Sunday, August 28, 2016

ညအိပ်ယာဝင်ပြီဆိုလျှင် "ဆားကြမ်း လက်တစ်ဆုပ်စာကို ကော်ဇလားထဲထည့်၍ ရေနွေးပူပူနှင့် ရေအေး အနည်းငယ်စပ်၍၊ (မှတ်ချက်… ၁၅- မိနစ်စာ အချိန်အတွင်း လုံးလုံးမအေးစေပဲ နွေးနွေးလေးရှိရမည်။) မိမိခြေထောက်ကို ထည့်၍ စိမ်ပါ၊ ဆားရေနွေးနွေးထဲမှာ မိမိခြေထောက်ကို ပွတ်နယ်လို့လည်း ရပါတယ်ခင်ဗျာ၊ စိမ်ပြီးသွားတာနဲ့ ရေလုံးဝ လောင်းမဆေးပါနှင့်၊ အဝတ်ခြောက်ဖြင့်သာ စင်အောင်ဖွသုတ်၍ အိပ်ယာဝင်ပါ။ အကျိုးအာနိသင်ကား- ဖောတာ, ရောင်တာနှင့် အပူများနေတာတွေအတွက် အလွန်သက်သာစေသောနည်းဖြစ်ပါတယ်၊ ဘာမှမဖြစ်လည်း ညစဉ် စိမ်ပေးလို့ရပါတယ်ခင်ဗျာ၊ ဓာတ်ကြီးလေးပါး ညီညွတ်၍ သွေးလေ မခြောက်ချားပဲ, ဦးခေါင်း မျက်စိ ခန္ဓာကိုယ်ထဲမှ အပူ အခိုးများထွက်၍ နှစ်နှစ်
ခြိုက်ခြိုက် ချမ်းသာစွာ အိပ်ပျော်သွားပါတယ်ခင်ဗျာ။ နေ့စဉ်ပုံမှန်စိမ်လျှင် ပါဝါမျက်မှန်တက်သူများ ပါဝါသိသိသာသာလျော့ပြီး ဖျားနာ နေထိုင်မကောင်းမှု ကင်းဝေစေကာ ခြေထောက်၏ နူးညံ့သန့်စင် ပိုးမွှားကင်းမှုအပိုင်းကိုလည်း
ရရှိစေလေသည်။ လက်ဖဝါး နူးညံ့သန့်စင်၍ အသားမာများပါ ပျောက်စေချင်ရင် ၎င်း ဆားကြမ်းကိုပဲ နေ့စဉ် မုန့်ဟင်းခါးခတ်သောက်သည့်ဇွန်း ၁- ဇွန်းမောက်မောက်ကို ရေချိုးခါနီး ရေနွေးနွေးဖြင့် ကော်ခွက်တခွက်ထဲမှာ အနည်းဆုံး
ငါးမိနစ်ခန့် စိမ်ပြီး လေချောင်း လက်ခုံ လက်ဖဝါးများ အားလုံးကို ပွတ်ပေးပါ၊ ပြီးမှ ရေချိုး၍ ဆေးပါ။ အကျိုးအာနိသင်က လက်ဖဝါး လက်ချောင်းများ နူးညံ့ သန့်စင် ပိုးမွှားကင်း
ပြီး လက်ဖဝါးဂြိုဟ်ခုံများမှ အသာမာများပါ ပျောက်ကင်းစေလေသည်။
ကျွန်တော်ကတော့ ဆရာတော်ကြီးတွေ ဝတ်လိုက်ဖြည့်တဲ့အခါမှာ မျက်နှာသုတ်ပုဝါ အကြမ်းထည်ဖြင့် ဒူးအထက်ကနေ သပ်ချ, ဆားရေနဲ့ အဝတ်ပြန်စိမ်၊ ပြီးညှစ်ပြီး,
ဒူး ခြေသလုံးများကိုအုပ်ပေးရင်း, ခြေသလုံး ခြေခုံ ခြေဖဝါး ခြေချောင်းများပါ ဆားရေစိမ်ပေးကာ, ၁၅- မိနစ်စာ နှိပ်နင်ပေးပါတယ်ခင်ဗျာ၊ ခြေခုံရောင်နေသော ဆရာတော်ကြီးကိုတော့ ခြေခုံကို မနှိပ်ပါ၊ ခြေဖဝါးသာ အဓိက လုပ်ဆောင်ပါတယ်၊ တချို့ ရောင်နေသော ဆရာတော်ကြီးများ၏ ခြေခုံဆို နောက်တစ်နေ့ သိသိသာသာရော့သွား၍, အပူများထွက်ကာ ချမ်းသာစွာ ကျိန်းစက်၍ရလေသည်။
