Friday, September 2, 2016

ဘယ်တော့မှ ပြန်မနွှေးပါနဲ့

People Magazine | 5 August 2016

လူတွေ အကုန်လုံးအလုပ်များနေတဲ့ ဒီခေတ်မှာ ချက်ပြုတ်ပြီးသား အစားအစာများကို ပြန်နွှေးပြီး စားတယ်ဆိုတဲ့ကိစ္စက အထူးအဆန်း တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ချက်ပြုတ်ပြီးပြီးချင်း စားသုံးသင့်တဲ့ အစားအစာများနဲ့ လုံးဝပြန်နွှေးပြီး မစားသင့်တဲ့ အစားအသောက် တစ်ချို့ရှိနေပါ တယ်။ အချို့အစားအစာများက လတ်ဆတ်ပူနွေး တုန်းစားမှ အာဟာရတန်ဖိုး အပြည့်အ၀ရနိုင်မယ့် အစားအစာများဖြစ်ပြီး ပြန်နွှေးတဲ့အချိန်မှာ အန္တရာယ်တစ်စုံတရာ မဖြစ်ဘဲ အာဟာရတန်ဖိုး လျော့ကျသွားရုံ သက်သက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့အစားအစာများကတော့  အပူနဲ့ပြန် လည်ထိတွေ့တဲ့ အချိန်မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အနေအထားထိ ရောက်ရှိသွားနိုင်ပါတယ်။ ပြန် နွှေးပြီး မစားသင့်တဲ့ အစားအစာများက ဘာတွေ ဖြစ်နိုင်မလဲ။ သင်နေ့စဉ်မဟုတ်တောင် တစ်ခါတရံ ပြန်နွှေးပြီး စားလေ့ရှိတဲ့ အစားအစာများ ပါဝင်နေလို့ အံ့အားသင့်ကောင်း သင့်သွားနိုင်ပါတယ်........


ထမင်း


    UK က National Health Service က ထုတ် ပြန်ထားတဲ့ သတိပေးချက်ထဲက ပြန်နွှေးပြီး မစား သင့်တဲ့ အစားအစာများထဲမှာ ထမင်း၊ ဆန်နဲ့ ပြုလုပ်ထားတဲ့ အစားအစာများ ပါဝင်ပါတယ်။ အစားများကို သင်သိမ်းဆည်းထားသိုတဲ့ ပုံစံနဲ့ ပြန်လည် အပူပေး၊ နွှေးတဲ့အခါ အသုံးပြုတဲ့ နည်း လမ်းများအပေါ် မူတည်ပြီး အဆိုပါ အစားအ သောက်များဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အ တောက်များကဲ့သို့ ပုံစံပြောင်းသွားနိုင်ပါတယ်။  မချက်ပြုတ်ရသေးတဲ့ ဆန်မှာ Bacillus cereus အမည်ရ ဘက်တီးရီးယား တစ်မျိုးရဲ့ မျိုးမှုန်တွေ ပါ ၀င်နေနိုင်ပါတယ်။ ချက်ပြုတ်ပြီးနောက်ပိုင်းမှာ လည်း အဆိုပါ မျိုးမှုန်တွေက မပျက်စီးသွားဘဲ အခန်းအပူချိန်အတွင်းမှာ ဘက်တီးရီးယားတွေ အဖြစ် ပြန်လည်ပေါက်ဖွား လာနိုင်ပါတယ်။ ပြန်လည်ပေါက်ပွားလာတဲ့ ဘက်တီးရီးယားတွေက ၀မ်းပျက်ခြင်း၊ အော့အန်ခြင်း၊ တစ်ခါတရံ အထက် လန်အောက်လျှော ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခန်းအပူချိန်အတွင်းမှာ ကြာကြာထားထားတဲ့ ထမင်းတွေက ပြန်လည် အပူပေး(နွှေး)ပြီး စားသုံးဖို့ မသင့်တော်ဘူးလို့ သိရပါတယ် ။


