Monday, December 4, 2017

Hemoptysis ချောင်းဆိုး သွေးပါ

မင်္ဂလာပါဆရာ သမီးချောင်းဆိုးတာသလိပ်ထဲသွေးစပါလို့ပါ။ ခုညမှစဆိုးတာပါ။ စစဆိုးဆိုးချင်းမှာပဲသွေးစပါလို့ပါ။ သွေးကအနီရဲရဲမဟူတ်ပါဘူး။ အဆုတ်ရောဂါလက္ခဏာတွေဖတ်ကြည့်တော့တခုမှမပါပါဘူး။ ကျေးဇူးပြုပြီး ဆရာအားတဲ့အခါ ဘာကြောင့်သွေးပါတယ်ဆိုတာဖြေပေးပါနော်။

Dr. Tint Swe မေးနည်းစည်းကမ်းပို့လိုက်တယ်။

မိန်းမပါ။ အသက်၂၄နှစ်။ အိမ်ထောင်သည်သားလေးတယောက်ရှိပါတယ်။ သားလေးကတနှစ်လေးလပါ။ ခုညမှချောင်းဆိုးလို့ ဘယ်ဆရာဝန်နဲ့မှ မပြရသေးပါဘူးဆရာ။

၂။ မင်္ဂလာပါဆရာ။ ကျွန်မအသက် ၂၃ ရှိပါပြီ ။ အိမ်ထောင်မရှိပါ။ လွန်ခဲ့တဲ့ ၂လက ချောင်းဆိုးသွေးပါဖြစ်လို့ ဆရာဝန်နဲ့ သွားပြပါတယ်။ ဓာတ်မှန် NAD နဲ့ သွေးစစ် TB negative ပါ။ ဆရာဝန်က အဆုတ်လေပြွန်ရောင်တာလို့ဟြေပါတယ်။ Cefixime နဲ့ Flemax ဆေး၂မျိုးကို ၅ရက်သောက်ခိုင်းပြီးတဲ့နောက် ပြန်ပျောက်သွားပါတယ်။ ဒါပေမဲ့ နောက် ၂ပတ် အကြာမှ ပြန်ဖြစ်ခဲ့ပြီး အဲ့ဆေး ၂မျိုးကိုပဲသောက်ရင်း ပြန်ပျောက်သွားပါတယ်။ အခုရက်ပိုင်းအတွင်း အအေးမိ မီးခိုးမွှန်မိရင်း ချောင်းပြန်ဆိုးပြီး အသက်ရှုကြပ်သလိုဖြစ်ပါတယ်။ ပြီးတော့ ချောင်းဆိုးသွေးပါတာမျိုး ၂ကြိမ် ပြန်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆရာ့ဆီကို အားကိုးစွာနဲ့ စာရေးလိုက်တာပါ။ လက်ရှိဖြစ်နေတာတွေကတော့ ချောင်းဆိုး Clear Thick Mucus တခါတရံ အသက်ရှူကြပ် မှောက်အိပ်မိတဲ့အခါ ရင်ဘက်ကိုဖိထားမိတဲ့အခါမျိုးတွေမှာ တခါတလေ ချောင်းဆိုးပြီး သွေးအနီရောင်ပါ။ မဖြစ်ခင်တပတ်ကလည်း ချောင်းနာဖူးပါတယ်။ အခုမနာပါ။ ကျေးဇူးတင်ပါတယ်။

၃။ တခုလောက်မေးချင်လို့ပါရှင်။ သမီးအမေက လွန်ခဲ့တဲ့ဆယ်နှစ်က TB ရောဂါဖြစ်ပြီး အဲတုန်းက သွေးတွေအန်ပါတယ်။ နောက်တနှစ်တခါလောက် နည်းနည်းထပ်ပြီး သွေးလေးတွေပါတတ်တယ်။ ဆေးထိုးရင် ပျောက်သွးပြန်ရော။ ခုနောက်ပိုင်း သွေးပါရင် နည်းနည်းများရင် ဆေးရုံတောင်တက်ရတယ်ဆရာ။ တနှစ်တခါပါနေလို့ မနှစ်ကနဲ့ဒီနှစ်ဆို ဆေးရုံတက်ရတယ်။ ထပ်ပြီးဆေးတွေစစ်တော့လည်း အဆုတ်မှာ TB လက္ခဏာလည်းမဟုတ်ဘူး။ ဆေးသောက်ခဲ့တုန်းက ၆ လကို ရက်မှန်မှန် သောက်ခဲ့တယ်။ အမေကသွေးတိုးပြီး အစာမကျေလို့ ဖြစ်တဲ့အချိန်တိုင်း သွေးပါလာတယ်။ အဲဒါက တနှစ်တခါလို ဖြစ်နေတော့ ဘယ်လိုကုသနိုင်လို့ရလဲ ဆရာအကြံလေးပြုပေးပါရှင်။

