Thursday, August 18, 2016

'ရေခြောက်သွားတဲ့အခါမှာတော့ အသားအရေလေးကတင်းပြီးပြောင်ပြောင်လေးဖြစ်နေမှာပါ...☺'
'အမည်းစက်တွေ၊ဝက်ခြံတွေ၊အဆီဖုတွေ၊အရေးအကြောင်းတွေ....
ရှိသေးလား???'
'နာရီဝက်ကြာတဲ့အခါ ရေနဲ့ဆေးချပြီး တဘက်လေးနဲ့ဖွဖွသုတ်ပါ...'မျက်နှာကို ရေနွေးငွေ့နဲ့၁၅မိနစ်လောက်ပေါင်းခံပြီးချွေးပေါက်ဖွင့်ပါ..ပေါင်းခံတယ်ဆိုတော့ စက်တေဘာတေနဲ့လုပ်ရတယ်လို့မထင်ပါနဲ့ 😁...ရေနွေးထည့်ထားတဲ့ဇလုံလေးအပေါ်မှာ ရေနွေးငွေ့ရတဲ့အနေလောက်မျက်နှာကိုထားရုံပဲ
ဒုတိယအဆင့်ကတော့ ပုံမှာပြထားတဲ့အတိုင်းmixingလေးကိုမျက်နှာအပြည့်လိမ်းပါ...ထူထူလေးလိမ်းရင်ပိုကောင်းပါတယ်
( Rice & Carrot Mixing ပြုလုပ်နည်း
ဆန်၃ဇွန်းစာလောက်ကို အိုးထဲရေထည့်ပြီးကျိုရတယ်
ရေထည့်လိုက်၊ခန်းသွားလိုက်၊ကျိုလိုက်နဲ့ ဆန်နူးပြီးပြဲတဲ့အထိကျိုပေါ့နော်
အဲ့ခါကျမှမီးပိတ်ပြီးအအေးခ၊ံ အရည်နဲ့အဖတ်သတ်သတ်စီစစ်ထား ၊ 💥ရလာတဲ့အရည်တွေကို မိုခွက်လေးတွေထဲလောင်းချပြီးfreezerထဲထည့်ထား။💥(တိုနာအသုံးပြုရန်အတွက်)
ကျန်တဲ့ဆန်ပျော့လေးတွေကို စကာနဲ့ချေချတယ်
ဆန်အစေ့လိုက်မကျန်အောင်လုပ်တာပေါ့
မုန်လာဥနီအနှစ်ကတော့ blenderနဲ့ကြိတ်ပြီးအရည်ကိုစစ်ယူထားပါ...ကျန်တဲ့အဖတ်အမှုန်လေးတွေကိုပဲယူပါတယ် အဖတ်ကြီးရင်လွှင့်ပစ်ပါတယ်...အာ့ကြောင့် သေချာကြေညက်အောင်ကြိတ်ပါနော်
ပြီးတော့မှ ရလာတဲ့အနှစ်တွေကို အိုးထဲပြန်ထည့် နောက် နွားနို့၅ဇွန်းရယ် ပျားရည်၃ဇွန်းရယ် ခုနကြိတ်ပြီးသားဥနီရယ် ထည့်မွှေလိုက်တယ် ဒါပါပဲ)
နာရီဝက်နေရင် ရေဆေးချလို့ရပါပြီ
ရေဆေးပြီးတဲ့အခါမှာ freezerထည့်ထားတဲ့ ဆန်ပြုတ်ရည်တိုနာလေးနဲ့မျက်နှာအနှံပွတ်တိုက်ပေးပါ
ကဲ..ဒါတွေအားလုံးလုပ်ပြီးရင်တော့ မျက်နှာသုတ်ပြီးတာနဲ့
မိန်းကလေးတွေလိုချင်တဲ့ ဝက်ခြံအဆီဖုကင်းပြီး တင်းတင်းရင်းရင်းလေးနဲ့ဝင်းပစိုပြေနေတဲ့ အသားအရေမျိုးပိုင်ဆိုင်နိုင်ပါပီရှင်

No comments:

Post a Comment