Saturday, July 9, 2016

15 hrs ·
ချမ်းငြိမ်း-မှော်ဝန်း အတုအစစ်ရှင်းတမ်း
(ရှယ်ပေးကြပါဦး)
လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ် (၂၀၁၂) လောက်ကစပြီး
ChanNyein ဆိုတဲ့ နာမည်နဲ့ ကျနော်ဘလော့လေးစလုပ်ပါတယ်။
ဘလော့လေးလုပ်ရတဲ့ရည်ရွယ်ချက်ကိုလည်း
ယုံကြည်မှုတစိတ်တပိုင်းကို ဖွင့်အံဖို့နှင့် လေ့ကျက်မိသမျှ မျှဝေဖို့ လို့
ခေါင်းစဉ်တပ်ခဲ့တယ်...။
ဟိုဟိုဒီဒီ အတွေးအမြင်ဆောင်းပါးလေးတွေနဲ့ လေ့ကျက်မိတဲ့
ကွန်ပျူတာနည်းပညာ အပိုင်းအစလေးတွေတင်ခဲ့တယ်..။
၂၀၁၃ လောက်မှာ ChanNyein ကနေ မွေးရပ်မြေ ရွှေမှော်ဝန်း(ကျောက်တန်း)
ကိုအမှတ်တရအနေနဲ့ ချမ်းငြိမ်း-မှော်ဝန်း အမည်နဲ့ FB မှာ Pages လေးတခု
စလုပ်ခဲ့တယ်။အဲဒီအချိန်ထိ အွန်လိုင်းမှာ လူ ၅၀ ထက်ပိုမသိသေးတဲ့
ဘလော့ဂါ တယောက်ပါပဲ..။
အဲဒီ 2013 မှာပဲ ကျနော့်သူငယ်ချင်းတယောက်ဖြစ်တဲ့
ဆူးခင်းလမ်း သုတရသ pages ကိုဖွင့်ထားတဲ့သူက
ဟေ့ကောင် ရုပ်ရှင်တွေတင်ကွာ ဆိုတာနဲ့ တင်ဖြစ်သွားရင်းကနေ
အားပေးတဲ့သူတွေ ရှိလာတာနဲ့ ရုပ်ရှင်သီးသန့်နီးပါးတင်ဖြစ်ခဲ့တယ်..။ Prison Break Season အစအဆုံးကို
မြန်မာစာတန်းထိုးအဖြစ် တင်ဆက်ပေးတဲ့ အချိန်ကစလို့
ချမ်းငြိမ်း-မှော်ဝန်း နာမည်ဟာ လူသိများလာခဲ့သလို့
အောင်မြင်မှုနဲ့အတူ တွဲပါလာတတ်တဲ့ မအောင်မြင်သူတွေရဲ့
တိုက်ခိုက်မှုပါ စတင်လာခဲ့တယ်..။
The Lord of the Rings နဲ့ Harry Potter ဇာတ်ကားတွေကို
မြန်မာစာတန်းထိုးအဖြစ် တင်ဆက်နိုင်တဲ့အချိန်
ချမ်းငြိမ်း-မှော်ဝန်း အမည်နဲ့ ရုပ်ရှင်ချစ်သူတွေကြားမှာ
တသားထဲဖြစ်သွားတဲ့အချိန်မှာ
မနာလိုသူတွေ အဖြစ်မရှိသူတွေကလည်း ဗြောင်ကျကျတိုက်ခိုက်လာသလို
အောက်တန်းကျကျလည်း တိုက်ခိုက်လာပါတော့တယ်။
အဆိုးဆုံးကတော့ ကျနော့်နာမည် (ချမ်းငြိမ်း-မှော်ဝန်း)အမည်နဲ့
Pages တွေဖွင့် Groups တွေဖွင့်ပြီး ထင်ယောင်ထင်မှားတွေပါလုပ်လာကြလို့
နာမည်လေးတော့ ချမ်းသာပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်..။
အခုလည်း ကျနော်ပို့စ်မတင်ဖြစ်တဲ့ ၂ လလောက်အတွင်းမှာ
Pages တွေ Groups တွေနဲ့ ပုံတူကူးပြီး အောက်တန်းကျကျ
လုပ်ရပ်တွေနဲ့ တိုက်ခိုက်လာပါတယ်...။
ဒီနေရာကနေ ပြောချင်တာ ချမ်းငြိမ်း-မှော်ဝန်း Cover Photo မှာ
အရင်က မလေးရှား ဖုန်းနံပါတ် 0172781830 နှင့် အခုUS ဖုန်းနံပါတ်
131760296XX ထည့်ထားတာမို့ အတု အစစ်သိချင်ရင်လွယ်ပါတယ်။
ချမ်းငြိမ်း-မှော်ဝန်း Cover Photo ကိုရေးဆွဲပေးသူကလည်း
ချမ်းငြိမ်း-မှော်ဝန်း ရဲ့ Admin နည်းပညာဘလော့ဂါ
တယောက်ဖြစ်တဲ့ ညီလေး ဇော်မင်းသန်း(နည်းပညာ) ပါ..။
လက်ရှိ ချမ်းငြိမ်း-မှော်ဝန်း ရဲ့ ဆိုဒ်တွေကတော့
http://channyeinmw.blogspot.com/ နှင့် http://channyein1.blogspot.com/ နှစ်ဆိုဒ်ပဲရှိပြီး။
Pages ကတော့ https://www.facebook.com/ChanNyein.MW/
တခုပဲ ရှိပါတယ်..
နောက်ပြီး ကျနော့် ဆိုဒ်မှာ ကျနော့် Pages မှာ ဘယ်တော့မှ ad fly ခံပြီး လုပ်စားတဲ့ ပို့စ်မရှိဘူးဆိုတာပါပဲ...။
ဒီပို့စ်လေး ရှယ်ပြီး အတုတွေကို အစစ်ထင်သူတွေကို
လမ်းညွန်းပေးကြပါလို့ ......
ကျနော်ပြန်လာပါပြီ...

အားလုံးကိုချစ်ခင်လျှက်
‪#‎ချမ်းငြိမ်း‬-မှော်ဝန်း

No comments:

Post a Comment