Friday, January 20, 2017

အဆီပိုတွေ ယူပစ်သလို ဖယ်ရှားရအောင်
မိန်းကလေးတွေရဲ့ အဓိကရန်သူက ခါးအဆီတွေ ဖြစ်ပါတယ်။ ခါးအဆီပျောက်နည်း များစွာရှိမယ်။ ဒီထဲက အလွန်သိသာတဲ့နည်းက သခွားသီးနဲ့ တရုတ်နံနံကို သုံးပြီး ခါးအဆီဖယ်ရှားတဲ့နည်းဖြစ်တယ်။ သခွားသီးက အဆိပ်အတောက်ဖယ်ရှားရာမှာ အသုံးဝင်တယ်။ အရေပြား pH ကို မှန်စေတယ်။တရုတ်နံနံက အဆီပိုဖယ်ရှားရာမှာ အစွမ်းထက်တယ်။ အထူးသဖြင့် ခါးအဆီတွေဖြစ်တယ်။
သခွားသီး - တခြမ်း
ရှောက်သီး - တခြမ်း
တရုတ် နံနံ - နှစ်စည်း
ဂျင်း - တဇွန်း
ရေ - ခွက် သုံးပုံတပုံစာ
သခွားသီးတခြမ်းကို ယူပြီး blenderထဲထည့်ပြီး လှည့်ပါ။ ရှောက်သီးတခြမ်းကို ယူပြီး အရည်ညှစ်ပါ။ ဂျင်းလက်တဆစ်စာကို ယူပြီး ညက်အောင်ထောင်းပါ။ ပြီးရင် တရုတ်နံနံကို ခပ်သေးသေး လှီးပြီး ထပ်ထည့်ပါ။ အဆိုပါပစ္စည်းတွေကို ရေနဲ့ရောပါ။ ပြီးရင် မနက်အိပ်ရာထ တကြိမ်၊ ည မအိပ်ခင်တကြိမ် နှစ်ကြိမ် သောက်ရမယ်။ ရှောက်သီးရဲ့ အချဉ်ဓာတ်ကို သခွားသီးက ချေဖျက်ပေးမယ်။ ဒါ့ကြောင့် အစာအိမ်ရှိသူတွေနဲ့လည်း သင့်တော်တယ်။
နာမည်ကြီး နိုင်ငံခြားမော်ဒယ်တယောက်ကတော့ ဒီနည်းသုံးပြီး တလအတွင်း ပေါင်(၂၀)ကျော် ကျဆင်းသွားတယ်လို့ ဆိုထားတယ်။
ကျတော်တို့လည်း ခါးအဆီတွေကို ဒီနည်းနဲ့ နှုတ်ဆက်လိုက်ရအောင်...။
ဘိုင့်...ဘိုင့်...
ဒေါက်တာ အေးမင်းထူး
၂၅.၁၂.၁၆

No comments:

Post a Comment