Wednesday, November 9, 2016

ဂရင်ဂျီနာ လိပ်ခေါင်းအတွက်သဘာဝ ဆေးတစ်လက်
အဲဒီအနာတွေဟာ အပူအပုပ်ကြောင့် ပေါက်တာ၊ ပေါက်လိုက်ရင်လဲ ချက်ကောင်းချည်းပဲ။
ငါတော့ ပထမဆုံး လက်ပံဆူးနဲ့ စမ်းတယ်။
လက်ပံဆူးကို အစိုအတိုင်း ဖြတ်၊ အစီးတွေ အဖြူရောင် ထွက်တယ်။
အဲဒီ အဖြူရောင် အစီး (အစေး)နဲ့ အနာပေါ် လိမ်းပေး၊
လက်ပံဆူး ခြောက်သွားရင်လဲ ကျောက်ပျဉ်ပေါ်မှာ ရေနည်းနည်းဆွတ်ပြီး သွေး၊
အဲဒီအရည်ကို ဆွတ်ပေး၊ လူးပေး၊
တနေ့ သုံးခါလောက် ပျစ်ပျစ်လူးပေး၊ သက်သာသွားမယ်။
ဒီထက်ကောင်းတဲ့နည်း ရှိသေးတယ်။
ရှားစောင်းလက်ပပ် အလက်ထဲက အရောင်အဆင်းမဲ့ တုံတုံတုံတုံနဲ့ အစေး၊
အဲဒါသာ အနာပေါ်လူးပေး၊ ဂရင်ဂျီနာ မပြောနဲ့ လိပ်ခေါင်းတောင် သက်သာပျောက်ကင်းတယ်။
ရှားစောင်းလက်ပပ် အနှစ်ကို လိပ်ခေါင်းမှာ ပွတ်၊ တဖြည်းဖြည်း ပြန်သွင်း၊ ဝင်တယ်ဗျာ၊
နောက်တော့ စအိုထဲကို ရှာစောင်းလက်ပပ်အနှစ်ထည့်၊ အပြင်က တိပ်နဲ့ ပိတ်ထား၊ (အဲ ဝမ်းသွားပြီးမှ လုပ်နော်၊) သက်သာပျောက်ကင်းတယ်ဗျ။
အပူအစပ်နဲ့ အညောင်းထိုင်တာ ရှောင်၊ ရေများများ သောက်၊ လမ်းလျှောက်ပေးဗျာ။
အန္တရာယ် မရှိပါဘူး၊ ရောဂါ
Credit
=========×=========×==========
***ဂရင်ဂျီနာ အတွက်
လက်တွေ့ပျောက် ဆေးနည်းတစ်လက်
ဂရင်ဂျီနာဆိုတာ စအိုမှာပေါက်တာ။
စအိုဝရဲ့ပတ်လည်မှာ ပြည်ဖုလေးတွေ
ပေါက်ရာကနေ အနာတွေဖြစ်လာတာ
(*) ဆေးနည်းကဗျာ(*)
မပြလဲခက် ပြလဲရှက်
စအိုခွက်မှာ ဂရင်ဂျီနာ ။
စအိုပတ်လည် ပြည်ဖုတွယ်
ပျောက်ခဲလှတာ ဂရင်ဂျီနာ ။
ပန်းအိုးအသွင် ဝါးဘုရင်
တစ်ဆစ်ထွင်းလို့ ယူခဲ့ပါ ။
ပဲဒလက်နီစေ့ နှစ်ပါးတွေ့
ဆန်ဆေးရည်နဲ့ သွေးလူးပါ
သွားပေဦးတော့ ဂရင်ဂျီနာ ။
(*) အဓိပ္ပါယ်ကတော့
ဝါးဘုရင်လို့ခေါ်တဲ့ ဝါးမင်းရယ်
ပဲဒလက်နီစေ့ ကို ဆန်ဆေးရည်နဲ့
သွေးလူးပါ ။ သောက်လဲသောက်ပါ ။
၂/၃ ရက် ဆိုရင် အနာကပ်သွားမယ် ။
တစ်ပတ်လောက် လူး / သောက် လျှင်
လုံးဝပျောက်မည် ။
ဆေးနည်းပေးသူ - -
မင်းဘူး ( စကု ) မြို့ နယ် မန်ကျည်း
သုံးပင်ရွာ မှ အဘ ဦးညွန့်မောင် ။
