Friday, September 30, 2016

แนวทางการรักษาโรคตับอักเสบ

โรคตับอักเสบคืออะไร

photoshop cs6 tutorial compleat version 2017 lasted

Cholesterol and food ကိုလက်စထောနဲ့ အစားအစာ

ဆရာရှင့် သမီးရဲ့အမျိုးသားက အသက် (၅၀) လူကတော်တော်ဝပါတယ်။ ပေါင်ချိန် ၂၄၈ အရပ်က ၆ ပေ ဗိုက်က တော်တော်ထွက်ပါတယ်။ သွေးအဖြေစစ်ကြည့်တဲ့ဓာတ်ပုံကိုပါ Attached File နဲ့ ပို့လိုက်ပါတယ်။ ဆရာဝန်လမ်းညွှန်တဲ့ Acozync Tablet & Garlicure Capsule ဒီဆေးနှစ်မျိုးကလည်း ၀ယ်လို့ မရဘူးဆရာ။ ဝိတ်မတက်အောင် Zifam က ထုတ်တဲ့ Lobese ကို တစ်နေ့ (၃) ကြိမ်နဲ့ Entacyd Capsule ကိုလည်း တစ်နေ့ (၃) ကြိမ် (၃) လ သောက်ခိုင်းပါတယ်။ သွေးအဖြေရလဒ်က စိုးရိမ်စရာရှိသလားဆရာ။

High Cholesterol diet (ကိုလက်စထော) များနေရင် မစားသင့်တဲ့အစားအစာတွေ
1. Fried eggs ကြက်ဥကျော်
2. Cheeseburger ချိစ်ဘာဂါ
3. Macaroni and Cheese မက်ခရော်တနီ + ချိစ်
4. Ice Cream အိုက်စခရင်မ်
5. Rib-Eye Steak အသား စတိခ်
6. Muffin မတ်ဖင်
7. Seafood ပင်လယ်စာ
8. Fried Chicken ကြက်ကြော်
9. Liver အသည်း
10. Snacks သွားရည်စာ

Food to eat စားနိုင်တဲ့ အစားအစာတွေ
1. Oatmeal, oat bran အုတ်စပါးနဲ့လုပ်ထားတဲ့အစားအစာတွေ၊
2. High-fiber foods ဖိုင်ဘာများအစားအစာတွေ၊
3. Fish and omega-3 fatty acids ပင်လယ်ငါးနဲ့ အိုမီဂါ သရီး၊
4. Walnuts, almonds and other nuts အစေ့အဆံတွေ၊
5. Olive oil သံလွင်ဆီ၊
6. Margarines, orange juice and yogurt မာဂျရင်း၊ လိမ်မော်ရည်၊ ရေဂတ်၊

Foods to lower Cholesterol (ကိုလက်စထော) နည်းစေမဲ့ အစားအစာများ
1. Flaxseed နှမ်း
2. Oranges လိမ်မော်သီးအမျိုးမျိုး
3. Beans ပဲအမျိုးမျိုး
4. Garlic ကြက်သွန်ဖြူ
5. Soy ပဲပုပ်
6. Apples ပန်းသီး
7. Almonds Almond = မက်မွန်သီး၊ (မက်မန်းသီးနဲ့တူတယ်။ ဗာဒံစေ့နဲ့ဆင်တယ်)
8. Cauliflower ပန်းမုံလာ
• Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော) http://doctortintswe.blogspot.com/2014/11/chicken-eggs.html
• High Cholesterol diet (ကိုလက်စထော) များလို့ မစားသင့်တဲ့အစားအစာတွေ http://doctortintswe.blogspot.com/2014/12/high-cholesterol-diet.html
• Cholesterol ကိုလက်စထော http://doctortintswe.blogspot.com/2014/11/cholesterol.html
• Cooking Oils စားသုံးဆီ http://doctortintswe.blogspot.com/2014/11/trans-fats.html
• Trans Fats အညာသားများဆီစားကြသည် http://doctortintswe.blogspot.com/2014/10/cooking-oils.html
• Trans Fats ကျန်းမာရေးနှင့် မသင့်သော စားသုံးဆီ http://doctortintswe.blogspot.com/2014/10/trans-fats.html
• Cholesterol and food ကိုလက်စထောနဲ့ အစားအစာ http://doctortintswe.blogspot.com/2015/03/cholesterol-and-food.html

ဒေါက်တာတင့်ဆွေ
၆-၁၂-၂ဝ၁၄

Wednesday, September 28, 2016

Betnovate (ဘက်နိုဗိတ်) လိမ်းဆေးများ
၁။ မင်္ဂလာပါဆရာခင်ဗျား ကျန်တော့်အသက် ၂၉ နှစ်ပါ။ ပုံပါဆေးကို မျက်နှာမှာ ၃ ရက် ၄ရက်လောက် လိမ်းရင် သိသိသာသာဖွေးလာပြှး ဝက်ခြံလဲပျောက်သွားပါတယ်ဆရာ။ အဲ့ဒါ အဲ့ဒီဆေးကိုစွဲလိမ်းရင် အသားအရေ ပျက်စီးတာမျိုး ဖြစ်တတ်ပါလား။ မျက်နှာမှာလိမ်းရင် အန္တာရယ်ရှိနိုင်ပါလားခင်ဗျ
၂။ ဆရာရှင့် အမည့့် (မ)။ အသက် ၃၆ နှစ်။ အိမ်ထောင် ရှိ။ သားသမီး မရသေးပါ။ Betnovate ကို မျက်နှာမှာ လူးရင် ဘာဖြစ်နိုင်ပါသလည်းရှင်။ Betnovate ကိုလိမ်းတာ နှစ်တော်တော်ကြာပြီ မျက်နှာကချောပြီး အဖုမရှိပါ။ ထိုဆေးကို၂–၃ ရက်လောက်မလိမ်ရင် အဖုများ နဲနဲစီထွက်ပြီး မျက်နှာကို ယားယံစေပါတယ်။ ထိုဆေးကို ဆက်လူးသင့်မလူးသင့် ဖြေကြားပေးပါရန်။ မျက်နှာရှိ အဖုများ၊ ယားယုံခြင်းများ မဖြစ်စေရန် မည်သည့်ဆေးကို သုံးသင့်ကြောင်း ဖြေကြားပေးပါရန်
၃။ သမီးရဲ့ ရင်သားဘေးမှာ အပူလောင်သလို အကောင်ကိုက်သလို အရည်ကြည်ဖု သေးသေးလေးတွေဖြစ်လို့ ဆေးလိမ်းလိုက်တာ ပျောက်သလိုရှိပါတယ်။ အကင်းတော့ မပျောက်သေးပါဘူး။ Venovate-n လိမ်းဆေးလိမ်းနေပါတယ်။ ဆရာဝန်လဲ မပြရဲဘူးဆရာရယ်။
Betnovate (ဘက်နိုဗိတ်) လိမ်းဆေးတွေဟာ ဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရပြီး လူသုံးလည်းများတဲ့ လိမ်းဆေးဖြစ်တယ်။ Cream (ခရင်မ်) Ointment (အွိုင်းမင်းန်) Lotion (လိုရှင်း) ဆိုတဲ့ လိမ်းဆေးအမျိုးမျိုးရှိတယ်။ ပါတာက Betamethasone ဖြစ်တယ်။ အပြင်ကနေ ပေးလို့ရတဲ့ Corticosteroids (ကော်တီကိုစတီရွိုက်) ဆေးအမျိုးအစားဖြစ်တယ်။ သုံးကြည့်ရင် ချက်ချင်းဆိုသလို ခံစားနေရတာတွေ သက်သာစေတယ်။ ဒါပေမဲ့ သတိထားစရာတွေ အများကြီးရှိတယ်။ Betnovate, Betnovate C, Betnovate N နာမည်တွေနဲ့လာတယ်။
(ကော်တီကိုစတီရွိုက်) ဆေးဆိုတာ (အင်ဖလ်မေးရှင်း) ရောင်ရမ်းဖြစ်စဉ်ကို သက်သာစေတာမျိုး ဖြစ်တယ်။ ရောင်ရမ်းဖြစ်စဉ်ကို ဖြစ်စေနိုင်တာတွေကတော့ (အလာဂျီ) ခေါ်တဲ့ အရေပြားကို ကလိတာ ခံစားရမှု ဆိုတာလဲ ပါတယ်။ ကိုယ်ခနာရဲ့ (အင်မြူးန်-ဆစ်စတမ်) ခေါ်တဲ့ ရောဂါပြီးစနစ်ကနေ အလိုလို ထုတ်ပေးတဲ့ ဓါတ်ကနေ အဲလိုဖြစ်စေတယ်။ ဒီဓါတ်တွေထွက်လာတော့ သွေးကြောလေးတွေ ကျယ်လာမယ်။ ဒါ့ကြောင့် နီရဲလာတယ်။ နဲနဲပူလာမယ်။ ရောင်လာမယ်။ ယားလာမယ်။ နာလာမယ်။ ဥပမာ Dermatitis အရေပြားနာတို့ Eczema နှင်းခူနာတို့။
ဒီလိုဖြစ်နေတာအပေါ်မှာ Betamethasone ဆေးလိမ်းပေးလိုက်တာနဲ့ ဖြစ်နေတာတွေကို လျှော့နည်းသက်သာစေတယ်။ ဆေးက အပြော့-အပြင်း အမျိုးမျိုးနဲ့ လာတယ်။ Betamethasone valerate 0.1% ကို အများဆုံး သုံးတယ်။ ပြင်းအား မနည်းလှဘူး။ ဒီပြင်းအားမျိုးက အနာက စိုစွပ်နေတာ၊ အဆီပြန်နေတာ၊ အရေပြားထူတဲ့နေရာမှာ ဖြစ်တာတွေအတွက် ကောင်းတယ်။
- Insect bites (အင်းဆက်) ကိုက်တာ၊
- Eczema and dermatitis နှင်းခူနာလို နာတာရှည်ပျောက်နိုင်ခဲ့တဲ့အနာမျိုး၊
- Seborrhoeic dermatitis အဆီပြန်-နီမြန်း-အဖတ်တွေကွာကျနေတဲ့ နာတာရှည်အနာမျိုး၊
- Allergic skin reactions (အလာဂျီ) ဖြစ်နေတာမျိုး၊
- Psoriasis (ဆိုရီရေးဆစ်) အနာမျိုးတွေအတွက် သုံးနိုင်တယ်။
နောက်ပြီး -
- Neurodermatitis, Lichen simplex တို့လို အရေထူထူမှာ ယားလို့ခဏခဏကုပ်မိရာကနေ ဖြစ်တာ၊
- Prurigo nodularis ခေါ်တဲ့ အရေပြားမှာ ယားလဲယားတဲ့ ခပ်မာမာအဖုလေးတွေ ထွက်တာ၊
- Lichen planus ခေါ်တဲ့ ယားတဲ့ ပြားချပ်ချပ်၊ ညိုပြာပြာ၊ လက်-ခြေ-ခါး နဲ့ လိင်အင်္ဂါနေရာတွေမှာ ပေါက်တာ၊
- Discoid lupus erythematosus (DLE) ခေါ်တဲ့ နာတာရှည် အရေပြားရောဂါ၊
- Generalised erythroderma နေရာအနှံ့မှာ နီရဲနေတာမျိုးဆိုရင် Corticosteroids ထိုးဆေး၊ စားဆေးတွေနဲ့အတူ လိမ်းဆေးပါ ပေးနိုင်တယ်။
သတိထားစရာတွေ -
အပြင်သုံးသာဖြစ်လို့ ပါးစပ်ထဲ-မျက်စိထဲ-နှာခေါင်းထဲ မဝင်စေရပါ။ မတော်တဆဝင်ရင် ရေနဲ့ဆေးလိုက်ပါ။ ဆေးကို အထူကြီးမလိမ်းရပါ။ ပါးပါးညီညီသာ လိမ်းရပါမယ်။ ဆေးကိုင်တဲ့လက်ကို ဆေးပြစ်ပါ။ ဆေးကြာကြာလိမ်းရင် လိမ်းတဲ့နေရာမှာ အရေပြားပါသွားစေမယ်။ (အဒြီနယ်-ဂလင်း) ကနေထုတ်တဲ့ ဟော်မုန်းထွက်တာ နည်းသွေားစေမယ်။ ဒါ့ကြောင့် ရေရှည်သုံးတာနဲ့ ကလေးတွေကိုသုံးတာ သတိထားပါ။ မျက်နှာကိုသုံးရင် ၅ ရက်ထက် မပိုစေပါနဲ့။ ဆေးလိမ်းတဲ့အပေါ်က ပတ္တီးမစည်းပါနဲ့။
ဒီဆေး မသုံးရမဲ့ရောဂါတွေကတော့
- တနှစ်အောက်ကလေး၊
- (ဗက်တီးရီးယား) ဝင်နေတဲ့ Impetigo အနာမျိုး၊
- Thrush မှက္ခရု၊ Ringworm ပွေး၊ Athlete's foot အားကစားသမားခြေထောက်စတဲ့ (ဖန်းဂတ်စ်) မှိုရောဂါတွေ၊
- Chickenpox ရေကြောက်၊ Herpes simplex ရေယုံ စတဲ့ (ဗိုင်းရပ်စ်) ရောဂါတွေ၊
- Acne ဝက်ခြံ၊ Acne rosacea ဝက်ခြံတမျိုး၊ Acne vulgaris ဝက်ခြံတမျိုး၊
- Skin ulcers အရေပြား အနာ၊
- Perioral dermatitis ပါးစပ်ဘေးမှာပေါက်တဲ့အနာ၊
- အရေပြား တီဘီ၊
- လိင်အင်္ဂါ-စအိုဘေးက ယားတဲ့ရောဂါ နဲ့
- Nappy rash ကလေးအနှီးကြောင့်နီရဲတာတွေဖြစ်တယ်။
- ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်မှာ မသုံးသင့်ပါ။ ဆရာဝန်က အသေအခြာ ညွှန်မှသာ သုံးရပါမယ်။
Betacap scalp application, Betesil plaster, Betnovate RD cream/ointment, Betnovate scalp application, Bettamousse, Diprosone cream/ointment, Diprosone lotion တွေမှာ အလားတူးဆေးပါနေတယ်။
Betnovate-C နဲ့ Betnovate-N တွေဟာ antimicrobials ပိုးသေဆေးတွေနဲ့ ရောထားတာတွေ ဖြစ်တယ်။
- Betnovate-C = Betamethasone valerate + Clioquinol
- Betnovate-N = Betamethasone valerate + Neomycin
Betnovate-C Cream ထဲမှာ ရောင်ရမ်းဖြစ်စဉ်ကိုတားတာ၊ အလာဂျီရလို့ဖြစ်တာကိုသက်သာစေတာ၊ ခုခံအားကို နှိမ်ပေးတာ၊ ဗက်တီးရီးယားကိုသေစေတာ၊ ဖန်းဂတ်စ်ခေါ် မှိုကိုသေစေတာ။ လိမ်းတဲ့နေရာ အရေပြားကို သက်ရောက်စေတာတွေ ဖြစ်စေတယ်။ Betnovate N ထဲမှာ ဗက်တီးရီးယားကိုသေစေတာပါတယ်။
Clioquinol ဆိုတာ antifungal (ဖန်းဂတ်စ်) နဲ့ antibacterial (ဗက်တီးရီးယား) တွေကိုနိုင်တယ်။ Neomycin ဆိုတာ (ဗက်တီးရီးယား) ကိုနိုင်တယ်။ ဆေးပေးသင့်တဲ့ အနာရောဂါတွေမှာ (ဖန်းဂတ်စ်) နဲ့ (ဗက်တီးရီးယား) တွေပါဝင်နေတာမျိုးအတွက်သုံးရတယ်။
ဘေးထွက်ဆိုးကျိုးတွေ
- အရေပြားကို ယားသလို၊ ပူလောင်သလို၊ ကလိသလိုခံစားရမယ်၊
- အရေပြားပါးမယ်၊
- အရေပြား အရောင်ပြောင်းမယ်၊
- အရေပြားအစဉ်းကြောင်းတွေပေါ်မယ်၊
- သွေးကြေားသေးသေးလေးတွေ စုဝေးတာဖြစ်မယ်၊
- ကိုယ်မွှေး ပိုပေါက်မယ်၊
Dr. တင့်ဆွေ
၂၆-၁၂-၂ဝ၁၁
၂၈-၁၁-၂ဝ၁၅
၂၈-၉-၂ဝ၁၆

