Friday, December 30, 2016

နေ့စဉ်သတင်းထူးများ
June 20 ·
နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါ
( ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေး နဲ့ပက်သက်တဲ့
ဆောင်းပါးလေးပါ။)
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ
နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။
တရုတ်လူမျိုး နဲ့ ဂျပန်လူမျိုးတွေဟာ ထမင်းစားနေစဉ်မှာ ရေနွေးသောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ခုချိန်မှာ တော့ သူတို့ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့ အထကိုရတီတို့တွေပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။
ခုဆောင်းပါးလေး က တော့ ထမင်းစားပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက်တော့ သက်ရောက်မှု ရှိပါတယ်။ တကယ်တော့ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော်လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ က နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့ အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့အဖတ်တွေကလဲ အက်စစ် အဖြစ် တုံ့ပြန်ပြီးတော့ အဲဒါတွေ ကို ဖြိုခွဲပြီးတော့ အူနံရံတွေကနေပြီး အခဲအစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲဒါ တွေ ဟာအူထဲ မှာ သွားပြီးတော့ စီတန်းနေပါပြီ ။ မကြာခင်ပဲ အဲဒါ တွေဟာ
အဆီခဲ အဖြစ်ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါကို ဖြစ်စေ ဖို့ ဦးတည်နိုင်ပါတယ်။
အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ်
ရေနွေးဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။ ( အရေးကြီးတဲ့ နှလုံးခုန် ရုတ်တရက်
ရပ်တာမျိုး) သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့်တဲ့ လက္ခဏာတွေ
အားလုံးမှာဘယ်ဖက်လက်မောင်းကိုက် ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက်
နာကျင်လာခြင်းဟာလဲ သတိထားသင့်ပါတယ်။)
(နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာတော့ သင်ဟာ ဘယ်တော့မှ ပထမရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ ဖျားနာခြင်းနဲ့
ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံး လက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော
နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည်
နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု က သင့် ကိုနိုးထအောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့တစ်တွေ ဂရုပြုပြီး တော့ သတိထားရမှာပါ။အဲတာက ရတီတို့ ဆက်လက် အသက်ရှင်ရပ်တည်ဖို့အခွင့်အရေးကောင်းဖြစ်ပါတယ်။
( နှလုံးရောဂါအထူးကု တစ်ယောက် က ပြောတာ က ဒီစာ ကိုဖတ်မိသူတစ်ယောက် က နေ ပြီးတော့နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့မယ်ဆိုယင် သင် နဲ့ ကျွန်ုပ်တို့ ဟာ အနဲဆုံးအသက်တစ်ချောင်း ကို ကယ်ဆယ်နိုင်မယ်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကို
ဖတ်ပါ။ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီကို ပို့ပေးလိုက်ပါ။ ဒီလိုလုပ်ခြင်းဟာ
အသက်တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေကောင်း အဖြစ်
နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေး နဲ့အတူ ဂရုတစိုက်ရှိဖို့
ပေးပို့ ဖြစ်အောင်ပို့ပေး လိုက်ပါနော်..
ကြိုးစားပါဦးမည်
၇တီ

