Thursday, July 14, 2016

ကြွက်နို့ အတွက်ဆေးနည်းမျိုးစုံ
**************
ကြက်သွန်ဖြူကို အလယ်တည့်တည့်မှ လှီးဖြတ်ပြီး ထွက်ရှိလာသော အစေးဖြင့် ကြွက်နို့ပေါ်သို့ သွေးထွက်သည်အထိ့ ဖိ့ပွတ်ပေးလိုက်ပါ။
စမ်းသပ်ပြီး ၉၉% ပျောက်ကင်း ……
မြန်မာ့ရိုးရာ ဆေးဖက်ဝင်သစ်ဥသစ်ဖုများ's photo. မိမိ သိသမျှ ထပ်မံ ဖြည့်စွက်ပြီး Share ပေးလိုက်ပါ
မိမိ အတွက် မလိုအပ်ရင်တောင်မှ တစုံတယောက် အတွက်
မီးဖိုချောင်မှ ဆေးခန်း တစ်ခု ဖြစ်သွား နိုင်သမို့……
Credit.
ဝင်းမင်းဖြိုး
==========×==========×========
‪#‎ကြွက်နို့‬ wart စကားဝိုင်း
ကြွက်နို့ ပွားများ ရှိပါက ပထမဆုံးပေါက်သော ကြွက်နို့မကို
ဦးစွာပြုလုပ်ပါ။
‪#‎Thu‬ Kha Lin
အရေပြားရောဂါ တမျိုးဖြစ်သော ကြွက်နို့ ငါးမျက်စိ တို့ကို kiss me အပင်ကအရွက်မှထွက်သောအစေး အဖြူများကိုသုတ်လိမ်းချင်းဖြင့်ပျောက်နိုင်ပါသည်။
‪#‎Ko‬ Than Naing
ဂျင်းကိုဖြတ်ပြီးထုံးသုပ်ပြီး ပွတ်ပေးပါ ပျောက်ပါတယ်။
မြန်မာ့ရိုးရာ ဆေးဖက်ဝင်သစ်ဥသစ်ဖုများ's photo.‪#‎Aung‬ htoo
သီးမွှေးဌက်ပျောခွံ အတွင်းအကာဘက်မှ
ညအိပ်ရာဝင်လျှင် ပတ်တီးစည်းပြီးအိပ်ပါ။
ကြွက်နို့ ပျောက်ပါတယ်။
‪#‎စိတ်မဆိုး‬ ဆနွင်းလုံး
ကြက်သွန်ဖြူကို ခါးလယ်မှ လှီးဖြတ်ပြီး ထွက်ရှိလာသော အစေးဖြင့် ကြွက်နို့ပေါ်သို့ သွေးထွက်သည်အထိ ဖိပွတ်ပေးလိုက်ပါ။
‪#‎Kyaw‬ thuya
ဂျင်းနဲ့ထုံး တို့ပြီကြွက်နို့်ပေါ်ကိုသွေးထွက် အထိပွတ်တိုက်ပါ။ . ကျွန်တော်သိတာပြန်မျှဝေတာပါ
‪#‎Thein‬ zaw htoo
တယောက်နဲ့တယောက်သွေးသားမတူသောကြောင့် လူတိုင်းပျောက်ကင်းနိုင်မည်မဟုတ်ပါ။
ကျနော်ကတော့ဆနွင်းမှုံ့နှင့်ဆားနဲ့ပြစ်ပြစ်ဖျော်ပြီအုံထား တာ ပျောက်သွားပါသည်။
‪#‎ကံ‬ မင်းသား ကျွန်တော့လက်ကကျွက်နို့ကတော့ဟင်းနုနွယ်အရိုင်းဆူးလေးတွေကိုထုတ်ချင်းပေါက်အောင်(5)ချောင်းလောက်ကို(5)ရက်ထား အမြစ်ပါကျွတ်ထွက်သွားပြီး အမာရွတ်တောင်မကျန်ခဲ့ဘူး
‪#‎Nay‬ Hlime
ငြုပ်ကောင်းစေ့အခြောက် ၇ စေ့ ယူလိုက်ပါ
ငြုပ်ကောင်းစေ့ ၁ စေ့ကို ပင်အပ်ဖြင့်ထိုး၍
မီးရှို့လိုက်ပါ .... မီးပန်းလေးများထွက်လာမည်
မီးပန်းများသေသွားပါက ငြုပ်ကောင်းစေ့မှာ
ရဲနေလိမ့်မည် .....
