Tuesday, August 30, 2016

#သင်္ဘောမညှိုး
ဒီပန်းပင်ဟာ ဆေးဖက်ဝင် ပန်းတစ်မျိုး ဖြစ်ပါတယ်။
အဓိက ဆေးဖက်ဝင်တာကတော့ အရွက် နှင့် အမြစ် ဖြစ်ပါတယ်။
သူ၏ အရွက် အရင့်များကို ခူးဆွက်၍ ကျိုချက် သောက်သုံးပေးခြင်းဖြင့်..."Diabetes "လို့ခေါ်တဲ့ ဆီးချို ရောဂါကို ပျောက်ကင်း သက်သာစေပါတယ်။
သူ၏ အရွက်အနု အသေးများကို တဖန်ခူးဆွက်၍ ကျိုချက် သောက်သုံးပါက"Stomach camps "အစာအိမ် ကြွက်တက်ခြင်း ရောဂါကို ပျောက်ကင်း သက်သာစေပါတယ်။
သူ၏ အမြစ်ကို ရေစင်အောင် ဆေးကြောပြီး ပြုပ်သောက်ပါက"Intestinal parasitism"လို့ခေါ်တဲ့ အူအတွင်း ကပ်ပါးရောဂါ အမျိုးမျိုးကို ပျောက်ကင်း သက်သာစေပါတယ်။
အမြစ်ဟာ သွားကိုက်ရောဂါကို ပျောက်ကင်း သက်သာစေပြီး ကင်ဆာရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ် တားဆီးပေးပါတယ်။
နောက်တစ်နည်း အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချသည့် နေရာမှာလည်း များစွား အသုံးဝင်တယ် အာနိသင်ပြင်းတယ်လို့ ရေးသားဖော်ပြထားပါတယ်။
တော်တော် ဆေးစွမ်းထက်တဲ့ အပင်ဖြစ်ပါတယ်..အချို့သော ဆေးစာ အခေါ်အဝေါ်များကို ဘ၀ခါးခါးက အကုန်မသိတော့ အခြားပျောက်ကင်း နိုင်သည့် ရောဂါ တော်တော်များများ ကျန်ရှိနေပါသေးသည်။
သူ၏ အရည်ဟာ ခါးသက်မှု့ ရှိပါတယ်။ယုံကြည်စွာ သောက်သုံးပါ ကျွန်တော် အာမခံပါတယ်။
#credi tဘ၀ခါးခါး
( ဆီးချိုအတွက်ဆို ပန်းအဖြူ သုံးရပါတယ်လို့ ပြောပါတယ် )

Monday, August 29, 2016

👇👇ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင် ဒါတွေသတိထား👇👇👇👇👇
(ဓာတ်ဆားဆိုတာ ဘာလဲ…ဘာအတွက်သုံးတာလဲ)…
ဓာတ်ဆားမှုန့်(Oral Rehydration Salts)ဆိုတာ…ဝမ်း
ပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာ
ရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့
ဖျော်သောက်တာပါ…ယခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေး
ထွက်လို့ဆုံးရှုံးသွားတဲ့ ရေနဲ့ဆားဓာတ်တွေပြန်လည်ဖြည့်တင်း
ဖို့အကောင်းဆုံးဆေးမှုံ့ပေါ့…

(ဘယ်လိုဓာတ်ဆားသောက်ရင်အကောင်းဆုံးလဲ)…
မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံကထုတ်လုပ်တဲ့ဓာတ်ဆား…
နိုင်ငံတကာမှတင်သွင်းရောင်းချတဲ့ဓာတ်ဆားမျိုးစုံ…အပြင်
ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ…
အများအပြားရောင်းချနေပြီး တမျိုးနဲ့တမျိုး အာနိသင်သိသာ
စွာကွာခြားခြင်းမရှိပဲ…အားလုံးကောင်းကြပါတယ်…
အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့…မြန်
မာနိုင်ငံဆေးဝါးစက်ရုံ(MPF)ကထုတ်တဲ့ ဓာတ်ဆားပါ…
(ဓာတ်ဆားထုတ်ဝယ်ရင် ဘာတွေသိထားသင့်လဲ)…
ဓာတ်တားထုတ်ဝယ်တဲ့အခါပထမဆုံးကြည့်သင့်တာက သက်
တမ်းကုန်ဆုံးရက်(Expiry date)ပါ…Date ကောင်းတာ
နဲ့တင်မပြီးပါဘူး…လတ်ဆပ်မှု့ရှိ/မရှိ လှုပ်ကြည့်ရပါမယ်…
ကပ်နေရင်(သို့)အထဲကအမှုံ့အရောင်ပြောင်းနေရင် လုံးဝ
မသောက်သင့်ပါဘူး…
(ဓာတ်ဆားထုတ်ကို ဘယ်လိုထားသိုရမလဲ…ဘယ်ရေနဲ့ဖျော်
ရမလဲ)…
ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေတစ်လီတာ/ရေ
သန့်တဗူးနဲ့ဖျော်ရမှာပါ…သတိထားရမှာက ရေနွေးနဲ့မဖျော်
ရသလို…ရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူး…
ဓာတ်ပျယ်သွားတတ်လို့ပါ…
ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသို
ရမှာဖြစ်ပြီး…နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ
မထားသင့်ပါဘူး…
ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်းကုန်အောင်သောက်
ရမှာဖြစ်ပြီး ၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်
ပစ်ရမှာပါ…
(တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ…ဘယ်လိုလူတွေမ
သောက်ရဘူးလဲ)…
ပုံမှန်အားဖြင့်ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာသုံး
သင့်ပါတယ်…၂ ထုတ်ထက်ပိုသောက်မိရင် ခန္ဓာကိုယ်ကပိုနေ
မဲ့ ဆားဓာတ်ကိုမစွန့်ထုတ်နိုင်ပဲသွေးတိုးရောဂါဖြစ်တတ်လို့ပါ
ဓာတ်ဆားထုတ်ကို ဆီးချို /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်
ကြားချက်နဲ့မှသောက်သင့်ပါတယ်…
(ဒါကြောင့်)တန်ဆေး လွန်ဘေးဆိုသလို ချွေးထွက်အလွန်များ
တဲ့ ယခုလိုနွေရာသီမှာ ဓာတ်ဆားထုတ်သောက်တဲ့အခါ…ဆင်
ခြင်စရာလေးတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြ
လိုက်ရပါတယ်…
ဒီ post ကို share ပေးခြင်းနဲ့ ကုသိုလ်ယူကြစေလိုပါတယ်
ခင်ဗျား…
Credit to Original Writer