Wednesday, December 28, 2016

Hypertension (2) သွေးတိုးရောဂါ (၂)
High blood pressure သွေးဖိအားများနေတာကို Hypertension သွေးတိုးရောဂါလို့ခေါ်တယ်။ နှလုံးကနေ တကိုယ်လုံးကို စီးလျှောက်နေတဲ့သွေးတွေက သွေးကြောနံရံပေါ်ကို ဘယ်လောက်ဖိအားနဲ့ သက်ရောက်နေသလဲကို တိတိကျကျ တိုင်းတာတဲ့ ကိန်းဂဏန်းဖြစ်တယ်။ ဒီဖိအားများနေတာက စဉ်တိုက်ဆက်တိုက်လို ဖြစ်နေတာမို့ ကြာလာတာနဲ့ သွေးကြောတွေတွေကို ပျက်စီးစေရုံသာမကဘဲ နှလုံးမှာပါရောဂါရလာစေနိုင်တယ်။ သွေးဖိအားကို ထိန်းမထားနိုင်ရင် တချိန်မှာ နှလုံးရောဂါ၊ ဦးနှောက်-သွေးကြောရောဂါနဲ့ ကျောက်ကပ်ရောဂါ တမျိုးမျိုးရလာစေနိုင်တယ်။
• သွေးတိုးလက္ခဏာတွေ
များသောအားဖြင့် ဘာမှမခံစားရသလိုနေပြီး ရုတ်တရက် အသက်ကို ရန်ရှာနိုင်တဲ့ အပြင်းအထန်ရောဂါရတတ်လို့ တိတ်တဆိတ် လူသတ်သမားလို့ တင်စားလေ့ရှိတယ်။ အဲလိုလူမျိုး ၅ ယောက်မှာ ၁ ယောက်ရှိတယ်။ အပြင်မှာ ဘာမှမဖြစ်သလိုနေပေမဲ့ ကိုယ်တွင်းထဲမှာတော့ နှလုံး၊ အဆုပ်၊ ဦးနှောက်နဲ့ ကျောက်ကပ်တွေကို ထိခိုက်နေတယ်။
• ဘာလို့ သွေးတိုးရတာလဲ
ဝေဒနာသည်အများစုမှာ ဘာလို့ သွေးတိုးလာဖြစ်သလဲ ဆရာဝန်တွေက အကြောင်းရှာမရကြဘူး။ လူကြီးတယောက်ရဲ့ ပုံမှန်သွေးဖိအားဟာ 120/80 ထက်မများရဘူး။ အထက်ဂဏန်းလို့ခေါ်တာက နှလုံးကနေ ညှစ်နေချိန်မှာ ရှိတာဖြစ်တယ်။ အောက်ဂဏန်းဆိုတာက နှလုံးက တခါနဲ့တခါကြား နားနေချိန်မှာရှိတာ ဖြစ်တယ်။ အကြောင်းရှာရတာတွေထဲမှာ ကျောက်ကပ်နဲ့ သူ့အထက်နားကအင်္ဂါမှာ ရောဂါတွေပါတယ်။
• သွေးတိုးရှိနိုင်နေပြီဆိုတာ
လူဦးရေရဲ့ ၄ ပုံ ၁ ပုံမှာ သတိပေးချက်အဆင့် ရှိနေတယ်လို့ပြောရင် ခြောက်ပြောတာမဟုတ်ပါ။ အထက်ဂဏန်း 120 နဲ့ 139 ကြား၊ အောက်ဂဏန်း 80 နဲ့ 89 ကြား ရှိနေသူတွေပါတယ်။ ဒီလိုလူတွေက သာမန် သွေးဖိအား ရှိနေသူတွေထက် နှလုံးရောဂါရလမ်း ၂ ဆ ပိုတယ်။ ဆရာဝန်ဆီလာရင် လူနေမှုပုံစံ ပြောင်းပါလို့ အကြံပေးပါတယ်။
• အန္တရာယ်နယ်မြေ
သွေးဖိအား 140/90 နဲ့အထက်ရှိနေပမဲ့ လက္ခဏာတွေ မခံစားရတာ ရှိနိုင်တယ်။ 180/110 ဆိုရင်တော့ စိုးရိမ်အမှတ် ရောက်နေပြီ။ ခဏလေး ကိုယ်ရောစိတ်ပါ နားလိုက်ပါ။ သွေးဖိအားပြန်တိုင်းပါ။ ဒိထက်မကျရင် အရေးပေါ်ဌာန အမြန် ကြွပါ။ ဦးနှောက်ထိခိုက်တာ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ သတိလစ်တာတွေ ဖြစ်လာနိုင်စရာရှိနေပြီ။ ခေါင်းတအားကိုက်မယ်၊ စိုးရိမ်စိတ်ကဲနေမယ်၊ နှာခေါင်းသွေးယိုမယ်၊ အသက်ရှူမဝဖြစ်မယ်။
• ဘယ်လိုလူတွေမှာ လာဖြစ်သလဲ
အသက် ၄၅ နှစ်အထိ ယောက်ျားတွေက မိန်းမတွေထက် ပိုဖြစ်နိုင်တယ်။ ဒိထက်ကြီးရင် အတူတူဖြစ်ကြတယ်။ မိန်းမတွေက အသက် ၆၅ နှစ်ကျော်လာရင် ပိုဖြစ်တယ်။ မိသားစုထဲမှာ တယောက်ဖြစ်ရင် နောက်လူလဲ ဖြစ်တတ်တယ်။ အားလုံးတော့ မဟုတ်ပါ။ ဆီးချိုရှိနေသူထဲက ၆ဝ% မှာ သွေးတိုးလဲတွဲရှိနေတယ်။
• ဆားနဲ့ သွေးတိုး အမျိုးတော်တယ်
လူတွေ၊ တိရစ္ဆာန်တွေ ဆားမရှိရင် အသက်မရှင်နိုင်ဘူး။ ဒါပေမဲ့ သွေးတိုးနဲ့မတည့်ပါ။ ဆားထဲမှာ အများဆုံး ပါနေတာက (ဆိုဒီယမ်) ဖြစ်တယ်။ ဒီဓါတ်ကနေ သွေးဖိအားတက်စေတာသေချာတယ်။ (ဆဲလ်) တွေထဲ ရေပိုအောင်းစေလို့ ကိုယ်ရောင်မယ်။ လူတယောက် တနေ့မှာ (ဆိုဒီယမ်) 1,500 milligrams ထက် များအစားဘို့ဖြစ်တယ်။ သိတဲ့အတိုင်း သူတို့က အာရှသားတွေထက် လူကောင်ကြီးသေးတော့ ကျွန်တော်တို့က ပိုနည်းသင့်သေးတယ်။ အလွယ်ဝယ်စားလို့ရတာတွေ၊ ပြုပြင်စီမံထားတဲ့ အစာတွေကနေ လိုအပ်ချက်ထဲက ၇၅% ရနေတာ သတိထားပါ။
• သွေးတိုးများတာနဲ့ စိတ်ဖိအား
စိတ်ဖိအားများရင် သွေးတိုးများတယ်။ ဘာလို့လဲတော့ အဆက်အစပ်မပြနိုင်သေးဘူး။ ဒါပေမဲ့ စိတ်ဖိစီးမှုများသူတွေဟာ နှလုံးရောဂါရလမ်းလဲ များတယ်။ ဒီလိုလူတွေက အစားကောင်းကောင်းမစား၊ အရက်သောက်၊ ဆေးလိပ်သောက်တာတွေလဲ လုပ်ကြတော့ ဆက်စပ်နေတယ်။
• သွေးချိန်နဲ့ ကိုယ်အလေးချိန်
ဝတဲ့သူတွေဟာ သူတို့နှလုံးအပေါ်ဖိအား များနေစေလို့ သွေးတိုးဖြစ်ဘို့ များတယ်။ ဒါကြောင့် အစားအသောက်မှာ ဆား လျှော့စားဘို့နဲ့အတူ ကိုယ်အလေးချိန်ချဘို့၊ (ကလိုရီ) ချဘို့ လိုအပ်တယ်။ အဆီလဲလျှော့၊ သကြားလဲ နည်းစေရတယ်။ အသီးအနှံတွေ၊ အသီးအရွက်တွေကို ပိုစားသင့်တယ်။ အဆီလွတ်အသားနဲ့ (ဖိုင်ဘာ) များအစားတွေကို အစားခိုင်းတယ်။ အလေးချိန် ၁ဝ ပေါင်ကျတာနဲ့ အန္တရာယ်ကိုနည်းစေတယ်။
• သွေးတိုးနဲ့ အရက်
အရက်များရင် သွေးတိုးများစေတယ်။ အမေရိကန်နှလုံးအသင်းရဲ့ လမ်းညွှန်ချက်မှာ အရက်ကို လူတိုင်းလိုလို သောက်နေတဲ့နိုင်ငံမို့ အမျိုးသားတိုင်း ၂ ခါသောက်၊ နဲ့ အမျိုးသမီးတိုင်း ၁ ခါသောက်ထက် မပိုဘို့ပါနေတယ်။ ၁ ခါ သောက်ဆိုတာ ဘီယာ ၁၂ အောင်စ၊ ဝိုင် ၄ အောင်စ၊ အရက် (80-Proof) ၁ အောင်စခွဲနဲ့ အရက် (100-Proof) ၁ အောင်စကို ပြောတာဖြစ်တယ်။
• သွေးတိုးနဲ့ (ကေဖင်း)
(ကေဖင်း) ပါတဲ့ ကော်ဖီ စတာတွေ သောက်ရင် လူက တမျိုးတမည်ဖြစ်သလို သွေးတိုးကိုလဲ တက်စေတယ်။ ယာယီ သဘောတော့ ဖြစ်တယ်။ တနေ့ ၁ ခွက်၊ ၂ ခွက် သတ်မှတ်တယ်။
• သွေးတိုးနဲ့ ကိုယ်ဝန်
ကိုယ်ဝန်ဆောင်လို့ သွေးတိုးတယ်ဆိုတာ ဖြစ်တတ်တယ်။ ကိုယ်ဝန် နောက်ပိုင်းမှာ အဖြစ်များတယ်။ ဆေးကုသမှု မလုပ်ရင် ဆိုးဝါးတာတွေ ဆက်ဖြစ်လာနိုင်တယ်။ ဥပမာ PET ကိုယ်ဝန်ဆောင်သွေးဆိပ်တက်ခြင်းမဖြစ်မီအဆင့်) ကနေ မိခင်ရော ကလေးပါ ဆိုးဝါးတာတွေဖြစ်လောစေနိုင်တယ်။ ဒီလိုဖြစ်သူတွေ ကလေးမွေးပြီး ပြန်ကောင်းပါတယ်။
• သွေးတိုးနဲ့ ဆေးဝါးတွေ
အအေးမိဆေးတွေထဲမှာ Decongestants အမျိုးအစားဆေးတွေ ပါနေတယ်။ ဒီဆေးက သွေးတက်စေနိုင်တယ်။ တခြားဆေးတွေကတော့ အကိုက်အခဲပျောက်ဆေးတွေ၊ (စတီရွိုက်) ဆေး၊ ပိန်ဆေး၊ ကိုယ်ဝန်တားဆေးနဲ့ စိတ်ကျဆေးတွေ ဖြစ်တယ်။
• ကော်လာဖြူသွေးတိုး
အလုပ်လုပ်တဲ့နေရာ၊ ရုံးတွေမှာ သွေးချိန်တိုင်းရင် အိမ်မှာနေရင်း တိုင်းတာထက် တက်နေတတ်တယ်။ လူနာတွေလဲ ဆေးခန်းလာဘူးကာစ၊ ဆေးခန်းသစ်လာစ၊ ဆရာဝန်-ဆရာမအသစ်နဲ့ ဆေးစစ်ကာစ အချိန်တွေမှာ သွေးချိန် နည်းနည်း ပိုတက်နေတတ်တယ်။ ဒါကြောင့် အိမ်မှာ အေးအေးဆေးဆေး တိုင်းတာတာက ပိုသေချာတဲ့ဂဏန်းကို ရစေနိုင်တယ်။ ဒါပေမဲ့ လူတိုင်းက အိမ်မှာချည်း အမြဲနေကြတာ မဟုတ်ပါ။ အပြင်နေရလို့ သွေးချိန်တက်တာလဲ သူ့သွေးချိန်ဘဲဖြစ်တယ်။
• သွေးတိုးနဲ့ ကလေး
သွေးတိုးဟာ လူကြီးရောဂါ မှန်တယ်။ ကလေးတွေလဲ မဖြစ်ဘူး မပြောနိုင်ပါ။ ကလေး ဝနေမယ်၊ မိဘတွေမှာ သွေးတိုး ရှိနေမယ်ဆိုရင် ကလေးလည်း သွေးတက်နေနိုင်တယ်။ ကလေးရဲ့ အသက်၊ အရပ်၊ ကျား-မ မတူရင် သွေးချိန်မတူဘူး။
• သွေးတိုးကို ဘယ်လိုကုသလဲ
အစားအသောက် ရွေးစားတာကြောင့် သွေတိုးကျစေတယ်။ DASH ဆိုတာ Dietary Approaches to Stop Hypertension ကို အတိုကောက်ရေးတာပါ။ အသီးတွေ၊ ဟင်းသီး-ဟင်းရွက်တွေ၊ ဖြူနေအောင်ချွတ်မထားတဲ့အဆံတွေ၊ အဆီလွတ်နို့၊ ငါး၊ ကြက်သား၊ အစေ့အဆံတွေကိုစားခိုင်းတာဖြစ်တယ်။ အမဲသား-ဆိတ်သား၊ အဆီ၊ အချိုတွေ လျှော့စားစေတယ်။ (ဆိုဒီယမ်) နည်းလေ ကောင်းလေဖြစ်တယ်။
• ကိုယ်လက်လေ့ကျင့်ခန်း
ပုံမှန်လေ့ကျင့်ခန်းလုပ်တာ သွေးတိုးအတွက်လဲ သက်သာစေတယ်။ ၇ ရက်တပါတ်မှာ မပြင်းထန်တဲ့ လေ့ကျင့်ခန်း မိနစ် ၁၅ဝ လုပ်သင့်တယ်။ ဥယျာဉ်လုပ်တာ၊ လမ်းတိုလျှောက်တာ၊ စက်ဘီးစီးတာ၊ (အေရိုးဘစ်) လုပ်တာတွေလဲ ပါတယ်။ ကြွက်သား ဆန့်တန်းတာကိုလဲ တပါတ်မှာ ၂ ခါလုပ်သင့်တယ်။
• Diuretics ဆီးသွားစေတဲ့ဆေး
သတိပေးချင်တာက ဆီးဆေးဆိုတာ မတူတဲ့ ၂ မျိုး မရောစေချင်ဘူး။ ဆီးကို အတင်းသွားခိုင်းတဲ့ဆေး နဲ့ ဆီးအောင့်လို့ သောက်ရတာ မတူပါ။ သွေးတိုးမှာ ဆီးကို တမင်တကာ သွားစေအောင် လုပ်ရတယ်။ သွေးကျတာမြန်လို့ ပဌမတန်းစားဆေး အနေနဲ့ သုံးလေ့ရှိတယ်။ ဆီးသွားရင် ကိုယ်ထဲကနေ ရေရော၊ ဆားရောထွက်ကုန်စေတယ်။ သတိထားစရာက တချို့ ဆီးဆေးတွေက ပိုတက်ဆီယမ်နည်းစေနိုင်လို့ ကြွက်သားနာတာ၊ အားယုတ်တာတွေ ဖြစ်စေနိုင်တယ်။ တချို့ဆီးဆေးက ဆီးချိုတက်စေတတ်တယ်။ တချို့မှာ ယောက်ျားလိင်အရေး နည်းစေနိုင်တယ်။
• Beta-blockers (ဘီတာ-ဘလော့ကာ) ဆေး
ဒီဆေးမျိုးက နှလုံးခုန်တာနှေးစေတယ်။ တခြားနှလုံးရောဂါအတွက်လဲ သုံးတယ်။ ဥပမာ Arrhythmia ရောဂါ။ ဒီဆေးမျိုးက အိပ်မပျော်တာ၊ ခေါင်းမူးတာ၊ အားယုတ်တာ၊ ခြေ-လက်အေးစက်တာနဲ့ ယောက်ျား လိင်အားနည်းတာတွေ ဖြစ်စေနိုင်တယ်။
• ACE Inhibitors (အေ-ဟီ-အီး အင်န်ဟဘစ်တာ) ဆေး
သွေးကြောတွေကို ကျုံ့စေ-ကျဉ်းစေတဲ့ ကိုယ်ကနေထွက်တဲ့ Angiotensin II ဓါတ်ကို ဆန့်ကျင်တယ်။ ဒီဆေးမျိုးက ချောင်းခြောက်ဆိုးတာ၊ အရေပြားအနီစက်ထွက်တာ၊ ခေါင်းမူးတာ၊ (ပိုတက်ဆီယမ်) များတာတွေ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မပေးသင့်ဘူး။
• ARBs (အေ-အာရ်-ဘီ) ဆေး
ဒီဆေးမျိုးက သွေးကြောတွေကို ကျုံ့စေ-ကျဉ်းစေတဲ့ Angiotensin II ဓါတ်ကို ကိုယ်ကနေထွက်တာကို နည်းစေတယ်။ ဆေးသတ္တိပြဘို့ အချိန်စောင့်ရတယ်။ ခေါင်းမူးတာ၊ ကြွက်သားနာတာ၊ အိပ်မပျော်တာ၊ (ပိုတက်ဆီယမ်) များတာတွေ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မပေးသင့်ဘူး။