Lung Cancer and Papaya အဆုပ်-ကင်ဆာ နဲ့ သင်္ဘောရွက်

ကျွန်မ အဖေမှာ ကင်ဆာရောဂါ ရှိနေတာ (၃) နှစ်ကြာပါပြီ။ ပထမဆုံး ဆေးစစ်ရင်း အဆုတ်မှာ အနာဖြစ်တာတွေ့တော့ စင်္ကာပူမှာ သွားခွဲပါတယ်။ အဆုတ်ရဲ့ ၃ ပုံ ၁ ပုံကို ခွဲထုတ်ပြီး အကုန် ကောင်းသွားပါတယ်။ ဒါပေမယ့် ၃ လ တစ်ခါဆေးသွားစစ်ရင်း ၉ လကြာမှာ ကီမို (၆) လုံး ၁၂ ကြိမ် စင်္ကာပူမှာ ထိုးရပါတယ်။ ၆ လကျော်ကျော်ကြာသွားပါတယ်။ သွေးစစ်ခါနီး သင်္ဘောရွက်ရည် သောက်ပါတယ်။

ပြန်လာပြီး ၈ လလောက်ကြာတဲ့အခါမှာ ချုပ်ရိုးမှာ အကျိတ်ထွက်လို့ (့) မှာ ပြန်ခွဲပါတယ်။ ခွဲပြီး ၆ လကြာတဲ့အခါ ချိုင်းမှာ အကျိတ်ထွက်လာပါတယ်။ ဒါပေမယ့် အဖေက ထပ်မခွဲတော့ဘူး ဆိုပြီး အခု ၁ နှစ်ကြာတော့ အလုံးက ဂေါက်သီးလုံးလောက် ကြီးလာပါတယ်။ ဆရာဝန်နဲ့ပြတဲ့အခါ ခွဲရမယ် ၂ လ ကြာရင် ခွဲမရတော့ဘူး ပြောပါတယ်။. အဖေက မခွဲချင်ဘူးဖြစ်နေတယ်။ အသိဆရာဝန်တွေနဲ့ တိုင်ပင်တော့ ဘယ်သူမှ မခွဲခိုင်းတော့ မတိုက်တွန်းရဲဘူး။ အဖေက ဘာမှမလုပ်ချင်ဘူးပြောတယ်။ ဘယ်လို လုပ်ရမလဲ ဓါတ်ကင်ရင် မြန်မာပြည်မှာ တန်းဆီရတယ် ဆိုတော့ စင်္ကာပူ သွားဓာတ်ကင်ချင်တယ်။ ဒါပေမယ့် သူတို့ဆီမှာ ဘာမှမကုရသေးဘူး ဆေးစစ်တာနဲ့တင် သိန်း ၆ဝ လောက် ကုန်သွားတယ်။ သိချင်တာက ဘာမှမစစ်နဲ့ ဓါတ်ကင်ပေးပါဆိုရင် လုပ်ပေးပါ့မလား။ ဘယ်လို လုပ်ရင်ကောင်းမလဲ။ အဖေ အသက်က ၆၇ နှစ်ရှိပါတယ်။ အခု အဖေက ကြည့်လိုက်ရင် လူကောင်း အတိုင်းဘဲ နည်းနည်းမောတယ်၊ ကျင်တယ်၊ အစားမပျက်သေးပေမယ့် ပိန်သွားတယ်။ တရားကိုတနေ့ ၂ ကြိမ် ထိုင်ပါတယ်။

ကင်ဆာ ဖြစ်နေတာအတွက် (ဆောရီး) ပါ။ လူမှုရေး အားပေးစကား မဟုတ်လို့ ဆရာဝန့်အပြောဟာ အားမနာတတ်သူက စကားပြောတာလိုတော့ ဖြစ်နေမယ်။ နောက်ထပ် (ဆောရီး) ပေါ့ဗျာ။

အမေရိကားမှာတော့ ယောက်ျား-မိန်းမ ကင်ဆာကြောင့် သေဆုံးရတဲ့ စာရင်းမှ ထိပ်ကရှိတယ်။ သူတို့ဆီမှာ ၅ နှစ်အထိ အသက်ရှင်နှုန်း ၁၆% ရှိတယ်။ ယှဉ်ကြည့်ရင် ရင်သား-ကင်ဆာ = ၈၉%၊ အူမကြီး-ကင်ဆာ = ၆၅%၊ ဆီးကျိတ်-ကင်ဆာ = ၉၉% ရှိကြတယ်။ ဆေးလိပ်နဲ့ သိသိသာသာ ဆက်စပ်မှုရှိတယ်။

ဘယ်လောက်အထိ ကောင်းနေမလဲဆိုတာ ကင်ဆာ အမျိုးအစား၊ ဘယ်နေရာမှာ စဖြစ်တယ်။ ဘယ်အထိ ပြန့်နေတယ်၊ ဘာတွေ ခံစားနေရတယ်။ လူနာရဲ့ ကိုယ်ခံကျန်းမာရေး ဆိုတဲ့အချက်တွေအပေါ် မူတည်တယ်။

Small cell lung cancers (SCLC) နဲ့ Non-small cell lung cancers (NSCLC) ဆိုပြီး ၂ မျိုးရှိတယ်။ SCLC က ပိုဆိုးတယ်။ ရောဂါနာမည်တပ်ပြီး ဆေးမကုရင် ၃-၄ လအထိသာခံတယ်။ ဓါတ်ကင်တာနဲ့ ဆေးပေးတာကို သက်ရောက်မှု ကောင်းတယ်။ ပြန့်တာ မြန်လို့ ဆရာဝန်ဆီရောက်ချိန်မှာ တခြားနေရာတွေထိ ရောက်နေတာမို့ ခွဲစိတ်လဲ မထူးတာများတယ်။ ၅ နှစ်မက နေရသူ ၅-၁ဝ% ရှိတယ်။

NSCLC က ပိုသက်သာတယ်။ ဒါပေမဲ့ ဆေးကုသတာကို တုံ့ပြန်မှုတော့ သိပ်မကောင်းဘူး။ သေးသေးလေးဆိုရင် ခွဲစိတ်ထုတ်ပြစ်မယ်။ ၅ နှစ်မကရှင်သူ ၇၅% ရှိတယ်။ ဓါတ်ကင်လို့ ကောင်းသွားသူ အနည်းအပါးရှိတယ်။ ခံစားနေရတာရှိရင်လဲ သက်သာစေမယ်။ အသက်လဲကြီးလို့ ဆေးဘဲပေးရသူတွေအတွက် အသင့်အတင့်သာ တိုးတက်စေနိုင်တယ်။

သင်္ဘောရွက်ကို ဆေးအဖြစ် အသုံးချခြင်း
၁။ Acne ဝက်ခြံပျောက်ချင်ရင် သင်္ဘောရွက်ကို နေမှာအခြောက်လှန်းပြီး ချေပေးပါ၊ ရေနဲ့ရောပြီး မျက်နှာမှာ လိမ်းပေးပါ။

၂။ Digestion အစာချေ အားပေးတယ်။ သင်္ဘောရွက်မှာပါတဲ့ Karpain ဓါတ်ဟာ အစာချေရာမှာ အနှောက်အယှက်ပြုတဲ့ ပိုးမွှားတွေကို သေစေတယ်။ သင်္ဘောရွက်ထဲမှာပါတဲ့ Papain နဲ့ Chymopapain ဓါတ်တွေက Pepsin (အင်ဇိုင်းမ်) နဲ့တူလို့ အစာချေအားပေးတယ်။ အစာချေ ကောင်းစေချင်လို့ သင်္ဘောရွက်-ရေနွေးကြမ်းလုပ်ရင် အပူချိန် ၁၅ဝ ဒီဂရီ ဖါရင်ဟိုက်သာ ရှိစေသင့်တယ်။ ရေဆူမှတ်ဆိုတာ ၂၁၂ ဒီဂရီဖြစ်တယ်။

၃။ Appetite အစာ စားချင်စိတ်ပိုစေမယ်၊ အထူးသဖြင့် ကလေးတွေ၊ သင်္ဘောရွက်အစိမ်းကို ရေနွေးထဲမှာ ဆားနဲနဲထည့်ပြီး သောက်စေပါ။

၎။ Dengue fever သွေးလွန်တုပ်ကွေး သက်သာစေမယ်၊ သင်္ဘောရွက် ၅ ရွက်ကို ရေလီတာဝက်နဲ့ ပြုတ်သောက်ပါ။

၅။ Menstrual pain ရာသီလာချိန် နာတာ-ကိုက်တာ သက်သာစေမယ်၊ သင်္ဘောရွက် + မန်ကျီးရွက် + ဆား + ရေ ရောပြီး ပြုတ်သောက်ပါ။

၆။ Cancer ကင်ဆာအတွက် သင်္ဘောပင်ကထွက်တဲ့ အစေးဟာ ဆေးတန်ခိုးရှိတယ်။ ရင်သား၊ အဆုပ်၊ သရွက်ရွက်၊ သားအိမ်ဝ၊ အသဲကင်ဆာတွေအတွက် သုံးနိုင်ကြတယ်လို့ ဖလော်ရီဒါ တက္ကသိုလ်က သုတေသန လုပ်သူတွေက ဆိုပါတယ်။ ကင်ဆာအတွက် သုံးသူတွေက သင်္ဘောရွက်ခြောက်ကို ပြုတ်ပြီး ရေနွေးကြမ်းလုပ် သောက်ရတယ်။ ကင်ဆာအတွက် Dried papaya leaf extract အရွက်ခြောက်က Papaya leaf tea အရည်ထက် ပိုစွမ်းတယ်လို့ ဆိုသူတွေကဆိုတယ်။

၇။ Mentally alert စိတ်ပိုင်းမှာ ပိုပြီး လန်းဆန်းနေတယ်။ ဘာအစာမှ စားမထားချိန်သုံးရင် Euphoric စိတ်ထဲမှာ ပိုပျော်နေမယ်။

သွေးကျဲဆေးတွေဖြစ်တဲ့ Coumadin, Aspirin တွေသောက်နေရသူတွေနဲ့ သင်္ဘောရွက် မသင့်ဘူး။ ကိုယ်ဝန်ရချင်သူတွေနဲ့လဲ သင်္ဘောရွက် မသင့်ဘူး။

ဆေးကုဌာနတွေ အခြေအနေကို ဝေဖန်တာသာ တတ်နိုင်ပါတယ်။ လူနာအတွက် အားမဖြစ်လို့ မပြောချင်လှပါ။ အခမဲ့ကုသနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မဟုတ်လို့ ငွေရေးကြေးရေးက ထိပ်ကနေတဲ့ ခေတ်ကြီးမှာ ဆေးရုံပိုင်သူတွေရော လူနာတွေပါ အတူတူ လူဖြစ်နေကြရတယ်။

ဒီအဆင့်မှာ ချင့်ချိန်စရာတွေ ပိုလာတယ်။ ဆရာဝန်တွေက ဆေးပညာတခုထဲ ကြည့်မယ်။ လူနာရှင်တွေက မိဘ-ဆွေမျိုး သံယောဇဉ်နဲ့ ဝတ္တရားတွေကို ကြည့်ကြရတယ်။ လူနာကိုယ်တိုင်က သူခံစားနေရတာတွေ သိမယ်၊ သူ့ သား-သမီး-ဆွေမျိုးတွေရဲ့ ဝတ္တရားတွေကိုလဲ တွက်ဆမယ်။ သူ့တရားကိုလဲ အားကိုးပါလိမ့်မယ်။

• Lung Cancer (1) အဆုပ် ကင်ဆာ (၁) http://dts-medicaleducation.blogspot.com/2011/11/lung-cancer.html
• Lung Cancer (2) အဆုပ် ကင်ဆာ (၂) http://dts-medicaleducation.blogspot.in/2012/07/lung-cancer.html
• Diet and cancer ကင်ဆာ နဲ့ အစားအစာ http://dts-medicaleducation.blogspot.com/2012/01/diet-and-cancer.html ကိုလည်း တွဲဖတ်ပါ။

Dr. တင့်ဆွေ

Sunday, September 25, 2016

Nyunt Aung's photo.Nyunt Aung's photo.
Nyunt Aung added 4 new photos. #သားအိမ်အတွင်းအကျိတ်
(ဆေးမြီးတို)

မသိသေးသူများအတွက်ပါ
သားအိမ်အတွင်းအကျိတ်ဖြစ်
လျှင် အောက်ပါအတိုင်း ဆေးစပ်
ရပါမည်။

၁။ တပင်တိုင်မြနန်းဥ ၅ ကျပ်သား
၂။ ရှားစောင်းလက်ပတ်၂၅ ကျပ်သား
၃။ထန်းလျက် ၁၀ ကျပ်သား
၎။ ရေ ၂၅ ကျပ်သား
တို့ကိုရော၍ မီးနွေးနွေးဖြင့်
ပျစ်အောင်ကျို ။ အအေးခံ။ဟင်းစား
ဇွန်းဖြင့် တဇွန်း တရက်(၂)ကြိမ်
သောက်ပါ။
တလခန့် သောက်ရမည်။
တပင်တိုင်မြနန်းအရွက်ဖြင့်အနာများ
အပေါ်ကပ်ထားပါက အကျက်မြန်။
အသားနုတက်မြန်ပါသည်။
(တိုင်းရင်းဆေးမြီးတို

Saturday, September 24, 2016

ကျေးဇူးပြုပြိး ဤ Page လေးအား ထပ်ဆင့်ထပ်ဆင့် Share ပေးကျပါ ရှင့်
သွေးလွန်တုပ်ကွေးနဲ့အုန်းစိမ်းရည်
သွေးလွန်တုပ်ကွေးဖြစ်ရင် ကိုယ်ပူမကျတာ၊
ဂျိုင်းကြားကိုစမ်းကြည့်ရင်မီးခဲလိုပူတာ၊ အော့
တာအန်တာ၊ ခေါင်းမူးတာ၊ ကော်ဖီရောင်အန်
တာ ၊နှာခေါင်းသွေးကျတာ ၊သွေးပေါင်ကျတာ၊
ခြေဖျားလက်ဖျားရေခဲလိုအေးစက်သွားတာ၊
ဝမ်းအမဲရောင်တွေသွားတာ၊ သွေးလန့်တာ၊
သွေးပေါင်ချိန်နဲ့လက်မောင်းကိုစမ်းကြည့်ရင်
အစက် အပျောက်ကလေးများ
များပြားစွာထွက်လာခဲ့တဲ့ လက္ခဏာ တွေကိုတွေ့ရပါတယ်။

