Thursday, March 9, 2017

ဓမ္မရေချမ်းစင် လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်
=====================နှင့်
အရှင်ဇဝန [မေတ္တာရှင် ( ရွှေပြည်သာ )] စာအုပ်များ
#စုစည်းမှု
လူဖြစ်ရခြင်း၏အဓိကရည်ရွယ်ချက်
သည် ဝမ်းစာရှာဖို့မဟုတ်၊အိပ်ဖို့မဟုတ်
ကာမဂုဏ်ခံစားဖို့မဟုတ်၊လူဖြစ်ရခြင်း၏အဓိကရည်ရွယ်ချက်သည်၊ဒါနကုသိုလ်၊သီလကုသိုလ်၊ သမထကုသိုလ်
ဝိပဿနာကုသိုလ် မဂ်ကုသိုလ်
ဖိုလ်ကုသိုလ်ခြောက်မျိုးလုံးကိုအရယူ
ရန်အတွက် ဖြစ်၏စီးပွားရေးဥစ္စာရှာ
ခြင်းသည်ပင် ထိုကုသိုလ်ခြောက်မျိုး
ပြုလုပ်ရန်အတွက်ဖြစ်၏။
လူဖြစ်သော်လည်း လူနှင့်မတူဘဲ
တိရစ္ဆာန် နှင့် တူသောလူသားများရှိ၏
ဝမ်းစာရှာခြင်း၊အိပ်ခြင်၊စာခြင်းကာမ
ဂုဏ်ခံစားခြင်း ဤလေချက်သည် လူမှာ
လည်းရှိ၏ တိရစ္ဆာန်မှာလည်းရှိ၏။
ဤလေးချက်ပြည့်စုံရုံမျှနှင့်တော့လူဟူ
၍မခေါ်ရ တိရစ္ဆာန် ဟုသာခေါ်. ရ
ကြောင်း ဝိမာနဝတ္ထု အဋ္ဌကထာတွင်
ဖွင့်ပြချက်ရှိ၏။
ဗုဒ္ဓဘာသာဝင် အများစုသည် အသက်သာ ငါးဆယ်ကျော်၍ ခြောက်ဆယ်နား ကပ်လာ
သည့်တိုင် မိမိ လူလာဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိသူအလွန်နည်း၏။ သိရန်လည်း
လေ့လာသုံးသပ်ကြပုံမရှိကြ။ မေးခဲ့လျှင်လည်း ရုတ်တရက် ဘာဖြေရမှန်း မသိအောင် နှုတ်ဆွံ့
သွားကြတတ်ပါသည်။
ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေနဲ့ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဒါနကု
သိုလ်၊ သီလကုသိုလ်၊ သမထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ ဖိုလ်ကု
သိုလ် ခြောက်မျိုးလုံးကို အရယူရန်အတွက် ဖြစ်ပါသည်။ စီးပွားဥစ္စာ ရှာဖွေခြင်းသည်ပင် ထို ကု
သိုလ်ခြောက်မျိုး ပြုလုပ်ရန်အတွက် ဖြစ်ပါသည်။ သုံဆယ့်တစ်ဘုံတွင် အပါယ်လေးဘုံသည် ဆင်း
ရဲဒုက္ခတွေ များလွန်းအားကြီး၍ မည်သည့်ကုသိုလ်မျှ ပြုလုပ်၍မရပါ။ နတ်ဘုံခြောက်ထပ်နှင့်
ဗြဟ္မာ့ဘုံ နှစ်ဆယ်သည်ကား ချမ်းသာသုက္ခတွေ များလွန်းအားကြီး၍ ကုသိုလ်တရား များကိုပင်
တင်းပြည့်ကျပ်ပြည့် ပြုလုပ်၍ မရပြန် ဖြစ်ပါသည်။
ဥပမာအားဖြင့် နတ်ပြည်၊ ဗြဟ္မာပြည်၌ အလှူခံ မရှိ၍ ဒါနကုသိုလ် မည်သို့သောနည်းနှင့်
မျှ မရနိုင်ပါ။ ထို့ကြောင့် ဤသုံးဆယ့်တစ်ဘုံတွင် ဤလူ့ဘုံ တစ်ဘုံတည်းသာလျှင် ကုသိုလ်အား
လုံးကို ဆည်းပူးအားထုတ်၍ ရပါသည်။ ဤအချက်များကြောင့် လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်
ချက်သည် ကုသိုလ်ပြုဖို့အတွက်ဟု ဆိုခဲ့ရခြင်းဖြစ်ပါသည်။
ထို့ကြောင့် ပစ္စည်းဥစ္စာကို များများရအောင် ရှာသလို များများလည်း လှူဒါန်းရပါမည်။
အလှူဒါနပေးသူနှင့် ယူသူတွင် ပစ္စက္ခမျက်စိဖြင့် ကြည့်ပါက ယူသူကသာရပါသည်။ သံသရာမျက်
စေ့ဖြင့်ကြည့်ပါက ပေးသူကသာ ရပါသည်။ ဤကဲ့သို့ သံသရာ တစ်လျှောက်ထိ ထိုးထွင်း၍ သိ
