Sunday, November 6, 2016

Diabetes ဆီးချို
ဆရာရှင် ကျွန်မအဖေက အသက်က ၅၉ နှစ်ပါ။ နေတာကတော့ ကော့မှူးမြို့နယ့့် ကျေးရွာကပါ။ အခု ကျွန်မအဖေရဲ့ ခြေခလယ် (ခြေချောင်း) မှာ အနာဖြစ်နေတာ ရက် ၂၀ လောက်ရှိပါပြီ။ အနာက ပျောက်လဲမသွား၊ အဲ့ဒီ အနာနေရာက ညိုနေပါတယ်ဆရာ။ အဲ့နေရာကိုဖိရင်လဲ မနာပါဘူးဆရာ။ အနာမကျက်လို့ ဆီချိုလဲ စစ်ပြီးပါပြီဆရာ။ ဆီချို ၁၀၆ ပဲရှိတယ်လို့ nurse ကပြောပါတယ်ဆရာ။ Nurse မက ပိုးသတ်ဆေးတမျိုးသာလျှင်ပေးလိုက်ပါတယ်။ အဲ့ဒါ တခြားဘာဆေးတွေ လိမ်းပြီး ဘာဆေးတွေ သောက်သင့်ပါသလဲဆရာ။ ဆီးချိုက ဘယ်လောက်ဆို စိတ်ပူရပါသလဲရှင့်။
ဆီးချိုကို Diabetes mellitus လို့ခေါ်တယ်။ တချို့တွေက သွေးချိုခေါ်တယ်။ ဆီးစစ်တာကိုဆီးချို၊ သွေးစစ်တော့သွေးချို၊ အတူတူကို နှစ်မျိုးထင်ကြနေကြတယ်။ တကယ်က (၃) မျိုးရှိတာပါ။
၁။ အမျိုးအစား (၁) ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin tအင်စူလင် ဟော်မုန်း မထုတ်နိုင်တာ။ ငယ်သူတွေမှာ ဖြစ်တယ်။
၂။ အမျိုးအစား (၂) (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာ။ လူတွေ အများဆုံးဖြစ်တယ်။
၃။ ကိုယ်ဝန်ဆောင်နေတုံး ဖြစ်တာ။
ဆီးချို (၁) နဲ့ (၂) က နာတာရှည်ဖြစ်ပြီး၊ လုံးဝပျောက်တယ်ဆိုတာ မရှိပါ။ (၃) ကတော့ မွေးပြီးကောင်းသွားတာ များတယ်။ နောက်မှာ (၂) ဖြစ်သွားတတ်တာလဲရှိတယ်။ မွေးရာပါဆီးချို၊ Cystic fibrosis ရောဂါနဲ့တွဲတာ၊ စတီရွိုက်ဆေး ကြောင့်ဖြစ်တာစသဖြင့် ရှိသေးတယ်။ ပဌမအဆင့်မှာ အစားအသောက်ထိန်းတာနဲ့ နောက်မှာ ဆေးပေးတာက မလုပ်မနေလုပ်ရပါမယ်။ ဆေးမှာ အမျိုးအစား (၁) ကို (အင်စူလင်) ထိုးဆေး၊ (၂) ကို စားဆေးနဲ့ လိုသေးရင်တော့ ထိုးဆေးပေးရတယ်။ ဆီးချိုအကြောင်းသိအောင် ပညာပေးရပါမယ်။ လေ့ကျင့်ခန်းလုပ်ဘို့၊ (ကိုလက်စထော) ချဘို့တွေပါ လုပ်ရမယ်။ ဒီလိုလုပ်တာ လူနေမှုဘဝပုံစံကိုပါ ပြောင်းစေရတာ ဖြစ်ပါတယ်။
သွေးထဲရှိသကြား (ဂလူးကို့စ်) ဓါတ်စစ်ဆေးခြင်း အဖြေ
• ပုံမှန် = ဘာမှမစားပဲစစ်ခြင်း Fasting Value = ၇ဝ မှ ၁ဝဝ mg / dl နဲ့ အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = ၁၄ဝ mg / dl ထက်နည်းရမည်။
• ဆီးချိုအစအပိုင်း = ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁ဝ၁ mg / dl မှ ၁၂၆ mg / dl နဲ့ အစာစားပြီးစစ်ခြင်း Post Prandial = ၁၄ဝ mg / dl မှ ၂ဝဝ mg / dl ထက်နည်းရမည်။
• ဆီးချိုဖြစ်နေပြီ = ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁၂၆ mg / dl အထက်။ အစာစားပြီးစစ်ခြင်း Post Prandial = ၂ဝဝ mg / dl အထက်။
• ပုံမှန် = ဘာမှမစားပဲစစ်ခြင်း Fasting Value = 4.0 မှ 5.9 mmol/L အထိနဲ့ စားပြီး ၂ နာရီနောက် Post Prandial = 7.8 mmol/L ထက်နည်းရမည်။
• ဆီးချိုအမျိုးအစား (၂) = ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 မှ 7 mmol/L အထိ။ အစာစားပြီးစစ်ခြင်း Post Prandial = 8.5 mmol/L ထက်နည်းရမည်။
