Thursday, December 22, 2016

" အသဲကင်ဆာ ပျောက်ဆေး " {အသဲ/အသည်း၌ဖြစ်သော'ကင်ဆာ' အတွက်ဆေးမခက်တော့ပါ }
😄😄😄😄😄😄😄😄😄😄😄😄😄😄😄
<®> ဒီဆေးနည်းသိတာကြာပါပြီ။ ဆေးပင်ဓါတ်ပုံမရှိတာနဲ့ မရေး ဖြစ်ခဲ့ဘူး။ ဓါတ်ပုံရပြန်တော့လည်း အလုပ်များနေတာနဲ့ မရေးဖြစ်ပြန် ဘူးလေ။ တလောက အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်က သူငယ်ချင်း စာချဘုန်းကြီးတစ်ပါး အသဲကင်ဆာဖြစ်လို့ ရန်ကုန်ဆေး ရုံတက်နေရတဲ့အကြောင်းကို သူ့တပည့်ရဲ့ "FB" မှာတွေ့ရတယ်။ ဒီဆေးနည်းလေးပြောပြလိုက်ပါလို့ တော့ပြောမိရဲ့။ ပြောမိရဲ့လားတော့ မသိ။
<®> ယနေ့တော့ ~ ပဋ္ဌာန်းသင်တန်းသူတစ်ဦးရဲ့ဆွေမျိုးတစ်ဦး အသဲကင်ဆာဖြစ်နေတယ်လို့သိရပြန်တယ်။ သူ့ဆွေးမျိုးတွေက မြန်မာပြည်မှာပါ။
<®> အသဲကင်ဆာဆိုရင် ဆေးနည်း ရှိတယ်လို့ပြောပြလိုက်မိတယ်။
သူက အပူတပြင်းတောင်းတယ်လေ ( ခုလာယူရမလားတဲ့ )
<®> ဆေးက'အဆင်သင့်မရှိသေးပါ။ ဆေးနည်းသာ သိထားတာပါ။ နောက်ပြီးဆေးကုတတ်တဲ့ဘုန်းကြီးလည်း မဟုတ်ပါ။ ဒါပေမဲ့ ~တတ်နိုင် သလောက်တော့ ကူညီချင်ပါတယ် ။
<®> ဒါကြောင့်လည်းဒီဆေးနည်းကို မရေးမဖြစ်တော့အမြန်ရေးလိုက်ရပါတယ်။ ရေးဖြစ်အောင် တိုက်တွန်း ပေးလို့လဲ ကျေးဇူးတင်ရပါတယ်။
<®> ဆေးနည်းတို(ဆေးမြီးတို)ဆို တော့ လူတွေက သိပ်လည်းတန်ဖိုး မထားတတ်ကြဘူးလေ။ ဆေးရဲ့ ကုန်ကျစရိတ်တန်ဖိုးက သိပ်မရှိလေ တော့ တန်ဖိုးမရှိသလိုထင်ပြီး တန်ဖိုးမထားတတ်တာ ထင်ပါရဲ့ဗျာ။
<®> ဒါ့ကြောင့် ဒီဆေးရဲ့ သမိုင်း အကျဉ်းလေးကိုပြောပြပါရစေလား ။
<®> ဒီဆေးနဲ့ပတ်သက်ပြီး အလွန်
အံ့သြစရာကောင်းလှတဲ့ ဖြစ်စဉ်လေး
တစ်ခုရှိခဲ့ဘူးပါတယ် …
<®> ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ၀န်သိုစာသင်တိုက်ကြီးရဲ့ နာယက ဆရာတော်ကြီးဟာ သက်တော်(၉၀) ရှိပါပြီ။ နိုင်ငံတော် သံဃမဟာနာ ယက အဖွဲ့မှ သက်တော်ဝါတော်အရ အနားယူနေတဲ့ နိုင်ငံတော် "သြ၀ါဒါ စရိယ"ဆရာတော်ကြီးတစ်ပါးပါ။ "အဘိဓဇမဟာရဋ္ဌဂုရု "စတဲ့ ဘွဲ့တံဆိပ်တော်များကိုလည်း ရရှိထားတဲ့ဆရာတော်ကြီးတစ်ပါးပါ။ ဘွဲ့တော်က~"ဘဒ္ဒန္တသီလ၀ံသ " မဟာထေရ်မြတ်ဖြစ်ပါတယ်။
<®> ဆရာတော်ကြီးမှ~" ၂၀၁၃ ခုနှစ်က အသဲကင်ဆာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ဆရာတော်ကြီးဖြစ်လို့မို့