• Calcium Channel Blockers (ကယ်လ်စီယမ်-ချင်နယ်လ် ဘလော့ကာ) ဆေး ဒီဆေးမျိုးကနေ နှလုံးနဲ့ သွေးကြော (ဆဲလ်) တွေထဲကို (ကယ်လ်စီယမ်) ဓါတ်ဆား ဝင်တာကိုနှေးစေမယ်။ (ကယ်လ်စီယမ်) ဓါတ်က နှလုံးကိုပိုညှစ်စေပြီး သွေးကြောကိုကျယ်စေတယ်။ ခေါင်းမူးတာ၊ ရင်တုန်တာ၊ ခြေထောက်ရောင်တာ၊ ဝမ်းချုပ်တာတွေ ဖြစ်စေနိုင်တယ်။ အစာနဲ့ သောက်ရတယ်။ အရက်၊ စပျစ်ဖျော်ရည်တွေနဲ့ တွဲမသောက်သင့်ဘူး။
• တခြားဆေးကျဆေးတွေ
Vasodilators, Alpha blockers, Central agonists အမျိုးအစားဆေးတွေကိုလဲ သုံးတယ်။ ခေါင်းမူးတာ၊ ရင်ခုန်-ရင်တုန်တာ၊ ခေါင်းကိုက်တာ၊ ဝမ်းလျှောတာတွေ ဖြစ်စေနိုင်တယ်။
• အထောက်အကူပြုကုသနည်းတွေ
တရားထိုင်တာ၊ ယောဂလုပ်တာ၊ အသက်ပြင်းပြင်းရှူတာတွေက သွေးတိုးကျဘို့ အထောက်အကူရစေနိုင်တယ်။ တိုင်းရင်းဆေးတချို့က သွေးတိုးကိုပိုတိုးစေတယ်။
• သွေးတိုးနဲ့ ဘယ်လိုစခန်းသွားမလဲ
သွေးတိုးကို ပျောက်သွာအောင် ဆရာဝန်တွေ မစွမ်းသေးပါ။ တသက်တာသွေးတိုးကို ထိန်းနေတတ်အောင် လုပ်နေနိုင်ရင် အသက်တမ်းစေ့ နေနိုင်ပါမယ်။ လူဆိုတာ ရသာ ၆ ပါးကို အာရုံထားကြတယ်။ ရှောင်ရမှာက ငန်တာတပါးတည်းပါ။ ကျန် ၅ ပါး အားကိုးရတာ မနည်းပါ။
Dr. တင့်ဆွေ
Hypertension (1) သွေးတိုးရောဂါ (၁)
သမီးအမေရဲ့အသက်က ၄၃ နှစ်ပါ။ သွေးတိုးလည်း နည်းနည်းရှိပါတယ်။ သွေးတိုးအတွက် ဆေးစွဲသောက်တာတော့မရှိပါဘူးရှင့်။ ဟိုတစ်လောက ခေါင်းကိုက်လို့ ဆရာဝန်နဲ့ပြကြည့်တော့ ၁၇၀/၁၄၀ ဖြစ်နေပါတယ်။ ဆရာဝန်ကတော့ သွေးတိုးနေတယ်လို့ ပြောပါတယ်။ နောက်ပိုင်းတော့အစားပဲရှောင်ပါတယ်ရှင့်။ မေးခွန်းမေးတာ အမှားပါခဲ့ရင် ခွင့်လွှတ်နားလည် ပေးပါရှင့်။
တကမ္ဘာလုံးမှာ သွေးတိုးရှိနေသူ သန်းတထောင်လောက်ရှိနိုင်တယ်။ သွေးလွှတ်ကြောထဲမှာ ဖိအားတွေ များနေတာကို ခေါ်ပါတယ်။ သွေးဖိအားအဖြေမှာ အထက်ဂဏန်းနဲ့ အောက်ဂဏန်းဆိုပြီးရှိတယ်။ အထက်ဂဏန်းဆိုတာ နှလုံးက သွေးတွေကို ညှစ်ထုတ်လိုက်ချိန်မှာ ရှိနေတဲ့ သွေးလွှတ်ကြောထဲရှိတဲ့ ဖိအားဖြစ်ပြီး၊ အောက်ဂဏန်းကတော့ သာမန်အချိန်မှာရှိနေတဲ့ ဖိအားဖြစ်တယ်။ သွေးဖိအားကို ၅ မိနစ်ခြား ၂ ခါတိုင်းတာ ကောင်းတယ်။
• ပုံမှန် = အပေါ်ဂဏန်း ၁၂ဝ နဲ့အောက်၊ အောက်ဂဏန်း ၈ဝ နဲ့အောက်၊
• သွေးတိုး ရှိချင်သလို အဆင့် = အပေါ်ဂဏန်း ၁၂ဝ-၁၃၉၊ အောက်ဂဏန်း ၈ဝ-၈၉၊
• သွေးတိုး အဆင့် (၁) = အပေါ်ဂဏန်း ၁၄ဝ-၁၅၉ အောက်၊ အောက်ဂဏန်း ၉ဝ-၉၉၊
• သွေးတိုး အဆင့် (၂) = အပေါ်ဂဏန်း ၁၆ဝ နဲ့အထက်၊ အောက်ဂဏန်း ၁ဝဝ နဲ့အထက်။
နှစ်မျိုးရှိပါတယ်။ ၉ဝ-၉၅% မှာ အကြောင်းရင်းတိတိကျကျမသိရဘဲဖြစ်တယ်။ နောက်အမျိုးအစားမှာတော့ ကျောက်ကပ်ရောဂါ၊ သွေးလွှတ်ကြောမကြီးရောဂါ၊ ကျောက်ကပ် အထက်မှာရှိတဲ့ (အဒြီနယ်လ်-ဂလင်း) ရောဂါတွေကြောင့် ဖြစ်ရတယ်။ အနာအကိုက်ပျောက်ဆေးနဲ့ စတီရွိုက်ဆေးတွေကြောင့်လဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင် ၁ဝ% မှာလဲ ဖြစ်တတ်တယ်။ အအိပ်ပျက်ရင်လည်း ဖြစ်တတ်တယ်။
ဘာလက္ခဏာမှမပြသူက ပိုများတယ်။ ခေါင်းမူး၊ ခေါင်းကိုက် မျက်စိဝါး၊ အန်တာဖြစ်နိုင်တယ်။ သွေးထဲမှာ Creatinine များနေတာကို စမ်းတွေ့ရမယ်။ ဆီးထဲမှာလဲ (ပရိုတင်း) ပါနေနိုင်တယ်။ အသက် ၄ဝ-၇ဝ နှစ်ကြား လူတွေ အထက်သွေး ၂ဝ တိုးတိုင်း၊ အောက်သွေး ၁ဝ တိုးတိုင်း နှလုံးသွေးကြောရောဂါဖြစ်စရာ ၂ ဆ တိုးလာတယ်။
နာတာရှည်သွေးတိုးဖြစ်လာရင်၊ သွေးလွှတ်ကြောလေးတွေရဲ့နံရံတွေ ထူပြီးမာလာမယ်၊ နှလုံးသွေးလွှတ်ကြောကျဉ်းလို့ နှလုံးသွေးကြောကျဉ်းပိတ်နိုင်တယ်၊ အဲလိုဖြစ်လို့ ရင်ပတ်အလွန်နာတာကို Heart attack ရတယ်လို့ခေါ်တယ်။ အလုပ်ပိုလုပ်ရလို့ နှလုံးကြီးလာမယ်။ Diastolic dysfunction, CHF, Cardiac arrhythmias နှလုံးရောဂါတခုခု ဖြစ်နိုင်တယ်၊ ၂၅% မှာ ECG နဲ့ သိနိုင်တဲ့ နှလုံးဘယ်ဘက်အောက်ခန်းကြီးတာ ဖြစ်တတ်တယ်။ ဦးနှောက်သွေးကြောကျဉ်း-ပိတ်-သွေးယိုလို့ ဦးနှောက် အလုပ်မလုပ်နိုင်တော့ဘဲ လေဖြတ်တာကို Stroke ရတယ်လို့ ခေါ်တယ်။ ၈၅% က သွေးလွှတ်ကြောလေးတွေ ကျဉ်းပြီးဖြစ်ရတယ်။ ၁၅%က သွေးယိုလို့ ဖြစ်ရတယ်။ မှတ်ဥာဏ်ချို့တဲ့မှုလဲ ဖြစ်နိုင်တယ်။ မျက်စိထဲက အရုပ်ထင်တဲ့နေရာ Retina သွားတဲ့သွေးလွှတ်ကြောတွေကို ထိခိုက်နိုင်တယ်။ ကျောက်ကပ်ရောဂါ ဝင်လာနိုင်တယ်။ ခြေဖျားလက်ဖျားသွေးမလျှောက်လို့ Gangrene အနာ ဖြစ်တတ်တယ်။
ပျောက်အောင်မလုပ်နိုင်သေးပါ။ သွေးတိုးရှိ-မရှိ စောစောစီးစီးသိရင် ကောင်းတယ်။ နောက်ဆက်ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်မယ်။ သွေးကျဆေးအမျိုးမျိုးရှိတယ်။ အလွန်အရေးပါတာ အစားအစာ၊ ဆေးလိပ်၊ အရက်၊ ကော်ဖီ၊ ဝတာတွေက ပိုဆိုးစေသည်။ လေ့ကျင့်ခန်းလုပ်ရင် သက်သာမယ်။
သွေးကျဆေးအမျိုးမျိုး
၁။ Diuretics ဆီးသွားစေတဲ့ဆေးအုပ်စု၊ Hydrochlorothiazide, Lasix, Torsemide, Triamterene, Hydrochlorothiazide, Metolazone
၂။ Beta-blockers (ဘီတာ-ဘလော့ကား) အုပ်စု၊ Atenolol, Propranolol, Metoprolol, Nadolol, Betaxolol, Acebutolol, Pindolol, Bisoprolol
၃။ ACE inhibitors (အေစီအီး-အင်ဟဘစ်တာ) အုပ်စု၊ Enalapril, Captopril, Lisinopril, Benazepril, Quinapril, Perindopril, Ramipril, Trandolapril, Fosinopril, Moexipril
၎။ Angiotensin receptor blocker (ARB) (အေအာရ်ဘီ) အုပ်စု၊ Losartan, Irbesartan, Valsartan, Candesartan, Olmesartan, Telmisartan, Eprosartan
၅။ Calcium channel blockers (CCBs) (စီစီဘီ) အုပ်စု၊ Amlodipine, Sustained release Nifedipine, Felodipine, Nisoldipine
၆။ Alpha-blockers (အာလ်ဖါ-ဘလော့ကား) အုပ်စု၊ Clonidine
အများအားဖြင့် ဆေး (၂) မျိုးတွဲပေးတယ်။
(က) Losartan Potassium 50 mg တနေ့ (၁) ကြိမ်စသောက်ပါ။ နောက်ပိုင်း (၁-၂ ပတ်နေရင်) Losartan 25 to 100 mg တနေ့ (၁) ကြိမ် (သို့) တဝက်ခွဲပြီး (၂) ကြိမ်သောက်ပါ။
(ခ) Hydrochlorothiazide 25 mg တနေ့ (၁) ကြိမ် မနက်စောစောသောက်ပါ။ ဆီးပိုသွားစေမယ်။ လိုအပ်ရင် 50 mg တနေ့ (၁) ကြိမ် (သို့) တဝက်ခွဲပြီး (၂) ကြိမ်သောက်ပါ။
ဆေးနာမည်ရင်းတွေဖြစ်တယ်။ ဆေးရောင်းနာမည်တွေက အမျိုးမျိုးရှိတယ်။ ဆေးစာရွက်ပါ နာမည်သေချာတိုက်ကြည့်ပါ။
သွေးကျဆေးတမျိုးမကရောပေးပါမယ်။ လိုလာရင် အတိုးအလျှော့နဲ့ ဆေးပြောင်းပေးမယ်။ နှလုံးမကောင်းရင်၊ ကျောက်ကပ်မကောင်းရင်၊ နှလုံးသွေးကြောကျဉ်းနေရင်၊ (ACE) inhibitors or (ARB) ဆေးတွေကို သုံးသင့်တယ်။ နှလုံးခုန်မြန်နေသူများနေသူတွေကို Beta-blockers ဆေးတွေကိုသုံးသင့်တယ်။ ကိုယ်ရောင်နေရင် Diuretics ဆီးသွားစေတဲ့ ဆေးတွေပါပေးရမယ်။ ကိုယ်ဝန်သွေးဆိပ်တက်ရောဂါ (PET) or Eclampsia ဖြစ်နေရင် Beta-blockers, Hydralazine, Labetalol, Alpha Methyldopa, Calcium Channel Blockers တွေပေးနိုင်တယ်။ ACE inhibitors, ARB drugs, Diuretics တွေကို မပေးရပါ။ သွေးတိုးများလွန်းနေရင် (ACE) inhibitors, (ARB), Beta-blockers, Diuretic, Calcium Channel Blockers, Alpha-blockers, Clonidine, Minoxidil, Vasopeptidase blocker တွေကိုပေးနိုင်တယ်။ အရေးပေါ်အခြေအနေမှာ Sodium Nitroprusside နဲ့ Labetalol ထိုးဆေးထိုးပေးနိုင်တယ်။
သွေးတိုးနဲ့ အစားအစာ
အစားမတော်တလုပ်ဆိုတာ ဒီနေရာမှာလဲမှန်တယ်။ (DASH) ဆိုတဲ့နည်းကို အမေရိကန်ဆရာဝန်တွေက ညွှန်းတယ်။ ဆန်-ဂျုံ-ပြောင်း-ပြောင်းဖူး-ဘာလီ-ရိုင်းစပါး-အုတ်စပါးစတဲ့ အနှံတွေကို ဖွေးဖြူသွားတဲ့အထိ မဖွပ်သေးဘဲစားသုံးတာ ပိုကောင်းတယ်။ ကြက်သား၊ ငါးနဲ့ အစေ့အဆံတွေကို အစားခိုင်းပြီး၊ အဆီ၊ အမဲသား-ဝက်သား-ဆိတ်သား၊ အချိုတွေနဲ့ သကြားပါသောက်စရာတွေကို လျှော့စေတယ်။ လူအများစားသုံးကြတဲ့ ကြံကထုတ်တဲ့ Sucrose သကြားမျိုးက သွေးတိုးစေတယ်။ (ဖိုင်ဘာ) ခေါ်တဲ့ အမျှဉ်ပါတဲ့အစာတွေကို ညွှန်းတယ်။ ဆားစားရင် သွေးတိုးများတယ်။ ဆားဆိုတာ (ဆိုဒီယမ်) ဖြစ်တယ်။ ဆားစားများတဲ့ လူမျိုးတွေမှာ သွေးတိုးပိုဖြစ်တယ်။ NIH ကနေသတ်မှတ်ပေးထားတဲ့ တနေ့တာ စားရမဲ့ ဆားပမာဏဟာ 2,400 mg ထက် မပိုသင့်ပါတဲ့။ အိမ်သုံးဆားမှာ (ဆိုဒီယမ်) ၄ဝ% ပါတယ်။ အကြမ်းဖျင်း ပါးစပ်ထဲဝင်သမျှ အစာ-အရည်တွေထဲမှာ တနေ့ကို ဆား လက်ဖက်ရည်ဇွန်း တဇွန်းစာသာ ပါပါစေ။ တနေ့ကို ဆား 1,500 mg သာ စားသူတွေမှာ အကျိုးရှိတာတွေ့ရတယ်။ အစာအာဟာရနည်းနဲ့ ကုသလို့ သွေးတိုးမဖြစ်၊ သွေးတိုးရှိနေရင်လဲ သက်သာတယ်။ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ မုံလာပွင့်စိမ်း၊ မုံလာဥနီ၊ နနွင်း၊ စမုန်နက်၊ တောရုံး၊ ငရုတ်ကောင်း၊ ပင်စိမ်း၊ ဝယ်စားတဲ့အစာတွေထဲမှာ ဆားဘယ်လောက် ပါတယ်ဆိုတာ သတိထား ဆင်ခြင်-ရှောင်ကြဉ်ပါ၊ အသင့်ဝယ်ရတဲ့အစားအစာ၊ သွားရည်စာတွေရှောင်ပါ။ ချက်-ပြုတ်-ကျော်-လှာ်ပြီးသာ အစားထဲ ဆား ထပ်မထည့်ပါနဲ့။ အိန္ဒိယား၊ မီဇိုးနဲ့ ချင်းလူမျိုးတွေ ဆားပန်းကန် တည်တဲ့အလေ့ ရှိကြတယ်။ ဆိုးစေနိုင်တယ်။ ဗမာကြိုက် ငါးပိ-ငံပြာရည်-ငါးခြောက်-ပုဇွန်ခြောက်၊ တရုတ်လက်စွဲ ပဲငံပြာရည်၊ (ဆိုယာ-ဆော့စ်)၊ (ဘာဘီကျူး-ဆော့စ်)၊ လျှော့ပါ။ အချဉ်တည်ထားတာ မစားပါနဲ့၊ ဆားသုံး-အခြောက်လှမ်းအစာ မတည့်ပါ။ ဟင်းချိုမှုံ့၊ အသားမှုံ့တွေမှာ (MSG) မှာ (ဆိုဒီယမ်) ပါလို့ မသင့်ပါ။
