Saturday, August 20, 2016

               နှလုံးသွေးကြောကျဉ်းရောဂါ လုံးဝ
ပြန်မဖြစ်စေနိုင်တော့သော ကိုယ်တွေ့
ဆေးနည်းကောင်းတစ်လက်
============================
ကျွန်တော်နှလုံးရောဂါ ပြင်းထန်စွာခံစားရချိန် ကျွန်တော်နေထိုင်ရာ ပုသိမ်မြို့ရှိ ပုသိမ်ဆေးရုံကြီးနှင့် ဇီဝကအထူးကုဆေးခန်းတို့တွင် တက်ရောက်ကုသခဲ့ရာ ဆေးစစ်ချက်အရ နှလုံးသွေးကြောသုံးချောင်းကျဉ်းနေပြီး တစ်ချောင်းမှာ ကောင်းစွာ အလုပ်မလုပ်တော့သော
ကြောင့် နှလုံးစက်ထည့်ရမည့် အခြေအနေ
ဖြစ်ခဲ့ပါသည်။ ထိုအချိန်တွင် မိတ်ဆွေတစ်ယောက်မှ
ကျွန်တော့်လို ခွဲစိပ်ခါနီးလူနာတစ်ဦး
မခွဲစိပ်ရပဲ သက်သာ ပျောက်ကင်းသွားသည်ဆိုသော ဆေးနည်းကိုပေးသဖြင့်
ရန်ကုန်၌ ဆေးကုသခံရန်ပြင်ဆင်နေချိန်
တွင် ခုနှစ်ရက်မျှ ဆက်တိုက်သောက်ခဲ့ပါသည်။
ထို့နောက် ရန်ကုန်အာရှတော်ဝင်
အထူးကုဆေးခန်းတွင် သွားရောက်စမ်းသပ်ရာ နှလုံးသွေးကြောပိတ်ဆို့မှုများ မရှိတော့ပဲ အကောင်းပကတိဖြစ်နေကြောင်း အံ့သြဖွယ် တွေ့ရှိရပါသည်။ ဆရာမကြီးမှာ ပုသိမ်မှဆေးစစ်ချက်များကိုကြည့်၍ မယုံနိုင်ဖြစ်ကာ သေချာစေရန်
မဟာမြိုင်အထူးကုဆေးခန်း၌ 24 နာရီစက်ဖြင့် ထပ်မံစမ်းသပ်ရာ နှလုံးသွေးကြောများ ပုံမှန်ကောင်းမွန်နေကြောင်း သေချာသွားတော့သည်။
ကျွန်တော်ခံစားနေရသော ရင်ဘတ်အောင့်ခြင်းနှင့် ဘယ်ဘက်လက်မောင်းကို်က်ခြင်း ဝေဒနာများလည်း ပျောက်ကင်းသွားပါသည်။ ထို့ကြောင့် ကျွန်တော့်လို နှလုံးသွေးကြောကျဉ်းဝေဒနာ ခံစားနေရသူများအတွက် စေတနာရှေ့ထား၍ ကျွန်တော့်ကိုယ်တွေ့ဆေးနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
‪#‎ဆေးနည်းမှာ‬ -
၁- ကြွက်နားရွက်မှို နှစ်ကျပ်ခွဲသား
၂- တရုတ်ဇီးသီး ငါးလုံး
၃- ချင်း(ဂျင်း)တက် လက်တစ်ဆစ်ခန့်  နှင့်
၎- ဆားအနည်းငယ်တို့ကို
ရေဖန်ခွက် ၆ ခွက်ထည့် ၂ ခွက်ကျန်အောင်ကျိုပြီး မနက်တစ်ခွက် ညတစ်ခွက် သောက်ရုံပင်ဖြစ်ပါသည်။ ဆေးနည်းပေးသူ မိတ်ဆွေအား ကျေးဇူးအထူးတင်ပါသည်။
Credit Ko Sai
( ရန်ကုန် လမ်းမတော်လမ်း ၁၇လမ်း သံဈေးနားမှာမေးဝယ်ပါ။ )

No comments:

Post a Comment