Sunday, July 24, 2016

June 5 ·
ကြက်ဥပူတင်း ဖုတ်နည်း
စားရလွယ်ကူပြီး အရသာလည်းရှိ၊ အာဟာရလည်း ဖြစ်စေသလို လုပ်ရတာလည်း လွယ်ကူတဲ့ ကြက်ဥပူတင်းဖုတ်နည်းလေးကို လူမင်းသားမှ ရေးသားမျဝေပေးလိုက်ပါတယ်။
ပါဝင်တဲ့ ပစ္စည်းများ
ကြက်ဥ ၅လုံး၊ ထောပတ် ၂ဇွန်း၊ သကြား ၂ ဇွန်း၊ နွားနို့ ၁၅ကျပ်သားခန့်၊ ပျားရည် ဇွန်းသေး၂ဇွန်း၊ ဂျုံမှုန့် ထမင်းစားဇွန်း၂ဇွန်း၊ စပျစ်သီးခြောက်(ကြိုက်ရင်) အနည်းငယ်ထည့်၊ ဆားအနေတော် ချိန်ထည့်။
ဖျော်စပ်နည်း
(၁) ကြက်ဥကို ပွတက်လာအောင် များများခေါက်ထားပါ။
(၂) ဂျုံမှုန့်ကိုလည်း ရေနည်းနည်းထည့်ပြီး ဖျော်ထားပါ။
(၃) နွားနို့ထဲကို ကြက်ဥ၊ ဆား၊ သကြား၊ ထည့်ပြီး ကြေနေအောင် ဂလောက်ထားပါ။
(၄) ဖျော်ထားသော ဂျုံမှုန့်ရည်ကို လောင်းထည့်ပြီး ထပ်မွှေပါ။ ပျားရည်ထည့်မွှေပြီး ခဏငြိမ်နေအောင် ချထားပါ။
ပေါင်းနည်း
(၁) ပူတင်းဖုတ်ရန် အကောင်းဆုံးခွက်ဟာ ကြွေခွက်ပါ။ ကြွေခွက်မရှိပါက ဖန်ခွက်၊ စတီးလ်ခွက် စသဖြင့် အိမ်မှာရှိတဲ့ အပူခံနိုင်တဲ့ခွက်နဲ့ ပေါင်းနိုင်ပါတယ်။
(၂) ပေါင်းမည့်ခွက်ကို ထောပတ် သို့မဟုတ် ဆီဖြင့် သုတ်လိမ်းပါ။ ပြီးလျှင် ပူတင်းရည်ကို ခွက်ရဲ့ ၃ပုံ၂ပုံခန့်ထိ ဖြည့်ပါ။ အပြည့်ထည့်လျှင် ဆူသည့်အခါ လျှံကျမည်။
(၃) ပေါင်းအိုးထဲသို့ထည့်ပြီး ၁၅ မိနစ်ခန့် ပေါင်းပါ။ ပေါင်းအိုးမရှိပါက အခြားအိုးထဲ ပူတင်းခွက် မမြုပ်အောင် ရေထက်ဝက်ဖြင့် ပေါင်းနိုင်ပါတယ်။
(၄) ၁၀မိနစ်ခန့် ပေါင်းပြီးလျှင် စပျစ်သီးခြောက် ထည့်ပြီး အဖုံးပြန်အုပ်ထားပါ။
(၅) ၅မိနစ်ခန့် ထပ်ပေါင်းပြီးလျှင် အောက်ချလို့ရပါပြီ။
အနံ့မွှေးကြိုင်တဲ့ ကြက်ဥပူတင်း ပူပူနွေးနွေးလေးကို လက်ဖက်ရည်၊ ကော်ဖီတို့နဲ့ သုံးဆောင်နိုင်ပါတယ်။
ဖတ်ရှုသူများအားလုံးကို လူမင်းသားမှ အထူးကျေးဇူးတင်ပါတယ်။
နောက်ထပ် အခြားပူတင်းဖုတ်နည်းများကိုလည်း ဆက်ပြီး တင်ပေးပါဦးမယ်။
Royal Sai
လူမင်းသား - မြန်မာလက်ရာဒံပေါက်
အမှတ်(4-C) မြင်သာ ၁၁ လမ်းနှင့်
သံသုမာလမ်းဒေါင့်
၁၄ ရပ်ကွက် တ/ဥက္ကလာပ။
ဖုန်း - 09256142929, 09780978070
(Max ဆီဆိုင်အရှေ့တည့်တည့်)
.

No comments:

Post a Comment