သတ္တဝါ အများ ကျန်းမာချမ်းသာ ကြပါစေ - - ။
၂၀၁၆ / ၄ ကိုဝင်းတင် ( လယ်လှ )
အထက်မင်းလှ ၏ ဆောင်းပါးကို
မျှဝေပါသည် - - ။
နက္ခတ္တ
==========×=========×=========
>>>ဂရင်ဂျီနာ လိပ်ခေါင်းအတွက်သဘာဝ ဆေးတစ်လက်<<<
အဲဒီအနာတွေဟာ အပူအပုပ်ကြောင့် ပေါက်တာ၊
ပေါက်လိုက်ရင်လဲ ချက်ကောင်းချည်းပဲ။
လက်ပံဆူးကို အစိုအတိုင်း ဖြတ်၊ အစီးတွေ အဖြူရောင် ထွက်တယ်။
အဲဒီ အဖြူရောင် အစီး (အစေး)နဲ့ အနာပေါ် လိမ်းပေး၊
လက်ပံဆူး ခြောက်သွားရင်လဲ ကျောက်ပျဉ်ပေါ်မှာ ရေနည်းနည်း
ဆွတ်ပြီး သွေး၊ အဲဒီအရည်ကို ဆွတ်ပေး၊ လူးပေး၊
တနေ့ သုံးခါလောက် ပျစ်ပျစ်လူးပေး၊ သက်သာသွားမယ်။
----->ဒီထက်ကောင်းတဲ့နည်း ရှိသေးတယ်။
ရှားစောင်းလက်ပပ် အလက်ထဲက အရောင်အဆင်းမဲ့ တုံတုံတုံတုံနဲ့ အစေး၊
အဲဒါသာ အနာပေါ်လူးပေး၊ ဂရင်ဂျီနာ မပြောနဲ့ လိပ်ခေါင်းတောင် သက်သာပျောက်ကင်းတယ်။
ရှားစောင်းလက်ပပ် အနှစ်ကို လိပ်ခေါင်းမှာ ပွတ်၊
တဖြည်းဖြည်း ပြန်သွင်း၊ ဝင်တယ်ဗျာ၊
နောက်တော့ စအိုထဲကို ရှာစောင်းလက်ပပ်အနှစ်ထည့်၊
အပြင်က တိပ်နဲ့ ပိတ်ထား၊ (အဲ ဝမ်းသွားပြီးမှ လုပ်နော်၊) သက်သာပျောက်ကင်းတယ်ဗျ။
အပူအစပ်နဲ့ အညောင်းထိုင်တာ ရှောင်၊ ရေများများ သောက်၊ လမ်းလျှောက်ပေးဗျာ။
အန္တရာယ် မရှိပါဘူး၊
ဂရင်ဂျီနာ ဝေဒနာရှင်များ လက်တွေ့စမ်းကြည့်ပါ။
=========×=========×=========
***ဟင်းနုနွယ်***

အဆိပ်ကိုပြု့တတ်၍ကြေကျက်ခဲ၏
ဆီးဝမ်းရွှင်စေ၏ အိပ်ခြင်းပျင်းရိခြင်းကို
ဖြစ်စေ၏
နှုတ်ကိုမြိန်စေ၏သည်းခြေကိုပယ်
တတ်၏
ဦးနှောင့်ကိုကြည်လင်စေ၏
နှာစေးခြင်းအသည်းပူခြင်းကိုပျောက်ကင်းစေ၏
သွေးကိုစင်ကြယ်စေ၏မြင်းသရိုက်
ကျပ်တီးနာတို့ကိုအတွင်းဆေးအဖြစ်
ကျေးဇူးပြု့၏
မီးယပ်၍အဆိပ်နှင့်တူသောသွေးကို
ကျေစေ၏အဆိပ်သင့်သောအနာနှင့်သင့်၏
**ဟင်းနုနွယ်အနီ**
သလိပ်ထုတ်ဆောင်ခြင်း အနာအသားနုတက်စေခြင်း ဥတုသွေး
မှန်ကန်စေခြင်း အန်ခြင်းပြည်ကိုတား
မြစ်ခြင်း အဖျားသည်းခြေဖေါက်ပြန်ခြင်း
သွားကိုက်ခြင်း ကိုယ်ပူညိမ်းခြင်း