ဖြစ်တဲ့သူ အသက် မသိ။ သွေးအန်တာနဲ့ ချောင်းဆိုးသွေးပါတာ မတူ။

အသက် ၅၄ ပါဆရာ။ ဖြစ်ရင်ချောင်းပါဆိုးလာတယ်ဆရာ။

ချောင်းဆိုးတဲ့အခါ သွေးပါတာ အဆုပ် ဒါမှမဟုတ် လေပြွန်ကြီးတွေကနေလာတယ်။ အဲတာကိုသာ ချောင်းဆိုးသွေးပါလို့ သတ်မှတ်တယ်။ ချောင်းဆိုးရာကနေ အသက်ရှူလမ်းအပေါ်ပိုင်းက သွေးကြောလေးတွေပေါက်ရာက ပါတဲ့သွေးကို မခေါ်ပါ။ ကလေးတွေမှာ ပြင်ပပစ္စည်းတခုခုဝင်တာနဲ့ တခြားအသက်ရှူလမ်းပိုးဝင်လို့လည်း သွေးပါတတ်တယ်။ အစာလမ်းကလာတာနဲ့ ခွဲခြားရမယ်။ ပိုးဝင်ရာကဖြစ်တာက အများဆုံး။ ၆ဝ-၇ဝ% ရှိတယ်။ အဆုပ်မှာစဖြစ်တဲ့ကင်ဆာ ၂၃% ရှိတယ်။ ကလေးတွေမှာ ပိုးဝင်ရာကသာဖြစ်တာများတယ်။

၁။ Infections ပိုးဝင်ခြင်းများ
• Acute and chronic bronchitis ရက်တိုနဲ့ တာရှည် လေပြွန်ရောင်ခြင်း၊
• Tuberculosis တီဘီ
• ဖန်းဂတ်းစ် ခေါ် မှိုပိုးဝင်ခြင်း
• Pneumonia နူမိုးနီးယား
• Lung abscess အဆုပ်ပြည်တည်ခြင်း၊
• Bronchiectasis အဆုပ်ရောဂါတမျိုး၊

၂။ Tumors အကျိတ်များ
• Bronchial cancer ဘရောင်ခီရယ်ကင်ဆာ
• Carcinoid ကာစီနွိုက်

၃။ Cardiovascular အဆုပ်သွေးကြောရောဂါများ
• Lung infarct or Pulmonary embolism အဆုပ်သွေးကြောပိတ်ခြင်း၊
• Mitral stenosis နှလုံးအဆို့ရှင်ကျဉ်ခြင်း

၎။ Trauma ထိခိုက်ဒဏ်ရာ

၅။ Other အခြားအကြောင်းများ
• Foreign body ပြင်ပပစ္စည်းဝင်ခြင်း
• Hemorrhagic diatesis ရောဂါ
• Goodpasture and other immunological disorders ရောဂါများ

ရင်ပတ်ဓါတ်မှန်ရိုက်ရမယ်။ ကရိယာထည့်စစ်တာ လိုတာရှိတတ်တယ်။ ၃၄% မှာ ဘာကြောင့် သွေးပါသလဲ ရှာမရပါ။ အကြောင်းရင်းကို ကုသရမယ်။ မြန်မာပြည်မှာတော့ အဆုပ်တီဘီကပေါတယ်။ တီဘီကို ဆေး ၆ လတိတိ စနစ်တကျသောက်ရင် တီဘီပိုးတွေသေပါမယ်။ တီဘီဒဏ်ကြောင့် အဆုပ်မှာ ထိခိုက်ခံထားရမယ်။ တချို့က ကောင်းသွားပြီး၊ တချို့မှာ အမာရွတ်သဘော ကျန်တယ်။ တခြားဗက်တီးရီးယား ဝင်တာလည်း ဖြစ်တတ်တယ်။ ပိုးသေဆေးသောက်ရင် ပျောက်မယ်။ ဆေးယဉ်တီဘီကိုလည်း စဉ်းစားရတယ်။

1. Bronchitis ဘရောင်ခိုက်တစ် https://doctortintswe.blogspot.com/2017/08/bronchitis.html
2. Cough Syrups ချောင်းဆိုးပျောက်ဆေးများ https://doctortintswe.blogspot.com/2014/11/cough-syrups.html
3. H1N1 and Viral Pneumonia တုပ်ကွေးနှင့် နူမိုးနီးယား https://doctortintswe.blogspot.com/…/h1n1-and-viral-pneumon…
4. Hospital-acquired infection ဆေးရုံကူးစက်ရောဂါ https://doctortintswe.blogspot.com/…/hospital-acquired-infe…
5. Medicine for Pneumonias and Respiratory Tract Diseases နူမိုးနီးယားအမျိုးမျိုးနှင့် အသက်ရှူလမ်းရောဂါဆေးများ https://doctortintswe.blogspot.com/…/medicine-for-pneumonia…
6. MRSA Infection ဆေးယဉ်တဲ့ပိုး https://doctortintswe.blogspot.com/20…/…/mrsa-infection.html
7. Mycoplasma pneumoniae မိုက်ကိုပလာစမာ နူမိုးနီးယား https://doctortintswe.blogspot.com/…/mycoplasma-pneumoniae.…
8. Pneumonia in Children ကလေးများတွင်ဖြစ်သည့် နူမိုးနီးယားရောဂါ http://doctortintswe.blogspot.com/…/pneumonia-in-children.h…
9. Pneumonia နူမိုးနီးယား https://doctortintswe.blogspot.com/…/respiratory-tract-infe…
10. Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/…/respiratory-trac…
11. Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.com/…/respiratory-trac…
12. Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/…/respiratory-trac…

ဒေါက်တာတင့်ဆွေ
၁၉-၈-၂ဝ၁၇
၁ဝ-၉-၂ဝ၁၇
၂၃-၉-၂ဝ၁၇
၎-၁၂-၂ဝ၁၇

LikeShow more reactions

Comment

No comments:

Post a Comment