Saturday, July 30, 2016



နှလုံးသွေးကြောကျဉ်းရောဂါအတွက် ဆေးနည်း
===============================
နှလုံးသွေးကြောကျဉ်းရောဂါအတွက် ဆေးနည်း အင်္ဂလန်မှ ပါကစ္စတန်သို့ အစည်းအဝေးအတွက် ရောက်ရှိနေသော လူတစ်ဦးသည် ရုတ်တရက် နှလုံးရောဂါကြောင့် ဆေးရုံတက်ခဲ့ရသည်။ နှလုံးခွဲစိပ် ဆရာဝန်ကြီးက ထိုလူနာကိုစမ်းသပ်ပြီး နှလုံးသွေးကြောကျဉ်းသည့် ရောဂါကြောင့် အသက်အန္တရာယ်ရှိသည့်အတွက် ခွဲစိပ်ရမည်ဖြစ်ကြောင်း၊ မခွဲစိပ်မီ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့ မှာလိုက်ပါသည်။
ထိုလူနာမှာ ဆေးရုံသို့ တစ်လကြိုတင်ငွေ Rs 225,000 ကို ပေးထား၍ ခွဲစိပ်ရက်ရောက်မည့်ရက်ကို စောင့်နေတုန်းမှာပင် သူ့ရောဂါအကြောင်းကို ပါကစ္စတန်မှ တိုင်းရင်းဆေးဆရာကြီး Hazrat Moulana Bashir Saheb ဆိုသူအား ပြောပြလိုက်ပါသည်။
ထိုအခါ ဆရာကြီး Saheb သည် သူကိုယ်တိုင် ဖော်ပေးသောဆေးကို တစ်လတိတိ လိုက်နာသုံးစွဲလျှင် ထိုရောဂါမုချ ပျောက်ကင်းမည်ဖြစ်ကြောင်း ပြောလာသဖြင့် ဆရာကြီး၏ ဆေးကို သောက်သုံးခဲ့ရာ တစ်လပြည့်သောအခါ ခွဲစိပ်ဆရာဝန်ကြီးမှာ သူ့ရောဂါကို စမ်းသပ်ကြည့်ပြီး ခွဲစိပ်စရာမလိုတော့ကြောင်း၊ ပိတ်မိနေသည့် နှလုံးသွေးကြောများလည်း ပြန်ပွင့်နေပြီး နှလုံးမှာလည်း ပုံမှန် ပြန်လည်အလုပ်လုပ်နေပြီဖြစ်ကြောင်း အံ့သြစွာ ပြောပြီး ကြိုတင်ငွေများလည်း ပြန်ပေးခဲ့ပါသည်။
ထို့ကြောင့် ငွေကုန်ကြေးကျများလွန်းလှပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရသည့် နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားနေသူများအတွက် သမားတော်ကြီး Saheb ၏ ရိုးရာဆေးမြီးတိုနည်းကို အများသိအောင် ပြန်လည်မျှဝေပေးလိုက်ပါသည်။
## ဆေးဖော်နည်း
(၁) သံပုယိုသီး (သို့မဟုတ်) ရှောက်သီးအရည် လက်ဖက်ရည်ခွက် ၁ ခွက်
(၂) ဂျင်း(ချင်း)အရည် ၁ ခွက်
(၃) ကြက်သွန်ဖြူ အရည် ၁ ခွက်
(၄) ပန်းသီးရှာလကာရည် (Apple Cider Vinegar) ၁ ခွက် (Apple Vinegar ကို City Mark ကဲ့သို့သောဆိုင်များတွင် ၀ယ်နိုင်သည်)
အထက်ဖော်ပြပါ အမယ်(၄)မျိုးကို ရောစပ်၍ မီးလျှော့ထားပြီး (၁) နာရီခန့်ကြာအောင် (သို့မဟုတ်) ၄ ခွက်တွင် ၃ခွက်ကျန်သည်အထိ ကြိုပါ။
ပြီးလျင် အအေးခံထားပါ။
ပြီးလျှင် ပျားရည်စစ်စစ် လက်ဖက်ရည်ခွက် ၃ခွက်ရော၍ နှံ့အောင်မွှေပြီး ဖန်ပုလင်းတွင် ထည့်ထားကာ သုံးဆောင်နိုင်ပါသည်။
## ဆေးသောက်ရန် အညွန်း နံနက်အိပ်ယာထ အစာမစားမီ ထမင်းစားဇွန်းအပြည့် တစ်ဇွန်းသောက်ပါ။
တစ်နေ့တစ်ကြိမ်ဖြင့် နေ့စဉ် တစ်လတိတိ သုံးစွဲသွားပါက ကျဉ်းနေသော နှလုံးသွေးကြောများ၊ ပိတ်မိနေသော နှလုံးသွေးကြောများလည်း ပြန်ပွင့်သွား၍ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာစေမည်။ ဤဆေးနည်းကို မျှဝေပေးခြင်းဖြင့် တန်ဖိုးရှိလှသော လူ့အသက်ပေါင်းများစွာတို့ကို ကယ်တင်ပေးနိုင်ကြပါသည်။
Myanmar Daily Star's photo.Credit . အဘမူးလဲ
Myanmar Daily Star's photo.

Thursday, July 28, 2016

မြန်မာဆေးကောင်းများ " စိတ်ညစ်ပယ်ချိုး စိတ်မဆိုး " ဆနွင်းလုံး's photo.မြန်မာဆေးကောင်းများ " စိတ်ညစ်ပယ်ချိုး စိတ်မဆိုး " ဆနွင်းလုံး's photo.
မြန်မာဆေးကောင်းများ " စိတ်ညစ်ပယ်ချိုး စိတ်မဆိုး " ဆနွင်းလုံး added 2 new photos.July 23 at 5:00pm ·ဗော
လမ်းဘေးမှာအလေ့ကျ ပေါက်နေတဲ့
ဗောက်ပင်လေးတွေကို လူတိုင်းလိုလို
သိကြမြင်ကြပေမဲ့ အမှတ်တမဲ့ပဲ နေမိကြမှာပါ
ဗောက်သီးမှည့်လေးတွေ ကတော့ အလွန်
ချိုပါတယ် ကလေးတွေကြိုက်ကြတယ်....။

