Wednesday, August 10, 2016

Ecstasy Drug Tests စိတ်ကြွဆေး ဆေးစစ်ခြင်း
၁။ မင်္ဂလာပါဆရာ။ စာစောစီးစီး ဆရာ့ကို မေးချင်တာလေးရှိလို့ပါ။ ရှမ်းမြောက်ဘက်မှာ ခေတ်အခေါ်ကတော့ WY စိတ်ကြွဆေးအကြောင်း ခဏခဏ ကြားနေရပါတယ်။ တချို့က နိုင်ငံခြား အားကစားသမားတွေသုံးတဲ့ ဆေးနဲ့ တူတူပဲလို့ ပြောကြပါတယ်။ ပြိုင်ပွဲဝင်ခါနီး ဆေးစစ်ခံရတာ ဒါမျိုးဆေးလားဆရာ။ ဘယ်လိုနည်းနဲ့ စစ်ဆေးလဲ။ ဒီနိုင်ငံမှာရော စစ်ဆေးလို့ရလားဆိုတာ သိချင်လို့ပါ။ ဒီဘက်က ဒေသခံ မိတ်ဆွေတစ်ယောက်နဲ့ အငြင်းပွားနေလို့ပါ။ ကျေးဇူးပြုပြီး ဆရာအားလပ်ချိန်မှာ ဖြေပေးပါနော်။ ဆရာနဲ့ တိုက်ရိုက်သက်ဆိုင်တာမျိုး မဟုတ်ပေမယ့် ဆရာက ဗဟုသုတ များတဲ့သူမို့ သိနိုင်မယ်ထင်လို့ပါ။ ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာ ကျန်းမာပါစေ။
၂။ ကျွန်တော်အသိ ရန်ကုန်ကသူငယ်ချင်းတယောက် wy ဆေးကို အရင်လေးလလောက်က သုံးခဲ့ပါတယ်ဗျ။ အဲ့ဒါကို ဆေးစစ်ရင်ပေါ်လာနိုင်လား သိချင်လို့ပါဗျ။ သူ့အသက်က ၂၁ ပါဆရာ။ အလုပ်နဲ့ပတ်သက်တဲ့ ဆေးစစ်တာဝင်ရမှာမို့ပါ။ စစ်ခါနီးဘယ်လို လုပ်သင့်သလည်းဆို ဖြေကြားပေးပါအုန်းဆရာ။ ကျေးဇူးတင်ပါတယ်ဗျ။
၃။ ဆရာခင်ဗျား။ ကျနော်က အပေါင်းအသင်းမှားပြီး မူးရစ်ဆေးဝါးသုံးဖြစ်နေပါတယ်။ WY စာတန်းပါ စိတ်ကြွဆေးကို သုံးပါတယ်။ တစ်ခါတစ်လေ ဗျိုင်းလို့ခေါ်တဲ့အဖြူကိုသုံးပါတယ်။ သူများတိုင်ပြည်မှာ ဒုက္ခမျိုးစုံနဲ့ကြုံတွေရတာတွေ များတော့ စိတ်ဖိစီးမှုတွေများပြီး သတ်သေဖို့အထိတောင် စိတ်ကျဝေဒနာ ရနေတာကြောင့် သူငယ်ချင်းတွေ ပြောလို့၊ ပေးလို့ စမ်းသုံးရာကနေ ဖြတ်မရဖြစ်နေပါတယ်။ ကျနော်မူးယစ်ဆေးဝါးကို ဆက်မသုံးချင်တော့ဘူးဆရာ။ ဒါပေမယ့် ဖြတ်မရဘူး။ နောက်ပြီး ကျနော်နဲ့အတူဆေးချဖူးတဲ့သူငယ်ချင်းတစ်ချို့ ရဲဖမ်းခံလိုက်ကြရတယ်။ ကျနော်သိချင်တာက WY သုံးရင် ဆီးထဲမှာ ဘယ်နှစ်ရက် ပြပါသလဲ။ သွေးထဲမှာဘယ်နှစ်ရက် ပြပါသလဲ။ ရဲတွေက ဆီးစစ်ပြီးဖမ်းလို့ပါ။
ဒါ့အပြင် အခြားမူးယစ်ဆေးတွေကကော ဆီးထဲမှာဘယ်နှစ်ရက် သွေးထဲမှာ ဘယ်နှစ်ရက် ပြပါသလဲ။ ဆေးဖြတ်ချင်ရင် ဘယ်လိုတွေလုပ်ရပါသလဲ။ cb က မရှင်းပြရင်တောင် post လေးရေးပြီး တင်ပေးပါဆရာ။
၎။ ဆရာ မရှင်းတာလေးရှိလို့ပါ စိတ်ကြွဆေးသုံးထားမထားစစ်ရင် ဆရာရေးထားတဲ့ နာရီနဲ့ရက်အတွင်းမှာပဲ ပေါ်တာလား ကျော်သွားရင် မပေါ်တော့ဘူးလား။ ဆေးသုံးတာ အနည်းအများနဲ့ဆိုင်တာလားဆရာ။ သူငယ်ချင်းဆေးစစ်ဖို့လိုနေလို့ပါ။
