Wednesday, March 29, 2017

No automatic alt text available.
No automatic alt text available.

Blood Thinners သွေးကျဲဆေးများ

မေးခွန်းတခုကို လက်ရေးနဲ့ရေးပြီး ဓါတ်ပုံရိုက်ပို့ပါတယ်။ နှလုံးအဆို့ရှင်အစားထိုးခွဲစိတ်ထားရသူ အမျိုးသမီးတယောက်က ရောဂါ၊ ဆေးဝါးနဲ့ အစားအသောက်တွေကိုမေးတယ်။ သူစားချင်တဲ့ အသီးအရွက်တွေရဲ့ အင်္ဂလိပ်လို အခေါ်တွေကိုလည်း မေးပါသေးတယ်။
ရဲယို = Morinda angustifolita
ကန်စွန်း = Water Convolvulus
မြင်းခွာရွက် = Asiatic Pennywort
ခွေးတောက် = ရုက္ခဗေဒလို Dregea volubilis ခေါ်တယ်။ အင်္ဂလိပ်လို Green wax flower ခေါ်တယ်။
သွေးကျဲစေဘို့ ဆရာဝန်တွေပေးတဲ့ဆေးသာအားကိုးပါ။ တိုင်းရင်းဆေး၊ အစာအာဟာရတွေမှာ ဆေးသုတေသန မပြည့်စုံပါ။ သိထားပြီးဖြစ်တဲ့ အစားအသောက်စာရင်းကိုတော့ ရေးပါမယ်။
(က) သွေးကျဲစေတဲ့အစာများ
Ginge ဂျင်း (ချင်း)၊
Peppermint ပင်စိမ်း
Thyme စမုန်ဖြူ
Cinnamon သစ်ကြံပိုးခေါက်၊
Dill စမြိတ်၊
Oregano တောရှုံးပင်၊
Turmeric နနွင်း၊
Cayenne pepper ငရုတ်တမျိုး၊
Grapes စပျစ်သီး၊
Raisins စပျစ်သီးခြောက်၊
Prunes ဆီးသီးခြောက်။
Cherries ချယ်ရီသီး၊
Cranberries ခရမ္ဘယ္ရီသီး၊
Blueberries ဘလူးဘယ္ရီ၊
Grapes စပျစ်၊
Strawberries စထောဘယ်ရီ၊
Tangerines အခွံပွလိမ္မော်သီး၊
Orange လိမ္မော်သီး၊
(ခ) Foods That Thicken Blood သွေးခဲစေနိုင်တဲ့အစာများ
Vitamin K ဗီတာမင်ကေ၊
Parsley တရုပ်နံနံ၊
Kale ကိုက်လန်၊
Spinach ဟင်းနုနွယ်၊
Asparagus ကညွတ်၊
Cauliflowers မုန်လာထုပ်၊
Celery တရုပ်နံနံကြီး၊
Leeks ကြက်သွန်မြိတ်၊
(ဂ) Antioxidants အင်တီအောက်ဆီဒင့်ဓါတ်ပါအစာများ
Olive oil သံလွင်ဆီ၊
Garlic ကြက်သွန်ဖြူ
(ဃ) Vitamin E ဗီတာမင်အီးပါအစာများ
Whole grains ဖြူဖွေးအောင်ချွတ်မထားတဲ့အစေ့ (ဆန်၊ ဂျုံ)၊ Coconuts အုန်းသီး၊ Sunflower seeds နေကြာစေ့၊
(င) Omega-3 Fatty Acids အိုမီဂါ-သရီး ပါအစာများ
Salmon ဆယ်လမွန်ငါး၊ Albacore tuna ကျူနာငါး၊ Mackerel မက်ရယ်လ်ငါး၊
Blood Thinners သွေးကျဲဆေးတွေကို Anti-platelet drugs, Anticoagulants လို့လည်းခေါ်တယ်။ နှလုံးရောဂါနဲ့ သွေးကြောရောဂါရှိသူတွေကိုပေးတယ်။ နှလုံးအတက်ရမှာကို သက်သာဆေးတယ်။ ဆထုပ်ခ် ခေါ် ဦးနှောက်သွေးကြော မတော်တဆဖြစ်ခြင်း ခေါ် လေဖြတ်တာကို ဖြစ်ခွင့်နည်းစေတယ်။ သွေးခဲဖြစ်လာမှာကို တားဆီးပေးတယ်။
Atrial fibrillation ခေါ် နှလုံးခုန်မမှန်ခြင်း၊ နှလုံးအဆို့ရှင်ခွဲစိတ်ထားရခြင်း၊ မွေးရာပါနှလုံးရောဂါရှိသူတွေကိုပေးတယ်။ အမျိုးအစား နှစ်မျိုးရှိတယ်။ Anticoagulants အမျိုးအစားဆေးတွေကတော့ heparin or warfarin (Coumadin) ဖြစ်တယ်။ Antiplatelet drugs အမျိုးအစားဆေးတွေကတော့ aspirin ဖြစ်တယ်။ သွေးကျဲစေနည်းက မတူကြပါ။
ဆေးတွေမှာ ဘေးထွက်သက်ရောက်မှုတွေတော့ရှိတယ်။ သွေးထွက်စေနိုင်တယ်။ Coumadin ကြောင့်ပိုဖြစ်တယ်။ Vitamin D 2,000 IU, calcium 100-200 mg တွေကိုပါတွဲပေးတာလည်းရှိတယ်။ vitamin K1 ပါတဲ့ ဟင်းသီးဟင်းရွက်တွေ ရှောင်ရတယ်။ Aspirin ဆေးကနေ folic acid, vitamin C, iron, sodium နဲ့ zinc ဓါတ်တွေကို နည်းစေတယ်။ အစာလမ်းလေးနာရှိသူနဲ့ Hemophilia ဟီမိုဖီးလီးယားသွေးရောဂါရှိသူတွေက ဒီဆေးတွေနဲ့ မသင့်ပါ။
နှလုံးအဆို့ရှင်ရောဂါရှိသူတွေ လူနေမှုပုံစံပြောင်းတာလိုတယ်။ စာထဲပါတာထဲက ကိုယ်နဲ့ဆိုင်တာကိုသာလုပ်ပါ။
ဆေးလိပ်ဖြတ်ပါ။ သွေးတိုးကို ထိန်းနေပါ၊ ကိုလက်စထောချပါ၊ LDL level ကို 130 mg/dL (3.4 mmol/L) ထက် နည်းပါစေ၊ တခြား သတိထားစရာပါရှိနေသူဆိုရင် LDL ကို 100 mg/dL (2.6 mmol/L) အောက်အထိချပါ။ စိုးရိမ်စရာ ဖြစ်နေသူဆိုရင် 70 mg/dL (1.8 mmol/L) အထိနည်းပါစေ။ ဆီးချိုထိန်းနေပါ။ အသက်ကြီးသူတွေက ငြိမ်မနေပါနဲ့၊ လှုပ်ရှားပေးပါ။ ငယ်ရွယ်သူတွေက အတိုင်းအတာအရသာလုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကိုသာ ရွေးချယ်ပါ။ ကိုယ်အလေးချိန် ထိန်းနေပါ။ စိတ်ဖိအား လျှော့နည်းသုံးပါ။ သန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။ တုပ်ကွေးရာသီမှာ ကာကွယ်ဆေးထိုးပါ။ စိတ်ကို အပြုသဘောဆောင်ပါ။ ကံတရားကိုလည်း အားကိုးပါ။
ဒေါက်တာတင့်ဆွေ

Beat the summer heat အပူဒဏ်ကာကွယ်ရန်

မနှစ်က (အယ်လ်နင်နို) ရာသီဥတုအန္တရာယ်ကြောင့် သင်္ကြန်ရေကစားချိန်သတ်မှတ်ပေးထားခဲ့ရပါတယ်။ နွေအပူဒဏ်ကာကွယ်ဘို့ရာ အရိပ်ထဲမှာသာနေပါ။ နားနိုင်သမျှ နားနေပါ။ အိမ်ထဲ-ကျောင်းထဲ-ရုံထဲ-ရုံးထဲမှာသာနေပါ။ ပြင်းထန်တဲ့အလုပ်မျိုးတွေ ရှောင်ထားပါ။ ဖြစ်နိုင်ရင် အဲယားကွန်နဲ့ နေပါ။ အပြင်မှာအလုပ်လုပ်ရလဲ အရိပ်ခိုတာ မကြာခဏလုပ်ပါ။ နေနဲ့တွေ့ချိန် နည်းနိုင်သမျှနည်းအောင်လုပ်ပါ။ အပြင်ထွက်စရာရှိရင် ပြင်ဆင်ပါ။ ချည်ထည် အင်္ကျီလက်ရှည်ဝတ်ပါ။ အနက်ရောင်မသင့်ပါ။ ထီး၊ ဦးထုပ်၊ ခမောက် ဆောင်းပါ။ နေကာမျက်မှန်တပ်ပါ။ ရေယူသွားပါ။ ရေကို အေးနေအောင်စီမံပါ။ ဖြစ်နိုင်ရင် လေအေးစက်ပါယာဉ်သုံးပါ။ ရေပန်း-ဖြန်းစရာသုံးနိုင်ပါတယ်။
ရေ တနေကုန်သောက်ပါ။ မဆာလည်းသောက်ပါ။ ဆာလာပြီဆိုတာ ရေနဲ့ ဓါတ်ဆား ခမ်းလာလို့ဖြစ်တယ်။ ORS ဓါတ်ဆားထုပ် သောက်ပါ။ သိပ်အေးတဲ့အရည်ကို မသောက်ပါနဲ့။ အစာအိမ်ကြွက်တက်သလို ဖြစ်စေနိုင်လို့ပါ။
အနာသက်သာဆေးတွေနဲ့ ဝမ်းနုပ်ဆေးတွေကို သိပ်လိုမှသာသောက်ပါ။ အကိုက်အခဲပျောက်ဆေးတွေက ချွေးထွက်စေတာသတိထားပါ။ ရေဓါတ်နည်းစေတယ်။ အပူဒဏ်ခံရရင်ဘာတွေဖြစ်လာမလဲ၊ ဘယ်လိုလုပ်ရမလဲ သိထားပါ။ သူများဖြစ်ရင် အကူအညီပေးပါ။ Heat stroke အပူဒဏ်ဘယ်လိုခံမလဲစာရေးထားပါတယ်။
အရေပြားခြောက်နေရင် ဘာလုပ်ရမလဲ
အကြောင်းခံဆေးဝါးတွေဆိုရင် ဆေးဖြတ်တာနဲ့ သက်သာလာမယ်။ Emollient ဆေး နေ့စဉ်သုံးပါ။ Moisturizer စနစ်တကျသုံးပါ။ အပျော့စားတွေက Cetaphil lotion, Lubriderm lotion နဲ့ AmLactin 12% lotion ဆေးတွေ သုံးနိုင်တယ်။ အပြင်းစားတွေက Vaseline နဲ့ Aquaphor တွေဖြစ်တယ်။ Vaseline တနေ့ ၂-၃ ကြိမ်လိမ်းပါ။ Moisturizer နဲ့ Foundation တွေဟာ Sunscreen SPF 15 အနည်းဆုံးရှိသင့်တယ်။ နေကောင်းကောင်း ထွက်နေချိန်တွေ နေရောင်နဲ့ ထိတွေ့တာကို ရှောင်နိုင်သမျှရှောင်ပါ။ ရေဟာ လူ့အသက်ဖြစ်တယ်။ အရေပြားရဲ့အသက်လည်း ဖြစ်တယ်။ အစိုဓါတ်က အောက်ကနေအထက်ကို လာရတာ ဖြစ်တယ်။ ရေဓါတ်နည်းရင် အရေပြား ခြောက်သွေ့နေလို့ Moisturize သုံးရတယ်။ အဲတာတွေနဲ့ မရသေးရင် (စတီရွိုက်) ပါတဲ့လိမ်းဆေးတွေသုံးနိုင်တယ်။ Hydrocortisone 1% cream (အပျော့စား), Pramosone 2.5% cream (အပျော့စား), Triamcinolone 0.1% cream (အလတ်စား), Clobetasol 0.05% cream (အပြင်းစား) တွေဖြစ်တယ်။ စတီရွိုက်ဆေးတွေက တာရှည်သုံးရင် အရေပြားကို ပါးစေတယ်။
ယားရင် Diphenhydramine (Benadryl), hydroxyzine (Vistaril, Atarax), Loratidine (Claritin) နဲ့ Cetirizine တွေ သောက်နိုင်တယ်။ အထူး Moisturizers တွေကိုလဲ သုံးနိုင်တယ်။ (လက်တစ်အက်စစ်) ပါတဲ့ (Amlactin, Lac-Hydrin) နဲ့ ယူရီယာပါတဲ့ (Urix or Carmol) တွေဖြစ်တယ်။ ရေမွှေးမပါတာက ကောင်းတယ်။
Calamine lotion လိမ်းဆေးက အရေပြားမှာအနေရခက်တာတွေကို သက်သာဆေးတယ်။ ယားတာသက်သာမယ်။ အင်းဆက်လို အကောင်ကိုက်တာ သက်သာမယ်။ ဆေးနဲ့မတည့်သူက မသုံးရပါ။ ကိုယ်ဝန်ဆောင်နေချိန်၊ ကလေး နို့တိုက်နေချိန်တွေမှာ မသုံးရပါ။ မျက်စိထဲမဝင်ရ။ အရေပြားနုကိုမလိမ်းရပါ။ ၆ လအောက်ကလေးတွေကို မသုံးရပါ။ ဆေးနဲ့မတည့်ရင် ဆေးလိမ်းရာမှာ နီရဲပြီး ယားလာမယ်။ သိပ်ဆိုးရင် အသက်ရှူခက်တာဖြစ်မယ်။
ရေအေးနဲ့သာ ရေချိုးပါ။ အဝတ်အစား ချောင်ချိတာနဲ့ ချည်ထည်သာ ဝတ်ဆင်ပါ။ အသက်ကြီးသူတွေ ပိုသတိထားပါ။ အရက်မသောက်ပါနဲ့။ မိုးလေဝသသတင်း နားထောင်နေပါ။ အကြံပြုချက်တွေကို လိုက်နာပါ။ ဆပ်ပြာ အပျော့စားသုံးပါ။ ဥပမာ Dove soapless cleanser, Aveeno cleanser, Cetaphil cleanser တွေဖြစ်တယ်။ အစားအသောက် လုံလောက် မျှတအောင် စားသုံးရမယ်။ (အိုမီဂါ သရီး) နဲ့ ဗီတာမင် (အေ) ကောင်းတယ်။ သနပ်ခါးစစ်စစ်ထက် ကောင်းတာ မရှိပါ။ သခွါးသီးလို အသီးအနှံတွေက ကြော်ငြာကောင်းကောင်း တံဆိပ်လှလှလေးတွေနဲ့ ဈေးကြီးကြီးပေးရတာတွေထက် အစစ်ကိုသာသုံးပါ။
နေကလည်း ဆူနေအောင်ပူ၊ လူသုံးစရာ သောက်စရာ ရေကရှား၊ သဘာဝတရားကပေးထားတဲ့ အေးစရာတွေရှာပါ။ အမိုးမှာထန်းရွက်၊ လက်ဖြစ်ဝါး၊ ကြမ်းကြားကလေ၊ ဗူးခါးရေ၊ စိတ်အနေ အေးဆေးပါစေ။ ဓါတ်ဆားရေ မှီဝဲပါလေ။ ကံတရား အားကိုးနိုင်ကြစေ။
Beat the summer heat အပူဒဏ်ကာကွယ်ရန် http://doctortintswe.blogspot.com/…/06/beat-summer-heat.html
Heat stroke အပူဒဏ် ဘယ်လိုခံမလဲ http://doctortintswe.blogspot.com/2015/06/heat-stroke.html
Summer heat ထန်းလက်မိုး http://doctortintswe.blogspot.com/2016/04/summer-heat.html
ဒေါက်တာတင့်ဆွေ

Drip ဒရစ်ပုလင်း

ဆရာ Drip ပုလင်းတွေအကြောင်း သိချင်လို့ပါဆရာ။ ပြီးတော့ ဘယ်လိုအခြေအနေမှာ ဘယ်ဟာသုံးသင့်လဲဆရာ။

