Tuesday, November 15, 2016

ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အစားအစာ ၅ မျိုး
#ရေနွေးကြမ်း
ရေနွေးကြမ်း သောက်ခြင်းဟာ အစာပြွန်၊ အစာအိမ်၊ ဆီးကျိတ် နဲ့ ရင်သားကင်ဆာတွေကို ပျောက်ကင်းစေပါတယ်။ ဒါပေမယ့် Chinese ပညာရှင်တစ်ယောက် လေ့လာတွေရှိခဲ့တာကတော့ ရေနွေးကြမ်းကို ပုံမှန်ထက် ပိုသောက်တဲ့ သူတွေမှာ သားအိမ်ကင်ဆာကို တွေ့ရပါတယ်တဲ့။ ဒါကြောင့်မို့လို့ တစ်နေ့ကို ရေနွေးကြမ်း ၃ ခွက်လောက်ဆိုရင် လုံလောက်ပါပြီဗျာ..
#နနွင်း
ကင်ဆာကို တိုက်ဖျက်တဲ့ နောက်ထပ်အစားအစာကတော့ အာရှနိုင်ငံတွေမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုတဲ့ နနွင်းမှုန့်ပါပဲ။ ကျွမ်းကျင်ပညာရှင်တွေဟာ တိရိစ္ဆာန်ရဲ့ ကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေထည့်ပြီး နနွင်းမှုန့်နဲ့ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ နနွင်းဟာ ကင်ဆာဆဲလ်ပြန့်ပွားနှုန်းကို ရပ်တပ်စေပြီး ဖျက်ဆီးပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။
#ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ လည်း ကင်ဆာဆဲလ်ဖြစ်ပွားမှုနှုန်းကို တိုက်ဖျက်ပေးပါတယ်။ အများစုရဲ့ လေ့လာတွေ့ရှိချက်အရကတော့ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာ ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပြီးတော့ နာကျင်မှု ကင်းဝေးဖို့အတွက် ကြက်သွန်ဖြူကို နေ့စဉ် စားပေးသင့်ပါတယ်။
#ပဲပိစပ်
Soy Bean လို့ခေါ်တဲ့ ပဲပိစပ်ရဲ့ အကျိုးအာနိသင်တွေကတော့ သားအိမ်ကင်ဆာ နဲ့ ရင်သားကင်ဆာ ဖြစ်နှုန်းကို လျော့ချပေးပါတယ်။ ဒါပေမယ့် အရာတိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတာ ဒွန်တွဲနေတတ်လို့ တစ်ပတ်မှာ ၅၀ မှ ၈၅ မီလီဂရမ် စားသုံးပေးရင် အဆင်ပြေပါတယ်.
#ဂျင်း
ဂျင်း ဟာ အိပ်ရေးပျက်တဲ့သူတွေ၊ အိပ်ရေးမဝတဲ့သူတွေနဲ့ ခရီးသွားရင်မူးတဲ့သူ တွေအတွက် အကောင်းဆုံးဖြစ်တဲ့အပြင် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးနိုင်တဲ့ အကောင်းဆုံးအစားစာတစ်ခုပါပဲ။
Credit

No comments:

Post a Comment