Sunday, July 10, 2016

no.11- ***ခြေထောက်အကြောထုံးခြင်းအတွက် သိမှတ်ဖွယ်ရာအဖြာဖြာ ***
အကြောများဆိုင်းပြီး သွေးကြောပိတ်ဆို့ ရောင်ရမ်းလာခြင်းကို ဆေးပညာအရ varicose vein လို့ ခေါ်ပါတယ်။ များသောအား ဖြင့် ခြေထောက်နှင့်ခြေမျက်စေ့တို့ တွင် ဖြစ်လေ့ရှိပြီး၊ သွေးကြောအဆို့ ရှင်များအားနည်း၍ ကောင်းစွာအလုပ်မလုပ်နိုင်ခြင်း ကြောင့် ဒီရောဂါဖြစ်လာပါတော့တယ်။ အဲဒီလိုပိတ်ဆို့ ခြင်းက ကြီးမားမားပြသနာမဟုတ်သော်ငြား၊ လွန်ကဲစွာ အကြောထုံးလာခဲ့ ရင်ဖြင့် နောက်ဆက်တွဲရောဂါအန္တာရာယ်များဖြစ်ပေါ်လာစေပါတယ်။
အလှုပ်အရှားနည်းသည့် သက်ကြီးရွယ်အိုများ၊ အရွယ်မတိုင်မီအ၀လွန်သူများ နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဖြစ်လေ့ရှိပါ တယ်။ ရောဂါလက္ခဏာများကတော့ (၁)ခြေထောက်ရောင်ကိုင်းခြင်း (၂) သွေးကြောများယားယံခြင်း (၃) အရေပြားအရောင် ပြောင်းလဲသွားခြင်းတို့ ဖြစ်ပါတယ်။ သာမန်အကြောထုံးခြင်းကို အနေအထိုင်အစားအသောက်ဖြင့် ထိန်းထားနိုင်သော်လည်း၊ သာမန်ထက်ဆိုးရွားလာရင်တော့ လိုအပ်သောစစ်ဆေးမှုတွေလုပ်ပြီး၊ ရောဂါအတိမ်အနက်ပေါ်မူတည်ကာ (၁) လေဆာပစ်ခြင်း၊ (၂) ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ (၃) ခွဲစိပ်ခြင်း စသည်ဖြင့် ကုသမှုခံယူသင့်ပါတယ်။
အနေအထိုင်ဆင်ခြင်ပါ။
(၁) ကောင်းစွာသွေးလည်ပတ်စီးဆင်းခြင်းက အကြောထုံးဝေဒနာ (လုံးဝ)မဖြစ်စေနိုင်ပါ။ ထို့ ကြောင့် လမ်းများများလျှောက်/ခပ် ဖွဖွပြေး/စက်ဘီးစီး/ရေကူး စသည့်လေ့ကျင့်ခဏ်း တစ်ခုခုကို နာရီဝက်(သို့ မဟုတ်)၄၅မိနစ်ခန့်  နေ့ စဉ် ပုံမှန်လုပ်ပေးခြင်း ဖြင့် သွေးလည်ပတ်မှုကောင်းစေသည့်အပြင် ကိုယ်အလေးချိန်ပါကျစေပါတယ်။ (၂) ကြာမြင့်စွာ မတ်တပ်ရပ်အလုပ်လုပ်ခြင်းက ခြေထောက်ကိုဝန်ပိစေပြီး၊ အကြောထုံးလာစေလို့ သတိပြုပါ။ (၃) ခုံပေါ်မှာအကြာကြီးထိုင်၍အလုပ်လုပ်ခြင်း၊ တီဗွီကြည့်ခြင်း (သို့ မဟုတ်)ကွန်ပြူတာကြာမြင့်စွာသုံးခြင်း၊ ခြေထောက်၂-ချောင်းချိပ်ထိုင်ခြင်း၊ ပေါင်ပေါ်သို့ လေးလံသောပစ္စည်းတင်၍ ထိုင်ခြင်း စသည်တို့ က သွေးလည်ပတ်မှုကို တားဆီးပိတ်ဆို့ စေပါတယ်။ (၅) ဒေါက်မြင့်ဖိနပ်စီးပြီး ခရီးဝေးလမ်းလျှောက်ခြင်း(သို့ မ ဟုတ်)မတ်တပ်ရပ်ခြင်းကလည်း သွေးကြောပိတ်ဆို့ စေနိုင်ပါတယ်။ (၆) မိမိခြေထောက်ထက်သေးငယ်သည့် ဖိနပ်စီးခြင်း၊ ခြေ အိပ်သေးသေးဝတ်ဆင်ခြင်း တို့ ကလည်း ခြေထောက်သွေးကြောထုံးစေတဲ့ ပြသနာများပါဘဲ။ (၇) တခါတရံမှာ အကြောထုံး များက သီးမခံနိုင်လောက်အောင်ယားယံစေသော်လဲ၊ ကုတ်ခြစ်ခြင်းမပြုပါနှင့်။ သွေးထွက်အနာဖြစ်စေပါတယ်။
အစားအသောက်ဖြင့်ထိန်းပါ။
(၁) သကြား၊ အချိုကဲသောအစားအစာများ၊ ရေခဲမုန့် ၊ ဆီကြော်မုန့် များ၊ အဆီများသောအစားအစာများ၊ တိရိစ္ဆာန်မှရသော အ ဆီအနှစ်များ၊ ပြန်လည်ပြုပြင်ထားသောအသင့်စား အစားအစာများ၊ ဆား နှင့် ငန်သောအစားအစာများ…စသည်တို့ ကိုရှောင်ပါ (သို့ မဟုတ်)အနည်းငယ်သာစားပါ။ (၂) ဆေးလိပ် နှင့် အရက်ကိုတတ်နိုင်သလောက်ရှောင်ပါ။ (၃) ငါးများများစားပါ။ (၄) ပဲပိစပ်၊ ကြက်သွန်နီ၊ ဂျင်း တို့ က သွေးလည်ပတ်မှုကိုများစွာကောင်းးကျိုးပြုပါတယ်။ (၅) နာနတ်သီး၊ ချယ်ရီသီး နှင့် ဘယ်ရီသီး တို့ က အကြောထုံးပိတ်ဆို့ ခြင်းအတွက် အကောင်းဆုံးဓာတ်စာများဖြစ်ကြပါတယ်။ (၆) ၀မ်းချုပ်ခြင်းက အကြောထုံးခြင်းနှင့် ပတ်သက် ဆက်နွယ်နေတာမို့ ၊ ၀မ်းမချုပ်အောင် အမျှင်ဓာတ်များသောအစားအစာများစားပေးပါ။ (၇) မုန်လာဥနီနှင့်ဟင်းနုနယ်ကိုတွဲ ဖက်စားပေးခြင်းဖြင့်၊ ၄င်း ၂-မျိုးဓာတ်ပြုခြင်းက အကြောထုံးရောဂါကို ဆေးစွမ်းထက်မြတ်စေပါတယ်။
လွယ်ကူသက်သာအိမ်တွင်းကုထုံး။
(၁) ပန်းသီးရှာလကာရည်က အကြောအထုံးများကိုပြေပျောက်စေလို့  မကြာခဏလိမ်းပေးပါ။ (ပန်းသီးရှာလကာရည်ကို City mart တွင်ရ၏) (၂) ကြက်ဆူဆီကလည်း အကြောထုံး၍ရောင်ကိုင်းနာကျင်ခြင်းကို အချိန်တိုအတွင်းပျောက်ကင်းသက်သာစေ၍၊ ရေချိုး ပြီး ကြက်ဆူဆီဖြင့် အသာအယာနှိပ်နယ်လူးပါ။ (၃) နာကျင်မှုသက်သာစေရန် နှင့် သွေးလည်ပတ်မှု ကောင်းစေရန်အတွက် ရေဘုံပိုင်မှရေအေးအေးဖြင့် အကြောအထုံးများပေါ်သို့  အဆက်မပြတ်လောင်းချပေးပါ။
(ပေါက်ပေါက်….မျှဝေသည်)
(ကိုးကား Home remedies for Varicose Veins by Dr.Rajesh Shah)

No comments:

Post a Comment