၅။ ဆရာခင်ဗျား ဆေးခြောက်နဲ့ ယာဘ (WY) ဆေးပြားတွေ သုံးတဲ့သူတွေကို ဆေးစစ်ရင် သုံးစွဲသူမှန်း သိတယ်ဆိုတာ ဘာကိုစစ်ရင်သိတာလဲသိချင်ပါတယ်။ ဓာတ်ပြယ် ပစ္စည်းဆိုတာရောရှိတယ်ဆိုတာ ဟုတ်ပါသလား။ မိတ်ဆွေထဲက တယောက် အဖမ်းခံရလို့ စစ်ရာက ပေါ်တယ်ဆိုလို့ အတွေးဝင်လာရာကနေ မေးဖြစ်တာပါခင်ဗျာ။
စိတ်ကြွဆေးတွေက E, pills, doves, MDMA, MDEA, MDA စတဲ့နာမည်တွေနဲ့ ရှိတယ်။ Methamphetamine (မက်သဖန်တမင်း)၊ Ephedrine (အဖက်ဒရင်း) Cathinone (ကက်သီနုန်း)၊ MDMA (Ecstasy) (အက်ကတက်စီ) DOM ဆိုပြီး ဆင်တူတွေရှိတယ်။ သူများဆီမှာ Uppers, Bennies, Beans, Speed, and Crank ဆိုတဲ့နာမည်တွေ ရှိတယ်။ ဆေးလုံး၊ ဆေးမှုံ့ ဆေးခဲဆိုပြီးအမျိုးမျိုးလာတယ်။ သောက်ဆေး၊ ထိုးဆေး၊ ရှူဆေး နဲ့ ဆေးလိပ်သောက်နည်းတွေနဲ့ သုံးကြတယ်။ တခါသုံးရင် ၄-၆-၁၂-၂၄ နာရီခံတယ်။ WY, SKY စတဲ့တံဆိပ်အမျိုးမျိုးရှိတယ်။ Actifed, Aleve D, Allegra D, Allerclear-D, Benadryl Plus, Cirrus, Claritin-D, Codral, Congestal, Contac, Eltor, Mucinex D, Nurofen Cold & Flu, Rhinex Flash, Rhinos SR, Sinufed, Sudafed Decongestant, Theraflu, Unifed, Zyrtec-D 12 နာမည်တွေနဲ့ဆေးတွေမှာအဲတာပါတယ်။
စိတ်ကြွဆေးဆိုတာတွေဟာ ဗဟိုအာရုံကြောစနစ်အပေါ် သက်ရောက်စေတဲ့ဆေးတွေ ဖြစ်တယ်။ လူ့ကိုယ်အလိုလို ထုတ်ပေးနေတဲ့ Adrenaline နဲ့ Noradrenaline တွေနဲ့တူတယ်။ (ရှော့ခ်) ရတာ၊ ပန်းနာအတွက် အလွန်အသုံးဝင်တဲ့ အသက်ကယ်ဆေးတွေ ဖြစ်တယ်။ ရင်ကျပ်လို့ပေးတဲ့ ချောင်းဆိုးပျောက်ဆေးထဲမှာ ထည့်ထားတတ်တယ်။
ပီတိစိတ်တွေသာ ထင်မြင်နေစေတဲ့ အစွမ်းကြောင့် ပေါ်ပြူလာဖြစ်လာတယ်။ ဆေးသုံးထားသူဟာ စိတ်တက်ကြွနေမယ်၊ တခုခုကို အာရုံစိုက်နေပြီး၊ သူများတွေကို ဂရုမထားတော့ဘူး။ မအိပ်ဘဲ အကြာကြီး နေနိုင်တယ်။ မမောလွယ်ဘူး၊ အားကစားလုပ်ရင် ပိုလုပ်နိုင်တယ်။ ခံနိုင်ရည်ပိုတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်များစေမယ်ဆိုတဲ့ အစွမ်းတွေ ရစေတယ်။
ဆေးအစွမ်းရှိနေမှာကတော့ -
• MDMA: ၄-၆ နာရီ၊
• MDEA: ၃-၅ နာရီ၊
• MDA: ၈-၁ဝ နာရီ၊
• MBDB: ၄-၆ နာရီကြာမယ်။
Detection periods ဆေးသုံးထား-မထား စမ်းသပ်ကာလက အကြမ်းအားဖြင့် ၂-၄ ရက်ဖြစ်တယ်။ ဆေးဘယ်လောက် စစ်သလဲ၊ သုံးထားတာ ဘယ်လောက်များသလဲ၊ ဆေးအမျိုးအစား၊ ဆေးသမားကိုယ်အလေးချိန်၊ သူ့ရဲ့ ကျန်းမာရေး အခြေအနေတွေအပေါ် မူတည်တယ်။
ဆေးဝါးအမည် ဆေးသုံးပြီးစမ်းလို့ရတဲ့ချိန် ဘယ်လောက်ကြာ အပေါင်းပြနေမလည်း
Marijuana/Pot 1-3 hours 1-7 days