အဲသည်လိုသွေးလွန်တုပ်ကွေးဖြစ်ခဲ့ရင် အရင်
ဆုံးလုပ်သင့်တာက၊အုန်းစိမ်းရည်(ဇွန်းခြစ်)
ခေါ်တဲ့အဆင့်ကိုအပင်ကပစ်မချပဲကြိုးနဲ့ချပါ၊
အုန်းစိမ်းအုန်းသီးကိုအပင်ကပစ်ချလိုက်ရင်
အုန်းရည်ချဉ်သွားတတ်ပါတယ်၊ကြိုးနဲ့ချရင်ချို
တဲ့အုန်းရည်ကိုရပါတယ်၊အုန်းရည်ရခဲ့ရင်
ပထမဆုံးသွေးလွန်တုပ်ကွေးလူနာ
ကိုရေပတ်တိုက်ပါ၊ပြီးရင် အုန်းရည်ကို
နည်းနည်းချင်းစတိုက်ပါ
အန်ချင်စိတ်ပျောက်ပြီးတဖြေးဖြေးလန်းလာပါ
မည်၊ကိုယ်ပူရှိန်လဲလျော့ကျလာမည်။သနပ်ခါး
နံသာဖြူသွေးထားသောအရည်ကျဲအား
လူနာတစ်ကိုယ်လုံးခဏခဏလိမ်းပါ၊
အပူသက်သာပြီး
လန်းလာမည်။ အုန်းရည်လဲခဏခဏတိုက်ပေး
ပါ၊ နှာခေါင်းသွေးကျရင်ရပ်သွားမည်၊ အအန်လဲ
ပျောက်သွားမည်၊သွေးပေါင်ချိန်ပြန်တက်လာမည်၊လူနာတည်ငြိမ်လာမည်။အစာစားချင်လျင်
ဆန်ပြုတ်အရည်ကျဲကျဲတိုက်နိုင်သည်။မကြာ
ခင်လူနာမှာနှစ်နှစ်ချိုက်အိပ်ပျော်တတ်ပြီး၊အိပ်ရာမှနိုးလျင်လူကောင်းခဲ့သို့
လန်းဆန်းနေပါမည်။
၂၄နာရီကျော်လျင်ပုံမှန်အခြေအနေ
သို့ပြန်ရောက်သော်လည်း စိတ်ချရအောင်၃ရက်ဆက်ကာ
အုန်းစိမ်းရေကိုသောက်ပေးပါ၊
ထို့ကြောင့် အုန်းစိမ်းရေသည် သွေးလွန်တုပ်
ကွေးရောဂါအတွက်အကောင်းဆုံးဆေးဓါတ်စာ
တစ်ခုဖြစ်သည်ကိုလေ့လာတွေ့ရှိရပါသည်။
ဤကုထုံးသည်ဒေသနာနည်းဖြစ်အပူအအေးခွဲ
ခြားကုသောကုထုံးလဲဖြစ်ပါသည်။
Credit to original writer
Image may contain: food
Comment

Friday, September 23, 2016

Common Oral Mucosal Lesions ခံတွင်း-ပါးစပ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေ
၁။ ဆရာ သမီးကောင်လေးက ကွမ်းစာပါတယ်။ တနှစ်ကျော်လောက်ဘဲရှိသေးတယ်။ အခု ကွမ်းမစားတာ သုံးရက်လေးရက်လောက်ရှိပြီ။ တရာလောက်ဘဲစားတယ်။ အခုသူ့ပါးစောင်းမှာ အဖုလေးတွေ အပူဖုလိုလေးတွေရှိလို့။ သူ့မှာ ပါးစောင်ကင်ဆာလာဆိုပြီး စိတ်တွေပူနေတယ်။
၂။ မင်္ဂလာ ပါဆရာ ကျန်တော်အသက် ၃၂ နှစ်ရှိပါပြီ။ သွားဖုံးအခြေမှာအဖြူလေးတွေဖြစ်ပြီးကွဲပြီးနာနေပါတယ်ဆရာ။ ဖြစ်တာ ၁ လလောက်ရှိပါပြီ။ ဘာဆေးသောက်ရမလဲဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါအုံးဆရာ။
၃။ ဆရာရှင့် ကျွန်မက ပါးစောင်လေးဖက်လုံးမှာ မှိုတွေလိုဖြူဖြူတွေ (အနီရောင်ရော) ဖြစ်နေတာ တစ်နှစ်လောက်ရှိပါပြီ။ အပူအစပ်စားရင် အပူနာလိုမျိုး ဖြစ်သွားပါတယ်။ အခု Fame ကထုတ်တဲ့ Tomatac နဲ့ Completet သောက်နေပါတယ်။ လိမ်းဆေးကတော့ miconarzole cream လိမ်းရပါတယ်။ ကြာရင် ကင်ဆာဖြစ်သွားမယ်ပြောပါတယ်။ ကျွန်မက သူများ ပြောတာတွေနဲ့ စာအုပ်မှာဖတ်ရလို့ မင်းဂွတ်သီးကို အစေ့အခွံအားလုံးကြိတ်ပြီးတော့ လုံးလုံးလေးလုပ်ပြီး အေးခဲခန်းမှာ သိမ်းထားပါတယ်။ အဲ့ဒါကိုလည်းသောက်ပါတယ်။ ကင်ဆာပျောက်တယ်ဆိုလို့ပါ။ သောက်လို့ရပါသလား။ ကျွန်မအနာဟာ ဘာကြောင့်ဖြစ်ပြီး ပျောက်ကင်းဖို့ ကြာဦးမှာလားသိချင်ပါတယ်ဆရာ။ ဆေးသောက်နေတာ လေးလ ရှိပါပြီ။
၎။ ကျွန်မအမျိုးသားကအသက် ၃၃ နှစ်ရှိပါပြီ။ သူ့ရဲ့အောက်နှုတ်ခမ်းအတွင်းဖက်မှာအဖုလေးတဖုပေါက်လာတာ ၂ လလောက်ရှိပါပြီ။ အဲဒိအဖုက အအေးသောက်ရင် မသိသာပေမဲ့အပူနဲ့ထိမိရင် စတော်ပဲစေ့လောက် ကြီးလာပါတယ်။ အရည်အိတ်လိုပုံစံမျိုးပါပဲ။ တခါလဲအရည်ပေါက်ထွက်ပါတယ်။ ပြီးတော့ အကျိတ်ပြန်ဖြစ်ပါတယ်။ ဆေးခန်းတော့ မပြဖြစ်သေးပါဘူးဆရာ။ အသိဆရာဝန်တယောက်ကိုမေးကြည့်တော့ ကင်ဆာလက္ခဏာနဲ့ တူတယ်ဆိုလို့ ကျွန်မတို့ နှစ်ယောက်လုံးစိုးရိမ်မိပါတယ်ဆရာ။ နာတာကျင်တာတော့မရှိဘူးလို့ပြောပါတယ်။ ဆေးစစ်ဖို့က နောက်လလောက်မှ လုပ်ဖြစ်မှာမို့ လောလောဆယ် ဆရာ့ဆီကိုစာရေးအကူအညီတောင်းရတာပါ။ ဘာရောဂါဖြစ်နိုင်လဲသိချင်ပါတယ်ရှင်။
ပါးစပ်-ခံတွင်းထဲမှာအများဆုံးဖြစ်တတ်တဲ့ ရောဂါအခြေအနေ (၁၂) ခုကိုရွေးရေးပါမယ်။ တခြားဟာတွေလဲရှိသေးတယ်။
1. Leukoplakia အဖြူကွက်
2. Palatal or Mandibular Torus အရိုးဘုများ
3. Inflammation or irritation ရောင်ရမ်းဖြစ်စဉ် နဲ့ မသင့်တာနဲ့ထိတွေ့ခြင်း
4. Irritation fibroma ခဏခဏထိမိရာကနေအတွင်းထဲမှာအသားမာလိုဖြစ်ခြင်း
5. Fordyce's granules ချွေးထွက် (ဂလင်း) တွေကပါးစပ်ထဲရောက်နေခြင်း
6. Hemangiomaသွေးကြောအပိုပွါးခြင်း
7. Inflammatory ulcer ရောင်ရမ်းအနာများ
8. Papillomas (ပက်ပလိုမား) အသားပို
9. Epulisfissurata (အိပြူလစ်)
10. Varicosities သွေးပြန်ကြောဖေါင်းနေခြင်း
11. Thrush မှက္ခရုနာ
12. Angular stomatitis ကျီးကန်းပါးစပ်နာ
1. Leukoplakia အဖြူကွက်
ဖြူနေတဲ့အကွက်ကို ပိတ်ကျဲစနဲ့ပွတ်ပေးလဲပျောက်မသွားဘူး။ ကင်ဆာနဲ့ ကင်ဆာမဟုတ်တဲ့ အနာမျိုးနဲ့လဲမဆိုင်ဘူး။ ဆေးလိပ်သောက်သူ၊ အရက်သောက်သူ၊ ခံတွင်းပိုးဝင်ခံရသူ၊ နေရာတခုမှာကွက်ပြီးကိုယ်နဲ့ မသင့်တာနဲ့ တွေ့ထားသူ၊ (ဆစ်ဖလစ်)၊ ဗီတာမင် (အေ) နည်းခြင်း၊ ဟော်မုန်းအပြောင်းအလဲ၊ ဓါတ်ရောင်ခြည်သင့်ခြင်း၊ လျှပ်စစ်စီးကြောင်းတွေကနေ ဖြစ်စေတယ်။ အသက်ကြီးသူတွေမှာ (၄ဝ ကျော်) အဖြစ်များတယ်။ ယောက်ျားတွေက မိန်းမတွေထက် ပိုဖြစ်တယ်။ လျှာ၊ ပါးစောင်၊ အထက်-အောက် ပါးစောင်အချိုင့်နေရာတွေမှာ လူတဝက်လောက် ဖြစ်တယ်။ ကျန်တဲ့နေရာတွေကအာခေါင်၊ အောက်နုပ်ခမ်း၊ လျှာအောက်နေရာတွေမှာ ဖြစ်တယ်။ ဖြူပြီး၊ နဲနဲကြည်နေမယ်၊ ထူမယ်၊ စဉ်းကြောင်းတွေရှိနိုင်တယ်၊ အသီးလိုလဲဖြစ်နိုင်တယ်၊ မာတင်းနေတာလဲ ဖြစ်နိုင်တယ်။ မျက်နှာပြင် ချောတာ၊ ကြမ်းတာဖြစ်နိုင်တယ်။ အဖြူ၊ ဝါစိမ်းစိမ်း၊ ဆေးလိပ်သောက်သူဆိုရင် ညိုတိုတိုဖြစ်နိုင်တယ်။
(အက်စ်ပရင်) သောက်လို့လည်းဖြစ်နိုင်တယ်။ မသေခြာရင် အသားစ ဖြတ်ယူစစ်ဆေးရမယ်။ ၄-၆% မှာ ကင်ဆာ ဖြစ်တတယ်။ Erythroplakiaနီနေတာမျိုးကဆိုးတယ်။ ကိုက်မိ-ထိခိုက်မိတာ၊ သွားအတွက် အပိုပစ္စည်းထည့်တာက အဆင်မပြေတာ၊ သွားအဆင်မပြေပေါက်နေတာတွေကိုစစ်ရ-ပြင်ရမယ်။ ဗီတာမင် အေ နဲ့စီသောက်ရင်အကျိုးရှိစေမယ်။
2. Palatal or Mandibular Torus အရိုးဘုများ
ကင်ဆာမဟုတ်တဲ့ အရိုးကနေဖြစ်တဲ့ မာနေတဲ့ဘုတွေကိုခေါ်တယ်။ ဖြေးဖြေးကြီးလာမယ်။ အနေရလဲမခက်လှပါ။ အပေါ်ယံအဖုံးလွှာအနာဖြစ်တတ်တယ်။ Palatal torus အာခေါင်ကဖြစ်တာဆိုရင် အမာပိုင်းအလည်မျဉ်းမှာ ဖြစ်တတ်တယ်။ အမျိုးသမီးတွေမှာပိုဖြစ်တယ်။ Mandibular torus မေးရိုကနေဖြစ်တာဆိုရင် ရှေ့ပိုင်းအံသွားဘေးမှာ အဖြစ်များတယ်။ ၈ဝ% ဘယ်-ညာဖြစ်တာများတယ်။ အသက် ၃ဝ အောက်များတယ်။ ကုသစရာမလိုပါ။ ခွဲလိုက်ရင်လဲ ရတယ်။
3. Inflammation or irritation ရောင်ရမ်းဖြစ်စဉ် နဲ့ မသင့်တာနဲ့ထိတွေ့ခြင်း
ရောင်ရမ်းဖြစ်စဉ်နဲ့ မသင့်တာနဲ့ ထိတွေတာမျိုးတွေကကိုယ်ကိုယ်ကိုကာကွယ်တဲ့သဘောကနေ ဖြစ်လာတယ်။ ပါးစောင်မှာ အထက်သွားတန်းနဲ့ အောက်သွားတန်းကြားမျဉ်းကြောင်းအဖြူရောင်လိုလဲ ဖြစ်တတ်တယ်။ လိုအပ်ရင်ခွဲထုတ်ပြစ်နိုင်တယ်။ မသေခြာရင် အသားစဖြတ်ယူစစ်ဆေးရမယ်။ ဖြစ်စေတဲ့အကြောင်းရင်ကိုဖယ်ရှား-ကုသလိုက်ရင် အလိုလိုပျောက်မယ်။ Denture stomatitis သွားအတုကအဆင်မပြေလို့ဖြစ်တယ်။ အသက်ကြီးပြီး Complete maxillary dentures သွားအတုတပ်ထားသူတွေထဲက ၆၅% ဖြစ်တယ်။ Nystatin suspension or cream ဆေးလိမ်းပေးနိုင်တယ်။
4. Irritation fibroma ခဏခဏထိမိရာကနေအတွင်းထဲမှာအသားမာလိုဖြစ်ခြင်း