Sunday, August 28, 2016

ညအိပ်ယာဝင်ပြီဆိုလျှင် "ဆားကြမ်း လက်တစ်ဆုပ်စာကို ကော်ဇလားထဲထည့်၍ ရေနွေးပူပူနှင့် ရေအေး အနည်းငယ်စပ်၍၊ (မှတ်ချက်… ၁၅- မိနစ်စာ အချိန်အတွင်း လုံးလုံးမအေးစေပဲ နွေးနွေးလေးရှိရမည်။) မိမိခြေထောက်ကို ထည့်၍ စိမ်ပါ၊ ဆားရေနွေးနွေးထဲမှာ မိမိခြေထောက်ကို ပွတ်နယ်လို့လည်း ရပါတယ်ခင်ဗျာ၊ စိမ်ပြီးသွားတာနဲ့ ရေလုံးဝ လောင်းမဆေးပါနှင့်၊ အဝတ်ခြောက်ဖြင့်သာ စင်အောင်ဖွသုတ်၍ အိပ်ယာဝင်ပါ။ အကျိုးအာနိသင်ကား- ဖောတာ, ရောင်တာနှင့် အပူများနေတာတွေအတွက် အလွန်သက်သာစေသောနည်းဖြစ်ပါတယ်၊ ဘာမှမဖြစ်လည်း ညစဉ် စိမ်ပေးလို့ရပါတယ်ခင်ဗျာ၊ ဓာတ်ကြီးလေးပါး ညီညွတ်၍ သွေးလေ မခြောက်ချားပဲ, ဦးခေါင်း မျက်စိ ခန္ဓာကိုယ်ထဲမှ အပူ အခိုးများထွက်၍ နှစ်နှစ်
ခြိုက်ခြိုက် ချမ်းသာစွာ အိပ်ပျော်သွားပါတယ်ခင်ဗျာ။ နေ့စဉ်ပုံမှန်စိမ်လျှင် ပါဝါမျက်မှန်တက်သူများ ပါဝါသိသိသာသာလျော့ပြီး ဖျားနာ နေထိုင်မကောင်းမှု ကင်းဝေစေကာ ခြေထောက်၏ နူးညံ့သန့်စင် ပိုးမွှားကင်းမှုအပိုင်းကိုလည်း
ရရှိစေလေသည်။ လက်ဖဝါး နူးညံ့သန့်စင်၍ အသားမာများပါ ပျောက်စေချင်ရင် ၎င်း ဆားကြမ်းကိုပဲ နေ့စဉ် မုန့်ဟင်းခါးခတ်သောက်သည့်ဇွန်း ၁- ဇွန်းမောက်မောက်ကို ရေချိုးခါနီး ရေနွေးနွေးဖြင့် ကော်ခွက်တခွက်ထဲမှာ အနည်းဆုံး
ငါးမိနစ်ခန့် စိမ်ပြီး လေချောင်း လက်ခုံ လက်ဖဝါးများ အားလုံးကို ပွတ်ပေးပါ၊ ပြီးမှ ရေချိုး၍ ဆေးပါ။ အကျိုးအာနိသင်က လက်ဖဝါး လက်ချောင်းများ နူးညံ့ သန့်စင် ပိုးမွှားကင်း
ပြီး လက်ဖဝါးဂြိုဟ်ခုံများမှ အသာမာများပါ ပျောက်ကင်းစေလေသည်။
ကျွန်တော်ကတော့ ဆရာတော်ကြီးတွေ ဝတ်လိုက်ဖြည့်တဲ့အခါမှာ မျက်နှာသုတ်ပုဝါ အကြမ်းထည်ဖြင့် ဒူးအထက်ကနေ သပ်ချ, ဆားရေနဲ့ အဝတ်ပြန်စိမ်၊ ပြီးညှစ်ပြီး,
ဒူး ခြေသလုံးများကိုအုပ်ပေးရင်း, ခြေသလုံး ခြေခုံ ခြေဖဝါး ခြေချောင်းများပါ ဆားရေစိမ်ပေးကာ, ၁၅- မိနစ်စာ နှိပ်နင်ပေးပါတယ်ခင်ဗျာ၊ ခြေခုံရောင်နေသော ဆရာတော်ကြီးကိုတော့ ခြေခုံကို မနှိပ်ပါ၊ ခြေဖဝါးသာ အဓိက လုပ်ဆောင်ပါတယ်၊ တချို့ ရောင်နေသော ဆရာတော်ကြီးများ၏ ခြေခုံဆို နောက်တစ်နေ့ သိသိသာသာရော့သွား၍, အပူများထွက်ကာ ချမ်းသာစွာ ကျိန်းစက်၍ရလေသည်။
အားလုံးသော ဓမ္မမိတ်ဆွေ သူတော်ကောင်း သူငယ်ချင်းများ အားလုံးတို့သည်လည်း မိမိအတွက်တင်မဟုတ်ပဲ, သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ် ပြည့်ဝတော်မူကြသော ဆရာတော် သံဃာတော်များနှင့်, မိမိတို့၏ မိဘ အဘိုး အဘွား ဆရာသမားများကိုလည်း ဤနည်းအတိုင်း ဝတ်ဖြည့်ပေးစေချင်ပါသည်ခင်ဗျာ။
ကဲဗျာ.. ဒီညပဲ စ အကောင်အထည် ပြုလုပ်ကြရအောင်နော်၊
ကောင်းကျိုးက လက်ငင်းကို သိရှိသွားပါလိမ့်မယ်ခင်ဗျာ။
အစာအိမ် အူလမ်းကျောင်းနဲ့ ဝမ်းအတွင်းအေးဖို့, ဝမ်းမှန်ဖို့က ဆေးကုလားမ မန်ကျီးစေ့ ၂စေ့ ၃စေ့ စာကို နေ့ခင်းထဲက မုန့်ဟင်းခါး ထည့်စားတဲ့ ပန်းကန်လုံးအကြီးထဲမှာ ထည့်စိမ်ပါ၊ ညနေကျလို့ကြည့်ရင် နူးပြီး ပွားနေလိမ့်မည်၊ အဲဒီ့အခါမှာ အရည်တွေပါ သောက်လို့ များနေတယ်ဆိုရင်, အဖတ်တွေချည်းပဲ ဒီအတိုင်း ဘာမှမထည့်ပဲ အကုန်စားလိုက်ပါခင်ဗျာ၊ စိမ်တာ များသွားလို့ ပိုစားမိရင်လည်း ဘာမှစိုးရိမ်စရာမရှိပါခင်ဗျာ၊ ဝမ်းချုပ်သူများ, ဝမ်းညစ်ရသူများ, ဝမ်းတွင်း အပူများမှုများအတွက် ချက်ချင်းလက်ငင်းသိသာ၍ အသားအရေပါ စိုပြေလာပါလိမ့်မည်။
(မှတ်ချက်။ ။ ညအိပ်ခါနီးသောက်လျှင် ဆီးထသွားမှာ ဖြစ်သောကြောင့် အိပ်ရေးပျက်မှာ စိုးသောကြောင့်ဖြစ်သည်။
ညဦးယံ ညစာစားပြီး ၁- နာရီ ကျော် အကြာတွင်သောက်လျှင် ပိုမို၍ အဆင်ပြေပါသည်ခင်ဗျာ။ ဘေးထွက်ဆိုးကျိုး လုံးဝ လုံးဝ မရှိပါခင်ဗျာ။ ဤနည်းကား-ဟိမဝန္တာတွင် သီတင်းသုံးတော် မူကြကုန်သော ရှေးရှေးမှစ၍ ယခုအချိန်ထိ သူတော်စင်များ အစဉ်အဆက် သုံးစွဲခဲ့သော ဆေးနည်းဖြစ်ပါသည် ခင်ဗျာ။ ကျွန်တော့်မိတ်ဆွေ ဓမ္မမိတ်ဆွေများနှင့် ဆရာဝန်များတောင် သုံးဆောင်ပါသည်ခင်ဗျာ။ ကျွန်တော်တို့ ဖျော်ရည် အအေးထဲတောင် ထည့်သောက်နေရသော အရာ ဖြစ်ပါသည်။ ကိုယ်တိုင် စိမ်ပြီးသောက်တဲ့အခါမှာတော့ ဘာမှမထည့်ပဲနှင့် သူ့သဘာဝအတိုင်း သောက်သုံးရန်သာ ဖြစ်ပါသည်။ ဤ ဆေးကုလားမသည် နိုင်ငံမရွေး ဒေသမရွေး ရာသီဥတုမရွေး အမြဲသောက်သင့်သော ဆေးဖြစ်ပါသည်။ သိမ်ကြီးဆေး ပရဆေးဆိုင်များတွင် ရပါသည် ခင်ဗျာ။)
(မှတ်ချက်။ ။ အထက်ပါ ၂- ချက်သည် သဘာဝသက်သက် ဘေးထွက်ဆိုးကျိုး လုံးဝ လုံးဝမရှိပါ၊ ၎င်း ၂- ချက် ကို နေ့စဉ် နေ့တိုင်း ပြုလုပ်ပေးပါက၊ တခြား ဘာဆေးမှ သုံးစွဲစရာမလိုအောင် ကျန်းမာလာပါလိမ့်မည်။)
လူသားအားလုံး စိတ်ချမ်းသာ, ကိုယ်ကျန်းမာအောင်လို့ အမြဲ သတိသမ္ပဇဉ်တရားများဖြင့်ယှဉ်ကာ နေထိုင် ပြုမူ ဆောင်ရွက်နိုင်ကြပါစေသတည်း။
cd . Su Gyi Pan
#လေဖြတ်ရောဂါကာကွယ်ရအောင်
ခုခေတ်မှာလေဖြတ်ရောဂါကဖက်ရှင်ဖြစ်နေတာ
ကျွန်တော်အမြင်--အချိုမှုန့်ပေါ်ခဲ့တာအလွန်ကြာခဲ့ပါပြီ၁၉၇၅
ခုနှစ်လောက်ကစပေါ်ခဲ့တာဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ငယ်ငယ်ကလေဖြတ်လို့ ဆိုတဲ့အသံကြားရင် သိပ်ထူးဆန်းတာပါ မမြင်ဘူးလို့လူကြီးတွေနဲ့လိုက်ကြည့်ရတာပါ။
တနှစ်နေလို့တစ်ယောက်မဖြစ်တာပါ။
#အချိုမှုန့်လို့မထင်ဘူးဗျာ
ဆီ--ပထမ သစ်ရွက်ဆီ နောက်တော့
အကြော်ဆီ အစရှိသဖြင့်ဘာဆီညာဆီတွေပေါ်လာတော့တယ် ဒီတော့မှလေဖြတ် လို့ဆိုတဲ့အသံတွေညံအောင်ကြားရတော့တာပါပဲ။
#ဘယ်တတ်နိုင်မလဲရှိစေတော့ပေါ့
#ကာကွယ်မယ်
နဂျီအုံရှာမယ် အကောင်ပေါက်ပြီး
သားနဂျီအုံ ဒါကပံသကူဖြစ်နေပါပြီ
သားပေါက်မရှိတဲ့နဂျီအုံကအပေါက်
ပွင့်နေပါတယ် အုံမှာအပေါက်ပွင့်နေတာပါ
သေခြာဖြုတ်ယူပါ အမှုန့်ထောင်းပါ့
မယ် ပြီးမှအဝတ်ပါးပါးနဲ့စကာချပါ
ဂဲသေးသေးလေးများပါတတ်လို့ပါ
စကာချပြီးသားနဂျီအုံအမှုန့်ကိုပျားရည်စစ်နဲ့တေပါ မကျီးစေ့ခန့်အလုံး
သုံးလုံး လုံးပါ ဒါကို တနေ့တစ်လုံး
သုံးရက်ဆက်တိုက်စားပါ တစ်နှစ်
လုံး လေမဖြတ်တော့ပါဘူး။
ဆေးစစားတဲ့နေ့စွဲကိုမှတ်ထားပါ
နောက်နှစ်ဒီအချိန်မှာဒီနည်းအတိုင်း
ပြန်စားပါ သေသည်အထိမှန်မှန်စားမယ်ဆိုရင်
သေသည်အထိလေမဖြတ်တော့ပါ
လွယ်ကူထိရောက်သောနည်းကောင်းတခုဖြစ်ပါတယ်
အနာကင်းအစာဝပါစေ
Sagu Thar
22 hrs ·
အသဲခြောက်ပြီး ရေဖြင်းဆွဲ ရောဂါအတွက် ဆေးကောင်းတခွက်
အသဲဆရာဝန်ကြီး နဲ့ ကုနေတာ အသဲလည်း တခြမ်လှီးထားပြီးပြီ
တလဘဲ ခံတော့မယ် ပြောပါတယ်။
အခု ပုံပါ
ရွှေနွယ်အပင်ကို၃ခွက်၁ခွက်ကြိုသောက်တာ တော်တော်ကြီး ပြန်လည်
ကျန်းမာ လာတာ ကိုယ်တွေ့မို့ ပြန်လည် ဝေမျပေးလိုက်ပါတယ်။
ဒီအပင်ကတော့ရှားတယ်ပြောတယ်။
Tin Aung
========= × ========= × =========
#Ericmoon Moon
ရွှေနွယ်ပင် ကပ်ပါးပင် ( ဒေသ အခေါ် နတ်သမီးကြိုး) ကလောမြို့ နှီးဘုရားသွားတဲ့လမ်းမှာ အများပြားရှိပါတယ် ... ဒေသကတော့ ဆေးအဖြစ်ကျိုသောက် တယ် ဆေးဘက်ဝင်တယ်လို့ပြောပါတယ် .. 10.2.2014
#Minnaing Lin
အသည်းေ၇ာင်သော မိတ်ဆွေများ
သုတ်အားနည်းသော မိတ်ဆွေများ
သောက်ပါ သောက်ပါ
ဓိဌပျေက်ကင်းပြီး ခွန်အားတိုးစေမယ် ခွန်အားတိုးစေမယ်
#စိတ်မဆိုးဆနွင်းလုံး
#စိတ်မဆိုးသင်္ဘောရွက်ခြောက်ရေနွေးကြမ်း
တိုက် 2 အခန်း 101 ဇီဇဝါအိမ်ယာ
သံသုမာလမ်းမ၊ တောင်ဥက္ကလာပ။
ဖုန်း 01 8500 355
( မြင်သာဈေး မှတ်တိုင်အနီး နှင့် ဘေလီကားဂိတ်ကြား )
အသည်းနဲ့အူ လဲလူတဲ့။
လဲလူရွက်လည်းပြုတ်သောက်လို့ရတယ်။
စိတ်မဆိုး သင်္ဘောရွက် လဖက်ြေ
အသည်းအဆီဖုံးရောဂါအတွက် လဲလူရွက်
မြန်မာ့ဆေးကျမ်းတွေထဲမှာ "အသည်းအူလဲလူ" ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ အသည်းနဲ့ အူရောဂါအတွက်ဆိုရင် လဲလူရွက်ဟာ အကောင်းဆုံး သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။
လဲလူရွက်ကို အင်္ဂလိပ်လို (Olax psittacorum) သို့မဟုတ် (Olax scandens) လို့ခေါ်ပြီး အခြား မြန်မာအခေါ်အဝေါ်များကတော့ လဲလောပင်၊ တောင်လဲလူပင်လို့လည်း ခေါ်ဝေါ်ကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ ဖွင့်ဆိုထားပါတယ်။ အဖိုပင်၊ အမပင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ နှစ်မျိုးစလုံး
ဆေးဖက်ဝင်ပါတယ်။

