Saturday, July 9, 2016

နှလုံးအားနည်းသောရောဂါအခံရှိပြီး အိပ်မပျော်သူများအတွက် ဆေးနည်းကောင်းတစ်ခုကို ညွန်ပေးလိုက်ပါတယ်။
ဆေးနည်း-
(၁) ဇာတိပ္ဖိုလ်သီးအခြောက်ကို အမှုန့်ကြိတ်၍ အဖုံးလုံသော ပုလင်းထဲကို သေချာစွာ ထည့်ထားပါ။
(၂) ညစာစားပြီး တစ်နာရီခန့် ခွါ၍ နွားနို့ခပ်နွေးနွေးတစ်ခွက်ထဲသို့ ဇာတိပ္ဖိုလ်အမှုန့်ကို ဇီးသီးတစ်လုံးခန့် ထည့်၍ သောက်ပါ။
(ဇာတိပ္ဖိုလ်သီးနှင့် အမှုန့်ကြိတ်ပြီးသားကို ပရဆေးဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါတယ်)
(၃) နွားနို့မရပါက ပျားရည်နှင့်အတူ သောက်ပါ။
(၄) အိပ်ယာမ၀င်ခင် အကြောလျှော့ပြီးမှ အိပ်ယာဝင်ပါ။
(၅) အပူဓါတ်များရင်လည်း အိပ်မပျော်တာ ဖြစ်တတ်တဲ့အတွက် ဒူးအောက်ကနေ ရေလောင်းချပြီး အပူထွက်သွားပြီးမှ အိပ်ယာဝင်ပါ။ လျှင်မြင်စွာ အိပ်ပျော်စေပါတယ်။
(၆) နံနက်ပိုင်းမှာ ချွေးထွက်စေရန် လမ်းပုံမှန် လျှောက်ပေးပါ။
တစ်လခန့် ပုံမှန်သောက်ပေးလျှင် နှလုံးအားကောင်းလာပြီး စားဝင် အိပ်ပျော်စေပါမယ်။ တစ်နေ့ကို ၆ နာရီခန့် အိပ်ပျော်လာနိုင်လျှင် ဆေးကို ထပ်မသောက်ပဲ ရပ်ထားနိုင်ပါတယ်။
gannawinzero .blogspot. com/2014/07/blog-post_12.html
==========×==========×==========
အိပ်မပျော်သူများအတွက် ပူစီနာရွက်
******* × ****** × *******
အိပ်မပျော်တဲ့ မိတ်ဆွေများအတွက် ကျွန်မလုပ်နေကျဆေးနည်းလေး ပေးပါရစေ။
အိပ်ဆေးသောက်အိပ်ခြင်းဟာ ရေရှည်မှာ မကောင်းပါဘူး။ ဒီနိုင်ငံမှာဆို အိပ်ဆေး လုံးဝ မပေးပါဘူး။ အရင်ကတော့ နွားနို့ပူပူလေးကို မအိပ်ခင် နာရီဝက်လောက်အလိုမှာ သောက်လိုက်ပြီးမှ အိပ်ရင် အိပ်ပျော်တယ်ဆိုလို့ သောက်ကြည့်ပါတယ်။ မဆိုးပါဘူး။ ဒါပေမယ့် နွားနို့သိပ်မကြိုက်တတ်တဲ့ ကျွန်မအတွက် သိပ်အဆင်မပြေပါဘူး။
ဒါနဲ့ အညာမှာနေတဲ့ မွေးသမိခင်ကို မေးရတော့တာပေါ့။ သမီးရေ အိပ်မပျော်ရင် ရေနွေးထဲကို ပူတီနာအရွက် ၅ ရွက် ၆ ရွက်ကို ထည့်ပြီး ခပ်နွေးနွေးလေး အနေအထားရောက်ရင် သောက်ပြီး အိပ်ယာထဲ ဝင်လိုက်ပါတဲ့။ ခဏနေရင် အိပ်ပျော်သွားလိုက်မယ်တဲ့။
တကယ်ကို အဟုတ် အိပ်ဆေးကောင်းလေးပါ။ အခုတော့အိမ်မှာ ပူတီနာကို အခင်းဖြစ်အောင်စိုက်ထား လိုက်ပါတော့တယ်။ သြော် နောက်တစ်ခုက ပူတီနာ အရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်းကျစေပါတယ်တဲ့။
မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ.....
Credit: Myawady New

No comments:

Post a Comment