သောပညာကို တကယ့်ဉာဏ်ပညာဟု ခေါ်ပါသည်။
ထို့ကြောင့် ပညာမဲ့လူမိုက်များသည် ရလာသော လူ့ဘ၀ခန္ဓာကို အဆင်း၊ အသံ၊ အနံ၊ အ
ရသာ၊ အတွေ့အထိဟူသော ကာမဂုဏ် ခံစားဖို့အတွက် အသုံးချတတ်၍ အပါယ်လေးဘုံသို့ သွား
ကြပါတယ်။ ပညာရှိ လူလိမ္မာများသည် ရလာသော လူ့ဘ၀ခန္ဓာကို ကုသိုလ်ရဖို့အတွက် အသုံးချ
၍ ဒုက္ခဆင်းရဲငြိမ်းရာ နိဗ္ဗာန်ချမ်းသာကို ခံစားရရှိကြပါတယ်။
ဓမ္မမိတ်ဆွေတို့ကလည်း တရားသဘောကို နားလည်သဘောပေါက်ကြပြီး မိမိတို့လူ့ဘဝ
ရခိုက်မှာ ကောင်းတဲ့ကုသိုလ်အမှုများကိုသာ ပြုလုပ်ခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ဖြောင့်ဖြောင့်
တန်းတန်း သွားနိုင်ကြပါစေ ကုန်သတည်း။ ။
___________________________________________________
" သင် လူတစ်ယောက် ဖြစ်ပြီလား ? "
လူအဖြစ် ရခဲပုံနှင့် ပတ်သက်ပြီး ဘာသာခြား တစ်ယောက်က မေးမြန်းလာသည်ကို ဦးချစ်ဝင်းက လူလေးမျိုးနှင့် နှိုင်းယှဉ်ပြီး ဖြေကြားသွား၏။
ဘာသာခြား. . .ဦးလေးတို့ဘုရားက လူအဖြစ်ကို ရခဲတယ် , ရခဲတယ်နဲ့ ဟောကြားထားတာ လက်မခံနိုင်ပါဘူး။ ကမ္ဘာမှာ တစ်စက္ကန့်ကို လူငါးယောက်နှုန်းနဲ့ မွေးနေတယ်ဆိုပဲ။ ဒီအဆိုအရ လူဖြစ်ခဲတယ် ဆိုတာ မဟုတ်နိုင်ဘူး။ တရုတ်ပြည်မှာ ဆိုရင် အိမ်ထောင်စု တစ်စုကို တစ်ယောက် သို့ နှစ်ယောက်ပဲ မွေးခွင့်ရတယ်တဲ့။ ကဲ ဦးလေး ဘယ်လို ဖြေမှာလဲ .?
ဦးချစ်ဝင်း . . . ဒါကတော့ မင်းရဲ့ ခြင်ကောင် ဦနှောက်နဲ့ တွေးရင်တော့ ဟုတ်နေသလိုပဲပေါ့။ မွေးလာတဲ့သူ ရှိသလို သေသွားတဲ့သူလည်း ရှိမယ် ဆိုတာ ထည့်တွက်ရမယ်လေ။ တစ်စက္ကန့်မှာ ငါးယောက် မွေးပေမယ့် တစ်စက္ကန့်မှာ ငါးယောက်သေနေမယ်ဆိုရင် ဘယ်လို တွေးမလဲ ?
လူအဖြစ်ရခဲပုံကို မွေးသေနဲ့ နှိုင်းယှဉ်ယုံနဲ့တင် မသိရသေးဘူး။ တိရိစ္ဆာန် အရေအတွက်နဲ့ လူ အရေအတွက် နှိုင်းယှဉ်ကြည့်မှ ပိုသိရတယ်။
ဥပမာ ခြတောင်ဘို့တစ်ခုဆိုရင် ခြကောင်ရေ မရေမတွက်နိုင်အောင် များတယ်။ ခြင် , ယင် , ပုရွက်ဆိတ် , ဒီအကောင်လေးတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက် , လူတွေ ဘယ်လောက် နည်းသွားတယ် ဆိုတာ ပေါ်လွင်နေပြီ။
ဘာသာခြား . . . ဒီလို ယှဉ်တွေးကြည့်တော့ ဟုတ်သားပဲ။
ဦးချစ်ဝင်း . . တို့ဘုရားက လူအဖြစ် ရခဲပုံကို . .
လူနဲ့ တိရိစ္ဆာန် ယှဉ်ကြည့်ပြီး မွေးသေ အဝင်အထွက်ကို သင်္ချာနည်းနဲ့ တွက်ချက်ပြီး မဆုံးဖြတ်ဘူး။
မွေးလာတဲ့ လူတိုင်းကိုလည်း လူလို့ မသတ်မှတ်ပါဘူး။
ဘာသာခြား . . . ဒါဆို ဘယ်လိုလူကို လူလို့ သတ်မှတ်ရမှာလဲ ?
ဦးချစ်ဝင်း . . တို့ဘုရားက လူကို အမျိုးအစား လေးမျိုးနဲ့ ခွဲခြားပြီး သတ်မှတ်တယ်။ အဲဒီလေးမျိုးက . .
၁။လူငရဲသား
၂။ဘူတိရစ္ဆာန်
၃။လူဗြိတ္တာ
၎။လူပရမတ္တ. . . . . . . ဆိုပြီး ခွဲခြားသတ်မှတ် ထားတယ်။
၁။လူ့ငရဲသား . . . .