Crack (Cocaine) 2-6 hours 2-3 days
Heroin (Opiates) 2-6 hours 1-3 days
Speed/Uppers (Amphetamine, methamphetamine) 4-6 hours 2-3 days
Angel Dust/PCP 4-6 hours 7-14 days
Ecstacy 2 to 7 hours 2 - 4 days
Benzodiazepine 2 -7 hours 1 - 4 days
Barbiturates 2 - 4 hours 1 - 3 weeks
Methadone 3 - 8 hours 1 - 3 days
Tricyclic Antidepressants 8 - 12 hours 2 - 7 days
Oxycodone 1 - 3 hours 1 - 2 days
Ecstasy Drug စိတ်ကြွဆေးတွေကို သုံးထားမထား စစ်နိုင်တယ်။
• Blood Test သွေး = ၂၄ နာရီ၊
• Salia Test တံတွေး = ၁-၅ ရက်၊
• Urine Test ဆီး = ၂-၅ ရက်။
ဖမ်းမိလို့ ရဲမသိစေချင်တာနဲ့ ရေသောက်တာ မထူးပါ။ ရေဟာ စိတ်ကြွဆေးရဲ့ Antidote ဖြေဆေးမဟုတ်ပါ။ ၁၉၉၅ ခုနှစ်တုံး Leah Betts (လား ဘက်တ်စ်) ဆိုသူ ရေတွေသောက်ပြီး သေဆုံးသွားတယ်။ ဆေးစစ်နည်းတွေကို သုံးနိုင်တဲ့ နိုင်ငံတွေမတူပါ။ မြန်မာပြည်မှာ ဘယ်နည်းသုံးနိုင်လဲ မသိပါ။
1. Amphetamines (1) ယာဘ-ရာဘ-ရာမ-ယာမ http://doctortintswe.blogspot.com/2014/…/amphetamines-1.html
2. Amphetamines (2) ရာမ ဇာတ်လမ်းတခု http://doctortintswe.blogspot.com/…/drugs-used-in-military.…
3. Amphetamines စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/amphetamines.html
4. Drugs and politics ဆေးတန်ခိုးနဲ့ ဟီးရိုးဖြစ်နိုင်တယ် http://doctortintswe.blogspot.com/…/02/drugs-and-politics.h…
5. Drugs used in the military စစ်သုံးဆေးများ http://doctortintswe.blogspot.com/2014/…/amphetamines-2.html
6. Ecstasy Drug Tests စိတ်ကြွဆေး ဆေးစစ်ခြင်း http://doctortintswe.blogspot.com/…/10/ecstasy-drug-tests.h…
7. High မူးယစ်ဆေးများ http://doctortintswe.blogspot.com/2015/07/high.html
8. Military and Crystal Meth စစ်တပ်နဲ့ စိတ်ကြွဆေး http://doctortintswe.blogspot.com/…/military-and-crystal-me…
9. Molly လူငယ်တွေ သုံးနေကြတဲ့ စိတ်ကြွဆေး မော်လီဆေးပြား ပိုဆိုးဝါး http://doctortintswe.blogspot.com/2015/02/molly.html
10. Pseudoephedrine (ယာဘ) ကို ဒါကနေလုပ်တယ် http://doctortintswe.blogspot.com/20…/…/pseudoephedrine.html
11. Yaba ယာဘ http://doctortintswe.blogspot.com/2015/02/yaba.html
ဒေါက်တာတင့်ဆွေ
LikeShow more reactions
Comment

No comments:

Post a Comment