အသည်းအဆီဖုံးရောဂါဟာ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အဆီအဆိမ့်များခြင်း၊ အထိုင်များ၍ လှုပ်ရှားမှုနည်းပါးခြင်း၊ အအိပ်များခြင်း၊ ဇိမ်ခံလွန်းခြင်း စသည်တို့ကြောင့် ဖြစ်ရပါတယ်။
အသည်းအဆီဖုံးရောဂါကို ခံစားနေရသောဝေဒနာရှင်များမှ သဘာဝဆေးနည်းလေးဖြင့် ကုသနိုင်ရန် မကြာခဏ တောင်းဆိုလာကြသည့်အတွက် မျှဝေပေးလိုက်ပါတယ်။
၁။ လဲလူပင်ဟာ အရွက်၊ အသီး၊ အပွင့်၊ အပင်၊ အမြှစ် ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်ပါတယ်။
၂။ အရွက်နုနဲ့ အညွန့်များကို ဟင်းရည်ချက်သောက်လို့ရပါတယ်။
၃။ အရွက်များကို ပြုတ်၍ တို့စရာအဖြစ် စားသုံးနိုင်ပါတယ်။
၎။ အရွက်နုနဲ့ အညွန့်များကို ငါးရံ့နဲ့အတူ ချက်စားရင် အရသာလည်း ပိုရှိသလို ဆေးဖက်လည်း ၀င်ပါတယ်။
၅။ ပဉ္စငါးပါးစလုံးကို ရေစင်အောင်ဆေးပြီး ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင် ကျို၍ ဆေးအဖြစ် သောက်နိုင်ပါတယ်။
လဲလူရွက်ဟာ အသည်းရောင်၊ အသည်းကြီး၊ အသည်းခြောက်၊ အူသိမ် အူမထဲမှာဖြစ်တဲ့ ဂေါရာများ၊ အစာအိမ်ရောဂါများကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
လဲလူပင်ဟာ အထက်အညာဒေသမှာ ပေါပါတယ်။ ဧရာဝတီတိုင်း ကျိုက်လတ်ဘက်မှာလည်း ပေါပါတယ်။ ရန်ကုန်ဆိုရင် အနီးဆုံး လှည်းကူးမှာ ရှိပါတယ်။ အင်းစိန်၊ ဒညှင်းကုန်းဘူတာဈေးမှာ ရှိတတ်သလို ကုန်စိမ်းသည်များကို ကြိုတင်မှာယူလို့လည်း ရနိုင်ပါတယ်။
Credit & respect to original uploader
#Htun Thu Ya
အရမ်းကောင်းတဲ့ဆေးတစ်လက်ပါကျွန်တော်ကိုယ်တိုင်သေလမ်းကပြန်လာတာလဲလူပေါ့အိမ်မှစိုက်ထားတယ်(၁၄)ပင်စိုက်တာ(၁)ပင်ပဲရှင်တယ်။
#စိတ်မဆိုးဆနွင်းလုံး မိသားစုမှ comment box မှတက်လာတော့ ကိုယ်တွေ့များကို ထပ်မံ ဖြည့်တင်းပေးထားပါသည်။
ရောဂါပျောက်စေချင်၍ စေတနာဖြင့် comment ဝိုင်းရေးကြသောမိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါသည်။
စိတ်မဆိုး ဆနွင်းလုံး