ဒရစ်လို့ခေါ်တာတွေက အမျိုးမျိုးရှိတယ်။ သွေးပြန်ကြောထဲသွင်းပေးရတာတွေကိုခေါ်တယ်။ အများဆုံးသုံးတာတွေက -
၁။ Dextrose Water = D/W ဒက်စထို့စ်သကြားဓါတ် + ရေ
၂။ Dextrose Saline = D/S ဒက်စထို့စ်သကြားဓါတ် + ဆားရည်
၃။ Normal Saline = N/S ဆား + ရေ
၎။ Ringer’s Lactate = R/L (ရင်ဂါလက်တိတ်) = ဓါတ်ဆားရည်
ဘယ်လိုလူကို ဘယ်တော့သွင်းပေးရမလည်း ပြောရတာကများတယ်။ R/L (ရင်ဂါလက်တိတ်) ဓါတ်ဆားရည်ဆိုရင် ဝမ်းလျှောတာ၊ အန်တာတွေကိုသာ သွင်းရတာများတယ်။ အငန်ဓါတ်နဲ့မသင့်သူတွေကို အငန်မပါတာ၊ အချိုဓါတ်နဲ့ မသင့်သူတွေကို အချိုမပါတာကိုလည်းကြည့်ရတယ်။ တချို့မှာ ပုလင်းထဲမှာပါနေတာကို လိုလို့မဟုတ်ပဲ သွေးပြန်ကြောထဲကို လိုအပ်တိုင်းဆေးထိုးပေးနိုင်ဘို့ရာ IV line (ဒရစ်) ပုလင်းချိတ်ပေးထားရတာလည်းရှိတယ်။
ဘယ်လောက်များများဆိုတာလည်းကြည့်ရတယ်။ ကာလဝမ်းလိုဖြစ်နေသူဆိုရင် RL ပုလင်းတွေတလုံးပြီးတလုံး၊ သွေးဖိအားပြန်မတတက်မချင်း (ရေ + ဆား ပြန်မပြည့်မချင်း) အများကြီးသွင်းရတယ်။ အဲတာမျိုးက နှေးရင် အသက်ဆုံးပါးနိုင်တယ်။ တခါတလေ ဘယ်ပြန်ညာပြန်တပြိုင်တည်းသွင်းပေးရတယ်။
သွင်းတဲ့ပုလင်းထဲကို ဗီတာမင်ထိုးဆေးထည့်သွင်းရင်တော့ အဲဒီဗီတာမင်ရမယ်။ ဗီတာမင်ဆိုတာ နည်းနည်းလေးနဲ့ အမြဲလိုနေတာ။ အစားအသောက်တွေထဲမှာ အားလုံးပါနေတာဖြစ်တယ်။ အစာလမ်းခွဲစိတ်ထားလို့ ပါးစပ်ကနေ မစားရသူမျိုးဆိုရင် တနေကုန်သွင်းပေးရတယ်။ မြန်လို့၊ များလို့မကောင်းသူတွေလည်းရှိပြန်တယ်။ နှလုံး၊ အဆုပ် အလုပ်ကောင်းကောင်းမလုပ်သူတွေနဲ့ ကလေးတွေကို များများနဲ့ မြန်မြန်ပေးမိရင် ဘေးဖြစ်စေနိုင်တယ်။
လူကြီးတယောက်မှာ သွေးထုထည် ၅ လီတာ (ဒရစ်ပုလင်း ၁ဝ လုံး) ရှိတယ်။ အမြဲတမ်းအဲလိုဖြစ်နေအောင် ခန္ဓာကိုယ်စနစ်ကနေ လုပ်ပေးနေတယ်။ ရုတ်တရက်နည်းသွားရင် အဲတာမျိုး သင့်တာတခုခုရွေးသွင်းပေးရတယ်။
သွေးသွန်လို့ သွေးမရနိုင်သေးခင်မှာ အသက်ဆက်ဖို့လည်းသွင်းရတယ်။ သတိထားဖို့က ၁ ပုလင်းစာ သွေးဆုံးရှုံးလို့ တပုလင်းသွင်းပေးရင် ထုထည်တော့ပြည့်မယ်။ သွေးကကျဲသွားမယ်။ အောက်စီဂျင်ဝမှာမဟုတ်ပါ။ သွေးလိုသူကို သွေးပဲပေးရတယ်။ မလိုအပ်ပဲသွင်းကြလည်း မကြာခဏတွေ့ရတယ်။ ပါးစပ်ကနေ ရေသောက်နိုင်သူ၊ သကြားစားနိုင်သူကို သွင်းပေးရင် သွင်းပေးပြီး ဆီးသွားချင်တာသာပိုမယ်။
သွေးပြန်ကြောထဲဆေးသွင်းကုသနည်းကို ၁၈၃၁ ခုနှစ်ကတည်းက Dr Thomas Latta of Leith ကနေ ကာလဝမ်းရောဂါ ကုသဘို့ စတင်သုံးခဲ့ပါတယ်။ ခုခေတ်မှာတော့ ကုသနည်းတွေများတယ်။
• Water and electrolytes ရေ၊ ဓါတ်ဆားတွေသွင်းနည်း၊
• Blood transfusion သွေးသွင်းနည်း၊
• Medicines ဆေးသွင်းနည်း (ဥပမာ ကင်ဆာဆေး) တွေပေးတယ်။
• Volume expanders သွေးထုထည်များစေဘို့ crystalloids နဲ့ colloids တွေသွင်းပေးတယ်။
• Blood-based products သွေးထဲကပစ္စည်းတွေခွဲထုတ်သွင်းပေးရတယ်။ ဥပမာ hemophilia ရောဂါရှိသူကို clotting factor သွေးခဲစေတဲ့ဖက်တာသွင်းပေးရတယ်။
• Blood substitutes သွေးအစားထိုးသွင်းပေးနည်းဆိုတာ သွေးအတုသွင်းပေးရတာဖြစ်တယ်။
• Buffer solutions အဖြစ် acidosis သို့ alkalosis ဖြစ်သူတွေကိုသွင်းပေးတယ်။
• Parenteral nutrition အစာအာဟာရဖြည့်ပေးနည်းသုံးရတယ်။
ဒရစ်သွင်းရင် သတိထားစရာတွေကလည်းများတယ်။
• Pain ဆေးသွင်းလို့နာတာ၊
• Infections ပိုးဝင်တာ၊
• Phlebitis သွေးပြန်ကြောရောင်တာ၊
• Infiltration / extravasation ဆေးက သွေးပြန်ကြောအပြင်ဖက်ရောက်တာ၊
• Fluid overload အရည်ထုထည် လိုတာထက်ပိုတာ၊
• Hypothermia ကိုယ်အပူချိန်ကျတာ၊
• Electrolyte imbalance ဓါတ်ဆားအချိုးအစားမမျှတာ၊
• Embolism သွေးကြောထဲသွေးခဲပိတ်တာ နဲ့ Air bubbles လေပိတ်တာ၊
Banana bag ငှက်ပျောသီးအိတ်ကို အခုနောက်ပိုင်းအသုံးများလာတယ်။ သွေးပြန်ကြောထဲသွင်းပေးရတဲ့ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေပါတယ်။ တလီတာတအိတ်မှာ
Normal saline (sodium chloride 0.9%) ပုံမှတ်ဆားရေ
Thiamine ဗီတာမင်ဘီ-၁ 100 mg
Folic acid ဖေါလစ်အက်စစ် 1 mg
Multivitamin for infusion (MVI) ဗီတာမင်အစုံ 1 ampule
Magnesium sulfate မက်ဂနီဆီယမ် ဆာလ်ဖိတ် 3 g
အရေးပေါ်လူနာဌာနဲ့ အထူးကုသခန်းတွေမှာ သုံးရတာများတယ်။ ကြွက်သားတွေနာနေသူတွေနဲ့ နာတာရှည်လူနာတွေကို ပေးရတတ်တယ်။ အရက်နာကျသူတွေကို ပေးရတယ်။
လူနာအတော်များများက (ဒရစ်) သွင်းပေးရင် အားပြည့်သလို စိတ်မှာမှတ်ယူတယ်။ အဲတာလည်း ကုစားနည်းတခုဖြစ်လို့ အကျိုးတော့မယုတ်ပါ။
ဒေါက်တာတင့်ဆွေ

Dirty drugs ညစ်ညမ်းဆေးတွေ

အဲဒီဆေးတွေက တကယ်ရှိပါသလားဆရာ။ တရားဝင်ရော ရောင်းချခွင့်ပေးတဲ့နိုင်ငံတွေရှိပါသလား။ ရောင်းနေတဲ့ပိုစ့်တွေ တွေ့နေရလို့ပါခင်ဗျ။ ဗဟုသုတအနေနဲ့ အားလုံးသိအောင် ရှင်းပြပေးစေလိုပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်ဆရာ။
ဒီသင်္ကြန်မတိုင်ခင် သင်္ကြန်တွင်းကျ ယူကြုံးမရမဖြစ်ရအောင်စာတပုဒ်သာတင်သေးတယ်။ ရေးထားတာက များတယ်။ တင်ရမှာ လန့်နေရလို့။ အဲလိုစာတွေတင်တိုင်း သူခိုးလမ်းပြ၊ ဓါးပြလက်ထောက်ချလို့ အပြောခံရတယ်။ မေးလာတာ ၃ ယောက်ရှိလို့ တခုတော့တင်ဦးမယ်။ ပြောချင်လည်း ပြောကြပေတော့။
သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများက အရက်လို၊ ဘီယာလို၊ သောက်တာတခုခုထဲမှာ တည့်တယ်။ ညစ်ညမ်း လက်ဖက်ရည်၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ဖီဆိုတာတွေက ရေနွေးမှာဖျော်ပြီး ရိုးရိုးကော်ဖီလို ဖျားယောင်းတိုက်တဲ့ ဆေးကော်ဖီတွေပါ။ ညစ်ညမ်းဆေးတွေကတော့ သင်္ကြန်မှာ ရေအေးနဲ့ပက်ဖြန်းပြီး အအေးသောက်ရ၊ တိုက်ရတာက ပိုလွယ်ကူပါတယ်။
လက်လှမ်းမီသလောက် (၄) မျိုးသိပါတယ်။ ရှိပါအုံးမယ်။
1) Spanische Fliege
2) German Spanische Love 20ml drop
3) Spanische Fliege extra konzentriert Liebesstropfen 15ml
4) Die Spanische Fliege စတဲ့နာမည်တွေနဲ့ ရောင်းပါတယ်။
ဆေးအရည်ပုလင်းငယ်လေးတွေပါ။ ၁၅-၂ဝ (စီစီ) သာပါလို့ ထိုးဆေးပုလင်းအတိုင်းပါဘဲ။ မိန်းကလေး တယောက်ကို ဖျားယောင်းသွေးဆောင်ဘို့ရာ (သားကာင်းကို ကျော့ကွင်းထောင်ဘို့ရာ) ဆေး ၁ဝ-၁၅ စက်သာလိုပါတယ်။
ခေး အအေးသောက်မယ်ဆိုပြီး တစိမ်းယောက်ျားဖြစ်ဖြစ် သမီးရည်းစားကဖြစ်ဖြစ် သဘောကောင်းချင်ယောင်နဲ့ တိုက်လာရင် သတိထားပါလေ။ ငါးမျှားချိတ်ကိုမမြင်ကြဘဲ စားစရာသာမြင်လို့သာ ငါးတွေဟာ တံငါသည်ဖမ်းတာ ခံကြရတာပါ။ သင်္ကြန်တွင်းမှာသာ အဲလိုလုပ်နိုင်တာ မဟုတ်တာလည်း သတိထားပါ။ ဒီဆေးကို ယင်ကောင်တမျိုးကနေ ထုတ်တာပါ။ အညှီရှိရင် ယင်အုံတယ်မဟုတ်ပါလား။
ဆေးအစွမ်းက သောက်မိလိုက်တဲ့ မိန်းကလေးဟာ ခဏလေးနဲ့ (၁၅-၃ဝ မိနစ်) ကိုယ်နဲ့စိတ် ပြောင်းလဲမှုတွေဖြစ်လာမယ်။ ဟိုစိတ်တွေ မကဲသင့်ဘဲ ကဲပိုလာမယ်။ အတူနေချင်စိတ်တွေ ဖြစ်ပေါ်လာမယ်။ မဖြစ်သင့်တာအတွက် အဆင်သင့် ဖြစ်လာတော့မယ်။ သတိလက်မလွတ်ပါ။ ဆေးအရှိန်ကုန်ပြီး တခုခု အပြုခံရပြီးမှ နောင်တ ရပါလိမ့်မယ်။ နောက်ကျသွားပါပြီ။
ပိုဆိုးမှာက မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိအဖြစ်မျိုးဆိုတာ သင်္ကြန်ကာလမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ သင်္ကြန်ကို ပျော်စရာတခုတည်းအတွက်သာလို့ ထင်သူတွေမှာ ဖြစ်နိုင်ပါတယ်။ မြန်မာပြည်မှာ FDA မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကနေ ကြိုးစားနေပေမဲ့ ဖျက်ဆီးခံထားရတဲ့ ကာလကြီးက ကြာခဲ့တာမို့ ဆင့်ပါးစပ်နှမ်းပက်သာ စစ်ဆေးတာ၊ အရေးယူတာတွေ လုပ်နိုင်ပါသေးတယ်။ ဒီဆေးမျိုး လက်သိပ်ထိုးရောင်းတာတွေ သေချာပေါက်ရှိမှာပါ။
အမှောင်ခေတ်မှာ လူဖြစ်လာသူတွေ ကံဆိုးကြလိုဘဲ အလင်းရောင် ခပ်ဝါးဝါးကာလကလူတွေလဲ ကံမကောင်းကြသေးပါ။ အစိုးရချည်း အားမကိုးကြပါနဲ့။ ကိုယ့်အိမ်ကစ၊ ကိုယ့်ကျောင်း၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်အသိုင်းအဝိုင်းမှာ ဝိုင်းဝန်းပြုပြင်ရေး အားပေးပါရစေ။
Advice for Water festival သင်္ကြန်တွင်းကြ ယူကြုံးမရမဖြစ်ရအောင် http://doctortintswe.blogspot.com/…/advice-for-water-festiv…
Date Rape Drugs Protection ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ
Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ http://doctortintswe.blogspot.com/20…/…/date-rape-drugs.html
Dirty drugs ညစ်ညမ်းဆေးတွေ http://doctortintswe.blogspot.com/2014/10/dirty-coffee.html
Guidance for girls and women သင်္ကြန်တွင်းကြယူကြုံးမရ မဖြစ်ရအောင် http://doctortintswe.blogspot.com/…/advice-for-water-festiv…
Lady coffee လေဒီကော်ဖီ http://doctortintswe.blogspot.com/2014/10/dirty-coffee.html
Predatory Drugs သတိလစ်စေရန်ပြုလုပ်နှိင်သည့် ဆေးဝါးများ http://doctortintswe.blogspot.com/20…/…/predatory-drugs.html
Rape drugs အဓမ္မကျင့်ဘို့ သုံးကြတဲ့ ဆေးတွေ http://doctortintswe.blogspot.com/2017/03/rape-drugs.html
Rohypnol ရိုဖီနောလ် မုဒိန်းဆေး http://doctortintswe.blogspot.com/2017/03/rohypnol.html
Warning to girls and women အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ http://doctortintswe.blogspot.com/…/warning-to-girls-and-wo…
ဒေါက်တာတင့်ဆွေ

Comment

Tuesday, March 28, 2017

အသည်း​ခြောက်​သူများအတွက်

======================
ကြက်​ဥအကာ တစ်​ရက်​ ၂လုံး ၃လုံး စား​ပေးရပါမည်
ကြက်​ဥအကာတွင်​ Albumin ဓာတ်​ပါဝင်​ပါတယ်​ ​ရေဓာတ်​ကိုထိန်း​ပေးတယ်​ ​ရေဖျင်းဆွဲတာကို ​လျှော့ချကာကွယ်​​ပေးတယ်​ amino acid တစ်​မျိုးပါပဲ
ခုနောက်​ပိုင်း BCAA လို့​ခေါ်တဲ့ အသည်းအတွက်​ လိုအပ်​တဲ့ ပရိုတင်း ၃မျိုး​ပေါင်း စား​ဆေးအသစ်​​တွေ​ပေါ်​နေပါပြီ
အသည်း​ခြောက်​သူ​တွေအတွက်​ ထုတ်​ထားတဲ့ စား​ဆေးပါ
ဈေးကွက်​ထဲမှာ ဝယ်​လို့ရပါတယ်
BCAA စား​ဆေးလည်း စားပါ ကြက်​ဥအကာ ကိုလည်း ​နေ့စဉ်​များများ စား​ပေးကြပါ
Albumin ​ဆေးပုလင်းအ​သေးသွင်းရင်​ ၈၀၀၀၀ ​ကျော်​ ကုန်​ကျပါတယ်​ အာ့မို့
BCAA (UK) ထုတ်​ စား​ဆေး တစ်​ဗူး ၅၀၀၀၀ ​ကျော်​ က ထိုး​ဆေးထက်​​တော့ ပို သက်​သာ ပါတယ်
tab အလုံးပုံစံ​ရော အမှုန့်​ထုတ်​အ​နေနဲ့​ရော ​ဈေးကွက်​ထဲရှိပါတယ်
Milk Thistle စား​ဆေးနဲ့ တွဲစား​ပေးသင့်​တဲ့ အသည်း​ခြောက်​သူများအတွက်​ အထူးသင့်​​လျော်​တဲ့ ​ဆေး၂မျိုးပါ
ကြက်​ဥအကာကို လည်း စားဖို့ လုံးဝမ​မေ့ကြပါနဲ့
ကြော်​​တော့မစားပါနဲ့ အစိမ်းမစားပါနဲ့
အသည်း​ခြောက်​​နေသူများ ပြန်​​ကောင်းနိုင်​ပါတယ်
တအားကြီးမဆိုး​သေးခင်​ ပြန်​​ကောင်းပါတယ်​ ကျ​နော့်​အ​တွေ့အကြုံအရ ​ပြောပြတာပါ
ပုံပါ ဆေးက BCAA စားဆေးဗူးရယ် အမှုန့်ထုတ်ပါ
Dr.Zar Ni Zin
General Practitioner
095183917