-ကုသိုလ် , အကုသိုလ် ရယ်လို့ မခွဲခြားတတ်။
-ဒါန , သီလ လည်း မရှိ။
-ဘာဝနာ ဆိုတာ ဝေလာဝေး။
-မွေးလာကတည်းက ဒုက္ခနဲ့စ , ဒုက္ခနဲ့ ဆုံးပြီး လူ့လောက ကနေ ထွက်ခွာသွားရသူများကို လူ့ငရဲသား တဲ့။
၂။လူ့တိရစ္ဆာန် . . .
-တိရစ္ဆာန် ဆိုတာ စားဖို့ ရှာမယ်။ စားမယ်။ အိပ်မယ်။ ကာမဂုဏ် ခံစားမယ်။ ဒါပဲ သိတယ်။
လူဟာလည်း စားဖို့ , အိပ်ဖို့ , ကာမဂုဏ် ခံစားဖို့ , ဒီသုံးမျိုးပဲ သိပြီး
ဘုရား, တရား , သံဃာ ဆိုတဲ့ ရတနာသုံးပါးကို မသိ။ ဘာသာရေးလည်း နားမလည်။ နားလည်ဖို့ လဲ မကြိုးစား။ မလေ့လာ , ဘာသာရေးသုတ မရှိတော့ ဒါနမသိ , သီလမရှိ , ကုသိုလ် အကုသိုလ် မခွဲခြားတတ်. . ပဲ လူ့ဘဝမှာ နေရင်း သေသွားသူများကို လူ့တိရစ္ဆာန်လို့ ဘုရားက သတ်မှတ်တော်မူတယ်။
၃။လူ့ဗြိတ္တာ . . . လူ့ဘဝတော့ ရလာပါရဲ့။ ရောဂါ ထူပြောတဲ့အတွက် သူများနဲ့ တန်းတူ မဟုတ်ဘဲ ခက်ခဲပင်ပမ်းစွာ ရုန်းကန်ပြီး စားဖို့ , ဝတ်ဖို့ အလျင်မီအောင် မနည်းကြိုးစားရတဲ့ ဒုက္ခတွေကြောင့် ရတနာသုံးပါးကို သတိမရနိုင်။ ဒါနမှု , သီလမှုတွေ မဆောက်တည်နိုင် , မပြုလုပ်နိုင်ဘဲ လူ့ဘဝကို စွန့်ခွာသွားရသူတွေကို လူ့ဗြိတ္တာ တဲ့။
၎။လူပရမတ္တဆိုတာကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် မဟုတ်ဘဲ
ရတနာသုံးပါးကို ယုံကြည်မှုသဒ္ဓါနဲ့ ကိုးကွယ်တယ်။
ဒါနပြုရာမှာ ပါရမီထိုက်အောင် ပညာနဲ့ လှူတယ်။
သီလကိုလည်း မကျိုးပေါက်အောင် အသက်နဲ့ လဲပြီး စောင့်ထိန်းတယ်။
ဝိပဿနာတရားကိုလည်း နာကြား အားထုတ်ပြီး
-ကုသိုလ် , အကုသိုလ် ခွဲခြားနိုင်တဲ့သူကို ဆိုလိုတာ ဖြစ်ပြီး ဒီလိုဘဝမျိုး ပိုင်ဆိုင်သူကိုမှ လူလို့ တို့ဘုရားရှင်က သတ်မှတ်တယ်။
ဒီစံနှုန်းနဲ့ တိုင်းတာမယ်ဆိုရင် တစ်စက္ကန့်မှာ လူငါးယောက် မွေးတာ မပြောနဲ့ , လူတစ်ရာ , တစ်ထောင် မွေးတဲ့အထဲမှာ လူတစ်ယောက် ဖြစ်ဖို့ လွယ်မလား ?
တို့ဘုရားဟောအရ ပြောရရင် မင်းတောင် လူထဲ မပါဘူး။ ဦးလေး ရှင်းပြတဲ့ လူလေးမျိုးအကြောင်း အဆုံးမှာ ဘာသာခြားပုဂ္ဂိုလ် ခေါင်းငိုက်စိုက်ချပြီး ပြန်သွားတော့တယ်။
* * * * * * * * * * * * * * *
"လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သော အင်္ဂါ"
လောကီလူသားများက လူတစ်ယောက်အဖြစ်
သတ်မှတ်သော အင်္ဂါနှင့် ,
ဘုရားအစရှိသော သူတော်ကောင်းများ၏
လူတစ်ယောက်အဖြစ် သတ်မှတ်သော အင်္ဂါသည်
မိုးနှင့်မြေလို ကွာခြား လွန်းလှပါသည်။
-လောကီလူသားများက . . .
