Wednesday, February 1, 2017

မေး။အခုနောက်ပိုင်း နိုင်ငံခြားကနေဝင်လာတဲ့ အရိုးသန်မာဆေးတွေမှာ ဂလူကိုစမင်းပါဝင်တဲ့ဆေးတွေ အသုံးများလာတာတွေ့ရပါတယ်ဆရာ။အဲဒီဆေးဟာဘယ်လိုမျိုးဓာတ်ပစ္စည်းပါလဲ။ ဘယ် ကနေရ တာပါ လဲ ဆရာ။
ဖြေ။ နောက်ထပ်အရေးကြီးတဲ့ အာဟာရတစ်ခုကတော့ဖြင့် ဂလူကိုစမင်းဆာလ်ဖိတ် ဖြစ်ပါတယ်။ ဂလူကို စမင်း ဆာလ်ဖိတ်ဆို တာကတော့ ကျွန်တော်တို့ လူတိုင်းအရိုးအဆစ် တွေကြားထဲမှာရှိတဲ့အရည်ထဲမှာ အဓိ က ပါဝင်တဲ့ Monosaccharide ဖြစ်ပါတယ်။
ဂလူကိုစမင်းရှိတဲ့အတွက်ကြောင့်တစ်ခုနဲ့တစ်ခုပွတ်တိုက်တဲ့အခါမှာမပျက်စီးအောင်လုပ်ဆောင် ပေးတာဖြစ်ပါတယ်။ဂလူကိုစမင်းနဲ့ဆာလ်ဖိတ် နှစ်ခုအတူတွဲထားတာပါ။ဘယ်ကရလဲဆိုရင် Exoskeleton ပါတဲ့ ငါး ကလေး တွေ ရဲ့ အကြေးခွံ၊ ပုစွန်တွေရဲ့ အကြေးခွံမှာ အဓိကပါဝင် တဲ့ဓာတ် ပစ္စည်းဖြစ် ပါတယ်။
ဒါကြောင့် ငါးဆိုရင်လည်း အကြေးခွံပါတဲ့ငါးကိုစားရင် ဂလူကိုစမင်းကိုရပါတယ်။ ဒီဂလူကို စမင်း အနေနဲ့က အရိုး အဆစ်တွေမှာပုံမှန်ရှိနေဖို့က အင်မတန်အရေးကြီးပါတယ်။ ဂလူကိုစမင်း ချို့တဲ့လာပြီဆိုရင် အဆစ် တွေပျက် စီးပါ တယ်။ အဲဒီအခါမှာ OA လို့ခေါ်တဲ့ Osteoarthritis တွေဖြစ်လာပါတယ်။
ဒါကြောင့်မို့လို့ ဂလူကိုစမင်းပါဝင်တဲ့ အစားအစာတွေကိုစားပေးသင့်တယ်။ မစားနိုင်ဘူးဆိုရင် ဂလူကိုစမင်း ပါဝင်တဲ့ ဆေးဝါးတွေကို ပေးရတယ်။ ပေးတဲ့အခါမှာ ဂလူကိုစမင်း ဆာလ်ဖိတ်ဆိုတာရှိတယ်။ ဂလူကိုစမင်း ပါဝင်တဲ့ ဆာလ်ဖိတ်မဟုတ်တဲ့ အခြားပစ္စည်းတွေလည်းရှိပါတယ်။ အဲဒီအထဲမှာ ဂလူကို စမင်း ဆာလ် ဖိတ်ဆိုတာ အကောင်းဆုံးဖြစ်ပါတယ်။ ဂလူကိုစမင်းဆာလ်ဖိတ်ဟာ သူ့မှာပါဝင်တဲ့ ဆာလ်ဖိတ် ကိုယ်၌ ကလည်းအရိုးအဆစ်တွေခိုင်မာဖို့အတွက် ဝိုင်းဝန်းတာဝန်ထမ်းဆောင်ပေးတဲ့အတွက် ဒါကို ကျွန်တော် တို့ သုံးလို့ရပါတယ်။ စားတဲ့အခါမှာ အနည်းဆုံး ဂလူကိုစမင်းဆာလ်ဖိတ်အနေနဲ့ တစ်နေ့ကို လူကြီး တစ် ယောက် ၁ ဒသမ ၅ လိုအပ်ပါတယ်။
ဒါကိုစားခြင်းအားဖြင့်အဆစ်တွေမပျက်စီးအောင်OAလို့ခေါ်တဲ့အရိုးအဆစ်တွေရောင်ရမ်းတဲ့ရောဂါမဖြစ်အောင်ကာကွယ်ပေးလို့ရပါတယ်။နောက်ဆုံးလိုအပ်တဲအာဟာရဓာတ်ကတော့ ခွန်ဒရိုက် တင်းဆာလ် ဖိတ်ဖြစ်ပါ တယ်။
မေး။အဲဒီခွန်ဒရိုက်တင်းဆာလ်ဖိတ်ဆိုတာကရောဘယ်လိုမျိုးဓာတ်ပစ္စည်းလည်းဆိုတာ ရှင်းပြပါဦးဆရာ။