ခဏခဏထိမိရာကနေအတွင်းထဲမှာအသားမာလိုဖြစ်တာ။ ပါးစောင်၊ လျှာဘေးအနား၊ အောက်နုပ်ခမ်းတွေမှာ အဖြစ်များတယ်။ မနာဘူး။ ခပ်တင်းတင်းရောပွစိစိပါ ဖြစ်နိုင်တယ်။ ဖြစ်တဲ့အဖုကဘေးနေရာထက် အရောင်ပြော့တယ်။ ကြာရင် အနာဖြစ်လာနိုင်သေးတယ်။ ၁ စင်တီမီတာထက် မကြီးဘူး။ အသက်အရွယ်မရွေးဖြစ်တယ်။ သူ့အလိုလို မပျောက်ရင် ခွဲထုတ်ရမယ်။ ပြန်ဖြစ်တာလဲရှိမယ်။ လျှာပေါ်မှာဖြစ်တာဆိုရင်တော့ Neurofibroma, Neurilemmoma or Granular cell tumor တွေ မဟုတ်တာသေခြာအောင် လုပ်ရမယ်။ ပါးစပ် အောက်နုပ်ခမ်းနဲ့ ပါးစောင်မှာဆိုရင် Lipoma, Mucocele or Salivary gland tumor တွေ မဟုတ်တာသေခြောစေရမယ်။ ရှားပါးတဲ့ Benign neoplasms of Mesenchymal origin ကိုလဲဖယ်ထုတ်ရမယ်။ ခွဲထုတ်ပြီးစစ်ဆေးဘို့ လိုတာတွေဖြစ်တယ်။
5. Fordyce's granules ချွေးထွက် (ဂလင်း) တွေကပါးစပ်ထဲရောက်နေခြင်း
ချွေးထွက် (ဂလင်း) တွေကပါးစပ်ထဲနေရာလွဲရောက်နေတာဖြစ်တယ်။ အစုလိုက်များတယ်။ တခုနဲ့တခုရောထွေးနေတာလဲ ဖြစ်တယ်။ အံဆုံးတွေဘေးမှာဖြစ်တယ်။ ဘယ်-ညာ ဖြစ်နိုင်တယ်။ အောက်နုပ်ခမ်း၊ လျှာ၊ သွားဖုံး၊ အာခေါင်တွေမှာလဲ ဖြစ်နိုင်တယ်။ အသက် ၂ဝ-၃ဝ မှာအဖြစ်များတယ်။ Candida albicansမှိုကြောင့်ဖြစ်တာကဂွမ်းစနဲ့ ရှင်းပေးတာပျောက်မယ်။ ဒါတွေကတော့ မပျောက်ဘူး။ ဆေးကုသဘို့လဲမလိုပါ။
6. Hemangiomaသွေးကြောအပိုပွါးခြင်း
သွေးကြောတွေ အပိုပွါးခြင်းကမွေးရာပါဖြစ်တယ်။ ပြားချပ်ချပ်နေတယ်၊ မဟုတ်ရင် နဲနဲဖေါင်းနေမယ်။ အနီရောင် ဒါမှမဟုတ် နီပြာပြာဖြစ်တယ်။ အနားသတ်မတိကျဘူး။ နှုပ်ခမ်း၊ လျှာ၊ ပါးစောင်၊ အာခေါင်တွေမှာဖြစ်တယ်။ သူ့ကိုခိုက်မိတတ်တယ်။ အနာဖြစ်လာနိုင်တယ်။ ပိုးဝင်လာနိုင်တယ်။ အမျိုးသမီးတွေမှာပိုဖြစ်တယ်။ သူ့အလိုလိုပျောက်တာ များတယ်။ Surgery, Sclerosing agents, Cryotherapyနည်းတွေနဲ့ ကုနိုင်တယ်။ ကင်ဆာမဟုတ်ပါ။ ကုသလိုက်ရင် ပြန်မပေါ်ပါ။
7. Inflammatory ulcer ရောင်ရမ်းအနာများ
(က) Aphthous (အက်ဖ်သပ်စ်-အာလ်ဆာ)
အတော်နာတယ်။ ပြန်ပြန်ဖြစ်တယ်။ တခုမကလဲဖြစ်နိုင်တယ်။ ၂ဝ-၆ဝ% သောလူတွေမှာ ဖြစ်ကြတယ်။ ဘာလို့ ဖြစ်တယ်ဆိုတာ အတိအကျမသိရဘူး။ Immunologic, Microbiologic and Nutritional factors တွေကို စဉ်းစားကြတယ်။ (၃) မျိုးခွဲနိုင်တယ်။
(၁) သာမန်အနာ = ခံတွင်းမှာနေရာတကာဖြစ်တယ်။ ၁ဝ ရက်အတွင်းပျောက်သွားမယ်။ ပြန်ဖြစ်နိုင်တယ်။
(၂) Major aphthous ulcers ကပိုကြီးတယ်။ ၂ စင်တီမီတာလောက်အထိရှိမယ်။ ပျောက်အောင် အချိန် ၆ ပါတ် ယူတယ်။
(၃) Herpetiform ulcers အမျိုးအစားကတော့ ၁-၂ ပါတ်ကြာရင် ပျောက်တယ်။ အရည်ကြည်အဖုလေးကနေစဖြစ်ပြီးမှ အနာဖြစ်လာတယ်။ Crohn's disease, Neutropenia and Sprueရောဂါတွေကိုလဲစစ်ဆေးသင့်တယ်။ ပျောက်ဆေးဆိုတာ မရှိပါ။ ဒါပေမဲ့ သက်သာအောင် Topical steroids (0. 5% Hydrocortisone) (စတီရွိုက်) ဆေး လိမ်းပေးနိုင်တယ်။ သိပ်ဆိုးသူတွေကို (စတီရွိုက်) ဆေးပါးစပ်ကနေသောက်ခိုင်းတယ်။ Tetracycline mouth wash (Achromycin V Oral Suspension) ဆေးနဲ့ ပါးစပ်ကိုဆေးတာလဲအကျိုးရှိတယ်။ Chlorhexidinegluconate oral rinse (Peridex) ဆေးသုံးတာလဲသက်သာတယ်။
ဒီအနာ မြန်မာလူမျိုးအတော်များများကြီးကိုတွေ့ဘူးတယ်။ ရေသောက်တာတောင် နာတယ်။ အားနည်းနေချိန်၊ စိတ်ဖိစီးမှု များနေချိန်၊ ခရီးထွက်ရလို့ အစား၊ ဝမ်းသွားမမှန်သူတွေ၊ ဝမ်းချုပ်သူတွေမှာ ဖြစ်တယ်လို့ ယူဆတယ်။ ထုံဆေးလိမ်းဆေး လိမ်းရင် ခဏနဲ့ထုံသွားပြီးစားလို့ရတယ်။ တနပ်တခါထပ်လိမ်းရတယ်။
(ခ) Traumatic ulcers ထိခိုက်ရာကအနာဖြစ်ခြင်း
ကိုက်မိတာ၊ သွားအတုအဆင်မပြေတာ၊ သွားတိုက်တံနဲ့ခိုက်မိတာ၊ သွားအချွန်နဲ့ထိခိုက်မိတာ၊ မသင့်တာကို စားမိ-သောက်မိတာတွေကနေ ဖြစ်စေတယ်။ သူ့အလိုလိုပျောက်တယ်။ မြန်တယ်။ မပျောက်နိုင်ရင် ကင်ဆာကိုစစ်ဆေးပါ။
8. Papillomas (ပက်ပလိုမား) အသားပို
တချို့ ခံတွင်းအသားပိုက ကြွက်နို့ဖြစ်စေတဲ့ Papillomavirus (ဗိုင်းရပ်စ်) မျိုးကွဲကနေဖြစ်စေတယ်။ ဖြစ်နေပေမဲ့ ဘာမှ မခံစားရဘူး။ ၁ စင်တီမီတာလောက်သာကြီးတယ်။ တခုတည်းဖြစ်တာများတယ်။ ပါးစပ်ထဲဘယ်နေရာမှာဖြစ်ဖြစ် ဖြစ်နိုင်ပေမဲ့ အာခေါင် အပျော့နေရာမှာအဖြစ်များတယ်။
9. Epulisfissurata (အိပြူလစ်)
သွားအတုကနေဖြစ်စေတယ်။ (ဖိုက်ဘရပ်-တစ်ရှူး) တွေ အပိုဖြစ်တာ။ သွားအတုအသစ်လဲဘို့လိုမယ်။ ခွဲစိတ်တာလဲ လိုနိုင်တယ်။
10. Varicosities သွေးပြန်ကြောဖေါင်းနေခြင်း
သွေးပြန်ကြောတွေဖေါင်းနေတာ။ လျှာအောက်မှာဖြစ်တာများတယ်။ ပါးစောင်နဲ့ ပါးစပ် နှုတ်ခမ်းမှာလဲ ဖြစ်နိုင်တယ်။ ပြာနေတယ်။ ဖိလိုက်ရင် သွေးစီးလျှောက်တာမြင်ရမယ်။ ဆေးကုစရာမလိုပါ။
11. မှက္ခရုနာ Thrush (Oral candidiasis)
Moniliasis လို့လဲခေါ်တယ်။ ရေးခဲ့တဲ့ (၁ဝ) မျိုးကလူကြီးတွေမှာဖြစ်ပြီး မှက္ခရုနာက ကလေးမှာသာဖြစ်တယ်။ ကလေးမှာတောင် နို့တိုက်အရွယ် ကလေးငယ်တွေ။ လျှာ၊ အာခေါင်၊ ပါးစောင်တွေမယ် အဖြူဖတ်တွေ ဖြစ်ပြီး၊ ဘေးက နီနေတယ်။ နာတယ်၊ နို့စို့ရ၊ အစာစားရခက်တယ်။ ကလေးရဲ့ လျှာကို အဝတ်သန့်သန့်လေးကို လက်ညှိုးမှာပါတ်ပြီး အဖြူဖတ်တွေ ရှင်းပေးပါ။ မိခင်နို့ကိုအမြဲသန့်နေပါစေ။ လိုအပ်ရင် Nystatin Oral Suspension 4-6 mL တနေ့ ၄ ကြိမ် တိုက်ပါ။
12. Angular stomatitis ကျီးကန်းပါးစပ်နာ
ကျီးကန်းပါးစပ်နာကို Angular stomatitis (Cheilosis or Angular cheilitis) လို့ ခေါ်တယ်။ ပါးစပ်-ဒေါင့်စွန်း နှစ်ဖက်လုံးမှာ ဖြစ်တာများတယ်။ ကွဲကြောင်းလေးတွေ ဖျာထွက်လာမယ်။ သွေးထွက်တတ်တယ်။ အနာအထိ ဖြစ်နိုင်တယ်။ အနာကနေမှိုပိုးဝင်လာရင် Candida albicans (Thrush) ဖြစ်မယ်။ ဗက်တီးရီးယားလဲဝင်နိုင်တယ်။
• Vitamin B 2, Riboflavin ဗီတာမင် ဘီ (၂)၊ ဆေးသောက်ပါ။ ကြွယ်ဝစာစားပါ။ နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ်။ Vitamin C ရအောင် စိမ်းတဲ့ အသီးအရွက်-အသီးအနှံတွေလဲစားပါ။
• မှိုကြောင့်ဖြစ်ရင် Antifungal creams မှိုအတွက်လိမ်းဆေးNystatin, Imidazoles, Bifonazole, Clotrimazole, Econazole, Ketoconazole, Nizoral®, Miconazole, Tioconazoleတခုခုသုံးနိုင်တယ်။ Antifungal drug မှိုအတွက်စားဆေးImidazoles, Allylamines
• Clotrimazole and Betamethasone, Nystatin and Triamcinolone Acetonideစတီရွိုက်နဲ့ ရောထားတဲ့ဆေး သုံးနိုင်တယ်။ 1% Hydrocortisone လဲလိမ်းနိုင်တယ်။ ရေယုံဆိုရင် မသုံးပါနဲ့။
1. Aphthous ulcer and Fissured tongue လျှာနာ အာနာ http://doctortintswe.blogspot.com/…/aphthous-ulcer-and-fiss…
2. Herpes Simplex ရိုးရိုးရေယုံ http://dts-medicaleducation. blogspot. in/2011/11/herpes-simplex.html
3. Tongue diseases လျှာနာများ http://dts-medicaleducation. blogspot. in/2013/11/tongue-diseases. Html
4. Thrush (Oral candidiasis) မှက္ခရုနာ http://dts-medicaleducation.blogspot.com/…/thrush-oral-cand…
5. Fungal infections (2) မှိုအမျိုးမျိုး ဆေးအမျိုးမျိုး (၂) http://dts-medicaleducation.blogspot.com/2010/10/fungus.html
6. Common Oral Mucosal Lesions ခံတွင်း-ပါးစပ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေ http://dts-medicaleducation.blogspot.com/…/common-oral-muco…
7. Tongue diseases လျှာနာများ http://doctortintswe.blogspot.com/20…/…/tongue-diseases.html
Dr. တင့်ဆွေ
Image may contain: one or more people and closeup

