွားတာကြောင့် ယုံယုံကြည်ကြည် စိတ်ချစွာ စားသုံးနိုင်ပါကြောင်း လိပ်ခေါင်းရောဂါဝေဒနာရှင်များ ခလေး လူကြီးပါမကျန် ကုသိုလ်ဖြစ်မျှဝေပေးလိုက်ပါကြောင်း ၇ ရက်သားသမီးများ ကျန်းမာချမ်းသာကြပါစေ။
(Ye Lin Aung)
လေမဖြတ်ရအောင် ကြိုတင်ကာကွယ်နည်း
------------------------------------------------------
လေမဖြတ်အောင် ကြိုတင်ကာကွယ်နည်းကိုမကြာခဏတောင်းဆိုလာကြတဲ့ မိဘပြည်သူများအတွက် လေ့လာမိသမျှ သဘာဝဆေးနည်းများကို ပြန်လည်မျှဝေ
လိုက်ပါတယ်။
ရှောက်ရွက်ဟာလေမဖြတ်အောင်ကာကွယ်ပေးနိုင်တဲ့ ဆေးဆိုတာအချို့ကသိထားပါပဲ။ ဒါ့ကြောင့် ရှောက်ရွက်ကိုမကြာခဏ မှီဝဲသုံးစွဲပေးရင် လေဖြတ်ခြင်းမှ ကာကွယ်ပေးပါတယ်။
၁။ ရှောက်ရွက် (၇) ရွက်ခန့်ကိုရေစင်အောင်ဆေးပြီးမတ်ခွက်ထဲကိုထည့်၊ ရေကျက်အေး (သို့မဟုတ်) ရေခပ်နွေးနွေးကိုလောင်းထည့်၊ အဖုံးအုပ်ထားပြီးအေးသွားလျှင် သောက်
ပေးနိုင်ပါတယ်။တစ်ခါစိမ်ထားလျှင် ၂ ရက်၊ ၃ ရက်ထိရေထပ်ထည့်ပြီး အခါးဓါတ်
မကုန်မချင်းသောက်ပေးနိုင်ပါတယ်။ (အရမ်းခါးနေလျှင် ပျားရည် သို့မဟုတ် သကြားတို့ကိုအနည်းငယ် ခပ်ပြီးသောက်နိုင်ပါတယ်)
၂။ ရှောက်ရွက်ကိုပါးပါးလှီးပြီး ဟင်းရည်ထဲထည့်သောက်နိုင်ပါတယ်။
၃။ အသုပ်မျိုးစုံတို့ကိုလည်း ထည့်ပြီးစားနိုင်ပါတယ်။
၎။ ရှောက်ရွက်ကိုအစိမ်းစားလျှင် ပိုမိုထိရောက်သည့်အတွက် ရေစိမ်သောက်တဲ့နည်းနဲ့ ပါးပါးလှီးပြီး အစားအစားထဲထည့်စားခြင်းသည် ပို၍ကောင်းမွန်းပါသည်။
Ref:wunna
Image may contain: plant, tree, flower, outdoor and nature Carry to you by
#စိတ်မဆိုး ဆနွင်းလုံး
#စိတ်မဆိုး သင်္ဘောရွက်ခြောက် ရေနွေးကြမ်း
တိုက် 2 အခန်း 101 ဇီဇဝါအိမ်ယာ
သံသုမာလမ်းမ၊ တောင်ဥက္ကလာပ။
ဖုန်း 01 8500 355
( မြင်သာဈေး မှတ်တိုင်အနီး နှင့် ဘေလီကားဂိတ်ကြား )
Condyloma acuminate လိင်လမ်းကြွက်နို့ ကုသနည်းများ
ဆရာ ကျွန်မအသက်က လေးဆယ်နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ သမီးနှစ်ယောက်ရှိပါတယ်။ ကျွန်မလိင်အင်္ဂါကြွက်နို့ ပေါက်နေလို့ ဆရာ့ကိုမေးဘူးပါတယ်။ ရာသီကမလာတာ တနှစ်ကျော်သွားပါပြီ။ အင်္ဂလိပ်လိုပြောရင် သိပ်နားမလည်ဘူးဆရာ။ ဆေးစစ်ထားတာပြတဲ့ဆရာမတွေကိုမေးရင် သေသေချာချာမဖြေပေးဘူးဆရာ။ လူနာ တယောက်မပြီးသေးဘူး၊ တခြားလူနာကိုခေါ်သွင်းနေပြီ။ မေးချိန်မရှိပါဘူးဆရာ။ ဆေးအဖြေမဖတ်တတ်လို့ ဖြေကြားပေးပါဆရာ။ condyloma acuminate H PV infection vulva and vagina လို့ရေးထားပါတယ်ဆရာ။ အမှားပါရင်ခွင့်လွတ်ပေးပါဆရာ။
Podophyllum resin (Rx)
