Friday, July 15, 2016

ဆီးကျောက်တည် ဝေဒနာရှင်များ ဝမ်းမြောက်ဖွယ်
ကျားမုတ်ဆိပ်ပင်၏အစွမ်းအံ့မခန်း July 7, 2016
ဆီးကျောက်တည်သူများဝမ်းသာဖွယ်
ကျောက်ကပ်အတွင်းကျောက်တည်ခြင်း
ဆီးလမ်းကြောင်းအတွင်းကျောက်တည်ခြင်း
ဆီးအိမ်အတွင်းကျောက်တွေ့ခြင်းများအတွက်
ကျားမုတ်ဆိပ်ပင်၏ပဉ္စငါးပါးကို ကျောက်ပန်းတောင်းထန်းလျှက်ခေါ် ထန်းလျှက်အမဲ သို့မဟုတ် ထန်းလျှက်အညိုနှင့်ကျို၍ ရေ ရေနွေးအစား
ကျားမုတ်ဆိပ်ပင်ပြုတ်ရည်ကိုသောက်ပေးပါ
ကျောက်ကြီးရင်ကွဲသွားပါမည်
ကျောက်သေးရင်ကျေပြီးဆီးသွားတဲ့အခါ
ပါသွားပါလိမ့်မည်
ငွေမကုန်လူမပန်းအလွန်ထက်တဲ့ဆေးအစွမ်း
အားလုံးအနာနဲ့ဆေးတွေ့ကြပါစေ
သဗ္ဗေသတ္တာအဝေရာ အနာရောဂါကင်းရှင်းကြပါစေ
မေတ္တာဖြင့် တောင်ကြီးသား
========= × ========= × =========
ကြက်ဆူ အရိုးနီ ‪#‎ဆီးကျောက်တည်‬ အရွက်ကိုရေနွေးဖျော သုတ်စား
Respect & Credit Unarda Unarda
လွယ်လွန်းလို့ ဆေးနည်း ဓာတ်စာမှန်းမသိကျော်သွားမယ်နော်။
========= × ========= × =========
ဆီးကျောက်တည် ဝေဒနာရှင်များအတွက် အစွမ်းထက်သော ဆေးနည်း
(၁) ထိကရုံးပင် ပဉ္စငါးပါးကို ရေနှင့်ပြုတ်ပြီး ရေနွေးသောက်သကဲ့သို့ သောက်သုံးမှီဝဲပါ။ ၃.ရက်(သို့) တစ်ပတ်လောက်ဆက်သောက်သော် သက်သာပျောက်ကင်းသည်။
ထိကရုံးပင်၏ အမြစ်ကို ပြုတ်သောက်သော် ဆီးအိမ်၌တည်သော ကျောက်ကို ပျော်၍ ကွဲကျစေပြီး ဆီးကောင်းစေသည်။ {မြန်မာ့ဆေးဖက်ဝင် အပင်များ}
ဆီးပူ ဆီးအောင့်ရောဂါဖြစ်လျှင် ထိကရုံးပင်၏ ပဉ္စငါးပါးကို အခြောက်ပြုလုပ်၍ လက်ဖက်ခြောက်ကဲ့သို့် ပြုလုပ်ပြီး သောက်ရ၏။ [ရှင်နာဂသိန် လက်စွဲအဘိဓာန်ကျမ်းမှ]
(၂) ဗူးစေ့အစိုနဲ့ ဖာလာစေ့ထောင်းပြီး ရေစိမ်သောက်ပါ၊
အဖတ်ဝါးပြီး ထွေးပစ်ပါ၊ နာရီဝက်ကြာသော် ရေအ၀သောက်ပါ၊ ယူပစ်သလို ပျောက်ကင်းသည်။ {ကြေးမုံသတင်း}
(၃) အုန်းသီးစိမ်း တစ်လုံးကို ဖောက်၍ ရရှိသော အုန်းရည်ကို မန်ကျည်းစေ့တစ်စေ့ခန့်လောက်ရှိသော ကျောက်ချဉ်မှုန့်နဲ့ နာရီဝက်ခန့် စိမ်ထားပြီး သောက်ပါ။
(၄) ဆီးဖြူသီး ၂၀.သားကို နူးအောင်ပြုတ်၍ အစေ့ထုတ်ပါ။ နနွင်းမှုန့်  အစစ် ၁၀.သား၊