Thursday, September 22, 2016

คนสู้โรค : อาหารบำรุงตับ (16 ส.ค 59)

9 hrs ·
                       @၁၉။ကယ်​တင်​ရှင်​ (မှို)
အသက်​အာမခံ ကုမ္ပဏီကြီးတစ်​ခုတွင်​ သင်္ကာမကင်းဖွယ်​ဖြစ်​စဉ်​တစ်​ရပ်​ကို သတိပြုမိကြသည်​။
တစ်​နှစ်​​ကျော်​ကာလအတွင်း ကွယ်​လွန်​သူသုံးဦးအတွက် ​ အသက်​ဖိုး​ငွေ ထုတ်​ယူသည့်​ (ဆက်​ခံခွင့်​ရှိသူ)ဇနီးမှာတစ်​ဦးတည်းဖြစ်​​နေသည်​။ခင်​ပွန်းဆုံးပါး၍ ၆ လအကြာ၌ ဒုတိယခင်​ပွန်းအတွက်​အသက်​ဖိုး​ငွေကိုထုတ်​ယူသည်​။နောက်​ ၆ လအကြာ၌ တတိယခင်​ပွန်းအတွက်​ လာ​ရောက်​ထုတ်​ယူပြန်​​လေသည်​။
ဤCASE ကို ကုမ္ပဏီမှ စီမံခန့်​ခွဲသူကိုယ်​တိုင်​ ကိုင်​တွယ်​၏။ထိုအမျိုးသမီးနှင့်​လက်​ထပ်​လိုက်​သည်​။
ရန်​သူ့နယ်​​မြေတွင်​ အကူအ​ဖေါ်မပါတစ်​ဦးတည်းတိုက်​ပွဲဝင်​ရသကဲ့သို့ အရာရာကိုသတိထားရသည်​။သူမ​ကျွေး​မွေးသည့်​စား​သောက်​ဖွယ်​များကိုလည်း စားဟန်​ပြု၍ သိုဝှက်​သိမ်းဆည်းကာ ဓာတ်​ခွဲခန်းသို့ပို့ရသည်​။
တစ်​လ​ကျော်​ခန့်​တွင်​သဲလွန်​စ ရလာသည်​။သူမ​ကျွေးသည့်​​ပေါင်​မုန့်​​၌ လက်​မတစ်​စိတ်​(0•1 inch)ခန့်​ရှိ​သောဆံပင်​စ အနည်းငယ်​ကို​နေ့စဉ်​​တွေ့ရခြင်းဖြစ်​သည်​။ပမာဏ အနည်းငယ်​သာဖြစ်​​သော်​လည်း ​အစ့အိမ်​တွင်းသို့နေ့စဉ်​​ရောက်​ရှိ၍ ၆ လအချိန်​ဆိုပါက အန္တရာယ်​​ပေးနိုင်​​လေသည်​။
သို့ဖြစ်​၍ သက်​ဆိုင်​ရာမှုခင်းတာဝန်​ခံများက ယခင်​ ခင်​ပွန်း ၃ ဦး၏ ရုပ်အ​လောင်းများကို ပြန်​လည်​​ဖေါ်ယူစစ်​​ဆေး​သောအခါ အစာအိမ်​နံရံ၌ ဆံပင်​စများစိုက်​၍ ​သေဆုံးခြင်းဖြစ်​​ကြောင်း​စစ်​​ဆေး​တွေ့ရှိရသည်​။
ဤသို့ဖြင့်​အဆိုပါအမျိုးသမီးကို ကြိုတင်​ကြံစည်​၍ လူသတ်​မှုဖြင့်​အ​ရေးယူနိုင်​ခဲ့ကြ​လေသည်​။
ဆံပင်​ကား ခန္ဓာကိုယ်​၌ အခိုင်​မာဆုံးဖြစ်​သည်​။ ရုပ်အ​လောင်းများ၌ အသားအရိုးတို့​ဆွေး​မြေ့သည့်​တိုင်​ ဆံပင်​များမှာခိုင်​ခန့်​​နေဆဲဖြစ်​သည်​။ ဆံပင်​(ကြိုး)အချင်း (0•5)လက်​မ ရှိလျှင်​အ​လေးချိန်​တစ်​တန်​ကို ​ကောင်းစွာ​တောင့်​ခံနိုင်​သည်​ဆို၏။
သို့ဖြစ်​​လေရာ ဝက်​သားစားသုံးမှုများ​သော တရုတ်​လူမျိုးတို့ သည်​ယင်းဖြစ်စဉ်​ကဲ့သို့ကြုံ​တွေ့ရဖွယ်​ရှိ၏။ဝက်​၏အ​မွေးအမျှင်​များသည်​ လည်း ဆံပင်​ကဲ့သို့ပင်​ကြမ်းတမ်းကြသည်​။ဝက်​​ထောင်​မှူးသည်​ဝက်​​မွေးကို ဒါးထက်​ထက်​ဖြင့်​ ရိတ်​သင်​သည်​သာရှိ၏။အ​ခေါက်​တွင်​အ​မွေးများကျန်​ရစ်​၏။ စားသုံးသူကလည်း ဇာဂနာဖြင့်​​ပြောင်​စင်​​အောင်​နှုတ်​ပစ်​လေ့မရှိ​ပေ။ဝက်​​ခေါက်​ကိုနူး​ အောင်​ချက်​​သော်​လည်းအ​မွေးများက မနူးမ​ကြေပါ။ ယင်းတို့သည်​အစာအိမ်​တွင်းသို့​ရောက်​​သောအခါ အစာအိမ်​နံရံကို ဒုက္ခ​ပေးသည်​သာဖြစ်​၏။
သို့​သော်​ ဒုက္ခမကြုံကြရ။ သူတို့၏ဟင်းလျာများ၌ မှို​ခြောက်​ များပါဝင်​​လေ့ရှိကြသည်​။မှိုများရှိ 胶冻 ​jiao dong ခေါ်ပျစ်​ချွဲဓာတ်​( jelly )များက ထိုအ​မွေးအမျှင်​များကိုလုံး​ထွေးယူငင်​ကာ အစာ​ဟောင်းအဖြစ်​ စွန့်​ပစ်​​ပေး​သော​ကြောင့်​ဖြစ်​၏။
ထို​ကြောင့်​ပင်​တရုတ်​နိုင်​ငံ၌ အစာအိမ်​ကိုဒုက္ခ​ပေးနိုင်​​သော အ​မွေးအမျှင်​ အမှုံအ​မြှေးများနှင့်​ပါတ်​သက်​​နေရ​သော သိုး​မွေး ချည်​မျှင်​ အထည်​ စပါးအဝယ်​ဒိုင်​ စသည့်​လုပ်​သားများအားနှစ်​ပါတ်​လျှင်​ မှို ၂ ​ပေါင်​ကျ ​ရောင်းချ​ပေးကာ မဖြစ်​မ​နေစားသုံး​စေသည်​။
မြန်​မာနိုင်​ငံ၌လည်း စပါးဒိုင်​ဝန်​ထမ်းများအနက်​ ကျန်းမာ​ရေးသုတရှိသူများက စပါးအမှုံအ​မြှေးများ၏ရန်​မှ ကာကွယ်​ကုစားရန်​ ငှက်​​ပျောသီးမှည့်​ကို​နေ့စဉ်​စားသုံး​လေ့ရှိကြသည်​။ငှက်​​ပျောသီးထက်​ မှိုက ပျစ်​ချွဲဓာတ်​ ပိုမိုပါဝင်​ပါသည်​။
မှို​ခြောက်​သည်​လည်း မှိုအစိုကဲ့သို့ပင်​ ပျစ်​ချဲဓာတ်​ (jelly)များအပြည့်​အဝ ပါရှိသဖြင့်​ ရက်​သတ္တ နှစ်​ပါတ်​အတွင်းမှို​ခြောက်​ ငါးကျပ်​သား ( မှိုအစိုဖြစ်​က ငါးဆယ်​သား )မျှ စားသုံး​ပေးခြင်းဖြင့်​ အ​မွေး၊အမျှင်​၊အမှုံ၊အ​မြှေး၊ဖုံမှုန့်​များအစာအိမ်​တွင်း ဝင်​​ရောက်​ဒုက္ခ​ပေးခြင်းကို ကာကွယ်​​ပေးနိုင်​သည့်​အပြင်​ အသားအ​ရေ တွန့်​ရှုံ့ခြင်းကိုလည်း ​လျှော့ချ​ပေးနိုင်​​သည်​။
သို့ဖြစ်​လေရာ (အသားအ​ရေ) တွန့်​စပြု​သော ငါးဆယ်​​ကျော်​သက်​များအတွက်​လည်း အရွယ်​တင်​နုပျို​စေရန်​ အသုံးဝင်​လှ​ပေသည်​ ။ upper fungi ​ခေါ် စား၍ရ​သော မှို၊အဆိပ်​အ​တောက်​မဖြစ်​​စေ​သောမှို အားလုံးကိုသုးံး​ဆောင်​နိုင်​ပါသည်​။အင်​ဥ သည်​လည်းမှိုတစ်​မျိုးပင်​ဖြစ်​သည်​။

Liver Tonics အသဲအားဆေး

ဆရာ Hamalaya က ထုတ်တဲ့ Liv 52 ကို ဘယ်လိုထင်လဲ။ အိန္ဒိယကထုတ်တာလေ။ ရန်ကုန်မှာစဝင်နေပြီ။

အသဲရောဂါတွေက များလာ၊ များတာတွေထဲမှာ ဆိုးတာတွေလဲပါ၊ အရက်သေစာကလဲ မလျှော့တဲ့ပြင် မိန်းကလေးတွေပါ သောက်လာနေကြတယ်။ အရက်မသောက်လဲဖြစ်တဲ့ အသဲရောဂါတွေလဲရှိတယ်။ လိင်လမ်းနဲ့ သွေးကနေကူးစက်တဲ့ အသဲရောင်ပိုးတွေက အင်မတန်ဆိုးလှတယ်။ ဒါကြောင့် ဘယ်ကနေဖြစ်ဖြစ် ဖြစ်လာသမျှဟာ အသဲမှာ နောက်ဆုံးဘူတာ ဆိုက်ပါတယ်။ အသဲရောင်တာတွေ၊ အသဲအဆီဖုံးတာ၊ အသဲခြောက်တာ၊ အသဲအလုပ်ကောင်းကောင်းမလုပ်နိုင်တာ၊ အသဲနာတာရှည်ရောင်တာနဲ့ နောက်ဆုံးအသဲကင်ဆာအထိ ဖြစ်တယ်။

စိုးရိမ်သူတွေက အသဲအားဆေးဆိုတာကို အားထားချင်လာကြတယ်။ အသဲကို ကောင်းစေတဲ့ ဆေးတွေ၊ နည်တွေဆိုရာ ရေးကြပါတယ်။ တချို့ဆိုရင် စနစ်တကျ ရေးထားကြတယ်။ ရောင်းအားလဲ ကောင်းလှပါတယ်။

Liver Tonics အသဲအားဆေးတွေဆိုတဲ့ ဟာဘယ်နဲ့ အာယုဗေဒဆေးတွေကတော့ အများကြီးရှိပါတယ်။
• Amaladi as Ayurvedic Liver Tonic
• Ayuliv Liver Tonic
• Gayaliv Herbal Liver Tonic
• Hepamits Syrup
• Herbal Capsules for Liver Disorders
• Jaundice Syrup
• Livatone Plus
• Liv.52
• Liver Care Ayurvedic Medicine
• Liver Syrups
• Liver Tonic
• Liver Tonic - Liv 333
• Liver Tonic - V-Liv Syrup
• Milk Thistle 150mg - 40 Softgels
• Multi Vitamin Liver Tonic
• Pharmaceutical Syrup
• Sylimarin Liver Tonic
• Unani Syrup for Liver
• Veliv Syrup
• V-Liv Syrup For Liver Care

• အသဲအလုပ်တွေကို အားပေးတဲ့ ဆေးမဟုတ်တဲ့နည်းလမ်းတွေထဲမှာ အစားအသောက်က အရင်လာပါတယ်။ သကြားဓါတ် မသင့်ပါ။ အလွယ်ဝယ်ရတဲ့ ခေတ်ပေါ်သွားရည်စာတွေ မသင့်ပါ။ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေ သင့်ပါတယ်။
• Amino acids အမိုင်နိုအက်စစ်တွေလိုတယ်။
• Antioxidants အင်တီအောက်ဆီဒင့်ဆေးသင့်တယ်။
• Vitamin C ဗီတာမင် (စီ) ကောင်းပါတယ်။
• Vitamin E ဗီတာမင် (အီး) လဲ ညွှန်းကြတယ်။
• Carotenoids ကာရိုတင်နွိုက်လဲ ညွှန်းကြတယ်။
• ဗီတာမင် (ဘီ) အုပ်စုကတော့ ကောင်းပါတယ်။ (Vitamin B1), (Vitamin B2), (Vitamin B3), (Vitamin B5), (Vitamin B6), (Vitamin B 12), (Vitamin B 9), Biotin နဲ့ Inositol တွေပါတယ်။
• Lecithin နဲ့ Zinc သွပ်ဓါတ်တွေလဲ လိုမယ်။
• Green tea ရေနွေးကြမ်းကိုလဲ ဆေးအဖြစ်ညွှန်းတာလဲရှိပါတယ်။

တကယ်တန်းပြောရရင် အသဲအားဆေးတွေကို အားကိုးထိုက်တယ်လို့ မပြောနိုင်ပါ။ ဆောရီး။ အသဲမှာ တခုခုဖြစ်လာရင် အရက်ကတော့ လုံးဝဖြတ်ရပါမယ်။ အသဲရောဂါမဖြစ်အောင်ရှောင်ပါ။ ဖြစ်လာရင်လဲ စနစ်တကျ ဆေးစစ်၊ ဆေးကုသပါ။

ဒေါက်တာတင့်ဆွေ
၂-၃-၂ဝ၁၄

ရဲယို နှင့် ဆေးဖက်အသုံးဝင်ပုံ


* မြန်မာ ~ ရဲယို
* အင်္ဂလိပ် ~Noni
* ရုက္ခဗေဒအမည် ~Morinda Citrifolia
* ပေါက်ရောက်ရာဒေသ~မြန်မာနိုင်ငံ အနှံ့အပြား ။
~အီကွေတာနှင့်နီးသော
အပူပိုင်းဒေသများ ။
~ဟာဝိုင်ယီကျွန်းအပါအ၀င် ပစိ
ဒေသ အပူပိုင်းကျွန်းများ ။

* ရဲယို၌ပါဝင်သော ဆေးဖက်ဝင် ဓာတုပစ္စည်းများကို (၁၉၇၂) ခုနှစ်၌ ဟာဝိုင်ရီတက္ကသိုလ်ပါမောက္ခ ဒေါက်တာ ဟိုင်နက်ကီ (Dr. Heinicke) ကစတင်တွေ့ရှိခဲ့ပြီး
" Xeronine" (ပရိုတင်းတွေရဲ့ မော်လီကျူးတည်ဆောက်ပုံ တွေကို ပိုကောင်းသောအနေအထားရောက်အောင် ပြုပြင် ပေးသောဓာတ်) ဟု အမည်ပေးခဲ့ဧ။် ။


* ကမ္ဘာပ်ါတွင် ဟာဝိုင်ယီကျွန်းသူ/သားများသည် အပေါ်ပိုင်းအ၀တ်မပါသဖြင့် ခရမ်းလွန်ရောင်ခြည်သင့်မှု
ကြောင့် " အရေပြားကင်ဆာ" ဖြစ်ပွါးနှုန်းများကြဧ။် ။ နောက်ပိုင်း၌ သဘာဝအလျှောက်ပေါက်သော " ရဲယိုသီး" ကို အရည်ညှစ်သောက်ခြင်း၊ အသီးအတိုင်းစားပေးခြင်း ဖြင့် " အရေပြားကင်ဆာ" ကာကွယ်နိုင်ကြောင်း သိရဧ။် ။

* ရဲယို၌ပါဝင်သော "Xeronine" ဓာတ်က ခရမ်းလွန် ရောင်ခြည်ကိုစုပ်ယူပြီး ခန္ဓာကိုယ်ရှိတစ်သျှူးများကို
" ကင်ဆာဆဲလ်" အဖြစ်မပြောင်းလဲအောင် ထိရောက်စွာကာကွယ်ပေးထားဧ။် ။ ရဲယိုသီးကို မှန်မှန်စားပေးပါက " အရေပြားကင်ဆာ" ဖြစ်ပွါးရန် အလွန်နည်းပါးဧ။် ။

* (၁၉၈၆) ခုနှစ်၌ ဟာဝိုင်ယီတက္ကသိုလ် ဆေးဝါးဗေဒဌာနနှင့် ရောဂါဗေဒဌာနမှ သိပ္ပံပညာရှင်များစုပေါင်း၍ -
(၁) လူဧ။်ခန္ဓာကိုယ်ပြင်ပ ၊
(၂) တိရစ္ဆာန်များဧ။် ခန္ဓာကိုယ်အတွင်းပိုင်း၊
(၃) နောက်ဆုံးပိတ် ကင်ဆာရောဂါဝေဒနာရှင်များကို
ရဲယိုဖြင့်စမ်းသပ်ရာ ရဲယိုသီးသည် ခန္ဓာကိုယ်ပြင်ပရှိ " ကင်ဆာဆဲလ်" များ မပြန့်ပွါးအောင် ထိန်းချုပ်ပေးနိုင်
ကြောင်းသိရပါဧ။် ။

* ဂျပန်သိပ္ပံပညာရှင်တို့ဧ။် စမ်းသပ်ချက်အရ -
(၁) ကင်ဆာဝေဒနာရှင်များ နာကျင်မှုဝေဒနာ ခံစားရ ခြင်းကို ရဲယိုကများစွာ သက်သာစေခြင်း။
(၂) လူနာအား မော်ဖင်း၊ ပက်သဒင်းထိုးပါက အိပ်၍ အစားမစားသောကြောင့် ပိန်ချုံး၍ ခုခံအားကျဆင်း
လာရာ ရဲယိုကိုသောက်သောအခါ လူနာသည်နာကျင် မှုမရှိရုံသာမက စိတ်ရွှင်လန်းပြီး အစာစားနိုင်ခြင်း
ခုခံအားတက်လာခြင်း။
(၃) ဓာတ်ရောင်ခြည်ကုသခံ လူနာများအား၎င်း၊ ဓာတုဆေးဝါးများနှင့် ကုသခံလူနာများအား၎င်း ရဲယိုကို
ဖြည့်စွက်စာအဖြစ် အသုံးပြုစေခဲ့ရာ ဓာတုနည်းများကြောင့် နောက်ဆက်တွဲဆိုးကျိုး ဝေဒနာများကို
အထူးလျှော့နည်းပြီး ရဲယိုက "ကင်ဆာရောဂါ" ပျောက်ကင်းအောင် များစွာအထောက်အကူပြု၍
( အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ဧ။်) ဆေးရုံအတော်များများတွင် ကင်ဆာဝေဒနာရှင်များအား ရဲယိုကို ဖြည့်
စွက်စာအဖြစ် စားစေကြောင်းသိရဧ။် ။