-အမျိုးမြတ်ခြင်း ။
-ခေတ်ပညာတတ်ခြင်း ။
-ရာထူး ကြီးမြင့်ခြင်း ။
-ဥစ္စာစည်းစိမ် ပေါများခြင်း . . . ဟူသော အင်္ဂါများ နှင့် ပြည့်စုံလျှင် အထက်တန်းစား လူတစ်ယောက် အဖြစ် သတ်မှတ်ကြသည်။
ဘုရားရှင်၏ လူတစ်ယောက်အဖြစ် သတ်မှတ်သော အင်္ဂါ သုံးချက်ရှိသည်။ ထိုအင်္ဂါသုံးချက်တွင် အထက်ဖော်ပြပြီး အင်္ဂါများ တစ်ချက်မှ ပါမလာ။
အင်္ဂတ္ထိုရ်ပါဠိတော် , တိကနိပါတ်တွင် ဇမ္ဗူဒိပ်ကျွန်းနေ လူသားများက . . နတ်ထက်သာလွန်သော , လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သော အင်္ဂါသုံးချက်ကို ယခုလို ဟောကြားထားပါ၏
သတ္တိ . . . ကုသိုလ်တရားများကို ရဲဝံ့စွာ လုပ်ရဲခြင်း။
သတိ. . .ကုသိုလ်တရားများအပေါ် သတိရခြင်း။
ဗြဟ္မစရိယ . . . မြတ်သောအကျင့်ကို ကျင့်သုံးနိုင်ခြင်း။
ဤသည်မှာ ဗုဒ္ဓ၏ လူတစ်ယောက်အဖြစ် သတ်မှတ်သော အင်္ဂါများပင် ဖြစ်သည်။
အသက် နှင့် အချိန်
စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ် စသည့်
အချိန်တိုလေးများကို
ပေါင်းစည်းထားခြင်းသည်ပင်
အသက်မည်၏။
ထို့ကြောင့် အသက်ကို တန်ဖိုးထားသူသည်
အချိန်ကို တန်ဖိုးထားရမည်။
ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးမျိုးအနက်
တစ်မျိုးမျိုးကိုမှ မရဘဲ
အချိန်ဖြုန်းတီးသူများသည်
မိမိအသက်ကို
ဖြုန်းတီးသူများပင် ဖြစ်၏။
သာယာဝတီမှ မောင်ရဲမြင့်သည် အခြားဘာသာဝင် ဖြစ်သည်။ စာရေးသူနှင့် ဘာသာတရားအကြောင်းကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးအပြီးတွင် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သွားခဲ့သည်။ သူနှင့် ဆွေးနွေးပုံအကျယ်ကို “အရှုံးမရှိသောဒဿန” စာအုပ်တွင် ဖတ်ရှုနိုင်သည်။ မောင်ရဲမြင့်သည် စာဖတ်သည်။ ထို့ကြောင့် အတွေးအခေါ် ကောင်းသည်။ သူ့အတွေးအခေါ်လေး တစ်ခုကို ဖတ်ရှုခံစားကြည့်ပါ။
“လူတစ်ယောက်မှာ တီဘီရောဂါ ဖြစ်နေသည်။ ခြောက်လလောက် စွဲသောက်လျှင် ကင်းရှင်းစွာ ပျောက်မည့် ဆေးလည်း သူ့အနားတွင် ရှိနေသည်။ သို့သော် သူကား ထိုဆေးကို မသောက်။ အကြောင်းကား ထိုဆေးသည် သူ့နိုင်ငံမှ ထုတ်လုပ်သော ဆေးမဟုတ်သောကြောင့် ဟူ၏။ ထိုသို့ မသောက်လျှင် ထိုသူသည် တီဘီရောဂါဖြင့် သေဖို့သာရှိ၏။”
“ထို့အတူ လောဘ၊ ဒေါသ စသော ကိလေသာရောဂါကို ပျောက်စေမည့် တစ်ခုတည်းသော ဆေးသည် ဗုဒ္ဓ၏ ဝိပဿနာတရားပင် ဖြစ်၏။ ထိုဝိပဿနာဆေးကို မိမိဘာသာက နည်းလမ်း မဟုတ်သောကြောင့် မသောက်သုံးနိုင်၊ မကျင့်သုံးနိုင်ဟု ဆိုလျှင် ပူလောင်သော၊ အပါယ်သို့ ဆွဲချသော ကိလေသာရောဂါများ မပျောက်ကင်းရုံသာ ရှိ၏။”
မောင်ရဲမြင့်သည် ဗုဒ္ဓဘာသာဝင် ဖြစ်လာပြီးနောက် ရဟန်းပြုလိုက်သောအခါ “ဦးဝိသုဒ္ဓိ” ဖြစ်သွား၏။ ရွှေပြည်သာမြို့၊ မန္တလေးကျောင်းမှာ ငါးဝါခန့် သီတင်းသုံးပြီးနောက် ကော့သောင်းမြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။ ကော့သောင်းမြို့၊ ခုနစ်မိုင်ရွာရှိ တောင်ကြီးတစ်တောင်ပေါ်တွင် တစ်ပါးတည်း ဧကစာရီ သီတင်းသုံးပြီး ပခုက္ကူဝိပဿနာ သင်တန်းခွေ တရားများကို နာယူလျက် တရားကျင့်နေသည်။
ဦးဝိသုဒ္ဓိသည် သူ့ထံသို့ ရောက်လာသမျှ ဒကာ၊ ဒကာမ များအား အတွေးအမြင်ပါသည့် တရားတိုလေးများကို ဟောပေးလေ့ရှိသည်။ သူ့တရားအများစုသည် အမေးပါသော်လည်း အဖြေမပါပေ။ အလွန် စိတ်ဝင်စားစရာ ကောင်းသဖြင့် နမူနာတစ်ခု ဖော်ပြပါအံ့။ တစ်ခါတွင် ကော့သောင်းမြို့၊ သူဌေးကျွန်းဟိုတယ်မှ ဦးဘုန်းမြင့်တစ်ယောက် ဦးဝိသုဒ္ဓိ၏ တောကျောင်းလေးသို့ ရောက်လာသည်။ ဦးဝိသုဒ္ဓိက စတင် မေးမြန်းသည်။