Friday, August 26, 2016

ဆီးရောဂါအတွက်တကယ်အစွမ်း
ထက်တဲ့ သံမနိုင် ကျောက်မနိုင် အပင်
ဆီးအောင့် ဆီးကိုက် ဆီးကျောက်တည်
သုံးခွပ်တစ်ခွပ်သာကျိုသောက်။
ကိုမှန်ကြီ့း
                                          ရှားစောင်းလက်ပပ်နှင့်အသည်းကင်ဆာ
တစောင်းလက်ပပ်(ခေါ်) ရှားစောင်းလက်ပပ်ဟု ခေါ်လိုက်လျှင် ကွန်ုပ်တို့ မြန်မာပြည်တွင် မသိသူ မရှိလောက်အောင်ပင် လူသိများလှပါသည်၊၊ သို့သော် ရှားစောင်းလက်ပပ် ၏် အစွမ်းထက်လှသော ဂုဏ်သတ္ထိထူးများနှင့် ဆေးအသုံးကို ပြည့်စုံအောင် သိသူကား ရှားပါးလှပေ၏။ရှားစောင်းလက်ပပ်ပင်ကို ကျွန်ုပ်မိဘများ၏ ဇာတိမြေ ဖြစ်သော အညာဒေသတစ်ဝိုက်တွင် သဘာဝပေါက်ပင် အဖြစ် ပေါများစွာ တွေ့နိုင်ပေသည်၊၊ရှားစောင်းလက်ပပ်ပင်သည် အပူဒဏ်ကို ကြံ့ကြံခံနိုင်သော သဘာဝရှိသည့် ထူးခြားသော အပင်တစ်မျိုးဖြစ်သည်၊၊ အပင်၏ တစ်ဖက်တစ်ချက်တွင် လွှသွားကဲ့သို့ ဆူးလေးများ ပါရှိကာ အခွံ၏အတွင်းထဲတွင်တော့ အင်မတန် အေးမြ စိုစွတ်သော ရှားစောင်းလက်ပပ် အနှစ်ခေါ် ဂျယ်ရီအတုံးလေးများကို ထူးခြားစွာတွေ့ရလေသည်၊၊ရှားစောင်းလက်ပပ်၏ ထူးခြားချက်မှာ အပင်ကိုနုတ်ရ်ျ ရက်ပေါင်းများစွာ ပစ်ထားစေကာမူ အပင်သည် ညှိုးခြောက်မသွားပဲ ရှင်သန်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရလေသည်၊၊ထိုသို့ရက်ရှည်လများ ပစ်ထားသော်လည်း ညှိုးခြောက်မသွားပဲ တာရှည်ခံခြင်းမှာ ရှားစောင်းလက်ပပ်အတွင်းသား ဂျယ်ရီတုံးကလေးများ၏ အစိုဓါတ် ကို ရေရှည်ထိန်းထားနိုင်သော ဂုဏ်သတ္ထိတို့ကြောင့်ဖြစ်သည်၊၊ ထို့ကြောင့် ရှေးသမားအကျော်တို့က ရှားစောင်းလက်ပပ်ပင်ကို မသေဆေးပင်ဟုလည်းခေါ်ကြသည်၊၊
.
ရှားစောင်းလက်ပပ်ပင်ကို ရှေးအခါကပင် သမားတော်အကျော်အမော် တို့က မီးယပ်ဆေး၊နုနာရောဂါ ပျောက်ဆေးများအဖြစ် ဖော်စပ်အသုံးပြုခဲ့ကြသည်၊၊စာရေးသူကိုယ်တိုင်လည်း ရှားစောင်းလက်ပပ်ချက်ဆေး မှီဝဲသောကြောင့် မည်သည့်ဆေး၊ မည်သည့်ဆရာ ၀န်နှင့်မှ ကုသရ်ျ မပျောက်ကင်းခဲ့သော အဒေါ်ဖြစ်သူ၏ လက်မှ ကြွက်နို့များနှင့် တင်ပါးမှ ၀ဲခြောက်များ ပျောက်ကင်းခဲ့သည့်အကြောင်းကို ကျွန်ုပ်၏ ပထမ စာအုပ်ဖြစ်သော ''အသက်ကယ်ဆေးပင်များ'' ရေးသားဖော်ပြခဲ့ဖူးလေသည်၊၊ ထို့အပြင်ယင်းစာအုပ် နှိုက်ပင် ရှားစောင်းလက်ပပ်ကို မှီဝဲသောကြောင့် ခန္ဒာ ကိုယ်တစ်ခုလုံး ခံစားနေရသော ယားနာများနှင့် ခုခံအားကျဆင်း မှုရောဂါပါ သက်သာလာခဲ့ကြောင်း ဝေဒနာသည်တစ်ဦး၏ ကိုယ်တွေ့ကို ရေးသား ဖော်ပြခဲ့ပါသည်၊၊
ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိများ နှင့် ဆေးအသုံးများကား ကျယ်ဝန်းလှပါ၏။
.
ရှားစောင်းလက်ပပ်ဂျယ်ရီ(4)လက်မ၊ (5)လက်မ ခန့်ကို နေ့စဉ် မှန်မှန်မှီဝဲပါက တစ်လအတွင်းတွင် သွေးထဲ နှိုက်ရှိသော သကြားဓါတ်များ ပုံမှန်ပြန်ဖြစ်ကာ ဆီးချို၊ သွေးချို ရောဂါ သက်သာ သွားမည်ကို စာဖတ်သူကိုယ်တိုင်သုံးစွဲကြည့်လျှင် ကိုယ်တွေ့သိရပေမည်၊၊ ထိုရှားစောင်းလက်ပပ်ဂျယ်ရီကို နှစ်ရှည်လများဆက်လက် မှီဝဲပါက ဆီးချို ၊ သွေးချိုကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲ ရောဂါများဖြစ်သည့် အာရုံကြောအားနည်းခြင်း၊ မျက်စိအမြင်မှုန်ဝါးခြင်း၊ခန္ဒာကိုယ်ယားယံခြင်း၊ကျောက်ကပ်ပျက်စီးခြင်းဝေဒနာများကို ဟန့်တားကာကွယ် သက်သာပျောက်ကင်းနိုင်ပြီး ဆီးချို၊သွေးချို ရောဂါ များလည်း တဖြည်းဖြည်း သက်သာ ပျောက်ကင်းနိုင်သည်၊၊
.
ထို့အပြင် ရှားစောင်းလက်ပပ် အပေါ်ခွံကို ခွာရ်ျ အတွင်းသား အနှစ်ဂျယ်ရီ ကို နေ့စဉ် တစ်နေ့ တစ်ကြိမ် မှီဝဲပါက အူလမ်းကြောင်းမကောင်းရ်ျ ၀မ်းကောင်းစွာ မသွားနိုင်သော ၀မ်းချုပ်ရောဂါ သက်သာ ပျောက်ကင်းစေသည်၊၊ ထိုဝမ်းချုပ်ရောဂါ သက်သာ ပျောက်ကင်းသောကြောင့် ၀မ်းချုပ်ရောဂါ ၏ နောက်ဆက်တွဲ ရောဂါများဖြစ်သော လိပ်ခေါင်းရောဂါ၊ စအိုအိမ်(အစာဟောင်းအိမ်) ကင်ဆာရောဂါများ ကာကွယ်ပြီး ဖြစ်လေသည်၊၊
.
ထို့ပြင်ဝမ်းချုပ်လျှင် အစားအသောက်ပျက်ခြင်း၊၀မ်းဗိုက် ရင်ခေါင်းတောင့်တင်းခြင်း၊အပူနှင့် လေတို့ ပေါင်းစပ်ရ်ျ ဥဏှ ၀ါ ယော အထက်သို့ ဆောင့်ကာ လေအထက်သို့ ဆောင်ကာ လေထိုး၊လေအောင့် ဖြစ်ခြင်း၊ကျောရင် ညှပ်ရ်ျ အောင့်ခြင်း၊ဇက်ကြောထိုးရ်ျ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊အပူ အပုပ် အထက်သို့ဆောင်ရ်ျ သွေးတိုးခြင်း၊ ခေါင်းနောက်ရ်ျ ချွေးဆေးပြန်ခြင်း၊မျက်စိအမြင်ေ၀၀ါးရ်ျ မျက်စိမကြည်ခြင်း စသော ဝေဒနာမျိုးစုံခံစားတတ်ရလေသည်၊၊ရှားစောင်းလက်ပပ်ကို နေ့စဉ် မှန်မှန် မှီဝဲခြင်းဖြင့် ဆီး၊၀မ်း၊ လေမှန် အပူငြိမ်းကာ သွေးသားစင်ကြယ်ရ်ျ အထက်ပါ ဝေဒနာများကို ကာကွယ် ပြီးသားဖြစ်သည့် အပြင် ဝေဒနာခံစားနေရပါကလည်း ပျောက်ကင်းနိုင်ပေသည်၊၊
.
အချို့ သော လူများမှာ ၀မ်းချုပ်ရောဂါကို နှစ်ရှည်လများ ခံစားနေရပြီး ၀မ်းနုတ်ဆေးမှီဝဲမှ ၀မ်းသွားသဖြင့် နေ့စဉ် ၀မ်းနုတ်ဆေးမှီဝဲနေသူများကို ကျွန်ုပ် တွေ့ခဲ့ဖူး၏၊၊ ထိုသူများမှာ နေ့စဉ် ၀မ်းနုတ်ဆေးမှီဝဲနေရသော ဒုက္ခနှင့်အတူ ၀မ်းနုတ်ဆေးများတွင် ပါဝင်သော ပွေးကိုင်းကြောင့် ၀မ်းသွားခါနီးတွင် ၀မ်းဗိုက်ရစ်နာကာ အူနံရံမှ အကျိအချွဲ၊အမြှေးများ ၀မ်းနှင့် အတူ ကျဆင်းတတ်သဖြင့် အူများပါးလွှာတတ်ပြီး ကြာလျှင် အူရောင်ခြင်း ၊ အူတွင် အနာရောဂါ ဖြစ်ပွားခြင်းများ ဖြစ်တတ်လေသည်၊၊ ကနခို ပါဝင်သော ၀မ်းနုတ်ဆေးများဆိုလျှင် ပိုရ်ျ ပင်အန္တရာယ် များတတ်လေသည်၊၊ထိုသို့ ၀မ်းနုတ်ဆေးစားမှ ၀မ်းသွားသော၊ ၀မ်းနုတ်ဆေးကို နေ့စဉ် မှီဝဲနေရသောပုဂ္ဂိုလ်များအဖို့ ရှားစောင်းလက်ပပ်သည် နေ့စဉ် မှီဝဲသင့်သော ဘေးထွတ်ဆိုးကျိုးကင်းသည့် ဓါတ်စာဆေးဝါး တစ်မျိုးဖြစ်လေသည်၊၊
.
ရှားစောင်းလက်ပပ်၏ ထူးခြားသော နောက်ထပ်ဂုဏ်သတ္ထိတစ်မျိုးမှာ ခန္ဒာကိုယ်သွေးအတွင်း မြင့်မားနေသော Uric acid ကို ထိန်းချုပ်နိုင်ခြင်း နှင့် Uric acid များသူများ စားသုံးလျှင် သွေးအတွင်း Uric acid လျှော့ကျရ်ျ ပုံမှန်ဖြစ်စေခြင်းဖြစ်သည်၊၊ ထို့ကြောင့် Uric acid များရ်ျ ဖြစ်သော ဒူးနှင့် ခန္ဒာအဆစ်အမြစ်တို့ ရောင်ရမ်းကိုက်ခဲစေသည့် (gout) ဂေါက်ရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ခြင်းနှင့် ဖြစ်ပွားပါက ပျောက်ကင်းစေခြင်းပင်ဖြစ်သည်၊၊
.
ယခုဖော်ပြ သော အကြောင်းအရာများမှာ စာရေးသူ လက်လမ်းမှီသမျှ ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိများကို စာဖတ်သူများသို့ မျှ ဝေခြင်းဖြစ်ပါသည်၊၊
ယခုစာရေးသူဖော်ပြမည့် ကင်ဆာ ရောဂါနှင့် ပက်သက်ရ်ျ ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိထူးများမှာ အံ့သြဖွယ် ကောင်းလှပါသည်၊၊စာရေးသူ၏ အစ်ကို၊အစ်မ၀မ်းကွဲ လူနာမိတ်ဆွေတို့၏ ကိုယ်တွေ့လေးများ မဖော်ပြမှီ ဂျပန်နိုင်ငံမှ ဆေးသုတေသန ပညာရှင်တစ်စု၏ စမ်းသပ်မှုများကို ဦးစွာဖော်ပြလိုပါသည်၊၊ ဂျပန်နိုင်ငံမှ ဆေးပညာရှင်တစ်စုသည် ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းသို့ ကင်ဆာဆဲ(လ်)များကို ထိုးသွင်းလိုက်ပါသည်၊၊
.
ထိုသို့ ထိုးသွင်းလိုက်သော ကင်ဆာဆဲ(လ်)များသည် ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းနှိုက် ပွားများလာပါသည်၊၊ထိုကဲ့သို့ ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းမှ ပွားများလာသော ကင်ဆာဆဲ(လ်)များအတွင်းသို့ ရှားစောင်းလက်ပပ် သတ္ထုရည်(အနှစ်ရည်)ကို ထိုးသွင်းလိုက်သော အခါ ထိုရှားစောင်းလက်ပပ် သတ္ထုရည်များက ကြွှက်များကိုယ်တွင်းရှိ ကင်ဆာဆဲ(လ်) များကို ချေမှုန်းဖျက်စီးနိုင်ကြောင်း တွေ့ရှိရပါ၏၊၊
.
ထိုစမ်းသပ်မှု ရလဒ်အဖြေကြောင့် ရှားစောင်းလက်ပပ်ထဲတွင် ကင်ဆာရောဂါ ကို ကာကွယ် ကုသနိုင်သော ဒြပ်ပေါင်းပါဝင်ကြောင်း အတည်ပြုကောက်ချက်ချခဲ့ပါသည်၊၊ သို့သော်လည်း လူကိုတော့ မစမ်းသပ်ရသေးကြောင်းသူတို့ကဆို၏၊၊ ဂျပန် နိုင်ငံမှ ဆေးသုတေသန ပညာရှင်များ၊ ဆရာဝန်များ လူကို မစမ်းသပ်ရသေးမှီ စာရေးသူ၏ ဆွေမျိုးနှင့် မိတ်ဆွေ လူနာများ၏ ရှာစောင်းလက်ပပ်နှင့် ပက်သက်ရ်ျ ကိုယ်တွေ့များက အံ့သြဖွယ်ကောင်းလှပေသည်၊၊
.
စာရေးသူ၏ အစ်ကိုဝမ်းကွဲ တော်စပ်သူနှင့် ဇနီးသည်မှာ နှစ်ဦးစလုံး မန္ထလေးတိုင်းရင်းဆေးသိပံ မှ အောင်မြင်ရ်ျ တိုင်းရင်းဆေး ဒီပလိုမာ ရရှိခဲ့ကြသူများဖြစ်သည်၊၊ သူတို့ နှစ်ဦးစလုံး ကျောက်ပန်းတောင်းတွင် အခြေချ နေထိုင်ရင်း တိုင်းရင်းဆေးခန်း ဖွင့်လှစ်ထားလေသည်၊၊ လွန်ခဲ့သော လေး ၊ ငါး ၊ခြောက်နှစ်ခန့်က စာရေးသူအစ်ကို၏ ဇနီးဖြစ်သူ မချို မှာ အသည်းကင်ဆာရောဂါ ဝေဒနာ ပြင်းထန်စွာ ခံစားခဲ့ရပါသည်၊၊ သို့သော သေမည်ဟု ထင်ထားသော မချိုမှာ အသေပဲ ယခုအချိန်တွင် အသည်းကင်ဆာရောဂါ ပျောက်ကင်းသက်သာရ်ျ လူကောင်းပကတိဖြစ်နေပေပြီ၊၊ မချို ၏ အသည်းကင်ဆာ ရောဂါ သက်သာသွားပုံကိ စိတ်ဝင်စားလှသဖြင့် စာရေးသူ ကျွှန်ုပ်က မချိုထံသို့ ဖုန်းဆက်ရ်ျ မေးမြန်းကြည့်မိ၏၊၊
.
''မချို အသည်းကင်ဆာ ဖြစ်တာ ဘာဆေးမှီဝဲပြီး သက်သာပျောက်ကင်းသွားတာလဲ၊ ကျွန်တော်သိချင်လို့ပါ''
.
'မချို ကအသည်းကင်ဆာဖြစ်ပြီးတော့ ရေဖျဉ်းသုံးကြိမ်စွဲတယ်၊၊ ဒီတော့ အသည်းကင်ဆာအတွက်ရော ရေဖျဉ်းအတွက်ပါ သောက်ရတဲ့ ဆေးတွေက များတော့ များတာပေါ့၊၊ ဒါပေမယ့် အသည်းရောင် အသားဝါ ဘီပိုးနှင့်အသည်းကင်ဆာအတွက် ဆေးတစ်မျိုးကို ပြောရမယ်ဆိုရင်တော့ ရှားစောင်းလက်ပပ်လို့ ပြောရမှာပဲ၊၊ ရှားစောင်းလက်ပပ်ကို အခွံနွာပြီး အတွင်းက အနှစ်ဂျယ်ရီကို နေ့တိုင်းစားတယ်၊၊ရှားစောင်းလက်ပပ်အခွံနဲ့ ဂျယ်ရီကြားက စိမ်းဝါ၀ါအရောင်၊ မုန့်ချက်တဲ့ အနှစ်သားက ပိုပြီး အစွမ်းထက်တယ်၊၊မချိုကတော့ ရှားစောင်းလက်ပပ်ဂျယ်ရီ နေ့စဉ် မှီဝဲတယ်၊၊
.
ရှားစောင်းလက်ပပ်အနှစ်ကိုကို နေ့စဉ်မှီဝဲလို့ အသည်းကင်ဆာ သက်သာ ပျောက်ကင်းတာ နောက်တစ်ယောက်ရှိသေးတယ်၊၊သူကတော့ မချိုသမီးရဲ့ သူငယ်ချင်းရဲ့ အဖေပဲ၊၊
.
သူက စီပိုးဘက်ကနေ ကင်ဆာကို ကူးသွားတာ၊၊သူကအခု မန္တလေးမှာနေတယ် ၊သူ့ရဲ့ အသည်းရောင် အသားဝါ စီပိုးရော အသည်းကင်ဆာပါ ရှားစောင်းလက်ပပ်အနှစ်ကို နေ့စဉ် မှီဝဲရင်းနဲ့ပဲ သက်သာပျောက်ကင်းသွားတယ်၊၊'''
ကျွှန်ုပ်၏ အစ်ကိုဝမ်းကွဲ၏ ဇနီးဖြစ်သူ အသည်းကင်ဆာ ရောဂါပြင်းထန်စွာ ခံစားခဲ့ရသော ၊ယနေ့ လူကောင်းပကတိ ဖြစ်နေပြီ ဖြစ်သောမချို ၏ သတင်းစကားများဖြစ်သည်၊၊
.
ရှားစောင်းလက်ပပ်၏ အစွမ်းဖြင့် အသည်းကင်ဆာ ပျောက်ကင်းကြောင်း သတင်းစကားသယ်ဆောင်လာသူ နောက်တစ်ဦးကတော့ ဒေါ်သန်းသန်းဝင်း ဆိုသော အသက်(60)ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်၊၊ ဒေါ်သန်းသန်းဝင်း က သူမ၏ မိတ်တွေ တစ်ဦး ရှားစောင်းလက်ပပ် အစွမ်းဖြင့် အသည်းကင်ဆာ သက်သာပျောက်ကင်းသွားပုံကို အောက်ပါ အတိုင်းပြောပြလေသည်၊၊
.
'' ကျွန်မရဲ့ အသိတစ်ယောက် အသည်းကင်ဆာဖြစ်တာ ရှားစောင်းလက်ပပ်အ နှစ်ကို ခြစ်ပြီး ထန်းဖိုဦးထန်းလျက်ရည်လေးနဲ့ ရောပြီး နေ့စဉ်စားတာ၊ အခုတော့ အသည်းကင်ဆာ ရောဂါ ပျောက်ကင်းသွားပါပြီ၊၊ ''
.
ထိုသတင်းစကားကို သယ်ဆောင်လာသူ ဒေါ်သန်းသန်းဆိုသူမှာ လှိုင်သာယာ မြို့နယ် မင်းရဲကျော်စွာ လမ်းတွင်နေထိုင်သူဖြစ်သည်၊၊
.
ဂျပန်နိုင်ငံမှ ဆရာဝန်များ၊ဆေးသုတေသနပညာရှင်များသည် ရှားစောင်းလက်ပပ်သည် ကင်ဆာ ရောဂါ ကို သက်သာပျောက်ကင်းစေကြောင်း အစွမ်းသတ္ထိကို ကြွက်များဖြင့် စမ်းသပ်ပြီး လူကို မစမ်းသပ်မှီ စာရေးသူတို့ မြန်မာနိုင်ငံနှိုက် ရှားစောင်းလက်ပပ်၏ အစွမ်းကြောင့် အသည်းကင်ဆာ ရောဂါ ဝေဒနာ ပျောက်ကင်းသူ သုံးဦးခန့် ရှိပေပြီ၊၊ စာရေးသူ လက်လှမ်းမမှီသော၊ မသိရှိသော နေရာများနှိုက် ကင်ဆာရောဂါ ဝေဒနာသည် ဘယ်နှစ်ဦး သက်သာပျောက်ကင်းနေမည်ကို မသိရှိပါ၊၊
.
စာရေးသူကိုယ်တိုင်လည်း ကင်ဆာရောဂါ ဝေဒနာကို ကာကွယ်ရန်နှင့် ခံစားနေရသော ဆီးနှင့် ကျောက်ကပ် ရောဂါ ဝေဒနာသက်သာစေရန်အတွက် ရှားစောင်းလက်ပပ်ဂျယ်ရီကို နေ့စဉ် မှီဝဲလျက်ရှိပါသည်၊၊ ဘေးထွတ်ဆိုးကျိုး အင်မတန်နည်းပါးပြီး ရောဂါ ဝေဒနာပေါင်းစုံအတွက် အစွမ်းထက်လှသော ရှားစောင်းလက်ပပ်ကို နေ့စဉ်မှီဝဲမည်ဆိုပါက အကျိုးအနန္ထ ကျေးဇူးများလှကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်၊
Credit - ဆေးပညာဆိုင်ရာဆောင်းပါးများ