သည်းခြေဖေါက်ပြန်ခြင်း တို့ကိုအကျိုး
ပြု့၏
***ဟင်းနုနွယ်ဆူးပေါက်***

ကျေညက်လွယ်၏ နို့ရည်ပွားစေ၏
သားအိမ်ကိုအစွမ်းသတ္တိပေး၏
အဆိပ်ကိုပယ်တတ်၏ ဆီးကိုရွှင်စေ၏
သားအိမ်၍ဖြစ်သောနာကျင်ကိုက်ခဲ
ခြင်းတို့ကိုပျောက်၏
အသားမာကိုပျောက်စေ၏
***ဂရင်ဂျီနာ***
ဟင်းနုနွယ်ပဉ္စငါးပါးကိုကျက်ကျက်
ပြုတ်ပြီး မဖောက်ထုံးသင့်ရုံထည့်၍ ကုလားထိုင်ဖင်အောက်က ယင်းပြုတ်
ရည်အိုးကိုစွတ်ထားပြီး တနေ့တကြိမ်
ထိုင်ပေးပါ သုံးရက်နှင့်ရောဂါပျောက်၏
မုချပျောက်သော လက်တွေ့ကုထုံးဖြစ်သည်ထိုကုထုံးဖြင့်ကုသပြီးနောက်
ခရမ်းသီးကြက်သားအမဲသားစသည်
တို့အားလူနာအားကျွေးကြည့်ပါ
အနာမန်းကျန်လျှင်ယားယံလာမည်
ပျောက်လျှင် လုံးဝမယားတော့ပါ
ဟင်းနုနွယ်ဆူးပေါက် လယ်ကန်စွန်း
မြင်းခွာ ယင်းသုံးမျိုးကိုရုက္ခ မူဆား
ချက်၍ ရှောက်ရည် သံပုရာရည်နှင့်
တွဲတိုက်ပါ (လေရောဂါပျောက်၏)
ဟင်းနုနွယ်နှင့်ထန်းနို့ပြာကိုထန်း
လျက်နှင့်အညက်ကြိတ်၍ဇီးသီးခန့်
ကျွေးလျှင်ကြက်ညှာရောဂါပျောက်၏
ဟင်းနုနွယ်ဆူးပေါက်တပင်လုံးကိုခုတ်
နေလှန်းပြာချအရည်စစ်၍ဆားချက်ပါ
ယင်း( ဟင်းနုနွယ်ဆား)ကိုရေချိုးမှား
အပူငန်းဖျားတို့ကိုကွမ်းရွက်ပြုတ်ရည်
ပူပူနှင့်တိုက်ပါ
အဆိပ်ရှိကောင်ကိုက်ပါကအနာလည်းသိပ်သောက်လဲသောက်ပါစုတ်ဖြင့်လဲ
ပေါက်နိုင်၏
လေရောဂါအစာမကြေရင်ပြည့်ရင်
ကယ်ဖြစ်လျှင်ဆေးတရွေးခန့်ကို
ရှောက်ရည်နှင့်တိုက်ပါ
လျှင်စွာပျောက်၏
(ကျောက်တည)်ရောဂါများကိုလဲ၍ဆားတိုက်ခြင်းဖြင့်ရောဂါပျောက်ကင်းပါ၏
ဟင်းနုနွယ်ဆူးပေါက် မြစ်ရှားစေးမီး
ဖုတ်အမှုန့်ကြိတ်၍ညဥ့်မနက်ကွမ်းသီး
လုံးခန့်စားပါက(အဖျားဆိုး)ပျောက်၏
မှတ်ချက်
စလေဆရာကြီးဦးကံမင်း
တိုင်းရင်းမြန်မာဆေးမြီးတိုများမှ
ဖော်ပြပါသည်
မျှဝေသူ
ပန်းပန်ချီ်
ု==========×==========×==========
ဂရင်ဂျီနာ လိပ်ခေါင်းအတွက်သဘာဝ ဆေးတစ်လက်
အဲဒီအနာတွေဟာ အပူအပုပ်ကြောင့် ပေါက်တာ၊ ပေါက်လိုက်ရင်လဲ ချက်ကောင်းချည်းပဲ။
ငါတော့ ပထမဆုံး လက်ပံဆူးနဲ့ စမ်းတယ်။