ခဏခဏမေးနေလို့ အသည်းအဆီဖုံးသက်သာတဲ့ ဆေးအတွဲတွေပါ

ကျနော့်ဆေးခန်းမှာရှိနေတဲ့ ဆေးတွေကို နမူနာ ရိုက်တင်ပေးတာပါ
နမူနာပေါ့ ဒီအတိုင်းအတိအကျမဟုတ်လည်းရတယ် ဆေး chemical name နာမည်တူရင် သောက်ပါ ရပါတယ်
ရောဂါက အနည်းဆုံး၆လလောက် သောက်ရပါမည်
Fatty Liver. လို့ တီဗွီ ဓာတ်မှန်အဖြေထွက်ရင် ဗိုက်ကျောတင်း အကြောတတ် လူကဝလာ ညာဘက်ခြမ်းဗိုက်က နာလာသလိုလို
နေလို့မကောင်း တဲ့သူတွေ သောက်ထားလို့ရပါတယ်
တခြားဆေးတွေပါ သောက်နေရရင်တော့ ဆရာဝန်ညွှန်ကြားချက်လိုပါတယ်
အစာစားပြီးသောက်ရပါမည် နယ်ဝေးက လူတွေကို ရည်ရွယ်ပြီး ဆေးညွှန်းပေးတာပါ
နားမလည်ရင် ကျနော့် ဆေးခန်းတာဝန်ခံဖုန်း 09250873063. ကိုရုံးချိန်အတွင်း ဆက်မေးပါ ဖြေပေးပါ့မယ် ဥပမာ သွေးကျဆေး ဆီးချိုဆေးတွေ နဲ့ တွဲသောက်လို့ရမရ စသဖြင့်ပေါ့ဗျာ
ကျန်းမာကြပါစေ
ဒေါက်တာဇာနည်ဇင်
ရဲမွန်တောင်ဆေးခန်း
၅၉လမ်း ၄၉ နှင့် လမ်း၄၀ ကြား
ရဲမွန်တောင်ရပ်ကွက် မဟာအောင်မြေ မြို့နယ်
မန္တလေးမြို့
09250873063 ( ဆေးခန်းဖုန်းပါ)

နွေရာသီ ရောက်လျှင် အသည်းသမားများ သတိထားပါ

=====================================
အပူရှိန် တောက်လျှောက်တတ်လာပါက အသည်းသမားများ
အသည်းခြောက်သူများ အရက်သမားများ မြန်မြန် အကြွေစော တတ်ပါတယ်
အသည်းက အပူဒဏ်မခံနိုင်ပါဘူး ရေပူစမ်း တို့ sona တို့ spa တို့သွားဖို့မသင့်ပါဘူး
ရေပူစိမ်တာ အပူခန်းထိုင်တာတွေ က ရှော့စ် ဖြစ်တတ်ပါတယ်
Spa ချွေးထုတ်ခန်းတွေသည် သွေးတိုးနှလုံး ဆီးချို စတဲ့ နာတာရှည်သမားတွေ အတွက် အကျိုးရှိပေမဲ့ အသည်းသမားတွေကတော့ ရှောင်ကြဉ်သင့်ပါတယ်
အာ့မို့ နွေရာသီမှာ အပူရှောင်ပြီး ပြင်ဦးလွင် ရွာငံဒေသ စတဲ့ အအေးပိုင်း စတဲ့ ဒေသတွေကို တတ်နိုင်တဲ့သူများ ခဏပြောင်းနေသင့်ပါတယ်
ဗုဒ္ဓဘုရားဟောကြားခဲ့တဲ့အတိုင်းပါပဲ ရောဂါ ဆိုတာ ကံ စိတ် ဥတု အာဟာရ မျှတမှပါ
အာ့မှာ ဥတုက နွေဆို အသည်းကြွေတတ်တယ် ဆောင်းဆို နှလုံးကြွေတတ်တယ်ပေါ့ဗျာ
အသည်းစီပိုးသမားတွေကို ကျနော်တို့ အရင် ၄နှစ်လောက်က ဆေးထိုးကုရတုန်းကဆိုရင် နွေကို ရှောင်ပြီး မိုးတွင်း ဆောင်းတွင်းပိုင်းလောက်မှ စထိုးခိုင်းခဲ့တယ် ဆေးဒဏ်က ပူရင်မခံနိုင်ဘူးလေ
အာ့မို့ ခုလို နွေရာသီမှာ အသည်းသမားများ အထူးသတိထားကြပါ
ကျန်းမာကြပါစေ
Dr.Zar Ni Zin
29-3-2017

အသည်း ရောဂါ နဲ့ ပတ်သက်၍ ဆောင်ရန် ရှောင်ရန်

ဒီဘက်နှစ်တွေမှာ အသည်း ရောဂါ နဲ့ ပတ်သက်လို့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာ ရတယ်။ ဘီပိုး၊ စီပိုးနဲ့ အသည်းခြောက်တာတဲ့။ ခန္ဓာရှိရင် ရောဂါရှိမယ်ဆိုတာ သိပါတယ်။ အရင် တုန်းကတော့ အရက်သောက်ရင် အသည်း ရောဂါ ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ အခု ဒီ ရောဂါ တွေက အဖြစ်များလွန်း လာပြီး အရက်၊ ကွမ်း၊ ဆေးလိပ်တွေနဲ့ ဘာမှမပတ်သက် ဘာမှမသောက် စားတဲ့သူတွေ လည်း ဖြစ်လာကုန်ကြတယ်။ ဖြစ်ပြီးရင်လဲ အများစုက အသက်ဆုံးပါးကြရတယ်။ ဒါကို မစဉ်းစားပဲ မနေ သင့်တော့ ဘူး။

ကျွန်တော် ဆရာဝန် မဟုတ်ပါဘူး။ စာရေးဆရာလဲ မဟုတ်ပါဘူး။ ကျွန်တော် ဒီရောဂါကို မလိုချင်ဘဲ လက်ခံလိုက်ရတဲ့ သူပါ။ ကျွန်တော့်ရဲ့အတွေးအခေါ်နဲ့ ကျွန်တော့်ရဲ့စိတ်ခံစားချက်တွေကို မျှဝေယုံ သက်သက်ဖြင့် သာ ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။
ကျွန်တော် လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်မှာ ခြေထောက်တွေ စရောင်လာပါတယ်။ ဒါနဲ့ပဲ ညီ အစ်ကိုလိုနေ တဲ့ ဆရာဝန်ဆီကို သွားပြီးပြပါတယ်။ ဒီ ဆရာဝန်က ဂရုစိုက်ကြည့်ပြီး X-ray, Ultrasound နဲ့ လိုအပ် တဲ့ သွေးစစ်ဆေးခြင်းတို့ကို စစ်ခိုင်းလိုက်ပါတယ်။ စစ်ဆေးချက်တွေကို ပြန် ပြီးတော့ အားလုံးကောင်း ပါတယ်ဆိုပြီး လိုအပ်တဲ့ ရောဂါ တွေပေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ ခြေထောက်တွေက ရောင်လိုက်၊ ကျလိုက် နဲ့ နေခဲ့တာ (၂၀၁၀) ရောက်တော့စပြီး ခေါင်းတွေအမြဲ မူးပြီး၊ မလှုပ်ချင် မကိုင်ချင် ဖြစ်လာတာပါပဲ။ ဒီတစ်ခါတော့ စစ်စရာ ရှိတာတွေ အကုန်ပြန်စစ်ပြီးမှ အရင်ဆရာဝန်ဆီ ပြန်သွားပါတယ်။ ဆရာကလည်း ကြည့်ပြီးတော့ ကောင်း ပါတယ်။ ဒါပေမယ့် ပို သေချာအောင်ဆိုပြီး အထူးကုဆရာဝန်မကြီးဆီကို လွှတ်လိုက် ပါတယ်။ ဆရာဝန်မကြီးဆီရောက် တော့ ဆေးရုံ တက်ပါဆိုပြီး အဲဒီနေ့မှာပဲ ကျွန်တော့် ကို ဆေးရုံတင်လိုက်ပါတော့တယ်။ ဆရာဝန်မ ကြီးနဲ့ ဆရာမတွေလဲ အစွမ်းကုန် ကုသကြပါ တယ်။ နှလုံး သိပ်မကောင်းဘူးလို့ ပြောပါတယ်။
ကျွန်တော် နည်းနည်းသက်သာတာနဲ့ ပြန်ဆင်းလာခဲ့တယ်။ ၂၀၁၁ မှာ မသင်္ကာ လို့ ဆေးရုံ တစ်ခါ ပြန်တက်ရတယ်။ ဒီတစ်ကြိမ်မှာ စစ်ကြည့်တော့မှ (C) positive တဲ့။ ကျွန်တော် ဒီလောက်ကြာ အောင် ဒုက္ခဖြစ်ပြီး ခံစားနေ ခဲ့ရတာက ဘီပိုးနဲ့ စီပိုးကို မစစ်ခဲ့ရလို့ပါပဲ။
ကျွန်တော် အကြံပေးပါရစေ။ ဘာမှမဖြစ်သေးလဲ ဘီပိုး နဲ့ စီပိုး ကိုတော့ စစ်ဖို့ လုံးဝမမေ့ပါနဲ့၊ မပျင်းပါ နဲ့၊ မကြောက် ပါနဲ့။ မေ့လိုက် ပျင်းလိုက် ကြောက်လိုက်မိရင် မဖြစ်ရင်တော့ ကောင်းတာပေါ့။ ဖြစ် လိုက်လို့ ကတော့ ငွေကုန်မယ်၊ လူနာမယ်၊ ကံဆိုးရင် အသက်ပါပေးလိုက်ရလိမ့်မည်။ ဘီပိုးက ကာ ကွယ်ဆေး ထိုးလို့ရပါတယ်။ ထိုးဖြစ်အောင် ထိုးပါ။ စီပိုးကတော့ အနေအထိုင်နဲ့ ကာကွယ်ရမှာပါ။
ကျွန်တော့်မှာ (C) Positive ဆိုတော့ ကြောက်သွားတာပေါ့။ စိတ်ဓာတ်လဲ ကျသွားတယ်။ မကြာခင် ပဲ သေတော့မယ် လို့ထင်တာပေါ့။ ကြောက်တော့ လူတကာလျှောက်မေးဖြစ်တာပေါ့။ အဲဒီမှာ အသည်း ဆိုတာ အသည်းအထူးကုနဲ့ပဲ ကုသင့်တယ်ဆိုလို့ အသည်းအထူးကုရှိတဲ့ နောက်ဆေးရုံ တစ်ရုံ ကို ပြေးခဲ့ရပါတော့တယ်။
ကျွန်တော့်မှာ ဒုတိယဆေးရုံကိုရောက်တော့ အထူးကုဆရာဝန်ကြီးက ဆေးရုံတက်စရာမလိုဘူး။ ပိုးသတ်ဆေး (အင်တာဖရွန်) ထိုးမယ် အသည်းအားဆေး စားထားဆိုပြီး ဆေးတွေပေးပါတယ်။ နောက် (၁၀) ရက် ခွာချိန်းပြီး ပြန်လွှတ်လိုက်တယ်။ သူငယ်ချင်း D Bio နဲ့ Eco အောင်ကြီးတို့ မိတ် ဆက်ပေးလို့လား မသိဘူး။ အတော် ဆက်ဆံရေးကောင်းတာပဲ။ တစ်လလောက်ကြာတော့မှ စထိုး ပါပြီဗျာ။ ပိုးသတ်ဆေး (အင်တာဖရွန်)။ အပြောများသလောက် အခံရမဆိုးပါလားလို့ ထင်ပြီး အေး အေးဆေးဆေး ဘဲ ပြန်လာခဲ့တယ်။ တစ်ပတ်ကို တစ်လုံးထိုးရမှာတဲ့။ တစ်လုံး နှစ်လုံးခံနိုင်ပါသေး တယ်။ ညအိပ်မရတာနဲ့ အစားမစားချင် တာကတော့ ဆိုးတယ်။ သုံးလုံးမှာ မခံနိုင်တော့ဘူး။ လေး လုံးထိုးမဲ့နေ့မှာ ခန္ဓာကိုယ်အပြင် စိတ်ပါ မခံနိုင်တော့လို့ ကျွန်တော်စိတ်ကို မထိန်းလိုက်နိုင်ဘဲ ကြောင်ပြီး ကယောင်ချောက် ချားတွေ လျှောက်ပြောပါတော့တယ်။ အဲဒီနေ့မှာဘဲ ဆေးရုံကိုရောက် တော့ ဆရာဝန်ကြီး ကို ပြောပြလိုက်တာ ဆေးရုံတက်ခိုင်းပြီး ကျွန်တော့်ကို ဆရာဝန်ကြီး လာကို မကြည့်တော့တာ ပါဘဲ။ နှစ်ရက်လောက်နေတော့ ကျွန်တော့်မိသားစုကိုခေါ်ပြီး ကုလို့မရနိုင်တော့ ဘူး။ ဒီတောင် က ကျော်နိုင် မှာ မဟုတ်တော့ဘူး။ အသည်းခြောက်တာလွန်နေပြီလို့ ပြောပါတော့ တယ်။ ကျွန်တော့် အသည်း မာသွားခဲ့ပြီပေါ့။
နောက်တစ်ရက် သွင်းနေတဲ့ဆေးတွေ အကုန်ရပ် အိမ် ကို ပြန်လာခဲ့ကြရပါတယ်။ ကျွန်တော်ကတော့ ဘာမှ မသိဘူး။ အိမ်ရောက်တော့ လူနာလာမေးတဲ့ သူတွေကတော့ များတယ်လို့တော့ ထင်သား။ အဲဒီထဲ မှာ နှစ်ယောက်ရဲ့စကားတွေက သိသင့်နေပြီ။ ပထဝီဦးကိုကို က ငါ့ညီ မင်းတာဝန်ကျေခဲ့ပါတယ်ကွာတဲ့။ လက်ကို ဆွဲပြီး နှုတ်ဆက်တယ်။ နောက် တစ်ယောက်က အစ်မ ဒေါ်ခင်ဌေး (အရှေ့တိုင်းဇာတ်) ငါ့မောင် သြစတြေးလျ မှာ ဆရာတော်ဟော တဲ့ ခွေလေးဖွင့်ပြီး တရားလေးမှတ်နေပါတဲ့။ သူတို့ ကျွန်တော့်ကို သတ်မှတ် လိုက်ကြပြီပေါ့။
အဲဒီအချိန်မှာ ကိုချစ်စရာ (လူရွှင်တော်)က ထိုင်းကိုသွားဖို့ အကြံပေးချိန် မိသားစုကလည်း ထိုင်းမှာ ကုဖို့ အားသန်ကြတော့ ကျွန်တော် ဘန်ကောက်ဆေးရုံကြီးကို ကျွန်တော့်အမျိုးသမီးနဲ့ တပည့် ခင်မောင်တင့်တို့ အကူအညီ နဲ့ ရောက်ခဲ့ရပါတယ်။ ကျွန်တော် သူတစ်ပါးတိုင်းပြည်ကို ရောက်လို့ ပြင်ပအသွင်သဏ္ဍာန်တွေ တိုးတက် လွန်းတော့ ကုသရေးမှာ အားကိုးမိတာ ဝန်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို မြန်မာနိုင်ငံက ဆရာဝန်ကြီး များ ပေးတဲ့ဆေး ဆက်သောက်ပါတဲ့။ အသည်းလဲဖို့ လိုသလားလို့မေးတော့ အသည်းသာ A, B, C အဆင့်တွေ ရှိတဲ့အထဲမှာ B နဲ့ C ကြားအဆင့်မှာ ရောက်နေပါတယ်တဲ့။ အခုမလဲပါနဲ့အုံး လိုအပ်လို့ လဲရင် လည်း ထိုင်းကိုမလာခဲ့ပါနဲ့ အဲဒီမှာက ထိုင်း လူမျိုးခြင်းသာ ဖလှယ်ပေးတာပါတဲ့ဗျာ။ ကျွန်တော် ဘာမှ မလုပ်ရဘဲ စစ်ဆေးရုံနဲ့ ဘဲ အောင်မြင်စွာ ပြည်တော်ပြန်ခဲ့ရပါတယ်။
ကျွန်တော် ဘာလုပ်ရမှန်းမသိဘဲ အိမ်မှာ အသည်းအားဆေးလေးစားပြီး နားနေတုန်း တွေ့ပါပြီ။ အသည်းရောဂါ အကြောင်း စာအုပ်တွေရေးနေလို့ လူသိများနေတဲ့ သူငယ်ချင်း အသည်းဆရာဝန်။ သူငယ်ချင်း မှ ငယ်သူငယ်ချင်းဗျ။ ဒေသကောလိပ်မှာ တစ်နှစ်ထဲ အတူတက်ခဲ့တာ။ အားရှိသွားတာ ပေါ့။
သူငယ်ချင်း ကိုယ် ကုပေးပါမယ်ဆိုပြီး တစ်လလောက်ကုလိုက်တာ တစ်နေ့မှာတော့ သူငယ်ချင်း မပြောရင် လည်း ကိုယ့်အပြစ်ဖြစ်မှာစိုးလို့ မင်းကို ကုလို့မရနိုင်တော့ဘူးလို့ ပြောချင်တာ ကြားလိုက် ရပါတယ်။ အသည်း လဲလိုက်ရင်တော့ ရနိုင်သေးတယ်တဲ့။ ကျွန်တော် စိတ်တင်းပြီးတော့ ငါ ဘယ် လောက်နေ ရအုံးမလဲကွာလို့ မေးတော့ ဒါလည်း မပြောနိုင်ဘူး။ မင်း အခု သွေးအံရင် အခုသွား တော့မှာတဲ့ ကျွန်တော် ဘာမှ မသိတော့ပါ။ ကျွန်တော်အိမ်ကို ဘယ်လိုပြန်ရောက်မှန်း မသိလိုက် တော့ပါ။ အဲဒီအချိန်ကစပြီး အိပ်ယာပေါ် မှာ အချိန်ပြည့် စိတ်ဖိစီးမှုနဲ့အတူ နေရပါတော့တယ်။ ကျွန်တော့်စိတ်ထဲမှာ ဘဝကို ဘယ်လို ကူးမလဲ ဆိုတာကလွဲလို့ ဘာမှမရှိတော့ပါ။ အိန္ဒိယက (Apolo) ဆေးရုံက Mr. ဂုတ်တား ဆိုတဲ့ ဆရာဝန်ကြီး လာလို့ တစ်ခါပြလိုက်ပါသေးတယ်။ အသည်း ကို ရက်ပိုင်းအတွင်း အမြန်ဆုံး လဲပါတဲ့။ (CT) ရိုက်ကြည့် လိုက်တော့ “Cirrhosis of Liver Portal Hypertension” တဲ့ အသည်းခြောက်လို့ Portal Vein ဆိုတဲ့ အသည်း ကိုသွားတဲ့ အကြောကြီးပိတ် ပြီးတော့ ရောင်နေပါပြီ။
ကျွန်တော် ဘာလုပ်ရမလဲ မသိတော့ပါ။ ကျွန်တော့်အိမ်က မိသားစုလည်း ငွေကုန်၊ လူပန်း၊ ဘာလုပ်ရမှန်း မသိကြတော့ ပါ။ ဒါပေမယ့် သူတို့စေတနာ၊ သူတို့မေတ္တာက အိန္ဒိယကိုသွားပြီး အသည်းလဲပေး ချင်သေးတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းက သိန်းတစ်ထောင်လောက်ကုန်မယ်၊ အောင် မြင်ရင် ကောင်းတယ်၊ မအောင်မြင် ရင် နစ်နာမှုတွေ များလိမ့်မယ်။ ဒါပေမယ့် လုပ်မှာပဲဆိုပြီး အသည်းအလှူခံတဲ့ စာရွက်တွေ လိုက်ကပ်ပါတော့တယ်။ ကျွန်တော့်ကို အကူအညီပေးစောင့် ရှောက်ဖို့ ညီမ ဘေဘီ၊ အစ်မကြီး မဒေါ်လီနဲ့ တပည့် ကိုကျော်မြ တို့ ရန်ကုန်ကို နိုင်ငံကူးလက်မှတ် လုပ်ဖို့ သွားကြပါပြီ။ ကံ အလွန်ကောင်းပါတယ်။ အသည်း အလှူရှင် (၁၀) ယောက်ထဲက ရမဲ့သူ ဆေးစစ်တာ ငါးယောက်တောင်ရတယ်။ ကျွန်တော့်မိန်းမ နန်းငွေကြည် ကလည်း မထိန်းနိုင်အောင် ပျာယာခတ်ပြီး ဗေဒင်ဆရာတွေဆီ သွားနေရရှာသည်။
ကျွန်တော့် ကျန်းမာရေးကတော့ တော်တော်ဆိုးလာပါတယ်။ ကျွန်တော့်မျက်နှာတွေဟာ မဲပြီး အကွက်တွေဖြစ်လာပါပြီ။ အရေပြားတွေကလည်း ငါးတွေရဲ့ အကြေးခွံတွေ လို ဖြစ် လာပါပြီ။ ခြေ ထောက်တွေ က လည်း ရောင်လိုက်တာ၊ ဆင်ခြေထောက် ရောဂါသည်တွေအတိုင်းပဲ။ စကား လည်း ကောင်းကောင်း မပြောနိုင်တော့ပါ။ ကျွန်တော် လုပ်နိုင်တာလေးကတော့ ကျွန်တော် ဖုန်းလေးထဲ မှာ ဘောဇဉ်သုတ် ကို ထည့်ပြီး မပြတ်တမ်း ဖွင့်နေတော့တာပါပဲ။
အဲဒီအချိန်မှာ ကျွန်တော့်ကို အချိန်ပြည့် စောင့်ရှောက်နေတဲ့ ဦးသိန်းဆောင်ရဲ့အစီအစဉ်နဲ့ ဦးစောဝင်းထွန်း တို့ ညလုံးပေါက်ပရိတ်တွေ လာရွတ်ပေးနေကြပါပြီ။ နောက်နေ့မနက်မှာ ရန်ကုန်က ပြန် လာတဲ့ မဒေါ်လီရဲ့ တိုက်တွန်းချက်နဲ့ ကျောက်ဆည်နားက တမုတ်ရွှေဂူကြီးဘုရားကို ကျွန်တော် အိပ်ပြီး လိုက်သွားပါတယ်။ ဟိုရောက်တော့ ဘုရားဆင်းတုတော်ရဲ့ရှေ့မှာ နံရံကိုမှီပြီး “တပည့် တော် ဒီနိုင်ငံမှာပဲ ကျန်းမာရေးနဲ့ ပတ်သက် လို့ အဆင်ပြေပါရစေ ဘုရား” လို့ နှုတ်က အသံထွက် လျှောက်ပြီး အာရုံနေလိုက်ပါတယ်။ ပြီးတော့ အိမ်ပြန် လာခဲ့ကြပါတယ်။