“ဒကာကြီး … နာမည် ဘယ်လိုခေါ်သလဲ”
“ဦးဘုန်းမြင့်လို့ ခေါ်ပါတယ် ဘုရား”
“ဒကာကြီး၊ အသက်မွေးဝမ်းကျောင်း ဘာလုပ်သလဲ”
“တပည့်တော် သူဌေးကျွန်းဟိုတယ် အင်ဂျင်နီယာဌာနမှာ အလုပ်လုပ်ပါတယ် ဘုရား”
“ဒကာကြီး၊ လူလာဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ အင်ဂျင်နီယာလုပ်ဖို့ တစ်ခုတည်းအတွက်လား”
ဦးဝိသုဒ္ဓိ၏ တရားသည် စကားလုံး (၂၇)လုံး ခန့်နှင့် ပြီးဆုံးခဲ့လေပြီ။ ကမ္ဘာ့အတိုဆုံး တရားဟု ဆိုရလေမည်လားမသိ။ ဦးဘုန်းမြင့် အတွက်ကား အံ့သြစရာ အကောင်းဆုံး နေ့တစ်နေ့ ဖြစ်သွား၏။ လူတစ်ယောက် ဖြစ်နေပါလျက် “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်” ကို ဦးဘုန်းမြင့်တစ်ယောက် တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။
ဦးဝိသုဒ္ဓိသည် ထိုမေးခွန်းကို ကျောင်းသို့ ရောက်လာသူ အားလုံးအား မေးမြန်းလေ့ရှိသည်။ သို့သော် အဖြေကိုကား ပြောမပြပေ။ အမေးခံရသူကိုယ်တိုင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဖြေထုတ်ရသည်။ စာရေးသူသည် ဤတရားကို ရန်ကုန်တိုင်း၊ ဒေါပုံမြို့၊ ယမုံနာလမ်းတွင် စတင် ဟောကြားခဲ့သည်။
ထိုတရားသည် နာကြားရသူ အားလုံးအတွက် အံ့သြတုန်လှုပ်ဖွယ်ရာ ဖြစ်သွားသည်။ အသိဉာဏ်ပညာ အလင်းတွေ အများကြီး ရသွားကြသည်။ ဤတရား ဗီစီဒီအခွေကို သာကေတ၊ (၁)ဈေးလမ်း၊ ရွှေလဝင်း စဆိုးဆိုင်နှင့် ဆေးဆိုင်ပိုင်ရှင် ဦးကျော်လှ၊ ဒေါ်စန်းတင့် မိသားစုတို့က ဓမ္မဒါနအဖြစ် လှူဒါန်းနေရာ ခွေပေါင်း ထောင်ချီနေပြီဟု သိရသည်။
ထို ယမုံနာလမ်းဘေးမှ မီးသွေးရောင်းသော ဘာသာခြား ဒကာကြီးတစ်ဦးသည် ထိုတရားကို နာကြားမိသွားပြီး ဗုဒ္ဓဘာသာဝင် ဖြစ်သွားသည်။ ထိုဘာသာပြောင်းလာသော ဒကာကြီးသည် ရွှေလဝင်း မိသားစုထံမှ ယင်းတရားခွေများကို ယူ၍ ထပ်ဆင့် ဓမ္မဒါန ပြုနေသည်မှာလည်း ခွေပေါင်း ရာဂဏန်းအထိ ရှိနေပြီဟု သိရသည်။
ထိုဘာသာခြား ဒကာကြီးက ဦးလှဝင်းတို့ မိသားစုအား ပြောခဲ့သော စကားမှာ မှတ်သားဖွယ် ကောင်းလှ၏။
“ကျွန်တော် လူတစ်ယောက် ဖြစ်နေပြီးတော့ ‘လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်’ ကို တစ်ခါမှ မစဉ်းစားမိဘူး၊ လူလာဖြစ်ရတာ မီးသွေးရောင်းဖို့ တစ်ခုတည်းအတွက်လို့ပဲ ထင်နေမိတယ်၊ ဒီတရားကို နာရမှ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို ကောင်းကောင်းကြီး သိသွားတယ်”
လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဝမ်းစာရှာဖို့ မဟုတ်၊ အိပ်ဖို့ မဟုတ်၊ စားဖို့ မဟုတ်၊ ကာမဂုဏ် ခံစားဖို့ မဟုတ်။ ကုသိုလ်ပြုဖို့ အတွက်သာ ဖြစ်၏။ တိရစ္ဆာန်တွင် ဝမ်းစာရှာခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ် ခံစားခြင်းဟူသော အချက်လေးချက် ရှိသကဲ့သို့ လူတွင်လည်း ထို့အတူ လေးချက်ပင် ရှိ၏။ ဤလေးချက်တည်းသာ ရှိနေပါက လူသည် တိရစ္ဆာန်နှင့် ဘာမျှမထူး၊ အတူတူသာ ဖြစ်၏။
လူသားသည် ကုသိုလ် (ပရဟိတအလုပ်)ကို လုပ်တတ်၏။ တိရစ္ဆာန်ကား မလုပ်တတ်။ ဤကုသိုလ် (ပရဟိတအလုပ်) ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက် သာလွန် မြင့်မြတ်သွားခြင်း ဖြစ်၏။
မဏိံ မိဂေါ ပဿန္တောပိ၊
တိဏံ ခါဒံဝ ဂစ္ဆတိ။
လဒ္ဓကာလော ဒုပ္ပညောပိ၊
ကာမံ ဘုဉ္ဇံဝ ဂစ္ဆတိ။