နိုင်ငံတော် အစိုးရက ရန်ကုန်ပင့်ပြီး ဆေးကုသစေပါတယ်။ ဆေးရုံက သုံးလသာ ခံတော့မယ်လို့ ခန့်မှန်း ဆုံးဖြတ်ချက်ပေးလိုက်ပါတယ်။
<®> မြန်မာပြည်မှာမရရင် ထိုင်းနိုင် ငံ ဘန်ကောက်မြို့ဆေးရုံတွေမှာ ရနိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံတော်အစိုးရက ဘန်ကောက်ကို ပို့ပြီး ဆေးကုသပေးခဲ့ပါတယ်။
ဘန်ကောက်ဆေးရုံကလည်း ရောဂါလွန်နေပြီးမို့ သုံးလသာခံတော့မယ်လို့ ဆုံးဖြတ်ချက်ပေးလိုက်ပြန်ပါတယ်။
<®> အားလုံးက လက်လျှော့ပြီး ဆရာတော်ကြီးကိုပြန်ပင့်လာကြပါတယ်။ ရန်ကုန်ဆေးရုံတောင်မှ မထားတော့ပါဘူး။ မြစ်ကြီးနား ၀န်သိုကျောင်းတိုက်အထိ အရောက်ပြန်ပို့ပေးကြပါတယ်။
<®> အသက်ရှိနေတုန်းပြန်ပို့တဲ့သ ဘောပေါ့လေ။ သယ်ယူတဲ့ဒုက္ခ တွေမများပဲ ဈာပနကိစ္စတွေ စနစ်တကျ စီစဉ်နိုင်အောင်လို့ မူလကျောင်းအထိပြန်ပို့လိုက် တယ်လို့ ဆိုရမလိုပါပဲ။
<®> သက်တော်ကလည်း- (၉၀) ရောဂါကလည်း ကြွမ်းနေပြန်၊ ဖြစ်တာကလဲ သိပ်ပြီနုညံ့လှတဲ့ အသဲ(အသည်း)။ မျှော်လင့်ချက်က လည်းသိပ်ကိုနည်းလွန်းနေပြီလေ။
<®> တနည်းတော့လည်း သုံလ အတွင်းမှာ စနစ်တကျဖြစ်အောင် စီစဉ်သင့်တာတွေစီစဉ်၊ တပည့်ဒါယ ကာ ဒါယိကာမတွေ လည်းအား ရအောင် ဖူးမျှော်ရအောင်ပေါ့။
<®> နိုင်ငံတော်က အခုလို့ မူလကျောင်းကို ပြန်ပို့လိုက်တာလဲ သိပ်မှန်တယ်လို့ဆိုရမှာပါ။ ဆေးရုံမှာထားရင် ဆေးရုံများက ပြောသလို သုံးလပြည့်ရင် ပျံလွန် တော်မူမှာ သေခြာသလောက်ပါပဲ ။
<®> ကျောင်းပြန်ရောက်တဲ့အခါမှာ သစ်သီး' သစ်ရွက်' ဆေးနည်းကိုမှီဝဲ သုံးဆောင်တော်မူပါတယ်။
တစ်လလောက်သောက်ပြီးတဲ့အခါ အတော်လေးကို ကျန်းမာလာတယ်။ အစားအသောက်'အသားအရေတွေ လည်း ပြန်ကောင်းလာတယ် ။ ပျော် ပျော်ရွှင်ရွှင်နဲ့ ပြန်ပြီး စိုပြေလာတယ်။
<®> မြန်မာဆေးလေးကိုသောက်ပြီး သုံးလဆိုတဲ့ သတ်မှတ်ရက်လေးကို ရင်တမမနဲ့ စောင့်နေခဲ့ကြပါတယ်။
သုံးလဆိုတဲ့သတ်မှတ်ရက်လေးတစ်နေ့သို့ ရောက်လာပြန်တော့လည်း လန်းလန်းဆန်ဆန်းနဲ့ ပိုလို့တောင် ကျန်းမာလာခဲ့ပါတယ်။
<®> သုံးလကျော် လေးလတာ ကာလသို့တိုင် ကျော်လွန်လာတော့ အခြေအနေသိရအောင်လို့ ရန်ကုန် ဆေးရုံကို ပြန်ပြီးစစ်ဆေးခဲ့ပါတယ်။
"အဖြေက" ~ အသဲကင်ဆာဆိုတဲ့ အရိပ်မဲကြီးလုံးမရှိတော့ပါတဲ့။
<®> "သုံးလ" သာခံတော့မည်ဆို သည့် ဆရာတော်ကြီးဟာ~ ယခုဆိုလျှင် (၂)-နှစ်ကျော်လို့ သုံးနှစ်တောင်ပြည့်ပါတော့မယ်။
