Thursday, September 8, 2016

Nephritis ကျောက်ကပ်ရောင်ခြင်း
မင်္ဂလာပါဆရာ သမီးက အသက် ၂၄ နှစ်ပါ။ အပျိုစင်ပါ။ နောက်ကျောအောင့်နေတာ ၁ ပတ်လောက်ရှိပါပြီ။ ရာသီလည်းမှန်ပါတယ်။ ကျောအောင့်လာရင် ထိုင်နေရတာလည်းမသက်သာ၊ လှဲနေရင်လည်း နေလို့မကောင်းပါ။ ဆေးခန်းသွားပြတော့ သွေး၊ ဆီး စစ်ခိုင်းပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တယ်လို့ပြောပါတယ်။ သောက်ဆေး ၁ဝ ရက်စာပေးလိုက်ပါတယ်။ ပိုးဝင်ရတဲ့အကြောင်းကိုသိချင်ပါတယ်။ ဘယ်လိုကြိုတင်ကာကွယ်ရမှာလဲဆိုတာလည်း သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Urinary Tract infection in women အမျိုးသမီး ဆီးအောင့်ခြင်းစာပို့လိုက်ပါတယ်။
ကျောက်ကပ်ရောင်တာကို ဘယ်လိုသိနိုင်ပါသလဲ သိချင်ပါတယ်။
အရင်ကမေးကြလို့ ရေးထားတယ်။
၁။ တကာကြီးရေ ကျေးဇူးပြု၍ ကျောက်ကပ်ရောင်လျှင် ဘယ်လိုဆေးမှီဝဲသုံးဆောင်ပြီး ဘယ်လိုနေထိုင်သင့်ကြောင်း သိပါရစေ။
၂။ ဆရာရှင့် သမီးကျောက်ကပ်ရောင်တာနဲ့ပတ်သက်ပြီး ဘယ်လိုအစားစာမျိုး စားသုံးသင့်ပြီး ရှောင်ကျဉ်သင့်တယ် ဆိုတာ သိချင်လို့ပါရှင့်ဆရာရှင့်။ ကျေးဇူးပြုပြီးဖြေကြားပေးပါနော်။
၃။ ဆရာရှင့် သမီးဖေဖေမှ ကျောက်ကပ်ရောင်တဲ့အကြောင်းနဲ့ ဘယ်လိုနေတိုင်ပြီး ဘာဆေးတွေ သောက်သင့်တဲ့အကြောင်း သိချင်ပါသည်။
Nephritis ကျောက်ကပ်ရောင်တာ တဖက်တည်းရော နှစ်ဖက်လုံးပါဖြစ်နိုင်တယ်။ အမျိုးအစားတွေရှိတယ်။
1. Acute nephritis ရက်တိုကျောက်ကပ်ရောင်တာ၊
2. Chronic nephritis နာတာရှည်ရောင်တာ၊
3. Glomerulonephritis (ဂလိုမာရူလို နဖရိုက်တစ်)၊
4. Primary glomerulonephritis (ပရိုင်မာရီ ဂလိုမာရူလို နဖရိုက်တစ်)၊
5. Autoimmune nephritis (အော်တိုအင်မြူး နဖရိုက်တစ်)၊
6. Lupus nephritis (လူးပတ်စ် နဖရိုက်တစ်)၊
7. Pyelonephritis (ပိုင်လိုနဖရိုက်တစ်)၊
8. Interstitial nephritis (အင်တာစတစ်ရှယ်။ နဖရိုက်တစ်)။
ရက်တိုကျောက်ကပ်ရောင်တာနဲ့ နာတာရှည်ရောင်တာတွေကို အများဆုံးဖြစ်ကြတယ်။ ပိုးဝင်တာကြောင့်လဲဖြစ်နိုင်သလို အဆိပ်သင့်လို့လဲ ဖြစ်နိုင်တယ်။ အများဆုံးဖြစ်စေတာကတော့ Autoimmune disease (အော်တိုအင်မြူး) ရောဂါခေါ်တဲ့ ခုခံအား ကမောက်ကမဖြစ်တဲ့ရောဂါအနေနဲ့ ဖြစ်ရတယ်။ လူတွေသေဆုံးရခြင်း ရောဂါတွေထဲမှာ နဝမလိုက်တယ်။
ဘယ်လိုခံစားရသလဲ -
ကျောက်ကပ်ဆိုတာ သွေးကနေ ဆီးဖြစ်အောင်စစ်ထုတ်ပေးနေတဲ့အင်္ဂါတစုံဖြစ်တယ်။ နိုင်အောင်ထုတ်မပေးနိုင်ရင်
· ကိုယ်ရောင်မယ်။
· ဆီးသွားတဲ့အကြိမ် နည်းနိုင်-များနိုင်တယ်။
· အသက်ရှူရခက်မယ်။
· ဆီးအရောင်ရင့်နေမယ်။
· အားယုတ်နေမယ်။
· ဆီးထဲ သွေးပါမယ်။
ရက်တိုကျောက်ကပ်ရောင်တာ ကလေးတွေမှာပိုဖြစ်တယ်။ ရုတ်တရက်ဖြစ်လာတယ်။ ဒါကြောင့်ကိုယ်ရောင်တာက မသိသာသေးဘူး။ ဆီးကိုညပိုင်းမှာပိုသွားတယ်။ ရေငတ်မယ်။ သွေးဖိအားတက်မယ်။ ခေါင်းကိုက်မယ်။ ယားမယ်။ ပျို့အန်ချင်မယ်။ အန်တာထဲ သွေးနဲနဲပါနိုင်တယ်။
ဘာလို့ဖြစ်သလဲ -
· (အော်တိုအင်မြူး) ရောဂါ၊ ပုံမှန်ဆိုရင် ကိုယ့်ခုခံအားဟာ ရန်သူ-မိတ်ဆွေကိုခွဲပြီး ခုခံကာကွယ်တယ်။ ဒီရောဂါဖြစ်နေရင် ကိုယ့်ကိုယ်ပိုင်အရာကိုပြန်ပြီး တွန်းလှန်နေတယ်။ ဒီလိုရောဂါမှာ ထိခိုက်တာ ခံရတဲ့အင်္ဂါတွေက တခုမကဘူး။ ကျောက်ကပ်သာမကဖြစ်တယ်။