ထူးခြားတာက ဗောက်ပင်တပင်လုံးကို
ပဉ္စငါးပါး(အမြစ်မှအညွန့်)အားလုံးကို
ရေစင်ကြယ်အောင်ဆေးကြောပြီး
အိုးသန့်သန့်မှာထည့် ရေမက်ခွက်
၃ခွက်ထည့်ပါ ရေ တစ်ခွက်စာကျန်သည့်
တိုင်အောင် မီးအေးအေးနှင့်ကျိုချက်ပြီး
တစ်နေ့ကို၃ ကြိမ်ခန့် သောက်ပေးပါက
ဆီးချို သွေးချို ရောဂါကို ဒိဌ သက်သာ
ပျောက်ကင်းစေပါတယ်
အရသာကခါးပေမဲ့ အကုန်ကျ အလွန်နည်းပါး
တာကြောင့် ဝေဒနာခံစားရေရသော မိတ်ဆွေများ
အတွက်ဖြန့်ဝေ ပေးလိုက်ပါတယ်
ဆီးချို သွေးချို ဝေဒနာ သက်သာပျောက်ကင်းကြပါစေ
Credit to myo myo min
က်ပင်အစွမ်း အံ့မခမ်း
12 hrs ·
ကိုယ်ဝန်ဆောင်စဉ်မှာ လုံးဝလုံးဝမစားသင့်သော အစားအစာများ
============================
အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်ချိန်ဟာ အရေးကြီးတဲ့ ကာလတစ်ခုပါ။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဓာတုပစ္စည်း ညီညွတ်မျှတမှု၊ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးတွေ ပြောင်းလဲမှုဖြစ်ပေါ်နိုင်ပါတယ်။ မိမိစားတဲ့အစားအစာကလည်း မိမိတစ်ယောက်တည်းအတွက်သာမက မိမိရဲ့ သန္ဓေသားအတွက်ပါ အာဟာရဖြစ်စေတာမို့ အစားအသောက်ကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အမျိုးသမီးအများစုက ကိုယ်ဝန်ဆောင်ကာလမှာ အစားရှောင်တတ်ကြပေမယ့် ရှောင်တဲ့အစားအစာတွေဟာ မှားယွင်းနေတတ်တာကြောင့် သနေ်္ဓသားအတွက် အာဟာရလုံလုံလောက်လောက် မရတာ ဒါမှမဟုတ် သနေ်္ဓသားအတွက် ကျန်းမာရေးထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ လုံးဝလုံးဝ မစားသင့်တဲ့ အစားအစာတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
.....................................................................
၁။ မကျက်တကျက် ပြုတ်ထားသော ကြက်ဥ
ကိုယ်ဝန်ဆောင်ကာလမှာ ကြက်ဥစားတာက ကလေးအတွက် ပရိုတင်းဓာတ်ရရှိစေနိုင်ပေမယ့် မကျက်တကျ ပြုတ်ထားတာ ဒါမှမဟုတ် ကြက်ဥအစိမ်းစားတာက သန္ဓေသားကို ဒုက်္ခပေးတတ်ပါတယ်။ ကြက်ဥမကျက်တာကြောင့် သူ့မှာ ပါဝင်တဲ့ ဆာမိုနဲလားပိုးမွှားတွေက အချင်းမှတစ်ဆင့် သန္ဓေသားဆီကို ရောက်ရှိသွားကာ ကလေးမှာ ရောဂါရရှိသွားနိုင်ပါတယ်။ မိခင်မှာလည်း အဲဒီပိုးကြောင့် ဖျားတာ၊ ပျို့တာ၊ အန်တာနဲ့ ဗိုက်အောင့်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
.....................................................................
၂။ သေချာဆူအောင် မကျိုချက်ထားသော နွားနို့
ကိုယ်ဝန်ဆောင်ကာလမှာ နွားနို့သောက်တာက သင်ရဲ့ ကယ်လ်စီယမ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ပွက်ပွက်ဆူအောင် ကျိုချက်မထားတဲ့ နွားနို့ကို မသောက်မိခဲ့ရင် နို့မှာ ပါဝင်တဲ့ လစ်စတီးရီးယား ဘက်တီးရီးယားပိုးတွေ ကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ထားသူတွေက ကိုယ်ဝန်ဆောင်မထားသူတွေထက် ရောဂါကူးစက်နိုင်ခြေ အဆ ၂၀ ပိုများတာဟာ ကိုယ်ဝန်ဆောင်ကာလမှာ ခုခံအားကျဆင်းနေတာကြောင့်ပါ။ ဒီရောဂါပိုးဝင်ရင် ဘာရောဂါလက္ခဏာမှ မပြသတတ်ပေမယ့် ရောဂါပိုးက အချင်းမှတစ်ဆင့် သန္ဓေသားကို ရောက်သွားတဲ့အခါမှာ အသေမွေးတာ၊ ကလေးပျက်ကျတာ၊ လမစေ့ကလေးမွေးတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် နွားနို့များများသောက်တာကလည်း ပေါင်ချိန်များတဲ့ကလေးတွေ မွေးဖွားလာနိုင်တဲ့အတွက် ကလေးမွေးစဉ်ကာလမှာ အခက်အခဲတွေ့နိုင်ပါတယ်။
.....................................................................
၃။ မကျက်တကျက် ပင်လယ်စာ
သေချာချက်ပြုတ်မထားတဲ့ ပင်လယ်စာ ဒါမှမဟုတ် ငါးစိမ်း၊ ပုစွန်စိမ်းတွေ စားသုံးတာကလည်း မိခင်ရော၊ သန္ဓေသားအတွက်ပါ ရောဂါပိုးတွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ပြဒါးပမာဏမြင့်မားစွာပါဝင်တဲ့ တူနာငါးတွေ စားသုံးတာကလည်း ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ တူနာငါးများများစားတဲ့ မိခင်မှ မွေးလာတဲ့ကလေးတွေရဲ့ IQ က နိမ့်ပါးနေတတ်တယ်လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ ငါးတွေမှာများစွာပါဝင်တဲ့ အိုမီဂါ ၃ အဆီက ကလေးငယ်ြ
ကီးထွားဖို့နဲ့ မိခင်ကျန်းမာရေးအတွက် လိုအပ်နေသေးတာကြောင့် ရေချိုငါးတွေဖြစ်တဲ့ ငါးရံ့၊ ငါးခူ၊ ကကတစ်၊ ငါးကွမ်းရှပ်တွေကိုတော့ စားသုံးသင့်ပါတယ်။
.....................................................................
၎။ ဆေးဖက်ဝင် လက်ဖက်ရည်များ
ချာမိုမိုင်း၊ ပက်ပါးမင့်၊ Green tea လိုမျိုး ဆေးဖက်ဝင်လက်ဖက်ရည်တွေကို ကိုယ်ဝန်ဆောင်ကာလမှာသောက်ခဲ့ရင် ပေါင်မပြည့်တဲ့ကလေးတွေ မွေးဖွားနိုင်ခြေ မြင့်မားပါတယ်။ ဒါ့အပြင် ကဖင်းနဲ့ အယ်လ်ကိုဟောတွေကလည်း ကလေးရဲ့ ကြီးထွားမှုအပေါ် ဆိုးကျိုးဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တဲ့အတွက် မွေးရာပါချို့ယွင်းချက်တွေ ဖြစ်နိုင်ပါတယ်။
.....................................................................
၅။ မချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက်များ
မချက်ပြုတ်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေပေါ်မှာ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေ ရှိနေတတ်တာမို့ ကိုယ်ဝန်ဆောင်ကာလမှာ စားသုံးရင် အစာအဆိပ်သင့်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
.....................................................................
၆။ စားသောက်ဆိုင်မှ အစားအစာများ
အဲဒီအစားအစာတွေမှာ ဆားနဲ့ အချိုမှုန့်တွေ များစွာ ပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး မစားသုံးသင့်ပါဘူး။ အချိုမှုန့်တွေက ကလေးငယ်ရဲ့ ကြီးထွားမှုကို နှေးကွေးစေတဲ့အပြင် မွေးဖွားပြီးချိန်မှာ ကလေးငယ်တွေရဲ့ ကိုယ်အလေးချိန်လည်း မြင့်တက်စေနိုင်ပါတယ်။ ဆားဓာတ်ပါဝင်မှုများတာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်ဝန်ဆိပ်လည်း တက်နိုင်ပါတယ်။
.....................................................................
၇။ သင်နှင့် ဓာတ်မတည့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ကာလမှာ သင်မစားဖူးတဲ့ အစားအစာတွေကို အရသာခံဖို့ မသင့်လျော်ပါဘူး။ သင်နဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေကို လုံးဝမစားပါနဲ့။ သင့်သန္ဓေသားပေါ်မှာလည်း တုံ့ပြန်နိုင်တာကြောင့်ပါ။
.....................................................................
၈။ ဆေးသကြား
ဆေးသကြားပါဝင်တဲ့အချိုရည်တွေက လမစေ့ကလေးမွေးဖွားနိုင်ခြေကို မြင့်မားနိုင်စေပါတယ်။
.....................................................................
၉။ ပျားရည်
ပျားရည်က အချင်းကို ဖြတ်ပြီး သန္ဓေသားဆီ ရောက်ဖို့အတွက် အခွင့်အလမ်း နည်းပါးလှပေမယ့် ကိုယ်ဝန်ဆောင်ကာလမှ ပျားရည် အလွန်အကျွံသောက်တာက သန္ဓေသားမှာ အစာအဆိပ်အတောက်ဖြစ်နိုင်ပါတယ်။
.....................................................................
၁၀။ အစာအကျန်များ
သင်စားလို့ မကုန်တဲ့ အစားအစာတွေကို ရေခဲသေတ္တာထဲ သိမ်းထားပြီး နောက်တစ်နေ့မှာ ပြန်စားဖို့ဆိုတာ ကိုယ်ဝန်ဆောင်တွေနဲ့ မသင့်လျော်လှပါဘူး။ အဲဒီအစာတွေထဲမှာ ဘက်တီးရီးယားတွေ စုဆောင်းနိုင်နေတာကြောင့် မိခင်ရော၊ ကလေးမှာပါ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါရရှိနိုင်ပါတယ်။
.....................................................................
၁၁။ အားဖြည့်ဆေးဝါးများ
အားဖြည့်ဆေးဝါးအများစုမှာ သားအိမ်ကို ကျုံ့စေနိုင်တဲ့ contraction ရရှိစေနိုင်တဲ့ abortifacient ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် အဲဒီဆေးဝါးတွေကို များများမှီဝဲပါက ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။

Credit to 1st writer

Wednesday, July 27, 2016

ရွေ့ပြောင်းလုပ်သားများ အပေါ်မတရားပြုမူပါက DOE ဝက်ဆိုက်တွင်တိုင်တမ်းပါ။
'ပုံစံဖြည့်ရန် နမူနာ ပါ။
အားလုံဖြည့်ပြီးလျင် သတင်းပို့ ခလုပ်ကိုနှိပ်ပါ။'
'မိမိတိုင်ကြားချင်တဲ့ခေါင်းစဉ် တစ်ခုခု ရွေးပြီးရင် ဒီစာမျက်နှာကိုရောက်လာပါမယ်။ အဲဒီပုံစံထဲမှာ
အသေးစိတ်များဆိုတဲ့စာသားအောက်က ကွက်လပ်မှာ တိုင်ကြားချင်တဲ့အကြောင်းအရာကို တိုတိုတုတ်တုတ် နဲ့ နားလည်နိုင်အောင်ရေးပါ။
တိုင်ကြားသူရဲ့ အမည်နဲ့ အချက်အလက်တွေဖြည့်ပါ။'
'http://www.doe.go.th/helpme/ ကိုနှိပ်ရင် ဒီစာမျက်နှာကိုတွေ့ရပါမယ်။ မိမိကျွမ်းကျင်တဲ့ ဘာသာစကားကိုရွေးချယ်ပါ။'
Add caption
'မြန်မာဘာသာကိုရွေးရင် ဒီစာမျက်နှာကိုတွေ့ရပါမယ်။ မိမိတိုင်ကြားချင်တဲ့ ခေါင်းစဉ်ကို သေသေချာကြည့်ပြီးရွေးချယ်ပါ။ တိုင်ချင်တဲ့အကြောင်းအရာနဲ့ ခေါင်းစဉ်တွေမကိုက်ရင်တော့ အခြားကိစ္စရပ်များဆိုတဲ့ ခေါင်းစဉ်ကိုပဲရွေးပါ။'

http://www.doe.go.th/helpme/
Like မလုပ်ကြနဲ့၊ cmt မရေးကြနဲ့၊ လူတိုင်းသိအောင် Share ပေးလိုက်ကြ။
ဦးအောင်စိုး။
၂၇-၇-၂၀၁၆
အဲဒီမှာတိုင်တာ အလုပ်မဖြစ်ဘူးဆိုရင်လည်းပြန်ပြောပြကြပါ။

ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ထိုင်းဘက်ကမတရားလုပ်ခြင်းခံရတာရှိရင် ဒီလင့်ခ်ကိုဝင်ပြီး မြန်မာလိုရေးသား တိုင်ကြားနိုင်ပါတယ်။

Tuesday, July 26, 2016

Nan HtweFollow နည်းလမ်းတွေအများကြီး ကြားဖူးပေမယ့် ဒီနည်းလမ်းတွေက တကယ်ပျောက်ပါတယ် (၀က်ခြံပေါက်သူများအားမငယ်ပါနဲ့ မိမိ Fri များကိုလည်းရှယ်ပေးပါ)
ဝက်ခြံနဲ့ အမဲစက်တွေအတွက် အိမ်မှာတင် ဆေးဖော်ပြီး အန္တရာယ် ကင်းကင်းကုလို့ရမယ့် ဆေးနည်း ၅မျိုး
ဝက်ခြံနဲ့ အမာရွတ်တွေနဲ့ အသားအရေဟာ လူတစ်ယောက်အဖို့ မိမိကိုယ်ကိုကိုယ် ယုံကြည်မှုကို လျော့နည်းစေသလို စိတ်ဓာတ်လည်း ကျဆင်းစေပါတယ်။ ဒါကြောင့်မို့ ဝက်ခြံတွေကို ငွေကုန်ခံပြီးကုတာမပျောက်ရင်ပိုတောင် စိတ်ဓာတ်ကျစေတာမို့ ငွေလည်းမကုန် လူလည်း ပင်ပန်းစရာမလိုတဲ့ အိမ်တွင်းကုထုံးလေးတွေကို မျှဝေပေးပါရစေ။
၁. နနွင်း - သိပ်ကို အသုံးဝင်ပြီးရှာရလည်းလွယ်တဲ့ အိမ်တွင်းဆေးဝါးလေးပါ။ နနွင်းဟာ ဘက်တီးရီးယားများကို သေစေပြီး၊ ရောင်ရမ်းနာကျင် နီမြန်းခြင်းတွေကိုလည်းလျော့ချပေးပြီး ဝက်ခြံတွေထပ်မပွားလာအောင်လည်းကာကွယ်ပေးပါတယ်။ သံလွင်ဆီ အုန်းဆီ စသည်တို့ဖြင့် လိမ်းပါက ဝမ်းဗိုက်နာကျင်ကိုက်ခဲတာ၊ ဖောရောင်တာ၊ လေထိုးလေအောင့်တာ၊ ဖျားနာတာ၊ ဝမ်းလျော တာအပြင် အသားအရေ ပျက်စီး လျော့ရဲခြင်းတွေအတွက်ပါ ဆေးဖက်ဝင်ပါတယ်။
နနွင်းတက် တစ်တက် ကို ယူလိုက်ပါ။ ပြီးတော့ ထိုးထွက်နေတဲ့ အတက်ကလေးတွေထဲက ၂ဆစ် ၃ဆစ်လောက်ကိုဖြတ်လိုက်ပါ။ ထို့နောက် ပါးပါးလေးတွေလှီးပြီး ကြိတ်စက်ထဲတွင် ရှောက်ရည် သို့မဟုတ် သံပုရာရည် သို့မဟုတ် လီမွန်ရည်ကိုရောပြီး ကြိတ်လိုက်ပါ။ ထို့နောက် ရလာသည့်အနှစ်ကို မျက်နှာတွင် သုတ်လိမ်းပေးပြီး ၁၅ မိနစ် မှ မိနစ်၂၀ ထိထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ကြိမ် ၄ကြိမ်လောက် ပြုလုပ်နိုင်ပြီး ညအိပ်ယာမဝင်ခင် ပြုလုပ်ပေးတာ အကောင်းဆုံးပါ။ ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် ဝက်ခြံတွေပျောက်ကင်းစေပြီး ဝင်းလဲ့ စိုပြည်တဲ့ အသားအရေကို ရရှိစေမှာပါ။
၂. မန်ကျည်းသီး - ရှေးယခင်ကတည်းက မန်ကျည်းသီးကို အသားအရည်ဖြူဝင်းစေဖို့အသုံးပြုလာတာဖြစ်ပြီး မန်ကျည်းသီးတွင် စစ်ထရစ် အက်ဆစ်၊ တက်တရစ် အက်ဆစ် အပြင် မဲလစ် အက်ဆစ်တို့ပါဝင်တာကြောင့် ချွေးပေါက်ထဲက အညစ်အကြေးတွေကို သုတ်သင်ရှင်းလင်းပေးပြီး ဝက်ခြံ နဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။
မန်ကျည်းအနှစ်ကို ရေကျဲဖျော်ပြီး မျက်နှာသစ်ပေးခြင်း မန်ကျည်းအနှစ်ကို ပျစ်နေအောင်ဖျော်ပြီး မအိပ်ခင် မျက်နှာတွင် လိမ်းပေဒခြင်းကို ပြုလုပ်ပေးပါ။ တစ်ပတ်မှာ ၃ကြိမ် သို့ ၄ကြိမ်လောက်ပြုလုပ်ပေးခြင်းအားဖြင့် ဖြူစင်ဝင်းလက်ပြီး ဝက်ခြံကင်းတဲ့ အလှပိုင်ရှင်ဖြစ်သွားပါပြီ။
၃. ကြက်ဥ - ကြက်ဥဟာ အစားအသောက်အနေနဲ့ အာဟာရဖြစ်သလိုပဲ အသားအရေအတွက်လည်း အားဖြည့်ပေးတဲ့ တန်ဖိုးရှိအရာတစ်ခုပါ။ ကြက်ဥဘေးအကာလေးတွေက ဝက်ခြံနဲ့ ဆားဝက်ခြံတွေကိုဖယ်ရှားပေးပြီး သင့်အသားအရေကို တောက်ပစေပါတယ်။
ကြက်ဥထဲမှ အနှစ်နဲ့ အကာကို ခွဲပြီး အကာကို ဆိုဒါမှုန့်နဲ့ ရောပြီး မျက်နှာကို လိမ်းပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ် မိနစ် ၂၀ လောက်နေလျှင်ဆေးချပေးပါ။ တစ်ပတ်ကို ၂ကြိမ်အသုံးပြုပေးခြင်းအားဖြင့် ဝက်ခြံတွေကိုသက်သာပျောက်ကင်းစေပါတယ်။
၎. ခရမ်းချဉ်သီး - ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့ ခရမ်းချဉ်သီးဟာ Licopersionin ပါဝင်လို့ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပြီး နီးမြန်းရောင်ရမ်းခြင်းကိုလည်း လျော့ချပေးပါတယ်။
ပြုလုပ်ပုံကတော့ လွယ်ကူပါတယ်။ ခရမ်းချဉ်သီးကို အနှစ်ဖြစ်အောင် ချေပြီး ဒိန်ချဉ် စားပွဲတင်ဇွန်းနဲ့ ၂ ဇွန်းကို ရောလိုက်ပါ။ ထို့နောက် မျက်လုံးနားတစ်ဝိုက်မှလွဲ၍ တစ်မျက်နှာလုံးကို လိမ်းပြီး ၁၅ မိနစ်လောက် နေရင်ရေနှင့်ဆေးချလိုက်ပါ။တစ်ပတ်ကို ၃ကြိမ် အသုံးပြုပေးခြင်းအားဖြင့် ဝက်ခြံများကို ကင်းစေပြီး အသားအရေကို ချောမွတ်တောက်ပစေပါတယ်။
၅. ပျားရည် - ပျားရည်ဟာ ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုကို လျော့ချပေးပြီး ဝက်ခြံထပ်မပွားအောင်လည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဒဏ်ရာတွေကို ပါ ကုစားပေးတာမို့ ပျားရည်ဟာလည်း သိပ်ကို နာမည်ကြီးတဲ့ ကုသဆေးတစ်မျိုးအဖြစ် ရှေးယခင်ကတည်းက ရှိခဲ့တာပါ။