ကြက်သား


    အသင့်စား အစားအစာကောင်တာက ၀ယ် လာခဲ့တဲ့ ကြက်ကင်၊ အိမ်မှာ လုပ်ထားတဲ့ ကြက် သားပြုတ်ကြော် စတဲ့ပုံစံအမျိုးမျိုးနဲ့ ကြက်သား များဟာ ပြန်လည်နွှေးပြီး အစားဖြစ်ဆုံး အစား အသောက်များထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကြက်သားဟာ ပရိုတင်းပါဝင်မှု   မြင့်မားတာ   ကြောင့် အပူပြန်ပေးလိုက်တဲ့အခါ အန္တရာယ် အရှိနိုင်ဆုံး အစားအစာတစ်ခုလည်း ဖြစ်သွားနိုင် ပါတယ်။ ချက်ပြုတ်ကြော်လှော်ပြီးသား ကြက်သား ကို တစ်ရက်တန်သည် နှစ်ရက်တန်သည် ထားပြီးမှ နွှေးပြီးစားသုံးတဲ့အခါ အစာချေစနစ်ကို ပြဿ     နာဖြစ်စေနိုင်ပါတယ်။ အကယ်၍ သန့်သန့်ရှင်းရှင်း သိမ်းဆည်းထားတယ်၊ ကြက်သားကလည်း စားလို့ ရတဲ့ အခြေအနေရှိနေသေးတယ်ဆိုရင် အပူပြန်မပေးဘဲ ဒီအတိုင်းစားတာက ပိုအန္တရာယ်ကင်းတယ်လို့ သိရပါတယ်။


မှို


    မှိုကတော့ ချက်ပြုတ်ပြီးပြီးချင်း စားသုံးသင့် တဲ့ အစားအစာတစ်မျိုးပါ။ မှိုမှာပါဝင်တဲ့ ပရို တင်းတွေက အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲ လာပါတယ်။ ဒါကြောင့် အချိန်ကြာကြာ သိမ်းဆည်းထားတဲ့ ချက်ပြုတ်ပြီးသား မှိုတွေဟာ သင့်ရဲ့ အစာချေလမ်းကြောင်းနဲ့  အစာချေစနစ်ကို ဒုက္ခပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ မှိုကို ချက်ပြုတ်ပြီးပြီးချင်း ချက်ချင်းဆိုသလို စားသင့်ပါတယ်။ တန်လို့ ၊ ပေါလို့များများစားစား ၀ယ်လာမိတဲ့ မှိုတွေကို ချက်ပြုတ်ပြီး သိမ်းဆည်းတာမျိုး မလုပ်ဘဲ အစိမ်းအတိုင်း သိမ်းထားတာက ပိုသင့်တော်ပါတယ်။ စားချင်တဲ့ အချိန်မှသာ ပူပူနွေးနွေး ချက်ပြုတ်ပြီး စားပါလို့ အကြံပြုလိုပါတယ်။


ဟင်းနုနွယ်


    ချက်ပြုတ်ပြီးသား ဟင်းနုနယ်ကို ပြန်လည် နွှေးပြီး စားသုံးခြင်းက အန္တရာယ်ရှိပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ဟင်းနုနွယ်မှာ နိုက်ထရိတ်ပါ ၀င်မှု မြင့်မားတာကြောင့် အကယ်၍အပူနဲ့ ထိတွေ့ ပြီးသား နိုက်ထရိတ်ဓာတ်ကို ထပ်မံ အပူပေးခြင်း ကြောင့် ဟင်းနုနွယ်တွေကို   နိုက်ထရိတ် စစ်စစ်သို့ ပြောင်းလဲသွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဟင်းနုနွယ်နဲ့ အခြားအစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်တွေမှာ နိုက်ထရိတ်ဓာတ် ပါဝင်မှု မြင့် မားပါတယ်။ နိုက်ထရိတ်ရဲ့ မူလဓာတ်သဘာဝက ဘေးကင်းပါတယ်။ ဒါပေမဲ့ အဆိုပါ နိုက်ထရိတ် က နိုက်ထရိုက်စ် ဓာတ်ဆား အဖြစ် ပြောင်းလဲသွား နိုင်ပြီး  ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်း တစ်မျိုးလည်း ဖြစ်ပါတယ်။


