Thursday, October 12, 2017

ဘီပိုးသမားတွေအတွက် Vitamin D3 ကောင်းကျိုး

ကျနော့်အတွေ့အကြုံအရရေးတာပါ guideline ထဲတော့မပါပါဘူး လူနာအရမ်းနည်းပါသေးတယ်
တွေ့တာလေးမျှဝေတာပါ ဘယ်သူ့ကိုမှ မရည်ရွယ်ပါ ဆေးကောင်းတာလည်း ကြေငြာမဟုတ်ပါ
အနည်းငယ်သောကိုယ်တွေ့လေး သာရေးတာပါ
My Disclosure ပါ

ကျနော့်ဘီလူနာ ၃ယောက် ရဲ့ အဖြေက အရမ်းကောင်းပါတယ်
ပိုးအခွံqHbsAg များတဲ့လူနာတွေကို Tenofovir တရက်တလုံးရယ် D3 5000 IU မနက်၁ ည၁ ပေးထားတာ အခွံ ၂၀၀၀ကျော် ၃၀၀၀ ကျော်သမားတွေ
၃လအတွင်း အခွံ ၃၀ရာနှုန်းကျော်လောက်ကျသွားတာတွေ့ရပါတယ်
Vitamin D3 ရဲ့ Immune system ကို မြှင့်တင်ပေးနိုင်တဲ့အာနိသင်ကြောင့်ထင်ပါတယ်
ထပ်ပြီး စမ်းသပ်ဖို့ လိုအပ်ပါအုန်းမည် ခုလူနာတွေကတော့ ကျန်တဲ့ရောဂါ ကျောက်ကပ်ကအစ အားလုံးကောင်းပါတယ်
D3 အကြောင်းကို AASLD လို့ခေါ်တဲ့ အမေရိကားအသည်းဆေးပညာရှင်အသင်းမှာလုပ်တဲ့နှစ်ပတ်လည်ဆေးပွဲမှာတော့ အရင်နှစ်က ပြောနေပါတယ်
ဒီနှစ်လည်း ကျနော်သွားတက်မှာပါ ဒီလထဲပါ Visa ရပါပြီ ဘီပိုးဆေးအသစ်တွေ Trial တွေအကြောင်းလည်း ရေးတင်ပါအုန်းမည် ထပ်ပြီး ဆွေးနွေးသွားဖို့လိုအပ်နေပါသေးတယ်
ကုထုံးအသစ်တွေပေါ်လာရင် D3 က supplement အနေနဲ့ တွဲကုဖို့ လိုအပ်နေအုန်းမည်ထင်ပါသည် ကျနော့်အမြင်သက်သက်သာ
ကျန်းမာကြပါစေ
-ဒေါက်တာဇာနည်ဇင် (General Practitioner)
Member of AASLD(American Liver Association)
09250873063

No comments:

Post a Comment