“သမင်သည် ပတ္တမြားကို မြင်သော်လည်း ဂရုမစိုက်ဘဲ မြက်ကိုသာ စားပြီး တောတွင်းသို့ ဝင်သွား၏။ ထို့အတူ ပညာမဲ့သော လူသားသည်လည်း လူ့ဘဝကို ကုသိုလ်ရဖို့ အသုံးမချဘဲ ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။”
ဤကား ဗုဒ္ဓ၏ အဆုံးအမ ဒေသနာတော်လေးတစ်ခုပင် ဖြစ်၏။
“လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို မသိသော ပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိသော ပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။”
ဆရာတော် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) ရေးသား ထုတ်ဝေသော “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်”
#အရှင်ဇဝန [မေတ္တာရှင် ( ရွှေပြည်သာ )]
#စုစည်းမှု ( ၄၈ ) အုပ်
၁။ကျွန်ုပ်ဘဝမှ ဆောင်စရာနှင့် ရှောင်စရာများ
https://yadi.sk/i/no6zdSqnfvTcq
၂။ကိုးဆယ်နှစ်ကမ္ဘာ ငိုခဲ့ရသူများအကြောင်း
https://yadi.sk/i/jJ9ayrXcfvTcs
၃။စာရိတ္တပြိုင်ပွဲ
https://yadi.sk/i/IgfJm0xZfvTcu
၎။စာရိတ္တသတ္တိ
https://yadi.sk/i/ctYFogPOfvTcw
၅။စိတ်ဓာတ်မြင့်မှ လူမြင့်မယ်
https://yadi.sk/i/9mNu-yEufvTcy
၆။စိတ်ဝင်စားဖွယ်ကောင်းသော စာတစ်စောင်နှင့်အခက်ဆုံးမေးခွန်း (၃) ခု
https://yadi.sk/i/yzyj7Rp7fvTd2
၇။စုန်လမ်းနှင့်ဆန်လမ်း
https://yadi.sk/i/01Xwq318fvTd4
၈။ဆရာကောင်းကိုရှာဖွေခြင်း
https://yadi.sk/i/5Vh-Q4-qfvTd6
၉။တကယ့်ဗုဒ္ဓဘာသာနှင့်သစ္စာလေးပါးတရားတော်
https://yadi.sk/i/30OqCSnmfvTd8
၁၀။ပန်းဒကာနှင့်မုဒိတာ
https://yadi.sk/i/FaJRVXfvfvTdA
၁၁။ပါရမီထိုက်သော ဒါန
https://yadi.sk/i/lre56I4XfvTdC
၁၂။ဖယောင်းတိုင်တစ်တိုင်၏အလင်းရောင် (၁)
https://yadi.sk/i/heoFoxcXfvTdE
၁၃။ဗုဒ္ဓဘာသာခေါင်းဆောင်းထားသော အရှင်ဒေဝဒတ်၏ တပည့်များ
https://yadi.sk/i/u81tHe2tfvTdG
၁၄။ဘဝနှင့်ရင်းရသောအတွေးအမြင်များ(၁)
https://yadi.sk/i/g_ZIKy_tfvTdN
၁၅။ဘဝနှင့်ရင်းရသောအတွေးအမြင်များ(၂)
https://yadi.sk/i/1cpSZHbAfvTdL
၁၆။ဘ၀နှင့်ရင်းရသောအတွေးအမြင်များ(၃)
https://yadi.sk/i/VDdCq9rAfvTdJ
၁၇။မဂ်တားဖိုလ်တားအန္တရာယ်များ
https://yadi.sk/i/zexkJVV9fvTdQ
၁၈။မယ်တော်ကြီးထံ ဝိပဿနာပေးစာ
https://yadi.sk/i/9Ptk2R5ifvTdS
၁၉။မိဘမေတ္တာရသစုများ
https://yadi.sk/i/-5rm364cfvTdU
၂၀။မိရိုးဖလာ ဗုဒ္ဓဘာသာ နှင့် တကယ့် ဗုဒ္ဓဘာသာ
https://yadi.sk/i/f56mcRtOfvTdW
၂၁။မျက်ရည်မကျခင်သိစေချင်
https://yadi.sk/i/MgHwz_vCfvTdY
၂၂။ယုံမှတ်လို့ ပုံအပ်မိသူများ(၁)
https://yadi.sk/i/o-7n_EzIfvTda
၂၃။ယုံမှတ်လို့ ပုံအပ်မိသူများ(၂)
https://yadi.sk/i/QiABZ1LNfvTdc
၂၄။မြန်မာတို့ ၏အသက်
https://yadi.sk/i/dk8kQhfhfvTde
၂၅။လူငယ်များအတွက်ဝိပဿနာ (၁+၂)
https://yadi.sk/i/7vybqqbbfvTdg
၂၆။လူငယ်များအတွက်ဝိပဿနာ (၃+၄)
https://yadi.sk/i/cOV9LGaFfvTdi
၂၇။လူငယ်များအတွက်ဝိပဿနာ( ၅+၆)
https://yadi.sk/i/thGk9KNUfvTdr
၂၈။လူငယ်များအတွက်ဝိပဿနာ (၇)
https://yadi.sk/i/V6uNF1x7fvTdk
၂၉။လူငယ်များအတွက်ဝိပဿနာ (၈)
https://yadi.sk/i/1SVwpHerfvTdp
၃၀။လူဖြစ်ရခြင်း၏အဓိကရည်ရွယ်ချက်
https://yadi.sk/i/dqRMzEmTfvTdt
၃၁။သင်လူတစ်ယောက်ဖြစ်ပြီလား
https://yadi.sk/i/k6RwT27mfvTdv
၃၂။သစ္စာလေးပါး(၁)
https://yadi.sk/i/rZSIWIqffvTdz
၃၃။သစ္စာလေးပါး(၂)