ဆားတခုထဲ လျှော့တာနဲ့ မရသေးပါ။ (ပိုတက်ဆီယမ်) များဘို့ လိုသေးတယ်။ Potassium acetate, Potassium bicarbonate, Potassium citrate, Potassium chloride, Potassium gluconate နာမည်နဲ့ ဆေးသောက်ပါ၊ ငါး၊ ပင်လယ်စာ၊ ချဉ်တဲ့အသီး၊ ပန်းသီး၊ ငှက်ပျောသီး တွေနဲ့ မုံလာပွင့်စိမ်း၊ ပဲ၊ ပဲသီး၊ ခရမ်းချဉ်၊ အခွံပါအာလူး၊ ဟင်းနုနွယ်ရွက်၊ မုံညင်းဖြူတွေမှာများများပါတယ်။ ကလေးတွေမှာ (ပိုတက်ဆီယမ်) တနေ့ 780-1,600 mg နဲ့ လူကြီးတွေမှာ 1,600-2,000 mg လိုတယ်။ Omega-3 fatty acids က အကျိုးများစေတယ်။ Calcium (800-1,200 mg) ဒါမှမဟုတ် Magnesium (300 mg) သောက်ပါ။
သွေးတိုး အစာအာဟာရ ဥပဒေသ = S သုံးလုံးရှောင်ဥပဒေသ မှတ်ပါ။ Saturated fat, Sugar and Salt တွေ နည်းရမယ်။ အဆီအမျိုးအစား များတဲ့အစာအစာတွေ = မလိုင်၊ ဒိတ်ခဲ၊ ထောပတ်၊ ဂီး၊ စားအုံးဆီ၊ ဝါစေ့ဆီ၊ ချော့ကလက်၊ (ကယ်လိုရီ) + ကိုယ်အလေးချိန် + အဆီတွေဟာ သွေးတိုးအတွက် မကောင်းပါ။ (ဆိုဒီယမ်) များတာ လုံးဝမကောင်းပါ။ (ပိုတက်ဆီယမ်) များတာ ကောင်းတယ်။ (ကယ်လ်ဆီယမ်) နည်းတာ မကောင်းပါ။
သွေးတိုးသမားတွေအတွက် လေ့ကျင့်ခန်း
သွေးပူ-လေ့ကျင့်ခန်း ၅-၁ဝ မိနစ် နဲ့စပါ။ (ယောဂ) ဖြစ်ဖြစ် တခြားနည်းဖြစ်ဖြစ်လုပ်ပါ။ အများဆုံး-နှလုံးခုန်နှုန်း ရဲ့ ၈ဝ% ထက် မပိုသင့်ပါ။ ၂၂ဝ ထဲကနေ ကိုယ့်အသက်ကို နုတ်ရင် MHR ရတယ်။ (MHR = 220 – Age) ကိုယ့်အလေးချိန်ကနေ ဖိစီးတဲ့ လေ့ကျင့်နည်းမျိုး မလုပ်သင့်ပါ။ အများအားဖြင့် လူတွေက ဝကြလို့ပါ။ တခါလုပ်ရင် ၂ဝ-၃ဝ မိနစ် ကြာသင့်တယ်။ ၇ ရက်တပါတ်မှ ၄ ရက်လုပ်သင့်တယ်။ ပြီးရင် ၅-၁ဝ မိနစ် နားလိုက်ပါ။ အလေးချိန်-လျှော့နည်းလုပ်နေတုံးမှာ အသက်ရှူအောင့်ထားတာမျိုး မလုပ်ပါနဲ့။
စာတွေကို အေးအေးဆေးဆေးဖတ်ပြီး လိုတာကိုလိုက်နာပါ။
• Bathing and Blood Pressure သွေးတိုး နဲ့ ရေချိုးခြင်း
• Cardivas သွေးတိုးကျဆေး
• DASH diet for blood pressure သွေးတိုးဓါတ်စာ
• High blood pressure သွေးတိုးအမေး http://doctortintswe.blogspot.com/…/high-blood-pressure-que…
• Hypertension (1) သွေးတိုးရောဂါ (၁) http://doctortintswe.blogspot.com/2014/…/hypertension-1.html
• Hypertension (2) သွေးတိုးရောဂါ (၂) http://dts-medicaleducation.blogspot.in/…/06/hypertension.h…
• Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ http://doctortintswe.blogspot.com/…/ischemic-heart-disease.…
• Medicines for High Blood Pressure သွေးတိုးဆေးများ http://doctortintswe.blogspot.com/…/medicines-for-high-bloo…
• Preeclampsia (PET) ကိုယ်ဝန် သွေးဆိပ်တက်ခြင်း
• Pulmonary hypertension အဆုပ်-သွေးတိုး
• Side Effects of High Blood Pressure Medications http://www.webmd.com/…/side-effects-high-blood-pressure-med…
• Stroke Emergency Treatment ဆထုပ် အရေးပေါ်ကုသခြင်း http://doctortintswe.blogspot.com/…/stroke-emergency-treatm…
• Stroke ဦးနှောက်သွေးကြော ဖောင်းပြီးပေါက်ခြင်း http://doctortintswe.blogspot.com/2015/07/stroke.html
• Stroke ဦးနှောက်သွေးကြောမတော်တဆဖြစ်ခြင်း http://doctortintswe.blogspot.com/2014/11/stroke_22.html
သွေးတိုးသက်သာအောင် ငန်-ချို-ဆီ ရှောင်။ ဆေးအမြဲဆောင်။
Dr. တင့်ဆွေ
လည်ချောင်း ကင်ဆာ(Throat cancer) နဲ့ပတ်သက် ပျောက်ကင်း သက်သာစေမည့် သဘာဝဆေးဝါးအကြောင်း
ကင်ဆာအတွက် ဖော်ညွှန်းထားတဲ့ ဆေးဝါးတွေကတော့ အများကြီးပါ။ဒါပေမဲ့ သဘာဆေးဝါးတွေ အများကြီးထဲကမှ အကောင်းဆုံးနဲ့လွယ်ကူပြီး ထိရောက်မှုရှိတဲ့ ဆေးဝါးကို ရွေးချယ်ရပါတယ်။
ဥပမာ...မြန်မာပြည်မှာ ရှာဖွေရလွယ်ကူတဲ့ ဆေးပင် ဆေးဥ ဆေးရွက်မျိုးလည်း ဖြစ်ရပါမယ်။
အခု လည်ချောင်း ကင်ဆာ(throat cancer) ကို ပျောက်ကင်းသက်သာစေမည့် သဘာဝဆေးအကြောင်း ပြောပြချင်ပါတယ်။
ဘူးသီးဖျော်ရည်(Bottle gourd juice)
=====================
လတ်ဆတ် နုနယ်သော ဘူးသီးတစ်လုံးကို ရေဖြင့် သန့်စင်အောင် ဆေးကြော၍ အခွံ အစေ့ အနှစ် အားလုံးကို သစ်သီးဖျော်စက်ဖြင့် ဖန်ခွက် တစ်ခွက်ခန့်ရအောင် ပြုလုပ်ပါ။
ဘူးသီဖျော်ရည်ထဲကို ပင်စိမ်းရွက်အရည်(Basil juice) ကို ဇွန်းဖြင့် တစ်ဇွန်းခန့် ထပ်မံပေါင်းထည့်ပါ။
နောက်တစ်မျိုးက ပူစီနံဖျော်ရည်(Peppermint juice)ကိုလည်း ဇွန်းဖြင့် တစ်ဇွန်းခန့် ထပ်မံပေါင်းထည့်ပါ။
ဤအရည် (၃)မျိုးကိုရောစပ်ပြီးပါက သေချာမွှေနှောက်၍ တစ်နေ့ကို မနက် - ည (၂)ကြိမ် (၃-၄)လ အထိ ပုံမှန်သောက်သုံးပေးခြင်းဖြင့် လည်ချောင်းကင်ဆာကို အမြစ်ပြတ် ပျောက်ကင်းစေပါတယ်။
ကျေးဇူးတင်ပါတယ်...ကျွန်တော် ဘဝခါးခါးပါ။
ဘဝခါးခါး✏
https://m.facebook.com/story.php…
========= × =========
#စိတ်မဆိုး သွေးသန့် ဆနွင်းလုံး၊ဆနွင်းမှုန့်
#စိတ်မဆိုး သင်္ဘောရွက်ခြောက် ရေနွေးကြမ်း
တိုက် 2 အခန်း 101 ဇီဇဝါအိမ်ယာ
သံသုမာလမ်းမ၊ တောင်ဥက္ကလာပ။
ဖုန်း 01 8500 355
( မြင်သာဈေး မှတ်တိုင်အနီး နှင့် ဘေလီကားဂိတ်ကြား )
========= × =========
:-)
စိတ်မဆိုးဆနွင်းလုံး ရရှိနိုင်သောဆိုင်များ ဆက်လက်တင်ပြပေးပါမယ်။
updated on Dec 17 2016
#က
ချိုချစ်သဲ အအေးဆိုင် တရုတ်တန်းလမ်းမ မြို့မဈေး ကျောက်တန်း 09421056768
မသန္တာ ကောင်ညှင်းဆိုင် အမှတ် 86၊ ရွှေလှိုင်လမ်း အပေါ်လမ်း ညဈေး ကြည်မြင်တိုင် 01 09317208
မဥမ္မာ ငှက်ပျောသီးဆိုင် ကန္နားဈေး ကြည်မြင်တိုင် 09 73026986
ရွှေအုန်းပင် ထမင်းဆိုင် ကျိုက်ထိုလမ်းမ 09 791165872, 09 428115913
ဦးဘွန်နား / ကိုသံချောင်း ၁၂၅ နီလာလမ်း မြောက်ပိုင်း ကျိုက်ထိုမြို့ 09 775505539
E. S. Y ဖန်ဆီဆိုင် ကျောက်မြောင်းစတိုး အနီး ကျောက်မြောင်း 01 209087, 01 549257
စွယ်တော်ဆေးဆိုင် အမှတ် 62၊ ပေ 50 လမ်း လှည်းတန်းဈေးနား ကမာရွတ်
01 500 659
#
ကိုဇေယျာမင်း ဒေါင်းချောင်း ကွင်းကြီးရွာ ဂွမြို့ 09 421754963/ 09 49666231
#
ရွှေငါး ဟင်းမွေးမဆလာ ပင်ရင်းဌာန စစ်တွေမြို့ 09 43087659 / 09421183478
043 23355 / 09 5680440
ဒေါ်စိုးစိုး(ဆေးဆိုင်) အမှတ်(၁၃)-(ပ)ထပ်-မြင့်မိုရ်လမ်း စမ်းချောင်း 09.5113467
မအိအိတင့်
အမှတ်(၃၆)-မင်္ဂလာလမ်း(၃)လွှာ စမ်းချောင်း 09.793565002
ဆေးကမ္ဘာဆေမျိုးစုံစတိုး အမှတ် ၁၆၉ ဗဟိုလမ်း × ပန်းတနော်လမ်းအနီး စမ်းချောင်း
01 537959
ဒေါ်စိုးစိုးအေး(စလင်းမြို့) 09.971358283
#
ပွင့်ဦး ဗွီဒီယိုဆိုင် အမှတ်4/26 ဝမ်ကောင်းရပ်ကွက် တာချီလိပ်မြို့ 084 51220
စံလှ ဆေးဆိုင် မြို့မဈေး တောင်ကြီး 09 797461477
မြစန္ဒာ ပွဲရုံ အမှတ် ခ/ 28၊ ခရေလမ်း တပ်ကုန်းမြို့ 067 70168 / 067 70749
သစ်ရွှန်း(အလှပြု ပြင်ရေး) အမှတ်(၃၉)အေ-မြေညီထပ်-ကျောက်မြောင်း
မလွှကုန်းလမ်း(အလယ်)-တာမွေမြို့နယ် 01.549693
ငွေစင်ဦး(စတိုး) တိုက်အမှတ်(၂၀)-အခန်း(၀၀၆) အောင်ဇေယျအိမ်ယာ-တောင်ဒဂုံ
01.8100434
မြတ်နိုး(ဆေးဆိုင်) အမှတ်(၂)ဈေး-(၂၀)ရပ်ကွက် တောင်ဒဂုံ 09.73195700
အောင်စည်ဆေးစတိုး ဂိတ်ဟောင်းမှတ်တိုင်(၂၅)ရပ်ကွက်-တောင်ဒဂုံ
ဓမ္မရာဇာ ဆေးဆိုင် ၁၀ ရပ်ကွက်ဈေး တောင်ဥက္ကလာပ လမ်း ၃၀ ထိပ် ဓမ္မာရာဇာလမ်း တောင်ဥက္ကလာပ 09.428176808
#
ဦးမောင်ထွေး အမှတ်(၃၀၅)နတ်စင်လမ်း-ပိန္နဲတောရပ်ကွက် ထားဝယ်မြို့
09.401527241/059.23329
ဒေါ်အေးချို ထားဝယ်မြို့ 09.420155090
#
ယုဇနဥယျာဉ်မြို့တော် 6လမ်း Bဘလောက် 94ရပ်ကွက် ဒဂုံဆိပ်ကမ်း
#
Myat Sandar Store ( မြတ်စန္ဒာ စတိုး ) No. 3,(C)West block
Bogyoke Aung San Market. Pabedan Township
ဦးဘညိမ်(ဆေးဆိုင်) အမှတ်(၁၆၇)-အရှေ့ဘက်တန်း-ဗိုလ်ချုပ်ဈေး ပန်းပဲတန်းမြိုနယ်
09.73027245
ဦးလှမြင့် ဆေးရာဇာ အမှတ် ၂၈၅၊ ရွှေဘုံသာ ( အလယ် ) ပန်းပဲတန်းမြို့နယ်
09 450031424
ပြည်တော်သာ မြန်မာဆေးဆိုင် အမှတ် ၃၃၁/ ၂၂၉ ဗိုလ်ချုပ်ဈေးသစ် ယာယီဆေး
ပန်းပဲတန်းမြို့နယ် 09 49263 125/ 09 250512975
မသင်းသင်း ယန္တယားအရာရှိရိပ်သာ-ဆောက်လုပ်ရေးဝင်း ဗိုလ်ခြံလမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံ 09.261462033/09.971979192
ဒေါ်လှလှမြင့် ပြင်ဦးလွင်မြို့ 09 402700390
ဦးဝင်းမြင့်+ဒေါ်သီသီအေး 14/730 ခေါင်းလောင်း 1လမ်း ပျဉ်းမနားမြို့
067.22668/09.797844336
ဦးမြသောင်း အမှတ်(၆၁/၁)ဈေးပိုင်း-(၁၉)လမ်း ပဲခူးမြို့ 09.052.22069
လူမှုကူညီရေး အဖွဲ့ အမှတ်(၄၀၄)ဇိုင်းတောင်-ကမ်းနားလမ်း ပဲခူးမြို့
09.796963554/09.428175000
ဒေါ်မေဦးလွင်(ပြည်မြို့) 09.791328397/09.33392431
မသင်းသင်းခိုင် ကန္နားလမ်း ပြည်မြို့ 09 251028215
ဆွေမွန်ရတနာ ပရိဘောဂဆိုင်
ဒေါ်မြင့်မြင့်ဝင်း အမှတ် ၂၃၁၊ ရွှေတချောင်းလမ်း ရွှေဂူရပ် ပြည်မြို့ 09 5360373
တာရာလင်း ရေခဲမုန့် လမ်းသွယ် ၃၊ မီနီဂေါက်ကွင်း အဆင့်မြင့်အိမ်ယာ ပြည်မြို့ ။
အောင်တံခွန် ဆေးဆိုင် ရွှေမြင်တင်-ဝါယားချောင်း ပုသိမ်မြို့ 09.422533313
ဦးမောင်ဆန်း + ဒေါ်အေးမွန် ဝါးယားချောင်းရွာ ပုသိမ်မြို့နယ်
