Tuesday, March 28, 2017

နွေရာသီ ရောက်လျှင် အသည်းသမားများ သတိထားပါ

=====================================
အပူရှိန် တောက်လျှောက်တတ်လာပါက အသည်းသမားများ
အသည်းခြောက်သူများ အရက်သမားများ မြန်မြန် အကြွေစော တတ်ပါတယ်
အသည်းက အပူဒဏ်မခံနိုင်ပါဘူး ရေပူစမ်း တို့ sona တို့ spa တို့သွားဖို့မသင့်ပါဘူး
ရေပူစိမ်တာ အပူခန်းထိုင်တာတွေ က ရှော့စ် ဖြစ်တတ်ပါတယ်
Spa ချွေးထုတ်ခန်းတွေသည် သွေးတိုးနှလုံး ဆီးချို စတဲ့ နာတာရှည်သမားတွေ အတွက် အကျိုးရှိပေမဲ့ အသည်းသမားတွေကတော့ ရှောင်ကြဉ်သင့်ပါတယ်
အာ့မို့ နွေရာသီမှာ အပူရှောင်ပြီး ပြင်ဦးလွင် ရွာငံဒေသ စတဲ့ အအေးပိုင်း စတဲ့ ဒေသတွေကို တတ်နိုင်တဲ့သူများ ခဏပြောင်းနေသင့်ပါတယ်
ဗုဒ္ဓဘုရားဟောကြားခဲ့တဲ့အတိုင်းပါပဲ ရောဂါ ဆိုတာ ကံ စိတ် ဥတု အာဟာရ မျှတမှပါ
အာ့မှာ ဥတုက နွေဆို အသည်းကြွေတတ်တယ် ဆောင်းဆို နှလုံးကြွေတတ်တယ်ပေါ့ဗျာ
အသည်းစီပိုးသမားတွေကို ကျနော်တို့ အရင် ၄နှစ်လောက်က ဆေးထိုးကုရတုန်းကဆိုရင် နွေကို ရှောင်ပြီး မိုးတွင်း ဆောင်းတွင်းပိုင်းလောက်မှ စထိုးခိုင်းခဲ့တယ် ဆေးဒဏ်က ပူရင်မခံနိုင်ဘူးလေ
အာ့မို့ ခုလို နွေရာသီမှာ အသည်းသမားများ အထူးသတိထားကြပါ
ကျန်းမာကြပါစေ
Dr.Zar Ni Zin
29-3-2017

No comments:

Post a Comment