https://yadi.sk/i/G4VIVg9YfvTe3
၃၄။သစ္စာလေးပါး(၃)
https://yadi.sk/i/uGkia_yxfvTe7
၃၅။သစ္စာလေးပါး(၅)
https://yadi.sk/i/CNVBLmVvfvTe9
၃၆။သစ္စာလေးပါး(၆)
https://yadi.sk/i/CD72GEpnfvTeB
၃၇။သညာသိနှင့်ပညာသိ
https://yadi.sk/i/AI5m_q18fvTeD
၃၈။သရဏဂုံ အစွမ်း အံ့မခန်း
https://yadi.sk/i/9IeL235WfvTeF
၃၉။သီလအစွမ်း အံ့မခန်း
https://yadi.sk/i/wuVNxIOKfvTeH
၄၀။အစာစားရင်း မဂ်ဖိုလ်ရအောင်ကျင့်ဆောင်ခြင်း
https://yadi.sk/i/I8JSCLZ6fvTeK
၄၁။အတွင်းရန်သူ
https://yadi.sk/i/T9RJhqeafvTeM
၄၂။အရှုံးမရှိသော ဒဿန
https://yadi.sk/i/nmkTCL7ffvTeP
၄၃။အသေမြတ်ချင်သေနည်းသင်
https://yadi.sk/i/mJXTUZ7zfvTeR
၄၄။အနှစ်ကိုးပါးတရားတော်
https://yadi.sk/i/f7F-6bKsfvTeT
၄၅။ကျောင်းအမနတ်သမီးအလှကြီး
https://yadi.sk/i/jBb5QSkUfvTeV
၄၆။ထေရဝါဒမှတ်ကျောက်
https://yadi.sk/i/mrKJe4CcfvTeX
၄၇။မေတ္တာဖြင့်စီးပွားရှာခြင်း
https://yadi.sk/i/jK1UM8UrfvTeZ
၄၈။ရဟန်းဘဝစွန့်လွှတ်ခြင်းအမေးအဖြေ
http://www.mediafire.com/?dqx6cyk8dfmp7pq
===========================÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
•••••••••••••••••••••••••••••••••••••••••••••••
မေတ္တာဖြင့်စီးပွားရှာခြင်း
http://dhammadownload.com/…/MettaShin-ShwePyiThar-MettaPhyi…
ဘဝနှင့်ရင်းရသော အတွေးအမြင်များ (အတွဲ ၁)
http://dhammadownload.com/…/MettaShin-ShwePyiThar-BawaNhitY…
လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ အတွဲ(၁+၂)
http://dhammadownload.com/…/MettaShinShwePyiThar-LuNgaMyarA…
လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ အတွဲ(၃+၄)
http://dhammadownload.com/…/MettaShinShwePyiThar-LuNgaMyarA…
စာရိတ္တသတ္တိ
http://dhammadownload.com/…/MettaShinShwePyiThar-ZarYateTaT…
သီလအစွမ်း အံ့မခန်း
http://dhammadownload.com/…/MettaShinShwePyiThar-SilaAhSwun…
မျက်ရည်မကျခင်သိစေချင်
http://dhammadownload.com/…/MettaShinShwePyiThar-MyatYayMaK…
အရှုးံမရှိတဲ့ ဒဿန
http://dhammadownload.com/…/MettaShinShwePyiThar-AshoneMaSh…
ယုံမှတ်လို့ ပုံအပ်မိသူများ အကြောင်း (၂)
http://dhammadownload.com/…/MettaShinShwePyiThar-YoneMhatLo…
သညာသိနှင့် ပညာသိ (သုဒ္ဓဝိပဿနာကျင့်စဉ်)
http://dhammadownload.com/…/MettaShinShwePyiThar-ThinNyarTh…
လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်
http://dhammadownload.com/…/MettaShin-ShwePyiThar-LuPhyitYa…
ကိုးဆယ့်နှစ်ကမ္ဘာ ငိုခဲ့ရသူများအကြောင်း
http://dhammadownload.com/…/MettaShin-ShwePyiThar-92GabarNy…
အသေမြတ်ချင် သေနည်းသင်
http://dhammadownload.com/…/MettaShin-ShwePyiThar-ArThayMya…
စုန်လမ်း နှင့် ဆန်လမ်း
http://dhammadownload.com/…/MettaShin-ShwePyiThar-ASoneLanN…
အတွင်းရန်သူ
http://dhammadownload.com/…/MettaShin-ShwePyiThar-ATweenYan…
ဘဝနှင့်ရင်းရသော အတွေးအမြင်များ - အတွဲ(၂)
http://dhammadownload.com/…/MettaShin-ShwePyiThar-Bawanityi…
လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ အတွဲ(၅+၆)