Thursday, August 25, 2016

#အဆိပ်ရှိအကောင်ကိုက်
အဆိပ်ရှိတဲ့ဘယ်အကောင်ဘဲကိုက်ကိုက်
မကျည်းစေ့ { မကျီးစေ့ } ကိုအလည်ကနေခြမ်းပြီးကိုက်ခံရတဲ့နေရာကို ကပ်ထားလိုက်ပါ။
အဆိပ်တွေကုန်ရင်ကွာကျသွားလိုက်မယ်ကိုတွေ့လေးပါ
#စာကြွမ်း စိတ်မဆိုး ဆနွင်းလုံး
#Angelmoon Angelmoon
ပုံထဲပြထားတဲ့ ကင်းခြေများ ကိုက်ရင်
ကိုက်တဲ့နေရာကိုကြက်သွန်နီကိုကြိတ်အုံပါတစ်ကယ်ပျောက်တယ်လက်တွေ့ပါ။
#Ko khant
မန်ကျီးသီးအစေ့ကို ဆန်ဆေးရေနဲ့ သွေးလိမ်းရတာပါ
တောင်ငူသားပါ ပြောတာယုံပါ။
စိတ်မဆိုး ဆနွင်းလုံး & ကြာပန်း ဆီးချို ငရုတ်ခါးဆေး

Maung Tun WaiFollow
July 1 ·
                 အသည်း ကို ဂရုစိုက်ပါ
/////////////////
            ည သန်းခေါင်းယံ ဖေ့ဘွတ်သုံးသူများ သို့
-----------------------------------------------
ည 11း00 - 3း00 နာရီ အသဲ က အလုပ်လုပ်ပါတယ်။
အသည်း က ခန္ဒာကိုယ်မှ ရှိတဲ့ အဆိပ်အတောက်တွေကို
ညှိ့ပြီး စွန့်ထုတ်တာ ဖြစ်တယ် ။
အဲဒီအချိန်မှာ မအိပ်ရင် အလုပ်မလုပ်တော့ပါဘူး တဲ့ ။
ရေရှည် အိပ်ရေးပျက်ခံရင် အသည်း မကောင်းတော့ပဲ ကျန်းမာရေး ညံ့တတ်ပါတယ်။

