Sunday, March 4, 2018

ဆီးမသွားရသေးခင် ဆီးအိမ်မှာအောင့်တောင့်တောင့်ခံစားရတာမျိုး ဆီးကျန်နေသလိုဖြစ်တတ်တဲ့ ဝေဒနာရှင်တွေအတွက်

ဆီးကျိတ် ယောင်လို့ ဆီးသွားရတာကျန်နေသလိုလို သွားပြီးတော့လည်းထပ်သွားချင်သလိုလို
ညညခဏခဏထထ ဆီးသွားနေရတာတို့
ဆီးမသွားရသေးခင် ဆီးအိမ်မှာအောင့်တောင့်တောင့်ခံစားရေတာတို့(အမျိုးသားများ)
ငြုပ်သီးစားများသွားလို့ ဆီးပူဆီးချုပ်ဆီးအောင့်သူများအတွက်
ခွေးတောက်ရွှက်(၇ -၁၀ )ကိုငှက်ပြောသီး(ဖီးကြမ်း)တစ်လုံးနှင့်ပြုတ်ပြီး သုံးလေးငါးရက်ဆက်စားလိုက်ရင် သက်သာပါပြီဗျာ။

ခွေးတောက်ရွှက်ပါးပါးလှီး ငှက်ပြောသီး ထိပ်ဖြတ်ဖင်ဖြတ်ပြီးမှပြုတ်နော် ပြုတ်ပြီးတော့မှ
ပြုတ်ရည်၊အရွှက်၊ငှက်ပြောသီး သုံးခုလုံးစားပေါ့ဗျာ ချိုတိုတို ခါးသက်လေးမို့စားလို့ကောင်းပါတယ်ခင်ဗျ။
တစ်လတစ်ကြိမ်သို့နှစ်ကြိမ် ကိုယ့်အခြေအနေအရစားပေါ့ဗျာ ။ကျွန်တော်တော့ဆီးအိမ်ကအောင့်တောင့်တောင့်
ဖြစ်လာရင် ညညထရတာစိပ်လာရင် စားလိုက်တာဘဲ။

ကိုယ်တွေ့မို့စေတနာနှင့်ပြောရတာပါ။ စာအရေးအသားမရှင်းလင်းရင်လည်း
တောင်းပန်ပါတယ်ခင်ဗျာ။
ဖြန့်ဝေမျှဝေပေးရင် ကျေးဇူးအထူးတင် ဝမ်းမြောက်ရပါကြောင်း ကြိုတင်ထပ်လောင်းပြောပါရေ

No comments:

Post a Comment