Monday, August 1, 2016

ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အပင်လေးများ
------
ကမ္ဘာ နှင့်တစ်ဝန်းမှာ မှီတင်းနေထိုင်ကြကုန်
သော သက်ရှိလူသားများဟာ ကင် ဆာရောဂါဆိုးကြီးများရဲ့ ခြိမ်းခြောက်မှုကိုခံနေကြရပါတယ်။ ယနေ့ ဆေးသိပ္ပံနည်းပညာတွေ မည်မျှလောက်ပင်အစွမ်း ထက်မြက်နေပါစေ လူ့အသက်ကိုခိုးယူလေ့ရှိတဲ့ အဲဒီကင် ဆာရောဂါဆိုးတွေကိုတော့ အမြစ်ပြတ်ချေမှုန်းပေးနိုင်ခြင်း မရှိသေးပါဘူး။ ကင်ဆာရောဂါအများစုကို ခွဲစိတ်ခြင်း(သို့) ခီမိုဆေးသွင်းခြင်းနည်းတို့ဖြင့် ကုသပေးလေ့ရှိရာ ¤င်းခီမို ဆေးများဟာ ကျန်းမာတဲ့ဆဲလ်များကို ဖျက်ဆီးပစ်ရုံသာ မက ခန္ဓာကိုယ် ကြီးတစ်ခုလုံးရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုပါ ဘေးထွက်ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ သို့သော် စိတ်ဓာတ်ကျမသွားပါနှင့်။ အောက်ဖော်ပြပါ အပင်လေး မျိုးတို့က ကင်ဆာဆဲလ်တွေကို ထိထိရောက်ရောက်တိုက် ဖျက်ပေးနိုင်ပါတယ်။
(၁) ဆေးခြောက်
Cannabis (ခေါ်)ဆေးခြောက်ကို တစ်ကမ္ဘာလုံးက ဥပဒေနဲ့ဆန့်ကျင်သော တရားမဝင်ပစ္စည်းလို့သတ်မှတ်ထား ကြပါတယ်။ သို့သော်လည်း အကောင်းနဲ့အဆိုး ဒွန်တွဲလေ့ ရှိတဲ့ လောကနိယာမအတိုင်း ထိုဆေးခြောက်က ခန္ဓာကိုယ် ထဲရှိ ကောင်းတဲ့ဆဲလ်တွေကို လုံးဝဖျက်ဆီးခြင်းမပြုဘဲ မကောင်းတဲ့ကင်ဆာဆဲလ်များကိုသာ ရွေး၍သတ်ပေးပါ တယ်။ နိုင်ငံတကာဆေးသိပ္ပံပညာရှင်များ၏ ထပ်ခါထပ်ခါ စမ်းသပ်မှုများ၏ ရလဒ်အဖြစ် ဆေးခြောက်တွေဟာ ရင် သားကင်ဆာအပါအဝင် ကင်ဆာရောဂါတော်တော်များ များအတွက် လွန်စွာဆေးဖက်ဝင်ကြောင်းကို အတည်ပြုနိုင် ခဲ့ပါတယ်။ ထိုသတင်းကို Healthy Food Star (Good Food, Good Life) (ခေါ်) အင်တာနက်ဆေးပညာသတင်း လွှာမှာ ၂ဝ၁၅ ခုနှစ် ဧပြီလလယ်မှာ ရေးသားဖော်ပြထား ပါတယ်။
(၂) နနွင်း
ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ နနွင်းပင်ဟာ ခန္ဓာကိုယ်ထဲရှိကင်ဆာပြန့်ပွားမှုကို ထိရောက်စွာကာကွယ် ပေးနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာဝေဒနာသည် အမျိုးသား ခြောက်ဦးကို လေ့လာဆန်းစစ်ပြီးနောက်မှာ ထိုခြောက်ဦး စလုံး၏ ဆီးကျိတ်ကင်ဆာပြန့်ပွားမှုကို