· (ဗက်တီးရီးယား)၊ Streptococcus bacteria ကနေဖြစ်တယ်။
· ဆေးတွေကြောင့်ဖြစ်တာ၊
· မျိုးဗီဇ။
ဘယ်လိုကုသမလဲ -
ပျောက်နိုင်တယ်။ Steroids နဲ့ Antibiotics တွေပေးမယ်။ လူတိုင်းကိုတသမတ်တည်းပေးရတာတော့မဟုတ်ပါ။ အသက်၊ ကျန်းမာရေးအခြေအနေ၊ ကျောက်ကပ်ရောင်တာ ဘယ်လောက်ဆိုးနေလဲစတာတွေကိုကြည့်ပြီး ဆေးပေးတယ်။ ကျောက်ကပ်ကို ထိခိုက်ထားတာ များနေရင် လုံးဝပျောက်ဘို့မလွယ်ဘူး။ လူအပင်ပန်းမခံသင့်ဘူး။ ကိုယ်လက်လှုပ်ရှားမှု သက်သာတာ ရွေးရမယ်။ အရက်၊ ဆေးလိပ်ဖြတ်ရမယ်။
· အုန်းရေလတ်လတ်ဆတ်ဆတ် နေ့စဉ်သောက်ပါ။
· ထောပတ်သီး များများစားပါ။
· လတ်ဆတ်တဲ့ သစ်သီးရည်သောက်ပါ။
· အသီးများများစားပါ။ ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ စပျစ်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီး။
· ရေများများသောက်ပါ။ တနေ့မှာ ၈-၁ဝ ခွက်ထက် မနည်းစေနဲ့။
· Oxalic acid များတဲ့အစားအသောက်ရှောင်ပါ။ ဟင်းနုနွယ်၊ ချောကလက်၊ ကိုကိုး။
· ဆားလျှော့စားပါ။ ဆားများတဲ့ အသင့်စားနိုင်တဲ့ Junk food and Instant foods ခေတ်ပေါ်စာတွေ ရှောင်ပါ။
· ကြော်တာတွေ မစားပါနဲ့။
Strep throat လည်ချောင်းနာ၊ Bladder infection ဆီးအိမ်ရောင်ရာကနေ ကျောက်ကပ်ကို ပိုးဝင်နိုင်တယ်။ Lupus (လူးပတ်စ်) ရောဂါရှိနေရာကနေ ဆက်ဖြစ်နိုင်တယ်။ ဆီးစစ်မယ်။ သွေးစစ်မယ်။ MRI ရိုက်မယ်။ Genetic မျိုးဗီဇနဲ့ Lupus ကြောင့်ဖြစ်တာကိုတော့ ကာကွယ်လို့မရနိုင်ဘူး။ ပိုးကြောင့်ဖြစ်မှာကို ကာကွယ်နိုင်တယ်။ လည်ချောင်းနာရင်၊ ဆီးအောင့်ရင် ပိုးသေဆေးနိုင်အောင် ထိုးပါ-သောက်ပါ။
ကျွန်တော့် ဘလော့ခ်မှာဖတ်နိုင်တဲ့စာတွေ -
1. Acute glomerulonephritis ကျောက်ကပ်ရောင်ခြင်း
2. Dialysis ကျောက်ကပ်ဆေးခြင်း
3. Drugs and Kidneys ကျောက်ကပ်အပေါ် သက်ရောက်စေတဲ့ ဆေးတွေ
4. Home Remedies for Kidney Stones ကျောက်ကပ် ကျောက်တည်တာ အိမ်မှာ သက်သာအောင်
5. Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
6. IgA nephropathy အိုင်ဂျီအေ ကျောက်ကပ်ရောဂါ
7. Kidney Diseases in Children ကလေး ကျောက်ကပ်ရောဂါတွေ
8. Kidney stones ကျောက်ကပ်-ကျောက်
9. Kidney transplant ကျောက်ကပ်အစားထိုးကုသမှု
10. Kidneys ကျောက်ကပ်ကို ကိုယ်တိုင်စောင့်ရှောက်ခြင်း
11. Medicine for Diseases of Urinary Tract ဆီးလမ်းကြောင်းရောဂါဆေးများ
12. Microalbuminuria ဆီးထဲအယ်လ်ဗျူမင်များနေခြင်း
13. Nephritis ကျောက်ကပ်ရောင်ခြင်း
14. Polycystic Kidney Disease ကျောက်ကပ်ရောဂါ
15. Renal Cortical Cyst ကျောက်ကပ် အပြင်မှာရှိနေတဲ့ အိတ်
16. Renal Dialysis ကျောက်ကပ်ဆေးခြင်း
17. Urinary Tract Infection ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
18. World Kidney Day March 12, 2015 ကမ္ဘာ္ဘ့ကျောက်ကပ်နေ့ ၂ဝ၁၅
19. World Kidney Day March 12, 2016 ကမ္ဘာ္ဘ့ကျောက်ကပ်နေ့ ၂ဝ၁၆
ဒေါက်တာတင့်ဆွေ
Image may contain: one or more people

No comments:

Post a Comment