Sunday, July 24, 2016

***နှလုံးရောဂါဝေဒနာသည်များ လိုင်ချီးသီးများများစား ***
အရသာချိုမြိန်သော လိုင်ချီးသီးလေးများကို တရုပ်ပြည် တန်-မင်းဆက် လက်ထက်ကတည်းက စားသုံးလာခဲ့ကြပြီး၊ ၁၇-ရာစုနှစ် တွင် အာရှတိုက် တစ်တိုက်လုံးသို့  လိုင်ချီးသီးစားသုံးမှုပျံ့ နှံ့ လာခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။ မျက်မှောက်ကာလ တွင်တော့ တရုပ်ပြည်တောင်ဘက်ပိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြောက်ဗီယက်နမ်၊ ထိုင်ဝမ်တောင်ဘက်ပိုင်း နှင့် အိန္ဒိယနိုင်ငံတို့ တွင် ရာသီစာသီးနှံအဖြစ် လိုင်ချီးပင်များကို စီးပွားဖြစ် စိုက်ပျိုးအောင်မြင်လျှက်ရှိပါသည်။ မြန်မာပြည်၏ မုံရွာ၊ မန္တလေး နှင့် ကချင်ပြည်နယ်တို့ တွင် လိုင်ချီးသီးအထွက်များသလို၊ ကလေးမြို့ နေရာအနှံ့ အပြားတွင်လည်း လိုင်ချီးသီး (ခေါ်) လေချူသီး ကို စီးပွားဖြစ်စိုက်ပျိုး၍၊ အိန္ဒိယ နိုင်ငံသို့ ရောင်းချကြပါသည်။
လိုင်ချီးပင်တို့ သည် အပွင့်ပွင့်ပြီး ရက်ပေါင်း ၁၂၀ မှ ၁၄၀ ခန့့်အကြာတွင် အသီးသီးပါသည်။ အပင်ပေါ်တွင်ရင့်မှည့် လွယ်သော သစ်သီးဖြစ်ပြီး၊ မှည့်သည်နှင့်တပြိုင်နက် ရနံ့ အလွန်မွှေးလာပါသည်။ အခွံရောင်ရဲရဲတောက်လေ၊ အတွင်းထဲရှိ အဖြူရောင် အသားစိုင်များ အရည်ရွှမ်းလေဖြစ်ပြီး အရသာလည်းပိုချိုမြ၏။ အစေ့ကိုတော့စား၍မရပါ။ အဆာပြေသစ်သီးအဖြစ် စားသုံးကြ သလို၊ ရေခဲမုန့် ၊ ကျောက်ကျော၊ ဂျယ်လီ၊ ယို၊ ဖျော်ရည်၊ သကြားလုံး၊ ပီကေ၊ လိုင်ချီးသီးသံဗူး၊ လိုင်ချီးသီင်္းခြောက်၊ စသည်ဖြင့် နှစ်ခြိုက်စွာ စားသုံးကြပါသည်။ လိုင်ချီးသီးကို ကြာကြာခံစေရန်အတွက် ရေခဲသေတ္တာထဲထဲ့သိမ်းပါက၊ ၂-ရက်ခန့် အကြာတွင် အညိုရောင်ပြောင်းသွားတတ်သော်လဲဘဲ၊ အနံ့ အရသာ ယိုယွင်းမှုမရှိသဖြင့် ယုံကြည်စိတ်ချစွာ စားနိုင်ပါသည်။ ယခုအခါ ခေတ်မှီ တိုးတက်သောနည်းပညာများဖြင့် ဆန်းသစ်ကာ အရေပြားအေးမြစေရန် လိုင်ချီးသီးမှ ရေမွှေး၊ ဆပ်ပြာ၊ ဂျယ်လ်၊ lotion၊ ပေါင်ဒါ စသည့် အလှကုန်ပစ္စည်း အမျိုးမျိုးတို့ ကို ထုတ်လုပ်နေကြပါပြီ။