အသည်း မကောင်းရင် ခန္ဓာကိုယ် ရဲ့ ဇီဝကမ္မ ဖြစ်စဉ် တွေ ကမောက်ကမ ဖြစ်တတ်ပါတယ်။
Allergic (ဓါတ်မတည့်ခြင်း) လည်း ဖြစ်တတ်ပါတယ်။
ကိုယ်လက် နာကြင် ကိုက်ခဲ့တတ်ပါတယ်။
ရင်ခေါင်းအောင့်အောင့်တတ်ခြင်း တို့ဖြစ်တတ်ပါတယ် တဲ့ ။
အဲဒါကြောင့် ကျန်းမာရေး ကောင်းချင်ရင် ည 11း00 နာရီ နဲ့ 3း00 နာရီ ကြားမှာ အိပ်သင့်ပါတယ်။ တဲ့ ခင်ဗျာ ။
မနက် 8း00 နာရီ မကျော်မီ အစာအဟာရ တစ်ခုခုစားသင့်ပါတယ်ခင်ဗျာ။
အဲဒီ အချိန်အထိ အစာမစားပဲ အလုပ်လုပ်နေရင်လည်း အသည်း ကို
ထိခိုက်တတ်ပါတယ် တဲ့ ဗျာ ။
Credit: Sayar Htun
( ကိုယ်တွေ့နော် grin emoticon
                   သွေးတိုးရောဂါအကြောင်းသိမှတ်ဖွယ်ရာအဖြာဖြာ
<< သွေးပေါင်တိုင်းမည်ဆိုပါက >>
(၁) မတိုင်းမီနာရီဝက်အတွင်း အစာစားခြင်း၊
ဆေးလိပ်သောက်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်ပါနှင့်။
(၂) ၀မ်းနည်းဝမ်း သာ၊ စိတ်လှုပ်ရှားချိန်တွင် မတိုင်းပါနှင့်။
(၃) မတိုင်းမီ
၁၀-မိနစ်ခန့်  ကိုယ်ရောစိတ်ပါ ဖြေလျှော့ အနား ယူပါ။
(၄) လက်မောင်းပတ်
လေအိတ်နှင့် နှလုံးကို ရေပြင်ညီ တတန်းတည်းရှိနေပါစေ။
(၅) တိုင်းနေစဉ်
ငြိမ်ငြိမ်နေပါ၊ စကားမပြောပါနှင့်၊ မလှုပ်ပါနှင့်။
<< သွေးတိုးရောဂါ အဆင့် >>
သွေးဖိအားကို
မီလီမီတာမာကျူရီယူနစ်ဖြင့်တိုင်းတာပြီး နှလုံးကြွက်သားညှစ်ထုတ်စဉ်
သွေးကြော အတွင်း ဖြစ်ပေါ်နေတဲ့ ဖိအား ကို အပေါ်သွေးဟု ခေါ်ပြီး၊
နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်နေတဲ့သာ ဖိအားကို
အောက်သွေး ဟုခေါ်ပါတယ်။
အသက် ၁၈ နှစ်နှင့် အထက်လူကြီးများအားလုံး၏
သွေးဖိအားအခြေအနေကို
(က) ပုံမှန်သွေး ဖိအား
(ခ) ပုံမှန်ထက် မြင့်မားပြီး
သွေးတိုး မဟုတ်သည့် အခြေအနေ
(ဂ) အဆင့်-၁ သွေးတိုးရောဂါ
(ဃ) အဆင့်-၂
သွေးတိုး ရောဂါ ဟူ၍ အပိုင်း ၄-ပိုင်း ခွဲခြား သတ်မှတ်လေ့ရှိပါတယ်။
(က)
အပေါ်သွေး ၁၂၀ အောက် နှင့် အောက်သွေး ၈၀ အောက်က
ပုံမှန်သွေးဖိအားဖြစ်ပါတယ်။
(ခ) အ ပေါ်သွေး ၁၂၀ မှ ၁၃၉ ကြား နှင့်
အောက်သွေး ၈၀ မှ ၈၉ ကြားက ပုံမှန်ထက်မြင့်မားပြီး သွေးတိုးမဟုတ်သေးတဲ့
အခြေအနေ လို့ ယူဆလေ့ရှိပါတယ်။
(ဂ) အပေါ်သွေး ၁၄၀ မှ ၁၅၉ ကြား နှင့်
အောက်သွေး ၉၀ မှ ၉၉ ကြားကိုတော့ သွေးတိုးရောဂါ အ ဆင့်-၁
အဖြစ်သတ်မှတ်ပါတယ်။
(ဃ) အပေါ်သွေး ၁၆၀ နှင့် အထက်၊ အောက်သွေး ၁၀၀
နှင့်အထက်က သွေးတိုးရောဂါ အ ဆင့်-၂ ဖြစ်ကာ စိုးရိမ်ရပါတယ်။
<< သွေးတိုးရောဂါ လက္ခဏာများ >>
သွေးတိုးရောဂါရှိသူတွေရဲ့ ပျမ်းမျှ
သုံးပုံတစ်ပုံခန့်မှာ မည်သည့်လက္ခဏာများ ထွေထွေထူး ထူးမပြတာကြောင့်
မိမိကိုယ်ကိုသွေး တိုးနေမှန်းတောင် မသိကြပါဘူး။
လူအများစုမှာဖြစ်တတ်တဲ့
ရောဂါအစလက္ခဏာများ ခေါင်းကိုက်ခြင်း၊
ဇက်ကြောတက်ခြင်း၊
မူး ဝေခြင်း၊
အသက်ရှုမြန်လာခြင်း၊
အမြင်ဝေဝါးလာခြင်း၊
နားအူခြင်း၊
မျက်နှာယောင်
အမ်းခြင်း၊
နှာခေါင်းသွေးလျှံခြင်း၊
မျက်ခွံမို့ အစ် ခြင်း၊
လေးလံထိုင်းမှိုင်းခြင်းတွေ ဖြစ်တတ်ပါတယ်။
အမျိုးသမီးများ ဓမ္မတာရာ
သီလာနေစဉ်မှာလည်း သွေးဖိအားတိုး တတ်ပါ တယ်။ (သွေးတိုးရောဂါရဲ့ 
သဘောသဘာဝဟာ ရောဂါစဖြစ်ပြီဆိုတာနှင့် ဆက် တိုက်
သွေးတိုးသွားဖို့သာရှိပါတယ်။ ပြန်ကောင်းသွားစရာ အကြောင်းမရှိပါ။
ရောဂါလက္ခဏာပေါ်သည်နှင့် မပေါ်သည်သာဖြစ် ပါတယ်။
သွေးတိုးကျဆေးအမျိုးအစားဟာ
အခြား သော ပဋိဇီဝအကိုက်အခဲပျောက်ဆေးများကဲ့သို့  သောက်သုံးသူကို ဆေး
ယဉ်သွားခြင်း(ဆေးမတိုးခြင်း)မျိုး လုံးဝမဖြစ်စေပါဘူး။ ဒါကြောင့်
မိမိသဘောဖြင့် လက္ခဏာပေါ်လျှင် ဆေးသောက်မည် မ ပေါ်လျှင်
ဆေးမသောက်ဘဲနေတာမျိုး မပြုသင့်ပါဘူး။
မည်သည့် ရောဂါလက္ခဏာမျှ
မပြဘဲနှင့်လည်း သွေးတိုးရောဂါ ဆိုးဆိုး ရွားရွားရှိနေနိုင်တာကို
သတိပြုပါ)
<< ဒါတွေကြောင့်လည်း သွေးတိုးနိုင် >>
သွေးတိုးရောဂါ ရှိသူတွေ၏ ၉၀-၉၅
ရာခိုင်နှုန်းခန့် မှာ အကြောင်းရင်းတိတိကျကျမသိရဘဲ သွေးတိုးနေကြပြီး၊ ကျန်
၅-၁၀ ရာခိုင်ခန့် က ခန္ဓာကိုယ်တွင်း
ရောဂါတစ်မျိုးမျိုးစွဲကပ်နေခြင်းကြောင့် သွေးတိုးရောဂါ ခံစားရလာ ပါတယ်။
အထူးသဖြင့် ကျောက်ကပ်ရောဂါအမျိုးမျိုး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊
သိုင်းရွိုက်ဟော်မုန်း အထွက်လွန်ကဲသော ရောဂါ၊ Cocaine, Cyclosporin,
Erythropoietin, Adrenergic စတဲ့ ပဋိဇီဝဆေးမှီသောက်သုံးရခြင်း၏
ဘေးထွက်ဆိုးကျိုး ကြောင့် ဖြစ်ပေါ်လာတဲ့ သွေးတိုးရောဂါ၊
ကိုယ်ဝန်ဆောင်သွေးတိုးခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း နှင့်
ပူပြင်းသော နေရောင်ခြည်အောက် အချိန်ကြာမြင့်စွာသွား လာရခြင်း
စသည့်အကြောင်းများကြောင့်လည်း သွေးတိုးရောဂါဖြစ်လာရပါတယ်။
<< သွေးတိုးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ >>
(၁) သွေးတိုးရောဂါကြောင့်
နှလုံးသွေးကြောများ မာကျောကျစ်လစ်လာပြီး နှလုံးသွေးကြော ကျဉ်းခြင်း(သို
့မဟုတ်)ပိတ်ဆို့ ခြင်း ၊ နှလုံးကြွက်သားများ ထူထဲလာခြင်း၊ နှလုံးညှစ်အား
လျော့နည်းလာခြင်း စသည့် နှလုံးရောဂါအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။
(၂)
သွေးတိုးကြောင့် ဦးနှောက် သွေးကြောပိတ်ခြင်း၊ သွေးကြောပေါက်ခြင်း
ဖြစ်လာကာ ထိုမှတဆင့် လေဖြတ်လေငန်းရောဂါဖြစ် လာနိုင်ပါတယ်။
(၃)
သွေးတိုးရောဂါ နာတာရှည်လာပါက ကျောက်ကပ် ပျက်စီးသွားပြီး၊
ဆီးထဲသွေးပါခြင်း၊ ဆီးဆိပ်တက်ခြင်း များ ဖြစ်လာပါတယ်။
(၄)
သွေးတိုးရောဂါပြင်းထန်မှု ကြောင့် မျက်စိတွင်းရှိ မျက်ကြည်လွှာ နှင့်
သွေးကြောများ ထိခိုက်ပျက်စီးပြီး အမြင်အာရုံထိခိုက်
ယိုယွင်းသွားနိုင်ပါတယ်။
(၅) သွေးတိုးရောဂါရှိသူ များက သွေးဖိအားကို
140/90 mmHg ထက်မကျော်လွန်အောင် ထိန်းထားသင့်ပြီး၊ ဆီးချို နှင့်
ကျောက်ကပ်ရောဂါ ရှိသူများ အနေဖြင့် သွေးဖိအားကို 130/80 mmHg
အောက်ရှိနေရမှာ ဖြစ်ပါတယ်။
<< ဘ၀နေထိုင်နည်းပုံစံ >>
ကိုယ်အလေးချိန် အ၀မလွန်စေရန်
ထိန်းသိမ်းထားရမှာဖြစ်လို့  Body Mass Index(BMI)ကို ၁၈.၅ မှ ၂၄.၅ အတွင်း
ရှိနေပါစေ။ လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စတဲ့
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို တစ် နေ့ မိနစ် ၃၀ ပုံမှန်လုပ် ပေးပါ။
စိတ်ဖိစီးမှုများခြင်း၊ သောကများခြင်း၊ ဒေါသအမျက်ထွက်ခြင်းတို့ က
သွေးတိုးစေနိုင်တာကြောင့် အ တတ်နိုင်ဆုံး စိတ် အေးချမ်းသာစွာနေထိုင်ပါ။
တရားမှတ်ပါ။ ယောဂကျင့်ပါ။ အိမ်မွေးတိရိစ္ဆာန် ခွေး၊ ကြောင်လေးများဖြင့်
အချိန်ပေး၍နေပါ။ အိပ်ရေးမ၀ခြင်းကလည်း သွေးတိုးစေနိုင်ပါတယ်။
< ဆောင်ရန်ရှောင်ရန်အစားအစာများ >
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၊
အဆီထုတ်ထားတဲ့ နို့နှင့် နို့ထွက်ပစ္စည်းများကို များများစားပါ။
ဆား(ဆိုဒီယမ်) ပမာဏပါဝင် မှုနည်းတဲ့ အစားအစာများကိုရွေးချယ်ပါ။
အရသာကောင်းစေရန် ပြုပြင်ထားသော အစားအစာများ နှင့် အသင့်စားအစားအစာအထုပ်
တွေမှာလည်း ဆားပါဝင်မှုများလို့ သတိပြုပါ။ ငါးများများစားပါ။ အဆီပါဝင်မှု
များတဲ့ အနီရောင်အသားများ နှင့် ကြက်၊ ဘဲ အရေ ခွံများကို ရှောင်ပါ။
ကိုလက်စထရောများတဲ့ အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ပါ။ အရက်အလွန်အကျွံ
သောက်သုံးခြင်းက သွေး တိုးစေတတ်သဖြင့် အထူးရှောင်ကြဉ်ပါ။
တိရိစ္ဆာန်ထွက်ဆီနှင့် အုန်းဆီမ စားပါနှင့်။ ဟင်းချိုမှုန့်(အချိုမှုန်
့)နှင့် ကြက်သား မှုန့်  လျှော့ပါ။ ငါးဟင်းလျာကို အနည်းဆုံး တစ်ပတ်
၃-ရက်စားပါ။ အရက်တစ် နေ့ နှစ်ပက်ထက် ပိုမသောက်ပါနှင့်။ သွေးတိုး ရောဂါ
အတွက် ဆရာဝန်ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ လိုက်နာသုံးစွဲပါ။
သင်ခံစားနေရသော ရောဂါ လက္ခဏာ ပေါ်မူတည်၍ မိမိဖာသာ ဆေးအတိုးအလျော့
မလုပ်ပါနှင့်။
<< သွေးတိုးရောဂါပျောက် မြန်မာ့ဆေးနည်းတိုများ>>
(၁) ဒန့်သလွန်ရွက်ကို
ရေစင်အောင်ဆေးပြီးထောင်းကာ အရည်ညှစ်ယူပြီး လ္ဘက်ရည်ဇွန်း ၂-ဇွန်းခန့်ု
သောက်ပေးခြင်းဖြင့် ချက် ချင်း သက်သာသွားစေပါတယ်။ ဒန်
့သလွန်ရွက်ဟင်းခါးရည် သောက်နိုင် ပါတယ်။
(၂) သံပုရာသီးအစေ့ ၅-စေ့ခန့်
ဝါးစားလိုက် တဲ့အခါ၊ သွေးတိုးချက်ခြင်း သက်သာသွားပါလိမ့်မယ်။ သံပရာပင်၏အခေါက် ကို ဆေးကြောပြီး ရေနှင့် သွေး၍သောက်နိုင် ပါတယ်။ ဒါ့ပြင် သံပရာသီးတစ်လုံးကို အလယ်မှ ထက်ခြမ်းလှီးကာ ရေနွေး အပူချိန် ၇၅ ဒီဂရီဖာရင်ဟိုက်ထဲသို့ ၄၅ မိနစ်ခန့် ထည့်ပြီး ယင်းပြုတ်ရည်ကို သောက်သုံး ပါကတစ်ခဏအတွင်း သွေးတိုး ကျစေ ပါတယ်။
(၃) မြင်းခွာရွက်ကို အရည်ညှစ်
သောက်ခြင်း၊ သုပ်စားခြင်း၊ ဟင်းခါးချက်သောက်ခြင်း ဖြင့်
သွေးတိုးကျစေပါတယ်။
(၄) ဧကရာဇ်ပင်၏ အရွက်နှင့် အမြစ်တို့ကို အရည်ညှစ်၍
တစ်နေ့  ၃-ကြိမ်သောက်ပေးပါ။
(၅) ဗန်ဒါရွက် အနု ၃- ၄ ရွက် ခန့်ကို
ရေစင်အောင် ဆေးပြီး ၅ မိနစ်ခန့် ပြုတ်၍ သောက်ပေးပါ။ တစ်နေ့ကို လ္ဘက်ရည်
ခွက် ၃-ခွက်ခန့် သောက် ပေးခြင်းဖြင့် ရက်သတ္တ တစ်ပတ်အတွင်းစမှာပင်
သွေးတိုးရောဂါ သက်သာ သွားပါ လိမ့်မယ်။ အထူသတိပြုရန်မှာ
ဗန်ဒါရွက်ပြုတ်ရည်ကို အလွန် အကျွံ သောက်ပါက ဝမ်းချုပ်တတ်ပါတယ်။
(၆)ကြက်သွန်ဖြူ ဥတစ်လုံးအမျိုးအစားကို ထမင်းစားတဲ့အခါတိုင်းမှာ သုံးလုံး မှ
ငါးလုံးအ ထိ စားပေးပါက သွေးပေါင် တက်ခြင်းကို ကျစေသလို၊ သွေးပေါင်ကျ
နေသူကိုလည်း ပြန်လည် သွေးညှိပေးနိုင်ပါတယ်။
(၇)တောင်ဆီးဖြူပင်ပဉ္စငါးပါး(အရွက်၊ အပွင့်၊ အကိုင်းအခက်၊ ပင်စည်၊ အမြစ်)တို့ကို သုံးခွက်တစ်ခွက်တင်ကျို၍သောက်ပေးပါ။
(၈) ခရာမြစ်ကိုသွေးပြီး
ဆားအနည်းငယ် ထည့်၍သောက်ပါ။
(၉) နှင်းဆီပန်း၏ ပွင့်ဖတ်များကိုခြွေ၍
ရေနွေးပူပူတွင်ခပ်ကာ နေ့  စဉ် သောက်ပါ(ရေမွှေးနှင်းဆီမဟုတ်ပါ)
(၁၀)နနွင်းခါးနှင့် ပျားရည်ကိုရောစပ်၍ လက်ဖက်ရည်တစ်ဇွန်းခန့် 
နေ့စဉ်စားသုံးပေးပါ။
(၁၁) ကြက်သွန်ဖြူကို နေ့စဉ် စားသုံး ပေးပါ။
(၁၂)အရွယ်တူ ကွမ်းရွက် ၅-ရွက် နှင့် ရွဲယိုရွက် ၅-ရွက် တို့ ကို ရောစပ်ကျိတ်
ချေပြီး အရည်ညှစ်ယူပါ။ ထိုအရည်ကို တစ် နေ့  ၃-ကြိမ်ခွဲ၍
ကုန်အောင်သောက်ပါ။
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
ကျန်းမာရေးဗဟုသုတများရယူဖို့
ကျန်းမာရေးအတွက်ဆေးတစ်ခွက်
Comment

Wednesday, August 24, 2016

သမားတော်ကြီး ဦးဝင်းမောင်၏ #ဆီးကျောက်ကျေဆေးနည်း
ဒီကနေ့အဘ ပြောပြချင်တဲ့ဆေးနည်းလေးကတော့
လူတိုင်းတမေးထဲမေးနေကြတဲ့ ဆီးကျောက်တည် လို့ ဆီးအတွက်
ဒုက္ခများနေကြတဲ့ ဝေဒနာရှင်များအတွက် ဒီနေရာ
တဆင့် အားလုံးဖြေကြား ပေးလိုက်ပါရစေ..