0949720927 / 09250941702
ကိုရဲထက် စွယ်တော်ဈေး ပြွန်တန်ဆာမြို့ 09 9768589196
ကိုအောင်နိုင် အလှကုန်ဆိုင် ဈေးအတွင်း ပြွန်တန်ဆာမြို့ 09.798252700
ပြည့်စုံစတိုး ဗိုလ်တစ်ထောင်ဘုရားလမ်း-အမှတ်(၂၀၁)-မြေညီထပ်
ပုဇွန်တောင်မြို့နယ် 09.254011445
ကိုဇော်ဇော် နိုင်းစတားဆီချက်ဆိုင် ပေါင်းတည်မြို့ 053 38644
ဦးရဲထွဋ်(ပေါင်းတည်မြို့) 09.423688735/09.789721396
#
ကိုထက် ဖျာပုံမြို့ 045 40164 / 09 8590384
#
ဒေါ်ခင်ဘုန်းတင့် ဘုတလင်မြို့ 09 970930540
#
အောင်ကားပစ္စည်းဆိုင် အဝေရာလမ်း နှင့် မဲထီးလမ်းထောင့် မကွေးမြို့။
063 23630 / 09 796895809
မဝေဝေရီ ရန်မျိုးအောင် ၁၆လမ်း၊ မကွေးမြို့ 09 796893142 / 09 401547128
သဇင် ဆေးဆိုင် ကမ္ဘာအေးဘုရားရှေ့ မရမ်းကုန်း 01 665981 / 01 650763
သီရိတော်ဝင် စတိုး သမိုင်း 2လမ်း မရမ်းကုန်း 09 255714465
ရွှေညီကို ဆေးဆိုင် အမှတ် ၅၀ အလယ် ဗဟိုလမ်း ၂ရပ်ကွက် သမိုင်း မရမ်းကုန်းမြို့နယ်။ 09 73142690 / 09 250028477
ဆု ဆေးမျိုးစုံဆိုင် A 123၊ မုဒိတာ ကွန်ဒို ၂ရပ်ကွက် မရမ်းကုန်းမြို့နယ်။
09 5027782 / 09 254018447
မစု A-132 မြေညီထပ် မုဒိတာအိမ်ယာ အလယ် ဗဟိုလမ်း ၂ရပ်ကွက် မရမ်းကုန်းမြို့နယ်။ 09 260375223 / 09 96448184
သစ္စာ ဆေးဆိုင် ကျိုက်ဝိုင်းဘောလုံးကွင်းရှေ့၊ ကျိုက်ဝိုင်းဘုရားအနီး မရမ်းကုန်းမြို့နယ်။ 09795517254
ကိုအောင်ခိုင် ယဉ်ဆန်း ဆန်ပွဲရုံ အခန်း၁၊ အဆောင် ၃၈၊ ကျွဲဆည်ကန် ၈လမ်း၊
မန္တလေးမြို့။ 02 80687 / 09788800772
အောင်ရတနာဆေးဆိုင် အမှတ် ၁၄၄၊ ၂၈လမ်း × ၈၃လမ်း ဈေးချို မန္တလေးမြို့။
02 60787 / 02 35061
ဦးသန်းဝင်း ဆေးဆိုင် ဂ/၆၁ အမှတ် ၃ရပ်ကွက် ကြံခင်းလမ်းဆုံ ဘုရင့်နောင်လမ်းမကြီး မြဝတီမြို့။ 058 50430 / 09 791853576
ဇမ္ဗူ အေး တိုင်းရင်းမြန်မာဆေးကုခန်း က/၃၆၅ အမှတ် ၃ရပ်ကွက် ကြံခင်းလမ်းမကြီး၊
မြဝတီမြို့။ 09 450019326 / 09 428192743
ဇွန် ဆေး နှင့် ဆေးပစ္စည်းဆိုင် ဃ/၆၆ ဗိုလ်ချုပ်လမ်း ၄ရပ်ကွကွ မြဝတီမြို့။
058 50406 / 09 49777573
လရောင် ဆေးဆိုင် မိချောင်းကုန်းနား မြဝတီမြို့။
ကိုမင်းယု+မခင်မာချို ဆေးစတိုး အမှတ် ၃ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး မြဝတီမြို့
058 50528 / 09 790149448
ပြည့်ထွန်း မိုတယ် ဘုရင့်နောင်လမ်းမကြီး ၄ရပ်ကွက် မြဝတီမြို့။
058 50704 / 09 791597443
မိဘမေတ္တာဆေးဆိုင် အမှတ် ၂ရုံအနီး ဗိုလ်ချုပ်လမ်း အမှတ် ၂ရပ်ကွက် မြဝတီမြို့။
09 5670237 / 08 75273216
ကေခိုင် ကုန်စုံဆိုင် ဗန်ဒါပင်လမ်း ချစ်ကြည်ရေးတံတားနား မြဝတီမြို့
09 792777713 / 09 790777713
ဒေါ်ယု မြိတ်မြို့ 09 780352749 / 09 250470528
ဦးသူရ မြိတ်မြို့ 09 33391152
မင်းဝတ်ရည် မြိတ်မြို့ 09 8770397 / 09 790190603
ဦးစိုးဝင်း အမှတ် ၃၂ ကန္နားလမ်း ကန်ကြီးရပ်ကွက် မြိတ်မြို့။
09 5118452 / 09 8760618
ကိုမြင့်စိုး ကျွဲကူးလမ်းမကြီး ကျောက်ဖြူတောင်လမ်းဆုံ မြိတ်မြို့ 09 422213520
ထွန်းတောက် မြန်မာဆေးမျိုးစုံ Aရုံ ၂၅၄၊ အောက်ဈေးကြီး၊ မော်လမြိုင်မြို့။
ဖုန်း 09 973304863 / 09 973304793
ဦးကွိုင် စတိုး Aရုံ အပေါ်ထပ် အမှတ် ၂၆၀ အမှတ် ၁ဈေးကြီး မော်လမြိုင်မြို့။
057 22306 / 09 26060101
ဇွန် ဆေးဆိုင် A ရုံ အမှတ် ၁၇၈ / အမှတ် ၁ အောက်ဈေး မော်လမြိုင်။
09 255802639 / 09 31400403
အောင် ဆေးဆိုင် Aရုံ အမှတ် ၁၆၈၊ အပေါ်ထပ် အမှတ် ၁ ပြည်သူ့ဈေး၊ မော်လမြိုင်မြို့။ 057 25008
ဒေါ်ဟုန် ဆန်ဆိုင် အမှတ် ၅၁၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြိုင်သာယာ မော်လမြိုင်မြို့။
09 49314328 / 09 425299644
ယမုံနာ အပေါ်ဈေး အောက်ဖက် မော်လမြိုင်မြို့။
မေတ္တာဦး အောက်ဈေးအပေါ်ထပ် မော်လမြိုင်မြို့
ရွှေနဂါး အောက်ဈေးအပေါ်ထပ် မော်လမြိုင်မြို့
ဘဲလူး မြန်မာဆေးမျိုးစုံဆိုင် A 220, 221, 245 အပေါ်ထပ် အမှတ် ၁ဈေးကြီးအောက်ဈေး မော်လမြိုင်မြို့။ 09 5322572 / 09 570790414
မေတ္တာဦး ဆေးဆိုင် Aရုံ အမှတ် ၁၇၈ အမှတ် ၁အောက်ဈေး မော်လမြိုင်မြို့။
09 255802639 / 09 31400403
ဦးစံရင် + ဒေါ်စန်းရင် မြန်မာဆေးဆိုင် အမှတ် ၁၀၉ A ၊ အောက်လမ်းမကြီး ဖက်တန်းရပ် မော်လမြိုင်မြို့။ 057 23114 / 057 25297 / 09 5137962
ဒေါ်ခင်သိန်း မော်လမြိုင်မြို့ 09 260743200
ဝေယံ စာရေးကိရိယာဆိုင် မော်လမြိုင်မြို့ 09425273858
ဧရာဝတီ ဆန်ဆိုင် အမှတ် ၁၃၈၊ မေဒါဝီလမ်း မြောက်ဥက္ကလာပမြို့နယ်။ 01 505703
မြတ်စေတနာ ဆန်ဆိုင် မြနန္ဒာဈေး ၊ ၆ကွေ့အနီး မြောက်ဥက္ကလာပ။ 09 31810639
မိဘရင်ခွင် ကုန်စုံဆိုင် အမှတ် ဃ ၆၂၊ ဝေပုလ္လ ၂လမ်း မြောက်ဥက္ကလာပမြို့နယ်။
09 790140489
ဦးကျော်စိုး ခေမာကျောင်းလမ်း ညရပ်ကွက် မြောက်ဥက္ကလာပမြို့နယ်။ 09 31290467
မခိုင် ဆေးဆိုင် ၄၀ဈေး မြောက်ဒဂုံ 09 31552210
ကိုစိုးဝင်း ဆေးဆိုင် အမှတ် 265 တတိယထပ် ရွှေမင်္ဂလာဈေး မင်္ဂလာတောင်ညွန့်
09 770905947
ဝေဘူလ ဆေးဆိုင် ၃လွှာ ရွှေပြည့်စုံဈေး No. E 117 မင်္ဂလာဈေး မင်္ဂလာတောင်ညွန့်မြို့နယ်။
သုခချမ်းသာ ဆေးဆိုင် အမှတ် E-5 ၃လွှာ ရွှေပြည့်စုံဈေး မင်္ဂလာတောင်ညွန့်မြိုနယ်။
09 5155065
မင်းသား ဆေးဆိုင် အမှတ် B-44 / 45၊ ဒုတိယထပ် ရွှေပြည့်စုံဆေး မင်္ဂလာတောင်ညွန့်မြို့နယ် 09 73037368 / 0930049223
အောင်ဆေးဆိုင် အမှတ် ၅၁ တတိယထပ်၊ ရွှေမင်္ဂလာဈေး မင်္ဂလာတောင်ညွန့်မြိုနယ်။
09 5059262
သင်း ဆိုင်ကယ်ဆိုင် ဈေးချိုတန်း မင်းလှမြို့ 09 770950468
#
ကျော် ဆေးဆိုင် မြို့မဈေး ရန်ကင်းမြို့နယ်။ 01 550474 / 09 5168377
စိန်ဥဩ ကုန်စုံဆိုင် အ.ထ.က ၁အနီး၊ အမှတ် ၄ရပ်ကွက် ရန်ကင်းမြို့နယ်။
09 420128516
ပိတောက်ရိပ် ကုန်စုံဆိုင် အနန္တကျော်စွာလမ်း ၁၇ရပ်ကွက် ရွှေပေါက်ကံမြို့နယ်။
09799505218
အမှတ်၅ ၆လမ်း ရေးမြို့။ 09 425353832 / 09 784730562
#
ကိုလှစိုး ဆေးဆိုင် သိမ်ကြီးဈေး ၂၄လမ်း အပေါ်ထိပ် လသာမြို့နယ် 01 241865
အာရောဂျံ မြန်မာဆေးမျိုစုံဆိုင် အမှတ် ၂၃၊ သိမ်ကြီးဈေး Dရုံ မျက်နှာစာတန်း ၂၄လမ်း
လသာမြို့နယ်။ 01 706452 / 09 31122704
ရွှေညာသား ဆေးဆိုင်
အမှတ် ၁၀၉၊ ၂၄လမ်းအပေါ်ဖက် သိမ်ကြီးဈေး Dရုံ လသာမြို့နယ်။ 01 241712
ဦးမိုးမိုး မိဘမေတ္တာ တိုင်းရင်းဆေးဖြန့်ချီရေး အမှတ် ၄၁၂ / ၄၂၃ / ၄၂၉ Dရုံ မြေညီထပ် သိမ်ကြီးဈေး လသာမြို့နယ်။ 01 541288 / 09 5001477
စန်းဦးအောင် ဆေးဆိုင် အမှတ် ၂၅၅၊ Dရုံ C ဘလောက် ဝင်ပေါက် ၂၀ မြေအောက်ထပ် သိမ်ကြီးဈေး လသာမြို့နယ်။ 09 73240391
ပုလဲ မြန်မာဆေးဆိုင် အမှတ် ၄၀၂/ ၄၀၃ Dရုံမြေညီထပ် သိမ်ကြီးဈေး လသာမြို့နယ်
09 73500433 / 01 240600 Ex 4565
လူထုမေတ္တာစတိုး မြန်မာဆေးမျိုးစုံဖြန့်ချီရေး အမှတ် ၁၂၁၊ ၂၄လမ်း လသာမြို့နယ်။
01 387820 / 09 73048849
#ကိုဝင်းမြင့် + မဘေဘီ
အမှတ် ၄၈၂ ကန္နားလမ်း × ၁၅လမ်းထောင့် လမ်းမတော်မြို့နယ်။
01 226382 / 01 227935
ဦးသိန်းဝင်း
အမှတ် ၂၄၊ ၃လွှာ လမ်းမတော်လမ်း၊ ညောင်ပင်လေးဈေးရှေ့ လမ်းမတော်မြို့နယ်။
09 799660840
စေတနာ ဆေးဆိုင် အမှတ် ၅၉၊ ကိုင်းတန်းလမ်း ( ၆လမ်း နှင့် ၇လမ်းကြား )
လမ်းမတော်မြို့နယ် 09 795957841 / 09 261310255
ဒေါ်အေးလှိုင် အမှတ် ၁၂၈၊ အခန်း ၁၃၁ မြေညီထပ်၊ ၁၇လမ်း အပေါ်လမ်း
လသာမြို့နယ် 01 251347
ဆွေ ဆေးခန်း ဆေးဆိုင် အင်းစိန်လမ်းမပေါ် လှိုင်မြို့နယ်။ 09 5168021
ဦးခရောင်း လပွတ္တာမြို့။ 09 790958797 / 09 780024854
အင်းဝ လျှပ်စစ် နှင့် စက်ဘီးပစ္စည်း အရောင်းဆိုင် အမှတ် ၅ရပ်ကွက်၊ လယ်ဝေးမြို့။
#
မဟာမိတ် စားသောက်ဆိုင် အလယ်ဂိတ် ဝမ်းတွင်းမြို့။ 09 402561345
#
ဦးမြင့်သိန်း စိုးမိုးအောင် သစ်ဆိုင် အမှတ် ၁၆၊ မင်းလမ်း၊ နန်းခဲရပ်ကွက် သထုံမြို့။
057 40471 / 09 259755563
ဦးစိုးမင်း ရသာလက်ဖက်ရည်ဆိုင်ရှေ့ ဈေးရှေ့ သထုံမြို့ 057 40277
ဒေါ်သီသီအေး အမှတ် ၁၇၊ ပဲခူးစုဘုရားလေးလမ်း၊ ပဲခူးစုရပ်ကွက် သန်လျှင်မြို့မဈေး၊ သန်လျှင်မြို့။ 09 73068175
ဦးဝင်းမြင့် + ဒေါ်သီသီ လက်ဝတ်ရတနာ အငှားဆိုင် မြို့မဈေး သန်လျှင်
မိသားစုဆေးဆိုင် သင်္ကန်းကျွန်းဈေး သင်္ကန်းကျွန်းမြို့နယ် 09 5932010
ဦးသောင်း ပရဆေးဆိုင် အမှတ် 50/51 သုဝဏ္ဏဈေး သင်္ကန်းကျွန်း
မအေးအေးသင်း ရုံ က ၁၂၊ ၁ဈေး သာကေတမြို့နယ်။ 09 798133500
ဆရာ ဦးဝင်းမြင့် အမှတ် ၁၁၇၂၊ ၁၀ တောင် ခိုင်ရွှေဝါရပ်ကွက် သာကေတမြို့နယ်
စိုးမိုး စတိုး အမှတ် မ/၆၅ ၊ အောင်ဆန်းလမ်း သံဖြူ ဇရပ် 057 79067 / 09 8702210
ကိုမျိုး+ မငုဝါ သာစည်မြို့ 09 33129206
#
မချိုချိုဦး မိုးသူဇာရွှေဆိုင် ဟင်္သာတမြို့ 09 5208334
#
မခိုင်ခိုင် အမှတ် ၃၀ ငုဝါလမ်း အလုံမြို့နယ်
ကောင်းသန့်ချို ဆိုင် အမှတ် ၁၅၆ နံသာကုန်းလမ်း အင်းစိန်မြို့ 09 73140959
:-)
ကျန်ရှိသော ဆိုင်များအား ဆက်လက်ဖော်ပြပါ့မယ်။ တစုံတရာမှားယွင်းခဲ့သော် ပြင်ဆင်ပေးပါ့မည်။ 01 8500 355 သို့ဆက်သွယ်ပါ။