လိုင်ချီးသီးထဲတွင် လူသားတို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အာဟာရဓာတ်အမြောက်အများပါရှိပါသည်။ ၁၉၀ ဂရမ် ရှိသော လိုင်ချီးသီးတစ်ခွက်ထဲတွင် Methionine ၀.၀၁၇ ဂရမ်၊ လိုင်ဇင်း ၀.၀၇၈ ဂရမ်၊ Tryptophan ၀.၀၁၃ ဂရမ်၊ polyunsaturated Fatty acids ၀.၂၅၁ ဂရမ်၊ monounsaturated Fatty acids ၀.၂၂၈ ဂရမ်၊ ဗိုက်တာမင်ကေ ၀.၈
မိုက်ခရိုဂရမ်၊ ဗိုက်တာမင်အီး ၀.၁၃ မီလီဂရမ်၊ Choline ၁၃.၅ မီလီဂရမ်၊ ဖောလိတ် ၂၇.၀ မိုက်ခရိုဂရမ်၊ ဗိုက်တာမင်ဘီ ၆၀.၁၉ မီလီဂရမ်၊ နီအာဆင်း၁.၁၄၆ မီလီဂရမ်၊ Energy ၁၂၅ ကယ်လိုရီ၊ ရေဓာတ် ၁၅၅.၃၄ ဂရမ်၊ ပရိုတင်း ၁.၅၈ဂရမ်၊ Ash ၀.၈၄ ဂရမ်၊ lipid ၀.၈၄ ဂရမ်၊ ကဆီဓာတ် ၃၁.၄၁ ဂရမ်၊ သကြားဓာတ် ၂၈.၉၄ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၂.၅ ဂရမ်၊ ကယ်လ်စီယမ် ၁၀.၀ မီလီဂရမ်၊ မဂနီစီယမ် ၁၉ မီလီဂရမ်၊ သံဓာတ် ၀.၅၉ မီလီဂရမ်၊ Riboflavin ၀.၁၂၄ မီလီဂရမ်၊ သီအာမင် ၀.၀၂၁ မီလီဂရမ်၊ ဗိုက်တာမင် စီ ၁၃၅.၉ မီလီဂရမ်၊ Selenium ၁.၁ မိုက်ခရိုဂရမ်၊ Manganese ၀.၁၀၅ မီလီဂရမ်၊ ကော့ပါး ၀.၂၈၁မီလီဂရမ်၊ ဇင့် ၀.၁၃ မီလီဂရမ်၊ ဆိုဒီယမ် ၂.၀ မီလီဂရမ်၊ ပိုတက်စီယမ် ၃၂၅မီလီဂရမ်၊ ဖော့စဖရက်စ် ၅၉.၀ မီလီဂရမ် နှင့် မဂနီစီယမ် ၁၉.၀ မီလီဂရမ် တို့ ပါရှိပါသည်။
(၁) ခွန်အားများ တိုးပွားစေနိုင်ပြီး၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါသည်။
(၂) ခန္ဓာကိုယ်အတွက်လိုအပ်သော အရည်ဓာတ်ကို ဖြည့်တင်းပေးနိုင်ပါသည်။
(၃) လိုင်ချီးထဲတွင် citrus ဆက်ဆစ်ကဲ့သို့ သော ဗီတာမင်စီ ၄၀% ပါရှိရာ၊ လိမ္မော်သီးထဲတွင် ပါဝင်မှုပမာဏထက် ပိုများ၏။ ထို့ ကြောင့်ခန္ဓာကိုယ်တွင်း ကောင်းကျိုးမပြုသော free radicals များကိုတိုက်ထုတ်ပေးကြောင်း၊ ကင်ဆာဆဲလ်များ ကြီးထွားလာမှုကို ဟန့် တားပေးနိုင်ကြောင်း၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပေါ်လာခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း အမေရိကန်နိုင်ငံ Natural Cancer Treatment မှ ဆေးသုတေသီများက ဆိုပါသည်။
(၄) လိုင်ချီးထဲတွင်ပါသော beta carotene ပမာဏသည် မုန်လာဥနီထက် ပိုများပြားသည်။
(၅) အစာကျေစေပြီး၊ ဆီးလဲရွှင်စေပါသည်။