ထိုအနေအထားတွင် ပေါက်နေသောကြွက်နို့နှင့်
နီးနိုင်သမျှနီးအောင်ထား၍ ငြုပ်ကောင်းစေ့ အား
လေမှုတ် ပေးပါ .... ကြွက်နို့အတွင်းမှ ပုရွက်ဆိတ် ကိုက်သလို တဆစ်ဆစ် ခံစားရမည်.... ငြုပ်ကောင်းစေ့ မီးသေသွားလျှင် နောက် ၁ စေ့ထပ်လုပ်ပါ ....
ဤနည်းအတိုင်း ၇ စေ့ပြည့်သောအခါ
ကြွက်နို့မှာ ပျော့လာပါလိမ့်မည် ...
ဂွမ်းစ သို့မဟုတ် အဝတ်စသန့်သန့်ကို
အရက်ပျံဆွတ်ပြီး ကြွက်နို့အား
အသာအယာဆွဲဖြုတ်လိုက်ပါ ...
နာကျင်မှုဝေဒနာ လုံးဝ မခံစားရဘဲ
သင့်ကြွက်နို့ အမြစ်ပြတ်သွားပါလိမ့်မည် ...
လက်တွေ့ပျောက်ကင်းထားသဖြင့်
မျှဝေလိုက်ရပါသည်
‪#‎Han‬ ko oo
ကျွန်တော်ကတော့ ချင်းပြည်နယ်ရောက်တုန်းက မုဆိုးတယောက်က ၅မိနစ်အတွင်းပျောက်တယ်ဆိုလို့ မယုံလို့ လုပ်ခိုင်းနာ ချင်ချင်းပျောက် နည်းနည်းတော့နာမယ် :-) :-) လုပ်နည်းက ဆနွင်းမှုံ ကို ကြွက်နို့ပေါ်အုံပီး မီးရှိ့ နည်းနည်းတော့ပူမှာပေါ့ ဆနွင်းမှုန့်မီးလောင်ပြာကျသွားတာနဲ့. ကြွက်နို့ကိုတခါတည်း ဆွဲနှုတ်လွင့်ပစ်လိုက်တာ အမြစ်ပါပါသွားရော ဆနွင်းကို မီးရှိ့တော့ကြွက်နို့ကအမြစ်ပါဆွဲလို့ရအောင်ပျော့သွားတုန်းဆွဲနှုတ်လိုက်တာ အခွက်ကလေးပဲကျန်နေတယ် နည်းနည်းတော့နာမှာပေါ့ ကိုယ်တွေ့မို့ပါ ဒီထက်သက်သာတဲ့နည်းသုံးချင်သုံးကြပေါ့ဗျာ :-) :-) :-)
‪#‎Tintin‬ win
တို့သမီးကတော့လက်မှာပေါက်တာကြောင်ရှာပင်ကအခေါက်ကိုသွေးလူးတာလေးငါးခါလူးတာကြွေကြသွားတယ်ဘာဒါဏ်ရာမှမကျန်လက်တွေ့
စိတ်မဆိုး ဆနွင်းလုံး ရဲ့ ‪#‎ကြွက်နို့‬ စကားဝိုင်းလေးပါ။
အလွယ်ကူလေးတွေပဲ စုံလည်းစုံတယ်။ အဆင်ပြေသလို ယူသုံးပါနော်။
သူငယ်ချင်းတွေကိုလည်း Share ပေးပါနော်။
စိတ်မဆိုး ဆနွင်းလုံး & ကြာပန်း ဆီးချို ငရုတ်ခါးဆေး
==========×=========×===========
ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ
ကြွက်နို့ ပေါက်သူများ ဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။
(၁) ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး တစ်ပတ်ခန့်ကြာလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။
(၂) ဂျင်းတက်ကို ထိပ်ပိုင်းမှ အနည်းငယ် လှီးဖြတ်လိုက်ပြီးလျှင် ၄င်းနေရာကို ထုံးအနည်းငယ် သုတ်လိမ်းပြီး ကြွက်နို့ပေါ်ကို ဖြေးဖြေးချင်း ပွတ်တိုက်ပေးပါ။ ဂျင်းနှင့် ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့၏ ပိုးများ အမြစ်ပြတ်သွားပါလိမ့်မည်။