ပျားရည်ကို နှမ်းဆီ သံလွင်ဆီ ဂျုံတို့နဲ့ ရောပြီး မျက်နှာမှာ သုတ်လိမ်းလိုက်ပါ။ ထို့နောက် ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။ ဝက်ခြံကင်းပြီး ဝင်းလက် စိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်ရပါလိမ့်မယ်။
Sk Herbal Myanmar
Credit to Zaw Min Tun
ငွေတာရီ's photo.
အလွယ်ကူဆုံး အသည်းဆေးနည်း
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
အသည်းအတွက် အကောင်းဆုံး သဘာဝအစားအစာကတော့ မန်ကျည်းသီးပဲ ဖြစ်ပါတယ်။ မန်းကျည်းသီးရဲ့ ဆေးဖက်ဝင်များကိုလည်း မကြာခဏ တင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆေးနည်းကို ဆရာဝန်ကြီးများကိုယ်တိုင် ရေးထားတဲ့ဆေးနည်းဖြစ်ပြီး အခုဆိုရင် ကမ္ဘာမှာ ခေတ်စားနေတဲ့ အလွယ်ကူဆုံး အသည်းဆေးနည်းတစ်မျိုး ဖြစ်ပါတယ်။
(၁) မန်ကျည်းသီးမှည့် လက်တစ်ဆုပ်ခန့်ကို ထန်းလျက်ခဲ ၃လုံး၊ ဆားအနည်းငယ်နဲ့ အ၀ကျယ်ဖန်ပုလင်းထဲ ထည့်ပါ။
(၂) ရေနွေးပူပူ လောင်းထည့်ပြီး အဖုံးအုပ်ထားပါ။
(၃) နေ့လည်လောက်မှာ လုပ်ထားပြီး ညနေလောက်မှာ ရေစစ်နဲ့ အရည်များကို ညစ်ယူပါ။
(၄) အိပ်ယာမ၀င်ခင်မှာ ၄င်းမန်ကျည်းဖျော်ရည်ကို သံပုရာစိပ်လေး ညစ်ထည့်ပြီး သောက်ပါ။
မနက်အိပ်ယာထင်ရင် ၀မ်းသွားပါလိမ့်မယ်။ ၀မ်းမပျက်ပါ။ ပုံမှန်အတိုင်းပါ။ အနည်းဆုံး တစ်ပတ်တစ်ခါလောက် သောက်ပေးပါ။ လွန်ဘေးတန်ဆေးဆိုတဲ့အတိုင်း နေ့တိုင်းတော့ မသောက်သင့်ပါ။
လူ့ခန္ဓာကိုယ်ထဲမှာ အသည်းဟာ အလုပ်အများဆုံး လုပ်ပေးရတဲ့ ကလီစာတစ်မျိုး ဖြစ်နေပါတယ်။ ကျနော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်ထဲက အဆိပ်အတောက်များကို အသည်းက အမြဲတမ်း စစ်ထုတ်ပေးနေပါတယ်။ ဒါ့ကြောင့် အသည်းကျန်းမာဖို့ သိပ်အရေးကြီးပါတယ်။
ဝမ်းဗိုက်ထဲက အဆိပ်အတောက်၊ အပူအပုပ်များ ကင်းစင်သွားပြီး အသည်းကောင်းသွားပြီဆိုရင် B ပိုး၊ C ပိုး စတာတွေလည်း မဖြစ်တော့ပါဘူး။ အသားအရေလည်း စိုပြေလှပလာစေပါတယ်။
အသည်းမကောင်းလို့ ဘီပိုး၊ စီပိုးတွေ အဖြစ်များနေတဲ့ သင့်မိတ်ဆွေများအတွက်လည်း Share ပေးလိုက်ပါဦး။
စောနွဲ့ နေဆိုင် - ပူတာအို
ကိုးကား - အစွမ်းထက် သဘာဝဆေးနည်းများ
Credit-စောနွဲ့ နေဆိုင် - ပူတာအို
သင်္ဘောရွက် နှင့် အသည်းကင်ဆာ
တနေ့က မနက်စောစောပေါ့ လူတစ်ယောက်ရောက်လာပါတယ်။
သူ့အကိုက လွန်ခဲ့တဲ့ ၄နှစ်က အသည်းကင်ဆာကို စင်္ကာပူသွားကုခဲ့ရတယ်။
အသည်းလဲရမယ်ဆိုတော့ လန့်ပြီးရန်ကုန်ပြန်လာတယ်။
မြောက်ဥက္ကလာပဆေးရုံမှာ တက်တော့ ၆လပဲခံတော့မယ်တဲ့။
ဒါနဲ့ အခုလာတဲ့ ညီအကိုက နက္ခတ္တရောင်ခြည်မှာ
သင်္ဘောရွက်အကြောင်းဖတ်မိတယ်။
‪#‎သင်္ဘောရွက်သောက်နည်းလေးကတော့‬
၁။ သတ္တုကို စတီးတို့နဲ့မထိစေပဲ ကြွေထည် ဖန်ထည်ကိုသုံးပြီး သင်္ဘောရွက်ကို အရည်ညှစ်ရမယ်။
၂။ ကြက်ပေါင်းရည်အဗူးစာ/ အကြမ်းပန်းကန်လုံး တလုံးစာ တရက် ၃ကြိမ်သောက်တာ။
‪#‎တလအတွင်းအသားအရည်ပြန်ကောင်းလာပါတယ်‬။ ၄လမှာဆေးရုံက ဆင်းပါတယ်။ လုံးဝကောင်းသွားပါတယ်။
အခုဂျပန်ကို သွားလိုက်လာလိုက် အလုပ်ပြန်လုပ်နေပါပြီ။
ဟိုမှာဂျပန်တစ်ယောက် အသည်းဖြစ်တော့ပြောပြရင်း သင်္ဘောရွက်ခြောက်ပဲ သောက်နေရတာ အဆင်ပြေပါတယ်ဆိုပြီး လာဝယ်ပေးတာပါတဲ့။
‪#‎Credit‬ ဆိုင်ကိုလာတဲ့ဖောက်သည်တဦး ဓာတ်ပုံကတော့ ခွင့်မတောင်းမိလို့ သူ့ပုံကို crop လိုက်ရပါတယ်။
‪#‎စိတ်မဆိုးဆနွင်းလုံး‬
‪#‎စိတ်မဆိုးသင်္ဘောရွက်ခြောက်ရေနွေးကြမ်း‬
တိုက် 2 အခန်း 101 ဇီဇဝါအိမ်ယာ
သံသုမာလမ်းမ၊ တောင်ဥက္ကလာပ။
ဖုန်း 01 8500 355
( မြင်သာဈေး မှတ်တိုင်အနီး နှင့် ဘေလီကားဂိတ်ကြား )
========= × ========= × =========
အခုပဲ အမျိုးသမီးတဦး နဲ့ အမျိုးသားတစ်ဦးလာပြောလို့
လွန်ခဲ့တဲ့ ၂နှစ်လား ၃နှစ်လား သူပြောတာမမှတ်မိလိုက်လို့။
ယိုးဒယားမှာ အသည်းသွားလှီးပြီးသားပါတဲ့။
အခုပြန်ဖြစ်နေလို့သွားစစ်တော့ အကြိတ် အကြီးကြီး တလုံးပြန်ဖြစ်နေပါတယ်တဲ့။
ဆေးတွေသောက်ပြီးထပ်စစ်တော့ ၈လုံးဖြစ်သွားပါပြီတဲ့။
‪#‎အထက်ပါနည်းနဲ့တူတူပါပဲ‬
၁။ သတ္တုကို စတီးတို့နဲ့မထိစေပဲ ကြွေထည် ဖန်ထည်ကိုသုံးပြီး သင်္ဘောရွက်ကို အရည်ညှစ်ရမယ်။
၂။ ကြက်ပေါင်းရည်အဗူးစာ/ အကြမ်းပန်းကန်လုံး တလုံးစာ တရက် ၃ကြိမ်သောက်တာ။
သေးသွားပါပြီတဲ့
မြန်မာ့ရိုးရာ ဆေးဖက်ဝင်သစ်ဥသစ်ဖုများ's photo. #Credit ဆိုင်ကိုလာသော မိတ်ဆွေတဦး
#စိတ်မဆိုးဆနွင်းလုံး
#စိတ်မဆိုးသင်္ဘောရွက်ခြောက်ရေနွေးကြမ်း
တိုက် 2 အခန်း 101 ဇီဇဝါအိမ်ယာ
သံသုမာလမ်းမ၊ တောင်ဥက္ကလာပ။
ဖုန်း 01 8500 355
( မြင်သာဈေး မှတ်တိုင်အနီး နှင့် ဘေလီကားဂိတ်ကြား )
26. July 2016