အဲဒီနေ့မှာပဲ လွန်ခဲ့တဲ့ နှစ် (၃၀) လောက်က စာသင်ပေးခဲ့ဘူးတဲ့ ယခု မိုးကောင်း တိုက် မြစိမ်း ကျောင်း ဆရာတော်က ဒကာကြီး နေမကောင်းဘူးကြားလို့ လာကြည့်ချင်တယ်လို့ ဖုန်းလှမ်းဆက်ပါ တယ်။ ကားလွှတ်ပေးပါမယ် ဘုရားလို့ လျှောက်တော့ ကားမလိုဘူး ကိုယ့်ဟာကိုယ် လာမယ် ဆိုပြီး ရောက်လာပါတယ်။ဆရာတော် ကျွန်တော့်ကိုမြင်တော့ အတော်စိတ်မကောင်းစွာနဲ့ မဖြစ်သေးပါ ဘူး အားမလျှော့ နဲ့ ကျုပ် စီစဉ်မယ်ဆိုပြီး ကျွန်တော် တစ်ခါမှ မကြားဘူး၊ တစ်ခါမှ မသိဘူး။ တစ်ခါမှ မကြား ဘူးသော ဒေါက်တာအောင်မင်း ဆိုသော ဆရာကို မန္တလေးအမြန်လာရန် ရန်ကုန်သို့ ဖုန်းနဲ့ ဆက်၍ ခေါ်ပါတော့တယ်။

ကျွန်တော့်ထံသို့ ဆရာ နောက်တစ်ရက်မှာ ဆရာတော်နဲ့အတူ ရောက်လာပါတယ်။ ဆရာပုံက ဆရာဝန် နဲ့လည်း မတူဘူး။ အတော်ရိုးတယ်။ လက်ကောက်ဝတ်မှာ စိတ်ပုတီးလေးပတ်ထားတယ်။ ကန်တော့နော် တောကျောင်းဆရာလေး အတိုင်းပဲ ရောက်တာနဲ့ ကျွန်တော့် သွေးစစ်ထားတာတွေ (CT) ရိုက်ထားတာတွေ ကို အကုန်ယူကြည့်၊ စာရွက်ပေါ်မှာ (Graph) တွေဆွဲနဲ့ တော်တော်လေး ကြာတော့ ကျွန်တော့် ကို ဆရာဒေါက်တာအောင်မင်း က ဆရာလို့ ပြန်ခေါ်ပါတယ်။ သူ ပြောတာက ဆရာမပူနဲ့ ဘာမှမဖြစ်စေရဘူး။ အိန္ဒိယမှာလည်း အသည်းသွားမလဲနဲ့ ကျွန်တော် ဆရာ့ကို ကုမယ် ငါးရက်နေရင် ဆရာ သိသာမယ် (၁၀) ရက်နေရင် ဘေးလူတွေပါသိမယ်။ တစ်လပြည့်ရင် သွေး ပြန်စစ်ကြည့်လိုက်ပါတဲ့ဗျာ။
ကျွန်တော် ထခုန်ချင်လောက်အောင်ကို ဝမ်းသာသွားခဲ့တာပေါ့။ သိန်းတစ်ထောင်လောက် အကုန်ခံ အိန္ဒိယ သွား၊ အသည်းလဲ အောင်မြင်၊ မအောင်မြင် ဘာမှန်းမသိဘဲ သေတော့မဲ့ဆဲဆဲ ဖြစ်နေတာ ဝမ်းမသာဘဲ နေပါ့မလား။ ကျွန်တော်က အတွန့်တက်ပြီး ကျွန်တော်မသေဖို့ ဆရာတာဝန်ယူရဲလား လို့မေးတော့ ရယ်ပြီး ကျွန်တော် အာမခံပါတယ်ဗျာတဲ့။

ကျွန်တော် လူကြီးတွေပြောခဲ့တဲ့ အပျော်ဆုံး နေ့ သုံးနေ့ကို ကျော်ဖြတ်ဖူးပါတယ်။ အဲဒီနေ့ကတော့ ဟိုသုံးနေ့ ထက် ပိုမယ်လို့ထင်ပါတယ်။ ကျွန်တော့်ကို ဆရာ ဆေးစထိုးပါတယ်။ တစ်လုံးပဲ သူကိုယ်တိုင် ထိုးတာ ကျန်တာ ကို ကျွန်တော့် တူမ ဆရာမအေးဝင်းသန်း ကိုခေါ်ပြီး ထိုးခိုင်းတာ။ မနက်တစ်လုံး၊ ညတစ်လုံး၊ လက်မောင်း မှာ ထိုးတာ (၅) ရက်ပြည့်တဲ့နေ့မှာ ကျွန်တော့်ခြံဝင်းထဲ ကျွန်တော် လမ်းလျှောက်နေပါပြီ။ (၁၀) ရက် ပြည့်တဲ့နေ့ မှာ ကျွန်တော်မြို့ထဲမှာ ကိုယ်တိုင်မောင်းပြီး ကားနဲ့လျှောက်သွားနေတာကို သိလူတိုင်း အံ့သြ တဲ့ အကြည့်နဲ့ ကြည့်နေကြပါပြီ။

(၂) လပြည့်တော့ ကျွန်တော့်ကို တစ်ရက်နှစ်လုံးထိုးရာက နေ တစ်ရက် တစ်လုံးလျှော့လိုက်ပါတယ်။ သွေးပြန်စစ်ခိုင်းပါတယ်။ သွေးပြန်စစ်ခိုင်းပါတယ်။ (Ultra-sound) ပြန်ရိုက်ခိုင်းပါတယ်။ (Ultra-sound) မှာ အသည်းခြောက်တာလည်း မတွေ့ရ တော့ပါဘူး။ (Portal Vein) လည်း ပိတ်ပြီး (21 mm dilated) ရောင်နေရာကနေ (14 mm dilated) ဆိုပြီး ရောင်တာ လျော့သွားပါတယ်။ WBC (ဒဗလျူဘီစီ)၊ HGB (အိပ်ခ်ျဂျီဘီ)၊ PLT (ပလိပ်လက်) နဲ့ Albumin (အယ်ဗျူမင်) တွေ အားလုံးလည်း (Normal) ဆိုပြီး သွေးအဖြေတွေ ထွက်လာ ခဲ့ပါပြီ။ သွေးအဖြေ မှာလည်း ပြန်ကောင်းသွားပါပြီ။ ကျွန်တော့်အတန်းတွေမှာ လည်း ပုံမှန် စာပြန်သင်နေပါပြီ။ မာခဲ့တဲ့ အသည်းကြီးလည်း ပြန်ပျော့ပြီး သွေးကျောလည်း ပုံမှန်ပွင့်ပြီး ဘယ်ခြေ ထောက်မှာလည်း မရောင်တော့ ပါဗျာ။

ကျွန်တော် အံ့သြလွန်းလို့ ဆရာ ဘယ်လိုကုတာလဲလို့ မေးကြည့်တော့ ညီအစ်ကိုလိုဖြစ်နေတဲ့ ဆရာက #(Cell Therapy) ဆဲလ် ကုထုံး နဲ့ ကုတာပါတဲ့။ ပျက်နေတဲ့ အသဲ (Cell) တွေကို ဖယ်ထုတ် ပြီး (Cell) အကောင်းတွေ အသစ် ဖန်တီးတာလို့ ပြောပါတယ်။ အသစ်ဖန်တီးတဲ့ နေရာမှာ ကလေး အချင်းကို သုံးပြီးဖော်ထား တဲ့ ဆေးကို သုံးကြောင်း (WHO) က အသိအမှတ်ပြုတဲ့ဆေးဖြစ်ကြောင်း ကလေးတစ်ယောက် ကို မိခင်ရဲ့ဝမ်းတွင်းမှာ (၉) လ (၁၀) လ ကာကွယ်စောင့်ရှောက်နိုင်သော အချင်းရဲ့ တန်ဖိုးကြီးကြောင်း၊ ဆေး ရဲ့အမည်ကိုက #(LAENNEC) ဖြစ်ကြောင်း ရှင်းပြပါတော့တယ်။ ကျွန်တော် အလွန်ပဲ အံ့သြကျေးဇူးတင် မိနေပါတယ်။

ကျွန်တော် ကျေးဇူးတင်လွန်းလို့ တစ်ကြိမ်မှာလည်း မကန်တော့ရသေးလို့ ဆရာ ဒေါက်တာအောင် မင်းကို ကန်တော့ ပါရစေလို့ ပြောတော့ ဆရာက ကျွန်တော့်ကို ငှက်ပျောသီးနဲ့ အုန်းသီး သွားဝယ် လိုက်ပါတဲ့။ အံ့ရော ဗျာ။ ဆရာဟာ ကျွန်တော် ဘယ်လိုမှမထင်မှတ်ပါသော နောက်ထပ်ဘယ်လိုမှ တူတာ မရှိနိုင်တော့ ပါသော ကျွန်တော့်ကျေးဇူးရှင် အသက်သခင်ပါဘဲဗျာ။
ကျွန်တော့်လိုပဲ လူသားတိုင်း ဘုရားတန်ခိုး၊ တရားတန်ခိုး၊ သံဃာတန်ခိုးကြောင့် အစွမ်းထက်သော ဆရာများ၊ ဆေးဝါးများ တွေ့ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

“ဘီပိုး စီပိုး ကြောင့် သေတတ်သလား။”

