Sunday, March 4, 2018

ေျခစြယ္ငုတ္ေဆးလြယ္လြယ္ေလး


ေျခစြယ္ငုတ္ျခင္းက ခံရခက္ၿပီး ကုသလို႔ အျမစ္မျပတ္ပဲ ျပန္ျဖစ္တတ္ပါတယ္။
တစ္ခ်ိဳ႕ေတြဆို မ်က္ရည္က်သည္ထိ လွီးျဖတ္ျပစ္ၾကၿပီး ဆီခ်က္ပူ ေလာင္းထည့္တာမ်ိဳးလည္း ျမင္ဘူးပါတယ္။
ေနာက္ေတာ့ ျပန္ျဖစ္တာပါပဲ။
ခု ကြၽန္ေတာ္ေျပာျပမယ့္နည္းေလးက မနာမက်င္ပဲေျခသဲတစ္ေျဖးေျဖး ျပန္႔လာၿပီး ေနာက္ထပ္ ေျခစြယ္မငုတ္ေတာ့ပါဘူး။
ေျခသဲေလးကလည္း ႏူးညံ့ေခ်ာမြတ္ၿပီးလွပလာပါလိမ့္မယ္။
ေဆးက အေဝးႀကီး ႐ွာစရာမလိုတဲ့တြက္ အားလံုးအလြယ္တကူ ေပ်ာက္ကင္းသက္သာႏိုင္ပါတယ္။
အိမ္သံုးဆား။
ဟင္းအိုးထဲ ခတ္တဲ့ဆားပါ။
ဆားအနည္းငယ္ကိုေျခစြယ္ငုတ္ေနတဲ့ေနရာမွာပံုထားေပးပါ။
ေရအနည္းငယ္ကို လက္ညိဳးနဲ႔ဆြတ္၍ တစ္စက္တည္း သာခ်ပါ။
ဆားပံုထားတဲ့ေပၚမွာ ခ်ရမွာ ျဖစ္ပါတယ္။
ဆားအေရေပ်ာ္ၿပီး ေဘးကို စီးက်သြားရင္ နဲနဲထပ္ပံုပါ။
ခဲခဲပံုပံုေလး ျဖစ္ေနရင္ ရပါၿပီ။
တစ္ခုခုနဲ႔ မစည္းရပါဘူး။
ျပည္တည္ေနလွ်င္လည္း မေဖာက္ရပါဘူး။
တစ္ေန႔ကို ၅ႀကိမ္ေလာက္ ပံုေပးပါ။
၃ရက္ေနလွ်င္ ဆားပံုထားတဲ့ေနရာက အေရခြံ ကြာက်လာပါလိမ့္မယ္။
မနာက်င္ေတာ့တာကိုလည္း အံ့ဩစြာ ေတြ႔ရမွာပါ။
အေရခြံ ကို လက္သည္းညႇပ္နဲ႔ ညႇပ္ပစ္လို႔ ရပါတယ္။
လံုးဝမနာက်င္ပါဘူး။
ေျခသည္းေလး ျပန္႔လာခ်င္ရင္ေတာ့ တစ္ပတ္တစ္ခါေလာက္ ေျခသည္းေထာင့္ကကုပ္ေနတဲ့ ေနရာေလးေတြမွာဆားပံုေပးပါ။
အထူးသျဖင့္ ေတာင္သူ ဦးႀကီးေတြ ၊ ေဒၚႀကီးေတြအသံုးတည့္မယ္ထင္ပါတယ္။
စမ္းသံုးၾကည့္လိုက္ပါဦး။
ေဘးထြက္ဆိုးက်ိဳး မ႐ွိလို႔ ယံုၾကည္စြာ စမ္းၾကည့္ပါ။
Credit ျမန္မာ့ေဆးစြမ္းနွင့္အိမ္တြင္းေဆးျမီးတိုမ်ား

Unicode Version
ခြေစွယ်ငုတ်ဆေးလွယ်လွယ်လေး
ခြေစွယ်ငုတ်ခြင်းက ခံရခက်ပြီး ကုသလို့ အမြစ်မပြတ်ပဲ ပြန်ဖြစ်တတ်ပါတယ်။
တစ်ချို့တွေဆို မျက်ရည်ကျသည်ထိ လှီးဖြတ်ပြစ်ကြပြီး ဆီချက်ပူ လောင်းထည့်တာမျိုးလည်း မြင်ဘူးပါတယ်။
နောက်တော့ ပြန်ဖြစ်တာပါပဲ။
ခု ကျွန်တော်ပြောပြမယ့်နည်းလေးက မနာမကျင်ပဲခြေသဲတစ်ဖြေးဖြေး ပြန့်လာပြီး နောက်ထပ် ခြေစွယ်မငုတ်တော့ပါဘူး။
ခြေသဲလေးကလည်း နူးညံ့ချောမွတ်ပြီးလှပလာပါလိမ့်မယ်။
ဆေးက အဝေးကြီး ရှာစရာမလိုတဲ့တွက် အားလုံးအလွယ်တကူ ပျောက်ကင်းသက်သာနိုင်ပါတယ်။
အိမ်သုံးဆား။
ဟင်းအိုးထဲ ခတ်တဲ့ဆားပါ။
ဆားအနည်းငယ်ကိုခြေစွယ်ငုတ်နေတဲ့နေရာမှာပုံထားပေးပါ။
ရေအနည်းငယ်ကို လက်ညိုးနဲ့ဆွတ်၍ တစ်စက်တည်း သာချပါ။
ဆားပုံထားတဲ့ပေါ်မှာ ချရမှာ ဖြစ်ပါတယ်။
ဆားအရေပျော်ပြီး ဘေးကို စီးကျသွားရင် နဲနဲထပ်ပုံပါ။
ခဲခဲပုံပုံလေး ဖြစ်နေရင် ရပါပြီ။
တစ်ခုခုနဲ့ မစည်းရပါဘူး။
ပြည်တည်နေလျှင်လည်း မဖောက်ရပါဘူး။
တစ်နေ့ကို ၅ကြိမ်လောက် ပုံပေးပါ။
၃ရက်နေလျှင် ဆားပုံထားတဲ့နေရာက အရေခွံ ကွာကျလာပါလိမ့်မယ်။
မနာကျင်တော့တာကိုလည်း အံ့ဩစွာ တွေ့ရမှာပါ။
အရေခွံ ကို လက်သည်းညှပ်နဲ့ ညှပ်ပစ်လို့ ရပါတယ်။
လုံးဝမနာကျင်ပါဘူး။
ခြေသည်းလေး ပြန့်လာချင်ရင်တော့ တစ်ပတ်တစ်ခါလောက် ခြေသည်းထောင့်ကကုပ်နေတဲ့ နေရာလေးတွေမှာဆားပုံပေးပါ။
အထူးသဖြင့် တောင်သူ ဦးကြီးတွေ ၊ ဒေါ်ကြီးတွေအသုံးတည့်မယ်ထင်ပါတယ်။
စမ်းသုံးကြည့်လိုက်ပါဦး။
ဘေးထွက်ဆိုးကျိုး မရှိလို့ ယုံကြည်စွာ စမ်းကြည့်ပါ။
Credit မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ

No comments:

Post a Comment