LikeShow more reactions
Comment

Tuesday, December 27, 2016

TB Signs & Symptoms တီဘီရောဂါလက္ခဏာများ
တီဘီရောဂါဟာ ဆိုးပါတယ်။ အများဆုံးက အဆုပ်ကိုရောဂါရစေတယ်။ ဦးနှောက်၊ အရိုး၊ အူ၊ ကျောက်ကပ်စတဲ့ တခြားနေရာတွေမှာလည်းဖြစ်တယ်။ M. tuberculosis ခေါ်ဗက်တီးရီးယားကနေဖြစ်စေတယ်။ ကူးစက်နိုင်တယ်။ AFB +ve သလိပ်ထဲပိုးတွေ့သူကနေသာ သူများကိုကူးစက်ပါတယ်။
1. Fever ကိုယ်ပူ = 100 F (37.8 C) ကျော်လောက် ၁ဝ ရက်ကြာဖျားမယ်။
2. Coughing ချောင်းဆိုး = ချောင်းဆိုးနေတာ ၃ ပါတ်ကြာနေနိုင်တယ်။
3. Blood ချောင်းဆိုးသွေးပါ = သွေးအနီရောင် နည်းနည်းလေး သလိပ်ထဲရောပါမယ်။
4. Chills ချမ်းမယ် = ကိုယ်ပူချိန်မှာဖြစ်ဖြစ် မပူပဲဖြစ်ဖြစ် သူများထက် ချမ်းနေမယ်။
5. Chest Pains ရင်ပတ်နာ = ချောင်းဆိုးရလို့ရော အဆုပ်မကောင်းလို့ပါ ရင်ပတ်နာမယ်။
6. Night Sweats ညချွေးထွက်ခြင်း = ကလေး-လူကြီးဖြစ်နိုင်တယ်။
7. Breathing Issues အသက်ရှူတမျိုးဖြစ်ခြင်း = ခက်ခဲနိုင်တယ်။ မဝဖြစ်နိုင်တယ်။ ပင့်ရှူရနိုင်တယ်။
8. Feeling Tired မောပန်းနေခြင်း = အလုပ်မပင်ပန်းဘဲ မောနေမယ်။ အားကုန်နေမယ်။
9. Loss of Appetite အစားပျက်ခြင်း = ဟင်းကောင်းလည်း မစားချင်ဖြစ်မယ်။
10. Loss Wright ကိုယ်အလေးချိန်ကျခြင်း = ပိန်လာမယ်။

ဒေါက်တာတင့်ဆွေ
Comment

Saturday, December 24, 2016

Diabetes Complications ဆီးချို နောက်ဆက်တွဲဖြစ်နိုင်သည်များ
ဆီးချိုကနေ နောက်ဆက်တွဲဖြစ်နိုင်တာတွေက အများအားဖြင့် သိပ်မဆိုးကြပါ။ ဒါပေမဲ့ မျက်စိ။ ကျောက်ကပ်နဲ့ အသည်း ထိခိုက်မှုတွေကတော့ ဆိုးတယ်။ ခြေထောက်မှာဖြစ်တာလည်း ဆိုးတယ်။ ခြောက်တယ်လို့တော့ မထင်စေချင်ပါ။ ကိုယ့်အခန်းထဲ ဆင်တကောင်ရောက်လာသလို သဘောထားပါ။ အဲတော့ ဘာဖြစ်လာနိုင်တယ်နဲ့ ဘာလုပ်သင့်တယ် ကိုတော့ စဉ်းစားပါ၊ လိုက်နာပါ။ (အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။)
၁။ Cardiovascular disease နှလုံး-သွေးကြောရောဂါ
ဆီးချို ရှိရှိ မရှိရှိ သေဆုံးရတဲ့အကြောင်းရင်းတွေထဲမှာ ထိပ်ကပါတယ်။ ဆီးချိုရှိရင် ပိုသတိထားပါ။

၂။ Diabetic eye disease ဆီးချိုမျက်စိ
မျက်စိကွယ်နိုင်တယ်။ ဆောရီး။ Diabetic retinopathy ဆီးချိုမြင်လွှာခေါ် ကင်မရာဖလင်ရှိတဲ့နေရာမှာဖြစ်တာ၊ Cataract အတွင်းတိမ်၊ Glaucoma ရေတိမ်။
၃။ Kidney ကျောက်ကပ်
ကျောက်ကပ်မှာရှိတဲ့ Glomerulus နေရာကိုပျက်စီးစေနိုင်တယ်။ သွေးထဲကများနေတဲ့သကြားဓါတ်နဲ့ ကျောက်ကပ်ထဲက ပရိုတင်းတွေပေါင်းစပ်ကြတယ်။ အဲတာကြောင့် ပျက်စီးရတယ်။ Renin ဆိုတာများနေမယ်။ သွေးတိုးပါဆက်ဖြစ်နိုင်တယ်။ Blood pressure သွေးဖိအားနဲ့ cholesterol ကိုလက်စထောထိန်းဘို့ အလွန်အရေးကြီးပါတယ်။
၎။ Erectile dysfunction (ED) ယောက်ျားပန်းသေပန်းညှိုးဆက်ဖြစ်လာနိုင်တယ်။ ဆောရီး။ လိုတဲ့နေရာဆီ သွေးရတာနည်းလို့ ဖြစ်ရတယ်။ Neuropathy ခေါ် အာရုံကြောလေးတွေမကောင်းဖြစ်လာလို့လည်း အဲတာကို ပိုဆိုးစေတယ်။
၅။ Brushing your teeth သွားတိုက်တာ အရေးကြီးတယ်။ သူများတွေထက် Gingivitis သွားဖုံးရောင်တာပိုဖြစ်တယ်။ ဆေးလိပ်သောက်သူ ပိုဆိုးတယ်။ သွေးထဲကသကြားဓါတ်က ဗက်တီးရီးယားတွေကို ဖိတ်ခေါ်နေတယ်။
၆။ Diabetic neuropathy ဆီးချိုအာုံကြောရောဂါ
အဖျားအနားနေရာတွေမှာဖြစ်တယ်။ ခြေ-လက်တွေ။ ထုံကျင်မယ်။ အပူ-အအေးခံစားတာ၊ ထိတာ အသိနည်းမယ်။ လမ်းလျှောက်ရတာ ခက်လာမယ်။ နာလာမယ်။ ခြေအိတ်-လက်အိပ်စွပ်ရာနေရာတွေကို ထိခိုက်လို့ Stocking glove sensory loss လို့ခေါ်တယ်။ တကယ်လို့ ဖြစ်တဲ့အာရုံကြောက အင်္ဂါအစိတ်အပိုင်းစနစ်မှာဆိုရင် သက်ဆိုင်တဲ့နေရာမှာ မကောင်းတာတွေလာဖြစ်မယ်။ အစာခြေလမ်း၊ အသက်ရှူလမ်း၊ မျိုးပွါးလမ်း။ Autonomic diabetic neuropathy လို့ ခေါ်တယ်။ နေရာတခုမှာ ကွက်ဖြစ်တာကို Focal neuropathy ခေါ်တယ်။
Don’t need to panic အလွန်ကြီး အစိုးရိမ်မကြီးပါနဲ့
A1c test စစ်နေပါ။ အဲဒီအဖြေဟာ လူကြီးမင်းရဲ့ လွန်ခဲ့တဲ့ (၃) လအတွင်းက သကြားဓါတ်အခြေအနေကိုပြပါမယ်။
A1c နဲ့ သွေးတိုးမြင့်နေရင်တော့ ကျောက်ကပ်။ နောက်ဆက်တွဲဖြစ်မှာကို သတိထားရပါတော့မယ်။ A1c 7.0 နဲ့ အောက် ကောင်းတယ်။သွေးတိုး 130/80 ထက်မများတာကောင်းတယ်။
ဒါတွေ ပုံမှန်လုပ်နေပါ။
— average amount of blood glucose သွေးထဲရှိသကြားဓါတ်စုစုပေါင်း = ၃ လတကြိမ်။
— armband test သွေးစီးလျောက်မှုတိုင်းခြင်း = ၆ လတကြိမ်။
— cholesterol and triglycerides အတီဓါတ်စစ်ခြင်း = တနှစ်တကြိမ်။
— urine test ကျောက်ကပ်အတွက် ဆီးစစ်ခြင်း = တနှစ်တကြိမ်။
— dilating your pupils သူငယ်အိမ်ကျယ်ခြင်း မျက်စိစစ်နည်း = မျက်စိဆရာဝန်ကပြောပါမယ်။
နောက်ဆက်တွဲတွေဟာ ရှောင်လွှဲဘို့ ခက်တယ်။ ဆောရီး။ သကြားဓါတ် + သွေးတိုး + ကိုယ်အလေးချိန် စစ်နေပါ။ ဘာစားသလဲ သိပါ။ Medications ဆေးပုံမှန်သောက်-ထိုးပါ။
ဆီးချိုရှိလျက် အသက် ၁၂ဝ ရှည်စေသောဝ်။
ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၆
LikeShow more reactions
Comment