ဖြေ။ ခွန်ဒရိုက်တင်းဆာလ်ဖိတ်ဆိုတာ ကျွန်တော်တို့အရိုးတွေရဲ့ ထိပ်နှစ်ဖက်အစွန်းမှာရှိတဲ့ အဆစ်တေ အုပ် ထား တဲ့ဓာတ်ပစ္စည်းဖြစ်ပါတယ်။မြန်မာလိုပြောရရင်အရိုးနုပေါ့။အရိုးရဲ့ထိပ်လေးတွေမှာအရိုးနုပါးပါးလေးနဲ့အုပ်ထားပါတယ်။အရိုးနုနဲ့အုပ်ထားတဲ့အတွက်ကြောင့် အရိုးတွေ တစ်ခုနဲ့တစ်ခုပွတ်တဲ့အခါမှာ မတိုက် စား အောင်၊ ဒဏ်ခံနိုင်အောင်ပြုလုပ်ထားပါတယ်။ တကယ်လို့ အရိုးဆိုရင်မာတဲ့အတွက်ကြောင့်မို့လို့တစ်ခုခုနဲ့ပွတ်တိုက်မိမယ်ဆိုရင်ချက်ချင်းအရိုးဟာကျိုးတာပဲ့တာဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လို့အရိုးအဆစ်တွေမှာအဓိကအားဖြင့်အတွင်းပိုင်းကိုလုပ်တဲ့အခါတစ်ခုနဲ့တစ်ခုကြားမှာပွတ်တိုက်အားတွေနည်းအောင် ဆိုပြီး တော့မှအရိုးနုနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။အဲဒီအရိုးနုကိုကျွန်တော်တို့ကခွန်ဒရိုက်တင်းဆာလ်ဖိတ်လို့ခေါ်ပါတယ်။ ခွန်ဒရိုက်တင်းဆာလ်ဖိတ်မှာ အဓိကပါဝင်တဲ့ပစ္စည်းတွေကတော့ ပရိုတင်းနဲ့ ကာ ဗိုဟိုက်ဒြိတ်တွေဖြစ်ပါတယ်။
ကာဗိုဟိုက်ဒြိတ်ဆိုတဲ့နေရာမှာ အဓိကကတော့ ဘာပါလဲဆိုရင် အန် အက်ဆီတိုင်းဂလူကိုစမင်းနဲ့ ဂလူကိုရော့ နစ်အက်စစ်တွေဖြစ်ပါတယ်။ အဲ့တော့ ဒီပစ္စည်းနှစ်ခုကြောင့်မို့လို့ ဒီမှာရှိတဲ့အရိုးရဲ့ အဆစ် ထိပ် တွေဟာ ခံနိုင်ရည်ရှိနေခြင်းပါ။ဒါကြောင့်မို့လို့ တော်ရုံတန်ရုံက အရိုးဟာ မပျက်စီးဘဲနေနိုင် တာဖြစ်ပါတယ်။ ကျွန်တော် တို့က ခွန်ဒရိုက်တင်းဆာလ်ဖိတ်ကို A ရယ်၊ C ရယ်၊ D ရယ်၊ Eရယ် ဆိုပြီး တော့မှ အမျိုး အ စား လေး မျိုးခွဲ ထားပါ တယ်။ ကျွန်တော်တို့ နေ့စဉ်စားတဲ့အစားအစာတွေမှာခွန်ဒရိုက်တင်းဆာလ်ဖိတ်တွေပါဝင်ဖို့ကလည်း အရေးကြီးပါတယ်။အထူးသဖြင့်အသက်ကြီးတဲ့သူတွေမှာခွန်ဒရိုက်တင်းဆာလ်ဖိတ်ပါဝင်တဲ့အစားအစာတွေကိုမစားလို့ ချို့တဲ့ခဲ့ရင်အရိုးအဆစ်တွေကပျက်စီးလာပြီး တော့မှတဖြည်းဖြည်းနဲ့အရိုးကျီးပေါင်းတက်တာတွေ၊OAလို့ခေါ်တဲ့Osteoporothritisအရိုး တွေမှာပျက်စီးပြီးတော့မှ ရောင်ရမ်းတာတွေပေါ့နော် ဒါတွေ မလွဲမသွေဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ ခွန်ဒရိုက်တင်းဆာလ်ဖိတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ သာမန် အားဖြင့် အရိုးနုပါဝင်တဲ့အစားအစာတွေစား ပေးဖို့လိုပါတယ်။
