Wednesday, September 14, 2016

မပေါ့ဆသင့်သော“ နှလုံးအားနည်းခြင်း၏ အရေးကြီးသည့် လက္ခဏာ ၈ ချက်”
နှ လုံးအားနည်းခြင်းကြောင့် လူ့ရဲ့ ခန္တာကိုယ်တခုလုံးကို ထိခိုက်နိုင်ပါတယ်။ နှလုံးအားနည်းတဲ့ လက္ခဏာတွေကို လပိုင်းကနေ နှစ်နဲ့ချီပြီးတော့ စောစောကတည်းက ကြိုတင်ပြီး သိနိုင်ပါတယ်။ အောက်ပါလက္ခဏာတွေ တခုခု ရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြပြီး လိုအပ်ရင် အထူးကုနဲ့ ပြသင့်ပါတယ်။
.
၁).မောဟိုက်ခြင်း
--------------------
ကိုယ်လက်လှုပ်ရှားလုပ်တဲ့အခါ ဒါမှမဟုတ် စိတ်လှုပ်ရှားတဲ့အခါမှာ မောဟိုက်နေသလား။ အဲဒီလို မောဟိုက်နေတာဟာ နှလုံးအားနည်းနေလို့ ဖြစ်နိုင်ပါတယ်။ ညဘက်မှာ မောဟိုက်ပြီး အိပ်ယာကနိုးတာ၊လှဲပြီးအိပ်ရင်မောတာ တွေဟာ နှလုံးအားနည်းရင် ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေပါပဲ။
.
၂).ချောင်းဆိုးခြင်း
____________
အဆက်မပြတ် ချောင်းဆက်တိုက်ဆိုးခြင်းဟာ နှလုံးအားနည်းခြင်းကြောင့် အဆုပ်ထဲမှာ ရေဝင်နေတာ ဖြစ်နိုင်ပါတယ်။ နှလုံးအားနည်းလို့ နှလုံးထဲကို ဝင်လာတဲ့ သွေးတွေကို ကောင်းကောင်းညှစ်မထုတ်နိုင်ရင် အဆုပ်ထဲမှာ ရေလွှမ်းလာပြီး ချောင်းဆိုးတတ်ပါတယ်။
.
၃).သွားဖုံးတွေ ရောင်နေသလား
__________________________
သွားဖုံးတွေရောင်ပြီး သွေးထွက်တာဟာ သွားကောင်းကောင်းမတိုက်လို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရည်ရှည်သွားဖုံးကျန်းမာရေးမကောင်းတဲ့သူတွေမှာ နှလုံးရောဂါဖြစ်တဲ့နှုံးက သွားကျန်းမာရေးကောင်းသူတွေထက် ပိုပြီး များပါတယ်။
.
၎).ခေါင်းမူးမော်၍ အားအင်ချိနဲ့နေသလား
_______________________________
ခေါင်းမူးတာဟာ နှလုံးခုန်မမှန်လို့ ဖြစ်နိုင်ပါတယ်။ နှလုံးခုန် အရမ်းမြန်နေရင် ဒါမှမဟုတ် နှလုံးရပ်သလို ခံစားမှုတွေ ရနေရင် ဆရာဝန်နဲ့ သေချာ ပြသပြီး ဆေးစစ်သင့်ပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေ နှလုံးအားနည်းရင်အားအင်ချိပြီး နုန်းနေတတ်ပါတယ်။
.
၅).ကောင်းကောင်းအိပ်မပျော်ဘူးလား
-----------------------------------------
အသက်ရှူမဝလို့ ကောင်းကောင်းအိပ်မပျော်ဘူး၊ အိပ်တဲ့အခါ ကျယ်လောင်စွာ ဟောက်တယ်ဆိုရင် သတိထားသင့်ပါတယ်။ အိပ်နေတဲ့အချိန်မှာ အသက်ရှူရပ်သလို ဖြစ်ဖြစ်သွားတတ်တယ်ဆိုရင် နှလုံးရဲ့  ညာဘက်ခြမ်းကို ထိခိုက်စေနီုင်ပါတယ်။
.
၆).ပျို့ချင် အန်ချင် သို့မဟုတ် ချွေးထွက်လွန်ခြင်း
______________________________________
နှလုံးအားနည်းတဲ့အခါ ဝမ်းပိုက်ထဲမှာ ရေ ဓာတ်တွေ များတဲ့အခါ ပျို့ချင်သလို အန်ချင်သလို ဖြစ်တတ်ပါတယ်။ နှလုံးရုတ်တရက် သွေးကြောပိတ်တဲ့အခါ ဇောချွေးပြန်တတ်ပါတယ်။ အဲဒါဆိုရင်တော့ဆရာဝန်ကို အရေးပေါ် ခေါ်သင့်ပါတယ်။
.
၇).ရင်ပတ်ဆို့ခြင်း ဒါမှမဟုတ် လက်ပြင်ကိုက်သလို၊ ရင်ခေါင်းအောင့်သလို ဖြစ်သလား
________________________________________
ရင်ပတ်ဆို့ခြင်း၊ ရင်ခေါင်းအောင့်ခြင်း ဒါမှမဟုတ် ကျောနဲ့ရင်နဲ့ ညှပ်ထားသလိုမျိုး ခံစားရပြီးဆိုရင် သတိထားသင့်ပါတယ်။ တခါတလေ အစာမကျေသလိုမျိုးထင်ပြီး ဆရာဝန်နဲ့ သေချာ မပြမိတာမျိုး ဖြစ်လေ့ရှိပါတယ်။ နှလုံးသွေးကြောပိတယ်ဆိုရင် ဒီလလက္ခဏာတွေ ပေါ်တတ်ပါတယ်။ တချို့လူတွေမှာတော့ နောက်ကျာပြင်နာတာမျိုး၊ လည်ချောင်းမှာ နာတာမျိုး၊ မေးရိုးမှာ နာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် လှုပ်ရှားသွားလာပြီးတဲ့အခါတိုင်း ဒီလိုခံစားမှုတွေ ရလေ့ရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ မနှေးပြသင့်ပါတယ်။
.
၈).ခြေထောက်တွေ ဖောယောင်နေသလား
-----------------------------------------------
နှလုံးအားနည်းတဲ့အခါ သွေးတွေကို ကောင်းကောင်းညှစ်မထုတ်နိုင်တဲ့အတွက် ခြေထောက်တွေ ဖောယောင်တာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မို့နေတဲဖြေထောက်ကို ဖိကြည့်လို့ အရာထင်ကျန်နေပြီဆိုရင်တော့ နှလုံးအားနည်းလို့ ခြေထောက်မှာရေဓာတ်များနေတာ ဖြစ်နိုင်ပါတယ်။
.
အထက်ပါ လက္ခဏာတွေထဲက တခုခု ရှိနေရင်တော့ လျစ်လျူမရှုထားပဲ ဆရာဝန်နဲ့ သေချာပြသပြီး ဆေးစစ်ဆေးသင့်ပါတယ်။
.
မြန်မာနှလုံးဖောင်ဒေးရှင်း
(Myanmar Heart Foundation)

No comments:

Post a Comment