(B) ပိုး တွေ့ရင် သေတတ်လား။ (C) ပိုး တွေ့ရင် သေတတ်လား။ လူနာတော်တော်များများ၊ မျက်နှာ ငယ်လေးတွေနဲ့ အားကိုးတကြီး မေးတာကို တွေ့ဖူးကြားဖူးခဲ့ပါတယ်။
ကျွန်တော် ရဲရဲတင်းတင်းဖြေပါ့မယ်။ (B) ပိုးတွေ့လို့လည်း မသေနိုင်ပါဘူး။ (C) ပိုးတွေ့လို့လည်း မသေနိုင် ပါဘူး။ မင်းက ဆရာဝန်လားလို့ မေးခဲ့ရင် ကျွန်တော် ဆရာဝန် မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရောဂါ ကို နှစ်အတော်ကြာ ကိုယ်တိုင်ခံစားပြီး အတွေ့အကြုံပေါင်းများစွာနဲ့ အခြိမ်းအခြောက်ခံ လက်တည့် အစမ်းခံပြီး ဆရာဝန်ကြီးအချို့ထံက ဆေးဖိုးရော ဝါးခပါ အကုန်အကျခံပြီး သင်ယူလေ့ လာခဲ့ရတာပါ။
ကျွန်တော် သိသလောက်ကတော့ ပထမအဆင့် (B) ပိုး၊ (C) ပိုးတွေ့ရုံနဲ့ ဘာမှမဖြစ်နိုင်သေးပါဘူး။ ဒုတိယအဆင့် နှစ်အနည်းငယ်ကြာလာမှ အသည်းလုပ်ဆောင်ချက်တွေ စပျက်ပြီး အသည်းအနည်း ငယ်ခြောက်လာတာပါ။ ဘာမှမဖြစ်နိုင်သေးပါ။ အဲဒီနောက် တတိယအဆင့်မှာ အသည်းခြောက် တာ ပိုဆိုးလာတာပေါ့။ အဲဒီနောက် (Portal vein) လို သွေးကြောတွေ စပိတ်ပြီး ခြေထောက် စ ရောင်လာတယ်။ စတုတ္ထအဆင့်မှာမှ အသည်းကင်ဆာရောဂါ စဖြစ်လာတာ နောက်ဆုံး ပဉ္စမဆင့် မှာတော့ ကင်ဆာဆဲလ်တွေ ပျံ့ကုန်တယ်လို့ သိထားရတာ။ စတုတ္ထအဆင့်လောက်ထိ ကုလို့နိုင်ပါ တယ်။
ဒါကြောင့် ကျွန်တော်တို့ ဘာလုပ်သင့်သလဲဆိုရင် ဘာမှမဖြစ်သေးလည်း (B) ပိုးနဲ့ (C) ကို စစ်သင့် တယ်။ များသောအားဖြင့်က မစစ်ဘဲ ထားကြတာ အခြားတစ်ခုခုဖြစ်လို့ စစ်မှသိတော့ နည်းနည်း လွန်ကုန်တယ်။ ကုရတာ ခက်တာပေါ့။
အဲဒီ ပထမအဆင့် (B) နဲ့ (C) ပိုးတွေ့ရုံကတော့ ဘာမှမကြောက်နဲ့ (interferon) ဆိုတဲ့ ပိုးသတ် ဆေးထိုးလည်း ရတယ်။ အသည်းမပျက်သေးတော့ ခံနိုင်တယ်။ အခြားပိုးသတ်ဆေးတွေလည်း ပေါ်ကုန်ပြီ။
ဒုတိယအဆင့် ပိုးတွေ့လို့၊ အသည်းနည်းနည်း ခြောက်လာရင် မကြောက်နဲ့ ဘာမှမဖြစ်ဘူး။ အသည်း လုပ်ဆောင်ချက် (LFT) မမှန်ရင်တော့ (interferon) သွားမထိုးနဲ့ မခံနိုင်ဖြစ်တတ်တယ်။ အသက် ဆုံးရှုံးကြတာ ဟာ မှားပြီး ပိုးသတ်နေကြလို့ သေကုန်ကြတာ။ အရင်ဆုံး အသည်းကို ကောင်းအောင် ပြင်ဆင်ပါ။ ကျွန်တော် လက်တွေ့ ကတော့ (LAENNEC) ဆိုတဲ့ ဆေးဟာ အသည်း လုပ်ဆောင် ချက်ကောင်းအောင် ဆောက်ရွက်တဲ့ ဆေးထဲမှာ သူ့ကိုမှီတဲ့ဆေး မတွေ့ဘူးသေးဘူး။ အဲဒီဆေးထိုးကာ (LFT) အကုန် ပုံမှန်ပြန်ဖြစ်တာ ကျွန်တော်ကိုယ်တိုင် အပါအဝင် လူငါးဆယ် ကျော် ကိုယ်တွေ့ ပါပဲ။ ဒီအချိန် မှာတော့ လူနာဘက်က ဂရုစိုက်နေရပြီး ဝမ်းလုံးဝအချုပ်မခံနဲ့။ ဖျား ရင်လည်း (paracetamol) ပါရာစီတမော ပါဝင်တဲ့ အုပ်စု ဘယ်ဆေး မှ မသုံးနဲ့။ ပရုပ်ပါတဲ့ ရှူဆေး လိမ်ဆေးတွေကို မသုံးနဲ့။ အံ့သြစရာကတော့ ကြက်သွန်ဖြူ အစိမ်း မစား ရပါဘူး။ ပဲကြီး ပဲကျား မစားရပါဘူး။ (Alvolac) ဆိုတဲ့ ဝမ်းနှုတ်ဆေးကလွဲလို့ ဘယ်ဝမ်းနှုတ်ဆေးမှ မစားရပါဘူးဗျာ။ ဒီအချိန်မှာ မောလာတတ်ပါတယ်။ ခြေထောက်တွေ စရောင်လာ တတ်ပါတယ်။
အသည်းပုံမှန် ပြန်ဖြစ်လာပြီ ဆိုမှ ပိုးကိုသတ်ပါ။ ကိုယ်ကြိုက်တဲ့နည်းနဲ့ သတ်ပါ။ ပန်းဝတ်မှုံနဲ့လည်း ပိုးကောင် အရေအတွက် လျှော့ချတတ်ပါတယ်။ နောက်တစ်ချက်က ကိုယ့်ကိုကိုယ် အနားယူခြင်း ဟာ အကောင်း ဆုံးသော အသည်းကုသခြင်းလို့ သိပြီး တတ်နိုင်သမျှ လှုပ်ရှားမှု နည်းအောင်နေပါ။ ဆိုင်ကယ်မစီးပါနဲ့။ ခါးလေ့ကျင့် ခန်း မလုပ်ပါနဲ့။ ပက်လက်ကုလားထိုင်မှာ မထိုင်ကြပါနဲ့။ ဒီအခြေ အနေမှာ သတိနဲ့နေရင် ဘာမှ စိုးရိမ်စရာ မလိုသေးပါဘူး။
တတိယ အဆင့် အသည်းပိုခြောက်လာရင်လည်း (B) ပိုး (C) ပိုးကို အဓိကမထားပါနဲ့။ အသည်းကို အဓိက ထားပြီး ပြင်ရပါတယ်။ အဲဒီ အဆင့်ရောက်ရင်တော့ နည်းနည်းစိုးရိမ်ရပါတယ်။ လစဉ် (Ultra Sound) ရိုက်ပါ။ (Alphafetoprotein) ကို စစ်ပေးပါ။ ကင်ဆာရောဂါဘက်ကို ကူးမှာ စိုးရိမ် ရလို့ပါ။
(Ultra Sound) မှာ အစက်အပျောက်ပေါ်ရင် သို့မဟုတ် (Alphafetoprotein) တက်လာရင် ဆရာ ဝန်နဲ့ အမြန် တိုင်ပင်ပါ လိုအပ်သလို ကုယူပါ။ (LAENNEC) ဆိုတဲ့ဆေးကတော့ ကင်ဆာစတဲ့ အဆင့်လောက် အထိကတော့ ကုလို့ရတာတွေ့ရပါတယ်။ ဒီအချိန်ကတော့ အရေးကြီးဆုံး အချိန်လို့ ပြောရလိမ့်မယ်။ (LFT) ကိုလည်း မကြာမကြာစစ်ပြီး လိုအပ်တာလေးတွေကို ဆရာဝန်နဲ့ ကုသရင် မသေနိုင်ပါဘူးဗျာ။
ဒီနေရာမှာ ဆရာဝန်တွေလို တတ်စရာမလိုပေမယ့် ကိုယ်တိုင် နည်းနည်းတော့ သိထားသင့် တာ လေးတွေက (WBC) ဆိုတာ သွေးဖြူဥကို ပြောတာပါ။ (WBC) ကျလာတယ်ဆိုရင် သွေးဖြူဥနည်း သွားတာပါ။ (H.G.B) ဆိုတာ ဟောမိုကလိုဘင် သွေးအနီရောင်ကို ညွှန်းတာပါ။ သူနည်းရင် သွေး သွင်းရပါလိမ့်မယ်။ (PLT) ပလိပ်လက်ဆိုတာက သွေးထွက်မှုကို တားဆီးပေးတဲ့ သွေးဆဲလ်တစ် မျိုးကို ပြောတာပါ။ ပလိပ်လက်တွေ တအားကျလာရင် သွေးအန်တတ်ပါတယ်။
(Albumin) အယ်(လ်)ဗျူမင်ဆိုတာက အသည်းမှသာ ထုတ်ပေးသော မရှိမဖြစ် လိုအပ်တဲ့ ပရိုတင်း ဓာတ်ပါ။ အယ်(လ်)ဗျူမင်ကိုတော့ အလွန်မကျအောင် ဆေးသွင်းပေးလို့ရပါတယ်။ (Bilirubin) ဘီလီရူဘင်ဆိုတာ အဝါရောင်ဓာတ်ကို ခေါ်တာပါ။ ဆီးနဲ့ ဝမ်းတွေက စွန့်ထုတ်ပေးတတ်ပါတယ်။ အင်ဇိုင် (AST) (ALT) တွေ အထွက်များရင်လည်း အသည်းဆဲလ်တွေ အပျက်များနေတာပါ။ ဂရု စိုက်ရမှာက အင်ဇိုင်းတွေ သွေးတွင်းမတတ်ရင်လည်း ပျက်စရာ အသည်းဆဲလ်မရှိတော့လို့ ဖြစ် တတ်တာလည်း သိထားရပါမယ်။
(Alphafetoprotein) ဆိုတာ ကင်ဆာဖြစ်ရင် ထွက်လာတတ်တဲ့ (protein) အသားဓာတ်ကို မထိန်းနိုင်ဘဲ ဝမ်းဗိုက် အတွင်းမှာ (Free Fluid) အသုံးမကျသော အရည်တွေများလာပြီး ဗိုက် ဖောင်းလာတတ်ပါတယ်။ အဲဒါကို ရေဖျင်း စွဲတယ်လို့ ခေါ်ကြတာပါ။ အသည်းဟာ ကျောက်ကပ်နဲ့ လည်း ဆက်နေတာမို့ (Creatinine) ခရစ်တနင်း ကိုလည်း မကြာ မကြာ စစ်ပေးပါ။

အသည်း ဝေဒနာရှင်မှန်ရင် ရှောင်ရန်ကတော့ ရှိတယ်နော်။ ဆရာကိုယ်တိုင် ကျွန်တော့်ကို တားမြစ် ထားတာတွေကတော့

(၁) အဆီ
ဝက်သား၊ ဘဲသား၊ အုန်းနို့၊ ဒန်ပေါက်၊ ထောပတ်၊ မလိုင်၊ ရေခဲမုန့်၊ စားအုန်းဆီ၊ အမဲသား၊ ကျွဲသား၊ ဝမ်းတွင်းသား၊ ပြည်ကြီးငါး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ အနှစ်များ၊ ကြက်အရေခွံ
(၂) အစပ်
ငြုပ်သီးမှုန့်၊ အစပ်လွန်ကဲ၊ ကြက်သွန်ဖြူစိမ်း
(၃) ငြုပ်ဆီ၊ အရောင်တင်မှုန့်၊ အရောင်ပါသောကိတ်မုန့်၊ ရေခဲမုန့်၊ ဖျော်ရည်
(၄) အသားခြောက်
ငါးပိ၊ ငါးခြောက်၊ ဂျီသား၊ ဆတ်သားခြောက်၊ အမဲခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်း
(၅) အသင့်စားနိုင်အောင် လုပ်ထားသော အစာများ
ကော်ဖီမစ်၊ ကွေကာ၊ ခေါက်ဆွဲ၊ ကြာဇံသုပ်၊ အသားဗူးမျိုးစုံ၊ အချိုမှုန့်၊ အချိုရည်ဗူး၊ အအေးပုလင်း
(၆) မှိုတတ်နေသော အစား
ဆန်ဟောင်း၊ ပေါင်မုန့်၊ ပလပစတစ်ဖြင့် ထုတ်ထားသော ယိုမျိုးစုံ
(၇) အလွန်ပူသော / အေးသော အစာ
အလွယ်တကူ မသောက်နိုင်သော ဟင်းရည်ပူ သောက်လျှင်
ခေါင်းကိုက်အောင်အေးသော အအေးပုလင်းများ
(၈) ပရုပ်ပါသော ရှူဆေး၊ လိမ်းဆေး၊ အနံ့ခဲများ
(၉) ပလက် ကုလားထိုင် မထိုင်ရ
(၁၀) ခါးကြော၊ ဗိုက် အနှိပ်အနင်းမခံရ
(၁၁) Paracetamol (ပါရာစီတမော)
(၁၂) ပဲကြီး၊ ပဲကျား
(၁၃) သံပုရာ၊ ရှောက်၊ ဂရိတ်ဖုရု
(၁၄) ဆရာဝန်ညွှန်ကြားမှု မဟုတ်သော အားဆေးများ၊ သောက်ခြင်းတို့ဟာ အသည်းရောဂါ ရှိနေ သရွေ့ ရှောင်ရမှာပါ။

စတုတ္ထအဆင့် ကင်ဆာ စရုံလေးစတဲ့ ဒီအဆင့်တင်ဖြစ်နေတဲ့ အသည်းဝေဒနာရှင်တွေ မသေနိုင်ပါ။ ဒီထက်လွန်လာ လို့ အဆင့်ကျော်လာရင်တော့ ဘယ်သူမှ တာဝန်မယူနိုင်တဲ့ အဆင့်ကို ရောက်သွား ပါလိမ့်မယ်။ အသည်းရောဂါဖြစ်ရင် အစာလမ်းကြောင်းနဲ့ အူလမ်းကြောင်း တွဲပြီးဖြစ်တတ်တယ်။ ဘာမှ မဖြစ်ခင် မှန်ပြောင်းကြည့်ပြီး လိုအပ်တဲ့ ကုသမှုကို ကြိုပြီး ခံယူထားပါ။ အသည်းကြောင့် သွေးအန်တာ သွေးဝမ်းသွားတာ မဟုတ်ဘူး။ တဆင့်ခံဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကြောင့် ဖြစ်တာပါ။ ကျွန်တော် အလွန်အကျွံဖြစ်ရာကနေ အခုအခြေအနေကောင်း သွားတဲ့ အထိတော့ သွေး လည်း မအန်ဘူး၊ သွေးဝမ်းလည်း မသွားဘူး။ ကျွန်တော့်ကိုကုပေးတဲ့ Dr အောင်မင်း ရဲ့ကျေးဇူးပါ ဘဲ။ ဆရာက ကျွန်တော့်အသည်းကို (Cell Therapy) ဆဲလ်ကုထုံးနဲ့ပေးပြီး (interferon) မထိုးဘဲ ပိုး ကို ကုန်အောင် သတ်ပေးလိုက်တာပါ။
ဒါကြောင့် သိထားတာတွေကို သတိနဲ့နေရင် (B) ပိုးကြောင့်လည်း မသေနိုင်ပါ။ (C) ပိုးကြောင့် လည်း မသေနိုင်ပါလို့ ကျွန်တော် ရဲရဲပြောပါရစေ။ ဘယ်သူခြိမ်းခြောက်လို့မှ မကြောက်ကြပါနဲ့။ (B) ပိုး နဲ့ (C) ပိုးကြောင့် မသေစေရ။
စောနေဝင်း (ရူပဗေဒ)
ပင်းယ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၁)၊
Credit : The Meltin plot 4 U

Monday, March 27, 2017

လည်ပင်းနာတတ်ကြတဲ့မိတ်ဆွေသူငယ်ချင်းများအတွက်ဆေးနည်းလေးအခုတလော အရမ်းပူတော့ ရေခဲရေတွေ အအေးတွေ သောက်ကြတယ် ။ ရာသီဥတုကလဲ မိုးရွာလိုက်နေပူလိုက်ဆိုတော့ လည်ပင်းနာတတ်ကြတဲ့မိတ်ဆွေသူငယ်ချင်းများအတွက်ဆေးနည်းလေးပါ။

ပုံမှာပြထားတဲ့အတိုင်း ဓါးဖျားလေးနဲ့ သဘောင်္သီးအစိမ်းရဲ့ အစေးကိုယူပါ အစေး ၁၀ စက် ၁၅ စက်လောက်ရရင် သဘောင်္အစေးကိုရေနွေးနွေးလေးနဲ့ဖျော်ပြီးသောက်လိုက်ပါ။ ညသောက်ရင်နောက်နေ့နံနက်ဆိုပျောက်ပါပြီ ။ရေနွေးကအရမ်းပူစရာမလိုဘူးနော် ပိုက်ဆံအကုန်အကျလဲသက်သာတယ် ။
ကျွန်တော်ကိုယ်တိုင်လည်ပင်းနာပျောက်သွားလို့ စေတနာနဲ့ မျှဝေလိုက်တာပါ
Thura Mg Aye

