Saturday, November 19, 2016

ဆီးဖြူသီး၏ ကောင်းကျိုးများ
ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့
သဘာဝ အသီးအနှံဖြစ်ပါတယ်။
- အသဲနဲ့ဆိုင်သော ရောဂါဝေဒနာများကို သက်သာပျောက်ကင်းစေပါတယ်။
- သွေးအတွင်း အဆိပ်အတောက်တွေနဲ့၊ ဗိုင်းရပ်ပိုး၊ ဗက်တီးရီးယားနဲ့ အဏုဇီဝ ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
- သွေးအားကောင်းစေတဲ့ ဟေမိုဂလိုဗင်ဓာတ် ကြွယ်ဝအောင် ဖြစ်စေတာမို့ အမောခံနိုင်ပြီး အသားအရေ ကြည်လင်လှပစေနိုင်ပါတယ်။
- ဆီးဖြူသီးမှ ထုတ်ထားတဲ့ အရည်နဲ့ ပလုတ်ကျင်းရင် ခံတွင်းအနံ့ဆိုးများကို ကင်းစင်စေပြီး ခံတွင်း သန့်ရှင်းစေနိုင်သည့်အပြင် သွားဖုံးသွေးယိုခြင်းကိုလည်း ဗိုက်တာမင် C နဲ့ ကယ်စီယမ်ဓာတ်တို့ပါဝင်တာကြောင့် ပျောက်ကင်းအောင် ကူညီပေးပါတယ်။
- ကိုယ်လက်စထရောကိုလည်း လျော့နည်းစေပြီး နှလုံးကြွက်သားများကိုလည်း သန်မာစေပါတယ်။
- ဆီးဖြူသီး တစ်ညစိမ်ထားတဲ့ ရေသန့် အကြည်နဲ့ မျက်လုံးဆေးရင် မျက်စိယားယံတာကို သက်သာပြီး အမြင်အာရုံကို ကောင်းမွန်စေနိုင်ပါတယ်။
- ငှက်ပျောသီးမှည့်နဲ့ ဆီးဖြူသီး အရည်ကို တစ်ရက်အတွင်း (၃) ကြိမ်လောက် သောက်သုံးပါက ဓမ္မတာသွေးလွန်ခြင်းကို သက်သာစေနိုင်ပါတယ်။
- ဆီးဖြူသီးဟာ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးတဲ့ သတ္တရှိတဲ့အတွက် ဆီးချိုးရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
Credit to Good Health

No comments:

Post a Comment