Thursday, March 8, 2018

ကျောက်ဆိုတဲ့ဟာကြီးကို ကြောက်ကိုမကြောက်တော့တာ





ကျောက်ဆို ကြောက်ကိုမကြောက်တော့တာ
သူရှိနေလို့ ခါးနာခါးအောင့်ဖြစ်နေတာအခုတော့ သူထွက်ကျလာခဲ့ပါပြီ
အချိန်ကယနေ့ ည ၁၁နာရီ၁ဝမိနစ်ခန့်ကဖြစ်သည်ဘယ်ဘက်က ခါးတစ်ခြမ်းကိုက်နေတာ နှစ်လသုံးလလောက်ရှိနေပါပြီ
ဆီကျောက်တည်ရောဂါနဲ့ရင်ပါးနေပြီဖြစ်သောကြောင့်မကြောက်ရွန့်တော့ပေ
ဒီကျောက်ကြီးရှိနေမှန်းသိနေတာတော့သုံးလေးလခန့်ရှိနေပါပြီ ဒီတစ်ခါကျောက်က အသက်ရှုရင်တောင်အောင့်အောင့်လာတယ်ခါးအောင့်အောင့်နေလို့ ဘယ်ဘက်ကိုစောင်းအိပ်လို့မရဖြစ်နေပါတယ်
သူရှိနေရင်ခါးကတင်ပြီးနာနေတယ်ဘယ်ဘက်ခြမ်းဆီးခုံကို လက်နဲ့အဖိမခံနိုင်ဘူးတော်တော်နာပါတယ်
ဆေးရုံသွားဓာတ်မှန်ရိုက်ကြည့်တော့ သေချာပေါက်သူ့ကို တွေ့သည် ဆရာဝန်က ချေဖို့ သို့မဟုတ် ခွဲထုတ်ဖို့ပြောပါသည် ကြီးလွန်းလို့သူ့ဘာလို မထွက်ကျနိုင်ကြောင်ပြောပြပါသည်
နေလို့ရရင် နေနေလိုက်သည်နေလို့မရအောင်နာလာရင်တော့ လက်သုံးဆေးကိုအသုံးပြုရတော့သည်
ထိုဆေးက လွယ်လွယ်လေးပါကျောက်ဖရုံသီးကို သခွါးခြစ်နဲ့ခြစ်ပြီးရှာလကာရည်အနည်းငယ်ထည့်၍ အလယ်တည်ပန်းကန်နဲ့တစ်ဝက်လောက်ကို တစ်ရက် နှစ်ရက်နဲ့ အကုန်စားပေးလိုက်ရုံပါပဲ
အဲဒီလို သုံးခါလောက်လုပ်စားလိုက်တာနဲ့အခုမြင်တွေ့ရတဲ့ကြောက်ကြီးလည်းမနေနိုင်တော့ပဲ ဒလိမ့်ခေါက်ခွေး ထွက်ကျခဲ့ရတော့တာပါပဲ
ရံဖန်ရံခါ အုန်းရေလဲ အဝသောက်ပေးဖို့လိုပါသည်
ကျောက်တည်တတ်တဲ့ဝေဒနာရှင်များအတွက်ူသတင်းကောင်းပေးလိုက်ပါတယ်
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ကျောက်ထွက်ကျလာလို့ပုံနှင့်တကွ ရေးတင်ခဲ့ဘူးတာရှိပါတယ်
ကျောက်ဖရုံသီးနဲ့ ရှာလကာရေနဲ့ ရောစပ်ထားတာပါဟင်းစားဇွန်းနဲ့ မောက်မောက်ခပ်၍ တစ်နေ့သုံးကြိမ်လောက်စားပေးပါ စားလို့ကောင်းပါတယ်
Credit..

No comments:

Post a Comment