Saturday, March 11, 2017

                              Cod liver oil ငါးကြီးဆီ
အင်္ဂလိပ်စာလုံးတွေပါလို့ ဆောရီး။
၁။ မင်္ဂလာပါ ဆရာဗျ။ အသက် ခုနှစ်ဆယ်ကျော်ဆိုရင် ငါးကြီးဆီကို ဆက်ပြီး စားသင့်ပါသလားဆရာ။ ကောင်းကျိုး ဆိုးကျိုးကိုလည်း ပြောပြပေးပါ။ ကျေးဇူးတင်ပါသည်။
၂။ ဆရာရှင့် ကျွန်မ၏သမီးလေး တနှစ်နဲ့ ခုနှစ်လရှိပါပြီ။ သမီးလေးကို cod liver oil capsule တနေ့တစ်လုံး တိုက်ပါသည်။ အသိဆရာဝန်မှ တိုက်ခိုင်းလို့ပါဆရာ။ ကျွန်မတို့က့ တွင်နေပါသည်။ တိုက်လို့ရပါသလားဆရာ။
၃။ ဆရာ ငါးကြီးဆီက ကျား မ အရွယ်သုံးပါးမရွေး စားလို့ရပါသလား။
၎။ ဆရာရှင့် ငါးကြီးဆီက နေ့တိုင်းသောက်ရင် ကောင်းပါသလား။
Cod liver oil ငါးကြီးဆီ နဲ့ Fish oil ငါးဆီတွေကဆင်တူပါတယ်။ ငါးကြီးဆီထဲမှာ ဗီတာမင် (အေ) နဲ့ (ဒီ) တွေ ပိုများတယ်။ လက်ဖက်ရည်ဇွန်း တဇွန်းထဲမှာ Retinol ဗီတာမင် (အေ) 4080 μg နဲ့ ဗီတာမင် (ဒီ) 34 μg ပါတယ်။ ယောက်ျားတွေ တနေ့လိုအပ်ချက်က ဗီတာမင် (အေ) 900 μg နဲ့ အမျိုးသမီးတွေ 700 μg ဖြစ်တယ်။ ဗီတာမင် (ဒီ) က15 μg ဖြစ်တယ်။ ဗီတာမင် (အေ) ဟာ အဖုံးလွှာတွေကောင်းနေစေအောင်လုပ်တာမှာ အသုံးကျတယ်။ ကြက်မျက်သင့်တာကို ကာကွယ်မယ်။ မျက်စိရောဂါတိုင်းကို မကောင်းစေတာ သတိထားပါ။ အရေပြားချောမွေ့စေမယ်။
ငါးတွေကနေရတဲ့အဆီထဲမှာ Omega-3 fatty acids (အိုမီဂါ-သရီး)၊ Eicosapentaenoic acid (အီး-ပီ-အေ) နဲ့ Docosahexaenoic acid (ဒီ-အိတ်ခ်ျ-အေ) DHA ဆိုတဲ့လူတွေအတွက် အာဟာရဖြစ်စေတဲ့ဓါတ်တွေပါတယ်။
အရင်ကတော့ ဗီတာမင် (အေ) နဲ့ (ဒီ) တွေလဲပါတာကို အဓိကထားပြီး အထူးသဖြင့် ကလေးတွေကို အားဆေးအဖြစ် ပေးခဲ့ကြတယ်။
သတိထားဘို့က (အိုမီဂါ သရီး) ကိုလိုချင်လို့ သောက်သူတွေဟာ အတူပါနေမဲ့ ဗီတာမင် (အေ) 3000 μg/day နဲ့ ဗီတာမင် (ဒီ) ကို 100 μg/day ထက် တနေ့မှာ မပိုသင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ငါးကြီးဆီပေးရင် အထဲကကလေးကို ငယ်စဉ်မှာဖြစ်တတ်တဲ့ ဆီးချိုအမျိုးအစား (၁) အဖြစ်နည်းတာတွေ့ရတယ်။ ဒါပေမဲ့ များလို့မကောင်းတာလဲ သတိထားရမယ်။ နို့တိုက်နေချိန်မှာ ကလေးအတွက် (အေ) ပိုရစေလို့ကောင်းတယ်။ (ဒီ) မှာတော့ မထူးပါ။ ကင်ဆာရှိနေတဲ့ အမျိုးသမီး ၆၈ဝဝဝ ယောက်ကို ငါးကြီးဆီနေ့တိုင်းပေးပြီး စမ်းတော့ သေဆုံးမှုနှုန်း သိသိသာသာ (ကင်ဆာအားလုံးရဲ့ ၂၅% နဲ့ အဆုပ်ကင်ဆာရဲ့ ၄၅%) နည်းတာတွေ့ရတယ်။
ငါးကြီးဆီရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကောင်းကျိုးတွေ
အဆစ်နာတာကနေ နှလုံးရောဂါအထိ ကောင်းလို့သောက်ကြတယ်။ ကင်ဆာရှိနေသူတွေ အသက်ပိုရှည်နိုင်တယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အဆုပ်၊ အူမကြီး၊ ရင်သား ကင်ဆာ ရှိနေသူတွေ။ ကလေးတွေမှာဖြစ်တဲ့ ဆီးချိုအမျိုးအစား (၁) ဖြစ်မှာကို နည်းစေနိုင်တယ်။ သူ့ထဲမှာပါတဲ့ ဗီတာမင် (ဒီ) ကြောင့် အဲလို အကျိုးရစေတာဖြစ်တယ်။ ရူမက်တစ်အဆစ်နာအတွက် ကောင်းတယ်။ ဆိုင်းနပ်စ်ရောဂါအတွက်လဲ ကောင်းမယ်။
သတိထားစရာတွေ
(အိုမီဂါ-သရီး) နဲ့အတူ ဗီတာမင် (အေ) နဲ့ (ဒီ) တွေလဲပါတယ်။ စားသောက်တာထဲမှာလဲ ဒီဓါတ်တွေပါနေတာမို့ များသွားရင်သာ သတိထားရမယ်။ သွေးခဲစနစ်ကို သက်ရောက်လို့ သွေးယိုနိုင်တယ်။ သွေးထွက်တတ်လို့ ဆေးသောက်နေရသူတွေ မသင့်ပါ။ ခွဲစိတ်ကုသမှု ခံယူစရာရှိရင် ဒီအားဆေးသောက်နေတာကို ၂ ပါတ်ကြိုတင်ပြီး မသောက်ဘဲနေရမယ်။ ကယ်လိုရီ အများကြီး ရစေတယ်။
ငါးကြီးဆီ လက်ဖက်ရည်ဇွန်း တဇွန်း (13.6 g) ထဲမှာ တနေ့တာ စားသုံးသင့်တဲ့ ဗီတာမင် (အေ) ထက် 136% ပါနေတယ်။ ပိုတဲ့ ဗီတာမင် (အေ) တွေက အသည်းမှာလာပြီးစုထားတယ်။ အဆင့်တခုရောက်လာရင် Hypervitaminosis A ဗီတာမင် (အေ) လွန်ကဲခြင်းရောဂါရလာမယ်။ ကိုယ်ဝန်ဆောင်မှာ များနေရင် ကလေးအင်္ဂါချို့ယွင်းတာဖြစ်နိုင်တယ်။ မိခင်ကိုလဲ သွေးတိုးတက်စေတယ်။ ဗီတာမင် (အေ) 25 000 IU/kg ဆိုရင် အဆိပ်သဘောဖြစ်တယ်။ ကီလို ၅ဝ ရှိသူတယောက်ဟာ 1.25 kg စားသောက်ရင် အဆိပ်ဖြစ်တယ်။ ယောက်ျားတွေမှာ (အိုမီဂါသရီး) လိုတာထက်ပိုစားသူတွေမှာ ဆီးအကျိတ်ကင်ဆာ ပိုဖြစ်တာ တွေ့ရတယ်။ အသက် ၂၅ နှစ်အရွယ် အတွက် တနေ့မှာ ဗီတာမင် (အေ) အများဆုံး 3,000 micrograms/day = 10,000 IU ဖြစ်တယ်။ များရင် ပျို့-အန်ချင်၊ အားယုတ်၊ ကိုယ်အလေးချိန်ကျ၊ မျက်စိကြည့်မကောင်း၊ ရာသီဆင်းမမှန်ဖြစ်မယ်။ ငါးတွေမှာသာမက အကောင်တွေရဲ့ အသည်းမှာလဲ ဒီဓါတ်ပါတယ်။ ဝင်ရိုးစွန်းနေ အကောင်တွေမှာ ပိုများတယ်။ (ပိုလာ) ဝက်ဝံအသည်း 30 - 90 grams စားလိုက်ရင် လူသေနိုင်တယ်။ စွပ်ဖါးဆွဲခွေးလဲ ရောဂါရမယ်။ (အေ) များလွန်းရင် အရိုးအားနည်းစေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တနေ့ ဗီတာမင် (အေ) 5,000 IU ထက်မပိုရပါ။ မွေးလာတဲ့ကလေးတွေမှာ (အေ) နည်းနေရင်လဲ မကောင်းပြန်ပါ။ မွေးပြီး ၂ ရက်အတွင်း (အေ) 50,000 IU (15 mg) ပေးရင် မွေးစကလေးသေနှုန်း သိသိသာသာ နည်းတယ်။
လူတယောက် တနေ့တာလိုအပ်ချက်
- Vitamin A 1250 IU
- Vitamin D 135 IU
- Cod Liver Oil 400 mg ဖြစ်တယ်။ အစားအသောက်ကနေ အဲလောက်ရနေရင် ဆေးမလိုပါ။
ဒေါက်တာတင့်ဆွေ

