Saturday, December 2, 2017

20 hrs ·

Image may contain: foodထိပ်​ခတ်​နာ (သို့) ဦး​နှောက်​ အ​မှေး​ရောင်​ ရောဂါ

အတွက်​​​ ကိုယ်​​တွေ့ သက်​သာ​စေတဲ့
ဆေးနည်း​လေးပါ။
~~~~~~~
ငွေကုန် သက်သာပြီး လက်တွေ့ သက်သာနေလို့

မျှဝေ လိုက်ပါတယ်

~~~~~~~~

ကျ​နော်​ ငယ်​ငယ်​ထဲက

ခေါင်းကိုက်​ တတ်​ပါတယ်​၊

အမျိုးမျိုး ကုသပြီးပါပြီ၊

လုံးဝ​ပျောက်​ကင်းတာမရှိပါ၊

သက်​သာရုံပဲရှိပါတယ်​။

အခုရက်​​တွေ​ ခေါင်းကိုက်​တာ

(၁) လ​ကျော်​​လောက်​ရှိပါပြီ၊

ကိုက်​လိုက်​ သက်​သာလိုက်​ဖြစ်​​နေတာ

အ​ဖေ ​ဆေးရုံတင်​ထားတဲ့ ရက်​က

ညလုံး​ပေါက်​ အိပ်​​ရေးပျက်​​တော့

ပိုဆိုး လာပါတယ်​။

အ​ဖေ ဆုံးပြီး

ပုံမှန်​ အိပ်​ချိန်​​ပေး​နေလျှက်​နဲ့

ခေါင်းကိုက်​က မသက်​သာပါ။

အမျိုးသမီးကလဲ ​ဆေးခန်းပြခိုင်းတာ အခါခါပါ၊

ပြခဲ့ပြီးတာလဲ အကြိမ်​ကြိမ်​ပါ။

ထပ်​ပြခိုင်းတာလဲ

ကိုယ်​ခံစား​နေရတာ

သူမကြည့်​ရက်​လို့ဆိုတာ သိပါတယ်​။

ဒီ​ရောဂါက အရှင်း​ပျောက်​ကင်းတာ

မရှိဘူးဆိုပြီး​ ပြော​နေကြ​တယ်​၊

ဆေးခန်းက ​ပေးမဲ့ ပိုးသတ်​​ဆေးလဲ

မ​သောက်​ချင်​​လေ​တော့

သူ့ကို သက်​သာပါတယ်​ဆိုပြီး

ကျ​နော်​​ ပေကပ်​ပြီး မပြပဲ​နေပါတယ်​။

FB မှာ ​တွေ့ဖူးပြီး

ကိုယ်​တိုင်​လဲပြန်​လည်​ မျှ​ဝေဘူးတဲ့​ ဆေးနည်း​လေး။

(နံ့သာဖြူ နဲ့ ကင်​ပွန်းသီး)ကိုသတိရမိပါတယ်​။

လုပ်​ကြည့်​မယ်​ ​ဆိုပြီး~

(၂၅) ရက်​​နေ့ကစလုပ်​ကြည့်​ပါတယ်​၊

ထူးခြားစွာ နှာ​ခေါင်းထဲမှ ချွဲ​တွေ

လက်​ဖက်​ရည်​ ပန်းကန်​တစ်​လုံးခန့်​ထွက်​ပါတယ်​၊

အဲ့ဒီညကစပြီး သိသိသာသာ

ခေါင်းကိုက်​ သက်​သာလာပါတယ်​။

(၂၆) ရက်​​နေ့ည ထပ်​လုပ်​ပါတယ်​၊ထပ်​ထွက်​ပါတယ်​၊

အခုည

(၂၇) ရက်​​​နေ့မှာလဲထပ်​လုပ်​ပါတယ်​၊

ထပ်​ထွက်​ပါတယ်​၊

ခေါင်းကိုက်​တာ​တော့ မရှိသ​လောက်

ဖြစ်​သွားပါပြီ။

ကျ​နော်​က​တော့ အချွဲ​တွေ

ကုန်​တဲ့အထိ ဆက်​လုပ်​​နေမှာပါ။

ကျ​နော့်​လို ခံစား​နေရသူများအတွက်

အမြန်​သက်​သာ​ စေချင်​လို့

အခုချက်​ခြင်း​ ရေးလိုက်​တာပါ။

[ ပြုလုပ်​ပုံအဆင့်​ဆင့်​ကို ပုံနဲ့တစ်​ကွပြထားပါတယ်​၊ ]

သနပ်​ခါး ​ကျောက်​ပြင်​​တစ်​ဖက်​ခြမ်းမှာ

ရေအနည်းငယ်​စီထည့်​ပြီး

နံ့သာဖြူကို​သွေးပါ၊

တစ်​ဖက်​မှာ ​ရေထည့်​ပြီး ကင်​ပွန်းသီးကို​သွေးပါ၊

ရလာတဲ့အနှစ်​ ၂ ခုကို

သမ​အောင်​​​ ရော​ပေးပါ၊

ပြီးလျှင်​ နှာ​ခေါင်းထဲ ဝင်​​အောင်​ထည့်​ပါ၊

အသက် ပြင်းပြင်း ရှူ​ပေးပါ၊

သွေးထားတာကုန်​ ​အောင်​ထည့်​ပါ၊

ပိုလျှင်​ ကိုက်​တဲ့​နေရာ

နဖူးနဲ့ နှာ​ခေါင်း​ပေါ်လိမ်း ​ပေးပါ။

စူးရှပြင်းရှသလိုလို စပ်​သလိုလို ခံစားရပါမယ်​၊

ချက်​ချင်းဆိုသလိုပဲ အချွဲ​တွေ

ထွက်​လာပါလိမ့်​မယ်​၊

နှပ်​ညှစ်​မပြစ်​ပါနဲ့၊

ပါးစပ်​က​ နေပြန်​​ထွေးထုပ်​ပါ၊

ဆေး​တွေ ပြန်​မထွက်​​စေရန်​ပါ။

မိနစ်​ (၃၀) ခန့်​ဆို နှပ်​ညှစ်​လို့ရပါပြီ။

ဒီ​လောက်​ဆို

ဒီ​ရောဂါ ခံစား​နေရသူများ

အဆင်​​ပြေမယ်​ ထင်​ပါတယ်​၊

အားလုံး ကျန်းမာချမ်းသာ

လိုရာဆန္ဒ​တွေ ပြည့်​ဝကြပါ​စေ။

စာရှည်​သွားတာ၊

ကျ​နော့်​ပုံပါတာ နားလည်​​ပေးကြပါ၊

ပျောက်​​စေချင်​လွန်း လို့ပါ ခင်​ဗျာ။

ချစ်​ခြင်း​ မေတ္တာ​တွေနဲ့

ကျန်းမာချမ်းသာ​ ​အေးချမ်းကြပါ​စေ။

~~~~~~~~~~~~~

~~~~~~~~

စာရေးသူ ကိုဝင်းဇော်ဦးမှ

မည်သူမဆို ရှယ်နိုင်ပါတယ်

ကော်ပီကူးခွင့် ပေးထားပါတယ်

သူတော်ကောင်းတို့

~~~~~~~~

( အရှင် ခေမာ စာရ )

1-12-2017

No comments:

Post a Comment