ပျားရည် ၁၀.သား (၃)မျိုး သမအောင် ရောမွှေပြီးလျင် တစ်နေ့လျှင် လက်ဘက်ရည် (၁)ဇွန်းကျ စားသုံးပါ။
(နနွင်းကြောက်သူများ ပျားရည်ကို ထို့ထက်ပို၍ထည့်ပြီး စားသုံးနိုင်သည်။)
အာရောဂျံ ပရမံ လာဘံ -
ကျန်းမာခြင်းသည် ကောင်းမြတ်သော လာဘ်တစ်ပါးဖြစ်၏။
Credit သတင်းဘုရင်
========= × ========= × =========
ဆီးကျောက်တည်တဲ့ဝေနာရှင်တွေအတွက်ပါ။
ကျွန်တော့်အိမ်ရှင်ရဲ့ ကိုယ်တွေ့ ရောဂါပျောက်ကင်းခဲ့တဲ့ဆေးပါ။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆီးကျောက်တည်တဲ့ ရောဂါ
ကြောင့် ပုဂ္ဂလိကအထူးကုဆေးခန်းကိုတက်ပြီးကုရတယ်။
လင်မယားနှစ်ယောက် မနည်းရုန်းနေရတဲ့ဘဝမို့ ကြာတော့ နေ့စဉ် မိုးထိုးနေတဲ့ဆေးကုသစရိတ်မတတ်နိုင်လောက်
အောင်ဖြစ်လာတယ်။
အဲဒီအချိန်မှာ သူတို့လင်မယားနှစ်ယောက် အဆင်မပြေတာ
ကိုသိတဲ့ male nurse တစ်ဦးက ဆေးနည်းတစ်ခုပေး
လိုက်တယ်။ လင်မယား ၂ ယောက်လည်း ဆေးနည်းရလာ
တာနဲ့ မဝံ့မရဲအားကိုးတကြီးနဲ့ အိမ်ပြန်လာတာပေါ့။
အိမ်ရောက်တာနဲ့ ညနေပိုင်းလည်းကျရော သူနာပြုမှာလိုက်
တဲ့ဆေးနည်းအတိုင်း ချက်ပြုတ်စားသောက်လိုက်တာ ညဦး
ပိုင်းကျတော့ဆီးထသွားပြီး အထဲမှာတည်နေတဲ့ ကျောက် တွေ အလုံးလိုက်ရော အပိုင်းအစတွေရော ဆီးနဲ့အတူထွက်
လာပါသတဲ့။ အဲဒီအချိန်ကစပြီး သူလည်းဒီရောဂါနဲ့ ဆေးရုံ
ပြန်မတက်ရတော့ဘူးလို့ဆိုတယ်။
ဆေးနည်းကတော့ ဗေဒါအမြစ်ပါပါတဲ့အဖုတ်လိုက်ခူးပြီး
ရေစင်စင်ဆေး (တစ်ဖုတ်လုံးမရရင်လည်း ဗေဒါရိုးပေါ့)
ပြီးတော့ ဝက်သားသုံးထပ်သားနဲ့ရောချက်ရပါမယ်။ ငြုပ်
သီး လုံးဝမထည့်ရပါ။
အဲဒါဝက်သားဗေဒါအချိုချက်ကို ဘီယာနဲ့ဆွဲရမှာပါ။ ကြိုက်
သလောက်သောက်ပြီး များများစားပေးရပါမယ်။ ထမင်းနဲ့
စားရင်ဟင်းဖြစ်ပေမဲ့ ရောဂါပျောက်ဖို့အတွက်က ဘီယာနဲ့
သာတွဲသောက်ရမှာပါ။
အရက်နဲ့တွဲသောက်လို့မရပါ။ ထန်းရည်စစ်စစ်ဆိုရင် တွဲ
ဖက်သုံးဆောင်နိုင်ပေမဲ့ တကယ်စစ်ဖို့လိုပါတယ်တဲ့။ ဒါ့
ကြောင့် ဘီယာနဲ့တွဲဖက်သုံးဆောင်ခိုင်းတဲ့ မူရင်းဆေးအ
ညွှန်းအတိုင်းသာ အကောင်းဆုံးလို့ ဆိုပါတယ်။
ပုံထဲမှာပါတဲ့ဗေဒါတွေလှီးနေသူကတော့ အဆောင်က ညီ
လေးတစ်ယောက်ပါ။ သူနဲ့အိမ်ရှင်လင်မယား မကြာခဏ
