Tuesday, November 1, 2016

တိုင်းရင်းဆေးနဲ့ ဒူလာရောဂါ
ယောက်ျားဒူလာ မိန်းမမီးယပ်
ဆိုတဲ့ဆေးပညာဆိုရိုးစကားရှိပါတယ်။
အမျိုးသားများဒူလာကိုင်၍
ညောင်းညာကိုက်ခဲလျှင် နေမထိထိုင်မသာအလွန်ခံရ
ခက်လှပါတယ်။လမ်းများများ
လျှောက်ခြင်းရေအေးများများ
သောက်ခြင်းတက်စာများ
ရှောင်ခြင်းဟာ သက်သာမှုရ
စေနိုင်သော်လည်း ပျောက်ကင်းဖို့မလွယ်ပါ။

ဒူလာရောဂါအတွက်မြန်မာ့ရိုးရာတိုင်းရင်းဆေးတစ်လက်
ဖော်ပြရသော်
-မြင်းခွာရွက် လက်တွင်းတစ်ဆုပ်ခန့်
-ဇီးဖြူပင်မှ အခေါက်ကိုခွာ၍
နုပ်နုပ်စဉ်း လက်တွင်းတစ်ဆုပ်ခန့်
-မီးဖိုချောင်သုံး ရိုးရိုးဆား
ကွမ်းသီးခြမ်းခန့်
အထက်ပါသုံးမျိုးစလုံးကို
ယူပြီးမြေအိုးသစ်ထဲတွင်ထည့်၍ရေမတ်ခွက် သုံးခွက်တစ်ခွက်ကျန်ကျိုပြီး
ဆေးရည်စစ်ယူပါ။
ပြီးနေ့စဉ် နံနက်ရေမသောက်မှီ
ဟင်းခတ်ဇွန်းသုံးဇွန်းထိမှန်မှန်
သောက်ပေးပါ။ဒူလာရောဂါ
သက်သာလာပါလိမ့်မည်။
TUN TUN AUNG(GM)

No comments:

Post a Comment