Sunday, March 5, 2017



အသည်း ရောဂါရှိရင် ပင်လယ်စာတွေ မစားသင့်

ပင်လယ်စာတွေဟာ ခန္ဓာကိုယ်ထဲက ပိုးကို ပိုမိုပွားစေနိုင်ပြီး အသည်း ရောဂါရှိသူတွေ ရှောင်ရှားသင့်တယ်လို့ သိရပါတယ်။
ပိုးတွေ သုံးလေးဆ ပွားနေတယ်။
တောင်ပို့မှိုနဲ့ ပင်လယ်စာတွေစားမိရင် ပိုးကအရမ်းပွားတာကြောင့် အသည်းရောင်ရောဂါ ဘီတို့၊ စီတို့ရှိတယ်ဆိုရင် မစားသင့်ဘူးလို့ အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာနဲ့ အသည်းရောဂါပါ တွဲဖက်ကုသပေးနေတဲ့ သမားတော်ကြီး ဒေါက်တာမျိုးသွယ်က ပြောထားတာ ဖြစ်ပါတယ်။


ကောင်းနေတဲ့ လူနာတစ်ယောက်ဟာ ချောင်းသာတို့၊ ဘာတို့သွားကာ ပင်လယ်စာစားပြီး ပြန်လာတဲ့အခါ စစ်ကြည့်လိုက်ရင် ပိုးတွေ သုံးလေးဆ ပွားနေတယ်လို့ ဒေါက်တာမျိုးသွယ်က ပြောကြားထားကြောင်း 7Day Daily ရဲ့သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ ပင်လယ်စာတွေ စားရင် ပိုးပွားတယ်ဆိုတာ ဘယ်သူမှမသိဘဲ ဆရာတို့ကိုယ်တွေ့လုပ်ရင်းလုပ်ရင်းနဲ့ တွေ့လာတာဖြစ်ပြီး လူနာတွေက များများလာတော့ နှစ်ခါ၊ သုံးခါ ကြုံလာတဲ့အခါ သိလာတယ်လို့ ဒေါက်တာမျိုးသွယ်က ပြောထားပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ သန်း ၅၀၀ ခန့်ဟာ အသည်းရောင်ရောဂါတွေ ဖြစ်ပွားနေပြီး အဆိုပါရောဂါတွေကြောင့် တစ်နှစ်ကို ၁ ဒသမ ၄ သန်း သေဆုံးနေပါတယ်။
Photos & Source: 7Day Daily

No comments:

Post a Comment