အခုလိုချက်စားကြပါတယ်။ Prevention အနေနဲ့လည်း
ချက်ပြုတ်စားသောက်နိုင်တယ်လို့ ဆိုကြောင်းပါခင်ဗျား။
ဝေဒနာရှင်များ သက်သာပျောက်ကင်းကြပါစေ ... ။ ။
မှတ်ချက် - ဘီယာသောက်ဖို့မြှောက်ပေးတာမဟုတ်ပါ။
ဆေးနည်းမျှဝေရုံသက်သက်ပါ။
ပထမတင်တုန်းက ကျောက်ကပ်ရောဂါလို့ မှားရေးလိုက်
မိတယ်။ ကျောက်ကပ်ရောဂါမဟုတ်ပါ။ ဆီးကျောက်တည်
တဲ့ရောဂါကိုပြောတာပါ။
ရဲကျော်သူရ
========= × ========= × =========
ပေရည် ထန်းရည် နှင့် ဝက်သား လုံးဝတွဲ မစားသောက်မိပါစေနဲ့ မတည့်ပါ။
========= × ========= × =========
စိတ်မဆိုး ဆနွင်းလုံး မိသားစုမှ comment box မှတက်လာတော့ ကိုယ်တွေ့များကို ထပ်မံ ဖြည့်တင်းပေးထားပါသည်။
ရောဂါပျောက်စေချင်၍ စေတနာဖြင့် comment ဝိုင်းရေးကြသောမိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါသည်။
‪#‎Zaw‬ Zaw
ထန်းရည်နဲ့ဝက်သားလုံးဝမတည့်ပါဘူး
‪#‎Aungnaingthu‬ Lubohn
ထန်းရည် နဲ့ ဝက်သား မတည့်
‪#‎ထက်မြက်‬ စည်သူ ဆီးကျောက်တည်ရင်စပါးလင်အရင်းပိုင်းကိုထောင်းပြီးဆန်ဆေးရည်နဲ့စိမ်သောက်
‪#‎Shwe‬ Khin
အမဲသားနဲ့မယ်ဇလီရွက်ချက်စား
ရတယ်လို့လဲကြားဖူးပါတယ်
‪#‎Zar‬ Ni ကျွန်တော်ဆီကျောက်တည်တုန်းကဝါဂွမ်းရွက်(5)ရွက်လောက်ဝါးစားပြီးရေနဲ့သောက်တာတစ်ပတ်နေတော့ပျောကိသွားတယ်ကိုယ်တွေ့ပါ
‪#‎Than‬ Myint
အဖိုးတွေလက်ထက်ကတည်းကဆေးနည်း။ကျနော်ဖြစ်တုံးက၂ခါပဲချက်စားလိုက်တယ်။
၂ခါကျောက်ကျတယ်။နောက်ထပ်မဖြစ်တော့ဘူး။ဘီယာမပါဘူး။
‪#‎Win‬ Zaw
ကျွန်တော့်အစ်ကိုလိုခင်ရတဲ့သူလည်း အဲ့ဟင်းနဲ့ပဲကျောက်ထွက်လာပါတယ် ဘီယာတော့မသောက်ခဲ့ရပါဘူး ထမင်းနဲ့ပဲစားတာပါ ဆေးနည်းသာစုံတာ အဲ့နည်းနဲ့ပဲပျောက်ခဲ့ပါတယ် ကိုယ်တွေ့ပါ
#Shwe Khin
လက်တွေ့ပျောက်ပါတယ်ကျွန်မအမျိုး
သားကတော့ဘီယာမပါပဲဝက်သားနဲ့
ဗေဒါချက်စားတာပါ သုံးခါလောက်ချက်
စားလိုက်တာ ဆီးသွားရင်းကျောက်ကလေး
တွေပါလာပါတယ် သံမနိုင် ကျောက်မနိုင်
မြန်မာဆေးလည်းသောက်ပါတယ်
USandi Mar
ဆီးချိုရောဂါဖြစ်ကာစသူများဝက်သား
နဲ့ဗေဒါကိုရောပြီးချက်စားရင်သက်သာ
ပျောက်ကင်းတယ်လို့ကြားဖူးပါတယ်
မြန်မာ့ရိုးရာ ဆေးဖက်ဝင်သစ်ဥသစ်ဖုများ's photo.