ကျန်းကျန်းမာမာနဲ့ မြစ်ကြီးနားမြို့၊ ၀န်သိုလ်ကျောင်းတိုက်တော်ကြီးမှာ သီတင်းသုံးတော်မူလျှက်ပါ။
<®> မှတ်ချက်~ {လွန်ခဲ့တဲ့ [၇]-နှစ်လောက်က စာရေးသူ မြတ်ပဋ္ဌာန်း မြစ်ကြီးနားသို့ရောက်ခဲ့စဉ်က လေး လေးစားစားဖူးမြှော်ခွင့်ရရှိခဲ့ပါတယ်။ အလွန်ကြည်ညိုဖွယ်ရာကောင်းတဲ့အပြင် ~ ခင်မင်မြတ်နိုးစရာ'ချစ်ခင်လေးစား ဖွယ်ရာလည်းကောင်းလှပါတယ်။}
<®> ဆရာတော်ကြီးကျန်းမာနေပုံကို ဖူးမြင်ရအောင်လို့ ဒီနှစ် နှစ်ဦးပိုင်းက "တိပိဋကဓရ"ဆရာတော် ငါးပါး ဆရာတော်ကြီးကို ဖူမြှော်နေသည့် ဓါတ်ပုံပါ ပူးတွဲဖေါ်ပြလိုက်ပါတယ်။
<®> ဆရာတော်ဘုရားကြီး နေ့စဉ် သုံးစွဲခဲ့တဲ့ 'အလွန်ထက်မြက်သည်'့ ဆေးကောင်းလေးတစ်လက်ကတော့
{၁} နံနက်ပိုင်းမှာ ~ ကညွတ်ပင် သတ္ထုရည် [အပင်ကိုထုထောင်းပြီးအရည်ကိုညှစ်ထားခြင်းပါ။ ]
သတ္ထုရည် ~အရည် မတ်ခွက် တစ်ခွက်ကို တိုက်ပါတယ်။
{၂} နေ့လည်မှာ~ မြေရှောက်ဆီးဖြူ (တောဆီးဖြူ လို့လည်းခေါ်တယ်)
တောဆီးဖြူအပင် ပဉ္စငါးပါး (တစ်ပင်လုံး)ကို သုံးခွက် တစ်ခွက် ကြို ပြီး မတ်ခွက် တစ်ခွက် နေ့စဉ်တိုက်ပါတယ်။
{၃}~ညနေမှာ မင်းကွတ်သီးကို အညှာမှတပါး အားလုံးကို ကြိတ်ခြေပြီး ဟင်းစားဇွန်းကြီး တစ်ဇွန်းစာကို တိုက်ပါတယ်။ (မင်းကွတ်သီးကို ကြိတ်ပြီး ထန်းလျက်အနည်းငယ်နှင့်ကြိုကာ ရေခဲသေတ္တာမှာစနစ်တကျသိမ်းပါက အဆင်ပြေပါတယ်။ မကြိုပဲထားပါက မှိုတက်နိုင်ပါတယ်။)
ဆေးသုံးမျိုးကို နေ့စဉ်တိုက်ပါတယ်။
<®> ဖေါ်ပြပါဆေးသုံးမျိုးကို ဆရာတော်ကြီး၏ အနီးနေ တပည့်ကြီး - ဦးကေတုမာလာ [မြစ်ကြီးနားဆရာတော်] ပြောပြ၍ သိရခြင်းပါ။ လက်တွေ့ဆေးနည်းပါ။
{ဆေးဖက်ဝင်အပင်များ/ပစ္စည်းများ အသီးများကိုလည်း မိတ်ဆွေများ လေ့လာနိုင်ပါရန် ပူးတွဲဖေါ်ပြ လိုက်ပါတယ်။}
<®> ဆန္ဒမွန် = အသဲ/အသည်း ကင်ဆာ ဝေဒနာရှင်များ စနစ်တကျ ယုံယုံကြည်ကြည်သုံးစွဲပြီးပျောက် ကင်းကြပါစေလို့ ကောင်းမြတ်သော စေတနာ' မေတ္တာဖြင့် ~ ဆုတောင်းပတ္ထနာ ပြုလိုက်ပါတယ်။
{"နာကျင် ခံခက်လှသော~အသဲ/အသည်းဝေဒနာဆိုးဘေးမှ လူသား အားလုံးကင်းဝေးကြပါစေသား…"}
<®> တင်းပြသူ = အရှင်ဧသက {မြတ်ပဋ္ဌာန်း}အား ရိုသေစွာဖြင့်
အထူးကျေးဇူးတင်ရှိပါကြောင်း …
<®> မေတ္တာများစွာဖြင့် ~
<®> အောင်ဆုပန် သေက္ချတောင်

No comments:

Post a Comment