Monday, July 25, 2016

yawyawthamamwe: " အာလူးဖျော်ရည် ဘာကြောင့်သောက်သင့်တာလဲ "

yawyawthamamwe: " အာလူးဖျော်ရည် ဘာကြောင့်သောက်သင့်တာလဲ ": အာလူးဖျော်ရည်နဲ့ ပတ် သက်လို့ သုတေသီအချို့က အစာ အိမ်ရောင်ရမ်းနာအတွက် သဘာ ဝဆေးဝါးတစ်ခုလို့ ဆိုထားကြပါ တယ်။ အစာအိမ်နဲ့အူလမ်း ကြောင်းထဲ အန...

Sunday, July 24, 2016

June 5 ·
ကြက်ဥပူတင်း ဖုတ်နည်း
စားရလွယ်ကူပြီး အရသာလည်းရှိ၊ အာဟာရလည်း ဖြစ်စေသလို လုပ်ရတာလည်း လွယ်ကူတဲ့ ကြက်ဥပူတင်းဖုတ်နည်းလေးကို လူမင်းသားမှ ရေးသားမျဝေပေးလိုက်ပါတယ်။
ပါဝင်တဲ့ ပစ္စည်းများ
ကြက်ဥ ၅လုံး၊ ထောပတ် ၂ဇွန်း၊ သကြား ၂ ဇွန်း၊ နွားနို့ ၁၅ကျပ်သားခန့်၊ ပျားရည် ဇွန်းသေး၂ဇွန်း၊ ဂျုံမှုန့် ထမင်းစားဇွန်း၂ဇွန်း၊ စပျစ်သီးခြောက်(ကြိုက်ရင်) အနည်းငယ်ထည့်၊ ဆားအနေတော် ချိန်ထည့်။
ဖျော်စပ်နည်း
(၁) ကြက်ဥကို ပွတက်လာအောင် များများခေါက်ထားပါ။
(၂) ဂျုံမှုန့်ကိုလည်း ရေနည်းနည်းထည့်ပြီး ဖျော်ထားပါ။
(၃) နွားနို့ထဲကို ကြက်ဥ၊ ဆား၊ သကြား၊ ထည့်ပြီး ကြေနေအောင် ဂလောက်ထားပါ။
(၄) ဖျော်ထားသော ဂျုံမှုန့်ရည်ကို လောင်းထည့်ပြီး ထပ်မွှေပါ။ ပျားရည်ထည့်မွှေပြီး ခဏငြိမ်နေအောင် ချထားပါ။
ပေါင်းနည်း
(၁) ပူတင်းဖုတ်ရန် အကောင်းဆုံးခွက်ဟာ ကြွေခွက်ပါ။ ကြွေခွက်မရှိပါက ဖန်ခွက်၊ စတီးလ်ခွက် စသဖြင့် အိမ်မှာရှိတဲ့ အပူခံနိုင်တဲ့ခွက်နဲ့ ပေါင်းနိုင်ပါတယ်။
(၂) ပေါင်းမည့်ခွက်ကို ထောပတ် သို့မဟုတ် ဆီဖြင့် သုတ်လိမ်းပါ။ ပြီးလျှင် ပူတင်းရည်ကို ခွက်ရဲ့ ၃ပုံ၂ပုံခန့်ထိ ဖြည့်ပါ။ အပြည့်ထည့်လျှင် ဆူသည့်အခါ လျှံကျမည်။
(၃) ပေါင်းအိုးထဲသို့ထည့်ပြီး ၁၅ မိနစ်ခန့် ပေါင်းပါ။ ပေါင်းအိုးမရှိပါက အခြားအိုးထဲ ပူတင်းခွက် မမြုပ်အောင် ရေထက်ဝက်ဖြင့် ပေါင်းနိုင်ပါတယ်။
(၄) ၁၀မိနစ်ခန့် ပေါင်းပြီးလျှင် စပျစ်သီးခြောက် ထည့်ပြီး အဖုံးပြန်အုပ်ထားပါ။
(၅) ၅မိနစ်ခန့် ထပ်ပေါင်းပြီးလျှင် အောက်ချလို့ရပါပြီ။
အနံ့မွှေးကြိုင်တဲ့ ကြက်ဥပူတင်း ပူပူနွေးနွေးလေးကို လက်ဖက်ရည်၊ ကော်ဖီတို့နဲ့ သုံးဆောင်နိုင်ပါတယ်။
ဖတ်ရှုသူများအားလုံးကို လူမင်းသားမှ အထူးကျေးဇူးတင်ပါတယ်။
နောက်ထပ် အခြားပူတင်းဖုတ်နည်းများကိုလည်း ဆက်ပြီး တင်ပေးပါဦးမယ်။
Royal Sai
လူမင်းသား - မြန်မာလက်ရာဒံပေါက်
အမှတ်(4-C) မြင်သာ ၁၁ လမ်းနှင့်
သံသုမာလမ်းဒေါင့်
၁၄ ရပ်ကွက် တ/ဥက္ကလာပ။
ဖုန်း - 09256142929, 09780978070
(Max ဆီဆိုင်အရှေ့တည့်တည့်)
.
မြန်မာဆေးကောင်းများ " စိတ်ညစ်ပယ်ချိုး စိတ်မဆိုး " ဆနွင်းလုံး's photo.                     သခွပ်။ဟင်းဂုတ်။ဟင်းဂွတ် ဟုခေါ်
                      #‎
ဆေးစွမ်းထက်‬
င်းငုတ်ပင်
(မြွေဆိုးအဆိပ် နှင့် ရောဂါ ပျောက်)
ဟင်းငုတ်ပင်ကိုဒေသအလိုက်
သခွပ်။ဟင်းဂုတ်။ဟင်းဂွတ် ဟုခေါ်
ကြသည်။

တနိုင်ငံလုံးပေါက်သည်။နှစ်
ရှည်ပင်ကြီး။ပင်စည်တွင်အခေါက်အ
ပွေးမရှိ။အရွက်အနည်းငယ်ဝိုင်း။အ
ပွင့်အဖြူရောင်။ပဒိုင်းပွင့်နှင့်တူသည်။
တန်ခူးမှဝါဆိုလအထိပွင့်သည်။အသီး
မှာသေးသေးရှည်ရှည်။နှစ်ပေခန့်ရှိ။
ဆေးဘက်ဝင်ဝင်ပုံ
‪#‎အခေါက်‬
၁။ မြွေပွေး။မြွေဟောက်ကိုက်ခံရပါက
အခေါက်ကိုအမြန်ဝါးစားလိုက်ပါ
လျှင် အဆိပ်မရှိတော့ပါ။ငန်းတော်
ကျား။ငန်း မြွေ အပါအဝင်ပါ။
(မြွေပွေးနှင်မြွေဟောက်သာအ
ကိုက်ခံသူရှိ၍ဦးစားပေးဖေါ်ပြ
ရခြင်းပါ)
၂။ အဆိပ်ရှိ သတ္တဝါလေးများကိုက်
လျှင်လည်းအခေါက်ဝါးးစားပါ။
၃။ မျက်စေ့နာပါကအခေါက်သွေးပြီး
မြန်မာဆေးကောင်းများ " စိတ်ညစ်ပယ်ချိုး စိတ်မဆိုး " ဆနွင်းလုံး's photo.မျက်လုံးကွင်းလိမ်းပါ။မကျည်း
ခေါက်လိုအပွေးမရှိ။
၎။ ကိုယ်လက်ကိုက်ခဲပါက အခေါက်
ပြုတ်ရေ ချိုးပါ။
‪#‎အပွင့်‬
၁။ ရှေးကတည်းကကလေးတွေကို
ရောဂါကင်း။ကိုယ်တွင်းအဆိပ်

မြန်မာဆေးကောင်းများ " စိတ်ညစ်ပယ်ချိုး စိတ်မဆိုး " ဆနွင်းလုံး's photo.
မြန်မာဆေးကောင်းများ " စိတ်ညစ်ပယ်ချိုး စိတ်မဆိုး " ဆနွင်းလုံး's photo.ကင်းသည်ဆိုကာသုပ်ကျွေးသည်
၂။ အပွင့်ကိုရေနွေးဖျောရုံဖြင့်ကျက်
သည်။အခြောက်ဆိုရင်ပြုတ်ရ
သည်။အခြောက် အရောင်မဲနေ
သည်မှလွဲ၍အရသာမပြောင်းပါ။
၃။ ဘီပိုး။စီပိုး ပျောက်သည်ဆိုကာ
တော်တော်များများအပွင့်သုပ်စား
နေကြသည်။
၎။ ဈေးတွင်ဟင်းရွက်တန်း၌ရောင်း
ချနေကြပါသည်။တို့စားစရာအ
ဖြစ်လည်းသုံးသည်။
‪#‎အရွက်‬
၁။ အရွက်နုကိုဟင်းခါးချက်သောက်
ကြသည်။
၂။ ကလေးများရေကျောက်ပေါက်
လျှင် အရွက်ပြုတ်တိုက်သည်။
၃။ တကိုယ်လုံးညောင်းညာကိုက်ခဲ
လျှင်၎င်း။ကလေးများကျန်းမာ
ရေးအတွက်၎င်း။အရွက်ပြုတ်
ရေ ဖြင့်ရေချိုးကြသည်။
၎။ ဆိတ်ကို မြွေစိမ်းမြီးခြောက်ကိုက်
လျှင် ခေါင်းတခုလုံးရောင်။မျက်
လုံးပိတ်။ငါးရက်ခန့်ကြာမှကောင်း
သော်လည်း အရွက်ကျွေးပါက
တရက်နှင့်ပျောက်သည်။
အချုပ်အားဖြင့်
မြွေပွေး။မြွေဟောက်ကိုက်ခံရသူ
များအခေါက်စားသွားသဖြင့်ဆေးရုံ
ရောက်သည့်အခါအဆိပ်မရှိတော့။
တဦးကလက်သန်းမြွေပွေးကိုက်ရာ
မြွေပါအစွယ်နှင့်ချိတ်ပါလာသည်။
သူကတော့ဆေးရုံမသွားတော့ဘဲ
အခေါက်စား။အရွက်နှင့်စည်းထား
ခဲ့သည်။
သစ်ကြီးပိ။မြွေကြီးကိုက် ဆိုလျှင်
အန္တရာယ်ကြီးလွန်းသည်။ခြေသလုံး
အထက်ကြီးသည့်မြွေအရွယ်ဆိုလိုပါ
သည်။မြွေကြီးတော့အဆိပ်အလွန်
များတော့ အမြန်ဆုံးအခေါက်စား
ရန်လိုပါမည်။ရှေးဦးသူနုာပြုနည်းမ
လုပ်ရ ဟုဆိုလိုခြင်းမဟုတ်ပါ။
အိမ်။လယ်ယာ အနီးရှိဟင်းငုတ်
ပင်များအားခုတ်ခြင်းမပြုဘဲ။နေရာ
ရှိလျှင်စိုက်ထားသင့်သည့်အပင်ဖြစ်
ပါသည်။
မိမိတွင်ရုက္ခဗေဒစာအုပ်များ
မရှိပါ။လက်ရှိအသုံးပြုနေပုံများ။
သက်ကြီးစကား ကြားများ။အတွေ့အ
ကြုံ များအားဖေါ်ပြထားခြင်းဖြစ်
ပါကြောင်း။
ဆရာ Nyunt aung
Si Thu Hain


