Saturday, August 20, 2016

Body building Steroids အားကောင်းလွန်းတဲ့ ဆေးတွေ
၁။ ဆရာ Gym တွေမှာသောက်ခိုင်းတဲ့ Protein powder ဆိုတဲ့အကြောင်းလေးသိချင်လို့ပါ။ Gym က trainer တွေ ပြောတာကတော့ လေ့ကျင့်ခန်းလုပ်တဲ့ခါ အသားတက်လွယ်ပြီး ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ပြောပါတယ်။ ဆေးဖြတ်ပြီး လေ့ကျင့်ခန်း ပါရပ်လိုက်ရင် အရမ်းဝလာမလားဆိုတာလဲသိချင်ပါတယ်။ ကျေးဇူးပါပဲရှင်။
ဖြစ်တဲ့သူ (ဆေးသောက်ချင်သူ) အသက် မသိပါ။ ကျား-မကိုတော့ မေးခွန်းဆုံးမှသာသိတယ်။ ပရိုတင်းဆိုတာ လူတွေစားတဲ့ထဲမှာ (အသား + ငါး + ဥ + ပဲအမျိုးမျိုး) ကနေ ရနေတယ်။ ဆေးဆိုတာ အဲတာတွေထဲကနေ ထုတ်လို့ရတာထုတ်ပြီး။ အထားခံအောင်လုပ်ထားတာသာဖြစ်တယ်။
၂။ ကျတော် Gym ကစားပါတယ်ခင်ဗျ။ ဆရာ့ Blog မှာ ရေးထားတာတွေလဲ ဖတ်ဖြစ်ပါတယ်။ အဲထဲက တရုတ်က ထုတ်တဲ့ Moriamin Forte ကို အခုစားနေပါတယ်ခင်ဗျာ။ အဲဒါတွေစွဲစားရင် side effect ဘာများရှိနိုင်မလဲခင်ဗျာ။ ပြီးတော့ ဆရာ့ Blog ထဲမှာ ပါတဲ့ ဟော်မုန်းဓါတ်ဆိုတာ သုံးတတ်ရင် တကယ်အသုံးဝင်ပြီး မသုံးတတ်ရင် တလွဲဖြစ်တတ်တယ်ဆိုတာဘယ်လိုမျိုးကို ပြောတာပါလဲခင်ဗျာ။ ဟော်မုန်းကို ကျတော် စနစ်တကျသုံးချင်လို့ပါခင်ဗျာ။
Moriamin Forte (မိုရီယာမင်-ဖို့ဒ်) ဆိုတာ (အမိုင်နိုအက်စစ်) ပရိုင်တင်းအားဆေးဖြစ်ပါတယ်။ ပေါ်တာကြာပါပြီ။ ကြော်ညာအားလဲကောင်းတယ်။ (ပရိုတင်း) ဓါတ်နည်းရောဂါ၊ အာဟာရမျှတတဲ့ရောဂါ၊ ဗီတာမင်တွေနည်းတဲ့ရောဂါ၊ အာဟာရချို့တဲ့ရောဂါ၊ အလျှင်အမြန် အားယုတ်ခြင်း၊ နာတာရှည်လူမမာ၊ စိတ်ဖိအား အလုပ်ဖိအားများခြင်း၊ ခုခံအားကျတင်းနေခြင်း၊ ဗီတာမင်တွေ ပိုလိုခြင်းတွေအတွက်သုံးပါတယ်။ အဲတာတွေအပြင် ရုပ်ပိုင်းဆိုင်ရာ အပြင်အထန်လုပ်ရခြင်း၊ အားအင် ကုန်ခမ်းလွန်းဖြင်း၊ လေ့ကျင့်ခန်းပြင်းထံခြင်း၊ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေရချိန်၊ ကလေးကို မြန်မြန် ကြီးထွားစေလိုခြင်း၊ နလံထချိန်၊ အကြီးစားခွဲစိတ်ကုသမှုလုပ်အပြီး၊ ကင်ဆာဆေး၊ ဓါတ်ကင်ထားခြင်းတွေမှာလည်း သုံးနိုင်တယ်။