လက်ပံဆူးကို အစိုအတိုင်း ဖြတ်၊ အစီးတွေ အဖြူရောင် ထွက်တယ်။
အဲဒီ အဖြူရောင် အစီး (အစေး)နဲ့ အနာပေါ် လိမ်းပေး၊
လက်ပံဆူး ခြောက်သွားရင်လဲ ကျောက်ပျဉ်ပေါ်မှာ ရေနည်းနည်း
ဆွတ်ပြီး သွေး၊ အဲဒီအရည်ကို ဆွတ်ပေး၊ လူးပေး၊
တနေ့ သုံးခါလောက် ပျစ်ပျစ်လူးပေး၊ သက်သာသွားမယ်။
ဒီထက်ကောင်းတဲ့နည်း ရှိသေးတယ်။
ရှားစောင်းလက်ပပ် အလက်ထဲက အရောင်အဆင်းမဲ့ တုံတုံတုံတုံနဲ့ အစေး၊
အဲဒါသာ အနာပေါ်လူးပေး၊ ဂရင်ဂျီနာ မပြောနဲ့ လိပ်ခေါင်းတောင် သက်သာပျောက်ကင်းတယ်။
ရှားစောင်းလက်ပပ် အနှစ်ကို လိပ်ခေါင်းမှာ ပွတ်၊ တဖြည်းဖြည်း ပြန်သွင်း၊ ဝင်တယ်ဗျာ၊
နောက်တော့ စအိုထဲကို ရှာစောင်းလက်ပပ်အနှစ်ထည့်၊ အပြင်က တိပ်နဲ့ ပိတ်ထား၊ (အဲ ဝမ်းသွားပြီးမှ လုပ်နော်၊) သက်သာပျောက်ကင်းတယ်ဗျ။
အပူအစပ်နဲ့ အညောင်းထိုင်တာ ရှောင်၊ ရေများများ သောက်၊ လမ်းလျှောက်ပေးဗျာ။
အန္တရာယ် မရှိပါဘူး၊ ရောဂါရှင်များ လက်တွေ့စမ်းကြည့်ပါ။
Credit to ကျော်ကြီး(လှည်းကူး)
==========×==========×==========
လိပ်ခေါင်းအပြင်အနည်းငယ်ထွက်နေတာ ဘာလိမ်းရမလဲမေးသူအတွက်
ကျားမနိုင်(နွယ်)သွေးလိမ်းပါ။ အအေးလိုင်းဖြစ်ပါသည်။မပူမစပ်ပါ။ ရွှေစာရံဘုရားပွဲတွင်ရောင်းပါသည်။
ပရဆေးဆိုင်များတွင်လည်းမှာလျှင်ရပါသည် ။ ဝက်ခြံဖုထွက်လျှင်လည်းလိမ်းပါ။နုလျှင်ပျောက်။ရင့်လျှင်ပေါက်ပါသည်။
လိပ်ခေါင်း။ဂရင်ဂျီနာ။ ပြင်ပမှသွေးလိမ်းပေးရုံသာ။
ရေနွေးတွင်..၀မ်နုတ်သည့်ဆားခါးထည့်ဖျော်ပါ။အင်တုံသို့မဟုတ်ပလပ်စတစ်ဇလုံ..ဖင်ထိုင်နိုင်သည့်အရွယ်ဝယ်ပြီးဖန်ထိုင်ပေးလျှင်လိပ်ခေါင်းပြန်ဝင်ပါသည်။ မ၀င်ပဲကျန်နေသည့်အသားပိုကို..ကျားမနိုင်သွေးလိမ်းပါ။လက်တွေ့ပျောက်ကင်းသူများစွာရှိပါသည်။
ဆရာကြည်လွင်မြင့် မုဒြာ
==========×=========×=========
ပညာရှင်များ စေတနာရှင်များ ဝါသနာရှင်များအား
လေးစားသောအားဖြင့် မိမိနာမည် မယူကြစေလိုပါ။
စေတနာရှင်များ၏ နာမည်သာပေါ်လွင်ခြင်းဖြင့် copy right ကိုလေးစားပါ။
copy & paste လုပ်ကြပါ။

No comments:

Post a Comment