(၃) စိန်၊ ကနခို၊ ရှားစောင်း၏အစေးတို့ကို အနည်းငယ်စီရောကြိက်၍ ၄င်းအမှုန့်ဖြင့် ကြွက်နို့ထိပ်ကို အနည်းငယ်ဆွပြီး မကြာခဏ သုတ်လိမ်းပေးပါ။ တစ်ဖြေးဖြေး ပျောက်ကင်းသွားလိမ့်မည်။
(၄) ကြွက်နို့ကို ထိပ်ပိုင်းမှ လက်သည်းညှပ်ဖြင့် ပါးပါးလေး လှီးပေးပါ။ ပြီးလျှင် ကြောင်နှုတ်ခမ်းမွေးတစ်ပင်ကို ရအောင်ရှာပြီး ကြွက်နို့ထဲကို ၄၊ ၅ ချက်ခန့် ထိုးဆွပေးပါ။ (စူးခနဲဖြစ်သွားပြိး အနည်းငယ် နာကျင်ပါလိမ့်မည်)။ ပြီလျှင် ထိုးဆွထားသည့် ကြွက်နို့များကို ပြန်ပြီး ညှပ်ထုပ်ပေးလိုက်ပါ။ ၃၊ ၄ ရက်အတွင်း ပြန်ချောက်သွားပြီး ၁ ပတ်ခန့်မှာ လုံးဝပျောက်သွားပါလိမ့်မည်။
(၅) မြန်မာဆေးရွက်ကြီး၏ အရိုးကို မီးမြိုက်ပြီး ၄င်းပြာဖြင့် ကြွက်နို့ပေါ်ကို တို့ပေးပါ။ ၂ ရက်အတွင်း ကြွက်နို့ချောက်သွားပြီး ပျောက်သွားပါမည်။
(၆) ပထမဦးဆုံးဖြစ်တဲ့ ကြွက်နို့ ခလယ်တည့်တည့်ကို ခံနိုင်ရည်ရှိသလောက် ပင်အပ်ထိုး စိုက်ပါ၊ ပင်အပ်ရဲ့တခြားဘက်အဖျားကို ဖယောင်းတိုင်နဲ့ မီးရှို့ ပါ၊ စက္ကန့် ၃၀လောက်ထားပြီး သိပ်ပူလာရင် မီးကိုခွာလိုက်ပါ။ အ၀တ်စနဲ့ ကြွက်နို့ကို မိမိရရကိုင်ပြီး ဆွဲနှုတ်ပါ။ ကြွက်နိုပြုတ်ထွက်သွားလျှင်
သွေးတိတ်အောင်လုပ်ပြီး ဘာဆေးမှမထည့်ဘဲ လေသလပ်ထားပါ။ ၂ရက် ၃ရက်ဆိုပျောက်ပါပြီ။
(၇) ကြွက်နို့ကို ဓါး၊ လက်သည်းညှပ် သန်သန့်တို့ဖြင့် သွေးထွက်အောင် လုပ်ပေးပါပြီးလျှင် ရွှေဝါဆပ်ပြာခဲနှင့် ကွမ်းစားထုံး ရောနယ်ပြီး ၎င်းကြွက်နို့ပေါ်တွင် အုံ၍ပတ်တီးစဖြင့် စည်းထားပေးပါ။ တဖြည်းဖြည်းခြောက်ပြီး ကွာသွားပါလိမ့်မည်။
(၈) ကြွက်နို့ကို ကြောင်လျှာပင်၏ အခေါက်ကို သွေး၍ လိမ်းပေးပါ။
(၉) ကြွက်နို့ ဖြစ်နေတဲ့နေရာကို ဖယောင်းစက် ၅ စက်ခန့် ချပြီး ပူနွေးလာသောအခါ ဇာဂနာဖြင့် ကြွက်နို့ကို ဆွဲထုတ်လိုက်ပါ။ (အပူပေးထားသည့်အတွက် နာကျင်မှု သက်သာပါသည်)။ အပေါက်လေကျန်နေမည်။ ၄င်းအပေါက်ထဲကို ထုံးနှင့် ရွှေဝါဆပ်ပြာနှယ်ပြီး အုံထားပေးပါ။ လက်တွေ့ပျောက်ခဲ့သည့်နည်း ဖြစ်ပါတယ်။
(၁၀) အရင်းဆုံး ပေါက်တဲ့ ကြွက်နိ့ပေါ်ကို ကွမ်းယာဆိုင်က ထုံးယူပြီး တို့ထားပါ။ ရေမြောင်းဘေးမှာပေါက်တဲ့ ပိန်းအရိုင်းပင်ရဲ့ အရိုးကိုဖြတ်ပြီး ထွက်လာတဲ့ ပိန်းအစေးကို ထုံးတို့ထားတဲပေါ်မှာ ထပ်တို့ပါ။ အစေးကုန်ရင် ထပ်တို့ပါ။ နှစ်ရက်တို့ယုံနဲ့ ပျောက်ပါမယ်။ အရင်ဆုံးပေါက်တဲ့ ကြွက်နိ့ပျောက်ရင် အားလုံးပျောက်သွားပါမယ်။
Credit
=========×==========×===========

No comments:

Post a Comment