‪#‎Ko‬ Oo
ကြားဖူး ပါတယ်
မယုံရင် ချက်ထား တဲ့
ဟင်း အိုးထဲ
ကျောက် ခဲ ထည့် ပြီး တစ်ည အိပ်
ထားကြည့် ပါ မနက် အခါ တွင် မရှိ တော့ ပါ
ကျောက်ကြေ သွားသောကြောင့် ဟု
ဖတ် ဖူး ပါတယ် ခင်ဗျာ
‪#‎Minkha‬ Minkha
ဗေဒါ အရွက် မပါ အမြစ်မပါ အလယ်က ဖေါင်းဖေါင်း အလုံးပင်စည်ကို နုတ်နုတ်စဉ်း ဝက်သား အသားကို နုတ်နုတ်စဉ်းပီး ချက်တတ်သလို ချက်ပါ ဒီအတိုင်း ထ္မင်းနဲ့ စားပါ ညမနက်စား ပျောက်ပါတယ် လက်တွေ့ ပါ။
ဟင်းကောင်းတခွက်ပါ ။ဗေဒါကို ရင့်တာမခူးပါနဲ့  ဖက်ဖူးစိမ်း နုတာလေးတွေ ခူးပါ နုတ်နုတ်စင်းပါ
မြန်မာ့ရိုးရာ ဆေးဖက်ဝင်သစ်ဥသစ်ဖုများ's photo.မြန်မာ့ရိုးရာ ဆေးဖက်ဝင်သစ်ဥသစ်ဖုများ's photo. #Ko Moe
မှန်ပါတယ်အဲဒီဆေးနည်းကဆီးကျောက်တည်
ျရောဂါတခုထဲတင်မက ဆီးချိုရောဂါအတွက်
လဲကောင်းပါတယ်။ဆီးချိုရောဂါအတွက်ဆိုရင်
ဘီယာမသုံးရပါဘူး။ဘီယာကဆီးချိုရေဂါတက်
တတ်တာမို့ဘီယာမသောက်ရပါဘူး။
ဆီးချိုရောဂါအတွက်ဆိုရင်ဗေဒါဖူးရယ်အဆီ
အသားညီတဲ့ဝက်သားနဲ့အဖြူထည်ချက်စား
ရပါတယ်။လက်တွေ့ပါ။
‪#‎ဒါး‬ မင်း
အမှန်ကရိုးရိုးလေးပါ
ဝက်သားနဲ့ဗေဒါ ချက်စားရင်
ရပြီ ဘီယာ သောက်ခိုင်းတာက
ဆီးများများ သွားစေချင်တာပါ
မြန်မာ့ရိုးရာ ဆေးဖက်ဝင်သစ်ဥသစ်ဖုများ's photo.‪#‎James‬ Johnson
ဦးကျော် ဝက်သား၂၅သားနဲ့ဗေဒါရိုး၇ရိုးကိုချက်စားပြီး တကယ်ပျောက်ခဲ့ဖူးပါတယ် ၂၀၀၃တုန်းကဆီးမှာကျောက်တည်တာလေ အဲ့တုန်းက နက္ခတ္တရောင်ခြည်စာအုပ်ထဲကနေပြီး ကျွန်တေည့်ယောက်ဖရဲ့သူငယ်ချင်းကရှာပေးတာဦးကျော် ဝက်သားကအဆီမပါရဘူးလို့ရေးထားတယ် အသားချည်းအစိတ်သားကိုနှစ်သက်သလိုချက်စားခိုင်းတယ် မှတ်မှတ်ရရ ၁ခါပဲချက်စားလိုက်ရပါတယ် ဦးကျော်
အဲ့တုန်းက မဟာမြိုင်က ဆရာဦးအောင်မြိုင်ဆီမှာစစ်တော့ ကျောက်က9mmရှိနေပြီတဲ့ ခွဲမှချေမှရတော့မယ်အခြေအနေဖြစ်နေပြီတဲ့
ကံကောင်းလို့အဲ့ဆေးနည်းနဲ့ပျောက်ခဲ့တာ အခုနောက်ပိုင်းအမေကဆီးကျောက်တည်တဲ့လူနာတိုင်းကိုအဲ့ဒီဆေးနည်းဒါနပြုနေတယ်ဦးကျော်