ဥပမာကြက်သားဆိုရင်ကြက်သားရဲ့အရိုးနုတွေကိုစားပေးရမယ်။ဆိတ်သားဆိုရင်ဆိတ်သားရဲ့အရိုးနုစားပေးရမယ်။ ပြီးရင် သတ္တဝါအကြီးတွေဖြစ်တဲ့ဥပမာအားဖြင့် ဝက်တို့၊အမဲတို့ရဲ့ rachea လို့ခေါ်တဲ့ လည်ပင်းရိုးပေါ့။ အဲဒီလည်ပင်းရိုးထဲမှာရှိတဲ့ လေပြွန်တွေမှာဆိုရင်အရိုးနုတွေအများဆုံးပါပါတယ်။ပြီးရင်ငါးလေးတွေ၊ပင်လယ်မှာရှိတဲ့အချို့သတ္တဝါတွေဥပမာအားဖြင့်ငါးမန်းရဲ့တောင်ပံတို့အဲဒီလိုမျိုး ပစ္စည်းတွေမှာအရိုးနုတွေအများဆုံးပါပါတယ်။အဲဒီအရိုးနုတွေကိုကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့အရိုးနု တွေတည်ဆောက်ဖို့အတွက်အများကြီးအထောက်အကူဖြစ်ပါတယ်။အဲလိုမျိုးကျွန်တော်တို့မစားဖြစ်ရင်လည်း ခွန်ဒရိုက်တင်းဆာလ်ဖိတ်ပါဝင်တဲ့ ဆေးဝါးတွေကိုကျွန်တော်တို့မှီဝဲလို့ရပါတယ်။အဲလိုမှီဝဲတဲ့အခါမှာခွန်ဒရိုက်တင်းဆာလ်ဖိတ်ပါဝင်တဲ့ဆေးဝါးတွေ သာမန်အားဖြင့်တစ်နေ့မှာ၈ဝဝမီလီဂရမ်ကနေပြီး တော့မှ၁၂ဝဝမီလီဂရမ်လောက်အထိစားသုံးသင့်ပါတယ်။သူကတိရစ္ဆာန်မှရတဲ့ ပစ္စည်းဖြစ်တဲ့ အတွက် ကြောင့် မို့လို့ သာမန်အားဖြင့် အန္တရာယ်မရှိဘူးလို့ ပြောလို့ရပါတယ်။
မေး။ နိဂုံးချုပ်အနေနဲ့ မြဝတီစာဖတ်ပရိသတ်ကြီးကို ဘာများပြောချင်ပါသလဲဆရာ။
ဖြေ။ကျွန်တော်အခုတင်ပြခဲ့တာကတော့ဖြင့်အရိုးပါး၊အရိုးပွရောဂါနဲ့ပတ်သက်တဲ့အကြောင်းအရာ တွေဖြစ်ပါတယ်။အဲ့တော့အရိုးပွရောဂါဆိုတာအသက်ကြီးတဲ့သူတိုင်းမှာ ဘယ်သူမဆိုမလွဲမသွေဖြစ်နိုင်တဲ့အ လားအလာရှိတာကြောင့် စောစောစီးစီးကတည်းက ကာကွယ်ဖို့လိုအပ်ပါတယ်။
ပြီးတော့ သူ့ရဲ့လွှမ်းမိုးထားတဲ့အကြောင်းအရာအနေနဲ့ ၇ဝ ရာခိုင်နှုန်းကနေပြီး ၈ဝ ရာခိုင်နှုန်းအထိက enetic လို့ ခေါ်တဲ့ မျိုးရိုးဗီဇကြောင့်ဖြစ်တော့ ဒါကိုကျွန်တော်တို့ဘာမှလုပ်လို့မရပါဘူး။ ကျွန်တော်တို့လုပ်လို့ ရတဲ့ အပိုင်းက ၂ဝ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းသာရှိတဲ့ ကျွန်တော်တို့ရဲ့Lifestyle တွေအစား အသောက် တွေ၊ အနေ အထိုင်၊အပြုအမူတွေ၊ လေ့ကျင့်ခန်းတွေ၊လှုပ်ရှားမှုတွေစသည်အားဖြင့ှ်Supplement တွေဒါတွေနဲ့ပဲကာကွယ်လို့ရတယ်။ဒါကြောင့်မို့ ခုနကကျွန်တော်တင်ပြခဲ့တဲ့ အကြောင်းအရာတွေကို သေသေချာချာနား လည်ပြီးတော့မှ လုပ်မယ်ဆိုလို့ရှိရင် အရို ပါး၊ အရိုးပွရောဂါကနေပြီးတော့မှ အားလုံးကင်းဝေးကြမှာဖြစ်ပါတယ်။ ။

No comments:

Post a Comment