Comment
              ပဲပိစပ် (Soybean) ၏ ကောင်းကျိုးများ
ပဲပိစပ်တွင် ပရိုတင်းဓာတ်များ စွာပါဝင်သောကြောင့် ကိုယ်ခံအား စနစ်ကို ကောင်းစေသည်။ အသား တွင် ပါဝင်သောပရိုတင်းထက်သာ သည်မှာ ၄င်းတွင်ပါဝင်သော ပရို တင်း၌Cholesterolပါဝင်မှုမရှိ သောအချက်ပင်ဖြစ်သည်။
ပဲပိစပ်တွင် ပါဝင်သော Phytosterols ၌ ပါဝင်သည့် Lecithin ကြောင့် ဥာဏ်ရည်ဥာဏ်သွေး မှတ် ဥာဏ်ကို ကောင်းစေသည့်အပြင် အယ်ဇိုင်းမားရောဂါကိုလည်း ကာ ကွယ်ပေးသည်။
၎င်းတွင်ပါဝင်သော Lecithin သည် အဆီ၌ ပျော်ဝင်သော Vitamin များကို စုပ်ယူရန် အားပေး သည်။ တစ်ရှူးနှင့်ကိုယ်တွင်း organ များကို ခွန်အားဖြစ်စေသည်။ မကောင်းသော cholesterol ကို ကျစေသည့်အတွက် နှလုံးသွေးကြောရောဂါကို ကာကွယ် ပေးသည်။ ကောင်းသောအဆီကိုမူ မကျစေပါ။
၎င်းတွင်ပါဝင်သော Plant oestrogen အမျိုးအစားဖြစ်သော Soy isoflavone ကြောင့် အရွယ် တင် နုပျိုစေသည့်အပြင် သွေးဆုံးချိန် ၌လည်း သွေးဆုံးခြင်း လက္ခဏာများ ကိုလျော့စေသည်။
၎င်းတွင်ပါဝင်သော Protease မှ ပရိုတင်းများကို ပြိုကွဲစေသောအင် ဇိုင်းများကို တားပေးသဖြင့် ရင်သား ကင်ဆာကို သိသိသာသာ ကာကွယ် ပေးသည်။
၎င်း၌ Anti-oxidant ဖြစ် သော Saponin ပါဝင်သဖြင့် ကင်ဆာဆဲလ်များ ကြီးထွားမှုကို တားမြစ်ပေးသည်။
ပဲပုပ်တွင် အခြားအစားအစာများ ထက် Iron နှင့် Zinc များစွာပါဝင် သောကြောင့် အသက်ကြီးသူများ၏ နားလေးခြင်းကို ကာကွယ်ပေးသည်။
ပဲပုပ် 100mg စားလျှင် Potassium 1500 mgm ရရှိသဖြင့် ပဲပုပ် ကို လုံလောက်စွာစားသုံးပါက သွေး ပေါင်ကို ကျစေပါသည်။

Reposted by su
Credit to Myawady
Comment
        ခံတွင်းကင်ဆာ၊လည်ပင်းကင်ဆာ၊လျှာကင်ဆာ ဖြစ်နေသူ
များ စိတ်မပူပါနဲ့
ဒီဆေးအိုးဗုတ် ပင်အရွက်လက်တစ်ဆုတ်
ကို ရေစင်အောင်ဆေး၍ ပါးစပ်အတွင်းဝါးပြီး ၅မိနစ်မျှငုံပေး
ပါ။

ပြီးနောက်အရွက်များကို ရေ( ၃) ခွက်ဖြင့်ကျိုပါ။( ၁) ခွက်ကျန်လျှင် ထိုအရည်အားငုံခြင်း အာလုတ်ကျင်းခြင်း
မကြာခဏ လုပ်ပေးပါ။
၃ ရက်အတွင်းသိသာစွာ ပျောက်ကင်းကြောင်း တွေ့ရမည်။
သရဏဂုံ
Ei Ei Swe

Comment
ခွဲစိတ်ကုသမှု မလိုကျောက်ကပ်နှင့်
ဆီးကျောက်တည်ရောဂါ အတွက်ဆေးနည်းကောင်း
လက်တွေ့မို့ မျှဝေလိုက်ပါတယ်။
.
ကျွန်တော်6.2.2016နေ့ မခံမရပ်နိုင်အောင်
နာကျင်မှုဝေသနာ ခံစားနေရလို့ဆေးရုံပို့
အမ်ထရာဆောင်း ရိုက်တော့ကျောက်တည်
နေတယ်ပြောတယ်။
.
7.2.2016နေ့ကနေအုန်းသီး နှစ်လုံးနေ့တိုင်း
အုန်းရေသောက်ခိုင်းတာ16.2.2016နေ့မှာ
လိမ္မော်သီးအစေ့ခန့်ရှိတဲ့ကျောက် မနာမကျင်ပဲ
ထွက်ကျလာပါတယ်။
.
ဆေးနည်းက အုန်းသီးကို
အပေါ်ကသေးသေးလေးဖေါက်
ကျောက်ချဉ်ရွေးလေးစေ့ခန့်ထည့် ဖောက်ထားတဲ့
အခွံနဲ့ပြန်ပိတ်ပါ။
.
တစ်ညသိပ်ပြီး နောက်နေ့သောက်ရုံပါပဲ
ငွေကုန်ကြေးကျနည်းပြီးပျောက်လို့
Share ပြီးမျှဝေပေးကြပါ။
.
.
Credit ~ Tuntun Oo
============
လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာအရောဂါများအတွက်
--------
ဖီးကြမ်းငှက်ပျောသီးအမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍
သက်ရင်းကြီးရွက်နှင့်လုံအောင်လိပ်ကာ
( ၅ ) နာရီခန့် ပြုတ်၍တစ်နေ့သုံးလုံးစီ
( ၅ ) ရက်ဆက်တိုက်စားပေးပါက
လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာ
နာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။
-
ပြုလုပ်ပုံလွယ်ကူ၍ အကုန်အကျနည်းကာ
အစွမ်းထက် သက်စောင့်ဆေးအားမှီဝဲကြပါကုန် ။

Credit to
(ဝိစိတ္တရတနာမြေ)
Comment
ချစ်သူငယ်ချင်တို့...ဆီးကျောက်တည်နေသူအတွက်.မေတ္တာ ဖြစ် လက်တွေ့မို့ ပြောပြစေချင်တာပါ ကျနော် ထိုင်းမှာကုသလို့လဲမပျောက်ဘူး ခွဲရမယ်ေ ပြာတယ်...
ဆီးသွားတော့လဲ သွေးပါတယ်..
နောက်တော့ ရွာပြန် ပြီးဆေးဝယ်သောက်လဲမပျောက်ခဲ့ဘူး...
တောင်ပေါက သာဘာဝ ကြက်ရိုးပင်လို့ခေါ ကျတဲ့ ကြက်ရိုးရွက်ကို ၃ ခွက် ၁ခွက်တင်ကြို၍သကြားအနည်းငယ်ထဲ၍ ကြိုသောက်လိုက်တာ
မနက်သောက်လိုက်တာနဲ့ နေခင်းပိုင်းဆို ကျောက်ကွဲ ပြီးအလိုက်ထွက်သွားပါတယ်..ကျနော်...လက်တွေပါ....