Thursday, March 9, 2017

ဓမ္မရေချမ်းစင် လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်
=====================နှင့်
အရှင်ဇဝန [မေတ္တာရှင် ( ရွှေပြည်သာ )] စာအုပ်များ
#စုစည်းမှု
လူဖြစ်ရခြင်း၏အဓိကရည်ရွယ်ချက်
သည် ဝမ်းစာရှာဖို့မဟုတ်၊အိပ်ဖို့မဟုတ်
ကာမဂုဏ်ခံစားဖို့မဟုတ်၊လူဖြစ်ရခြင်း၏အဓိကရည်ရွယ်ချက်သည်၊ဒါနကုသိုလ်၊သီလကုသိုလ်၊ သမထကုသိုလ်
ဝိပဿနာကုသိုလ် မဂ်ကုသိုလ်
ဖိုလ်ကုသိုလ်ခြောက်မျိုးလုံးကိုအရယူ
ရန်အတွက် ဖြစ်၏စီးပွားရေးဥစ္စာရှာ
ခြင်းသည်ပင် ထိုကုသိုလ်ခြောက်မျိုး
ပြုလုပ်ရန်အတွက်ဖြစ်၏။
လူဖြစ်သော်လည်း လူနှင့်မတူဘဲ
တိရစ္ဆာန် နှင့် တူသောလူသားများရှိ၏
ဝမ်းစာရှာခြင်း၊အိပ်ခြင်၊စာခြင်းကာမ
ဂုဏ်ခံစားခြင်း ဤလေချက်သည် လူမှာ
လည်းရှိ၏ တိရစ္ဆာန်မှာလည်းရှိ၏။
ဤလေးချက်ပြည့်စုံရုံမျှနှင့်တော့လူဟူ
၍မခေါ်ရ တိရစ္ဆာန် ဟုသာခေါ်. ရ
ကြောင်း ဝိမာနဝတ္ထု အဋ္ဌကထာတွင်
ဖွင့်ပြချက်ရှိ၏။
ဗုဒ္ဓဘာသာဝင် အများစုသည် အသက်သာ ငါးဆယ်ကျော်၍ ခြောက်ဆယ်နား ကပ်လာ
သည့်တိုင် မိမိ လူလာဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိသူအလွန်နည်း၏။ သိရန်လည်း
လေ့လာသုံးသပ်ကြပုံမရှိကြ။ မေးခဲ့လျှင်လည်း ရုတ်တရက် ဘာဖြေရမှန်း မသိအောင် နှုတ်ဆွံ့
သွားကြတတ်ပါသည်။
ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေနဲ့ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဒါနကု
သိုလ်၊ သီလကုသိုလ်၊ သမထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ ဖိုလ်ကု
သိုလ် ခြောက်မျိုးလုံးကို အရယူရန်အတွက် ဖြစ်ပါသည်။ စီးပွားဥစ္စာ ရှာဖွေခြင်းသည်ပင် ထို ကု
သိုလ်ခြောက်မျိုး ပြုလုပ်ရန်အတွက် ဖြစ်ပါသည်။ သုံဆယ့်တစ်ဘုံတွင် အပါယ်လေးဘုံသည် ဆင်း
ရဲဒုက္ခတွေ များလွန်းအားကြီး၍ မည်သည့်ကုသိုလ်မျှ ပြုလုပ်၍မရပါ။ နတ်ဘုံခြောက်ထပ်နှင့်
ဗြဟ္မာ့ဘုံ နှစ်ဆယ်သည်ကား ချမ်းသာသုက္ခတွေ များလွန်းအားကြီး၍ ကုသိုလ်တရား များကိုပင်
တင်းပြည့်ကျပ်ပြည့် ပြုလုပ်၍ မရပြန် ဖြစ်ပါသည်။
ဥပမာအားဖြင့် နတ်ပြည်၊ ဗြဟ္မာပြည်၌ အလှူခံ မရှိ၍ ဒါနကုသိုလ် မည်သို့သောနည်းနှင့်
မျှ မရနိုင်ပါ။ ထို့ကြောင့် ဤသုံးဆယ့်တစ်ဘုံတွင် ဤလူ့ဘုံ တစ်ဘုံတည်းသာလျှင် ကုသိုလ်အား
လုံးကို ဆည်းပူးအားထုတ်၍ ရပါသည်။ ဤအချက်များကြောင့် လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်
ချက်သည် ကုသိုလ်ပြုဖို့အတွက်ဟု ဆိုခဲ့ရခြင်းဖြစ်ပါသည်။
ထို့ကြောင့် ပစ္စည်းဥစ္စာကို များများရအောင် ရှာသလို များများလည်း လှူဒါန်းရပါမည်။
အလှူဒါနပေးသူနှင့် ယူသူတွင် ပစ္စက္ခမျက်စိဖြင့် ကြည့်ပါက ယူသူကသာရပါသည်။ သံသရာမျက်
စေ့ဖြင့်ကြည့်ပါက ပေးသူကသာ ရပါသည်။ ဤကဲ့သို့ သံသရာ တစ်လျှောက်ထိ ထိုးထွင်း၍ သိ
သောပညာကို တကယ့်ဉာဏ်ပညာဟု ခေါ်ပါသည်။
ထို့ကြောင့် ပညာမဲ့လူမိုက်များသည် ရလာသော လူ့ဘ၀ခန္ဓာကို အဆင်း၊ အသံ၊ အနံ၊ အ
ရသာ၊ အတွေ့အထိဟူသော ကာမဂုဏ် ခံစားဖို့အတွက် အသုံးချတတ်၍ အပါယ်လေးဘုံသို့ သွား
ကြပါတယ်။ ပညာရှိ လူလိမ္မာများသည် ရလာသော လူ့ဘ၀ခန္ဓာကို ကုသိုလ်ရဖို့အတွက် အသုံးချ
၍ ဒုက္ခဆင်းရဲငြိမ်းရာ နိဗ္ဗာန်ချမ်းသာကို ခံစားရရှိကြပါတယ်။
ဓမ္မမိတ်ဆွေတို့ကလည်း တရားသဘောကို နားလည်သဘောပေါက်ကြပြီး မိမိတို့လူ့ဘဝ
ရခိုက်မှာ ကောင်းတဲ့ကုသိုလ်အမှုများကိုသာ ပြုလုပ်ခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ဖြောင့်ဖြောင့်
တန်းတန်း သွားနိုင်ကြပါစေ ကုန်သတည်း။ ။
___________________________________________________
" သင် လူတစ်ယောက် ဖြစ်ပြီလား ? "
လူအဖြစ် ရခဲပုံနှင့် ပတ်သက်ပြီး ဘာသာခြား တစ်ယောက်က မေးမြန်းလာသည်ကို ဦးချစ်ဝင်းက လူလေးမျိုးနှင့် နှိုင်းယှဉ်ပြီး ဖြေကြားသွား၏။
ဘာသာခြား. . .ဦးလေးတို့ဘုရားက လူအဖြစ်ကို ရခဲတယ် , ရခဲတယ်နဲ့ ဟောကြားထားတာ လက်မခံနိုင်ပါဘူး။ ကမ္ဘာမှာ တစ်စက္ကန့်ကို လူငါးယောက်နှုန်းနဲ့ မွေးနေတယ်ဆိုပဲ။ ဒီအဆိုအရ လူဖြစ်ခဲတယ် ဆိုတာ မဟုတ်နိုင်ဘူး။ တရုတ်ပြည်မှာ ဆိုရင် အိမ်ထောင်စု တစ်စုကို တစ်ယောက် သို့ နှစ်ယောက်ပဲ မွေးခွင့်ရတယ်တဲ့။ ကဲ ဦးလေး ဘယ်လို ဖြေမှာလဲ .?
ဦးချစ်ဝင်း . . . ဒါကတော့ မင်းရဲ့ ခြင်ကောင် ဦနှောက်နဲ့ တွေးရင်တော့ ဟုတ်နေသလိုပဲပေါ့။ မွေးလာတဲ့သူ ရှိသလို သေသွားတဲ့သူလည်း ရှိမယ် ဆိုတာ ထည့်တွက်ရမယ်လေ။ တစ်စက္ကန့်မှာ ငါးယောက် မွေးပေမယ့် တစ်စက္ကန့်မှာ ငါးယောက်သေနေမယ်ဆိုရင် ဘယ်လို တွေးမလဲ ?
လူအဖြစ်ရခဲပုံကို မွေးသေနဲ့ နှိုင်းယှဉ်ယုံနဲ့တင် မသိရသေးဘူး။ တိရိစ္ဆာန် အရေအတွက်နဲ့ လူ အရေအတွက် နှိုင်းယှဉ်ကြည့်မှ ပိုသိရတယ်။
ဥပမာ ခြတောင်ဘို့တစ်ခုဆိုရင် ခြကောင်ရေ မရေမတွက်နိုင်အောင် များတယ်။ ခြင် , ယင် , ပုရွက်ဆိတ် , ဒီအကောင်လေးတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက် , လူတွေ ဘယ်လောက် နည်းသွားတယ် ဆိုတာ ပေါ်လွင်နေပြီ။
ဘာသာခြား . . . ဒီလို ယှဉ်တွေးကြည့်တော့ ဟုတ်သားပဲ။
ဦးချစ်ဝင်း . . တို့ဘုရားက လူအဖြစ် ရခဲပုံကို . .
လူနဲ့ တိရိစ္ဆာန် ယှဉ်ကြည့်ပြီး မွေးသေ အဝင်အထွက်ကို သင်္ချာနည်းနဲ့ တွက်ချက်ပြီး မဆုံးဖြတ်ဘူး။
မွေးလာတဲ့ လူတိုင်းကိုလည်း လူလို့ မသတ်မှတ်ပါဘူး။
ဘာသာခြား . . . ဒါဆို ဘယ်လိုလူကို လူလို့ သတ်မှတ်ရမှာလဲ ?
ဦးချစ်ဝင်း . . တို့ဘုရားက လူကို အမျိုးအစား လေးမျိုးနဲ့ ခွဲခြားပြီး သတ်မှတ်တယ်။ အဲဒီလေးမျိုးက . .
၁။လူငရဲသား
၂။ဘူတိရစ္ဆာန်
၃။လူဗြိတ္တာ
၎။လူပရမတ္တ. . . . . . . ဆိုပြီး ခွဲခြားသတ်မှတ် ထားတယ်။
၁။လူ့ငရဲသား . . . .
-ကုသိုလ် , အကုသိုလ် ရယ်လို့ မခွဲခြားတတ်။
-ဒါန , သီလ လည်း မရှိ။
-ဘာဝနာ ဆိုတာ ဝေလာဝေး။
-မွေးလာကတည်းက ဒုက္ခနဲ့စ , ဒုက္ခနဲ့ ဆုံးပြီး လူ့လောက ကနေ ထွက်ခွာသွားရသူများကို လူ့ငရဲသား တဲ့။
၂။လူ့တိရစ္ဆာန် . . .
-တိရစ္ဆာန် ဆိုတာ စားဖို့ ရှာမယ်။ စားမယ်။ အိပ်မယ်။ ကာမဂုဏ် ခံစားမယ်။ ဒါပဲ သိတယ်။
လူဟာလည်း စားဖို့ , အိပ်ဖို့ , ကာမဂုဏ် ခံစားဖို့ , ဒီသုံးမျိုးပဲ သိပြီး
ဘုရား, တရား , သံဃာ ဆိုတဲ့ ရတနာသုံးပါးကို မသိ။ ဘာသာရေးလည်း နားမလည်။ နားလည်ဖို့ လဲ မကြိုးစား။ မလေ့လာ , ဘာသာရေးသုတ မရှိတော့ ဒါနမသိ , သီလမရှိ , ကုသိုလ် အကုသိုလ် မခွဲခြားတတ်. . ပဲ လူ့ဘဝမှာ နေရင်း သေသွားသူများကို လူ့တိရစ္ဆာန်လို့ ဘုရားက သတ်မှတ်တော်မူတယ်။
၃။လူ့ဗြိတ္တာ . . . လူ့ဘဝတော့ ရလာပါရဲ့။ ရောဂါ ထူပြောတဲ့အတွက် သူများနဲ့ တန်းတူ မဟုတ်ဘဲ ခက်ခဲပင်ပမ်းစွာ ရုန်းကန်ပြီး စားဖို့ , ဝတ်ဖို့ အလျင်မီအောင် မနည်းကြိုးစားရတဲ့ ဒုက္ခတွေကြောင့် ရတနာသုံးပါးကို သတိမရနိုင်။ ဒါနမှု , သီလမှုတွေ မဆောက်တည်နိုင် , မပြုလုပ်နိုင်ဘဲ လူ့ဘဝကို စွန့်ခွာသွားရသူတွေကို လူ့ဗြိတ္တာ တဲ့။
၎။လူပရမတ္တဆိုတာကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် မဟုတ်ဘဲ
ရတနာသုံးပါးကို ယုံကြည်မှုသဒ္ဓါနဲ့ ကိုးကွယ်တယ်။
ဒါနပြုရာမှာ ပါရမီထိုက်အောင် ပညာနဲ့ လှူတယ်။
သီလကိုလည်း မကျိုးပေါက်အောင် အသက်နဲ့ လဲပြီး စောင့်ထိန်းတယ်။
ဝိပဿနာတရားကိုလည်း နာကြား အားထုတ်ပြီး
-ကုသိုလ် , အကုသိုလ် ခွဲခြားနိုင်တဲ့သူကို ဆိုလိုတာ ဖြစ်ပြီး ဒီလိုဘဝမျိုး ပိုင်ဆိုင်သူကိုမှ လူလို့ တို့ဘုရားရှင်က သတ်မှတ်တယ်။
ဒီစံနှုန်းနဲ့ တိုင်းတာမယ်ဆိုရင် တစ်စက္ကန့်မှာ လူငါးယောက် မွေးတာ မပြောနဲ့ , လူတစ်ရာ , တစ်ထောင် မွေးတဲ့အထဲမှာ လူတစ်ယောက် ဖြစ်ဖို့ လွယ်မလား ?
တို့ဘုရားဟောအရ ပြောရရင် မင်းတောင် လူထဲ မပါဘူး။ ဦးလေး ရှင်းပြတဲ့ လူလေးမျိုးအကြောင်း အဆုံးမှာ ဘာသာခြားပုဂ္ဂိုလ် ခေါင်းငိုက်စိုက်ချပြီး ပြန်သွားတော့တယ်။
* * * * * * * * * * * * * * *
"လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သော အင်္ဂါ"
လောကီလူသားများက လူတစ်ယောက်အဖြစ်
သတ်မှတ်သော အင်္ဂါနှင့် ,
ဘုရားအစရှိသော သူတော်ကောင်းများ၏
လူတစ်ယောက်အဖြစ် သတ်မှတ်သော အင်္ဂါသည်
မိုးနှင့်မြေလို ကွာခြား လွန်းလှပါသည်။
-လောကီလူသားများက . . .
-အမျိုးမြတ်ခြင်း ။
-ခေတ်ပညာတတ်ခြင်း ။
-ရာထူး ကြီးမြင့်ခြင်း ။
-ဥစ္စာစည်းစိမ် ပေါများခြင်း . . . ဟူသော အင်္ဂါများ နှင့် ပြည့်စုံလျှင် အထက်တန်းစား လူတစ်ယောက် အဖြစ် သတ်မှတ်ကြသည်။
ဘုရားရှင်၏ လူတစ်ယောက်အဖြစ် သတ်မှတ်သော အင်္ဂါ သုံးချက်ရှိသည်။ ထိုအင်္ဂါသုံးချက်တွင် အထက်ဖော်ပြပြီး အင်္ဂါများ တစ်ချက်မှ ပါမလာ။
အင်္ဂတ္ထိုရ်ပါဠိတော် , တိကနိပါတ်တွင် ဇမ္ဗူဒိပ်ကျွန်းနေ လူသားများက . . နတ်ထက်သာလွန်သော , လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သော အင်္ဂါသုံးချက်ကို ယခုလို ဟောကြားထားပါ၏
သတ္တိ . . . ကုသိုလ်တရားများကို ရဲဝံ့စွာ လုပ်ရဲခြင်း။
သတိ. . .ကုသိုလ်တရားများအပေါ် သတိရခြင်း။
ဗြဟ္မစရိယ . . . မြတ်သောအကျင့်ကို ကျင့်သုံးနိုင်ခြင်း။
ဤသည်မှာ ဗုဒ္ဓ၏ လူတစ်ယောက်အဖြစ် သတ်မှတ်သော အင်္ဂါများပင် ဖြစ်သည်။
အသက် နှင့် အချိန်
စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ် စသည့်
အချိန်တိုလေးများကို
ပေါင်းစည်းထားခြင်းသည်ပင်
အသက်မည်၏။
ထို့ကြောင့် အသက်ကို တန်ဖိုးထားသူသည်
အချိန်ကို တန်ဖိုးထားရမည်။
ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးမျိုးအနက်
တစ်မျိုးမျိုးကိုမှ မရဘဲ
အချိန်ဖြုန်းတီးသူများသည်
မိမိအသက်ကို
ဖြုန်းတီးသူများပင် ဖြစ်၏။
သာယာဝတီမှ မောင်ရဲမြင့်သည် အခြားဘာသာဝင် ဖြစ်သည်။ စာရေးသူနှင့် ဘာသာတရားအကြောင်းကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးအပြီးတွင် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သွားခဲ့သည်။ သူနှင့် ဆွေးနွေးပုံအကျယ်ကို “အရှုံးမရှိသောဒဿန” စာအုပ်တွင် ဖတ်ရှုနိုင်သည်။ မောင်ရဲမြင့်သည် စာဖတ်သည်။ ထို့ကြောင့် အတွေးအခေါ် ကောင်းသည်။ သူ့အတွေးအခေါ်လေး တစ်ခုကို ဖတ်ရှုခံစားကြည့်ပါ။
“လူတစ်ယောက်မှာ တီဘီရောဂါ ဖြစ်နေသည်။ ခြောက်လလောက် စွဲသောက်လျှင် ကင်းရှင်းစွာ ပျောက်မည့် ဆေးလည်း သူ့အနားတွင် ရှိနေသည်။ သို့သော် သူကား ထိုဆေးကို မသောက်။ အကြောင်းကား ထိုဆေးသည် သူ့နိုင်ငံမှ ထုတ်လုပ်သော ဆေးမဟုတ်သောကြောင့် ဟူ၏။ ထိုသို့ မသောက်လျှင် ထိုသူသည် တီဘီရောဂါဖြင့် သေဖို့သာရှိ၏။”
“ထို့အတူ လောဘ၊ ဒေါသ စသော ကိလေသာရောဂါကို ပျောက်စေမည့် တစ်ခုတည်းသော ဆေးသည် ဗုဒ္ဓ၏ ဝိပဿနာတရားပင် ဖြစ်၏။ ထိုဝိပဿနာဆေးကို မိမိဘာသာက နည်းလမ်း မဟုတ်သောကြောင့် မသောက်သုံးနိုင်၊ မကျင့်သုံးနိုင်ဟု ဆိုလျှင် ပူလောင်သော၊ အပါယ်သို့ ဆွဲချသော ကိလေသာရောဂါများ မပျောက်ကင်းရုံသာ ရှိ၏။”
မောင်ရဲမြင့်သည် ဗုဒ္ဓဘာသာဝင် ဖြစ်လာပြီးနောက် ရဟန်းပြုလိုက်သောအခါ “ဦးဝိသုဒ္ဓိ” ဖြစ်သွား၏။ ရွှေပြည်သာမြို့၊ မန္တလေးကျောင်းမှာ ငါးဝါခန့် သီတင်းသုံးပြီးနောက် ကော့သောင်းမြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။ ကော့သောင်းမြို့၊ ခုနစ်မိုင်ရွာရှိ တောင်ကြီးတစ်တောင်ပေါ်တွင် တစ်ပါးတည်း ဧကစာရီ သီတင်းသုံးပြီး ပခုက္ကူဝိပဿနာ သင်တန်းခွေ တရားများကို နာယူလျက် တရားကျင့်နေသည်။
ဦးဝိသုဒ္ဓိသည် သူ့ထံသို့ ရောက်လာသမျှ ဒကာ၊ ဒကာမ များအား အတွေးအမြင်ပါသည့် တရားတိုလေးများကို ဟောပေးလေ့ရှိသည်။ သူ့တရားအများစုသည် အမေးပါသော်လည်း အဖြေမပါပေ။ အလွန် စိတ်ဝင်စားစရာ ကောင်းသဖြင့် နမူနာတစ်ခု ဖော်ပြပါအံ့။ တစ်ခါတွင် ကော့သောင်းမြို့၊ သူဌေးကျွန်းဟိုတယ်မှ ဦးဘုန်းမြင့်တစ်ယောက် ဦးဝိသုဒ္ဓိ၏ တောကျောင်းလေးသို့ ရောက်လာသည်။ ဦးဝိသုဒ္ဓိက စတင် မေးမြန်းသည်။
“ဒကာကြီး … နာမည် ဘယ်လိုခေါ်သလဲ”
“ဦးဘုန်းမြင့်လို့ ခေါ်ပါတယ် ဘုရား”
“ဒကာကြီး၊ အသက်မွေးဝမ်းကျောင်း ဘာလုပ်သလဲ”
“တပည့်တော် သူဌေးကျွန်းဟိုတယ် အင်ဂျင်နီယာဌာနမှာ အလုပ်လုပ်ပါတယ် ဘုရား”
“ဒကာကြီး၊ လူလာဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ အင်ဂျင်နီယာလုပ်ဖို့ တစ်ခုတည်းအတွက်လား”
ဦးဝိသုဒ္ဓိ၏ တရားသည် စကားလုံး (၂၇)လုံး ခန့်နှင့် ပြီးဆုံးခဲ့လေပြီ။ ကမ္ဘာ့အတိုဆုံး တရားဟု ဆိုရလေမည်လားမသိ။ ဦးဘုန်းမြင့် အတွက်ကား အံ့သြစရာ အကောင်းဆုံး နေ့တစ်နေ့ ဖြစ်သွား၏။ လူတစ်ယောက် ဖြစ်နေပါလျက် “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်” ကို ဦးဘုန်းမြင့်တစ်ယောက် တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။