{ စားသုံးရန်နည်း}
~~~~~~~~~~~
* ရဲယိုဧ။် အသီးရော အရွက်ပါဆေးဖက်ဝင်ဧ။် ။ အသီးကိုစားပါက အစိမ်းရောင်မှ အ၀ါရောင်မပြောင်းမီအချိန်သည် ဆေးဖက်အ၀င်ဆုံး ဖြစ်ပါဧ။် ။ အသီးကို ထန်းလျက်၊ သကြားတို့နှင့် တွဲဖက်စားသုံးနိုင်ဧ။် .
* ရဲယိုကို အသီးအတိုင်းစားခြင်း၊
* ရဲယိုပါဝင်သောဆေးဝါး၊ ဖျော်ရည်များသောက်ခြင်း
မှတ်ချက်။ ၄င်းတို့အား အစာမစားမီ နာရီဝက်ကြိုတင်စားသုံးရန်။ အစာစားပြီးမှသောက်ပါက အစာစားပြီးနောက်မှထွက်လာသော အစာခြေရည်များသည် ရဲယို၌ပါဝင်သော
"Xeronine" ဓာတ်ကို ပျက်စီးစေနိုင်ဧ။် ။

* ရဲယိုကို အရက်၊ ကော်ဖီ၊ နွားနို့၊ လက်ဖက်ရည်တို့နှင့် တွဲမသောက်ရန်၊( သောက်ပါက "Xeronine" ဓာတ်
တွေကို အူနံရံကစုပ်ယူရာ၌ အဟန့်အတားဖြစ်စေဧ။် ။

* သို့ပါ၍ ကင်ဆာဝေဒနာရှင်များ ရဲယိုကိုတွဲဖက်စားသုံးပါက ကင်ဆာပြန့်ပွါးမှုနည်းသွားခြင်း၊ နာကျင်မှုဝေဒနာသက်သာစေခြင်း၊ အာဟာရဓာတ်ပြည့်ဖြိုးလာပြီးခုခံအားစနစ်ပြန်လည်ကောင်းမွန်ခြင်း၊ ကိုယ်စိတ်နှလုံးရွှင်လန်းလာစေခြင်း စသောအကျိုးတရားများကို ရရှိနိုင်ပါသည်။

{ ညွှန်း} Dr. ခင်မောင်လွင် (FAME) သဘာဝမှရသော
ကျန်းမာရေးသုခ ဆေးဆောင်းပါးမှ ကောက်နှုတ်
ဖော်ပြပါသည်။

Nandar Myint @ မြန်မာ့ဆေးဖက်ဝင်အပင်များ

ကင်ဆာဝေဒနာရှင်များ ရဲယိုသီး စားသုံးပါ


ရဲယိုသီးကို အခြေခံပြီး ထုတ်လုပ်ထားသည့် ဆေးတောင့်များနှင့် ဖျော်ရည်များ သုံးစွဲခြင်းသည် ကင်ဆာရောဂါ ဝေဒနာရှင်များ အတွက် အကျိုးများစွာ ရှိနိုင်ကြောင်း  ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာ သန်းထွန်းက ပြောသည်။

“ကင်ဆာရောဂါကို ကုသတဲ့အခါမှာ အသုံးပြုတဲ့ ဆေးဝါး အများစုဟာလည်း ဒီအပင်ကနေ လာတာဖြစ်တယ်။ ရဲယိုဟာ ကင်ဆာရောဂါ ကာကွယ်ကုသရေးမှာ အစွမ်းအာနိသင် အရှိဆုံးပဲ။ နောက်ပိုင်းမှာ ရဲယိုကနေ ထုတ်လုပ်တဲ့ ကင်ဆာ ဆေးစွမ်းကောင်းတွေ အများကြီး ပေါ်ထွက်လာတော့မှာ ဖြစ်တယ်” ဟု ၎င်းက ဆက်လက် ပြောသည်။ ရဲယိုသီး စားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များ ဟန့်တားစေနိုင်သည့် အဓိကရောဂါများမှာ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာနှင့် ကျောက်ကပ်ကင်ဆာများပင် ဖြစ်ကြောင်း သိရသည်။

“ရဲယိုသီးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ခုခံအားစနစ်ကို တိုးတက်အောင် ပြုလုပ်ပေးတဲ့အတွက် ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်စွမ်း ရရှိလာမှာ ဖြစ်တယ်။ ဒါကြောင့် ရဲယိုသီးစားတဲ့ ကင်ဆာ ဝေဒနာရှင်တွေဟာ ရဲယိုသီး မစားတဲ့သူထက် ပိုပြီး သက်တမ်းရှည်စွာ နေရမှာ ဖြစ်တယ်။ ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းနေတဲ့အတွက် Secondary infection လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူ ဝင်ရောက်မလာနိုင်ဖို့ကိုလည်း တားဆီးပေးနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ရဲယိုသီးကို အနောက်တိုင်းဆေးဝါး အသုံးပြုနေသည့် လူနာများလည်း အသုံးပြုနိုင်ကြောင်း ၎င်းက ဆိုသည်။ “ပင်ကို ရဲယိုသီးမှာ ပါဝင်တဲ့ အာဟာရ ဓာတ်တွေနဲ့ ဆေးဖက်ဝင် ဓာတ်ပစ္စည်းတွေကြောင့် ကင်ဆာလူနာကို ပိန်ချုံး မသွားအောင်လည်း ကာကွယ်ပေးတယ်။ ကင်ဆာဝေဒနာရှင်တွေမှာ အဓိက တွေ့ရလေ့ရှိတဲ့ နာကျင်မှု ဝေဒနာတွေကနေလည်း သက်သာအောင် ဆောင်ရွက်ပေးတယ်။ ဒါတွေအပြင် အနာအကျက် မြန်အောင်၊ ခန္ဓာကိုယ်မှာ ချို့ယွင်းမှုတွေကို ပြန်ကောင်းအောင်လည်း ပြုလုပ်ပေးပါတယ်။ ကင်ဆာ ဝေဒနာရှင်တွေ အသုံးပြုနေတဲ့ အနောက်တိုင်း ဆေးဝါးတွေကို ပိုမို အစွမ်းအာနိသင် ထက်မြက်အောင်လည်း ကူညီပေးပါတယ်” ဟု ရဲယိုသီး၏ အသုံးဝင်မှုများကို အထက်ပါ ဆရာဝန်က ဆက်လက်ပြောသည်။

ရဲယိုသီးသည် ကင်ဆာရောဂါ ကာကွယ်ရေးပိုင်းမှာရော၊ ကုသရေးပိုင်းများမှာပါ အစွမ်းထက်သည့် သဘာဝသစ်သီး ဖြစ်ပြီး၊ သူ့အတိုင်း စား၍ရသည့် အသီးဖြစ်သည့် အတွက် ဘေးထွက်ဆိုးကျိုးများလည်း မရှိသလောက် နည်းပါးကြောင်း၊ မည်သည့်ကင်ဆာ အမျိုးအစားကိုမဆို ရဲယိုကို စားသုံးပါက အလွန်အကျိုးရှိကြောင်း  ဒေါက်တာ သန်းထွန်းက ထပ်လောင်း ပြောသည်။

ချစ်ဆုဆွေ
By Popular News
Shared from http://news.yatanarpon.com.mm/news/news-55208

.uiUfiAddComment .mentionsAddComment .textBoxContainer, .uiUfiAddComment .mentionsAddComment .mentionsTypeahead { width:100%; float: left;} #megaphone_story_50{display:none !important}.permalinkBody {background-color: white !important;} .permalinkBody #contentArea {border: 0px !important; width: 560px !important;} .permalinkBody .fbTimelineUFI{ margin-left: 70px !important;} .fbTimelineUFI .uiUfi .ufiItem {border-bottom: 1px solid #D2D9E7 !important} .permalinkBody .permalink_stream .uiStream .uiStreamMessage, .permalinkBody .permalink_stream .uiStream .uiStreamAttachments {padding-left: 75px !important;}

Tuesday, September 20, 2016

Myanmar Daily Star's photo.Myanmar Daily Star added 2 new photos.
July 29 ·
Share ထား လုံးဝ မမှားစေရဘူး
နှလုံးသွေးကြောကျဉ်းရောဂါအတွက် ဆေးနည်း
===============================
နှလုံးသွေးကြောကျဉ်းရောဂါအတွက် ဆေးနည်း အင်္ဂလန်မှ ပါကစ္စတန်သို့ အစည်းအဝေးအတွက် ရောက်ရှိနေသော လူတစ်ဦးသည် ရုတ်တရက် နှလုံးရောဂါကြောင့် ဆေးရုံတက်ခဲ့ရသည်။ နှလုံးခွဲစိပ် ဆရာဝန်ကြီးက ထိုလူနာကိုစမ်းသပ်ပြီး နှလုံးသွေးကြောကျဉ်းသည့် ရောဂါကြောင့် အသက်အန္တရာယ်ရှိသည့်အတွက် ခွဲစိပ်ရမည်ဖြစ်ကြောင်း၊ မခွဲစိပ်မီ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့ မှာလိုက်ပါသည်။
ထိုလူနာမှာ ဆေးရုံသို့ တစ်လကြိုတင်ငွေ Rs 225,000 ကို ပေးထား၍ ခွဲစိပ်ရက်ရောက်မည့်ရက်ကို စောင့်နေတုန်းမှာပင် သူ့ရောဂါအကြောင်းကို ပါကစ္စတန်မှ တိုင်းရင်းဆေးဆရာကြီး Hazrat Moulana Bashir Saheb ဆိုသူအား ပြောပြလိုက်ပါသည်။
ထိုအခါ ဆရာကြီး Saheb သည် သူကိုယ်တိုင် ဖော်ပေးသောဆေးကို တစ်လတိတိ လိုက်နာသုံးစွဲလျှင် ထိုရောဂါမုချ ပျောက်ကင်းမည်ဖြစ်ကြောင်း ပြောလာသဖြင့် ဆရာကြီး၏ ဆေးကို သောက်သုံးခဲ့ရာ တစ်လပြည့်သောအခါ ခွဲစိပ်ဆရာဝန်ကြီးမှာ သူ့ရောဂါကို စမ်းသပ်ကြည့်ပြီး ခွဲစိပ်စရာမလိုတော့ကြောင်း၊ ပိတ်မိနေသည့် နှလုံးသွေးကြောများလည်း ပြန်ပွင့်နေပြီး နှလုံးမှာလည်း ပုံမှန် ပြန်လည်အလုပ်လုပ်နေပြီဖြစ်ကြောင်း အံ့သြစွာ ပြောပြီး ကြိုတင်ငွေများလည်း ပြန်ပေးခဲ့ပါသည်။
ထို့ကြောင့် ငွေကုန်ကြေးကျများလွန်းလှပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရသည့် နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားနေသူများအတွက် သမားတော်ကြီး Saheb ၏ ရိုးရာဆေးမြီးတိုနည်းကို အများသိအောင် ပြန်လည်မျှဝေပေးလိုက်ပါသည်။
## ဆေးဖော်နည်း
(၁) သံပုယိုသီး (သို့မဟုတ်) ရှောက်သီးအရည် လက်ဖက်ရည်ခွက် ၁ ခွက်
(၂) ဂျင်း(ချင်း)အရည် ၁ ခွက်
(၃) ကြက်သွန်ဖြူ အရည် ၁ ခွက်
(၄) ပန်းသီးရှာလကာရည် (Apple Cider Vinegar) ၁ ခွက် (Apple Vinegar ကို City Mark ကဲ့သို့သောဆိုင်များတွင် ၀ယ်နိုင်သည်)
အထက်ဖော်ပြပါ အမယ်(၄)မျိုးကို ရောစပ်၍ မီးလျှော့ထားပြီး (၁) နာရီခန့်ကြာအောင် (သို့မဟုတ်) ၄ ခွက်တွင် ၃ခွက်ကျန်သည်အထိ ကြိုပါ။
ပြီးလျင် အအေးခံထားပါ။
ပြီးလျှင် ပျားရည်စစ်စစ် လက်ဖက်ရည်ခွက် ၃ခွက်ရော၍ နှံ့အောင်မွှေပြီး ဖန်ပုလင်းတွင် ထည့်ထားကာ သုံးဆောင်နိုင်ပါသည်။
## ဆေးသောက်ရန် အညွန်း နံနက်အိပ်ယာထ အစာမစားမီ ထမင်းစားဇွန်းအပြည့် တစ်ဇွန်းသောက်ပါ။
တစ်နေ့တစ်ကြိမ်ဖြင့် နေ့စဉ် တစ်လတိတိ သုံးစွဲသွားပါက ကျဉ်းနေသော နှလုံးသွေးကြောများ၊ ပိတ်မိနေသော နှလုံးသွေးကြောများလည်း ပြန်ပွင့်သွား၍ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာစေမည်။ ဤဆေးနည်းကို မျှဝေပေးခြင်းဖြင့် တန်ဖိုးရှိလှသော လူ့အသက်ပေါင်းများစွာတို့ကို ကယ်တင်ပေးနိုင်ကြပါသည်။
Credit . အဘမူး
လေးဘက်နာအတွက် သဘာဝဆေးကောင်းတစ်လက်
--------------------------------------------------------------
လေးဘက်နာ၊ အဆစ်မြစ်နာနှင့် အကြောရောဂါဝေဒနာများအတွက် သဘာဝဆေးနည်းကောင်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်တယ်။
ဆေးနည်း-
(၁) ရှောက်သီးတစ်ခြမ်းကို ထမင်းစားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။
(၂) ချင်း(ဂျင်းတက်)ကို ထုထောင်း၍ လက်ဖက်စားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။
(၃) သဘာဝပျားရည်စစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပါ။
(၄) ၄င်း ၃ မျိုးကို ဖန်ခွက်တစ်ခွက်ထဲတွင် အတူရောမွှေ၍ ရေနွေးချမ်းနှင့်သော်၎င်း၊ ရေအေးနှင့်သော်၎င်း မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ်သောက်ပါ။
ပျားရည်ကို သဘာဝပျားရည်၊ ရှောက်သီးကို ရှောက်ခါးသီး(တောရှောက်သီး) ဆိုလျှင် ပိုကောင်းပါသည်။
၎င်းသဘာဝဆေးကို ပုံမှန်သောက်သုံးပေးပါက အဆစ်အမြစ်နာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ အညောင်းအညာဖြစ်ခြင်းတို့မှ သက်သာပျောက်ကင်းစေပါသည်။
လူတိုင်းအနာရောဂါကင်းဝေး၍ ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
( မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော် )
နေဆိုင် (ပူတာအို)
ကိုးကား ။ ။ မြန်မာ့ရိုးရာဆေးကျမ်းများ

Sunday, September 18, 2016

ဆေးပညာ နောက်ဆုံးသုတေသန
"ကင် ဆာ ဖြစ် စေတဲ့  အစားအစာ ခုနှစ်မျိုး"
၁။ အာလူးကြွပ် ကြော်
၂။ အာလူးချောင်းကြော်
၃။ ကော်ဖီမစ် ထုပ်များ
၎။ ပိုင် ကိတ် Pie Cake (အသားသွပ်
အဆီသွပ်ကိတ်)
၅။ အကင် များ
၆။ ကွမ်းသီး ဆေးမှို များ