Cridit Min Lay - Via - Ma Thu Zar Myint
‪#‎Ko‬ Kyaw Win
တို့တိုက်ကြီးဘက်မှာရှိပါတယ်လိုချင်ရင်ပြောပါရှာပေးပါ့မယ်
‪#‎Tay‬ Za Aung
ရှားစောင်းလက်ပတ် အတွင်းထဲက အနှစ်ကိုစားရင် လဲ ဆီးကျောက်ရောဂါပြောက် တယ်လို့ကြားဖူးပါတယ်
‪#‎စိတ်မဆိုးဆနွင်းလုံး‬
‪#‎စိတ်မဆိုးသင်္ဘောရွက်ခြောက်ရေနွေးကြမ်း‬
တိုက် 2 အခန်း 101 ဇီဇဝါအိမ်ယာ
သံသုမာလမ်းမ၊ တောင်ဥက္ကလာပ။
ဖုန်း 01 8500 355
( မြင်သာဈေး မှတ်တိုင်အနီး နှင့် ဘေလီကားဂိတ်ကြား )
***နှလုံးရောဂါဝေဒနာသည်များ လိုင်ချီးသီးများများစား ***
အရသာချိုမြိန်သော လိုင်ချီးသီးလေးများကို တရုပ်ပြည် တန်-မင်းဆက် လက်ထက်ကတည်းက စားသုံးလာခဲ့ကြပြီး၊ ၁၇-ရာစုနှစ် တွင် အာရှတိုက် တစ်တိုက်လုံးသို့  လိုင်ချီးသီးစားသုံးမှုပျံ့ နှံ့ လာခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။ မျက်မှောက်ကာလ တွင်တော့ တရုပ်ပြည်တောင်ဘက်ပိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြောက်ဗီယက်နမ်၊ ထိုင်ဝမ်တောင်ဘက်ပိုင်း နှင့် အိန္ဒိယနိုင်ငံတို့ တွင် ရာသီစာသီးနှံအဖြစ် လိုင်ချီးပင်များကို စီးပွားဖြစ် စိုက်ပျိုးအောင်မြင်လျှက်ရှိပါသည်။ မြန်မာပြည်၏ မုံရွာ၊ မန္တလေး နှင့် ကချင်ပြည်နယ်တို့ တွင် လိုင်ချီးသီးအထွက်များသလို၊ ကလေးမြို့ နေရာအနှံ့ အပြားတွင်လည်း လိုင်ချီးသီး (ခေါ်) လေချူသီး ကို စီးပွားဖြစ်စိုက်ပျိုး၍၊ အိန္ဒိယ နိုင်ငံသို့ ရောင်းချကြပါသည်။
လိုင်ချီးပင်တို့ သည် အပွင့်ပွင့်ပြီး ရက်ပေါင်း ၁၂၀ မှ ၁၄၀ ခန့့်အကြာတွင် အသီးသီးပါသည်။ အပင်ပေါ်တွင်ရင့်မှည့် လွယ်သော သစ်သီးဖြစ်ပြီး၊ မှည့်သည်နှင့်တပြိုင်နက် ရနံ့ အလွန်မွှေးလာပါသည်။ အခွံရောင်ရဲရဲတောက်လေ၊ အတွင်းထဲရှိ အဖြူရောင် အသားစိုင်များ အရည်ရွှမ်းလေဖြစ်ပြီး အရသာလည်းပိုချိုမြ၏။ အစေ့ကိုတော့စား၍မရပါ။ အဆာပြေသစ်သီးအဖြစ် စားသုံးကြ သလို၊ ရေခဲမုန့် ၊ ကျောက်ကျော၊ ဂျယ်လီ၊ ယို၊ ဖျော်ရည်၊ သကြားလုံး၊ ပီကေ၊ လိုင်ချီးသီးသံဗူး၊ လိုင်ချီးသီင်္းခြောက်၊ စသည်ဖြင့် နှစ်ခြိုက်စွာ စားသုံးကြပါသည်။ လိုင်ချီးသီးကို ကြာကြာခံစေရန်အတွက် ရေခဲသေတ္တာထဲထဲ့သိမ်းပါက၊ ၂-ရက်ခန့် အကြာတွင် အညိုရောင်ပြောင်းသွားတတ်သော်လဲဘဲ၊ အနံ့ အရသာ ယိုယွင်းမှုမရှိသဖြင့် ယုံကြည်စိတ်ချစွာ စားနိုင်ပါသည်။ ယခုအခါ ခေတ်မှီ တိုးတက်သောနည်းပညာများဖြင့် ဆန်းသစ်ကာ အရေပြားအေးမြစေရန် လိုင်ချီးသီးမှ ရေမွှေး၊ ဆပ်ပြာ၊ ဂျယ်လ်၊ lotion၊ ပေါင်ဒါ စသည့် အလှကုန်ပစ္စည်း အမျိုးမျိုးတို့ ကို ထုတ်လုပ်နေကြပါပြီ။
လိုင်ချီးသီးထဲတွင် လူသားတို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အာဟာရဓာတ်အမြောက်အများပါရှိပါသည်။ ၁၉၀ ဂရမ် ရှိသော လိုင်ချီးသီးတစ်ခွက်ထဲတွင် Methionine ၀.၀၁၇ ဂရမ်၊ လိုင်ဇင်း ၀.၀၇၈ ဂရမ်၊ Tryptophan ၀.၀၁၃ ဂရမ်၊ polyunsaturated Fatty acids ၀.၂၅၁ ဂရမ်၊ monounsaturated Fatty acids ၀.၂၂၈ ဂရမ်၊ ဗိုက်တာမင်ကေ ၀.၈
မိုက်ခရိုဂရမ်၊ ဗိုက်တာမင်အီး ၀.၁၃ မီလီဂရမ်၊ Choline ၁၃.၅ မီလီဂရမ်၊ ဖောလိတ် ၂၇.၀ မိုက်ခရိုဂရမ်၊ ဗိုက်တာမင်ဘီ ၆၀.၁၉ မီလီဂရမ်၊ နီအာဆင်း၁.၁၄၆ မီလီဂရမ်၊ Energy ၁၂၅ ကယ်လိုရီ၊ ရေဓာတ် ၁၅၅.၃၄ ဂရမ်၊ ပရိုတင်း ၁.၅၈ဂရမ်၊ Ash ၀.၈၄ ဂရမ်၊ lipid ၀.၈၄ ဂရမ်၊ ကဆီဓာတ် ၃၁.၄၁ ဂရမ်၊ သကြားဓာတ် ၂၈.၉၄ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၂.၅ ဂရမ်၊ ကယ်လ်စီယမ် ၁၀.၀ မီလီဂရမ်၊ မဂနီစီယမ် ၁၉ မီလီဂရမ်၊ သံဓာတ် ၀.၅၉ မီလီဂရမ်၊ Riboflavin ၀.၁၂၄ မီလီဂရမ်၊ သီအာမင် ၀.၀၂၁ မီလီဂရမ်၊ ဗိုက်တာမင် စီ ၁၃၅.၉ မီလီဂရမ်၊ Selenium ၁.၁ မိုက်ခရိုဂရမ်၊ Manganese ၀.၁၀၅ မီလီဂရမ်၊ ကော့ပါး ၀.၂၈၁မီလီဂရမ်၊ ဇင့် ၀.၁၃ မီလီဂရမ်၊ ဆိုဒီယမ် ၂.၀ မီလီဂရမ်၊ ပိုတက်စီယမ် ၃၂၅မီလီဂရမ်၊ ဖော့စဖရက်စ် ၅၉.၀ မီလီဂရမ် နှင့် မဂနီစီယမ် ၁၉.၀ မီလီဂရမ် တို့ ပါရှိပါသည်။
(၁) ခွန်အားများ တိုးပွားစေနိုင်ပြီး၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါသည်။
(၂) ခန္ဓာကိုယ်အတွက်လိုအပ်သော အရည်ဓာတ်ကို ဖြည့်တင်းပေးနိုင်ပါသည်။
(၃) လိုင်ချီးထဲတွင် citrus ဆက်ဆစ်ကဲ့သို့ သော ဗီတာမင်စီ ၄၀% ပါရှိရာ၊ လိမ္မော်သီးထဲတွင် ပါဝင်မှုပမာဏထက် ပိုများ၏။ ထို့ ကြောင့်ခန္ဓာကိုယ်တွင်း ကောင်းကျိုးမပြုသော free radicals များကိုတိုက်ထုတ်ပေးကြောင်း၊ ကင်ဆာဆဲလ်များ ကြီးထွားလာမှုကို ဟန့် တားပေးနိုင်ကြောင်း၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပေါ်လာခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း အမေရိကန်နိုင်ငံ Natural Cancer Treatment မှ ဆေးသုတေသီများက ဆိုပါသည်။
(၄) လိုင်ချီးထဲတွင်ပါသော beta carotene ပမာဏသည် မုန်လာဥနီထက် ပိုများပြားသည်။
(၅) အစာကျေစေပြီး၊ ဆီးလဲရွှင်စေပါသည်။
(၆) လိုင်ချီးသီးတစ်ခွက်စာပမာဏထဲတွင် ပါရှိသောပိုတက်စီယမ်သည် လိမ္မော်သီးအသေးတစ်လုံးထဲတွင် ပါရှိမှုထက်ပို၏။ ပိုတက်စီယမ်ဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးပါသော သတ္တုဓာတ်ဖြစ်ပြီး၊ သွေးဖိအားနှင့်နှလုံးခုန်နှုန်း တို့ ကို
ဟန်ချက် ညီညီထိန်းချုပ်ပေးကာ။ သွေးခဲခြင်း၊ ဆဲလ်များပျက်စီးခြင်းမှလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။ ထို့ ပြင် နှလုံးကိုပုံမှန်ခုန်စေပြီး၊ နှလုံးကြွက်သားများ ကျုံ့ ခြင်း/ချဲ့ ခြင်းနှင့် နှလုံးသွေးကြောစီးဆင်းလည် ပတ်မှုတို့ ကို ကောင်းစွာ အထောက်အပံ့ပေးပါသည်။ နှလုံးရောဂါဝေဒနာအမျိုးမျိုး တို့ ကို သက်သာစေရုံသာမက၊ နှလုံးရောဂါနှင့် ဆက်စပ်သော လေဖြတ်ခြင်း မှ ၅၀%သက်သာလျော့နည်းစေနိုင်ပါသည်။
(၇) လိုင်ချီးသီးမှာ ကြေးနီ(Copper)များ အလုံအလောက်ပါရှိခြင်းကြောင့် သွေးနီဥများကိုထုတ်လုပ်ပေးနိုင်သဖြင့် သွေးအား ကောင်းစေပြီး၊ ခွန်အားလဲတိုးပွားစေနိုင်သောကြောင့် သွေးအားနည်းသူများနှင့်သက်ကြီးရွယ်အိုများစားသုံးသင့်ပါသည်။
(၈) ခန္ဓာကိုယ်အတွက်လိုအပ်သော အမျှင်ဓာတ်နှင့် ကစီဓာတ်တို့ ကြွယ်ဝစွာပါရှိပါသည်။