နနွင်းက စွမ်းအား ပြည့်ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ အကြောင်း ရင်းကတော့ အပင်ထဲရှိ Curcumin (ခေါ်)အဝါရောင် ခြယ်ဆေးဖက်ဝင်အစွမ်းသတ္တိကြောင့်ပါပဲတဲ့။ ¤င်းCur-cumin ဓာတ်မှာ ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုးဆန့်ကျင် ပစ္စည်းများကို ပိုင်ဆိုင်ထားတဲ့အပြင် ရောင်ရမ်းမှုကိုသက် သာစေခြင်း၊ မှို၊ ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယားပိုးတွေကို သေစေခြင်း၊ ကင်ဆာရောဂါတွေကိုကာကွယ်ပေးခြင်း၊ အန္တ ရာယ်ပေးနိုင်တဲ့ရောဂါများအတွက် သက်စောင့်ဆေးအ ဖြစ် တာဝန်ယူခြင်းစသဖြင့် ဆေးစွမ်းသတ္တိတွေ ပြည့်ဝနေ ပါတယ်။
(၃) လက်ဖက်စိမ်းပင်
လက်ဖက်စိမ်းရွက်ထဲမှာပါရှိတဲ့ သဘာဝPolyphenols E အစွမ်းက ကင်ဆာအကျိတ်ဆဲလ်တွေ ကြီးထွား ခြင်းနဲ့ တစ်နေရာမှတခြားတစ်နေရာသို့ ပြောင်းရွှေ့ခြင်း ကို ဟန့်တားပေးနိုင်ပါတယ်။ စေတနာ့လူနာအမျိုးသမီး ၄ဝကို အုပ်စုနှစ်စုခွဲ၍စမ်းသပ်ခဲ့ပါတယ်။ ထိုစမ်းသပ်မှု တွင် အမျိုးသမီး ၂ဝကို တစ်နေ့လျှင် လက်ဖက်စိမ်းရွက် မီလီဂရမ် ၄ဝဝကို ရေနွေးကြမ်းစိမ်၍သောက်စေခဲ့ပြီး ကျန် အမျိုးသမီး ၂ဝကိုတော့ placebo ဆေးကို တစ်နေ့နှစ်လုံး တိုက်ကျွေးခဲ့တာပါ။ ရက်ပေါင်း ၆ဝအကြာမှာ သွေးနဲ့ဆီး နမူနာများကိုယူ၍စစ်ဆေးခဲ့ရာ လက်ဖက်စိမ်း ရေနွေးကြမ်း သောက်သူများဟာhepatocytes (ခေါ်)ရင်သားကင်ဆာ
ကြီးထွားမှုကိုဖြစ်စေတဲ့ ဟိုမုန်းတွေ လျော့ကျသွားတာကို တွေ့ရှိခဲ့ပြီးplacebo ဆေးသောက်သူများမှာတော့ ထူး ခြားတဲ့အာနိသင် မပြပါဘူးတဲ့။
(၄) စပျစ်သီး
စပျစ်သီးထဲမှာ လူသားတို့ကျန်းမာရေးအတွက် အ လွန်အရေးပါသော ဆေးစွမ်းသတ္တိတွေပြည့်နှက်နေပါတယ်။ စပျစ်သီးထဲရှိ ဓာတုဓာတ်ပေါင်းစုက ခရမ်းလွန်ရောင်ခြည် သင့်သော အရေပြားဆဲလ်များနှင့် မော်လီကျုးတို့ကို ဆုံးရှုံး
ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ ¤င်းအသီးထဲတွင်ပါ ရှိသောflavonoid ပစ္စည်းက အရေပြားကင်ဆာဝေဒနာ သည်များကို လွန်စွာကောင်းကျိုးပြုပါတယ် ။
ပေါက်ပေါက် &
အမျိုးသမီးနှင့်ကျန်းမာရေး
LikeShow more reactions
Comment

No comments:

Post a Comment