Monday, August 22, 2016

ကျန်းမာရေးအတွက် အကောင်းဆုံး ဟင်းသီးဟင်းရွက် ၁၀ မျိုး
ဟင်းသီးဟင်းရွက် များတွင် အာဟာရဓါတ်ကြွယ်ဝသလောက်
ဖိုင်ဘာမျှင် ကြွယ်ဝပါသည် ။
ကိုယ်ခံအားကို ကောင်းစေသဖြင့် ကင်ဆာ ၊ နှလုံး နှင့် ဆီးချို ရောဂါ များ
ကို ခုခံကာကွယ် ရာတွင် အဖိုးတန်လှပါသည် ။
ကျနော်တို့ လက်လှမ်းမီ ပြီး နေ့ တဓူဝ စားသုံးနေသည့် အဖိုးတန်
ဟင်းသီးဟင်းရွက်များထဲမှ အကောင်းဆုံး ၁၀ မျိုး ကို ထုတ်နုတ်
တင်ပြလိုပါသည် ။
�#�ခရမ်းချဉ်သီး�
................
လိုင်ကိုပင်း ( lycopene )ကြွယ်ဝစွာပါဝင်လို့ ကင်ဆာတိုက်ဖျက် စွမ်းအား
ကောင်းလှပါသည် ။ ဗီတာမင်စုံလဲ ကြွယ်ဝစွာပါဝင်ပါသည် ။
�#�ပန်းပွင့်စိမ်း� ( Broccoli )
.................
antioxidants ( ဓါတ်တိုးကာကွယ်ပစ္စည်း ) တွေနဲ့ ထုပ်ပိုးထားတယ်
လို့ဆိုရလောက်အောင် ပါဝင်တာမို့ အစာအိမ် ၊ အဆုပ် ၊ စအို ကင်ဆာတွေကို ကာကွယ်ပါသည် ။
ဗီတာမင် အေ ၊ ဗီတာမင် စီ ၊ ဖိုးလိပ် Folate တို့ ပါဝင်လို့ အအေးမိတုပ်ကွေး
ကို ကာကွယ်ပါသည် ။
�#�ဂေါ်ဖီထုပ်အသေးစား� ( Brussels sprouts ) ( ကွမ်းသီးဂေါ် ဖီထုပ် )
..............................
folic acid, B-vitamin တို့ နဲ့ ထုပ်ပိုးထားတယ်လို့ ပြောနိုင်ပါသည် ။
ကိုယ်ဝန်ဆောင် မိခင်တွေအတွက် အလွန်ကောင်းပါတယ် ။
သန္ဓေသားရဲ့ အာရုံကြောအဖွဲ့ အစည်း တည်ဆောက်ရာမှာ
အရေးပါလို့ အဖိုးတန်ပါသည် ။
vitamins C နဲ့ K လဲ ပါသလို fiber အမျှင် ၊ potassium နဲ့
omega-3 fatty acids တို့ လဲ ကြွယ်ဝပါသည် ။
�#�မုန်လာဥနီ� ( Carrots ) ( ခါချက်ဥ )
...............
vitamin A ၊ vitamin C တို့ ကြွယ်ဝပါသည် ။
၎င်းတို့ က ( antioxidants ) ဓါတ်တိုး ကာကွယ်တာမို့ မျက်စိ ၊
အသားအရေ နဲ့ နှလုံးသွေးကြောရောဂါ တွေကို ကာကွယ်ပါသည် ။
�#�ဖရုံသီး� ( Squash )
..........
vitamin A ၊ vitamin C ၊ potassium ၊ magnesium နဲ့ fiber တွေ
ပေါကြွယ်ဝ တာမို့ ပန်းနာရင်ကြပ် ရောဂါ ၊
အရိုးအဆစ်ကိုက် ရောဂါ များ (osteoarthritis နှင့်
rheumatoid arthritis ) များအတွက် အလွန်ကောင်းမွန်ပါသည် ။
�#�ကန်ဇွန်းဥ� ( Sweet potato )
..............
vitamin A ၊ vitamin C ၊ manganese ၊ fiber ၊
iron သံဓါတ် တို့ ကြွယ်ဝပါသည်။
ကင်ဆာရောဂါများ ကို ကာကွယ်နိုင်စွမ်း ရှိပြီး ၊
ခွန်အားလဲ တိုးစေပါသည် ။
အစာခြေခြင်းလုပ်ငန်း ကိုလဲ အထောက်အကူပြုပါသည် ။
�#�ခရမ်းသီး� ( Eggplant )
..............
နှလုံးကျန်မာစေပါသည် ။
Nasunin ဆိုသည့် antioxidant ပါရှိရာ ၎င်းကဦးနှောက်ဆဲလ်များကို
ကာကွယ်ပေးပါသည် ။
ထို့ ကြောင့် လေဖြတ်ခြင်း ၊ မှတ်ဥာဏ်ချို့ ယွင်းခြင်းကို ကာကွယ်ပါသည် ။
fiber နှင့် potassium တို့ လဲ ကြွယ်ဝပါသည် ။
�#�ပန်းငရုပ်� ( Bell Peppers )
............
lycopene နှင့် folic acid နှင့် များစွာသော အဟာရဓါတ်များ
ပေါကြွယ်လွန်းသဖြင့် နှလုံးကျန်းမာရေးအတွက် အလွန်ကောင်းပါသည် ။
နေ့ စဉ်စားသုံးခြင်းဖြင့် အဆုပ် ၊ အူမကြီး ၊ဆီးအိမ်ကင်ဆာ ၊
ပန်ကရိယကင်ဆာ များကို ကာကွယ်ပါသည် ။
�#�ဟင်းနုနယ်� ( Spinach )
...............
ဗီတာမင်စုံ ၊ အဟာရစုံ ပါဝင်သဖြင့် ရောဂါစုံ ကာကွယ်ပါသည် ။
အထူးသဖြင့် နှလုံးရောဂါ ၊ အူမကင်ဆာ ၊ အဆစ်အမြစ်ရောင်ရောဂါများ ၊
အရိုးပွရောဂါ စ သဖြင့် ရောဂါစုံကာကွယ်ရေး အတွက်ကောင်းပါသည် ။
�#�ကြက်သွန်နီ� ( Onions )
...............
အရိုးပွရောဂါ အတွက် အလွန်ကောင်းပါသည် ။
အခြားဗီတာမင်များကြောင့် ဆီးချိုရောဂါ ၊ နှလုံးရောဂါ
တိုက်ဖျက်ရာမှာလဲ ကောင်းပါသည် ။
��ဒေါက်တာမြင့်သိန်း�

No comments:

Post a Comment