ဦးဝိသုဒ္ဓိသည် ထိုမေးခွန်းကို ကျောင်းသို့ ရောက်လာသူ အားလုံးအား မေးမြန်းလေ့ရှိသည်။ သို့သော် အဖြေကိုကား ပြောမပြပေ။ အမေးခံရသူကိုယ်တိုင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဖြေထုတ်ရသည်။ စာရေးသူသည် ဤတရားကို ရန်ကုန်တိုင်း၊ ဒေါပုံမြို့၊ ယမုံနာလမ်းတွင် စတင် ဟောကြားခဲ့သည်။
ထိုတရားသည် နာကြားရသူ အားလုံးအတွက် အံ့သြတုန်လှုပ်ဖွယ်ရာ ဖြစ်သွားသည်။ အသိဉာဏ်ပညာ အလင်းတွေ အများကြီး ရသွားကြသည်။ ဤတရား ဗီစီဒီအခွေကို သာကေတ၊ (၁)ဈေးလမ်း၊ ရွှေလဝင်း စဆိုးဆိုင်နှင့် ဆေးဆိုင်ပိုင်ရှင် ဦးကျော်လှ၊ ဒေါ်စန်းတင့် မိသားစုတို့က ဓမ္မဒါနအဖြစ် လှူဒါန်းနေရာ ခွေပေါင်း ထောင်ချီနေပြီဟု သိရသည်။
ထို ယမုံနာလမ်းဘေးမှ မီးသွေးရောင်းသော ဘာသာခြား ဒကာကြီးတစ်ဦးသည် ထိုတရားကို နာကြားမိသွားပြီး ဗုဒ္ဓဘာသာဝင် ဖြစ်သွားသည်။ ထိုဘာသာပြောင်းလာသော ဒကာကြီးသည် ရွှေလဝင်း မိသားစုထံမှ ယင်းတရားခွေများကို ယူ၍ ထပ်ဆင့် ဓမ္မဒါန ပြုနေသည်မှာလည်း ခွေပေါင်း ရာဂဏန်းအထိ ရှိနေပြီဟု သိရသည်။
ထိုဘာသာခြား ဒကာကြီးက ဦးလှဝင်းတို့ မိသားစုအား ပြောခဲ့သော စကားမှာ မှတ်သားဖွယ် ကောင်းလှ၏။
“ကျွန်တော် လူတစ်ယောက် ဖြစ်နေပြီးတော့ ‘လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်’ ကို တစ်ခါမှ မစဉ်းစားမိဘူး၊ လူလာဖြစ်ရတာ မီးသွေးရောင်းဖို့ တစ်ခုတည်းအတွက်လို့ပဲ ထင်နေမိတယ်၊ ဒီတရားကို နာရမှ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို ကောင်းကောင်းကြီး သိသွားတယ်”
လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဝမ်းစာရှာဖို့ မဟုတ်၊ အိပ်ဖို့ မဟုတ်၊ စားဖို့ မဟုတ်၊ ကာမဂုဏ် ခံစားဖို့ မဟုတ်။ ကုသိုလ်ပြုဖို့ အတွက်သာ ဖြစ်၏။ တိရစ္ဆာန်တွင် ဝမ်းစာရှာခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ် ခံစားခြင်းဟူသော အချက်လေးချက် ရှိသကဲ့သို့ လူတွင်လည်း ထို့အတူ လေးချက်ပင် ရှိ၏။ ဤလေးချက်တည်းသာ ရှိနေပါက လူသည် တိရစ္ဆာန်နှင့် ဘာမျှမထူး၊ အတူတူသာ ဖြစ်၏။
လူသားသည် ကုသိုလ် (ပရဟိတအလုပ်)ကို လုပ်တတ်၏။ တိရစ္ဆာန်ကား မလုပ်တတ်။ ဤကုသိုလ် (ပရဟိတအလုပ်) ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက် သာလွန် မြင့်မြတ်သွားခြင်း ဖြစ်၏။
မဏိံ မိဂေါ ပဿန္တောပိ၊
တိဏံ ခါဒံဝ ဂစ္ဆတိ။
လဒ္ဓကာလော ဒုပ္ပညောပိ၊
ကာမံ ဘုဉ္ဇံဝ ဂစ္ဆတိ။
“သမင်သည် ပတ္တမြားကို မြင်သော်လည်း ဂရုမစိုက်ဘဲ မြက်ကိုသာ စားပြီး တောတွင်းသို့ ဝင်သွား၏။ ထို့အတူ ပညာမဲ့သော လူသားသည်လည်း လူ့ဘဝကို ကုသိုလ်ရဖို့ အသုံးမချဘဲ ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။”
ဤကား ဗုဒ္ဓ၏ အဆုံးအမ ဒေသနာတော်လေးတစ်ခုပင် ဖြစ်၏။
“လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို မသိသော ပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိသော ပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။”
ဆရာတော် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) ရေးသား ထုတ်ဝေသော “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်”
#အရှင်ဇဝန [မေတ္တာရှင် ( ရွှေပြည်သာ )]
#စုစည်းမှု ( ၄၈ ) အုပ်
၁။ကျွန်ုပ်ဘဝမှ ဆောင်စရာနှင့် ရှောင်စရာများ
https://yadi.sk/i/no6zdSqnfvTcq
၂။ကိုးဆယ်နှစ်ကမ္ဘာ ငိုခဲ့ရသူများအကြောင်း
https://yadi.sk/i/jJ9ayrXcfvTcs
၃။စာရိတ္တပြိုင်ပွဲ
https://yadi.sk/i/IgfJm0xZfvTcu
၎။စာရိတ္တသတ္တိ
https://yadi.sk/i/ctYFogPOfvTcw
၅။စိတ်ဓာတ်မြင့်မှ လူမြင့်မယ်
https://yadi.sk/i/9mNu-yEufvTcy
၆။စိတ်ဝင်စားဖွယ်ကောင်းသော စာတစ်စောင်နှင့်အခက်ဆုံးမေးခွန်း (၃) ခု
https://yadi.sk/i/yzyj7Rp7fvTd2
၇။စုန်လမ်းနှင့်ဆန်လမ်း
https://yadi.sk/i/01Xwq318fvTd4
၈။ဆရာကောင်းကိုရှာဖွေခြင်း
https://yadi.sk/i/5Vh-Q4-qfvTd6
၉။တကယ့်ဗုဒ္ဓဘာသာနှင့်သစ္စာလေးပါးတရားတော်
https://yadi.sk/i/30OqCSnmfvTd8
၁၀။ပန်းဒကာနှင့်မုဒိတာ
https://yadi.sk/i/FaJRVXfvfvTdA
၁၁။ပါရမီထိုက်သော ဒါန
https://yadi.sk/i/lre56I4XfvTdC
၁၂။ဖယောင်းတိုင်တစ်တိုင်၏အလင်းရောင် (၁)
https://yadi.sk/i/heoFoxcXfvTdE
၁၃။ဗုဒ္ဓဘာသာခေါင်းဆောင်းထားသော အရှင်ဒေဝဒတ်၏ တပည့်များ
https://yadi.sk/i/u81tHe2tfvTdG
၁၄။ဘဝနှင့်ရင်းရသောအတွေးအမြင်များ(၁)
https://yadi.sk/i/g_ZIKy_tfvTdN
၁၅။ဘဝနှင့်ရင်းရသောအတွေးအမြင်များ(၂)
https://yadi.sk/i/1cpSZHbAfvTdL
၁၆။ဘ၀နှင့်ရင်းရသောအတွေးအမြင်များ(၃)
https://yadi.sk/i/VDdCq9rAfvTdJ
၁၇။မဂ်တားဖိုလ်တားအန္တရာယ်များ
https://yadi.sk/i/zexkJVV9fvTdQ
၁၈။မယ်တော်ကြီးထံ ဝိပဿနာပေးစာ
https://yadi.sk/i/9Ptk2R5ifvTdS
၁၉။မိဘမေတ္တာရသစုများ
https://yadi.sk/i/-5rm364cfvTdU
၂၀။မိရိုးဖလာ ဗုဒ္ဓဘာသာ နှင့် တကယ့် ဗုဒ္ဓဘာသာ
https://yadi.sk/i/f56mcRtOfvTdW
၂၁။မျက်ရည်မကျခင်သိစေချင်
https://yadi.sk/i/MgHwz_vCfvTdY
၂၂။ယုံမှတ်လို့ ပုံအပ်မိသူများ(၁)
https://yadi.sk/i/o-7n_EzIfvTda
၂၃။ယုံမှတ်လို့ ပုံအပ်မိသူများ(၂)
https://yadi.sk/i/QiABZ1LNfvTdc
၂၄။မြန်မာတို့ ၏အသက်
https://yadi.sk/i/dk8kQhfhfvTde
၂၅။လူငယ်များအတွက်ဝိပဿနာ (၁+၂)
https://yadi.sk/i/7vybqqbbfvTdg
၂၆။လူငယ်များအတွက်ဝိပဿနာ (၃+၄)
https://yadi.sk/i/cOV9LGaFfvTdi
၂၇။လူငယ်များအတွက်ဝိပဿနာ( ၅+၆)
https://yadi.sk/i/thGk9KNUfvTdr
၂၈။လူငယ်များအတွက်ဝိပဿနာ (၇)
https://yadi.sk/i/V6uNF1x7fvTdk
၂၉။လူငယ်များအတွက်ဝိပဿနာ (၈)
https://yadi.sk/i/1SVwpHerfvTdp
၃၀။လူဖြစ်ရခြင်း၏အဓိကရည်ရွယ်ချက်
https://yadi.sk/i/dqRMzEmTfvTdt
၃၁။သင်လူတစ်ယောက်ဖြစ်ပြီလား
https://yadi.sk/i/k6RwT27mfvTdv
၃၂။သစ္စာလေးပါး(၁)
https://yadi.sk/i/rZSIWIqffvTdz
၃၃။သစ္စာလေးပါး(၂)
https://yadi.sk/i/G4VIVg9YfvTe3
၃၄။သစ္စာလေးပါး(၃)
https://yadi.sk/i/uGkia_yxfvTe7
၃၅။သစ္စာလေးပါး(၅)
https://yadi.sk/i/CNVBLmVvfvTe9
၃၆။သစ္စာလေးပါး(၆)
https://yadi.sk/i/CD72GEpnfvTeB
၃၇။သညာသိနှင့်ပညာသိ
https://yadi.sk/i/AI5m_q18fvTeD
၃၈။သရဏဂုံ အစွမ်း အံ့မခန်း
https://yadi.sk/i/9IeL235WfvTeF
၃၉။သီလအစွမ်း အံ့မခန်း
https://yadi.sk/i/wuVNxIOKfvTeH
၄၀။အစာစားရင်း မဂ်ဖိုလ်ရအောင်ကျင့်ဆောင်ခြင်း
https://yadi.sk/i/I8JSCLZ6fvTeK
၄၁။အတွင်းရန်သူ
https://yadi.sk/i/T9RJhqeafvTeM
၄၂။အရှုံးမရှိသော ဒဿန
https://yadi.sk/i/nmkTCL7ffvTeP
၄၃။အသေမြတ်ချင်သေနည်းသင်
https://yadi.sk/i/mJXTUZ7zfvTeR
၄၄။အနှစ်ကိုးပါးတရားတော်
https://yadi.sk/i/f7F-6bKsfvTeT
၄၅။ကျောင်းအမနတ်သမီးအလှကြီး
https://yadi.sk/i/jBb5QSkUfvTeV
၄၆။ထေရဝါဒမှတ်ကျောက်
https://yadi.sk/i/mrKJe4CcfvTeX
၄၇။မေတ္တာဖြင့်စီးပွားရှာခြင်း
https://yadi.sk/i/jK1UM8UrfvTeZ
၄၈။ရဟန်းဘဝစွန့်လွှတ်ခြင်းအမေးအဖြေ
http://www.mediafire.com/?dqx6cyk8dfmp7pq
===========================÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
•••••••••••••••••••••••••••••••••••••••••••••••
မေတ္တာဖြင့်စီးပွားရှာခြင်း
http://dhammadownload.com/…/MettaShin-ShwePyiThar-MettaPhyi…
ဘဝနှင့်ရင်းရသော အတွေးအမြင်များ (အတွဲ ၁)
http://dhammadownload.com/…/MettaShin-ShwePyiThar-BawaNhitY…
လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ အတွဲ(၁+၂)
http://dhammadownload.com/…/MettaShinShwePyiThar-LuNgaMyarA…
လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ အတွဲ(၃+၄)
http://dhammadownload.com/…/MettaShinShwePyiThar-LuNgaMyarA…
စာရိတ္တသတ္တိ
http://dhammadownload.com/…/MettaShinShwePyiThar-ZarYateTaT…
သီလအစွမ်း အံ့မခန်း
http://dhammadownload.com/…/MettaShinShwePyiThar-SilaAhSwun…
မျက်ရည်မကျခင်သိစေချင်
http://dhammadownload.com/…/MettaShinShwePyiThar-MyatYayMaK…
အရှုးံမရှိတဲ့ ဒဿန
http://dhammadownload.com/…/MettaShinShwePyiThar-AshoneMaSh…
ယုံမှတ်လို့ ပုံအပ်မိသူများ အကြောင်း (၂)
http://dhammadownload.com/…/MettaShinShwePyiThar-YoneMhatLo…
သညာသိနှင့် ပညာသိ (သုဒ္ဓဝိပဿနာကျင့်စဉ်)
http://dhammadownload.com/…/MettaShinShwePyiThar-ThinNyarTh…
လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်
http://dhammadownload.com/…/MettaShin-ShwePyiThar-LuPhyitYa…
ကိုးဆယ့်နှစ်ကမ္ဘာ ငိုခဲ့ရသူများအကြောင်း
http://dhammadownload.com/…/MettaShin-ShwePyiThar-92GabarNy…
အသေမြတ်ချင် သေနည်းသင်
http://dhammadownload.com/…/MettaShin-ShwePyiThar-ArThayMya…
စုန်လမ်း နှင့် ဆန်လမ်း
http://dhammadownload.com/…/MettaShin-ShwePyiThar-ASoneLanN…
အတွင်းရန်သူ
http://dhammadownload.com/…/MettaShin-ShwePyiThar-ATweenYan…
ဘဝနှင့်ရင်းရသော အတွေးအမြင်များ - အတွဲ(၂)
http://dhammadownload.com/…/MettaShin-ShwePyiThar-Bawanityi…
လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ အတွဲ(၅+၆)
http://dhammadownload.com/…/MettaShin-ShwePyiThar-LuNgaMyar…
ကျောင်းအမ နတ်သမီး အလှကြီး
http://dhammadownload.com/…/MettaShin-ShwePyiThar-KyaungArM…
မဂ်ဖိုလ်ရမည့် သမာဓိအဆင့်ဆင့် (မယ်တော်ကြီးထံ ဝိပဿနာပေးစာ)
http://dhammadownload.com/…/MettaShin-ShwePyiThar-MatFoYa-S…
မဂ်တားဖိုလ်တား အန္တရာယ်များ
http://dhammadownload.com/…/MettaShin-ShwePyiThar-MatTarFoT…
မိရိုးဖလာ ဗုဒ္ဓဘာသာဝင် နှင့် တကယ့်ဗုဒ္ဓဘာသာဝင် တရားတော်
http://dhammadownload.com/…/MettaShin-ShwePyiThar-MiYooFaLa…
မြန်မာတို့၏ အသက်
http://dhammadownload.com/…/MettaShin-ShwePyiThar-MyanmarTo…
သစ္စာလေးပါးတရားတော်-အပိုင်း(၁)
http://dhammadownload.com/…/MettaShin-ShwePyiThar-ThitSar4P…
သစ္စာလေးပါးတရားတော်-အပိုင်း(၂)
http://dhammadownload.com/…/MettaShin-ShwePyiThar-ThitSar4P…
သစ္စာလေးပါးတရားတော်-အပိုင်း(၃)
http://dhammadownload.com/…/MettaShin-ShwePyiThar-ThitSar4P…
ပါရမီထိုက်သောဒါန နှင့် ပါရမီထိုက်သောဒါန
http://dhammadownload.com/…/MettaShin-ShwePyiThar-ParRaMeeH…
ဆရာကောင်းကို ရှာဖွေခြင်း
http://dhammadownload.com/…/MettaShin-ShwePyiThar-SayaKaung…
ယုံမှတ်လို့ ပုံအပ်မိသူများအကြောင်း (၁)
http://dhammadownload.com/…/MettaShin-ShwePyiThar-YoneMynat…
သရဏဂုံ အစွမ်း အံ့မခန်းဖြစ်ရပ်ဆန်းများ
http://dhammadownload.com/…/MettaShin-ShwePyiThar-SaRaNaGon…
ကျွန်ုပ်ဘဝမှ ဆောင်စရာနှင့် ရှောင်စရာများ
http://dhammadownload.com/…/MettaShin-ShwePyiThar-KyonoteBa…
လူငယ်များအတွက်၊ ဂမ္ဘီရဝိပဿနာ၊ (အတွဲ-၇)
http://dhammadownload.com/…/MettaShin-ShwePyiThar-LuNgaMyar…
အရှုံးမရှိသော ဒဿန
http://dhammadownload.com/…/MettaShin-ShwePyiThar-AhSoneMaS…
သင် လူတယောက်ဖြစ်ပြီလား
http://dhammadownload.com/…/MettaShin-ShwePyiThar-ThinLuTaY…
ဘဝနှင့်ရင်းရသော အတွေးအမြင်များ - အတွဲ(၃)
http://dhammadownload.com/…/MettaShin-ShwePyiThar-Bawanityi…
အစား စားရင်း မဂ်ဖိုလ်ရအောင် ကျင့်ဆောင်ခြင်း
http://dhammadownload.com/…/MettaShin-ShwePyiThar-AhSarSarC…
စိတ်ဓါတ်မြင့်မှ လူမြင့်မယ်
http://dhammadownload.com/…/MettaShin-ShwePyiThar-SateDatMy…
လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ အတွဲ(၈)
http://dhammadownload.com/…/MettaShin-ShwePyiThar-LuNgaMyar…
ဖယောင်းတိုင် တစ်တိုင်၏ အလင်းရောင်နှင့် ဒဿနရသဝတ္ထုတိုများ
http://dhammadownload.com/…/MettaShin-ShwePyiThar-PhaYongTa…
စိတ်ဝင်စားဘွယ်ကောင်းသော စာတစ်စောင်နှင့် အခက်ဆုံး မေးခွန်း သုံးခု
http://dhammadownload.com/…/MettaShin-ShwePyiThar-SateWinSa…
ဗုဒ္ဓဘာသာခေါင်းဆောင်းထားသော အရှင်ဒေဝဒတ်၏ တပည့်များ
http://dhammadownload.com/…/MettaShin-ShwePyiThar-BuddhaBar…
တကယ့် ဗုဒ္ဓဘာသာနှင့် သစ္စာလေးပါး တရားတော်
http://dhammadownload.com/…/MettaShin-ShwePyiThar-TaKaeBudd…
မိဘမေတ္တာရသစုများ (မေတ္တာရှင်ရွှေပြည်သာနှင့် မင်းဟိန်ထိဝ်)
http://dhammadownload.com/…/MettaShinShwePyiThar-MeatBaMett…
Credit = မန္တလေး စာကြည့်တိုက် ဇော်ဇော်