ဆေးထည့်စရာဂွမ်းစတုတ်တံလေးနဲ့ 1-2 mL ထက်မများစေပဲ ဆေးလိမ်းပါ။ ၁ နာရီနေရင်ဆေးပြစ်ပါ။ တပတ်နေရင် ထပ်လုပ်ပါ။ ၄-၆ နာရီနေမှဆေးပါ။
Podofilox (Rx)
ဆေးထည့်စရာဂွမ်းစတုတ်တံလေးနဲ့ တနေ့ ၂ ကြိမ်၊ ၃ ရက်လိမ်းပါ။ တပတ်နေရင်ထပ်လုပ်ပါ။ စုစုပေါင်း ၄ ကြိမ်။
Trichloroacetic acid topical (Rx)
ဆေးထည့်စရာဂွမ်းစတုတ်တံလေးနဲ့လိမ်းပါ။ ဘေးကိုမထိပါစေနဲ့။ ဖုံးအုပ်ထားပြီး ၅ ရက်ထားပါ။
Aldara 5% ၃ ရက်ခြာ ၁၆ ပတ်ကြာလိမ်းပါ။
Aldara 5% ၃ ရက်တခါလိမ်းပါ။ ၁၆ ပတ်အထိလိမ်းနိုင်တယ်။
Imiquimod (Rx)
မျက်နှာလိုနေရာမှာဖြစ်တာကို သုံးနိုင်တယ်။
Zyclara 2.5% or 3.75% ကို တနေ့ ၄ ကြိမ် ၂ ပတ်ကြာလိမ်းပါ။ ၂ ပတ်နားပြီး ထပ်လုပ်ပါ။
Zyclara 3.75% ခပ်ပါးပါးလိမ်းပါ။ ဆေးမမြင်ရတဲ့အထိပွတ်ပါ။ ၈ နာရီနေရင် ဆပ်ပြာနဲ့ဆေးပါ။
လိင်လမ်းကြွက်နို့ကနေ သွေးထွက်နေရင် ဖိထားပေးပါ။ လူနာကိုအားပေးပါ။ တခြားလိင်ကတဆင့်ကူးစက်ရော ရှိနေသလားစစ်ဆေးပါ။ Cryotherapy အေးခဲနည်း ၁ဝ-၁၅ စက္ကန့်လုပ်နိုင်တယ်။ လိုရင်ထပ်လုပ်ပါ။ ကိုယ်ဝန်ဆောင်လည်း လုပ်နိုင်တယ်။ လိုအပ်ရင် Surgical excision ခွဲထုတ်နိုင်တယ်။ Carbon dioxide laser လေဆာနည်းလည်းသုံးနိုင်တယ်။
- Warts ကြွက်နို့ http://doctortintswe.blogspot.com/2014/11/warts.html
- Genital warts လိင်လမ်းကြွက်နို့ http://doctortintswe.blogspot.com/2014/11/genital-warts.html
- Genital warts in women အမျိုးသမီး လိင်လမ်းကြွက်နို့ http://doctortintswe.blogspot.com/…/genital-warts-in-women.…
- Condyloma acuminate လိင်လမ်းကြွက်နို့ ကုသနည်းများ http://doctortintswe.blogspot.com/…/condyloma-acuminate.html
ဒေါက်တာတင့်ဆွေ

Tuesday, November 15, 2016

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ..
ကျွန်တော် အခု ပြောပြမည့် နည်းပညာလေးကတော့..
ပျားရည် စစ်/မစစ် ဘယ်လို စမ်းသပ်မလဲဆိုတာကို ဖော်ပြချင်ပါတယ်။
Fill a glass with water.
ဖန်ခွက်တစ်လုံးထဲကိုရေဖြည့်ပါ။
Add one tablespoon of honey into the glass.
ပျားရည် လဘ္ဘက်ရည်ဇွန်း တစ်ဇွန်းကို ရေဖြည့်ထားသော ဖန်ခွက်အတွင်းသို့ ထည့်လိုက်ပါ။
Adulterated or artificial honey will dissolve in water and you will see it around the glass.
တကယ်လို့ ပျားရည် စစ်စစ်မဟုတ်ပဲနဲ့လက်လုပ် ပျားရည်အတုဟာ ရည်ထဲ၌ ပျော်ဝင်သွားပါလိမ့်မယ်။
Pure honey on the other hand will settle right at the bottom of your glass.