နာတာရှည် အသည်းရောဂါ၊ နာတာရှည်ကျောက်ကပ်ရောဂါတွေမှာတော့ လိုအပ်တယ်။
ကြွက်သားကို ပရိုတင်းနဲ့တည်ဆောက်ထားတယ်။ ကြွက်သားကြီးမားစေချုရင် ပရိုတင်း မနည်းရတာမှန်တယ်။ အစားအသောက် ကနေရတာထက်တော့ ကောင်းတာမမရှိပါ။ အဲလိုအားဆေးတွေမှာ ပရိုတင်းသန့်သန့်၊ ဗီတာမင်သန့်သန့်၊ ဓါတ်ဆားသန့်သန့်ဆိုရင် စိုးရိမ်စရာမရှိပါ။ စတီရွိုက်ခေါ်ဟော်မုန်းပါရင်တော့ ကြီးထွားသန်မာတာ သိသိသာသာဖြစ်လာမယ်။ အဲ့ ဘေးထွက်သက်ရောက်မှုတွေလည်းဖြစ်ပါမယ်။
Body building Steroids ကိုယ်ကာယကြီးထွားစေတဲ့ စတီရွိုက်ဆေး
အတော်ကြီး သတိထားသုံးရတယ်။ ဆေးသုံးလိုက်ရင် ၇ ပါတ်နေရင် သိသာမယ်လို့ ဆေးရောင်းတဲ့ ဝက်ဘ်ဆိုက်ကနေ ဆိုပါတယ်။ တကယ်တိုးတက်မှုရှိမယ်ဆိုရင် ကိုယ်ခန္ဓာဟာ လေထိုး၊ ရေထိုးထားသလိုမျိုး ဆင်တူပါမယ်။ သက်ရှိ ကိုယ်ခန္ဓာဆိုတာ သူ့စည်းကမ်းနဲ့သူရှိတယ်။ စည်းကိုကျော်ဘို့ ကြိုးစားမှုလို့ပြောရင် သုံးစွဲချင်သူတွေကို စိတ်ပျက်အောင်ပြောသလို့ ထင်နိုင်တယ်။ ဒီဆေးမျိုးက အရောင်းရကောင်းလို့ ဆေးအတုတွေလဲ ပေါတဲ့အချက်ကိုလဲ သတိထားရမယ်။ ရေတိုသုံးသူတွေမှာ အင်နာဂျီတွေပိုရမယ်။ ကြွက်သားထုထည်ကြီးထွားလာမယ် ပန်းပုထုထားတဲ့အရုပ်လို ဖြစ်လာမယ်။ ရေရှည်သုံးမိရင် ဆက်တွဲဖြစ်လာတာတွေ ဆိုးဝါးတယ်။ ရေထိုး၊ လေထိုးထားတာက ပိုပိုကားကြီးလာမယ်။ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းထိခိုက်မှုတွေရှိလာမယ်။ ရေရှည်သုံးသူတွေမှာ ကျောက်ကပ်နဲ့ အသည်းကိုထိခိုက်မယ်။
ရေတိုပေမဲ့ ဆေးအဆများသွားရင် ထိရောက်မှုနည်းတာသာမကဘဲ ဘေးထွက်-ဆိုးကျိုးပါရှိလာမယ်။ ကိုယ်ခန္ဓာကနေ လိုတာကိုသုံးပြီး ကျန်ာ ပိုတာကို (အီစထိုဂျင်) ခေါ်တဲ့ အမျိုးသမီးဟော်မုန်းအဖြစ်ပြောင်းပြစ်လိမ့်မယ်။ ဆေးသုံးနေသူတွေ သွေးစစ်၊ ဆေးစစ်နေရမယ်။ သွေးထဲမှာ ဟော်မုန်းဘယ်လောက်များနေလဲ သိဘို့လိုမယ်။ ဘယ်အစိတ်အပိုင်းတွေက ပုံမှအလုပ်လုပ်မလုပ်ကိုလဲ ဆေးစစ်နေရမယ်။ စတီရွိုက်ဆေးသုံးနေသူတွေဟာ တနေ့မှာ ကယ်လိုရီ ၅ဝဝဝ ကနေ ၇ဝဝဝ အထိရနိုင်အောင် အစာစားဘို့ လိုမယ်။ ပုံမှန်ယောက်ျားတယောက်ဟာ တနေ့မှာ ကယ်လိုရီ ၂၈ဝဝ သာလိုမယ်။ စားဘို့သင့်မှာက (ကာဘွန်ဟိုက်ဒရိတ်) နဲ့ (ပရိုတင်း) များရမယ်။ (အဆီ) နည်းရမယ်။ အဆီကနေသာ ကယ်လိုရီ များများရစေတယ်။ အဲဒီအဟာရ ၃ မျိုးမှာ ၁း ၁း ၄ ကယ်လိုရီရစေတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေသူတွေ စတီရွိုက်သုံးရင် ပြင်းပြင်းထံထံလုပ်ဘို့လိုမယ်။
သုံးကြတာက တက်စတိုစတီရုန် ဟော်မုန်းဖြစ်တယ်။ ကိုယ်ကနေလဲ အလိုလိုထွက်နေတာပါ။ အပိုဆောင်းသုံးလို့ အင်နာဂျီတွေပိုရမယ်။ ကြွက်သားထုထည်ပိုကြီးထွားမယ်။ ပိုပြီးခံနိုင်ရည်ရှိလာမယ်။ အဲလိုလဲ ပုံမှန် ဖြစ်နေတာပေမဲ့ ဆေးကြောင့် ပိုမြန်မယ်။
စတီရွိုက်ဆေးကို အသားထိုးဆေး၊ အရေပြာအောက်ထိုးဆေး၊ အရေပြားအောက်ထည့်ထားရတဲ့ဆေး၊ ကပ်ခွါ၊ ဂျယ်လီနဲ့ စားဆေးအဖြစ် အမျိုးမျိုးလာတယ်။ စတီရွိုက် (၂) မျိုးရှိတယ်။ (၁) Anabolic Sterods (Anabolic androgenic steroids) = Testosterone ဆိုတာက ပရိုတင်းတည်ဆောက်ရေးကို အားပေးတယ်။ (၂) Catabolic Steroids (Corticosteroids) ဆိုတာက ရောင်ရမ်းတာတွေကု သက်သာစေ၊ ကျစေတယ်။ ပြောင်းပြန်သဘောမျိုးဖြစ်တယ်။
နောက်ပြီး ဥပဒေနဲ့အကျုံးဝင်တဲ့ စတီရွိုက်ကို ရင်သားကင်ဆာ၊ သွေးနီဥနည်းခြင်း၊ ကျားအစိအလုပ်မလုပ်ခြင်း၊ လးပျိုဖြစ် နောက်ကျခြင်ရောဂါတွေအတွက်သုံးတယ်။ ဥပဒေနဲ့အကျုံးမဝင်တဲ့ စတီရွိုက်ထဲမှာ nandrolone (Durabolin), stanozolol (Winstrol), luxoymesterone (Halotestin), testosterone, methandrostenolone စတာတွေပါတယ်။
အားကစားသမားတွေသုံးတဲ့ စတီရွိုက်များ (၁) Fluoxymesterone (Stenox and Halotestin) 2.5-40 mg/day ကို တနေ့တာအတွက်ခွဲသောက်ရတယ်။ (၂) Methandrostenolone (Anabol, Dianabol, and Reforvit) (၃) Oxymetholone (Anadrol, Oxymetholone)
စနစ်တကျသုံးချင်တာဟာ ကောင်းတဲ့ကျန်းမာရေးအသိဖြစ်ပါတယ်။ ကျွန်တော်ကတော့ အားမပေးပါ။ ဒိထက် အသေးစိတ်လဲ မရေးလိုပါ။ ဘာမဆို သဘာဝကိုသာ အားပေးပါတယ်။
ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၃
၂ဝ-၈-၂ဝ၁၆

LikeShow more reactions
Comment

No comments:

Post a Comment