Thursday, September 1, 2016

လေယာဉ်နဲ့ခရီးသွားမဲ့သူငယ်ချင်းအတွက်..
နိုင်ငံခြားဆေးတွေဆောင်သွားဖို့မလိုပါ...
ချင်းတက်(အစို)ကိုပါးပါးလှီးပြီး ၇လွှာလောက်ရေဆွတ်ထားတဲ့
လက်ကိုင်ပုဝါလေးနဲ့ထုပ်ယူသွားပါ။
ချင်းကိုအထင်မသေးပါနဲ့..
အရှေ့တိုင်းအာယုဗေဒဆေးပညာကရှေးနှစ်ပေါင်းတစ်ထောင်ကျော်ထဲကအစွမ်းထက်ကြောင်းဖော်ပြခဲ့ပြီး..အနောက်တိုင်းသုတေသနကလွန်ခဲ့တဲ့ဆယ်စုနှစ်ကမှလေ့လာခဲ့တာပါ။
_ ချင်းကို ပါးစပ်ထဲငုံထားခဲ့ရင် လေယာဉ်အတက်မှာဖြစ်တတ်တဲ့ပေါ့သွားပြီးအစာအိမ်ကလေအထက်တက်လာလို့ အန်ချင်တာကို သက်သာစေပါတယ်။
_ ခေါင်းအုံ ခေါင်းမူးရင်..ချင်းပါးပါးအလွှာကို နထင်နှစ်ဘက်မှာကပ်ပေးရင်ချက်ခြင်းသက်သာစေပါတယ်။
_ နားအူ နားပိတ်ရင် နားနောက်အချိုင့်နေရာမှာကပ်ထားရပါမယ်။
_ လေယာဉ်ပေါ်မှာ ဆီးခနခနထသွားရတဲ့ဒုက္ခကကင်းဝေးချင်ရင်..ချင်းကိုဆီးခုံအထက်မှာကပ်ပေးထားရပါမယ်။
_ နောက်ဆုံး လေယာဉ်ပေါ်ကအစားအစာမှာပင်လယ်စာပါလို့အန်ချင်သလိုဖြစ်ရင်.ယားရင်..ချင်းနှစ်ဖတ်လောက်ဝါးစားအရည်ကိုမျိုချပေးပါ။
ချင်းတက်ကိုဆောင်ထားရင်.ဘယ်နေရာရောက်ရောက်.ဆရာဝန်တစ်ဦးပါသလိုပဲတဲ့။

သင့်ရဲ့သူငယ်ချင်း..... ကြည်လွင်မြင့်(မုဒြာ)...၃၁.၈၂၀၁၆

No comments:

Post a Comment