ပျားရည်စစ်စစ်ဟာ ရေထဲ၌ တစ်စုတစ်စည်းထဲ အနယ်ထိုင်နေပါလိမ့်မယ်။
ပျားရည်စစ်ရင် ရေထဲ၌ အရည်မပျော်ပါ။ကိုယ်တိုင်မွှေမှသာလျှင် အရည်ပျော်ပါတယ်။
နောက်တနည်းကတော့ ယမ်းမီးခြစ်ဆံ၏ အလယ်တည့်တည့်၌ ပျားရည်သုတ်လိမ်းပြီး မီးခြစ်ဆံကိုမီးရှို့ကြည့်ပါ။
တကယ်လို့ ပျားရည်စစ်ပါက မီးဟာ ပျားရည်နှင့်ထိ့တွေပြီး မီးငြိမ်းသွားပါလိမ့်မယ်။
တကယ်လို့ ပျားရည်မစစ်ပါက မီးခြစ်ဆံ အဆုံးအထိ့ လောင်ကျွမ်းသွားပါလိမ့်မယ်။
Ok,Try to do yourself...👌
ကျေးဇူးတင်ပါတယ်..ကျွန်တော် ဘဝခါးခါးပါ။
ဘဝခါးခါး✏

လေဖြတ်ရောဂါအတွက် ဆေးနည်းကောင်းတစ်ခု
ဒီဆေးနည်းဟာ အွန်လိုင်းပေါ်မှာ လူသိများခဲ့တဲ့ လက်တွေ့နည်းတစ်ခု ဖြစ်ပါတယ်။
မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်နေတဲ့ လူကြီးမင်းဆိုတဲ့
ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်ဟာ သံဂဟေဆက်တဲ့အလုပ်ကို နှစ်အကြာကြီး လုပ်နေခဲ့ပါတယ်။ အသောက်အစားမရှိ၊ မူးယစ်ဆေးသုံးစွဲခြင်းမရှိပါပဲ ပူအိုက်တဲ့အတွက် အင်္ကျီချွတ်၍နေခြင်း၊ ပန်ကာဖွင့်အိပ်ခြင်း စသည်တို့ကြောင့် တစ်နေ့မှာ ရုတ်တရက်
ခြေထောက်တစ်ခြမ်း လေဖြတ်ခဲ့ပါတယ်။

ချက်ချင်းပဲ ဆေးခန်းမှာ ဆေးထိုးဆေးသောက်ပေမယ့် ခေတ္တအနာသက်သာလာရုံကလွဲပြီး မပျောက်ကင်းခဲ့ပါဘူး။ အဲဒါကြောင့် ဆေးမြီးတိုနည်းဖြင့် ကုရန်ဆုံးဖြတ်ပြီး အွန်လိုင်းပေါ်ကနေ လိုက်ရှာလိုက်တော့ ဦးသာရင်ဆေးနဲ့ ရှောက်သီးဆိုတာကို တွေ့ရလို့ ချက်ချင်းပဲ မြန်မာပြည်ကို ဆေးမှာယူပြီး ရောက်တာနဲ့ စလိမ်းပါခဲ့ပါတယ်။
ဆေးလိမ်းနည်း
(၁) ရှောက်သီးကို အရည်ညစ်ယူပြီး ဦးသာရင်ဆေးနှင့် ဖျော်ပါ။
(၂) ၄င်းဆေးကို ၃ နာရီခြားတစ်ခါစီ လေဖြတ်တဲ့နေရာတွေကို လိမ်းပေး။
(၃) ဦးသာရင်ဆေးကို သောက်လည်း သောက်ပေးပါ။
ဆေးလိမ်းလို့ ၃ ရက်မြောက်မှာ ဓါတ်လိုက်သလိုခံစားခဲ့ရတဲ့အနာ
ပျောက်ကင်းပြီး ဒရွတ်တိုက် သွားလို့ရလာတယ်။
၈ ရက်မြောက်မှာ တုတ်ထောက်ပြီး စတင်ရပ်နိုင်၊ လျှောက်နိုင်လာခဲ့ပါတယ်။
၁၂ ရက်မြောက်မှာ တုတ်လွတ်ပြီး လမ်းလျှောက်တတ်ခါစကလေးငယ်လို
ပြန်လျှောက်လာနိုင်ခဲ့ပါတယ်။
၁၅ ရက်မြောက်မှာ ချွေးထွက်အောင် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်း လုပ်နိုင်လာတယ်။ လမ်းကောင်းကောင်း လျှောက်နိုင်လာတယ်။
တစ်လပြည့်တာနဲ့ ဆိုင်ကယ်ပြန်စီးလာနိုင်ပြီး တစ်လခွဲအကြာမှာ သံဂဟေဆက်အလုပ်ကို ပြန်လုပ်နိုင်ခဲ့ပါတယ်။
ရုတ်တရက် လေဖြတ်ပြီး အိပ်ယာထဲမှာ လှဲနေရတဲ့ လူကြီးမင်းကတော့ ဒီဆေးနည်းနဲ့ တစ်လခွဲအတွင်းမှာ လေဖြတ်ရောဂါကို ကိုယ်တိုင်လက်တွေ့ကုသပြီး ပျောက်ကင်းခဲ့တဲ့အတွက် အများသူငါ သိရှိအောင် ရေးသားမျှဝေပေးခဲ့ပါတယ်။
ကဲ မိတ်ဆွေတို့ရေ၊ သင်တို့အနားမှာလည်း လေဖြတ်တဲ့သူရှိရင် ဒီဆေးနည်းလေးကို စမ်းသပ်ဖို့ မျှဝေပေးသင့်တယ်နော်။ အနာနဲ့ဆေးတည့်သွားရင် ယူပစ်သလို ပျောက်တတ်တာ ရှေးကမ္ဘာဦးကတည်းကပါ။
လူသားအားလုံး အနာရောဂါများ ကင်းရှင်းပြီး ကျန်းမာကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - လူကြီးမင်း(ခေတ္တ-မလေးရှား)
အစွမ်းထက် သဘာဝဆေးနည်းများ
.