(၆) လိုင်ချီးသီးတစ်ခွက်စာပမာဏထဲတွင် ပါရှိသောပိုတက်စီယမ်သည် လိမ္မော်သီးအသေးတစ်လုံးထဲတွင် ပါရှိမှုထက်ပို၏။ ပိုတက်စီယမ်ဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးပါသော သတ္တုဓာတ်ဖြစ်ပြီး၊ သွေးဖိအားနှင့်နှလုံးခုန်နှုန်း တို့ ကို
ဟန်ချက် ညီညီထိန်းချုပ်ပေးကာ။ သွေးခဲခြင်း၊ ဆဲလ်များပျက်စီးခြင်းမှလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။ ထို့ ပြင် နှလုံးကိုပုံမှန်ခုန်စေပြီး၊ နှလုံးကြွက်သားများ ကျုံ့ ခြင်း/ချဲ့ ခြင်းနှင့် နှလုံးသွေးကြောစီးဆင်းလည် ပတ်မှုတို့ ကို ကောင်းစွာ အထောက်အပံ့ပေးပါသည်။ နှလုံးရောဂါဝေဒနာအမျိုးမျိုး တို့ ကို သက်သာစေရုံသာမက၊ နှလုံးရောဂါနှင့် ဆက်စပ်သော လေဖြတ်ခြင်း မှ ၅၀%သက်သာလျော့နည်းစေနိုင်ပါသည်။
(၇) လိုင်ချီးသီးမှာ ကြေးနီ(Copper)များ အလုံအလောက်ပါရှိခြင်းကြောင့် သွေးနီဥများကိုထုတ်လုပ်ပေးနိုင်သဖြင့် သွေးအား ကောင်းစေပြီး၊ ခွန်အားလဲတိုးပွားစေနိုင်သောကြောင့် သွေးအားနည်းသူများနှင့်သက်ကြီးရွယ်အိုများစားသုံးသင့်ပါသည်။
(၈) ခန္ဓာကိုယ်အတွက်လိုအပ်သော အမျှင်ဓာတ်နှင့် ကစီဓာတ်တို့ ကြွယ်ဝစွာပါရှိပါသည်။
(၉) လိုင်ချီးသီးထဲတွင် ကယ်လ်စီယမ်၊ ဖော့စဖရက်နှင့် မဂနီစီယမ်စသည့်သတ္တုဓာတ်များ ပါရှိသောကြောင့်အရိုးနှင့်သွားများ ကြီးထွားမှုအတွက်အလွန်အရေးပါသဖြင့်ကြီးထွားဖွံ့ဖြိုးနေဆဲကလေးငယ်များကိုလည်းလိုင်ချီးသီးကျွေးမွေးသင့်ပါသည်။
(၁၀)` ရာသီဥတုအပြောင်းအလဲတွင် ဖြစ်လေ့ရှိသော အအေးမိနှာစေး၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့် အပရိက ရောဂါများအတွက် လိုင်ချီးသီးက အစွမ်းထက်မြက်လှပါသည်။ ဖျားနာနေသောသူများလည်း လိုင်ချီးသီး စားပေးခြင်းဖြင့် သက်သာ စေနိုင်ပါသည်။
(၁၁) လိုင်ချီးသီး စားသုံးခြင်ဖြင့် နာကျင်မှုကိုလျော့ကျစေပြီး အကျိတ်ဂလင်းများရောင်ရမ်းမှုကို သက်သာစေနိုင်ပါသည်။
(၁၂) လိုင်ချီးသည်အရသာအလွန်ချိုသော်လဲ၊ ၄င်းထဲတွင်ပါရှိသောသကြားဓာတ်သည် သဘာဝသစ်သီးသကြားဓာတ်ဖြစ် ပါသည်။ ကယ်လိုရီပါဝင်မှုနဲပြီး၊ မပြည့်ဝဆီနှင့်ကိုလက်စထရောလုံးဝမပါရှိသည့်ပြင်၊ ကျေညက်လွယ်သော အမျှင်ဓာတ် ကြွယ်ဝစွာပါရှိသဖြင့် ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းလိုသူများ စိတ်ကြိုက်စားသုံးနိုင်သောအသီးဖြစ်ပါသည်။ ကိုယ် အလေးချိန်ကိုပါ လျော့ကျစေပါသည်။
