Saturday, August 20, 2016

FDA warns of liver injury from muscle-building supplement ကြွက်သားအားကောင်းအောင်သုံးတဲ့ဆေး သတိပေး
- ၁၃-၄-၂ဝ၁၅ ဆေးပညာသတင်းဖြစ်ပါတယ်။ FDA ခေါ် အမေရိကန် အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့ကနေ Anabolic steroids ဟော်မုန်းပါတဲ့ ကာယဗလလုပ်သူတွေသုံးလေ့ရှိတဲ့ ကြွက်သားအားကောင်းအောင်သုံးတဲ့ဆေးဟာ အသည်းကိုထိခိုက်စေတယ်လို့ သတိပေးလိုက်တာဖြစ်ပါတယ်။
- Tri-Methyl Xtreme လို့ခေါ်ပါတယ်။ ဒီဆေးတွေသုံးရင် အားယုတ်မယ်။ ဗိုက်နဲ့ ကျောနာမယ်။ ဆီးအရောင်ပြောင်းမယ်။
အဲဒီ (အင်နာဘောလစ် စတီရွိုက်) ဆေးမှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိတတတယ်။ အင်္ဂါအစိတ်အပိုင်းတွေကို သက်ရောက်တယ်။ တချို့အပြောင်းအလဲတွေက နောက်ကြောင်းပြန်မကောင်းနိုင်တော့ဘူး။
- ဓါတ်ခွဲခန်းထဲကနေထုတ်လုပ်တဲ့ Synthetic steroids (စတီရွိုက်) ဆေးကြောင့် အသည်းကိုထိခိုက်တယ်။ နှလုံးရောဂါ (အဆက်) ရဘို့များစေတယ်။
- အခုတလော FDA ကနေသတိပေးနေရတဲ့ဆေးတွေဟာ weight loss ကိုယ်အလေးချိန်ကျဆေး (ပိန်ဆေး)၊ body building ကိုယ်ကာယကြီးထွားဆေး၊ sexual enhancement လိင်အားပေးဆေးတွေဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၅

No comments:

Post a Comment