ကြက်ဥ


    နိုင်ငံတော်တော်များများနဲ့ လူမျိုးတော် တော်များများဟာ နံနက်စာအဖြစ် ကြက်ဥကို တွင် တွင်ကျယ်ကျယ် စားသုံးလေ့ရှိကြပါတယ်။ သင့်ရဲ့ နံနက်စာ ကြက်ဥက မြင့်မားတဲ့ အပူချိန်နဲ့ မကြာမကြာ ထိတွေ့ရတဲ့အခါမှာ သင့်ခန္ဓာကိုယ်ကို အဆိပ်အတောက် ဖြစ်စေမယ့် အရာအဖြစ်သို့  ပြောင်းလဲသွားနိုင်ပါတယ်။ ကြက်ဥမှာ ပါဝင်တဲ့ ပရို တိန်းက အပူချိန်နဲ့ ထိတွေ့ပါများရင် ဓာတ်ပြယ် သွားနိုင်တာကြောင့်   ကြော်ထား၊ ပြုတ်ထားပြီးသား ကြက်ဥကို နောက်တစ်ကြိမ် အပူပြန်မပေးသင့် ဘူးလို့ သိရပါတယ်။


အာလူး


    အာလူးမှာ အာဟာရတန်ဖိုးနဲ့ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ စွမ်းအင်ကိုဖြည့်တင်းပေးနိုင် မယ့် ကာဘိုဟိုက်ဒြိတ်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အခန်းတွင်းအပူချိန်မှာ ကြာရှည်သိုလှောင်ထားတဲ့ အာလူးတွေမှာတောင် အချိန်ကြာလာတာနဲ့ အမျှ အာဟာရတန်ဖိုးတွေ ဆုံးရှုံးလာလေ့ရှိပါတယ်။ ဒါကြောင့်ချက်ပြုတ်ပြီးသား အာလူးတွေကို ပြန်လည် အပူပေးခြင်းက အဆိပ်ဖြစ်စေနိုင်ပြီး ဖျားနာ ခြင်း၊ အခန့်မသင့်ရင် အစာအဆိပ် သင့်ခြင်းကဲ့ သို့သော ပြဿ     နာများအထိ ဖြစ်ပွားစေနိုင်လို့ သတိ ထားရမယ့် ကိစ္စတစ်ရပ်ဖြစ်ပါတယ်။


အစိမ်းရောင် ဟင်းသီးဟင်းရွက်များ


    အထက်မှာ ဖော်ပြခဲ့ပြီးသလိုပါပဲ။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များတွေက  နိုက်ထ ရိတ်ပါဝင်မှု မြင့်မားတဲ့ ဟင်းသီးဟင်းရွက်များ   ဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း အကျိုးရှိ တဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဟင်းနုနွယ်တဲ့ သဘောတရားတူစွာပဲ ချက်ပြုတ်ပြီးသား အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပြန်လည်အပူပေး ခြင်းက ပါဝင်တဲ့ နိုက်ထရိတ်ဓာတ်ကို ကင်ဆာဖြစ် စေနိုင်တဲ့ nitrosamines အဖြစ်   ပြောင်းလဲသွားစေ နိုင်လို့ အလွန့်အလွန်ကို သတိ ထားသင့်ပါတယ်။ ကျန်းမာရေးအတွက် သင့်တော်ကောင်းမွန်လို့ ရွေး ချယ်စားသောက် မယ့်  အစားအစာတွေက ဒီလိုသေး ငယ်တဲ့ အကြောင်းအရာလေးတစ်ခုကြောင့် ဘေး အန္တရာယ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင် တာကြောင့် ဂရုစိုက်သင့်ပါကြောင်း သတိပေးလိုက်ပါရစေ။
 

No comments:

Post a Comment