(၁၃) လိုင်ချီးစားသုံးခြင်းကြောင့် အသားအရည်ကို ကောင်းမွန်တိုးတက်လှပစေပြီး၊ မျက်နှာပေါ်ရှိအစက်အပြောက်များကို သက်သာလာစေနိုင်ပါသည်။
(၁၄) ဖက်ခွက်နာ၊ ပြည်တည်နာ..စသော ကိုယ်တွင်းကိုယ်ပ အနာများကို ကာကွယ်ပေးနိုင်ပါသည်။
(၁၆) ကာမအားကို တိုးပွားစေပါသည်။
(၁၇) အစာအိမ်ရောင်ရမ်းနာ ဝေဒနာအတွက် လိုင်ချီးက အလွန်ကောင်းကျိုးပြုပါသည်။
(၁၈) လိုင်ချီးသီးထဲတွင် အခြားအသီးများနှင့်မတူ oligonol(ခေါ်)ဓာတ်တိုးဆန့့်ကျင်ပစ္စည်းတစ်မျိုး ပါရှိသည့်အတွက် တုပ်ကွေးဗိုင်း ရပ်စ်ပိုးများကို တွန်းလှန်ပေးနိုင်ပါသည်။
(၁၉) အရေပြားပေါ်ရှိ ခရမ်းလွန်ရောင်ခြည်သက်ရောက်မှုကို လိုင်ချီးသီးက ကာကွယ် ပေးနိုင်ကြောင်း ဂျပန်နိုင်ငံရှိ Kyorin University မှ အတည်ပြုခောက်ခံထားပါသည်။
(၂၀) လိုင်ချီးသီးသည် thiamin, niacin နှင့် folates စသည့် B-complex ဗီတာမင်တို့ စုဝေးရာ အရင်းအမြစ်ဖြစ်သောကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်ပျက်မှုအလုံးစုံကို အထောက်အပံ့ဖြစ်စေပါသည်။
(၂၁) အရွယ်တင်နုပျိုစေရန်နှင့် အသက်ရှည်စေရန်အတွက် လိုင်ချီးသီးကို တရုပ်ရိုးရာ တိုင်းရင်းဆေးဝါးကုထုံးများတွင် အသုံး ပြုလေ့ ရှိပါသည်။
++++++++++++++++++++++++++
လိုင်ချီးသီးမှာ လူသားတို့ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။ သို့ သော် အမှည့်လွန်သော အသီးများထုံးစံ အတိုင်း အချဉ်ဓါတ်ပေါက်စေတတ်၍ လတ်လတ်ဆတ်ဆတ် ရွေးချယ်စားသုံးသင့်ပါသည်။ ဆေးသိပ္ပံပညာရှင်းများက ရှုထောင့် အမျိုးမျိုးမှ လေ့လာစမ်းသပ်ကာ၊ လိုင်ချီးသီး၏ သူမတူအောင်ဆေးဘက်ဝင်ပုံကို ဖော်ထုတ်နိုင်ခဲ့ကြပါပြီ။ ထို့ ကြောင့် အရသာလဲ ရှိကာ ကောင်းမွန်လတ်ဆတ်သော ရာသီစာလိုင်ချီးသီးလေးများကို အဆာပြေသွားရည်စာအဖြစ် သာမက၊ “ အစာလဲဆေး၊ ဆေး လဲအစာ” အဖြစ် မှီဝဲစားသုံးစေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။
ဘာသာပြန်သူ (ပေါက်ပေါက်)
မှီငြမ်း (Wikipedia:Health Benefits of Lychee)

No comments:

Post a Comment