၇။ မြေပဲလှော် မြေပဲပြုတ်

ချစ်မိတ်ဆွေများ ရှောင် စား နိုင်ကြပါစေ
အသက် ရှည် ဘေးကင်းပါစေ။
မေတ္တာဖြင့် တောင်ကြီးသား
၎ ၂ ၂၀၁၆
Credit: ဒေါက်တာလွင် သန့်  ဆေး၂
Image may contain: text

Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး

ဘီပိုးရှိမိခင် ကလေးမွေးရင် ကလေးကို ဘီပိုးကူးစက်နီုင်ပါသလားဆရာ။ အခု ကိုယ်ဝန်က ၃၂ ပတ် ကျော်လာပါပြီဆရာ။ အဲဒါ သမီးဗိုက်အပ်တဲ့ဆရာဝန်က မွေးမွေးပြီးချင်း ကလေးဘီပိုးကာကွယ်ဆေး ထိုးလို့ရတယ်၊ တစ်သိန်းခွဲကျပ် ကျမယ်လို့ ပြောပါတယ်။ အဲဒီဆေးကိ ကလေးကို ဘီပိုးဘယ်လောက်ထိ (%) ကာကွယ်ပေးနိုင်ပါလဲဆရာ။ စိတ်ချရပါသလား။ ငါးမျိုးစပ်ကာကွယ်ဆေးထိုးရင် လုံလောက်ရဲ့လားဆရာ။

ငါးမျိုးစပ်ကာကွယ်ဆေးနဲ့ မလုံလောက်ပါ။

အသဲရောင်ရောဂါ ဘီပိုးအတွက် Hepatitis B Vaccine ကာကွယ်ဆေး အပြင် နောက်တမျိုး ရှိသေးတယ်။ ဒီဆေးမျိုးကို Globulin ခေါ်တယ်။ ကာကွယ်ဆေးလဲ မဟုတ်၊ ကုသဆေးလဲ မဟုတ်ပါ။

ကာကွယ်ဆေး မှန်သမျှဟာ ရောဂါကို ဖြစ်စေနိုင်တဲ့ ပိုးလိုမျိုးဟာကို ထိုးပေး-တိုက်ကြွေးပေးတာ ဖြစ်တယ်။ Antigen ခေါ်တယ်။ အဲဒါက ကိုယ်ထဲ (သွေးထဲ) ရောက်သွားရင် လူ့ကိုယ်ကနေ ဆန့်ကျင်တဲ့ ခုခံမှုလုပ်ပေးမဲ့ အတွင်းအား သဘောဆန်တဲ့ ဓါတ်တွေ ထုတ်ပေးလာမယ်။ ခုခံပေးမှာတွေ အလုံအလောက်ရှိတာနဲ့ ကာကွယ်ဆေး ထိုးထားသူဟာ ရောဂါကို တကယ်ဖြစ်မေမဲ့ ပိုး ဝင်လာရင် တခါထဲ တိုက်ဖျက်ပြစ်နိုင်စွမ်း ရှိတာမို့ ရောဂါ မရတော့ဘူး။ အချိန်တော့ စောင့်ရသေးတယ်။

တချို့အခြေအနေတွေမှာ ခုခံနိုင်စွမ်းဓါတ်တွေ ကိုယ်ထဲက ထုတ်ပေးနိုင်လောက်တဲ့အထိ အချိန်ကို မစောင့်နိုင်ဘူး။ အဲလို အခါမျိုး အတွက် ခုခံအားတွေကို အပြင်မှာလုပ်ထားပြီး ဆေးအဖြစ် ထိုးပေးနိုင်တယ်။ အသဲရောင် ဘီ အတွက် အဲဒီဆေးမျိုး ရှိတယ်။ ဒီဆေးထိုးလိုက်တာနဲ့ Temporarily-induced immunity ယာယီသဘောဆောင်တဲ့ ခုခံအား ရသွားစေတယ်။

• Generic Name ဆေးနာမယ် = Human Hepatitis B Immune Globulin = Hepatitis B Immune Globulin (HBIG)
• Product Name ဆိုင်တင်နာမယ်
၁။ HEP-B/ Livig-B (Pack size: 100 I.U. / 1ml vial and 200 I.U. / 2 ml vial)
၂။ HepaGam B Injection > 312 units/mL
၃။ HyperHEP B S/D Injection 220 units/mL
၎။ Nabi-HB Injection > 312 units/mL
၅။ HYPERHEP B S/D (Canada)

In the U.S. အမေရိကားမှာ ရနိုင်တဲ့ဆေးနာမယ်တွေ
* Bayhep B
* HepaGam B
* HyperHEP B
* Nabi-HB
* Nabi-HB NovaPlus

အိန္ဒိယမှာ Hepabig နာမည်နဲ့ရောင်းတယ်။ 0.5 ml (100 IU) တလုံးကို ရူးပီး ၅၈ဝဝ ပေးရတယ်။

Indications and Usage ဘာအတွက် သုံးရသလဲ
၁။ Needle stick, direct mucous membrane contact, or oral ingestion ဆေးထိုးအပ်ကတဆင့်ဝင်တာ၊ ပါးစပ်ထဲဝင်တာ၊ အနာအဆာ ရှိတဲ့နေရာကို ထိစင်မိတာ၊
၂။ Infants born to hepatitis B surface antigen (HBsAg) positive mothers ဘီပိုးရှိနေသူ မိခင်ကနေ မွေးလာမဲ့ကလေး၊
၃။ Sexual exposure to an HBsAg-positive person ဘီပိုးရှိနေသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံမိတာ၊
၎။ Recurrence following liver transplantation in HBsAg-positive patients (HepaGam B only) အသဲအစားထိုးပြီးနောက် ရောဂါပြန်ထသူ၊

Contraindications ဆေးမပေးသင့်သူများ
• Anaphylactic reaction to human globulin ဆေးမတည့်သူများ၊
• Thrombocytopenia or a coagulation disorder that would contraindicate IM injection သွေးမခဲစေတတ်တဲ့ ရောဂါ ရှိပြီး အသားဆေး ထိုးမဖြစ်သူများ၊

Dosage and Administration ဆေးဘယ်လောက်ထိုးရမလဲ
အတိအကျ ပြောရရင် ဆေးမှန်သမျှ ဆေးသောက်သူ၊ ဆေးထိုးခံသူရဲ့ ကိုယ်အလေးချိန်အပေါ် မူတည်ပြီး ဆေး အနည်း-အများ ချိန်ဆ ပေးရတယ်။
၁။ Newborns of HBsAg-Positive Mothers မိခင်က ဘီပိုးရှိနေသူကနေ မွေးလာတဲ့ကလေး IM 0.5 mL ၁၂ နာရီအတွင်းထိုးပါ။ hepatitis B vaccine ပါထိုးပေးပါ။
၂။ Acute Exposure to Blood Containing HBsAg ဘီပိုးပါနေတဲ့သွေး ဝင်မိသူများ IM 0.06 mL/kg ၂၄ နာရီအတွင်း ထိုးပါ။ Hepatitis B vaccine series သတ်မှတ်ထားတဲ့အတိုင်း ကာကွယ်ဆေး ၃ ခါထိုးပါ။ ထိုးပြီးသူဆိုရင် Booster dose တကြိမ် ထပ်ထိုးရမယ်။ အရင်က ဘီပိုးကာကွယ်ဆေး မထိုးရသူကို နောက် တလအကြာမှာ HBIG ထပ်ထိုးပါ။
၃။ Sexual Exposure to an HBsAg-Positive Person ဘီပိုးရှိသူနဲ့ လိင်ဆက်ဆံမိသူများ IM 0.06 mL/kg ကို ၁၄ ရက်အတွင်းထိုးပါ။ B vaccine ကိုလဲ ထိုးပါ။
၎။ Household Exposure to Persons With Acute HBV Infection တအိမ်ထဲနေရသူများ ကူးစက်ခံရနိုင်တယ်လို့ ယူဆရင် Infants younger than 12 months of age ၁၂ လအရွယ်အထိကလေး = IM 0.5 mL HBIG
၅။ Liver Transplantation (HepaGam B only) အသဲအစားထိုးရသူ = Adults လူကြီး IV 20,000 units/dose ထိုးပါ၊ နောက် နေ့စဉ် ၇ ရက်ဆက်တိုက်၊ နောက် ၂ ပါတ်တခါ (ခွဲစိတ်ပြီးနောက်) ၁၂ ပါတ်အထိ၊ နောက် တလ တခါ ၄ လမှစပြီးထိုးပါ။ ဆေးသွင်းနှုန်းဟာ 2 mL/min ဖြစ်ရမယ်၊ လိုအပ်ရင် 1 mL/min အထိနှေးပါ။

General Advice ဆေးအကြံပေးချက်
• ဆေးသက်တမ်း စစ်ဆေးပါ၊ အနယ်အမှုံ ပါ-မပါ စစ်ဆေးပါ။
• IM အသားဆေးသာ ထိုးပါ။ ပေါင် အထက်ပိုင်း အပြင်-ဘေးနေရာမှာ ထိုးပါ၊ ဒါမှမဟုတ် လက်မောင်းအိုးမှာ ထိုးပါ။ မွေးစကလေးကို ပေါင် အထက်ပိုင်း အပြင်-ဘေးနေရာမှာ ထိုးပါ၊ တင်ပါးနေရာမှာ ထိုးရင် အထက်ပိုင်း-အပြင်ပိုင်းမှာသာ ထိုးပါ။
• HBIG နဲ့ Hepatitis B vaccine ကို တပြိုင်ထဲ ထိုးနိုင်တယ်။ ဒါပေမဲ့ တနေရာစီမှာသာ ထိုးပါ။
• တခြားထိုးဆေးတွေနဲ့ ရောမထိုးပါနဲ့။
• Storage/Stability ထိုးဆေးကို refrigerator ရေခဲသေတာထဲမှာ အပူချိန် 36° to 46°F မှာ ထားသိုပါ။ အခဲခမ်းထဲ မထားရ။

ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးတွေ
• Hypertension; Hypotension သွေးဖိအား များနိုင်သည်၊ နည်းနိုင်သည်။
• Headache (14%) ခေါင်းကိုက်နိုင်သည်။ Malaise (6%) မအီမသာဖြစ်နိုင်သည်။ Agitation စိတ်တို-စိတ်ရှုတ်၊ Amnesia သတိမေ့လျှော့၊ Essential tremor ခြေတုံ-လက်တုံ၊ Fatigue အားယုတ်၊ Light-headedness/fainting (3%) ခေါင်ထဲပေါ့နေ၊ Pyrexia ကိုယ်ပူ။
• Angioedema; Pruritus; Rash; Urticaria အရေပြား အနီပြင်ထွက်၊ ယားယံ၊
• Presbyopia မျက်စိအနီး အာရုံမစိုက်နိုင်၊
• Nausea (4%) ပျို့ချင်၊ vomiting (2%) အန်ချင်၊ Aphthous stomatitis လျှာနာပေါက်၊ Diarrhea ဝမ်းပျက်၊ Dyspepsia အစာမကျေ၊
• Nocturia အိပ်ယာထဲဆီးသွားချင်၊
• Decreased WBC သွေးဖြူဥနည်း၊ Ecchymosis (2%) သွေးခြည်ဥ၊ Splenomegaly ဘေလုံးကြီး၊
• Erythema (12%) ဆေးထိုးတဲ့နေရာရောင်-နီ၊ Aching (4%) ကိုက်ခဲ၊ Pain နာကျင်၊
• Hyperglycemia သွေးချိုတက်၊
• Myalgia (10%) ကြွက်သားနာ၊ Joint stiffness (2%) အဆစ်နာ၊ Back pain ခါးနာ၊
• Pleural effusion အဆုပ်ထဲရေအောင်း၊ Pneumonia နူမိုးနီးယား၊
• Cold symptoms or flu (10%) တုပ်ကွေးလိုခံစား၊1. Hepatitis B Immune Globulin အသည်းရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://doctortintswe.blogspot.com/…/hepatitis-b-immune-glob…
2. Hepatitis B Prognosis (ဘီ) ပိုး အလားအလာ http://doctortintswe.blogspot.com/…/hepatitis-b-prognosis.h…
3. Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://doctortintswe.blogspot.com/…/hepatitis-b-medical-tre…
4. Hepatitis B and breastfeeding အသည်းရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/…/hepatitis-b-and-breastf…
5. Hepatitis B vaccine made from ဘယ်ကနေထုတ်သလဲ http://doctortintswe.blogspot.com/…/hepatitis-b-vaccine-mad…
6. Hepatitis B အသည်းရောင် (ဘီ) ပိုး http://doctortintswe.blogspot.com/2014/11/hepatitis-b.html
7. Pregnancy and Hepatitis B ကိုယ်ဝန် နှင့် ဘီပိုး http://doctortintswe.blogspot.com/…/pregnancy-and-hepatitis…
8. Hepatitis B and Sweating အသည်းရောင် (ဘီ) ချွေးကနေ ကူးနိုင်သည် http://doctortintswe.blogspot.com/…/hepatitis-and-sweating.…
9. Hepatitis B Incubation period http://doctortintswe.blogspot.com/…/hepatitis-b-incubation-…
10. Hepatitis B Antibody Level (ဘီ) ပိုး (အင်တီဘော်ဒီ) အနည်း-အများ http://doctortintswe.blogspot.com/…/hepatitis-b-antibody-le…
11. Hepatitis B Vaccine Guideline ဘီပိုးကာကွယ်ဆေးထိုးနည်း http://doctortintswe.blogspot.com/…/hepatitis-b-vaccine-gui…
12. Hepatitis အသည်းရောင်ခြင်း အမျိုးမျိုး http://doctortintswe.blogspot.com/2014/11/hepatitis.html
13. Liver links အသည်းရောဂါ လင့်ခ်များ http://doctortintswe.blogspot.com/2014/11/liver-links.html
ဒေါက်တာတင့်ဆွေ

Dr. တင့်ဆွေ
၂၄-၇-၂၀၀၁
သင်္ဘောရွက်နှင့် ကင်ဆာရောဂါ
ဒေါက်တာရဲလင်းအောင်
ယနေ့ ကမ္ဘာပထဝီမြေကြီးပေါ်တွင် ပေါက်ရောက်ရှင်သန်လျက်ရှိသော သစ်ပင်ဟူသမျှ ဆေးဖက်မဝင်သော အပင်ဟူ၍ မရှိကြောင်း စာပေကျမ်းဂန်အရ သိရှိရပေသည်။ သို့ရာတွင် ဆေးဖက်ဝင်သည်ကို မသိရှိ၍သာလျှင် ဆေးပင်ကို ခေါင်းအုံးပြီး ရောဂါဝေဒနာများကို ခံစားနေကြရခြင်းဖြစ်ပေသည်။ ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် သိပ္ပံပညာတိုးတက်လာသည်နှင့်အမျှ နိုင်ငံတိုင်းတွင် မိမိတို့၏ ရိုးရာဆေးပညာ (Traditional Medicine)ကနေ စနစ်တကျ သုတေသနများပြု လုပ်ပြီး ခေတ်မီဆေးပညာ၏ ဒုတိယကဏ္ဍဖြစ်သော (Alternative Medicine)အဖြစ်ကို အဆင့်ဆင့်မြှင့်တင်ကာ အသုံးချနေကြ သည်ကို တွေ့ရှိရပေသည်။
စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း မိမိတို့၏ ရိုးရာ ဆေးပညာ (Traditional Medicine)သည် ကိုလိုနီ ခေတ် နှစ်ပေါင်း ၁ဝဝ နီးပါး တိမ်မြုပ်ပျောက်ကွယ် လျက် ရှိသော မြန်မာ့တိုင်းရင်းဆေးကဏ္ဍသည် ယခုအခါတွင် မြန်မာနိုင်ငံ အစိုးရ၏ အားပေးကူညီမှု၊ မြှောက်စားမှု တို့ကြောင့် မြန်မာ့ တိုင်းရင်းဆေးလောကသည် ပြန်လည်၍ တစ်ဖန်ဦးမော့လာပြီး ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဖွယ်ရာ တိုးတက်အောင်မြင်မှုများ ရရှိလာသည်ကို တွေ့ရှိရပေ သည်။
ဒါကြောင့် ယခုအပတ် တွင် စာရှုသူ ပရိသတ်များအား ကျန်းမာရေးဆိုင်ရာ ဗဟုသုတတိုးပွားစေခြင်းအကျိုးငှာ သင်္ဘောရွက်၏ ဆေးဖက်ဝင်ပုံအကြောင်း ကို ရေးသား တင်ပြလိုက်ပေသည်။
သင်္ဘောပင်သည် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြို့ရွာဒေသအနှံ့အပြား တွင် ပေါက်ရောက် လျက်ရှိသော အပင်တစ်မျိုးဖြစ်၏။ အင်္ဂလိပ်အခေါ်မှာ (Papaya Leaves)ခေါ်ပြီး မြန်မာလိုသင်္ဘောရွက် ဟု ခေါ်ဝေါ်ကြသည်။ ဤနေရာတွင် ဗဟုသုတအဖြစ် တင်ပြလိုသည်မှာ ရခိုင်ပြည်နယ်ဒေသ ရခိုင်လူမျိုးများက သင်္ဘောပင်ကို (ပဒကာပင်)ဟု ခေါ်ဆိုကြ၏။ ယခုစာရေးသူ တင်ပြမည့် သင်္ဘောပင်(သို့)ပဒကာပင်သည် နာမည်နှင့် လိုက်ဖက်စွာ ရောဂါများကို ကာကွယ်ကုသနိုင်သည်။ အထူးသဖြင့် ကင်ဆာဆဲလ် (Cancer Cell)များကို သတ်နိုင်ပြီး ကင်ဆာရောဂါများကို ကာကွယ်ကုသနိုင်သော ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပေသည်။
ဤဆေးရွက်ကို လက်ဖက်ခြောက်အနေဖြင့် သောက်သုံးမည်ဆိုပါက အစာမကြေခြင်း၊ ရင်ပြည့် ရင်ကယ်ခြင်းရောဂါများကို ပျောက်ကင်းနိုင်၏။ (Kar pain)(ကာပိန်းဓာတ်) ပါသောကြောင့် ဗက်တီးရီး ယားပိုးများ၏ရန်ကနေ ကာကွယ်ပေးသည်။ ထို့အပြင် အစာအိမ်ရောဂါကို ဖြစ်စေနိုင်သည့်(H-Pylori bacterias) ပိုးများကို သေစေနိုင်သည်။ သင်္ဘောရွက် (သို့မဟုတ်) ပဒကာရွက်ကို နေရိပ်တွင် အခြောက်ခံထား ပြီး ရေနွေးတွင် လက်ဖက်ခြောက် အဖြစ်ထည့်၍ သောက်သုံး ခြင်းဖြင့် အူမကြီး ကင်ဆာရောဂါကို ကာကွယ်နိုင် သည်။ ဤဆေးရွက်တွင် ပါဝင်သော နို့နှစ်အရောင်အစေးသည် ကင်ဆာရောဂါ ကို ပျောက်စေနိုင်သော သတ္တိရှိပြီး ကင်ဆာ ဆဲလ်များကို သတ်နိုင် သည့် အေးဂျင့်ဓာတ်များ ပါဝင်သည့် အတွက် အစာအိမ်ကင်ဆာ၊ လည်ပင်းကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ အသည်းကင်ဆာ၊ ရင်သားကင်ဆာနှင့် အဆုတ် ကင်ဆာများကို ကာကွယ်ကုသ ပျောက်ကင်းစေနိုင်ပါသည်။
ဤသင်္ဘောရွက်ကို သောက်သုံးခြင်းဖြင့် (Side Effects)ဘေးထွက် ဆိုးကျိုးလုံးဝမရှိဘဲ (Allopathy)ခေါ် ဓာတုဗေဒ ဆေးဝါးများ၏ (Side Effect) ဘေးထွက်ဆိုးကျိုးများကို လည်း ကာကွယ်နိုင်သော သတ္တိရှိပေသည်။ ဤဆေးရွက်၏ ဆေးဖက်ဝင်ပုံကို ပြောမယုံ ကြုံဖူးမှသိဆိုသလို စာရှုသူများ ကိုယ်တိုင် ယုံကြည်စွာ သုံးစွဲခံစားကြည့်မှ သိရှိနိုင်ပေလိမ့် မည်။ စာရေးသူ အနေဖြင့် နှစ်ပေါင်းသုံးဆယ်ကျော်ကာလ ဖြတ်သန်းလာသော ဆေးကုသမှုအတွေ့အကြုံနှင့် သီအိုရီ(Theory)ပေါင်းစပ်ပြီး သင်္ဘောရွက်(သို့) ပဒကာရွက် တစ်ခုတည်း ဆေးဖက်ဝင်အသုံးပြုပုံကို တင်ပြလိုက် ရခြင်း ဖြစ်ပေသည်။
ဆေးတစ်ပင်၏ ပဉ္စငါးပါးအသုံးဝင်ပုံကို နောက်နောင် အခန့်သင့် လျှင် ရေသားဖော်ပြသွားမည်ဖြစ်သည်။ သင်္ဘော ရွက်ကို အသုံးပြုရာတွင် ဆားရည် (သို့) ရေနှင့် စင်အောင်ဆေးပြီး ကြိတ်စက်ဖြင့်ကြိတ်ကာ သတ္တုရည်ကို သောက်သုံးခြင်း၊ သုံးခွက်တစ်ခွက်တင် (ဥပမာ-စတီးလ် အိုးတွင် ရေသန့်ဘူးသုံးဘူးထည့်ပြီး တစ်ဘူးကျန်အောင် )ကျိုပြီးမှ တစ်နေ့ကို စတီးလ်ဇွန်းသုံးဇွန်းဖြင့် တစ်နေ့သုံးကြိမ် သောက်သုံးခြင်းအားဖြင့် အစားအသောက်ပျက်သူများ ခံတွင်းမြိန်စေပြီး အဖုအပိမ့် အမာရွတ်များ ကို ပျောက်ကင်း စေ၍ အရေပြားရောင်ခြင်း၊ အရေပြားရောဂါများ၊ တုပ်ကွေး ရောဂါ၊ အအေးမိနှာစေးရောဂါ၊ မီးယပ်ရောဂါ၊ ဝက်ခြံပေါက် ခြင်း၊ သွေးမတိတ်ရောဂါ၊ ဆီးကျိတ်ရောင်ရောဂါ၊ ကြက်မျက် သင့်ရောဂါနှင့် မျက်စိရောဂါဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်သည်။
ဤဆေးရွက်တွင် (Vitamin D)ဗီတာမင်ဒီဓာတ် ပါဝင်ခြင်းအားဖြင့် ပန်းနာရောဂါကို ကာကွယ်နိုင်ပြီး (Anti-oxidants)ဓာတ်တွေ ပါဝင်သည့်အတွက် နှလုံးရောဂါ၊ ကင်ဆာရောဂါများကို အထူးအထောက်အကူပြုစေနိုင် သည်။ သင်္ဘောရွက်တွင် (Amino Acids)အမိုင်နိုအက်စစ် ၅ဝ ရာခိုင်နှုန်းအထက်ပါဝင်သည့်အတွက် ပန်းနာရင်ကျပ် ရောဂါကိုကာကွယ်နိုင်ခြင်း ဖြစ်သည်။
ဤဆေးရွက်တွင် (သီရီယိုနိုင်) ဂလူးတာမတ်အက်စစ်၊ ဂလေ့ဆင်း၊ ဗေလင် ၊ လူစင်၊ ဖီနိုင်လာလာနိုင်(လိုင်စင်) ကရီတိုဖန်၊ ခရစ်တိုင်း၊ ဟတ်ဒီဒင်း၊ တိုင်ရိုမင်း၊ အလာနိုင်း၊ ပရိုလင်း၊ အက်စပါတိတ် စသည့်ဓာတ်တွေပါဝင်သည့် အတွက် လူတို့၏ ခန္ဓာကိုယ်အသားအရေ ကို နုပျိုစေသည့်အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်သည်။ သင်္ဘော ရွက်တွင် ဗီတာမင် A B C D E အပြင်(Calicium) ဓာတ်စသည့်အာဟာရ ဓာတ်များပါဝင်ပြီး (antioxidant) လုပ်နိုင်သည့်အတွက် ကင်ဆာဆဲလ်များကို တိုက်ဖျက်၍ ကင်ဆာရောဂါများကို ကာကွယ်ကုသနိုင်ခြင်းဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် စာရှုသူပရိသတ်များမှ တစ်ဦး တစ်ယောက်ဖြစ်စေ ဤဆောင်းပါးကို ဖတ်ရှုလေ့လာ၍ ရောဂါခံစားနေရသည့် ဝေဒနာရှင်များအား တစ်ထောင့် တစ်နေရာမှ ကူညီဆောင်ရွက်အားပေးနိုင်ပြီး ဘေးထွက် ဆိုးကျိုးလုံးဝမရှိသော ဤသင်္ဘောရွက် (သို့မဟုတ်) ပဒကာ ရွက်ဆေးကို ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ကြပါစေ ကြောင်း မေတ္တာစေတနာဖြင့် တိုက်တွန်းရေးသားလိုက် ရပါသည်။ ။
MOI
LikeShow more reactions
Comment

Friday, September 16, 2016

ဆီး လမ်း ကြောင်း တွင် ကျောက် တည် သည်
ဟု ဆရာ ဝန် မှတ် ချက် ပြု လျှင်
ငွေ မကုန် ။့ လယ် ကူ စွာ ကုသနည်း
ကြက် သွန် နီ ကြီး ကြီး တ လုံး အား။
ခေါင်း နည်း နည်း ဖြတ်။ အခွန် ပါး ခွါ။ ဓါး ဖြင့်
မပြုတ် ထွက် သွား အောင်။ လေး စိတ် စိတ်။
ဖန် ခွက် ဖြင့် ရေ ( ၂ ) နာ ရီ ခန့် စိမ်။

ထိုစိမ် ရေ ကို တရက် သုံး ကြိမ် ( ၃ )
ရက် သောက် ပါ။ တခါ စိမ် ပြီး တိုင်း ကြက်
သွန် အသစ် လဲ ရ မည်။
ဆေး ပြန် စစ် ကြည့် ပါ။ သေး လျှင်
ပျောက် သွား မည်။ ကြီး လျှင် ပါး သွား မည်။
ဘယ် လောက် သောက် သောက် အန္တရာယ်
မရှိ ပါ။
( ၅ ) ယောက် တွင် ( ၄ ) ယောက် ပျောက်
သည်။
ဆရာ ညွန့်အောင် ဆိုက်မှ ကူးယူမျှဝေပါသည်။
မှတ်စု
ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း
(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။
(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရ လာပါလိမ့်မည်။
(၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။
(၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။
ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။
လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြုလိုက်ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆိုထား ပါသည်။

Myawady Health
လောက်သေရွက်ကို ဘာမှတ်လို့လဲ
( H I V သက်သာသွားပြီ )

AIDS ရောဂါနှင့်ပါတ်သက်ပြီး ဆေးရုံလက်လျှော့ သေခါနီးဆဲဆဲလူနာအား လဘက်ရည်ဇွန်းဖြင့် ဘိစပ်ရွက်အရည်အား မနက်တစ်ဇွန်း။ ညနေတစ်ဇွန်း တိုက်ခဲ့ရာ လုံးဝ ပျောက်ကင်းသွားကြောင်း ဆရာကြီးသာဂဒိုးမှ ကိုယ်တွေ့ ဖေါ်ပြထားခြင်းကို FB တွင် တင်ပေးခဲ့ပါသည်။
HIV နှင့်ပါတ်သက်၍ ဝန်ထမ်းတစ်ဦး အလုပ်မှ အထုတ်ခံရပြီးနောက် မိမိသဘောဖြင့်လောက်သေရွက် လက်တဆုပ်စာကို ကြိုပြီး ရေငတ်တိုင်း ဆေးပြုတ်ရည်သာ သောက်ခဲ့သည်။
သုံးလကြာမှာဆေးပြန်စစ်တော့ ဘယ်အချိန်က ပျောက်နေမှန်းမသိပဲ ရောဂါပျောက်ကင်းနေသည်ကို တွေ့ရသည်။ FB တွင် တင်ပြခဲ့သည်။
ယခုအကြောင်းအရာမှာ နောက်လမှ ရေးရန် ဖြစ်သော်လည်း လောက်သေပင်ရှားပါးချိန်ဖြစ်မည် စိုး၍ စိတ်ဝင်စားသူများအတွက် စောလေ ကောင်းလေ ဖြစ်လို့ပါ။
လောက်သေရွက်နှင့်ပတ်သက်ပြီး မေးမြန်းသူများအထဲမှ အဓိက အကြောင်းအရာမှာ
၁။ ကိုယ်ဝန်ဆောင်ထားသူများ သောက်လို့ ရပါသလား။
ကလေးထိခိုက်မည်စိုး၍ မသောက်ရပါဟု ဖြေခဲ့သည်။
၂။ အင်္ဂလိပ်ဆေးနှင့်တွဲသောက်၍ ရပါသလား။ (မေးသူများသည်)
တိတိကျကျမသိ။ ပျောက်ခဲ့သူက ဒီအတိုင်း သာက်ခဲ့တာဖြစ်လို့ မသောက်သင့်ဟု ဖြေခဲ့သည်။
အခုပြောမည့်ကိစ္စက ယနေ့ ဇန် (၃၀)ရက်တွင် အဆက်အသွယ်ရပြီးနောက်ပိုင်း ဖေါ်ပြချက်ပါ။
၁။ သူကနိုင်ငံခြားမှာနေသည်။
၂။ HIV ကူးစက်ခံရသည်။
၃။ ပိုးတစ်သန်းရှိသည်။
၎။ ARV ဆေးသောက်နေတာ တစ်နှစ်ကျော်ပြီ။
၅။ ပြီးခဲ့သည့် နှစ်လကျော်က လောက်သေရွက် ကုနည်းတွေ့။
၆။ မြန်မာပြည်မှ မှာယူပြီး ဒီရောက်တော့ ခြောက်စပြုနေပြီ။
၇။ စဉ်းစားသည်မှာ ARV က ပိုးမပွါးအောင်ဘဲ။ပျောက်အောင်သောက်မယ်။
၈။ ARV သောက်ချိန်က ည(၈)နာရီ။ ပြုတ်ရေကို ရေဆာတိုင်း နေ့စဉ် ၂၇-၁၂-၂၀၁၅ မှ စပြီး သောက်ခဲ့သည်။
တစ်လပြည့်ချိန် ဆေးပြန်စစ်ရာ ပိုးတစ်သန်း မှ (၂၅၀ ) သာရှိတော့ကြောင်း တွေ့ရတော့ သူ့ဆရာဝန်က ဆေးတည့်သွားပြီ။ ပျောက်တော့မယ်
ဟု မှတ်ချက်ပြုပါကြောင်း။
ARV ဆေးသောက်နေတာ တစ်နှစ်ကျော်ပြီ အစောကြီးကတည်းက ပိုးကောင်ရေ လျှော့ပါတော့လား။ ဆေးစစ်တိုင်း တစ်သန်းက မလျှော့ဘူးဟု ပြောချင်သော်လည်း မပြောရဲလို့တဲ့။
အသိဆရာဝန်ကို မေးကြည့်တော့ အင်္ဂလိပ်ဆေးနဲ့ အရွက်ရည်ကို အချိန်ခွါ၍ သောက်လျှင် ရပါသတဲ့။
မေးမြန်းသူတွေအား အင်္ဂလိပ်ဆေးနှင့် တွဲမသောက်နဲ့ ဆိုတဲ့အဖြေအစား အချိန် ခွါ၍ သောက်ပေါ့။
ဤအကြောင်းအရာသည် အမြန်ဆုံး သိစေလိုသဖြင့် ကြားဖြတ် ရေးသားဖေါ်ပြရခြင်း ဖြစ်ပါကြောင်း။
Credit >> Nyunt Aung
Admin. . KS