အဘရဲ့ ဆေးဆောင်းပါးတွေကို ဖတ်ရူ့ ပြီး မေးလာကြတဲ့ သူများကို
CB ကတဆင့်ဖြေကြားပေးရင်မပြည့်မစုံမှာစိုးလို့
မေးသူတဦးသာမကအားလုံးသိရှိစေရန်ရည် ရွယ်ပါတယ်ကွယ်...
တကယ့်တော့ အဘတို့ မြန်မာ့လူဘောင်မှာ ဆိုရိုးစကားရှိရဲမဟုတ်လား
"ယောက်ကျားမှာ" "ဆီး မိန်းမမှာမီး "
ရှေ့သမားတော်ကြီးများက
" #ပညာသေရွာမယူသွားစတမ်း"
ဆိုတဲ့ထုံး နှလုံးမူလို့ ဆေးနည်းများစွာ လက်ကမ်းလို့ ထားခဲ့ကြတယ်။
ဆီးဆေးဆိုတာ အမျိုးမျိုး ရှိသည်အနက် လူသိများ ကြတာကတော့....
၁။ #သံမနိုင်ကျောက်မနိုင်
၂။ #ကြက်သွန်နှင့်အသုံးပြုနည်း...
၃။ #သံပုရာသီးအသုံးပြုနည်း စသည့်ဖြင့် လူသိ
များသောဆေးနည်တွေပါပဲ...
အေး...
အဘကတော့ တကယ့် ရွှေနန်းသုံးဆေးတော်ကြီး
တမယ်ကို ငွေကုန်ကြေးကြ သက်သာစွာနဲ့ဝေဒနာ သက်သာစေဖို့
ဆေးနည်းတသွယ် ရေးပေးလိုက်ပါတယ်...
#ဆေးနည်းကတော့...
ကြက်ဆူ{၂}မျိုးရှိတယ်။ ပိုရှင်းအောင်ပြောရ င်
#တမျိုးကတော့လောင်စာကြက်ဆူ
" ခြံစည်းရိုးကြက်ဆူလို့ခေါ်ကြတဲ့ ကြက်ဆူမဟုတ်ဘူး "..
(အဲဒီ ကြက်ဆူက စားရင် အော့အံနိုင်ပါတယ် မမှားပါစေနဲ့)
ပုံပြထားသောအရိုးနီ ကြက်ဆူကိုသာ ဆေးအဖြစ်သုံးပြုနိုင်ကြပါတယ်။
အသုံးပြုပုံ
**********
ကြက်ဆူရွက်ကို ရေနွေး ဖျော်ပြီး ဓားဖြင့်ဖြင့်ပါးပါး
ရိတ်ရိတ်လှီးညှပ်၍ မြေပဲဆံ နှမ်း ပဲမှုန့် ကြက်သွန်
ဖြူ / နီကျော်တို့ဖြင့်သုတ်စားပေးပါ။
အဓိကအားဖြင့် ကြက်ဆူရွှက်ကို မ် ားမ် ားသုတ္စား
ပေးဖို့သာလိုရင်းပါ။
မည်သို့စားစား ရပါတယ်။
မိမိသုတ်စားပြီး ၂၄နာရီအတွင်း ကျောက်များ
ကြေပျက်သွားသည်ကို လက်တွေ့စားကြည်က သိပေလိမ့်မည်...
၎င်းဆေးစားပြီးဆီးသွားပါကဆီကို အိုးခွက်တခုခုဖြင့်
ခံယူထားပြီး ကြည့်ပါကဆီးကျောက်များ ကြေ
ပျက်သွားသည်ကို တွေ့မြင်ရပါလိမ့်မည်။
လူအေတာ္မ် ားမ် ားကေတာ့ ဝမ်းနှတ်ဆေးကိုသာ
လူသိများကြပြီး ဆီးနှတ်ဆေး ဆီးသန့်စင် ဆေးကို သိပ်မသိကြပါ.
အဲ့ဒါကြောင့် အဘဖေါ်ပြပေး လိုက်တာပါ။
###မှတ်ချက်.....
ဥပမာ...ယနေ့ ၄ နာရီမှာစားရင်...
နောက်တနေ့ ၄ နာရီ မှာ ကျောက်ကြွေ သွားတာတွေ့ ရပါလိမ့်မယ်။
အဘ..ဦးဝင်းမောင် တိုင်းရင်သမားတော်ကြီး
ဖုန်း..09785987552 သို့မရှင်းလင်းပါက မေးမြန်းနိုင်ပါတယ်။
Credit to: #%$&=÷
Image may contain: plant

#ဆီးမထွက်ခြင်းနှင့်ဓမ္မတာလွန်ခြင်းကို ၁၅မိနစ်နဲ့ ပျောက်အောင်ကုသနိုင်
လယ်ကန်စွန်းလို့ တစ်ချို့ခေါ်ဝေါ်ကြတဲ့ ကန်စွန်းရိုးနီ၏ အစွမ်းများဖြင့်
ဆီးအိမ်တွင်မှ ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါများကို ၁၅ မိနစ်အတွင်း ထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်။
ကန်စွန်းရိုးနီ၏ အရွက်ကို မန်ကျဉ်းရွက် ဘူးရွက် စတာတို့နှင့် ဆတူကြိတ်လိုက်ပါ။
ထိုကြိတ်ပြီးသားများကို ဆန်မှုန့်ညက်ညက်နှင့် ဖျော်ပြီး ဆီးခုံပေါ်သို့ တင်လိုက်ပါက
ဆီးအိမ်တွင်းမှ ဆီးမထွက်သူများ ၁၅ မိနစ်အတွင်း ဆီးကျဆင်း လာပါလိမ့်မယ်။
ဓမ္မတာလွန်နေသူများလည်း ရပ်တန့်ကာ ရောဂါသက်သာစေပါလိမ့်မယ်။
Credit to ဆေးဖက်ဝင်အပင်များ

မြန်မာ့ရိုးရာ ဆေးဖက်ဝင်သစ်ဥသစ်ဖုများ's photo.
မြန်မာ့ရိုးရာ ဆေးဖက်ဝင်သစ်ဥသစ်ဖုများ's photo.

    တိုင်းရင်းဆေး ၅ မျိုး သုံးစွဲရန်မသင့်ဟု    ကျန်းဦးစီးကြေညာ

တိုင်းရင်းဆေး ၅ မျိုးမှာ အနောက်တိုင်းဆေးတွေ ရောနှောထုတ်လုပ်ထားတဲ့အပြင် မှတ်ပုံတင် ထားခြင်းလည်း မရှိတဲ့အတွက် သုံးစွဲရန် မသင့်ဘူးလို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဆေးတော်ကြီး၊ စံပြည့်ဖြိုး၊ စိန်လက်မ၊ မေတာရှင်၊ အဆစ်ပုံစတဲ့ တိုင်းရင်းဆေးတို့ကို မသုံးကြဖို့နဲ့ တိုင်းရင်းဆေးရောင်းတဲ့ ဆေးဆိုင်တွေအနေနဲ့လည်း အဲ့ဒီလို မှတ်ပုံမတင်ထားတဲ့ ဆေးတွေကို မရောင်းဖို့ ကြေညာချက်ထဲ ဖော်ပြပါတယ်။
တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံမတင်ထားတဲ့ တိုင်းရင်းဆေးတွေ ဆေးဝါးအတုတွေ စံမညီ တိုင်းရင်းဆေးတို့ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုံးဝ မလုပ်ကြဖို့နဲ့ လိုက်နာ ဆောင်ရွက်ခြင်း မရှိရင် တိုင်းရင်းဆေးဥပဒေနဲ့ တရားစွဲအရေးယူမယ်လို့ အသိပေးထားပါတယ်။