(၉) လိုင်ချီးသီးထဲတွင် ကယ်လ်စီယမ်၊ ဖော့စဖရက်နှင့် မဂနီစီယမ်စသည့်သတ္တုဓာတ်များ ပါရှိသောကြောင့်အရိုးနှင့်သွားများ ကြီးထွားမှုအတွက်အလွန်အရေးပါသဖြင့်ကြီးထွားဖွံ့ဖြိုးနေဆဲကလေးငယ်များကိုလည်းလိုင်ချီးသီးကျွေးမွေးသင့်ပါသည်။
(၁၀)` ရာသီဥတုအပြောင်းအလဲတွင် ဖြစ်လေ့ရှိသော အအေးမိနှာစေး၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့် အပရိက ရောဂါများအတွက် လိုင်ချီးသီးက အစွမ်းထက်မြက်လှပါသည်။ ဖျားနာနေသောသူများလည်း လိုင်ချီးသီး စားပေးခြင်းဖြင့် သက်သာ စေနိုင်ပါသည်။
(၁၁) လိုင်ချီးသီး စားသုံးခြင်ဖြင့် နာကျင်မှုကိုလျော့ကျစေပြီး အကျိတ်ဂလင်းများရောင်ရမ်းမှုကို သက်သာစေနိုင်ပါသည်။
(၁၂) လိုင်ချီးသည်အရသာအလွန်ချိုသော်လဲ၊ ၄င်းထဲတွင်ပါရှိသောသကြားဓာတ်သည် သဘာဝသစ်သီးသကြားဓာတ်ဖြစ် ပါသည်။ ကယ်လိုရီပါဝင်မှုနဲပြီး၊ မပြည့်ဝဆီနှင့်ကိုလက်စထရောလုံးဝမပါရှိသည့်ပြင်၊ ကျေညက်လွယ်သော အမျှင်ဓာတ် ကြွယ်ဝစွာပါရှိသဖြင့် ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းလိုသူများ စိတ်ကြိုက်စားသုံးနိုင်သောအသီးဖြစ်ပါသည်။ ကိုယ် အလေးချိန်ကိုပါ လျော့ကျစေပါသည်။
(၁၃) လိုင်ချီးစားသုံးခြင်းကြောင့် အသားအရည်ကို ကောင်းမွန်တိုးတက်လှပစေပြီး၊ မျက်နှာပေါ်ရှိအစက်အပြောက်များကို သက်သာလာစေနိုင်ပါသည်။
(၁၄) ဖက်ခွက်နာ၊ ပြည်တည်နာ..စသော ကိုယ်တွင်းကိုယ်ပ အနာများကို ကာကွယ်ပေးနိုင်ပါသည်။
(၁၆) ကာမအားကို တိုးပွားစေပါသည်။
(၁၇) အစာအိမ်ရောင်ရမ်းနာ ဝေဒနာအတွက် လိုင်ချီးက အလွန်ကောင်းကျိုးပြုပါသည်။
(၁၈) လိုင်ချီးသီးထဲတွင် အခြားအသီးများနှင့်မတူ oligonol(ခေါ်)ဓာတ်တိုးဆန့့်ကျင်ပစ္စည်းတစ်မျိုး ပါရှိသည့်အတွက် တုပ်ကွေးဗိုင်း ရပ်စ်ပိုးများကို တွန်းလှန်ပေးနိုင်ပါသည်။
(၁၉) အရေပြားပေါ်ရှိ ခရမ်းလွန်ရောင်ခြည်သက်ရောက်မှုကို လိုင်ချီးသီးက ကာကွယ် ပေးနိုင်ကြောင်း ဂျပန်နိုင်ငံရှိ Kyorin University မှ အတည်ပြုခောက်ခံထားပါသည်။
(၂၀) လိုင်ချီးသီးသည် thiamin, niacin နှင့် folates စသည့် B-complex ဗီတာမင်တို့ စုဝေးရာ အရင်းအမြစ်ဖြစ်သောကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်ပျက်မှုအလုံးစုံကို အထောက်အပံ့ဖြစ်စေပါသည်။
(၂၁) အရွယ်တင်နုပျိုစေရန်နှင့် အသက်ရှည်စေရန်အတွက် လိုင်ချီးသီးကို တရုပ်ရိုးရာ တိုင်းရင်းဆေးဝါးကုထုံးများတွင် အသုံး ပြုလေ့ ရှိပါသည်။
++++++++++++++++++++++++++
လိုင်ချီးသီးမှာ လူသားတို့ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။ သို့ သော် အမှည့်လွန်သော အသီးများထုံးစံ အတိုင်း အချဉ်ဓါတ်ပေါက်စေတတ်၍ လတ်လတ်ဆတ်ဆတ် ရွေးချယ်စားသုံးသင့်ပါသည်။ ဆေးသိပ္ပံပညာရှင်းများက ရှုထောင့် အမျိုးမျိုးမှ လေ့လာစမ်းသပ်ကာ၊ လိုင်ချီးသီး၏ သူမတူအောင်ဆေးဘက်ဝင်ပုံကို ဖော်ထုတ်နိုင်ခဲ့ကြပါပြီ။ ထို့ ကြောင့် အရသာလဲ ရှိကာ ကောင်းမွန်လတ်ဆတ်သော ရာသီစာလိုင်ချီးသီးလေးများကို အဆာပြေသွားရည်စာအဖြစ် သာမက၊ “ အစာလဲဆေး၊ ဆေး လဲအစာ” အဖြစ် မှီဝဲစားသုံးစေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။
ဘာသာပြန်သူ (ပေါက်ပေါက်)
မှီငြမ်း (Wikipedia:Health Benefits of Lychee)
ဆီးအိမ်ကျောက်တည်အတွက် ဆေးနည်း
ဆီးအိမ်ကျောက်တည်ရောဂါအတွက် အစွမ်းထက်တဲ့ ရိုးရာဆေးနည်းတစ်ခုကို ညွန်ပေးလိုက်ပါတယ်။ ဒီဆေးနည်းကတော့ စင်္ကာပူ၊ မလေးရှား၊ ထိုင်ဝမ်တို့မှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးများရဲ့ ရိုးရာဆေးနည်းလို့ ဆိုကြပါတယ်။
အလွန်လွယ်ကူတဲ့ ဆေးနည်းပါ။ Water Hyacinth လို့ခေါ်တဲ့ ဗေဒါပင်ကို ချက်စားရမှာ ဖြစ်ပါတယ်။
ဆေးနည်း
(၁) ဗေဒါပင်တစ်ပင်လုံးကို အမြစ်မှ အပွင့်ထိ တစ်ပင်လုံးကို ရေစင်အောင် ဆေးကြောပြီး နှုတ်နှုတ်စင်းပါ။
(၂) အဆီမပါတဲ့ ၀က်သားအနည်းငယ်နဲ့ အချိုချက် ချက်ပါ။ ငရုတ်သီးအစပ် မထည့်ရပါ။
(၃) ဗေဒါဝက်သားအချိုချက်ကို ဟင်းအဖြစ် စားသုံးပါ။ မကြာခဏ ချက်စားပါ။
(၄) ဘီယာသောက်တတ်သူ အမျိုးသားများဆိုရင် ဘီယာနဲ့သောရင် ပိုပြီး ထိရောက်ပါတယ်။ ဆီးကို ရွှင်စေပါတယ်။ ကျောက်ကို ကြေစေပါတယ်။
(၅) ဘီယာမသောက်တတ်သူများကတော့ သံပုရာရည်၊ အုန်းရည် စတဲ့ သောက်စရာတစ်ခုခုနဲ့ တွဲသောက်လို့ရပါတယ်။ အရက်အမျိုးမျိုး၊ ၀ိုင်၊ ထန်းရည်တို့နဲ့ မသောက်ရပါ။ ၀က်သားနဲ့ ထန်းရည်က အခန့်မသင့်ရင် အော့အန်တာ ဖြစ်တတ်ပါတယ်။
(၆) တပင်လုံးကို အခြောက်လှမ်းထားပြီး ရေနွေးကြမ်းခတ်သောက်ပါ။ ဆီးအိမ်မှကျောက်ကို ကြေကျသွားစေပါတယ်။
အစာလည်းဆေး ဆေးလည်းအစာဆိုသလိုပါပဲ။ ငွေကုန်ကြေးကျလည်း နည်းတဲ့ ရိုးရာဆေးနည်းဖြင့် ဆီးကျောက်တည်ရောဂါများ ပျောက်ကင်းနိုင်ကြပါစေ။
Credit ....
.
မူရင်း post ပိုင်ရှင်အား ‪#‎credit‬ ပေးပါသည်
Comment
သင်္ဘောသီးကို ဆေးဖက်ဝင်အောင် စားနည်း
(၁) နံနက် ၈ နာရီမှာ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။
(၂) နံနက် ၉ နာရီမှာ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ပြန်လည်ကောင်းမွန်စေပါတယ်။
(၃) နံနက် ၁၀ နာရီမှာ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
(၄) နံနက် ၁၁ နာရီမှာ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ပြန်လည်ကောင်းမွန်စေပါတယ်။
(၅) မွန်းလွဲ ၁ နာရီမှာ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေပါတယ်။
(၆) မွန်းလွဲ ၂ နာရီမှာ စားသုံးလျှင် - ပါးစပ်နံခြင်းကို ပျောက်ကင်းစေပါတယ်။
(၇) မွန်းလွဲ ၃ နာရီမှာ စားသုံးလျှင် - အူမကြီးပူခြင်းကို သက်သာစေပါတယ်။
(၈) ညနေ ၄ နာရီမှာ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေပါတယ်။ (ကလေးများ မစားရပါ)
(၉) ညနေ ၅ နာရီမှာ စားသုံးလျှင် - ဆီးချိုဖြစ်ခြင်းကို သက်သာစေပါမယ်။
(၁၀) ညနေ ၇ နာရီမှာ စားသုံးလျှင် - တစ်နေကုန် ပင်ပန်းခြင်းကို သက်သာစေပြီး စိတ်ရွှင်လန်းစေပါမယ်။
(၁၁) ညနေ ၈ နာရီမှာ စားသုံးလျှင် - သွေးသားကို သန့်စင်ပေးပါမယ်။
(၁၂) ညနေ ၉ နာရီမှာ စားသုံးလျှင် - သကြားနှင့်တို့စားပါက အသည်းပူခြင်းကို သက်သာစေပါမယ်။
သင်္ဘောသီးသည် အစာကြေခြင်း၊ ၀မ်းကောင်းခြင်း၊ ခွန်အား ဖြည့်စွမ်းပေးခြင်း စသည့်အာနိသင်များရှိကြောင်း တရုတ်တိုင်းရင်းဆေးကျမ်းတွင် ဖော်ပြထားကြသည်။
Ref: သဘာဝဆေးစွမ်းကောင်း
Comment