Friday, December 23, 2016

Kaspersky Anti-virus 2017 17.0.0.611 Final + Trial Resetter Full
=======================================
Kaspersky Anti-virus 2017 17.0.0.611 ရဲ့ နောက်ဆုံးထွက် Updates လေးပါ။
မိမိကွန်ပြူတာ အတွက် Malware Virus တွေနှင့် Effectivelly အစရှိသော Antivirus တွေကို အထူးကာကွယ် စောင့်ရှောက်ပေးနိုင်တဲ့ Antivirus Software လေး ဖြစ်ပြီ။ ဒါ အပြင်
ဗိုင်းရပ်စ်ပိုး အစရှိသော Trojan, spyware တွေကိုလည်း ကာကွယ် စောင့်ရှောက်ရန်
ကူညီပေးပါတယ်။ ကွန်ပြူတာ သုံးစွဲသူတိုင်းအတွက်ကတော့ မရှိမဖြစ်
ဆောင်ထားသင့်ပါတယ်။
☛Download Link↴
http://www.linmss.org/…/kaspersky-anti-virus-2017-1700611-f…
အားလုံးကို ခင်မင်လျှက်....
↳Admin✪လင်း-စွယ်စုံ

Thursday, December 22, 2016

" အသဲကင်ဆာ ပျောက်ဆေး " {အသဲ/အသည်း၌ဖြစ်သော'ကင်ဆာ' အတွက်ဆေးမခက်တော့ပါ }
😄😄😄😄😄😄😄😄😄😄😄😄😄😄😄
<®> ဒီဆေးနည်းသိတာကြာပါပြီ။ ဆေးပင်ဓါတ်ပုံမရှိတာနဲ့ မရေး ဖြစ်ခဲ့ဘူး။ ဓါတ်ပုံရပြန်တော့လည်း အလုပ်များနေတာနဲ့ မရေးဖြစ်ပြန် ဘူးလေ။ တလောက အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်က သူငယ်ချင်း စာချဘုန်းကြီးတစ်ပါး အသဲကင်ဆာဖြစ်လို့ ရန်ကုန်ဆေး ရုံတက်နေရတဲ့အကြောင်းကို သူ့တပည့်ရဲ့ "FB" မှာတွေ့ရတယ်။ ဒီဆေးနည်းလေးပြောပြလိုက်ပါလို့ တော့ပြောမိရဲ့။ ပြောမိရဲ့လားတော့ မသိ။
<®> ယနေ့တော့ ~ ပဋ္ဌာန်းသင်တန်းသူတစ်ဦးရဲ့ဆွေမျိုးတစ်ဦး အသဲကင်ဆာဖြစ်နေတယ်လို့သိရပြန်တယ်။ သူ့ဆွေးမျိုးတွေက မြန်မာပြည်မှာပါ။
<®> အသဲကင်ဆာဆိုရင် ဆေးနည်း ရှိတယ်လို့ပြောပြလိုက်မိတယ်။
သူက အပူတပြင်းတောင်းတယ်လေ ( ခုလာယူရမလားတဲ့ )
<®> ဆေးက'အဆင်သင့်မရှိသေးပါ။ ဆေးနည်းသာ သိထားတာပါ။ နောက်ပြီးဆေးကုတတ်တဲ့ဘုန်းကြီးလည်း မဟုတ်ပါ။ ဒါပေမဲ့ ~တတ်နိုင် သလောက်တော့ ကူညီချင်ပါတယ် ။
<®> ဒါကြောင့်လည်းဒီဆေးနည်းကို မရေးမဖြစ်တော့အမြန်ရေးလိုက်ရပါတယ်။ ရေးဖြစ်အောင် တိုက်တွန်း ပေးလို့လဲ ကျေးဇူးတင်ရပါတယ်။
<®> ဆေးနည်းတို(ဆေးမြီးတို)ဆို တော့ လူတွေက သိပ်လည်းတန်ဖိုး မထားတတ်ကြဘူးလေ။ ဆေးရဲ့ ကုန်ကျစရိတ်တန်ဖိုးက သိပ်မရှိလေ တော့ တန်ဖိုးမရှိသလိုထင်ပြီး တန်ဖိုးမထားတတ်တာ ထင်ပါရဲ့ဗျာ။
<®> ဒါ့ကြောင့် ဒီဆေးရဲ့ သမိုင်း အကျဉ်းလေးကိုပြောပြပါရစေလား ။
<®> ဒီဆေးနဲ့ပတ်သက်ပြီး အလွန်
အံ့သြစရာကောင်းလှတဲ့ ဖြစ်စဉ်လေး
တစ်ခုရှိခဲ့ဘူးပါတယ် …
<®> ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ၀န်သိုစာသင်တိုက်ကြီးရဲ့ နာယက ဆရာတော်ကြီးဟာ သက်တော်(၉၀) ရှိပါပြီ။ နိုင်ငံတော် သံဃမဟာနာ ယက အဖွဲ့မှ သက်တော်ဝါတော်အရ အနားယူနေတဲ့ နိုင်ငံတော် "သြ၀ါဒါ စရိယ"ဆရာတော်ကြီးတစ်ပါးပါ။ "အဘိဓဇမဟာရဋ္ဌဂုရု "စတဲ့ ဘွဲ့တံဆိပ်တော်များကိုလည်း ရရှိထားတဲ့ဆရာတော်ကြီးတစ်ပါးပါ။ ဘွဲ့တော်က~"ဘဒ္ဒန္တသီလ၀ံသ " မဟာထေရ်မြတ်ဖြစ်ပါတယ်။
<®> ဆရာတော်ကြီးမှ~" ၂၀၁၃ ခုနှစ်က အသဲကင်ဆာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ဆရာတော်ကြီးဖြစ်လို့မို့
နိုင်ငံတော် အစိုးရက ရန်ကုန်ပင့်ပြီး ဆေးကုသစေပါတယ်။ ဆေးရုံက သုံးလသာ ခံတော့မယ်လို့ ခန့်မှန်း ဆုံးဖြတ်ချက်ပေးလိုက်ပါတယ်။
<®> မြန်မာပြည်မှာမရရင် ထိုင်းနိုင် ငံ ဘန်ကောက်မြို့ဆေးရုံတွေမှာ ရနိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံတော်အစိုးရက ဘန်ကောက်ကို ပို့ပြီး ဆေးကုသပေးခဲ့ပါတယ်။
ဘန်ကောက်ဆေးရုံကလည်း ရောဂါလွန်နေပြီးမို့ သုံးလသာခံတော့မယ်လို့ ဆုံးဖြတ်ချက်ပေးလိုက်ပြန်ပါတယ်။
<®> အားလုံးက လက်လျှော့ပြီး ဆရာတော်ကြီးကိုပြန်ပင့်လာကြပါတယ်။ ရန်ကုန်ဆေးရုံတောင်မှ မထားတော့ပါဘူး။ မြစ်ကြီးနား ၀န်သိုကျောင်းတိုက်အထိ အရောက်ပြန်ပို့ပေးကြပါတယ်။
<®> အသက်ရှိနေတုန်းပြန်ပို့တဲ့သ ဘောပေါ့လေ။ သယ်ယူတဲ့ဒုက္ခ တွေမများပဲ ဈာပနကိစ္စတွေ စနစ်တကျ စီစဉ်နိုင်အောင်လို့ မူလကျောင်းအထိပြန်ပို့လိုက် တယ်လို့ ဆိုရမလိုပါပဲ။
<®> သက်တော်ကလည်း- (၉၀) ရောဂါကလည်း ကြွမ်းနေပြန်၊ ဖြစ်တာကလဲ သိပ်ပြီနုညံ့လှတဲ့ အသဲ(အသည်း)။ မျှော်လင့်ချက်က လည်းသိပ်ကိုနည်းလွန်းနေပြီလေ။
<®> တနည်းတော့လည်း သုံလ အတွင်းမှာ စနစ်တကျဖြစ်အောင် စီစဉ်သင့်တာတွေစီစဉ်၊ တပည့်ဒါယ ကာ ဒါယိကာမတွေ လည်းအား ရအောင် ဖူးမျှော်ရအောင်ပေါ့။
<®> နိုင်ငံတော်က အခုလို့ မူလကျောင်းကို ပြန်ပို့လိုက်တာလဲ သိပ်မှန်တယ်လို့ဆိုရမှာပါ။ ဆေးရုံမှာထားရင် ဆေးရုံများက ပြောသလို သုံးလပြည့်ရင် ပျံလွန် တော်မူမှာ သေခြာသလောက်ပါပဲ ။
<®> ကျောင်းပြန်ရောက်တဲ့အခါမှာ သစ်သီး' သစ်ရွက်' ဆေးနည်းကိုမှီဝဲ သုံးဆောင်တော်မူပါတယ်။
တစ်လလောက်သောက်ပြီးတဲ့အခါ အတော်လေးကို ကျန်းမာလာတယ်။ အစားအသောက်'အသားအရေတွေ လည်း ပြန်ကောင်းလာတယ် ။ ပျော် ပျော်ရွှင်ရွှင်နဲ့ ပြန်ပြီး စိုပြေလာတယ်။
<®> မြန်မာဆေးလေးကိုသောက်ပြီး သုံးလဆိုတဲ့ သတ်မှတ်ရက်လေးကို ရင်တမမနဲ့ စောင့်နေခဲ့ကြပါတယ်။
သုံးလဆိုတဲ့သတ်မှတ်ရက်လေးတစ်နေ့သို့ ရောက်လာပြန်တော့လည်း လန်းလန်းဆန်ဆန်းနဲ့ ပိုလို့တောင် ကျန်းမာလာခဲ့ပါတယ်။
<®> သုံးလကျော် လေးလတာ ကာလသို့တိုင် ကျော်လွန်လာတော့ အခြေအနေသိရအောင်လို့ ရန်ကုန် ဆေးရုံကို ပြန်ပြီးစစ်ဆေးခဲ့ပါတယ်။
"အဖြေက" ~ အသဲကင်ဆာဆိုတဲ့ အရိပ်မဲကြီးလုံးမရှိတော့ပါတဲ့။
<®> "သုံးလ" သာခံတော့မည်ဆို သည့် ဆရာတော်ကြီးဟာ~ ယခုဆိုလျှင် (၂)-နှစ်ကျော်လို့ သုံးနှစ်တောင်ပြည့်ပါတော့မယ်။
ကျန်းကျန်းမာမာနဲ့ မြစ်ကြီးနားမြို့၊ ၀န်သိုလ်ကျောင်းတိုက်တော်ကြီးမှာ သီတင်းသုံးတော်မူလျှက်ပါ။
<®> မှတ်ချက်~ {လွန်ခဲ့တဲ့ [၇]-နှစ်လောက်က စာရေးသူ မြတ်ပဋ္ဌာန်း မြစ်ကြီးနားသို့ရောက်ခဲ့စဉ်က လေး လေးစားစားဖူးမြှော်ခွင့်ရရှိခဲ့ပါတယ်။ အလွန်ကြည်ညိုဖွယ်ရာကောင်းတဲ့အပြင် ~ ခင်မင်မြတ်နိုးစရာ'ချစ်ခင်လေးစား ဖွယ်ရာလည်းကောင်းလှပါတယ်။}
<®> ဆရာတော်ကြီးကျန်းမာနေပုံကို ဖူးမြင်ရအောင်လို့ ဒီနှစ် နှစ်ဦးပိုင်းက "တိပိဋကဓရ"ဆရာတော် ငါးပါး ဆရာတော်ကြီးကို ဖူမြှော်နေသည့် ဓါတ်ပုံပါ ပူးတွဲဖေါ်ပြလိုက်ပါတယ်။
<®> ဆရာတော်ဘုရားကြီး နေ့စဉ် သုံးစွဲခဲ့တဲ့ 'အလွန်ထက်မြက်သည်'့ ဆေးကောင်းလေးတစ်လက်ကတော့
{၁} နံနက်ပိုင်းမှာ ~ ကညွတ်ပင် သတ္ထုရည် [အပင်ကိုထုထောင်းပြီးအရည်ကိုညှစ်ထားခြင်းပါ။ ]
သတ္ထုရည် ~အရည် မတ်ခွက် တစ်ခွက်ကို တိုက်ပါတယ်။
{၂} နေ့လည်မှာ~ မြေရှောက်ဆီးဖြူ (တောဆီးဖြူ လို့လည်းခေါ်တယ်)
တောဆီးဖြူအပင် ပဉ္စငါးပါး (တစ်ပင်လုံး)ကို သုံးခွက် တစ်ခွက် ကြို ပြီး မတ်ခွက် တစ်ခွက် နေ့စဉ်တိုက်ပါတယ်။
{၃}~ညနေမှာ မင်းကွတ်သီးကို အညှာမှတပါး အားလုံးကို ကြိတ်ခြေပြီး ဟင်းစားဇွန်းကြီး တစ်ဇွန်းစာကို တိုက်ပါတယ်။ (မင်းကွတ်သီးကို ကြိတ်ပြီး ထန်းလျက်အနည်းငယ်နှင့်ကြိုကာ ရေခဲသေတ္တာမှာစနစ်တကျသိမ်းပါက အဆင်ပြေပါတယ်။ မကြိုပဲထားပါက မှိုတက်နိုင်ပါတယ်။)
ဆေးသုံးမျိုးကို နေ့စဉ်တိုက်ပါတယ်။
<®> ဖေါ်ပြပါဆေးသုံးမျိုးကို ဆရာတော်ကြီး၏ အနီးနေ တပည့်ကြီး - ဦးကေတုမာလာ [မြစ်ကြီးနားဆရာတော်] ပြောပြ၍ သိရခြင်းပါ။ လက်တွေ့ဆေးနည်းပါ။
{ဆေးဖက်ဝင်အပင်များ/ပစ္စည်းများ အသီးများကိုလည်း မိတ်ဆွေများ လေ့လာနိုင်ပါရန် ပူးတွဲဖေါ်ပြ လိုက်ပါတယ်။}
<®> ဆန္ဒမွန် = အသဲ/အသည်း ကင်ဆာ ဝေဒနာရှင်များ စနစ်တကျ ယုံယုံကြည်ကြည်သုံးစွဲပြီးပျောက် ကင်းကြပါစေလို့ ကောင်းမြတ်သော စေတနာ' မေတ္တာဖြင့် ~ ဆုတောင်းပတ္ထနာ ပြုလိုက်ပါတယ်။
{"နာကျင် ခံခက်လှသော~အသဲ/အသည်းဝေဒနာဆိုးဘေးမှ လူသား အားလုံးကင်းဝေးကြပါစေသား…"}
<®> တင်းပြသူ = အရှင်ဧသက {မြတ်ပဋ္ဌာန်း}အား ရိုသေစွာဖြင့်
အထူးကျေးဇူးတင်ရှိပါကြောင်း …
<®> မေတ္တာများစွာဖြင့် ~
<®> အောင်ဆုပန် သေက္ချတောင်