http://dhammadownload.com/…/MettaShin-ShwePyiThar-LuNgaMyar…
ကျောင်းအမ နတ်သမီး အလှကြီး
http://dhammadownload.com/…/MettaShin-ShwePyiThar-KyaungArM…
မဂ်ဖိုလ်ရမည့် သမာဓိအဆင့်ဆင့် (မယ်တော်ကြီးထံ ဝိပဿနာပေးစာ)
http://dhammadownload.com/…/MettaShin-ShwePyiThar-MatFoYa-S…
မဂ်တားဖိုလ်တား အန္တရာယ်များ
http://dhammadownload.com/…/MettaShin-ShwePyiThar-MatTarFoT…
မိရိုးဖလာ ဗုဒ္ဓဘာသာဝင် နှင့် တကယ့်ဗုဒ္ဓဘာသာဝင် တရားတော်
http://dhammadownload.com/…/MettaShin-ShwePyiThar-MiYooFaLa…
မြန်မာတို့၏ အသက်
http://dhammadownload.com/…/MettaShin-ShwePyiThar-MyanmarTo…
သစ္စာလေးပါးတရားတော်-အပိုင်း(၁)
http://dhammadownload.com/…/MettaShin-ShwePyiThar-ThitSar4P…
သစ္စာလေးပါးတရားတော်-အပိုင်း(၂)
http://dhammadownload.com/…/MettaShin-ShwePyiThar-ThitSar4P…
သစ္စာလေးပါးတရားတော်-အပိုင်း(၃)
http://dhammadownload.com/…/MettaShin-ShwePyiThar-ThitSar4P…
ပါရမီထိုက်သောဒါန နှင့် ပါရမီထိုက်သောဒါန
http://dhammadownload.com/…/MettaShin-ShwePyiThar-ParRaMeeH…
ဆရာကောင်းကို ရှာဖွေခြင်း
http://dhammadownload.com/…/MettaShin-ShwePyiThar-SayaKaung…
ယုံမှတ်လို့ ပုံအပ်မိသူများအကြောင်း (၁)
http://dhammadownload.com/…/MettaShin-ShwePyiThar-YoneMynat…
သရဏဂုံ အစွမ်း အံ့မခန်းဖြစ်ရပ်ဆန်းများ
http://dhammadownload.com/…/MettaShin-ShwePyiThar-SaRaNaGon…
ကျွန်ုပ်ဘဝမှ ဆောင်စရာနှင့် ရှောင်စရာများ
http://dhammadownload.com/…/MettaShin-ShwePyiThar-KyonoteBa…
လူငယ်များအတွက်၊ ဂမ္ဘီရဝိပဿနာ၊ (အတွဲ-၇)
http://dhammadownload.com/…/MettaShin-ShwePyiThar-LuNgaMyar…
အရှုံးမရှိသော ဒဿန
http://dhammadownload.com/…/MettaShin-ShwePyiThar-AhSoneMaS…
သင် လူတယောက်ဖြစ်ပြီလား
http://dhammadownload.com/…/MettaShin-ShwePyiThar-ThinLuTaY…
ဘဝနှင့်ရင်းရသော အတွေးအမြင်များ - အတွဲ(၃)
http://dhammadownload.com/…/MettaShin-ShwePyiThar-Bawanityi…
အစား စားရင်း မဂ်ဖိုလ်ရအောင် ကျင့်ဆောင်ခြင်း
http://dhammadownload.com/…/MettaShin-ShwePyiThar-AhSarSarC…
စိတ်ဓါတ်မြင့်မှ လူမြင့်မယ်
http://dhammadownload.com/…/MettaShin-ShwePyiThar-SateDatMy…
လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ အတွဲ(၈)
http://dhammadownload.com/…/MettaShin-ShwePyiThar-LuNgaMyar…
ဖယောင်းတိုင် တစ်တိုင်၏ အလင်းရောင်နှင့် ဒဿနရသဝတ္ထုတိုများ
http://dhammadownload.com/…/MettaShin-ShwePyiThar-PhaYongTa…
စိတ်ဝင်စားဘွယ်ကောင်းသော စာတစ်စောင်နှင့် အခက်ဆုံး မေးခွန်း သုံးခု
http://dhammadownload.com/…/MettaShin-ShwePyiThar-SateWinSa…
ဗုဒ္ဓဘာသာခေါင်းဆောင်းထားသော အရှင်ဒေဝဒတ်၏ တပည့်များ
http://dhammadownload.com/…/MettaShin-ShwePyiThar-BuddhaBar…
တကယ့် ဗုဒ္ဓဘာသာနှင့် သစ္စာလေးပါး တရားတော်
http://dhammadownload.com/…/MettaShin-ShwePyiThar-TaKaeBudd…
မိဘမေတ္တာရသစုများ (မေတ္တာရှင်ရွှေပြည်သာနှင့် မင်းဟိန်ထိဝ်)
http://dhammadownload.com/…/MettaShinShwePyiThar-MeatBaMett…
Credit = မန္တလေး စာကြည့်တိုက် ဇော်ဇော်

No comments:

Post a Comment