နောက်တနည်းကမုန်လာဥအဖြူကိုအကြမ်းပန်းကန်လုံးစာအရည်ညှစ် သကြားသင့်ယုံရောပြီး ရေအစားသောက်ခိုင်းတာလည်းဖတ်ရဖူးတယ်ဒါပေမယ့်မစမ်းဖြစ်လိုက်ဘူးဦးကျော်ရေ
#Ko Htate
ကျနော်လဲ ဒီဆေးနည်းကို
တွေ့ခဲ့ဘူးပါတယ်
အပွင့်မပါတာက ပိုဆေးဖက်ဝင်
တယ်လို့သိရတယ်။အနံ့ခံနိုင်
ရင် ဝက်သားမပါပဲ ဟင်းချက်ပြီး
ဘီယာနဲ့သောက်လို့ရပါတယ်။
‪#‎Nwe‬ Nwe
ဝက်သားမစားသူများအကြေးခွံ
မပါတဲ့ငါးကင်နဲ့ဗေဒါကိုကြော်ချက်
ချက်စားနိုင်ပါတယ်၊အဓိက ကတော့
ဗေဒါပင်ပါဘဲ။ဗေဒါပင်ကိုပြုတ်ပြီး
သုတ်စားလို့လဲရပါတယ်။
#Nwe Nwe
ကျောက်ကပ်ရောဂါအတွက်ဗေဒါ
ကိုဝက်အသည်းနဲ့ကြော်ချက်ချက်စား
ပါ၊ပျောက်ပါတယ်၊
‪#‎Lae‬ Lae Lay
ထောက်ခံပါတယ်အဖေ့တုန်းကကိုယ်တွေ့ပါ
ဘီယာတော့ပါဘူး
‪#‎Myat‬ Thu
ဆီးကျောက်တည် အကောင်းဆုံးနည်းပါ လက်တွေ့မြင်ဘူးတယ်
‪#‎စိတ်မဆိုးဆနွင်းလုံး‬
‪#‎စိတ်မဆိုးသင်္ဘောရွက်ခြောက်ရေနွေးကြမ်း‬
တိုက် 2 အခန်း 101 ဇီဇဝါအိမ်ယာ
သံသုမာလမ်းမ၊ တောင်ဥက္ကလာပ။
ဖုန်း 01 8500 355
( မြင်သာဈေး မှတ်တိုင်အနီး နှင့် ဘေလီကားဂိတ်ကြား )
========= × ========= × =========
ခွဲစိတ်ကုသမှုမလို၊ကျောက်ကပ်နှင့်ဆီးကျောက်တည်ရောဂါအတွက် ဆေးနည်းကောင်း၊ လက်တွေ့မို့ မျှဝေလိုက်ပါတယ်။
ကျွန်တော်6.2.2016နေ့ မခံမရပ်နိုင်အောင် နာကျင်မှုဝေဒနာ ခံစားနေရလို့ဆေးရုံပို့ အမ်ထရာဆောင်း ရိုက်တော့ ကျောက်တည် နေတယ်ပြောတယ်။
7.2.2016နေ့ကနေအုန်းသီး နှစ်လုံးနေ့တိုင်း အုန်းရေသောက်ခိုင်းတာ 16.2.2016နေ့မှာ လိမ္မော်သီးအစေ့ခန့်ရှိတဲ့ကျောက် မနာမကျင်ပဲ ထွက်ကျလာပါတယ်။
ဆေးနည်းက အုန်းသီးကို အပေါ်ကသေးသေးလေးဖေါက်
ကျောက်ချဉ်ရွေးလေးစေ့ခန့်ထည့် ဖောက်ထားတဲ့ အခွံနဲ့ပြန်ပိတ်ပါ။
တစ်ညသိပ်ပြီး နောက်နေ့သောက်ရုံပါပဲ ငွေကုန်ကြေးကျနည်းပြီးပျောက်လို့
Share ပြီးမျှဝေပေးကြပါ။
Credit ;‪#‎Tuntun_Oo‬

No comments:

Post a Comment