Tuesday, April 4, 2017

အသည်းခြောက်ခြင်း အကြောင်း
======================
* အသည်းခြောက်ခြင်း.. အဓိက ဖြစ်စေသည့် အကြောင်းရင်းများမှာ..
(1) Chronic Hepatitis B.. အသည်းရောင် ဘီပိုး..
(2) Chronic Hepatitis C.. အသည်းရောင် စီပိုး..
(3) Excessive alcohol use.. အရက်ကို လွန်လွန်ကြူးကြူး နှစ်ကာလ ကြာရှည်စွာ သောက်သုံးခြင်း..
(4) Haemochromatosis.. သံဓာတ် များပြားနေခြင်း..
(5) Nonalcoholic steatihepatitis (NASH).. အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံး.. အသည်းရောင်ခြင်းမှ တဆင့်..
* အသည်းခြောက်စေသည့် အခြား အကြောင်းရင်း များစွာ.. ရှိပါသေးသည်..
--------------------------------------------
* အသည်းရောင် ဘီပိုးလည်း မရှိ.. စီပိုးလည်း မရှိ.. အရက်လည်း မသောက်သူများ.. အသည်း ခြောက်ခြင်း ဖြစ်နိုင်သည်မှာ..
- NASH.. အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံး.. အသည်းရောင်ခြင်းမှ တဆင့်..
- Occult HBV infection.. ဘီပိုး (HBsAg negative.. ဖြစ်နေသော်လည်း.. ဘီပိုးကောင်ရေ HBV DNA.. ရှိနေ၍.. ဖြစ်ပါသည်..)
- တခြား အသည်းခြောက်စေသည့် အကြောင်းရင်း များကြောင့် ဖြစ်နိုင်ပါသည်..
************************************************
* အသည်းသည် ခန္ဓာကိုယ်တွင် အကြီးဆုံး ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အသည်း ဆဲလ်များ.. သန်းပေါင်းများစွာဖြင့် ဖွဲ့စည်း ထားပါသည်..
* အသည်းဆဲလ်များ ရောင်စေပြီး.. ပျက်စီး သွားလိုက်.. အသည်းဆဲလ် အသစ်များ ပြန်ဖြစ်လိုက်.. နှင့် နောက်ဆုံးတွင် အသည်းတွင် အမာရွတ် ဖြစ်လာခြင်း.. ပုံသဏ္ဍာန်ပြောင်းကာ.. အသည်းခြောက်လာခြင်း ပင်ဖြစ်သည်..
* အသည်းခြောက်သွားပါက.. အသည်း၏ လုပ်ငန်း ဆောင်တာများ.. မစွမ်းဆောင် နိုင်တော့ဘဲ နောက်ဆက်တွဲ ဆိုးကျိုးများ.. ရောဂါ လက္ခဏာများ.. ဖြစ်ပေါ် ခံစားလာရခြင်းပင် ဖြစ်ပါသည်..
************************************************
* အသည်းခြောက်လာပါက..
- မောပန်းလွယ်လာခြင်း.. မအီမသာ.. အစားအသောက် ပျက်လာခြင်း..
- ကိုယ်ခန္တာ ပိန်လာ၍ ကြွက်သားများ လျော့ရဲ လာခြင်း..
- ကျားစိတ် လျော့လာခြင်း..
- မျက်စိဝါ.. အသားဝါ.. ဖြစ်လာခြင်း..
- ဗိုက်ပူ ရေဖြင်းစွဲ.. ခြေထောက်ဖော ရောင်လာခြင်း..
- အစာအိမ် သွေးကြောထုံးများ ပေါက်ကာ.. သွေးအန်ခြင်း.. ဝမ်းမည်းမည်းသွားခြင်း..
- အချိန်မရွေး သတိမေ့မြောကာ အသက် အန္တရာယ် ရှိသည်အထိ ဖြစ်နိုင်ပါသည်..
-နောက်ဆုံး အသည်းကင်ဆာ.. အဆင့်ထိ ဖြစ်သွား နိုင်ပါသည်..
************************************************
* အသည်းအနည်းငယ်သာ ပျက်စီးနေပါက.. အခြား အသည်းဆဲလ်များ၏ လုပ်ငန်း ဆောင်တာများဖြင့် အစားထိုးထားနိုင်၍ ရောဂါ လက္ခဏာများ.. စောစောစီးစီး မပြတတ်ပါ..