• ဆီးချို အမျိုးအစား (၁) = ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 7 mmol/L နဲ့ အစာစားပြီးစစ်ခြင်း Post Prandial = 9 mmol/L ထက်နည်းရမည်။
• ကလေးဆီးချို အမျိုးအစား (၁) = ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 8 mmol/L နဲ့ အစာစားပြီးစစ်ခြင်း Post Prandial = 10 mmol/L ထက်နည်းရမည်။
ဆီးချိုအတွက် အကြမ်းအားဖြင့် အဓိက အစာအုပ်စု (၃) မျိုး -
(၁) လုံးဝရှောင်ကြဉ်ရမဲ့ အစားအစာတွေ = ဂလူးကို့စ်၊ သကြား၊ နို့ဆီ၊ ထန်းလျက်၊ ကြံသကာနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊
(၂) အသင့်အတင့်သာ စားသုံးနိုင်တဲ့ အစားအစာတွေ = ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စတဲ့ ကစီဓါတ်များတဲ့ အစာများ၊ ချိုတဲ့ အသီးအနှံများ၊ ပဲအမျိုးမျိုးနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊
(၃) ကြိုက်သလို စားသုံးနိုင်တဲ့ အစားအစာတွေ = အသား၊ ငါး၊ အချိုဓါတ်မရှိတဲ့ အသီးအနှံများ၊ အရွက်များ။
ပင်မအစားအစာတွေမှာ ဆန်ဖြူထက် ဆန်လုံးညိုက သင့်တယ်။ ထမင်းထက် ခေါက်ဆွဲကပိုသင့်တယ်။ ပေါင်မုံ့က ကြားကြတယ်။ သစ်ဥသစ်ဖုတွေအစဉ်လိုက် မျောက်ဥ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ အာလူး။ ပဲတွေ အစဉ်လိုက်ဆိုရင် ပဲပုတ်၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ပဲနီလေး၊ ပဲထောပါတ်။ သစ်သီးအမျိုးမျိုး အစဉ်လိုက် ပန်းသီး၊ သစ်တော်သီး၊ ဆီးသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ အစဉ်လိုက် နွားနို့၊ ဒိန်ချဉ်၊ နို့ဆီ၊ ရေခဲမုန့်၊ သကြားအမျိုးမျိုး အစဉ်လိုက်ဆိုရင် သစ်သီးသကြား (Fructose)၊ နို့သကြား (Lactose)၊ ကြံသကြား (Sucrose)၊ ပျားရည်၊ ဂလူးကို့စ် (Glucose)၊ အချိုရည်အမျိုးမျိုး အစဉ်လိုက် ပန်းသီးဖျော်ရည်၊ လိမ္မော်ရည်၊ ကိုကာကိုလာ၊ လင်မနစ်။
ဆီးချိုဆေးတွေ -
• Metformin 500 mg တနေ့ ၂ ကြိမ်၊ လူကြီး 2550 mg ထက်မကျော်စေရ၊ ကလေး 2000 mg ထက်မကျော်စေရ၊
• Sulfonylureas ဆီးချိုစားဆေး၊
- ပဌမမျိုးဆက် Orinase (tolbutamide) = 500 - 3000 mg; Tolinase (tolazamide) = 100 - 1000 mg; Diabinese (chlorpropamide) = 100 - 500 mg
- ဒုတိယမျိုးဆက် Glucotrol (glipizide) 2.5 - 40 mg; Glucotrol XL (ext. rel. glipizide) 2.5 - 20 mg; Micronase, Diabeta (glyburide) 1.25 - 2.0 mg; Glynase (micronized gly.) 3 - 12 mg
- တတိယမျိုးဆက် Amaryl (glimepiride) 1 - 8 mg d. ဘေးထွက်ဆိုးကျိုး = သကြားဓါတ်နဲခြင်း၊ အစာမကျေခြင်း၊ ပျို့၊ ရင်ပူ၊ သွေးအားနဲ၊ ဝလာ၊
• Alpha-Glucosidase inhibitors (Acarbose, Miglitol, Voglibose) ဆီးချိုစားဆေး၊
• Dipeptidyl peptidase-4 inhibitors (DPP-4) ဆီးချိုစားဆေး၊
• Glibenclamide, Glimepiride = ဆီးချိုအတွက်ဆေး။
• Insulin, Sulfonylurea injection ဆီးချိုအတွက်ထိုးဆေး။