အားလုံးသော ဓမ္မမိတ်ဆွေ သူတော်ကောင်း သူငယ်ချင်းများ အားလုံးတို့သည်လည်း မိမိအတွက်တင်မဟုတ်ပဲ, သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ် ပြည့်ဝတော်မူကြသော ဆရာတော် သံဃာတော်များနှင့်, မိမိတို့၏ မိဘ အဘိုး အဘွား ဆရာသမားများကိုလည်း ဤနည်းအတိုင်း ဝတ်ဖြည့်ပေးစေချင်ပါသည်ခင်ဗျာ။
ကဲဗျာ.. ဒီညပဲ စ အကောင်အထည် ပြုလုပ်ကြရအောင်နော်၊
ကောင်းကျိုးက လက်ငင်းကို သိရှိသွားပါလိမ့်မယ်ခင်ဗျာ။
အစာအိမ် အူလမ်းကျောင်းနဲ့ ဝမ်းအတွင်းအေးဖို့, ဝမ်းမှန်ဖို့က ဆေးကုလားမ မန်ကျီးစေ့ ၂စေ့ ၃စေ့ စာကို နေ့ခင်းထဲက မုန့်ဟင်းခါး ထည့်စားတဲ့ ပန်းကန်လုံးအကြီးထဲမှာ ထည့်စိမ်ပါ၊ ညနေကျလို့ကြည့်ရင် နူးပြီး ပွားနေလိမ့်မည်၊ အဲဒီ့အခါမှာ အရည်တွေပါ သောက်လို့ များနေတယ်ဆိုရင်, အဖတ်တွေချည်းပဲ ဒီအတိုင်း ဘာမှမထည့်ပဲ အကုန်စားလိုက်ပါခင်ဗျာ၊ စိမ်တာ များသွားလို့ ပိုစားမိရင်လည်း ဘာမှစိုးရိမ်စရာမရှိပါခင်ဗျာ၊ ဝမ်းချုပ်သူများ, ဝမ်းညစ်ရသူများ, ဝမ်းတွင်း အပူများမှုများအတွက် ချက်ချင်းလက်ငင်းသိသာ၍ အသားအရေပါ စိုပြေလာပါလိမ့်မည်။
(မှတ်ချက်။ ။ ညအိပ်ခါနီးသောက်လျှင် ဆီးထသွားမှာ ဖြစ်သောကြောင့် အိပ်ရေးပျက်မှာ စိုးသောကြောင့်ဖြစ်သည်။
ညဦးယံ ညစာစားပြီး ၁- နာရီ ကျော် အကြာတွင်သောက်လျှင် ပိုမို၍ အဆင်ပြေပါသည်ခင်ဗျာ။ ဘေးထွက်ဆိုးကျိုး လုံးဝ လုံးဝ မရှိပါခင်ဗျာ။ ဤနည်းကား-ဟိမဝန္တာတွင် သီတင်းသုံးတော် မူကြကုန်သော ရှေးရှေးမှစ၍ ယခုအချိန်ထိ သူတော်စင်များ အစဉ်အဆက် သုံးစွဲခဲ့သော ဆေးနည်းဖြစ်ပါသည် ခင်ဗျာ။ ကျွန်တော့်မိတ်ဆွေ ဓမ္မမိတ်ဆွေများနှင့် ဆရာဝန်များတောင် သုံးဆောင်ပါသည်ခင်ဗျာ။ ကျွန်တော်တို့ ဖျော်ရည် အအေးထဲတောင် ထည့်သောက်နေရသော အရာ ဖြစ်ပါသည်။ ကိုယ်တိုင် စိမ်ပြီးသောက်တဲ့အခါမှာတော့ ဘာမှမထည့်ပဲနှင့် သူ့သဘာဝအတိုင်း သောက်သုံးရန်သာ ဖြစ်ပါသည်။ ဤ ဆေးကုလားမသည် နိုင်ငံမရွေး ဒေသမရွေး ရာသီဥတုမရွေး အမြဲသောက်သင့်သော ဆေးဖြစ်ပါသည်။ သိမ်ကြီးဆေး ပရဆေးဆိုင်များတွင် ရပါသည် ခင်ဗျာ။)
(မှတ်ချက်။ ။ အထက်ပါ ၂- ချက်သည် သဘာဝသက်သက် ဘေးထွက်ဆိုးကျိုး လုံးဝ လုံးဝမရှိပါ၊ ၎င်း ၂- ချက် ကို နေ့စဉ် နေ့တိုင်း ပြုလုပ်ပေးပါက၊ တခြား ဘာဆေးမှ သုံးစွဲစရာမလိုအောင် ကျန်းမာလာပါလိမ့်မည်။)
လူသားအားလုံး စိတ်ချမ်းသာ, ကိုယ်ကျန်းမာအောင်လို့ အမြဲ သတိသမ္ပဇဉ်တရားများဖြင့်ယှဉ်ကာ နေထိုင် ပြုမူ ဆောင်ရွက်နိုင်ကြပါစေသတည်း။
cd . Su Gyi Pan

No comments:

Post a Comment