* ရောဂါ လက္ခဏာ ခံစားလာရသည့်အချိန်တွင် အသည်းမှာ ခြောက်နေပြီ ဖြစ်ပါသည်..
* အသည်းခြောက်သွားပါက အသည်း အကောင်းတိုင်း ပြန်လည်၍ မရရှိ နိုင်တော့ပါ..
* အသည်းခြောက်ခြင်းကို ဖြစ်စေသည့် ရောဂါ အကြောင်းရင်းကို ကုသရပါမည်.. သို့မှသာ အသည်း ခြောက်ခြင်း လျော့သွားစေမည် ဖြစ်ကာ.. အသည်း ကင်ဆာ ဖြစ်သွားခြင်းမှ ကာကွယ် နိုင်မည် ဖြစ်ပါသည်..
- အရက်သောက်ပါက.. အရက်ဖြတ်ရပါမည်..
- ဘီပိုးကြောင့် ဖြစ်ပါက.. ဘီပိုးကို ကုသ ရပါမည်..
- စီပိုးကြောင့် ဖြစ်ပါက.. စီပိုးကို ကုသ ရပါမည်..
--------------------------------------------
* အသည်းခြောက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ကုသရပါမည်..
- ရေဖြင်းစွဲ.. ခြေထောက်ရောင်ခြင်း လျော့ကျစေရန်..
- အစာအိမ်သွေးကြောထုံးများ ရှိ / မရှိ.. အစာအိမ် မှန်ပြောင်း ကြည့်ရှု၍ လိုအပ်ပါက ကုသမှု ခံယူ ရပါမည်..
- အသည်းရောင် ရောဂါ ဘီပိုး.. မရှိပါက ဘီပိုး ကာကွယ်ဆေး ထိုးရပါမည်..
- အသည်းထိခိုက်စေမည့် ဆေးဝါးများကို ရှောင်ကျဉ် ရပါမည်.. ဆရာဝန် ညွှန်ကြားချက် ဖြင့်သာ ဆေးဝါးများ သုံးစွဲ ရပါမည်..
- အသည်းကင်ဆာ အဆင့် ကူးပြောင်းသွားမှု ရှိ / မရှိ အနီးကပ် စောင့်ကြည့် နေရပါမည်.. (အာထရာဆောင်း ရိုက်ခြင်းနှင့် AFP.. သွေးစစ်ခြင်း ကို ၆ လ တစ်ခါ ပြုလုပ် သင့်ပါသည်..)
************************************************
* အသည်းခြောက်ခြင်းကို Modified Child-Turcottee-Pugh scoringsystem ဖြင့် အဆင့် ၃ ဆင့် (A.. B.. C..) ခွဲခြားထားပါသည်..
* အသည်းခြောက်ခြင်း အဆင့်များလေ..
- အစာအိမ် သွေးကြော ထုံးများမှ သွေးထွက်နိုင်မှု ရာခိုင်နှုန်း များလေ..
- ရှေ့ဆက် အသက်ရှင် နေထိုင်မှု ရာခိုင်နှုန်း နည်းလေ.. နှင့် အချိန်မရွေး သေဆုံးနိုင်မှု ရာခိုင်နှုန်း များလေ ဖြစ်ပါသည်..
* အသည်း အရမ်းခြောက်သွားပါက.. အသည်း အစားထိုး ကုသမှု ပြုလုပ်ရန် လိုအပ်ပါမည်..
************************************************
* အစားအသောက်.. အနေအထိုင်.. အနေနှင့်..
- အာဟာရ ပြည့်ဝစေမည့် အစားအစာများကို ကျန်းမာရေးနှင့် ညီညွတ်စွာ စားပါ..
- ဗိုက်ပူ ရေဖြင်းစွဲ ဖြစ်နေပါက.. ရေလျော့သောက်ပါ..
- အဆီ.. အချို.. အငန် လျော့စားပါ..
- ဝမ်းချုပ် မခံပါနှင့်.. ဝမ်းလျောပါက.. အဖျားရှိပါက.. ဆီးနည်းလာပါက.. ဝမ်းမည်းမည်း သွားပါက.. ဆရာဝန်နှင့် ပြသ၍ ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်..
- နေ့ ည မှားလာခြင်း.. စိတ်ဂဏာ မငြိမ် ဖြစ်လာခြင်း.. အာလေး.. လျာလေး.. ဖြစ်လာခြင်း.. တစ်ခုခုကို မြင်နေ.. ကြားနေ ဖြစ်လာပါက.. ဆေးရုံ တက်ရောက် ကုသရန် လိုအပ်ပါသည်..
- ဆရာဝန် နှင့် အမြဲတမ်း ထိတွေ့နေပြီး.. ဆရာဝန် ညွှန်ကြားသည့် အတိုင်း.. ဆေးပုံမှန်သောက်ပါ
Credit to
Dr. Min Aung Shan
LikeShow more reactions

Comment


No comments:

Post a Comment