Furosemide or Frusemide (Lasix) ဆီးသွားစေသည့်ဆေး၊ ဟော်မုန်းနှစ်မျိုးပါ ကိုယ်ဝန်တားစားဆေး၊ Depo-Provera ကိုယ်ဝန်တား ၃ လခံထိုးဆေး၊ (စတီရွိုက်) ထိုးဆေးတွေကို ဆီးချိုနေရှိရင် မသုံးသင့်ပါ။
ဆီးချိုရှိနေသူ တခါတလေမှာ သကြားဓါတ်နည်းလွန်းသွားတာနဲ့ သတိလစ်တာက ရုတ်တရက်ဖြစ်တတ်တယ်။ ချိုတာလေးတခုစားတာနဲ့ ပြန်ကောင်းမယ်။ ဆီးချိုပျောက်သွားတာမဟုတ်ပါ။ ရေရှည်ဖြစ်နိုင်တာတွေက နှလုံး-သွေးကြောရောဂါ၊ ကျောက်ကပ်အလုပ်မလုပ်တာ၊ မျက်စိထိခိုက်တာတွေ ဖြစ်နိုင်တယ်။ သွေးတိုး (သွေးဖိအားများ) တာ၊ ကိုယ်အလေးချိန်ချတာ၊ ဆေးလိပ်ဖြတ်တာတွေနဲ့ တွဲလုပ်ရမယ်။
မနက်ကမေးတဲ့နှစ်ယောက်မှာ ဆီးချိုရှိနေတာသိတာကြာပြီး မျက်စိမထိခိုက်သွားတာနဲ့ အာရုံကြောထိခိုက်လို့ မေးကြတာ ဖြစ်ပါတယ်။ ဆောရီး။ ဆီးချိုကို ပျောက်ပြီလို့ထင်တာ ပြောတာဟာ အသက်နဲ့ကစားတာသာဖြစ်တယ်။ ဆီးချိုရှိလျှက် အသက် ၁၂ဝ ရှည်စေသောဝ်။
ဆီးချိုရှိသူတွေမှာ ဆက်ဖြစ်လာနိုင်တာတွေရှိတယ်။ နှလုံးသွေးကြောရောဂါ။ အာရုံကြောရောင်ခြင်း။ ကျောက်ကပ် ထိခိုက်ခြင်း။ မျက်စိမျက်ကြည်လွှာထိခိုက်ခြင်း။ ခြေထောက်မှာ အနာစတာတွေဖြစ်ခြင်း။ အရေပြား ပိုးအမျိုးမျိုးဝင်ခြင်း။ နားအကြားထိခိုက်ခြင်း။ အယ်လ်ဇာမိုင်ယားရာဂါဖြစ်ခြင်း။
ဒီစာအောက်မှာ အရပ်ဆေးနည်း ကိုယ်ပိုင်ဆေးနည်းတွေ လာမရေးစေလိုပါ။ ဖျက်ပါမယ်။ ဆောရီး။
Diabetes writings ဆီးချိုရောဂါစာများ
1. Blood sugar levels ဆီးချိုစစ်ခြင်း http://doctortintswe.blogspot.com/…/01/blood-sugar-levels.h…
2. Diabetes diet http://doctortintswe.blogspot.com/2014/12/diabetes-diet.html
3. Diabetes type 1 cure ဆီးချိုအမျိုးအစား (၁) ကို ပျောက်နိုင်ဘို့ နီးစပ်လာပြီ http://doctortintswe.blogspot.com/…/diabetes-type-1-cure.ht…
4. Diabetes ဆီးချို http://doctortintswe.blogspot.com/2015/02/diabetes.html
5. Diabetic food ဆီးချိုနဲ့ အစားအသောက် http://doctortintswe.blogspot.com/2014/11/diabetic-food.html
6. Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://doctortintswe.blogspot.com/…/diabetic-neuropathy.html
7. Metformin ဆီးချိုစားဆေး ဘယ်လိုပေး http://doctortintswe.blogspot.com/2015/05/metformin.html
8. Yogurt reduces diabetes risk (ရောဂတ်) စားခြင်းဖြင့် ဆီးချိုကို သက်သာစေနိုင် http://doctortintswe.blogspot.com/…/yogurt-reduces-diabetes…
9. A1C test ဆီးချိုအတွက် http://doctortintswe.blogspot.com/2014/12/a1c-test.html
10. Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို http://doctortintswe.blogspot.com/…/gestational-diabetes.ht…
11. Liver disease and Diabetes အသည်းနဲ့ဆီးချို http://doctortintswe.blogspot.com/…/liver-disease-and-diabe…
ဒေါက်တာတင့်ဆွေ
No automatic alt text available.

No comments:

Post a Comment