ဆီးချို သွေးတိုး ဝေဒနာရှင်များအတွက် ဇီးဖြူသီး ကပေးသော ကျန်းမာရေးရဲ့အာနိသင်
🔥ဆီးဖြူသီးကို gooseberry လို့ အင်္ဂလိပ်လို့ ခေါ်ပြီး ဆီးဖြူသီး အမျိုးပေါင်းများစွာ ရှိပါတယ်။ ပုံမှန်တွေ့နေကြ ဝယ်ယူစားသုံးနေကြ ဆီးဖြူသီးက Alma လို့ခေါ်တဲ့ Indian Go oseberry အမျိုးအစား ဖြစ်ပါတယ်။ ဆီးဖြူပင်ကို သိပ္ပံအမည်အရ Ribes UVA-Crispa လို့ ခေါ်ပါတယ်။
🔥ဆီးဖြူသီးပင်ရဲ့ အသီး၊ အခေါက်၊ အပွင့်၊ အမြစ် အားလုံး သူ့နေရာနှင့်သူ ဆေးဘက်ဝင်ပါတယ်။
🔥ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ်။
🔥အသဲနဲ့ဆိုင်သော ရောဂါဝေဒနာသည်တို့ အဓိက အားထားရာ သဘာဝ ဆေးစွမ်းထက်တဲ့ အသီး ဖြစ်ပါတယ်။
🔥ဆီးဖြူသီးဟာ သွေးသားသန့်စင်မှုက သွေးအတွင်း အဆိပ်အတောက်တွေနဲ့၊ ဗိုင်းရပ်ပိုး၊ဗက်တီးရီးယားနဲ့အဏုဇီဝပိုးမွှားတွေကိုလည်းဖယ်ရှားပေးပါတယ်။
🔥သွေးအားကောင်းစေတဲ့ ဟေမိုဂလိုဗင်ဓာတ် ကြွယ်ဝအောင်ဖြစ်စေတာမို့ အမောခံနိုင်ပြီး အသားအရေ ကြည်လင်လှပစေပါတယ်။
🔥ဗိုက်တာမင် C ကြွယ်ဝလို့ ကိုယ်ခံအား စနစ်ကို အားကောင်းစေပါတယ်။ အသဲနဲ့ ပန်ကရိယ(မုန့်ချိုအိတ်) ကို များစွာ ပံ့ပိုးကူညီပြီး စိတ်နှလုံးကိုလည်း ပြောလျော့ အေးချမ်းစေပါတယ်။
🔥ဆံပင်ရဲ့ ကောင်းခြင်း၊ ဦးရေရဲ့ ကောင်းခြင်း၊ သန်းနှင့် ဘောက်များကို ကင်းစင်စေခြင်းနဲ့ အသားအရည်ကိုလည်း လှပချောမွတ်စေပါတယ်။
🔥ရောဂါဘယ မျိုးစုံကိုလည်း သက်သာပျောက်ကင်းအောင် စွမ်းဆောင်နိုင်သော အံ့ဖွယ် သဘာဝပေးတဲ့ လက်ဆောင်ကြီး ဖြစ်ပါတယ်။ ဆီးဖြူသီးကနေ ခေါင်းလျှော်ရည်၊ခေါင်းလိမ်းဆီ အမျိုးမျိုး ထုတ်လုပ်ကြပါတယ်။
🔥တိုင်းရင်းဆေးများနဲ့ တွဲဘက်ပြီး ဆေးဖော်ကြသလို အရန်ဟင်းအဖြစ် လည်းကောင်း ဆီဖြူသီးချိုချဉ်၊ ဆီဖြူသီးဖျော်ရည် ပြုလုပ်ပြီး စားသုံးကြပါတယ်။
🍷သွားနှင့်ခံတွင်း
👉 ဆီးဖြူသီးလေး တစ်လုံး ကောက်ဝါးလိုက်ရုံနဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ ဆီးဖြူသီးမှ ထုတ်ထားတဲ့ အရည်နဲ့ ပလုတ်ကျင်းရင် ခံတွင်းအနံ့ဆိုးများကို ကင်းစင်စေပြီး ခံတွင်း သန့်ရှင်းစေပါတယ်။
👉 သွားဖုံး သွေးယိုတာလည်း ဗိုက်တာမင် C နဲ့ ကယ်စီယမ်ဓာတ်တို့ ပါဝင်တာမို့ ပျောက်ကင်းအောင် ကူညီပေးပါတယ်။
🍷ကိုယ်ခံအားစနစ် နှင့် ကင်ဆာ
👉 ဗိုက်တာမင် C အပြင် ကယ်စီယမ်၊ သံဓာတ်၊ ဖော့စ်ပါးရပ်နှင့် ကယ်ရိုတင်းဓာတ်တို့ ပါဝင်ခြင်း၊ Thiamine, riboflavin, niacin တို့ ပါဝင်ခြင်း၊ gallic acid လို ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိခြင်းတို့ကြောင့် ဆဲလ်များ ပုံမှန်မဟုတ်ပဲ ယိုယွင်းခြင်း၊ ကင်ဆာဆဲလ် ဖြစ်ပေါ်ခြင်း စသည်တို့ကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
👉 အာရုံကြောစနစ်ရဲ့ လုပ်ငန်းကိုလည်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးပါတယ်။ ဆီးဖြူသီး စားသုံးလေ့ ရှိသူကို ဗိုင်းရပ်နှင့် ဘက်တီးရီးယားပိုးတို့ အလွယ်တကူ မဝင်ရောက်နိုင်ပါဘူး။ ကိုယ်လက်စထရောကိုလည်း လျော့နည်းစေပြီး နှလုံးကြွက်သားများကိုလည်း သန်မာစေပါတယ်။ ကိုယ်ခန္ဓာအတွက် အလွန်ပင် အရေးကြီးတဲ့ အသဲကိုလည်း အထောက်အကူပြုပါတယ်။ အဝလွန်ခြင်း မဖြစ်စေရန် ထိန်းချုပ်စေပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ လွယ်ကူအောင် ပါဝင်ကူညီနိုင်ပါတယ်။
🍷ဆံပင်ဖြူ နှင့် ဦးရေပြား ဗောက်ထခြင်း
👉 အရွယ်မတိုင်မီ ဆံပင်ဖြူတာ၊ ဆံပင်ကျွတ်တာ၊ ဆံပင်သား မကောင်းတာ စသည့် ဆံပင်နှင့် ပတ်သက်သော အခက်အခဲများကို ဆီးဖြူသီးက အစွမ်းပြ ဖြေရှင်းပေးပါတယ်။ အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ထားတဲ့ ဆီဖြူသီးမှုန့်ခြောက်ကို ရေတစ်ညစိမ်၊ ပြီးရင် သံပယိုရည်ထည့်ပြီး (၅) မိနစ်၊ (၁၀) မိနစ်ခန့် ဦးရေပြားကို နှိပ်နှယ်ခေါင်းလျှော်ပြီး ရေဆေးပါ။ ဆံပင် အရောင်အသွေး လှပပျော့ပျောင်းကာ ကျန်းမာတဲ့ ဆံသားကို ရရှိလာမှာပါ။ ဗောက်ထခြင်း၊ သန်းရှိခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဆီးဖြူသီး ခေါင်းလျှော်ရည်နဲ့ ဆီးဖြူသီး ခေါင်းလိမ်းဆီဆိုပြီး ဝယ်ယူသုံးစွဲနိုင်ပါတယ်။ ဒါမှမဟုတ်ရင် အုန်းဆီ စစ်စစ်ကို ဆီးဖြူခြောက်မှုန့်နဲ့ ရောပြီး ကျိုပါ၊ ပြီးရင် အအေးခံပြီး လိမ်းနိုင်ပါတယ်။
🚲🚲🚲🚲
🍷မျက်လုံးနှင့် ပါးစပ်နာ
ဆီးဖြူသီး တစ်ညစိမ်ထားတဲ့ ရေသန့် အကြည်နဲ့ မျက်လုံးဆေးရင် မျက်စိ ယားယံတာကို သက်သာပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဆီးဖြူအမြစ်ခြောက်အမှုန့်နဲ့ ပျားရည်ရောပြီး သုံးရင် ခံတွင်းနာများ၊ ပူလောင်နာများ သက်သာစေပါတယ်။
🚲🚲🚲🚲🚲🚲
🍷ဓမ္မတာသွေးလွန်ခြင်း
ဓမ္မတာသွေးလွန်ခဲ့ရင် ငှက်ပျောသီးမှည့်နဲ့ ဆီးဖြူသီး အရည်ကို တစ်ရက်အတွင်း (၃) ကြိမ်လောက် သောက်သုံးပါက သက်သာစေပါတယ်။
🚲🚲🚲🚲🚲🚲
🍷ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း
ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများ ကုသရာမှာ အကူအညီအဖြစ် စပျစ်သီးခြောက်အရည်နှင့် ဆီးဖြူသီးအရည် တွဲသောက်ပါက အလွန်ကျေးဇူးများပါတယ်။ ကျောက်ကပ် ကျောက်တည်ရင် မုန်လာဥဖြူနဲ့ သကြားနဲ့ ဆီးဖြူရည်နဲ့ သောက်ပါက ပျောက်ကင်းစေပါတယ်။
🚲🚲🚲🚲🚲🚲
🍷ဆီးချိုရောဂါ
ဆီးဖြူသီးဟာ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးတဲ့ သတ္တရှိပါတယ်။ အစေ့က ဖယ်ထားတဲ့ ကြက်ဟင်းခါးသီးအရည် တစ်ဖန်ခွက်အတွင်း ဆီးဖြူသီးအရည် တစ်ဇွန်းရောပြီး နှစ်လလောက် ဆက်သောက်ပါက ဆီးချိုရောဂါ သက်သာစေပါတယ်။ မုန့်ချိုအိတ်ကိုလည်း လှုံ့ဆော်တဲ့အစွမ်း ရှိပါတယ်။
🚲🚲🚲🚲🚲🚲
🍷ဝမ်းပျက်ဝမ်းလျှောရောဂါ
ပိုးကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရင် ဆီးဖြူသီး အရည်ကို သကြားနဲနဲထည့်ပြီး သောက်ပါက သက်သာစေပါတယ်။
🚲🚲🚲🚲🚲🚲
🍷အစာအိမ်
ဆီဖြူသီးဟာ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး အစာချေဖျက်မှုနဲ့ အာဟာရ စုပ်ယူနိုင်စွမ်းကို ကောင်းမွန်သလို ပုံမှန်ဖြစ်လေ့ရှိတဲ့ အစာမကြေခြင်း၊ လေပူထခြင်း၊ အက်စစ်ဓာတ်များခြင်းတို့ကို သက်သာစေပါတယ်။
🚲🚲🚲🚲🚲🚲
🍷အထွေထွေ
♣ဆီးဖြူသီးဟာ စိုးရိမ်ပူပန်မှု လွန်ကဲခြင်းကို ကာကွယ်နိုင်တယ်၊ သက်သာစေတယ်၊
♣မှတ်ဉာဏ်ကိုလည်း ကောင်းစေပါတယ်။
♣သွေးယိုစိမ့်ခြင်းကို သက်သာစေတယ်။
♣သွေးအန်ခြင်းဖြစ်ရင်လည်း သောက်နိုင်ပါတယ်။
♣ပျားရည်နဲ့ရောပြီး သောက်ပါက နာတာရှည် ချောင်းအခြာက်ဆိုးခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။
♠အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကိုလည်း သက်သာလျော့ပါးစေပါတယ်။
♠နှာခေါင်းသွေးယိုခြင်း၊ နှလုံးရောဂါများ၊ ခေါင်းကိုက်ခြင်း၊ သွေးအားနည်းခြင်း၊ ဗိုက်တာမင် C ချို့တဲ့ရောဂါဖြစ်တဲ့ Scurvy (သွေးမတိတ်ခြင်း)၊ အမျိုးသမီးများ အဖြူဆင်းခြင်း၊ လေနာဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ သန်ထခြင်း၊ အဆစ်အမြစ်ရောင်ခြင်း စသည်များ လျော့ပါးသက်သာစေပါတယ်။
🚲🚲🚲🚲🚲🚲
👌 ဒါကြောင့် ကိုယ်ခန္ဓာ၏ အထွေထွေ ကျန်းမာရေးကိုလည်း အထောက်အကူပြုပြီး စိတ်ကိုလည်း လန်းဆန်းတက်ကြွစေတဲ့ ဆီးဖြူသီးကို နံနက်စောစောထပြီး ပျားရည်လေးနဲ့ ဆီးဖြူရည်လေးနဲ့ဖျော်ကာ နေ့စဉ် သောက်သုံးသွားပါက “အာရောဂျံ ပရမံလာဘံ” ဆိုတဲ့ စကားနဲ့အညီ ဆုလဒ်ကြီးဖြစ်တဲ့ ကျန်းမာရေးကောင်းခြင်းကို ရရှိနိုင်မှာပါ။
Myawady Health
Comment
49 mins ·
"ရင်သားကင်ဆာပျောက်သော မြန်မာတိုင်းရင်းဆေး"
=================================
အမျိုးသမီးများအတွက်ငွေကုန်သက်သာသော
ရင်သားကင်ဆာပျောက်သောမြန်မာတိုင်းရင်းဆေး
မွေးရပ်မြေဒိုက်ဦးမြို့သို့အမေ့ထံကျွန်တော်
အလည်တစ်ခေါက်သွားခဲ့ပါသည်။အမေသည်
ကျွန်တော့အားသားရယ်ငါ့သားfbသုံးတယ်ဆို
အမေကိုတစ်ခုလောက်ကူညီပါလားသားရယ်
ထိုအခါကျွန်တော်ကအမေရယ်သားအမိကြား
မှာဒါတွေမလိုပါဘူးအမေခိုင်းချင်တာသာခိုင်းပါ
ထိုအခါအမေကသားအမေဒို့မိန်းခလေးတွေဟာ
များသောအားဖြင့်ရင်သားကင်ဆာဖြစ်တာများတယ်
ဒါကြောင့်ကျွန်းကုန်းမှာအမေ့အသိတစ်ယောက်
ရင်သားကင်ဆာဖြစ်တာပဲခူးဆေးရုံကိုသွားပြတာ
ပဲခူးဆေးရုံကဆေးဝါးအပြည့်အစုံမရှိဘူးတဲ့ရန်ကုန်
ဆေးရုံကြီးကိုသွားပြအဲဒီမှာဓါတ်လည်းကင်တယ်ဆို
ပြီးပဲခူးဆေးရုံမှပြန်လွတ်လိုက်လေသည်။လူနာရှင်လဲ
ငွေကြေးမတတ်နိုင်လို့ကျွန်းကုန်းသို့ပြန်လာတယ်။
တစ်နေ့မှာရှမ်းဆေးဆရာတစ်ယောက်သည်ကျွန်း
ကုန်းသို့ဆွေမျိုးများထံအလည်လာရင်းထိုရင်သား
ကင်ဆာပျောက်အောင်လို့ဆေးနည်းလေးပေးခဲ့
တယ်လေ။ထိုဆေးနည်းမှာပန်းနေကြာကိုအမဲသား
နှင့်ရောပြီးတစ်နေ့နှစ်ကြိမ်စားပါဆေးဗီးဆပ်ကို
ဆားအနည်းငယ်ထည့်ပြီးထောင်းသောက်ပါ
ရေနွေးကြမ်းသောက်တဲ့ပန်းကန်လုံးအသေးဖြင့်
တစ်နေ့နှစ်ကြိမ်သောက်ပါအမဲသားဟင်းနှင့်ဆေး
ဗီးဆပ်နှစ်မျိုးလုံးကိုနှစ်ပတ်ပြည့်အောင်သောက်
သုံးချင်းဖြင့်ရင်သားကင်ဆာလုံးဝပျောက်သွားပါ
လို့အမေကကျွန်တော့ကိုပြောပြသောကြောင့်
fbကညီအစ်ကိုမောင်နှများကိုလူသားချင်းကိုယ်
ချင်းစာသဖြင့်ဖြန့်ဝေရခြင့်ဖြစ်ပါသည်။

fbမှသူငယ်ချင်းများခင်ဗျာပြန်လည်ဖြန့်ဝေ
ခြင်းသည်သင်လဲကုသိုလ်ရပါတယ်။
fbမှာသူငယ်ချင်းများကိုအစဉ်လေးစားလျှက်
ကျွန်တော်မောင်ကျော်လတ်
အပေါ်ပုံ ဆေးဗီးဆပ်ခေါ်
ဗီးဆပ်ရွက်
အောက်ပုံ ပန်းနေကြာခေါ်
နေကြာအရိုင်း နေကြာပန်းနှင့်တူပါတယ်
အပွင့်မှာအဝါရောင် အပွင့်သေးသေးလေးပါ
ဒေသအလိုက် အခေါ်အဝေါ်ပြောင်းလဲနိုင်ပါသည်
Credit.Kyaw Latt