Monday, December 19, 2016

ပြန်နွှေးပြီး မစားသင့်တဲ့ အစားအစာများ
ပူပူနွေးနွေး ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ညီညွတ်သလို အရသာလည်း ရှိပါတယ်။ ဒါပေမယ့် ထမင်းကျန်၊ ဟင်းကျန်များစွာ ရှိနေတဲ့အချိန်၊ ဒါတွေကို ရေခဲသေတ္တာထဲ နေ့တိုင်း ထည့်သိမ်းရတဲ့အချိန်တွေ မကြာခဏကြုံဖူးပါလိမ့်မယ်။ အခုအခါမှာ လူတွေ လုပ်လေ့ရှိကြတာက အဲဒီအစားအစာတွေ ပြန်နွှေးပြီး အသစ်နဲ့ရောစားတာပဲ ဖြစ်ပါတယ်။ အစားအစာပြန်နွှေးတာက အစားအစာမှာရှိတဲ့ ကောင်းတဲ့ ဒြပ်စင်တွေ ပြယ်စေသလို အချို့ကိစ္စတွေမှာ အစာအဆိပ်ပါ သင့်စေတတ်ပါတယ်။
ဒါ့ကြောင့် အစားအစာကို ပြန်နွှေးပြီး မစားသင့်တဲ့ အစားအစာတွေကို ပြောပြပေးချင်ပါတယ်။
၁။ ကြက်သား
ပူပူနွေးနွေးချက်ပြုတ်ထားတဲ့ ကြက်သားဟင်းကို လူတိုင်းစားချင်ကြပါတယ်။ ဒါပေမယ့် ပြန်နွှေးပြီးမှ သုံးဆောင်တာက ကြက်သားမှာ ရနိုင်တဲ့ ပရိုတိန်းဓာတ်အားလုံး ရှင်းပစ်ပါလိမ့်မယ်။ အဲဒါက အစာခြေဖျက်မှုပြသနာနဲ့ ကျန်းမာရေးချို့တည့်မှုတွေ ဖြစ်ပွားစေတတ်ပါတယ်။
၂။ အာလူး
အာလူးက ကျန်းမာရေးအတွက် ကောင်းပေမယ့်လို့ ဖုတ်ထားတဲ့အာလူးတွေကို အချိန်ကြာမြင့်စွာ သိမ်းထားတာက အာဟာရဓာတ်အားလုံး ပျက်ပြယ်စေပါတယ်။ အာလူးကို ပြန်နွှေးတဲ့အခါ အစာခြေစနစ် အဟန့်အတားဖြစ်ပြီး မအီမတသာ ဖြစ်စေတတ်ပါတယ်။
၃။ မုန်လာဥနီ
မုန်လာဥနီချက်စားပြီး ဟင်းကျန်တွေ သိမ်းထားတယ်ဆိုရင် မစားမီ လုံးဝ ပြန်မနွှေးသင့်ပါဘူး။ ဒီလိုလုပ်တာက မုန်လာဥနီက ရတဲ့ နိုက်ထရိတ်ဓာတ် ပြယ်ပြီး ကျန်းမာရေး အဟန့်အတားဖြစ်စေပါတယ်။ အဲဒီအစား မသုံးဆောင်ခင် ရေခဲသေတ္တာထဲကနေ ခဏထုတ်ထားပြီး ပုံမှန်အပူချိန်အတိုင်း ပြန်ဖြစ်လာတဲ့အခါမှ သုံးဆောင်တာ အကောင်းဆုံးပါ။
၎။ မှို
မှိုမှာ ပရိုတိန်းဓာတ်အပြည့်ရှိပါတယ်။ ဒါ့ကြောင့် ပူပူနွေးနွေးချက်ပြုတ်ပြီးချိန် စားတာအကောင်းဆုံးပါပဲ။ မစားခင် ပြန်နွေးရင် ပရိုတိန်းဓာတ်ပါဝင်မှု ပျက်သုဉ်းပြီး ကျန်းမာရေး ထိခိုက်စေပါလိမ့်မယ်။
၅။ ဟင်းနုနွယ်
ဟင်းနုနွယ်ပြန်နွှေးစားတာက ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အကြောင်းက ပြန်နွှေးရင် ကင်ဆာဖြစ်စေတဲ့ပစ္စည်းအဖြစ် ပြောင်းလဲတဲ့ နိုက်ထရိတ်တွေ ပါဝင်နေလို့ ဖြစ်ပါတယ်။ ဒီတော့ ပြန်နွှေးထားတဲ့ ဟင်းနုနွယ်ကို မစားတာ အကောင်းဆုံးပါပဲ။
Credit :Trend Myanmar

Friday, December 16, 2016


သင့်ရဲ့ လက်သည်းပုံစံမှ သိနိုင်သောကျန်းမာရေး အခြေအနေများ
==================================
သင့်ရဲ့ လက်တစ်ဝက်လောက်က အဖြူရောက်လေးများသမ်းနေရင်တော့
လည်ချောင်းနှင့် အစာခြေစနစ် ကောင်းမွန်ပါတယ်။
သေးငယ်တဲ့ အဖြုရောင်သမ်းနေရင်တော့ အစာခြေစနစ်မှာ ပြဿနာရှိနေပါတယ်။
ခန္ဓာကိုယ်မှာ အဆိပ်အတောက်များရှိနေပါတယ်။
လက်သည်းခွံပေါ်က အမည်းရောင် အဆင်းများ ရှိနေပါတယ် အရေပြားကင်ဆာ တစ်ခုခု
ဖြစ်နေပါတယ်။
လက်သည်းအခွံများ ကွဲအပ်နေရင်တော့ သင့်အရေပြားမှာ ကျန်းမာရေး ချို့ယွင်းနေပါတယ်။
လက်သည်းအခွံမှာ အပြာရောက်သမ်းနေရင်တော့ အဆုတ်မကောင်းဘူးလို့ ပြောပြနေပါတယ်။ သင့် ခန္ဓာကိုယ်အဂါင်္ရပ်များ အောင်ဆီဂျင် လုံလောက်စွာ မရရှိလို့ပါ။
လက်သည်းခွံမှာ အဖြူရောက်အစက်လေးများရှိနေပါက ဗီတာမင်ဓာတ်များ လိုအပ်တာ
ဖြစ်ပြီး ဓာတ်မတည့်တဲ့ ရောဂါဖြစ်ပွားနေပါတယ်။
လက်သည်းခွံမှာ အစက်အပျောက်များ မရှိနေရင်တော့ စိတ်ဓာတ်ကျခြင်းကို ရင်ဆိုင်နေရပါတယ်။အလေးချိန်တိုးလာပြီး ဆံပင်များပါးလာစေနိုင်ပါတယ်။
လက်သည်းရောင်က အဖြူရောင်သမ်းနေရင်တော့ အသည်းရောဂါဖြစ်ပွားနေပါတယ်။
အသားဝါရောဂါဖြစ်တက်ပါတယ်။
လက်သည်းခွံမှာ အဝါရောင်သမ်းနေရင်တော့ ဆီးချိုရောဂါ ဖြစ်ပွားတက်ပါတယ်

Sunday, December 11, 2016

မေမေက ဆီးချိုကနေကျောက်ကပ်ဖြစ်တာ။
အသိတွေက ဆေးနည်းအမျိုးပို့ပေးပေမယ်မသုံးဖြစ်ဘူး ။
Image may contain: plant and nature
ဘာလို့လဲဆိုတော့ ဆရာဝန်က ဆေးမြီတိုတွေ ဗမာဆေးတွေ အရွက်ပြုတ်ရေတွေသောက်မယ်ဆို လုံးဝမကုပေးဘူးဆိုလို့။
အခုနည်းကတော့ ဆရာဝန်လဲငြင်းမရတော့ပါဘူး။လွယ်လွယ်လေးနွှဲ အရမ်းထိရောက်တာပါ။
လွယ်လွယ်လေးမှတကယ့် လွယ်လွယ်လေးပါ။ ပင်စိမ်းကိုတစ်နေ့၃ညွှန့်လောက်စားပေးရုံပါပဲ။
ဒီတိုင်းပဲစားစား တို့စရာအဖြစ်ထမင်းနဲ့ပဲစားစားပေါ့ ကျောက်ကပ်ထဲက ပိုတက်ဆီယမ်တွေ ခရစ်တ်နင်းတွေကျတယ်။မေမေ့ကိုတော့ကျွေးနေပီ အိမ်မှာအပင်ပါစိုက်ထားလိုက်တာ။နေ့စဉ်ရက်ဆက်စားပေးရုံပဲ။
စကျွေးတဲ့နေ့မှာပဲမောတာနဲနဲသက်သာလာတယ်။သူ့ရဲ့ အစွမ်းက ကျောက်ကပ်ထဲမှာစုပုံနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာလေ။
အကယ်၍များသူငယ်ချင်းတို့ထဲမှာ ကျောက်ဝေဒနာရှင်များရှိရင်ကျွေးကြည့်ကြပါလားရှင်။အင်္ဂလိပ်ဆေးနဲ့လဲမတည့်စရာမရှိဘူးလေ။
ကျောက်ကပ်ဝေဒနာရှင်များအတွက် အကူအညီကောင်းလေးရအောင်တင်ပေးလိုက်ပါတယ်နော်။ မိတ်ဆွေအားလုံးရောဂါဘယကင်းဝေး၍ ကျန်းမာချမ်းသာကြပါစေ။
Hnin Yu Phyu Sin