Monday, December 19, 2016

ပြန်နွှေးပြီး မစားသင့်တဲ့ အစားအစာများ
ပူပူနွေးနွေး ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ညီညွတ်သလို အရသာလည်း ရှိပါတယ်။ ဒါပေမယ့် ထမင်းကျန်၊ ဟင်းကျန်များစွာ ရှိနေတဲ့အချိန်၊ ဒါတွေကို ရေခဲသေတ္တာထဲ နေ့တိုင်း ထည့်သိမ်းရတဲ့အချိန်တွေ မကြာခဏကြုံဖူးပါလိမ့်မယ်။ အခုအခါမှာ လူတွေ လုပ်လေ့ရှိကြတာက အဲဒီအစားအစာတွေ ပြန်နွှေးပြီး အသစ်နဲ့ရောစားတာပဲ ဖြစ်ပါတယ်။ အစားအစာပြန်နွှေးတာက အစားအစာမှာရှိတဲ့ ကောင်းတဲ့ ဒြပ်စင်တွေ ပြယ်စေသလို အချို့ကိစ္စတွေမှာ အစာအဆိပ်ပါ သင့်စေတတ်ပါတယ်။
ဒါ့ကြောင့် အစားအစာကို ပြန်နွှေးပြီး မစားသင့်တဲ့ အစားအစာတွေကို ပြောပြပေးချင်ပါတယ်။
၁။ ကြက်သား
ပူပူနွေးနွေးချက်ပြုတ်ထားတဲ့ ကြက်သားဟင်းကို လူတိုင်းစားချင်ကြပါတယ်။ ဒါပေမယ့် ပြန်နွှေးပြီးမှ သုံးဆောင်တာက ကြက်သားမှာ ရနိုင်တဲ့ ပရိုတိန်းဓာတ်အားလုံး ရှင်းပစ်ပါလိမ့်မယ်။ အဲဒါက အစာခြေဖျက်မှုပြသနာနဲ့ ကျန်းမာရေးချို့တည့်မှုတွေ ဖြစ်ပွားစေတတ်ပါတယ်။
၂။ အာလူး
အာလူးက ကျန်းမာရေးအတွက် ကောင်းပေမယ့်လို့ ဖုတ်ထားတဲ့အာလူးတွေကို အချိန်ကြာမြင့်စွာ သိမ်းထားတာက အာဟာရဓာတ်အားလုံး ပျက်ပြယ်စေပါတယ်။ အာလူးကို ပြန်နွှေးတဲ့အခါ အစာခြေစနစ် အဟန့်အတားဖြစ်ပြီး မအီမတသာ ဖြစ်စေတတ်ပါတယ်။
၃။ မုန်လာဥနီ
မုန်လာဥနီချက်စားပြီး ဟင်းကျန်တွေ သိမ်းထားတယ်ဆိုရင် မစားမီ လုံးဝ ပြန်မနွှေးသင့်ပါဘူး။ ဒီလိုလုပ်တာက မုန်လာဥနီက ရတဲ့ နိုက်ထရိတ်ဓာတ် ပြယ်ပြီး ကျန်းမာရေး အဟန့်အတားဖြစ်စေပါတယ်။ အဲဒီအစား မသုံးဆောင်ခင် ရေခဲသေတ္တာထဲကနေ ခဏထုတ်ထားပြီး ပုံမှန်အပူချိန်အတိုင်း ပြန်ဖြစ်လာတဲ့အခါမှ သုံးဆောင်တာ အကောင်းဆုံးပါ။
၎။ မှို
မှိုမှာ ပရိုတိန်းဓာတ်အပြည့်ရှိပါတယ်။ ဒါ့ကြောင့် ပူပူနွေးနွေးချက်ပြုတ်ပြီးချိန် စားတာအကောင်းဆုံးပါပဲ။ မစားခင် ပြန်နွေးရင် ပရိုတိန်းဓာတ်ပါဝင်မှု ပျက်သုဉ်းပြီး ကျန်းမာရေး ထိခိုက်စေပါလိမ့်မယ်။
၅။ ဟင်းနုနွယ်
ဟင်းနုနွယ်ပြန်နွှေးစားတာက ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အကြောင်းက ပြန်နွှေးရင် ကင်ဆာဖြစ်စေတဲ့ပစ္စည်းအဖြစ် ပြောင်းလဲတဲ့ နိုက်ထရိတ်တွေ ပါဝင်နေလို့ ဖြစ်ပါတယ်။ ဒီတော့ ပြန်နွှေးထားတဲ့ ဟင်းနုနွယ်ကို မစားတာ အကောင်းဆုံးပါပဲ။
Credit :Trend Myanmar

No comments:

Post a Comment